တိမ်ညနေခင်း အမိဖမ်းခြင်း
တိမ်ညနေခင်း ကို အမိဖမ်းခြင်း
ကွယ်လွန်သူ ဇော်ဝမ်းဆိုခဲ့ အထီးကျန်အရုပ်ဆိုးဆိုတဲ့သီချင်းလေးရှိပါတယ်။
အဲဒီအထဲမှာ ပါတဲ့ စာသားတစ်ခုက
(ဖြူနီညိုပြာ စိမ်းဝါတွေချယ်သောအခါရောင်စုံဖြာ လှလိုက်တာ )
ဆိုတာလေးပေါ့။
အဲဒီသီချင်းကြားမိတော့ တိမ်တွေကို ပိုပိုပြီးစိတ်ဝင်စားမိလာပါတယ်။
နောက်ကင်မရာနဲ့လက်ဆော့ချိန်မှာ တိမ်တွေနဲ့လှတတ်တဲ့ ညနေခင်းတွေကို လိုက်ပြီး လိုက်ဆော့ပါတော့တယ်။
တိမ်တွေရေထဲမှာအရိပ်ကျနေရင်သဘောကျသပေါ့။
အခုတော့ တိမ်တွေနဲ့ အလှဆင်ထားတဲ့ညနေခင်းလေးကိုအမိဖမ်းပြီး လက်ဆော့ထားတာလေးတွေကို စုစည်းပြီး တင်ပေးလို်က်ပါတယ်။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
7-10-2013

- 2 အဝေးပြေးလမ်းမနံဘေးက တိမ်ညနေခင်း

- 3 ပလီတဲ့တိမ်








15 comments
Foreign Resident
October 8, 2013 at 5:12 am
ဟဲ ဟဲ ။ ကျနော် အရင်ဆုံး လာမန့်တယ်နော် ၊ ကိုပေါက် ။
ပုံတွေ လှဒါယ် ။
ဒါပေမယ့် ၊ ကင်မရာ ပြောင်းတော့ ကိုပေါက် ။
အလင်းရောင် အားနည်းတဲ့ အချိန်မှာ ၊
ကင်မရာ ကောင်း မကောင်း က သိသာလာတယ် ။
အဟင့် ၊ သူများကိုသာ လျှောက်ပြောနေရတာ ၊
ကျနော်လည်း ပိုကောင်းတဲ့ ကင်မရာကို အရမ်းပြောင်းချင်လာပြီ ။
ခက်တာက ကိုယ်ကလည်း လက်ရှိ ကင်မရာ ကိုတောင် ၊
Auto Focus တစ်မျိုး နှင့်ပဲ ရိုက်ဖူးသေးတာ ။
ဓါတ်ပုံ ပညာ ဘာ ပညာ မှ မရှိ / မတတ် သေးဘူး ။
ကိုပေါက်(မန္တလေး)
October 8, 2013 at 3:43 pm
ကိုဖောရေ
ကင်မရာပြောင်းဘို့တော့စိတ်ကူးမိတယ်။
ဒါပေမယ့် အခုကင်မရာပေါက်စနကလေးက ဘောင်းဘီတိုအိတ်ထောင်ထဲ ထည့်သွားလို့ အဆင်ပြေသဗျာ။
ထို့ကြောင့်
Ma Ma
October 8, 2013 at 8:27 am
တိမ်တွေကို ရိုက်ချင်လို့ လမ်းသွားတိုင်း မိုးပေါ်မော့ကြည့်တတ်နေပြီ။ 😀
တွေ့ပြီး ရိုက်ကြည့်တော့လည်း ပုံထွက်က မကောင်းးးးးးးး 🙁
ကိုပေါက်(မန္တလေး)
October 8, 2013 at 3:52 pm
ထင်လို့ပါ မမရေ
အလှကိုယ်စီရှိကြသည်တဲ့။
ရိုက်ပြီးရင်တင်သာတင်ပါ။
kyeemite
October 8, 2013 at 8:44 am
ပုံတွေလှပါတယ် ကိုပေါက်ရေ
အဲဒီအထဲ “8 ပန်းနုရောင်ညနေခင်း” အကြိုက်ဆုံးပဲ
ကိုပေါက်(မန္တလေး)
October 8, 2013 at 3:55 pm
အဲလိုညနေခင်းတွေကို ကိုယ်တို်င်ခံစားနိုင်ဘို့ ဖြူသီ ရဲ့ သီချင်းနဲ့ဖိတ်ပါတယ်။
မန်းလေးရောက်ရင် တစ်ခေါက်လောက်လှည့်ဝင်ခဲ့ပါ
KZ
October 8, 2013 at 9:58 am
တိမ် တွေ ကို စီးးးးးးးးးး ပြီးးးးးးးးးးးး
မင်းးးးးးးး ရှိ ရာ ဆီ
အ ရောက်
အ ရောက် လာ မယ် အယ် အယ်……!!!
လေးပေါက် ဓာတ်ပုံတွေကို ကြည့်ပြီး သီချင်းဆိုချင်လာလို့။
အပြင်မှာ မိုးကောင်းကင်ပေါ် ကိုယ်တိုင် မော့ကြည့်ရတဲ့ အတိုင်း ခံစားရတယ်။
🙂
ကိုပေါက်(မန္တလေး)
October 8, 2013 at 4:01 pm
လေဗျံကြီးစီးပြီ း မျန်မျန်လည
sorrow weaver
October 8, 2013 at 10:03 am
ဦးပေါက်ရေ …ပန်းနုရောင် ညနေခင်းက တော့ အလွန် လှသဗျာ 🙂
Novy
October 8, 2013 at 10:59 am
လေးပေါက်ရေ…………….
ပုံ အမှတ် 5-6-8 ကို အရမ်းသဘောကျပါတယ်
ပန်းနုရောင်ညနေခင်းလေးမှာ တိမ်နီတိမ်ပြာတွေကို ဝင်ရောက်နှုတ်ဆက်သွားပါတယ်
Ma Ei
October 8, 2013 at 12:14 pm
မိုးကောင်းကင်ပေါ်က တိမ်တွေကို
အေးအေးလူလူမကြည့်ခဲ့ရသမျှ
ခုမှ အလှကြည့်ရတော့တယ်…
…
alinsett
October 8, 2013 at 12:16 pm
တိမ်တွေက…လှလိုက်တာ…။
တိမ်တွေမြင်တော့…ဒုတိယအကြိမ်တွေ့ဆုံပွဲတုန်းက…
လေးပေါက်ရဲ့လက်ဆောင် တိမ် ပုံရိပ်ကလေးကို.. သတိရတယ်..။
ကိုပေါက်(မန္တလေး)
October 8, 2013 at 4:04 pm
မိတ်ဆွေတွေကို နောက်ရက် သက်တန့်တွေနဲ့ ဧည့်ခံပါမည်။
Mahar Myanmar
October 9, 2013 at 11:13 am
ရ ပုံမြောက် ကို အကြိုက်ဆုံး ပဲ ….
ချောင်း လေး ကတော့ မြင် လိုက် တော့..
ဝါသနာ တွေ ပေါ်လာ တယ်..
ငါး လေး များ ထိုင် မျှား လိုက် ရရင်
ကောင်းလှောင့် တေး ပေါ့ ဗျာ…
ကိုပေါက်(မန္တလေး)
October 9, 2013 at 4:52 pm
ချောင်းလေးနားမှာငါးမျှားနေသူတွေ ရှိပါသဗျာ