ယုန်….ရုပ် ရေးသူများ
လူမမယ် ကလေးဘဝမှာတော့ ကလေးငယ်တိုင်းဟာ သူတို ့ရင်ထဲက အားကျပြီး သူရဲကောင်းအဖြစ်သတ်မှတ်ထားသူတွေ
ကိုယ်စီရှိကြတာဘဲ…။ ရွှေဓါးဗိုလ်၊ သူခိုးကြီး ငတက်ပြား၊ မြင်းညိုရှင်၊အရိုင်း…စုံနေတာဘဲ…။ တစ်ယောက်ကို အကြိုက်တစ်မျိုးပေါ့..။
ကျနော့် အဖေကတော့ ကျနော့်အတွက်သူရဲကောင်းပေါ့..။ ကျန်တဲ ့ညီအကိုတွေလည်းဒီလိုပါဘဲ….။ အဖေ့ကို သူရဲ ကောင်းတယောက်သတ္တိခဲ တစ်ယောက်အဖြစ်မြင်ကြတယ်၊ အထင်ကြီးကြတယ်..။
အဖေကစစ်သားဗျ…၊ဒါပေမယ့် အဖေတို ့ညီအကိုတွေက ထူးခြားတယ် ၊ ညီအကို ၄ ယောက်ရှိတာ ၊ ဦးလေး၂ယောက်ဆို ကုပ်ချောင်းချောင်းနဲ ့…အဲ …မူးလာရင်တော့ ငါက အလံဖြူကွ၊ ငါက အလံနီကွ…နဲ ့သတ္တိပြကြတယ်….
အဲ သူတို ့က အဖေ့ကိုတော့ဖြုံတယ်…အဖေက ပြတ်တယ် ၊ရှင်းတယ်…သူ ့ညီအကိုတွေကို ပြောလို ့ရချင်ရ၊ မရရင်ဆွဲထိုးပစ်တာ…ပုံနေတာဘဲ။
အဖေက စစ်သားဆိုပေမယ့် အိမ်ထောင်ကျတာနဲ ့စစ်သက်ပြည့်တာနဲ ့ဆုံပြီး တပ်ကထွက်လာတာ..။
အဖေပြောတာတော့ သူ ့အထက်ကဗိုလ်မှုးနဲ ့အတူ လွိုင်လင်တပ်မှာတော်တော်ကြာတယ်ပြောတာဘဲ…။
အဲတော့က အဖေ့မှာ ပြောမကုန်တဲ့ စွန့်စားခန်းတွေ ရှိတယ်…ရန်သူ၊ ပျောက်ကြား၊ တောတွင်း သဘာဝရန်….နောက်ဆုံး..သရဲတစ္ဆေနဲ ့တွေ ့ရတာတွေက အစပေါ့…။
ကျနော်တို ့ မောင်နှမတွေကတော့ သရဲတစ္ဆေအကြောင်းဆို ပိုကြိုက်ကြတယ်…အဖေပြောနေပြီဆိုအဖေ့ဘေးမှာ ဝိုင်းပြုံနေတာဘဲ…
နောက်ကိုလဲ လှည့်ကြည့် လှည့်ကြည့်နဲ ့…ကျောချမ်းတာကိုး…။
အဖေကလည်းပြောပြီဆို အာဝဇ္ဇန်းကောင်းပ….ဘလက်ကော်ဖိလေးသောက်လိုက် ဆေးလိပ်လေးဖွာလိုက်နဲ ့…ပြောလိုက်တာများ..သူပြောတဲ ့သရဲတောင် ပြန်ငေးပြီးနားထောင်ရလောက်တယ်…။အဟုတ်။
လွိုင်လင်တပ်မှာ နေတုန်းက အဖေကညဆို အပြင်ထွက် မြို ့ထဲမှာလျှောက်လည်….မိုးချုပ်ညဉ့်နက်မှ ပြန်လာ…အဲဒီမှာ ယူကလစ်ပင်တွေ ကြားက မဲမဲအကောင်ဆင်းလာ ပြီး ဆေးလိပ်မီး တောင်းညှိတာပေါ့…လက်မှာလဲ အမွှေးရှည်ကြီးတွေနဲတဲ့…
အဖေကအေးဆေးဘဲ…စကားတွေ ဘာတွေတောင် ပြောနေသေးတာ…တဲ ့။မီးညှိပြီးသွားရင် ခြေသံဘဲ ကြားရတယ်….အကောင်မတွေ ့တော့ဘူး…အဲဒါ ခဏခဏတဲ ့.။။တော်ရုံသတ္တိဆိုဗျာ…ဘယ်ရမလဲ…ပြေးတာပေါ့..၊ အဖေကတော့ စကားစမြည်တောင်ပြောသေးတာ၊ ၊
ရှေ ့တန်းမှာ ဆိုလည်း ခဏခဏဘဲတဲ ့…သရဲတစ္ဆေနဲ ့တွေ ့တာ..။
မာမီနဲ ့အိမ်ထောင်ကျပြီး တောင်ငူမှာ လိုက်နေသေးတာ..တောင်ငူအိမ်နောက်ဖက်မှာ ရေတွင်းတစ်တွင်းရှိတယ်တဲ ့…ညဘက် အဖေ အပြင်ထွက်ဆေးလိပ်သောက်တော့ လျှာတန်းလန်းနဲ ့သရဲ က ရေတွင်းဘောင်ပေါ်ကထိုင်ပြီး ခြောက်ပြလို ့ အဖေ ပြေးထိုးပစ်တာ..
သရဲ က ကျွတ်သလိုတောင်ဖြစ်သွားတယ်တဲ ့..။
အဲလိုများ တောင်ငူ သရဲ အကြောင်းပြောရင် တောင်ငူသူ မာမီပါ သူ ့ဘာသာ စာဖတ်နေရာကနေဟိုလှဲ ့ဒီလှဲ ့နဲ ့
ကျနော်တို ့ဝိုင်းနား လာကပ်ထိုင်တော့တာ…။
နောက်ပြီး ကျနော်တို ့နေတဲ ့မြို ့လေးကလဲ ခြောက်တဲ ့နေရာ တော်တော်များတာ…။ဆန်စက်တွေနားက သံလမ်းဂိတ်ဆို ..ညဘက်ဘယ်သူမှ မဖြတ်ချင်ကြဘူး…အဖေက သွားတယ်…တစ်ယောက်ထဲဘဲ..။အဖေက ညဉ့်ဘက်အပြင်သွားရင် လက်နှိပ်ဓါတ်မီးတစ်လက်နဲ ့ ၂တောင်ကျော်ရှည်တဲ ့
ဝါးရင်းတုတ် တစ်ချောင်း အမြဲ ဆောင်တာ..။
သံလမ်းဂိတ်က သရဲဆို ညဘက် ဂိတ်တံခါးပေါ် တက်ထိုင်ပြီး လာသမျှလူဆေးလိပ်မီးလိုက်တောင်းညှိတာလို ့ပြောကြတာ..။
အဖေတစ်ည အဘွားတို ့အိမ်ကပြန်လာတော့ သံလမ်းသရဲ ဆေးလိပ်တောင်းညှိတယ်တဲ ့…။အဖေပြောတာတော့ ပေးညှိလိုက်တဲ့အပြင်..ဘယ်ကလဲ..ဘာလို့သေတာလည်း…မကျွတ်သေးဘူးလား…
ဘာညာတောင်စကားစမြည် ပြောလိုက်သေးဆိုတာဘဲ…။
အဖေ့ကို အထင်ကြီးတာ အဲဒါတွေ…အဖေက ကျနော့်အမြင်တော့ တစ်ကယ့် သူရဲကောင်းပါ…။
ဒါပေမယ့်ကျနော့်မှာလည်း ဒီသူရဲကောင်းလက်နဲ ့အဆော်ခံရမယ့်ကံက နဂိုထဲက အကျင့်ပါနေတော့…တစ်ချီမှာ ထိပ်တိုက်တွေ ့တာဘဲ…။
ကျနော်က ငယ်ငယ်တည်းက ရုပ်ရှင်ပြတာ၊ဖန်တီးတာကို ဝါသနာပါတာ…
အဘွားတို ့ကလည်း ရုပ်ရှင်လုပ်ငန်းလုပ်နေတာဆိုတော့ ရုပ်ရှင်ပြတဲ ့လူတွေဆီမှာ ဖလင်လေးတွေတောင်း…ဖြတ်ဆက်ပြီး
မီးနဲ ့ထိုးပြ…သီတင်းကျွတ်မီးပုံးလုပ်တဲ ့ရောင်စုံစက္ကူအကြည်လေးတွေနဲ ့ဆလိုက်ထို း…အမျိုးမျိုးလုပ်တာ…။
ဒါပေမယ့် အိမ်ကလူတွေက ကျနော်ဓါတ်မီးလက်နှိပ်မီးကိုင်တာကို မကြိုက်ကြဘူး…ရုပ်ရှင်ဆလိုက်ထိုးရိုးရိုး ၊ ဓါတ်ခဲတွေ ခဏလေးနဲ ့အားကုန်တာကိုး..။ ဖွက်ထားလဲ ရအောင်ရှာပြီး ဆော့တာ..။တစ်ညနေတော့ လက်နှိပ်မီးအဖဲ ့ဖွင့် မှန်ဝိုင်းလေးကို ထုတ်၊ပြီးမှ ရောင်စုံစက္ကူ နီ၊ဝါ၊စိမ်း ၃ရောင်ကို မှန်အတွင်းထဲကကပ် …ပြီးတော့ အဖုံးပြန်ပိတ်၊
ဒါဆို ခဏခဏ မကွာထွက်တော့ဘူး..။ပြီးမှ ရောင်စုံဆလိုက်ထိုးပြီး…ဆေးရောင်စုံ ရုပ်ရှင် ထွင်နေတာ…။
အမှောင်ချောင်လေးထဲမှာ ကစားနေတုန်း…ထမင်းစားမယ် ညီညီရေ…ဆိုတော့ ၊ဓါတ်မီးလေး အသာထားပြီး မိသားစု ထမင်းစားလိုက်တာ…ကစားတာကို မေ ့သွားရော…။
ထမင်းစားပြီးတာနဲ ့အဖေက မြို ့ထဲ ထွက်တော့တာဘဲ…အဲလို မြို ့ထဲသွားမယ်ဆို လမ်း၃လမ်းဘဲရှိတာ…လူများတဲ ့ဘူတာရုံလမ်းဆို ဝေးတယ်…နောက်တခုက ခုနင်ကပြောတဲ ့သံလမ်းဂိတ်…နောက် အနီးဆုံးဖြတ်လမ်းက…ကန်ကြီး ကန်လေးလမ်း…ကန်၂ကန်ကြားမှာ လမ်းဖြစ်နေတာ…ဆိုးမှဆိုး…နာမည်ကြီးတယ်…လူတိုင်းညဆို လက်ရှောင် ခြေထောက်ရှောင်ဘဲ…ဘယ်သူမှ မသွားရဲဘူး…။
အဖေကတော့ ပြောတယ်…ကန်လမ်းကဘဲ သွားမယ်တဲ ့…မာမီကတောင်ပြောသေးတာ……….
“ ဘူတာလမ်းကသွားပါလား..ဒီကန်လမ်းကသွားမလို ့လား” ဆိုတော့..
“ မြင့်…ရာ..၊ ကိုယ့်ကို ဘာကောင်က စမ်းရဲမှာလဲ..လာစမ်းပါ” တဲ ့..။
အဖေထွက်သွားပြီး …၈ မိနစ်လောက်နေတော့ ပြေးလွှားသံ ကြားရပြီးအမောတကြီးနဲ ့အဖေ ပြန်လာတာ…ကျန်တဲ ့မိသားစုက အဖေများရန်ဖြစ်လို ့လားပေါ့…အဖေက မပြောဘူး ..အကိုကြီးနဲ ့အကိုလတ် ၂ယောက်..ကို လက်နက်တွေ မီးအိမ်တွေ ယူပြီးသွားကြဘို ့ပြောတော့..
စိုးရိမ်တာပေါ့…အဖေကပြောတယ်“ ဒီတခါခြောက်တာ အကောင်ကြီးတဲ့ ၃ကောင်ပေါင်းခြောက်တာတဲ ့..သူက လမ်းကြားကို လက်နှိပ်မီးနဲ ့လှမ်းထိုးလိုက်တာ…လူနီ(မှင်စာ) တွေ အစိမ်းသေတွေ..ခြုံကြားကထိုးထွက်လာလို ့လက်နှိပ်မီးတောင်ပစ်ချပြီး အိမ်ပြန်လက်နက်လာယူတာ့“ ပြီးတော့ ဒါးတွေလှံတွေနဲ ့ချီတက်သွားတာ…။
ကန်ကြားရောက်လို ့ခြောက်တဲ ့နေရာ ရောက်တော့ အဖေက စိန်ခေါ်ထုတ်တာပေါ့…
ဘာမှ ထွက်မလာဘူး။ဒီတော့ အကိုကြီးက ဘယ်လိုဖြစ်လို ့လည်း ဆိုပြီးအကိုကလည်း ကျနေတဲ ့ဓါတ်မီးလေး ကောက်ယူပြီး…
ကောင်းသေးလား..မီးသီးကျွမ်းသွားပြီလား သိချင်လို ့ခလုပ်နှိပ်လိုက်မှ…အဖေပြောတဲ ့သရဲတွေ အကို ့မျက်နှာမှာလာပေါ်တော့တာပေါ့…။
အကိုလတ်က ရောင်စုံ ဆလိုက်တွေပါလား ဆိုမှ…။
အဖေ့ဒေါသ က မှင်စာတွေ အစိမ်းသေတွေ ဘက်ကနေ ကျနော့်ဘက်လှည့်တော့တာပေါ့..။
အိမ်ပြန်ရောက်တာနဲ ့ညီညီ လာဦးဆိုပြီး နားရင်းကို ၄ ချက်လောက် ဆော်တာ…လူကို မူးသွားတာဘဲ..။
ကျနော်ကလည်း “ ကျနော် ဘာလုပ်လို ့လည်း”ဆိုတော့…
မင်းငါ့ဓါတ်မီးကို ဘာယူလုပ်ထားလဲ..ဆိုမှ၊ ကျနော်သတိရတာ…။
ကျနော်ကလည်းကျနော်…ရိုက်ခံထိလို ့ခေါင်းလေးပွတ်နေရင်း ဘယ်လို အတွေ းဝင်သွားလည်း မသိပါဘူး…
“ အဟီး…ခွီးခွီးခွီး”ဆိုပြီး မထိန်းနိုင်ဘဲ ရီမိသွားရော….အဖေလေ…သွားနေရာကနေ လှည့်ပြန်လာပြီး…“မင်းက ရီတာလားကွ”နောက်တစ်ချက် ထပ်ဆော်လိုက်သေးတာ…။
ကျနော်လည်း ပါးစပ်လေးပိတ်ပြီး အဖေ့ကို မကြည့်ရဲတော့ပါဘူး….။
အဖေ့မျက်နှာတွေကလည်းရဲ နေတာဘဲ..။
မပြောချင်လို ့သာနေတာ…ရိုက်ခံရတော့ ကျနော်တစ်ယောက်တည်း.။ သိတာပေါ့…အကိုတို ့အမတို ့အမှောင်ကွယ်ပြီးပြုံးနေကြတာ။
အဲဒီကစပြီး ကျနော်လည်း ဓါတ်မီးမကိုင်ရတော့ဘူး…။
အဲဒီနောက်ပိုင်း အဖေလည်း သရဲ ဆေးလိပ်တောင်းညှိတာတွေ ဘာတွေ မပြောတော့ဘူး..။
ကျနော်က ဒါတောင် တခါတခါ မဆီမဆိုင်တွေးမိသေးတာ….
သံလမ်းဂိတ်က သရဲများကျွတ်သွားပလားပေါ့…တွေးဆို…အ
အဖေ့ဆီက ဘာသတင်းမှ မကြားရတော့တာ..။ ။
…..
…..
……
ပြောရမယ် ဆိုရင်တော့ အရိပ် အရောင်….ကိုကြည့်ပြီးလန် ့သူတွေထဲမှာ အဖေလည်းပါတာပေါ့လေ..။
ကျနော့် အဖေက စစ်သားတာပြောတာ …………
“ ယုံတမ်းစကားတွေ သိပ်ပြောတတ်တာ ” ။
အဖေ…လူဇိုး…။
အဖေ နဲ ့စစ်သားစစ်စစ်ကြီးတွေကို လေးစားချစ်ခင်တဲ့
ကျော်စွာခေါင်
12 comments
Foreign Resident
October 8, 2013 at 5:37 am
သေချာ အေးအေးဆေးဆေး ပြန်တွေးမိတော့လည်း ။
သရဲ ဆိုတာ ရုပ်ဆိုးတဲ့ အကောင် တစ် ကောင် လို့ ယူဆလိုက်ရင်ပေါ့ ။
သရဲ က ဆေးလိပ်မီး တောင်းတယ် ၊ ဆေးလိပ်မီး ပေးလိုက်တယ် ။
စကားလာပြောတယ် ၊ စကားပြန်ပြောလိုက်တယ် ။
ဒါတွေဟာ ၊ ဘာမှ ထူးခြားတဲ့ Process မဟုတ်ဘူးဗျ ။
ဒါပေမယ့် ၊ မ ဟုတ်သေးဘူးဗျ ။
ပြဿနာ နောက်တစ်ခုက ၊ ပါတ်ဝန်းကျင် နှင့် စိတ် ခံစားချက် ။
ဘာမဆိုင် ညာမဆိုင် ၊ ကျောစိမ့် ကြက်သီးထစေတဲ့ ၊
ခံစားမှု နှင့် ပါတ်ဝန်းကျင် အခြေအနေကလည်း ရှိသေးသဗျ ။
ကျနော် ၊ တစ် နေ့နေ့ တော့ ၊ သရဲ ကို တမင် သွားတွေ့ချင်တယ်ဗျာ ။
တကယ်တွေ့ရင်တော့ ၊ နှလုံးခုန် များ ရပ်သွားမလား မသိဘူး ။
ကျနော် Aussie မှာ Free Fall Tandem Sky Diving လုပ်ချင်နေတာဗျ ။
ဈေးကလည်း သိပ် မပေးရပါဘူး တစ်ခါခုန် ဒေါ်လှ ၃ / ၄ / ၅၀ဝ ပေါ့ဗျာ ။
ဒါပေမယ့် ၊ မိန်းမ နှင့် အပေါင်းအသင်းတွေက တားကြတယ်ဗျ ။
လေယာဉ်ပေါ်က ခုန်ချလိုက်တဲ့ အချိန်မှာ ကြောက်လန့်ပြီး နှလုံးခုန် မမှန် ဖြစ်ပြီး ၊
နောက်ပိုင်း ရာသက်ပန် နှလုံး ရောဂါ ရ သွားတဲ့သူတွေလဲ ရှိကြတယ်တဲ့ ။
အခု ၊ သရဲ နှင့် တကယ် တွေ့ချင်တာကလည်း ၊ အဲလို ဖြစ်နေဦးမယ် ။
Ma Ma
October 8, 2013 at 7:49 am
စာရေးဆရာရဲ့ အထာကို နပ်သွားပြီ။
ဒီတခါဆိုလိုချင်တာကို တဲ့ မပြောပဲ သိလိုက်တယ်။ 😀
စ ဖတ်ကတည်းက ဟုတ်ရဲ့လားလို့ သံသယ ဝင်နေတာ။
သဂျီးများ ဘာပြောမလဲလို့လည်း သိချင်နေမိတယ်။
ဖတ်ပြီးသွားတော့…………
Crystalline
October 8, 2013 at 8:02 am
ဒီတခါလည်းနောက်ဆုံးရောက်မှသဘောပေါက်တော့တယ်.. :loll: ခုတလော ဆရာတွေကိုယ့်ပုံကိုယ်တင်နေကြတယ်.. တများလည်းအားကျမခံတင်းအူးမှပါလေ :mrgreenn:
ဦးကြောင်ကြီး
October 8, 2013 at 8:18 am
ခရစ်စတယ်လေး တင်၊ရင် အားပါးတရ ကြည့်မယ်… ပီးမှ လှယာဂျီးနဲ့ လှယာဂျီးနဲ့ 😛
kyeemite
October 8, 2013 at 8:41 am
သရဲ ပုံပြင်တွေက ကျုပ်တို့ငယ်ငယ်က သိပ်ခေတ်စားတာနော
နားကလည်းထောင်ချင်၊ ကြောက်ကလည်းကြောက်နဲ့ အရသာထူးတစ်မျိုးပေပဲဗျ
သူရဲအကြောင်းတွေသာကြားဖူးတာ ကိုယ်တိုင်တော့ သူရဲခြောက်မခံရဖူးဘူး
ပြောရရင်တော့ ကျုပ်လည်းတွေ့ဖူးချင်တယ်…
ကျုပ်အဖေကလည်း စစ်သားပါပဲ
ဒါပေသိ ယုံတမ်းစကားတော့ မပြောဖူးဘူးဗျ 😀
KZ
October 8, 2013 at 9:01 am
အခု တူရို့တွေ ယုံတမ်းစဂါး ကြောဂျဒေါ့ ဝူးးးးးးးးးး
ဇာတ်ကနေဂျရယ်။
ဇာတ် က နာ သလား မမေးနဲ့။ ကြည့်ဖူးရင် မက်ရည် ဖရဲဒီးလုံးလောက် ကျ တွားမယ်။
ဘာမှတ်ရဲ။
😀
sorrow weaver
October 8, 2013 at 10:07 am
ဦးခေါင်…မေးစရာရှိလို့ …လက်မှာမှော်များရှိသလား …
Mr. MarGa
October 8, 2013 at 10:34 am
ကိုကြီးကျော်……
လှည့်သွားတဲ့ အလှည့်လေးတွေ၊ ဆွဲခေါ်သွားပုံလေးတွေ ကြိုက်တယ်ဗျာ
ဖတ်ရင်း ဖတ်ရင်း ပြောချင်တာကို သဘောပေါက်လာတယ်…
သွားး….လူဇိုး.. 🙂
alinsett
October 8, 2013 at 12:23 pm
လူဇိုး…
ဦးခေါင်ရည်…
စာရေးတော့လည်း.. လှ..
ပန်းချီဆွဲတော့လည်း..လှ….
ကဗျာရေးတော့လည်း..လှ…
အဲဒီလောက် အလှအပ ဖန်တီးတတ်သူ ဦးခေါင်ကို..
သိပ်လှတဲ ့ ဒေါ်ဖွားမေဂျိီး ….လက်ဆောင်ပေးချင်လာပြီ ။
————
:kwi:
လုံမလေးမွန်မွန်
October 8, 2013 at 12:50 pm
အူးခေါင်ရဲ့စာကို ဖတ်နေရင်းနဲ့တွေးကြည့်တယ်။ဒါမယ့် စာဆုံးမှပဲ သဘောပေါက်တယ်။ 🙂
အလက်ဆင်းပြောသလိုပဲ
လူ
ပန်းချီလည်းလှ
ကဗျာလည်းလှ
စာလည်းလှ
အဲ လူလည်းလှ
kai
October 8, 2013 at 11:25 pm
အမှန်ကတော့.. လက်ကအမွေးရှည်တွေထဲက..တပင်တောင်းယူပြီးပြန်လာရင်တောင်… ဒေါ်လှသောင်းချီသွားနိုင်တာဗျ…
သရဲအမွေးက.. ၉ရပါးရောဂါပျောက်တယ်…တဲ့..
မဟာရာဇာ အံစာတုံး
October 9, 2013 at 9:47 am
ဟတ်လူဂျီးး
ခညားပို့စ်တွေ ဖတ်နေဒယ်နော် ..
မမန့်ဖြစ်ဒါ ….
နောက်ခါ ခညားပို့စ်တွေ အထါနပ်တွားဒဲ့လူဒွေက နောက်ဆုံးကိုပဲ ကျော်ကျော် ဖတ်နေလိမ့်မယ်ဂျ …
စကားမစပ် …
ခညားရုပ်ဂျီးက လန်းလဂျီလားးးးး
ရွာထဲက ကရင်စီလူနဲ့ နည်းနည်း ရုပ်တူဒယ် ….