ကိုဖက်ကက် ဟင်းစပ်နဲ့ KZ’s ထမင်းဆိုင်
ဒီတစ်ပတ် က ရွာ့အချစ်တော် ကြောင်ဝတုတ်၊
အနော့ အကိုကြီး ကိုဖက်ကက် ရဲ့ ဟင်းစပ်နဲ့ ဖွင့်မဲ့ တစ်ပတ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ…
ရှီတာကီမှိုနဲ့ ဝက်သားအချိုပေါင်းလေး…
အဲလို ပြောလို့ရဘူးလေ။ ချက်နည်းပါပေးးးးး။ အဲဒီ မှို ကို ခုမှ ကြားဖူးတာ။
ဪ ဒါလေးများးးးးး
ရှိတာကီမှိုလေးကို (၁၀)မိနစ်လောက်ရေစိမ်… ပြီးရင် အနေတော်လေး မထူမပါးလေးလှီး ကြက်သွန်နီ (၃)လုံးနဲ့ ဝက်သား (၃၀)သားလောက်ရယ်…နာနတ်ပွင့် တစ်ခြမ်း မရှိတရှိလေး…ကြက်သွန်နီ (၂)လုံးကို ကြိတ်စက်နဲ့ကြိတ်ချင် ကြိတ်
မကြိတ်ချင်ရင် ပါးပါးလှီး။ ဝက်သားကို သကြားလေးနဲနဲထည့် ဆားနဲ့နယ်…အချိုမှုန့်သုံးရင်ထည့် မသုံးရင် မထည့်နဲ့။ ပြီးရင် ဆီကို နဲနဲထည့် ပူလာရင် ဆနွင်းမှုန့်နဲနဲနဲ့ ဆီကို ခပ်ဝါဝါလေးဖြစ်အောင်ထည့်။ ပြီးရင် လှီးထားတဲ့ကြက်သွန်နီကို ထည့်ပြီးတော့ ဆီသပ်
အဲ့အချိန်မှာ ငရုတ်သီးအရောင်တင်မှုန့်ကို အရောင်လှရုံထည့် အရာသာမလိုဘူး…ပြီးတော့မှ ဝက်သားလေးထည့်ပြီးတော့ ဆီပြန်လာတဲ့အထိလုံးရမယ်…ရေချက်ချင်းမထည့်ရဘူး…ဝက်သားလဲအရောင်ပြောင်းပြီ…ဆီလေးလဲပြန်လာပြီဆိုမှ…ရေမြုတ်ရုံထည့်ပြီး နူးအောင်တည်…..
ပရက်ရှာကွတ်ကာနဲ့ ချက်မယ်ဆိုရင် ရေထည့်ပြီးတာနဲ့ ရှိတာကီကိုထည့် အဖုံးပိတ်ပြီးစဆူတဲ့အထိစောင့်စဆူလို့ အသံတွေထွက်လာပြီဆိုတာနဲ့ မိနစ် (၂၀) မပြည့်တပြည့်ဆို စားလို့ရပြီ….
ခုန ရေထည့်ပြီးတာနဲ့ ခုနချန်ထားတဲ့ ကြက်သွန်နီအလုံးလိုက်ကို အဲ့အထဲပစ်ထည့်လိုက်…အဲဒါမှ ကြက်သွန်နီက ပျော်ပြီးတော့ အရသာပိုမိုက်တာ ။။
နောက်တစ်ခုက ပရက်ရှာကွတ်ကာသုံးနည်း
ပရက်ရှာကွတ်ကာက နူးပြီလို့ထင်တဲ့အချိန်မှာ မီးဖိုပေါ်ကချပြီးပြီးခြင်း
ရေဘုံပိုင်အောက်ကို ချက်ချင်းထည့်ရတယ်…
အေးမှ မဖွင့်ရဘူး…
ချက်ချင်း အေးအောင်လုပ်ပြီးဖွင့်ရတယ်…အဲဒါမှ အထဲက အပူက ချက်ချင်းအေးပြီး ချက်တဲ့အသားထဲက အပူက အပြင်ကိုထွက်ပြီး အသားကနူးညံ့တာ….
ရှောက်သီးသုပ်လေးနဲ့…
ဝက်သွေးနဲ့ ပဲပင်ပေါက် ဆိုဒ်ဒစ်ရှ်
ကို ဖက် ချက်တာ စားပြီးရင် ကိုဖက်လို ဖြစ်လာမှာပေါ့နော်။
ဉာဏ်ကောင်းလာမှာကို ပေါဒါဘာ။ ဟိ
~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါနေ့…
ဘဲဥကို ပြုတ်….ထက်ခြမ်းခြမ်း…ဒယ်အိုးထဲမှာ ဆီလေးနဲ့ကြော်ဒယ်အိုးထဲမှာ ဆီလေးနဲ့ကြော် အာလူးရယ်… ငရံ့ခြောက်ရယ်… ဆီသတ်ပြီး ဘဲဥကုလားဟင်းလေးချက်
ကုလားပဲလေးကိုရေစိမ်ထောင်း ကြက်သွန်နီးပါးပါးလှီးပြီးတော့ မဆလာလေးနဲ့ရောနယ်…ဗယာကြော်လေးကြော်…
အရွက်အနေနဲ့… မြင်းခွာရွက်လေးကို မြေပဲလေးလေးထောင်း…ကြက်သွန်ဖြူဆီချက်လေးနဲ့သုတ်…
ဗုဒ္ဓဟူး…
ဝက်သားသုံးထပ်သားကို ကြာမဆိုင်လေးနဲ့ ချက်ပြီးတော့…
မှိုကန်စွန်းလေး ရယ်…
ပဲငံပြာရည်ကို ငရုတ်သီးလေးစိပ်ခွဲနဲ့ ဖျော်ထားတာလေးရယ်…
ကြာသပတေး…
ဆိတ်ပုဆိုးကြမ်းနဲ့ နို့အုံသားကို… မဆလာကောင်းကောင်းနဲ့ ဒိန်ချဉ်နဲ့နှပ်ပြီး ချက်
ပဲနီလေး ကြာဇံဟင်းချိုနဲ့…
ကြက်သွန်နီပါးပါးလှီး သံပုရာသီးညှစ်ထားတဲ့ အချဉ် (ချပ်တနီး) လေးနဲ့ တစ်ရက်…
သောကြာ…
ဝက်ခြေထောက်အရိုးလွတ်ကို… ငရုတ်ပွ၊ ကြက်သွန်ဖြူ အလုံးကြီးအခွံမနွှာပဲ အချိုချက်ချက်
မုန်ညင်းခါးလေးကို ကြော်…
ဆေးဘဲဥလေးကို ခပ်ချဉ်ချဉ်လေးသုပ်
စနေ…
ကကတစ်ငါးကို ပရက်ရှာကွတ်ကာထဲမှာ စပါးလင်ရယ်… ကြက်သွန်ဖြူရယ်…ဂျင်းနုလေးရယ်နဲ့ရေခန်းလေးပေါင်းပြီးဆားငံသီးလေး လေးငါးလုံး ပစ်ထည့်
ပြည်ကြီးငါးကို ငရုတ်သီးစိမ်းနဲ့ အဖြူထည်ချက်ထားတာကို သံပုရာရည်လေးညှစ်ပြီးတော့ ဟင်းတစ်ခွက်
အရွက်ကြော်က ပဲပြားနဲ့ ပဲပင်ပေါက်ကြော်…
တနင်္ဂနွေ…
ဝက်ကလီစာအချိုဟင်းကို…
ပြည်ကြီးငါးသုပ်လေးရယ်…
ကိုက်လန်ခရုဆီလေးရယ်…
~~~~~~~~~~~~~~~~~~~~~~
ကဲ ဂလောက်ဆို ကိုဖက် ဂလိုဖြစ်ရခြင်းရဲ့ တရားခံ (အဲလေ) အရည်အချင်းတွေကို သိနိုင်ပြီထင်ပါတယ်။
ဒီ ဟင်းစပ်ကို ၁ဝ မိနစ် အတွင်း လက်တန်းစပ်ပေးသွားတာဖြစ်ကြောင်းပါ။
ချက်နည်းကို တော့ ထပ်မေးမှပဲ ရမှာပဲ။ ဇွတ် ထပ်မေးရင် အဆူခံရမှာစိုးလို့ ဟိဟိ။
63 comments
MAUNG
October 28, 2013 at 9:08 am
စနေ နေ့လာခဲ့မယ် ဗျို့ 🙂
KZ
October 28, 2013 at 10:44 am
လာခဲ့။
တရက် တည်းပဲလားးးး
:mrgreenn:
Wow
October 28, 2013 at 9:16 am
အင်္ဂါ ကနေ စနေထိ အိုက်နားက ခွာဝူး
KZ
October 28, 2013 at 10:43 am
ကိုဖက်နားက ခွါဝူးလို့ပေါ်ဒါရားးးးးး

Wow
October 28, 2013 at 11:25 am
အဆီပိတ်တာက ကူးတတ်ရားဟင်င်င်င်..
surmi
October 28, 2013 at 9:25 am
ဖတ်ရင်းဖတ်ရင်း ကိုယ်မစားဖူးတာတွေများလှပါကလား ….
ဒီလောက်စုံတဲ့ ထမင်းဆိုင် …
တကယ်ဖွင့်ပလိုက်ရ…ဟင်း ဟင်း 🙂
KZ
October 28, 2013 at 10:42 am
တကယ်ဖွင့်လိုက်လို့။
စီးပွါးရေး အလွယ်လိုက်ဆို အစားအသောက်ပဲ ခေါက်ချိုးမြတ်တာ။
🙂
Crystalline
October 28, 2013 at 10:05 am
ဒီတပတ်ဝက်သားဈေးတွေကောင်းမယ်.. :mrgreenn:
KZ
October 28, 2013 at 10:40 am
လာနော်။
လာနော်။
:mrgreenn:
Ma Ma
October 28, 2013 at 10:07 am
ဖတ်လိုက်တာ တနင်္လာနေ့ကနေ မတက်တော့ဘူး။
စိတ်ဝင်စားသလား မဝင်စားသလား တောင် မသိတော့ဘူး။
ကိုဖက်ကက် ဟင်းတွေ စားရင် ကိုဖတ်ကက်လို ဖြစ်မယ်ဆိုတော့ …..
KZ
October 28, 2013 at 10:35 am
သေချာတယ် ချစ်မွမွ။
သူ့ဟင်းစပ်စားရင် သူ့လိုဖြစ်မှာပဲ။
ဟေးဟေးဟေးးးး
ဉာဏ်ကောင်းတာကို ပြောတာနော်။
Ma Ei
October 28, 2013 at 10:09 am
ဝက် ဟင်းရက်တွေ ကျော်လွှားပြီး
တစ်ရက်ခြား ထမင်းလာစားပါမယ်နော်…
🙂
KZ
October 28, 2013 at 10:33 am
ဟုတ်ပါ့။
မွအိ အတွက် ဝက်လွတ်ဟင်းလေးတွေ စပ်ပေးအူးမှပါ။
အနော့ ဆီမှာ ဘယ်တော့ စားဖိုမှူးလာလုပ်မတုန်းးးဟင်?
Ma Ei
October 28, 2013 at 10:41 am
စားဖိုမှုးအတွက် စိတ်နဲ့ရေးနေတုံးမို့ပါ…
လက်ရောက်ပြီးရင် လာခဲ့မယ်နော်…
…
:chit:
ရွှေမိုးတိမ်
October 28, 2013 at 10:12 am
အင်္ဂါနေ့ မြင်းခွာရွက်သုပ်လေးစားချင်သားးးး
ဒါနဲ့ မမကေဇီ ကိုဖက်ကတ် က ဝက်သားကြိုက်ပုံပဲဗျ ဟိဟိ 😀
KZ
October 28, 2013 at 10:32 am
ညလေးက ကျောက် ဟင်းစပ်တုန်းကမှ မမြင်လိုက်ကိုးးးးး
သတ်သတ်လွတ် ညလေးအတွက် နောက်မှ သတ်သတ်လွတ် ဟင်းစပ်ပေးမယ်။
😀
ဦးကျောက်ခဲ
October 28, 2013 at 11:51 am
ရွာကပါလာတဲ့ဟင်း ကုန်သွားတည်းက ဆိတ်သားမစားရတာ ကြာပေါ့…
ဟောင်ကောင်မှာ ဆိတ်သား အားကြီးရှားတယ်…
တရည် ကျတွားဘာတယ်… အား ဟိ
😀
KZ
October 28, 2013 at 11:55 am
အဟုတ်ပါ့။
ဆိတ်သားအစစ်မစားရတာ အတော်ကြာပေါ့။
ငယ်တုန်းကလို ဆိတ်သား စားမား လို့ မေးမေးပြီး လိုက်ဆိတ် ရရင် ကောင်းမယ်။
😀
kai
October 28, 2013 at 2:15 pm
ဩဇီက ကိုရင်တောဝက်အပြောအရတော့.. အဲဒီမှာဆိတ်ပေါဆိုပဲ…
ယူအက်စ်ကိုသွင်းတဲ့..ဆိတ်ပေါင်တွေများ.. တချို့ဩဇီကလိုု့ပါတယ်…။
ယူအက်စ်မှာလည်း.. ဆိတ်မွေးရောင်းတဲ့နေရာတွေရှိပါတယ်…။
ဈေးက..အမဲသားထက်နည်းနည်းပိုများမလားပဲ..
လေဒီခိုင်ကအမဲသမီးနဲ့သား.. မစားသမို့.. အစားထိုး..ဆိတ်သားစားတတ်တာမို့.. သိတာပါ…
သာဓု.. :kwi:
KZ
October 28, 2013 at 2:32 pm
အွန်။

သိုးသားတွေပါ တဂျီးရယ်။
နံမှ နံ။
ကျောက်(စ) ရေ။
ဟုတ်တယ်နော်။
ဆိတ်သားကြိုက်တဲ့သူတွေ က လှသတဲ့။ :mrgreenn:
ဘာမှ မဆိုင်!!
:kwi:
ဦးကျောက်ခဲ
October 28, 2013 at 5:29 pm
တဂျီးရယ်… အဲဒါ ဆိတ်မဟုတ်ပါဘူး… သိုးသားတွေပါ…
အသားနူးညံ့ပေမယ့် အနံ့ပြင်းလို့ မန်ကျည်းမှည့်နဲ့ သေချာဆေး…
ဟင်းခတ်အမွှေးအကြိုင် ဒိန်ချဉ်နဲ့ တစ်ညလောက် နှပ်ထားပြီးချက်မှ…
အရသာလည်းကောင်း… အနံ့လည်းပျောက်… ဟီ ဟိ
😀
kai
October 30, 2013 at 11:38 pm
ဆိတ်အစစ်ကြီးပါဟ.. နားရွက်တောင်ပါသေး..။ နောက်တာပါ..။
တကယ်ဆိတ်ပါ..။ သိုးသားက ဈေးပိုကြီးတယ်လေ..။ ဟိုးတနှစ်က..ဆရာမောင်သာရမွေးနေ့လုပ်တော့.. သူ့မြေးတယောက်က.. နယ်ကနေ..ဆိတ်ပေါင်တွေယူလားပြီး.. ဟင်းချက်ကျွေးဖူးတယ်..။ တကယ်ကြီးကိုဆိတ်ပါ… ။
နာမယ်က ဂုတ်တဲ့..
sorrow weaver
October 28, 2013 at 1:33 pm
ဝက်သားတွေချည်းပဲ …ကြိုက်မှကြိုက်..အဟိဟိ
KZ
October 28, 2013 at 1:38 pm
နောက်ခါဆို ကချင်ဟင်းစပ်ရှာပေးချင်ဘူးလား??
😀
ဗုံဗုံ
October 28, 2013 at 2:52 pm
ဟိုလေ…ဘဲဥနဲ့ ကြက်ဥ ချည်းဘဲ
တစ်ပတ်လုံး..ချက်နည်းပေးမယ်လေ..
တင်ပေးနော်..မွမွဂျီး..
KZ
October 28, 2013 at 2:56 pm
ချက်နည်းနဲ့ ဟင်းစပ်မထပ်ရင် တင်ပေးမယ်လေ။
TNA
October 28, 2013 at 3:40 pm
ဟိုနေ့ကတဲက သတင်းရလို့စောင့်နေတာ။ ဒီနေ့မှအလုပ်ရှုပ်ချက်။ ဒါတောင်အပြင်သွားခါနီးထမင်းဆိုင်က အမြန်ပြေးလာရတာရယ်။ ဝက်လွတ်နေ့များအားလုံးအကြွေးစားမည်ဖြစ်ပြီး ဟင်းစပ်များကိုလဲ ကူးယူမှတ်သား သွားပါတယ်။ အဲလိုအဆန်းလေးတွေကြိုက်တာ။ ချက်စားအုံးမွှာ။ :sar:
KZ
October 28, 2013 at 5:04 pm
ဟုတ်ပါ့။
ယောက်ခမ မလာသေးလို့စောင့်နေတာ။
မပြောမရှိနဲ့ နောက်တစ်ပတ်က ပိုကောင်းလိမ့်မယ်။
စားဖိုမှူးအသစ်။
TNA
October 28, 2013 at 8:56 pm
ဟုတ်လား ဘယ်သူလဲ ရင်ထပ်ခုန်အောင်လုပ်နေဗျန်ဘီ။ ချွေးမွလေး ရင်ခုန်အောင်တော်တော်လုပ် 😀
Mr. MarGa
October 28, 2013 at 3:56 pm
ရှည်ရှည်ဝေးဝေး ပြောတော့ဘူးဗျာ
ချိုင့်ဆွဲသွားတယ်။
ဒီတစ်ခါ တစ်ပတ်စာမဟုတ်
တစ်လစာ မှာမယ်။
KZ
October 28, 2013 at 5:06 pm
နာလည်း ရှည်ရှည်ဝေးဝေး မတောင်းချင်တော့ဘူးးးး
တစ်လ စာကြိုပေးပါ။
😀
•*¨နန်းတော်ရာသူ •*¨
October 28, 2013 at 7:53 pm
မမရေ စလုံးမှာထမင်းဆိုင်ဖွင့်လိုက်ပါလား။
ဒီလောက်ဆိုတော်တော်အလုပ်ဖြစ်လောက်ပါပြီ။
😀
KZ
October 29, 2013 at 6:00 pm
ကြံစည်နေတယ် ညလေးးးး
😀
Mahar Myanmar
October 29, 2013 at 10:17 am
ဝက်သား ၃ဝ သား ကို ရှိတာကီမှို နဲ့ ချက် ထား တာ..
ဆိုင်ရောင်း ဆို ဘယ် ဖြစ် မလဲ ..
ဆိုင် ရှင ်တစ်ယောက် စာ
ကောင်း/ မကောင်း မြည်း စာ ပဲ ရှိ တယ်…
ဝက်သား ၁ဝ ပိသာ ချက်… မှို လိုသလောက် ထည့်..
အဲဒါ မှ ဖြစ် မှာ .. ဆိုင်ရှင် ကပ်စေး မနည်း ပါနဲ့ ဗျ..
အားပေးသူ များ လာမှ.. ဟို ချို ဒီ ချို မလုပ် နဲ့ နော်..
ကျုပ် ကို များ မ အဘူး များ မှတ် နေလား…ဟင်း…
KZ
October 29, 2013 at 5:58 pm
အဟမ်းးးးး
လျှောက် အပြောနဲ့။
အဲ မှို ကို မသိလို့မှ ဘယ်လို အရသာမှန်းမသိလို့ ဆိုင်ရှင် အရင် မြည်းမို့ပါ။
ကောင်းမှ ဆိုင်ပေါ်တင်ရောင်းမှာလေ။
:kwi:
weiwei
October 29, 2013 at 12:53 pm
ဝက်သားစားရင် သိသိသာသာ ဝိတ်တက်လို့ တစ်လမှာ တစ်ကြိမ်လောက်ပဲချက်စားဖြစ်တော့တယ် ..
ကကတစ်ပေါင်းနည်း စိတ်ဝင်စားတယ် .. ချက်စားကြည့်အုန်းမယ် ..
KZ
October 29, 2013 at 5:56 pm
ဝေ ရယ်။
အနော်တော့ ခုထိ ဝက်မလွတ်ပါဘူးကွယ်။
အဘ ဘုတ်ကလုံ
October 29, 2013 at 1:03 pm
တိမီးလေးဆွီက ဟင်းချက်တော်တော်ကောင်းမယ်ပုံပဲ။ ဟင်းစားတွေပဲ ရေးနေတော့လဲ..
အဘတို့ ရောဂါများတဲ့ အိုကြီးအိုမတွေ ဂလုရတာပေါ့ကွယ်
တိမီးလေးက ဟင်းချက် ဟင်းစပ်တော်တော့..။ ယောက်ျားရကံကောင်းမယ်ထင်တယ်..။
နောက်နှစ် ဖေဖော်ဝါရီတောင် ကျော်ပါ့မလားမသိ..။ အဘဘုတ် သိနေတယ်..
KZ
October 29, 2013 at 5:55 pm
တိမီးလေး (ခရက်ဒစ် အရိပ်စစ်) က ချက်တတ်ပါဘူး အဘရယ်။
ဟင်းစားပဲ ရေးနေတာ ကွန်ချက်လည်း မပြချင်လို့ပါ။
စားပဲ စားတတ်လို့ သူများကို ချက်ခိုင်းနေရတဲ့ ဘွပါ။
အဘက ခုမှ ရောက်တယ်သာဆိုတယ်။
လေသံက သိပ်မစိမ်းဘူးနော်၊
😀
ကျောင်းစရာဂျီးးးးးး
GARFIELD
October 29, 2013 at 2:23 pm
ဟဲ… ဟဲ…
အချိန်ယူပြီး မပြင်နိုင်လို့… အချိန်ယူပြီး ကော်မန့်ရေးပါ့မယ်…
ဟင်းချက်စရာကိုယ်တိုင်ချက်ပြပါတော့မယ်…ခိ
အင်္ဂါနေ့ ပြန်စရအောင်…
ဘဲဥအိန္ဒိယနွယ်ဖွားဟင်း… (ခိခိ)
ဘဲဥလေးကိုပြုတ်… အပ်ချည်ကြိုးလေးနဲ့ထက်ခြမ်းခြမ်း…
ပြီးရင်… ခြမ်းထားတဲ့ဘက်ကို ဆားလေးနဲနဲပွတ်ပေးရပါတယ်… မဟုတ်ရင် ကြော်လိုက်တဲ့အခါ အနှစ်တွေက
အကာထဲကထွက်တတ်လို့ပါ….
ပြီးရင် အကာလေးခပ်ကျွတ်ကျွတ်ဖြစ်အောင် ဆီသန့်သန့်ထဲ ထည့်ပြီးပြန်ကြော်ပါ…
ပြီးရင်တော့ အာလူးလေးကို အခွံနွှာ ရေစင်အောင်ဆေး… ကြိုက်တတ်ရင်တော့ ရုံးပတီသီး၊ ခရမ်းသီး၊ ဘူးသီး…ထည့်လို့ရပါတယ်…
ငါးရံ့ခြောက်ကိုလဲ လက်သုံးလုံးလောက် ခုတ်ပြီး ရေခဏစိမ်ထားပါ… နဲနဲလေးပွလာအောင်လို့…
ပြီးတာနဲ့ ကြက်သွန်နီ (၃)လုံးလောက် နုတ်နုတ်စင်း… ကြက်သွန်ဖြူအမွှာကြီး (၃)မွှာလောက်ကို ဓားပြားရိုက်ပြီး
ဆီအိုးထဲထည့်ဆီသတ်ပါ… ဆီမသတ်ခင် ဆီထဲကို နနွင်းမှုန့်နဲနဲထည့်ပြီး ဆီကိုအဝါရောင်သန်းအောင်လုပ်ပါ…
ပြီးရင် ကြက်သွန်ဖြူထည့်ပြီးတော့ ကြက်သွန်ဖြူနံထွက်လာပြီဆိုရင် စင်းထားတဲ့ ကြက်သွန်နီကိုထည့်ပြီး နွမ်းအောင်ဆီသတ်ပါ…
နွမ်းပြီဆိုမှ ငရုတ်သီးအရောင်တင်မှုန့်ကို အရောင်အကြိုက်ဖြစ်အောင်ထည့်ပါ… ပြီးရင် အာလူး… စတဲ့ဟင်းသီးတွေထည့်ပြီး ဆီစသတ်ပါ… နွမ်းပြီဆိုမှ ရေစိမ်ထားတဲ့ ငါးရံ့ခြောက်ကိုထပ်ထည့်ပြီး ဆီဆက်သပ်ပါ…
ဆီသပ်ချိန်ကြာလေးလေ… ဟင်းအရသာကောင်းလေလေပါ…
ရေမထည့်ခင် ဆီသတ်တာနာမှ… ဟင်းအရသာကောင်းတာပါ… မဟုတ်ရင် အချိုအငန်က အသားထဲမဝင်ဘဲ…
အရည်သပ်သပ်… အဖတ်သပ်သပ်… ဖြစ်တတ်ပါတယ်…
ပြီးရင်တော့ ရေလေးခပ်မြုတ်မြုတ်ထည့်ပြီး ဆူလာအောင်… ဆီပြန်လာအောင်ချက်ပါ…
အဲဒီအချိန်မှာ အာလူးများ ပျော်သွားတတ်တာမို့ လိုတဲ့အနေအထားရောက်ရင် ဆယ်ထားစေချင်ပါတယ်…
ငါးခြောက်ထဲကိုလဲ အရသာဝင်ပြီဆိုရင်တော့ ကြော်ထားတဲ့ဘဲဥကို ထည့်ပြီးတော့ ဆီပြန်အောင်ထားပါ…
ဆီလဲပြန်ပီ… အရည်လဲ အနေတော်ဖြစ်ပြီဆိုရင်…
အိုးကို မီးဖိုပေါ်ကချပြီးတော့ ပျဉ်းတော်သိမ်ရွက်ကို လေးရွက် ငါးရွက်လောက်ရေဆေးထည့်လိုက်ပါ…
ပြီးရင်… မဆလာကို အပေါ်မှလိုအပ်တဲ့ အနံ့ရတဲ့အထိ ဖြူးပါ…
မဆလာကို ထည့်မချက်ပါနဲ့ မဆလာထည့်ချက်တာဟာ မဆလာအနံ့ကို ပျောက်စေပါတယ်…
မဆလာအနံ့ကောင်းကောင်းလိုချင်ရင်… ဟင်းအိုးချပြီးမှသာ မဆလာအပေါ်မှာ ဖြူးပါခင်ဗျား…
ဗယာကြော်နဲ့ မြင်းခွာရွက်သုပ်ကတော့ အများလုပ်နေကြအတိုင်းပါပဲခင်ဗျား….
KZ
October 29, 2013 at 5:48 pm
အာ့ကြောင့် နာ့ ကိုဂျီးဖက်ကို ချစ်ရတာ။
အာဘွားကြီးကြီးပေးလိုက်မယ်။
ခုခိ ခုခိ
:chit:
GARFIELD
October 29, 2013 at 2:40 pm
နောက်တစ်ခုက ဗုဒ္ဓဟူးနေ့…
ဒီဟင်းကို သွေးတိုးရှိသူများ… ဆီးချိုရှိသူများ… အဝလွန်သူများ မစားကြစေရန် မေတ္တာရပ်ခံပါတယ်…
ဒီလိုဗျာ… ဝက်သား သုံးထပ်သား…
ဝက်မှာ (၃)ထပ်သားအပြင်… (၅)ထပ်သားဆိုတာရှိသေးသဗျ…
တကယ်တော့ (၅)ထပ်သားဆိုတာ နဲနဲရှားတယ်ထင့် (၃)ထပ်သားကတော့ အလွယ်တကူဝယ်ရတဲ့အပြင်
ပုံမှန်ဝက်သားထက်လဲ ဈေးသက်သာပါတယ်… အဆီများတာကိုး
ဝက်သား (၃)ထပ်သား (၄၀)သားလောက်ဝယ်… (၅)ထပ်သားရရင် (၅)ထပ်သားပေါ့…
လက်နှစ်လုံးလောက် အတုံးလေးတွေတုံး…
ပြီးရင် ဆီ (၂)ကျပ်ခွဲသားလောက်ကို ဒယ်အိုးထဲထည့်တည်ပါ… ဆီဆူလာပြီဆိုရင် သကြားနဲနဲထည့်ပြီး ဆီထဲ
သကြားပျော်အောင်တည်ပေးပါ… ပြီးလျှင် ခွက်ငယ်လေးဖြင့် လှယ်ထားပြီး အအေးခံထားပါ…
အဲ့ဆီကို ခပ်ထားပြီး နောက်ထပ် ဆီ (၅)ကျပ်သားလောက်ကို ချက်မယ့် Pressure Cooker ထဲကို ထည့်လိုက်ပါ…
ဂျင်းလက်တစ်ဆစ်လောက်နဲ့ ကြက်သွန်ဖြူ အမွှာကြီး (၃)မွှာလောက်ရောပြီး ဆုံထဲထည့်ထောင်းပါ…
ညက်လောက်ရှိရင် အဲဒီထောင်းထားတဲ့ဂျင်းကြက်သွန်ကို ဆားနဲ့ ဟင်းခပ်မှုန့် (အချိုမှုန့် နှင့် အချိုမှုန့်ပုံပြောင်းများ) ထည့်ပြီးနယ်ထားတဲ့ ဝက်သားထဲကို အရည်ညှစ်ထည့်ပါ…
ပြီးရင် ခုနကြိုထားတဲ့ သကြားဆီကိုလောင်းထည့်ပြီး အသားထဲစိမ့်ဝင်အောင်နယ်ပါ… (၁၀)မိနစ်ခန့်ထားလိုက်ပါ…
ပြီးတာနဲ့ ဆီအိုးတည်ပြီး ကျန်တဲ့ ဂျင်းကြက်သွန်ဖတ်တွေကို ဆီသတ်လိုက်ပါ…
ဆီသတ်ချိန်မှာ ကြက်သွန်နီ (၃)လုံးကို ရေဆေးအခွံနွာ (၄) စိတ်စိတ်ပြီး… ဆီထဲကို ထည့်လှိမ့်လိုက်ပါ…
ထည့်လှိမ့်ပြီးလို့ ကြက်သွန်နီမနွမ်းခင်မှာ ခုန နှပ်ထားတဲ့ဝက်သားကို အိုးထဲထည့်ပြီး ကျက်အောင်ဆီသတ်ပါ…
ဝက်သားအရောင်ပြောင်းပြီဆိုရင်….
ရေမြုတ်အောင်ထည့်ပြီး..
ကြာမဆိုင်ကို လက်နှစ်လုံးလောက်စီလှီးထားတဲ့ (၃၀)သားလောက်ကို ရေအပေါ်ကနေဖြန့်ထည့်ပါ…
ပြီးရင် အိုးအဖုံးပိတ်ပြီး… ပျမ်းမျှ မိနစ် (၂၅) လောက် Pressure Cooker နဲ့ တည်လိုက်ရင်…
စားကောင်းတဲ့ ဝက်သားကြာမဆိုင်ဟင်းရပါပြီခင်ဗျား…
တကယ်လို့ အချဉ်အရသာလိုချင်သေးတယ်ဆိုရင် သံပုရာရည်ထည့်ပါ… မန်ကျီးရည်မထည့်ပါနဲ့…
ပရက်ရှာကွတ်ကာသုံးနည်းကတော့ အပေါ်မှာပြောထားသလိုပါပဲ…
ချပြီးပြီးချင်း ရေဘုံဘိုင်အောက်မှာထားပြီး အေးအောင်ရေဖွင့်ချပါ… ဒီအတိုင်းအေးအောင်ထားလိုက်ရင်…
အသားက နူးညံ့သင့်သလောက်မနူးညံ့တော့ပါဘူး… အရသာလဲ အတွင်းထဲကို လိုသလောက်မဝင်တော့ပါဘူး…
(အော်… သူများအသားလေးကျတော့ အရသာရှိလိုက်တာ…)
မှိုကြော်နဲ့ ပဲငံပြာရည်ငရုတ်သီးဖျော်လေးနဲ့ လိုက်မှလိုက်ပါဗျား…
GARFIELD
October 29, 2013 at 3:05 pm
ကြာသပတေး….
ဆိတ်နို့အုံသား၊ ပုဆိုးကြမ်းဟင်း….
ဆိတ်သား တစ်ပိဿာ (၁၄၀၀) ဈေးဖြစ်နေချိန်မှာ (၇၀၀)ဈေးလောက်နဲ့ရနိုင်တဲ့ ဆိတ်အူကြမ်း (ပုဆိုးကြမ်း)၊ နို့အုံသားတို့ကို အရသာရှိရှိချက်စားတာဟာ ဘတ်ဂျက်ချွေတာနိုင်သလို…
တမူထူးတဲ့အရသာကိုလဲ ပေးစွမ်းပါတယ်…
ဆိတ်သားပုဆိုးကြမ်း (၄၀)သားလောက်၊ နို့အုံသား (၃၀)သားလောက်ကို ဆား၊ အချိုမှုန့်၊ မဆလာနဲ့နယ်…
ဒိန်ချဉ် (၁၀)သားလောက်နဲ့ နှပ်ပြီး တစ်နာရီခွဲလောက်ထားပါ…
ပြီးရင်တော့ ဂျင်းလက်တစ်ဆစ်၊ ကြက်သွန်ဖြူ ၃ မွှာလောက်ကို ညက်အောင်ထောင်းပါ…
ကြက်သွန်နီ (၄)လုံးလောက်ကို ပါးပါးလှီး၊ နုတ်နုတ်စင်းပြီးထားပါ…
ပရက်ရှာကွတ်ကာထဲကို ဆီ (၁၀)သားလောက်ထည့်ပြီး ဆီဆူလာရင် နနွင်းမှုန့်ထည့်ပြီး အနည်းငယ် ဝါကျင့်ကျင့်
ဖြစ်အောင် တည်ပါ… ပြီးရင်… ဂျင်း၊ ကြက်သွန်ထောင်းထားတာကို ထည့်ပြီး ဆီသတ်ပါ…
ကြက်သွန်ဖြူနံ့ထွက်လာရင် ကြက်သွန်နီစင်းထားတာကို ထည့်ပြီး နွမ်းအောင် ဆီသတ်ပါလေ…
ပြီးတာနဲ့ နှပ်ထားတဲ့ ဆိတ်ပုဆိုးကြမ်းနဲ့ နို့အုံသားကို ထည့်ပြီး အဖုံးပိတ် ရေမြုပ်အောင်ထည့်ပြီး (၁၅)မိနစ်လောက်တည်ရပါတယ်…
အဲ့လိုတည်ပြီးရင် မီးဖိုပေါ်ကချပြီး နို့အုံသားကို မြည်းကြည့်ပါ…
နို့အုံသားထုံးစံအရ… သိပ်တည်လွန်းအားကြီးရင် မာသွားတတ်လို့ပါ… အနေတော်ဆိုရင် အိုးထဲကဆယ်ပြီးတော့
ပုဆိုးကြမ်းကို နူးအောင်ထပ်တည်ရပါလိမ့်မယ်… နှစ်ခုလုံးအနေတော်ဆိုရင်တော့ ဆီနဲနဲပြန်အောင်ထားပြီး မဆလာအပေါ်က ဖြူးပြီးတာနဲ့ တန်းစားလို့ရပါပြီ…
ကျွန်တော့်ကြောင့် အိမ်ကလူတွေ ဆိတ်သားမစားတော့ပါဘူး… ပုဆိုးကြမ်းနဲ့ နို့အုံသားပဲစားကြပါတော့တယ်…
ဘယ်လောက် သက်သာလိုက်သလဲ…
အဲဒီဟာကို ကြက်သွန်နီလေးပါးပါးလှီး ရေစိမ်၊ ပြီးရင် ငရုတ်သီးစိမ်း (၂)တောင့်လောက်ပါးပါးလှီး
ရှောက်ရည်လေးညှစ် ဆားလေးနဲနဲထည့်ထားတဲ့ အချဉ် (ချပ်တနီး) နဲ့စားရင် သိပ်ကောင်းပေါ့ဗျာ…
ပဲနီလေး၊ ကြာဇံဟင်းချိုလေးနဲ့ပါတွဲလိုက်ရင်… အဲ့နေ့ အလုပ်မသွားပဲ နှပ်နေရုံပါပဲ ခင်ဗျား…
GARFIELD
October 29, 2013 at 3:19 pm
ကြာသပတေး….
ဝက်ခြေထောက်…
တချို့ တချို့သော ဈေးထဲမှာ ဝက်ခြေထောက်အရိုးလွတ်ဝယ်လို့ရနိုင်ပါတယ်ခင်ဗျာ…
မရလဲ စိတ်ရှည်ရှည်နဲ့ အရိုးနွှင်ပေါ့ဗျာ… ကိုယ်က အကောင်းစားချင်တာကိုး ဒီလောက်တော့ ဒုက္ခခံရမပေါ့…ဟိ
အဲဒီ ဝက်ခြေထောက်ကို ထုံးစံအတိုင်း သကြားဆီလေးနဲ့ ဂျင်း၊ ကြက်သွန်ဖြူ အရည်ညှစ်ပြီး…
ဂျင်းကြက်သွန်၊ ကြက်သွန်နီတို့ကို ဆီသတ်ပြီးတဲ့နောက်မှာ ထည့်ပြီးလုံးရပါတယ်…
အဲဒီလိုလုုံးတဲ့အချိန်မှာ ကြက်သွန်ဖြူဥကြီး (၃)လုံးလောက်ကို သေချာရေဆေးပြီး အပေါ်အခွံနဲနဲချန်ခွာပါ…
ပြီးရင် ငရုတ်သီးအပွခြောက်နဲ့ အဲ့ဒီကြက်သွန်ဖြူ (၃)လုံးကို ထည့်ပြီး ရေမြုတ်အောင်ထည့်ပြီး တင်လိုက်ပါ…
ပရက်ရှာကွတ်ကာနဲ့ဆိုရင် မိနစ် အစိတ်လောက်ဆိုရင် အိုးချပြီးတော့ ဆီပြန်အောင်တည်ပြီး ကောင်းကောင်းတီးနိုင်ပါပြီ…
မုန်ညှင်းခါးဆိုတာကတော့ မုန်ညှင်းအရိုင်းပင်တစ်မျိုးပါ…
လူနဲ့သိပ်မတည့်ဘူးလို့ ဆိုကြပေမယ့်… ရှမ်းပြည်နယ်ဘက်မှာ လမ်းဘေးအလေ့ကျပေါက်တဲ့ဟာမို့
ခါးသက်သက်အရသာဘက်နွယ်ပေမယ့် ကြက်သွန်ဖြူလေး ဓားပြားရိုက်ကြော်လိုက်ရင်ဖြင့် အတော်လေးအရသာရှိတာကို တွေ့ရပါတယ်…
ကြည့်တော့ စားကြပေါ့အေ… ဟိ
အဲ့ဒမှာ စီးပွားဖျက်ဆေးဘဲဥသုပ်အကြောင်းနဲနဲပြောပါမယ်…
ဆေးဘဲဥကို ကြက်သွန်နီ၊ ဂေါ်ဖီ ဘာမှမထည့်ဘဲ… နှမ်းလေးနဲ့ ဆီစိမ်းလေးစမ်းပြီး သံပုရာရည်လေးနဲ့ချည်း
သုပ်စားကြည့်ပါ… မတူတဲ့အရသာပေးပါလိမ့်မယ်… ဒါပေမယ့် အနဲဆုံး ဆေးဘဲဥ (၃)လုံးလောက်သုပ်မှ…
လူမြင်ကောင်း သူမြင်ကောင်း… နဲနဲမဆိုသလောက်စားရမှာမို့… အဲ့ ဆိုဒ်ဒစ်ရှ်က ဈေးနဲနဲကြီးပါလိမ့်မယ်…
စားကြည့်ကြပါကွယ်…
GARFIELD
October 29, 2013 at 3:33 pm
စနေနေ့တော့…
စားလို့လဲကောင်း… မြည်းလို့လဲကောင်းမယ့်….
ငါးဆားငံသီးပေါင်းပါခင်ဗျာ…
ရန်ကုန်မှာ တီလားပီးယားတွေပေါပေမယ့်… ပိုချိုပြီး ဈေးပိုကြီးတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းနဲ့တူတဲ့
ကက္ကတစ်ငါးနဲ့ ချက်စားတာပိုကောင်းပါတယ်… ဟဲ… ဈေးလဲကြီးသကွယ့်…
စပါးလင်နဲနဲနဲ့ ဂျင်းနဲနဲကို ရေဆေးဓားပြားရိုက်ထားပါ…
ပြီးရင် ပရက်ရှာကွတ်ကာရဲ့အောက်မှာ ဒံအိုးဖုံး… ခံပြီးတော့ ဆားနယ်ထားတဲ့ငါးကို စပါးလင်၊ ဂျင်းတို့နဲ့ တူတူထည့်ပါ…
ပြီးရင် ရေမမြုတ်… တမြုတ်ထည့်ပြီးတော့ (၇)မိနစ်ခန့်ပေါင်းပါ…
အဲဒီမှာ အရေးကြီးတာက ငါးကို ဓားနဲ့ မမွှန်းမိဖို့ပါပဲ… မဟုတ်ရင် ငါးပေါင်းမစားရဘဲ… ငါးမွှေစားရပါလိမ့်မယ်…
ပြီးတာနဲ့ အအေးခံ အဖုံးဖွင့်ပြီး… ဆားငန်သီး (၅)လုံးခန့် ပစ်ထည့်ပြီး (၃)မိနစ်လောက်တည်ထားလိုက်ပါ….
ပြီးရင် စားလို့ရပါပြီ…
ပြည်ကြီးငါးကို အကွင်းလေးတွေလှီးပြီးတော့ ဆားနဲ့ နနွင်းနဲနဲနဲ့ ဆီလေးသတ်အိုးထဲမှာ လှိမ့်လိုက်ပါ…
ပြီးရင် ရေနဲနဲထည့်ပြီး ငရုတ်သီးစိမ်း အတောင့် (၂၀)လောက်ထောင်းထားတာထည့်ပြီး…
အိုးချထားလိုက်ပါ… စားခါနီးရင် သံပုရာသီးလေးညှစ်စားပါ… ရခိုင်ချက်လေးလိုပါပဲ….
အရွက်ကြော်ကိုတော့ ပဲပြားနဲ့ ပဲပင်ပေါက်ပေါ့ဗျာ…
အဲ့လိုမှမဟုတ်သေးရင်… ခုန ငါးဆားငံသီးပေါင်းကို…
ဝီစကီ (အနိမ့်ဆုံး ဂျော်နီလမ်းလျှောက်အနီ)လေးကို ရေခဲ (၄)တုံးပေါ်လောင်းချပြီး…
ထမင်းလွတ်လဲ မြည်းနိုင်ပါကြောင်း…
GARFIELD
October 29, 2013 at 3:49 pm
တနင်္ဂနွေ…
ဝက်ကလီစာဟင်းတော့ လူတိုင်းချက်ဖူး… စားဖူးမယ်ထင်ပါတယ်…
အထွေအထူး… ထူးထူးဆန်းဆန်းတော့မဟုတ်ပါ…
ဒီလိုပဲချက်တာပါပဲ…
ကျွန်တော်ကတော့ ဝက်ကလီစာချက်ရင် အဆုပ်မထည့်တတ်ပါဘူး… ကြိုက်ရင်လဲထည့်စားကြပေါ့…
ရနိုင်ရင် အချင်းတိုင်လေးထည့်ရင်ပိုကောင်းပါတယ်… ဟိ…
အထူးသဖြင့် ကျွန်တော်ကတော့ ဝက်သားချက်တိုင်း သကြားဆီလေးသုံးတာပါပဲ…
တကယ်လို့ သကြားဆီမသုံးချင်ရင်… ကြာညို့ခေါ်တဲ့ တရုတ်ပဲငံပြာရည်အနောက်ကို သုံးနိုင်ပါကြောင်း…
ထူးခြားတာက သကြားဆီသုံးရင် အရောင်လှပြီး ကြာညို့သုံးရင် အရောင်နဲနဲညစ်တာပါ…
ပြည်ကြီးငါးကလဲ ပြသနာသိပ်မရှိပါ… ရိုးရိုးပြုတ်ပြီး ကြက်သွန်နီ၊ ဆီချက်နဲ့ အချဉ်ညှစ်သုပ်တာပါပဲ…
ကိုက်လန်ခရုဆီလေးကတော့ အရွက်ပါအောင်ထည့်တာပေါ့နော…
အနောက်တိုင်းခရီးစဉ်က ပြန်လာပြီးနောက်…
ဇရာလတ်တို့အလုပ်တွေဖြစ်တဲ့ Paper Work တွေပြူးပြဲနေအောင်လုပ်ရင်း…
အလုပ်မပြုတ်အောင်နေနေရတာမို့ ရွာထဲမရောက်ဖြစ်တာပါ…
ဒါကို အကြွေးဆပ်ရင်း… ညီမလေး ကေဇီထမင်းဆိုင်မှာ တစ်ပတ်စာ ဝင်ချက်ပေးတာပါ…
(အိုင်ပက်ပို့ပါညီမလေးရယ်…ဟိဟိ)
iPhone 5S, iPad Min with Retina Display, iPad Air နဲ့ ကွန်ပျူတာလောကရဲ့တော်လှန်ရေး Mac Pro အကြောင်းတောင် ရေးချင်ရက် မရေးနိုင်ဘဲ… ညီမလေး ကေဇီကို လာရောက်အားဖြည့်ရင်း
ဂဇက်ပေါ်တင်ကျန်နေသော ပျက်ကွက်မှုများအား တောင်းပန်ရင်း… နောက်နောင်တွင်လဲ… မကြာမကြာ
လာရောက်လည်ပတ်ပါဦးမည်ဟု…
ခင်မင်လျက်-
ဖက်ဖက်ကက်
မဟာရာဇာ အံစာတုံး
October 29, 2013 at 4:21 pm
ဆင်ဆာတွေ ဘာတွေ ဖြတ်ထားသေးဒလား မတိဘူးးး
ဘီဘီ လည်း ပါဒါ တွေ့ရဝူးးး
KZ
October 29, 2013 at 5:49 pm
သူ့လိုမှတ်လို့။
ဘာဆင်ဆာမှရှိဘူးးးး ဆင်ခြင်နေတာပဲရှိတယ်။
:kwi:
Shwe Ei
October 29, 2013 at 5:25 pm
ဟင်းချက်နည်းတွေဖတ်ကြည့်ရင်း တဖြည်းတဖြည်းနဲ့ သဘောပေါက်လာတာတခုရှိတယ်…
စားချင်စိတ်သာရှိပီး အပင်ပန်းခံ ဒွတ်ခခံ ချက်ချင်စိတ်မရှိတဲ့ ငါပါလားနော်…ငတ်တာနည်းသေး အဟင့် 🙁
KZ
October 29, 2013 at 5:50 pm
အဲလာကောင်းတာပေါ့ ချွေအိလေးရယ်။
ဝ တော့ ဘူးပေါ့။
ဂွတ် ဂွတ်။
😀
alinsett
October 30, 2013 at 2:35 pm
ကိုဖက်ကက် ကို ဖျစ်ချင်ဒယ်
အဲ အဲ မွှားလို ့
ကိုဖက်ကက်လို ဖြစ်ချင်ဒယ် ပြောဒါ
:kwi:
ကျော်စွာခေါင်
October 30, 2013 at 11:48 pm
ထမင်းဆိုင်ရှေ ့ ခဏခဏ ဖြတ်လျှောက်နေပေမယ့် စိတ်မကောင်းဘူး…
အင်္ဂါနေ ့တစ်ရက်တည်းဘဲ..လာစားလို ့ရမယ်..ဆိတ်ခြင်္သေ့မလေး ကေဇီခင်မရေ…။ ခင်ဝ ဟုတ်ဘူးနော်။ ခုခိခုခိ
KZ
October 31, 2013 at 10:35 am
ထနဂလေး စောင့်ပါ။
သားသတ်လွတ်ဟင်း စီစဉ်ပေးပါ့မယ်။
ကတောက်!
အသား ဆို ကျောင်းသားရယ် စစ်သားရယ်ပဲ ရှောင်တဲ့ ကေဇီမှာ သားသတ်လွတ် စားတဲ့ မိတ်ဆွေများလှပါတကားးးးးး
😀
Foreign Resident
October 31, 2013 at 6:08 am
” နောက်တစ်ခုက ပရက်ရှာကွတ်ကာသုံးနည်း
ပရက်ရှာကွတ်ကာက နူးပြီလို့ထင်တဲ့အချိန်မှာ မီးဖိုပေါ်ကချပြီးပြီးခြင်း
ရေဘုံပိုင်အောက်ကို ချက်ချင်းထည့်ရတယ်… အေးမှ မဖွင့်ရဘူး…
ချက်ချင်း အေးအောင်လုပ်ပြီးဖွင့်ရတယ်…အဲဒါမှ အထဲက အပူက ချက်ချင်းအေးပြီး
ချက်တဲ့အသားထဲက အပူက အပြင်ကိုထွက်ပြီး အသားကနူးညံ့တာ…. ”
အွန် ။
အိမ်က ပရက်ရှာကွတ်ကာက အကြီးကြီး ။
ဘေဆင်ခွက် နှင့်တောင် မဆန့်လောက်ဘူး ။
ရေချိုးခန်းထဲအထိ သယ်သွားရပြီး ၊ ရေလောင်းရမလိုပဲ ။
Foreign Resident
October 31, 2013 at 6:16 am
ကို GARFIELD ကိုတော့ လေးစားသွားပြီ ။
အမှန်တကယ် ကို ချက်ပြုတ် တတ်သူပေပဲ ။
KZ
October 31, 2013 at 10:39 am
ချက်တဲ့ ဟင်းကို စားစရာမလို….
ဖက်ကက် ကိုသာ ကြည့်ပါ ဆို…..
အရီးခင်
November 1, 2013 at 3:34 pm
မဖြစ်မနေ အတင်း အပြေးဝင်လာ ကြည့်တော့ ချစ်သော ကြောင်ဝ လေး လက်ရာ ပါကလား။
ဟင်းစပ် တွေ ထဲ မှာ ပန်းသီး ကို ထည့်မချက် တာ တော့ မကျေနပ်ဘူးဟေ့။
ဝက် ပန်းသီး အစာသွပ် လုပ်စား ကြည့်ကြပါဗျို့။
ရွာထဲ အသံတိတ်နေ တာ ဘယ်လိုမှ လှုပ်မရလို့ပါ။
အားလုံးကို အမြဲ သတိတရ ရှိပါတယ်။
😛
KZ
November 1, 2013 at 3:38 pm
ဟိ။
အရီး လာ အားမပေးလို့ မျှော်နေတာ။
:chit:
kai
February 13, 2014 at 5:06 pm
ဒီလအတွက်သတင်းစာ စားဖွယ်ကဏ္ဍမှာ.. ဒီပို့စ်လေးကိုပြန်လှန်ပြီး.. ယူလိုက်တယ်နော..။
လိုချင်တဲ့ဟာက..”မွသဲ ရဲ့ ထမင်း အမျိုးမျိုးးးး – KZ’s ထမင်းဆိုင်
” ယောက္ခမနဲ့ချွေးမပေါင်းရေးပြီး.. ခရက်ဒစ်ကျ.. သူများဟာဆိုတာနဲ့… ဟိုရှာဒီရှာလုပ်ပြီး.. စာရှည်တာကို ရက်တွေပိုင်းဖေါ်ပြမဲ့.. ကိုဖက်ကက် ဟင်းစပ်နဲ့ KZ’s ထမင်းဆိုင် ဖြစ်သွားပါတယ်..။
အင်း..
ပိန်ဦးမယ်..။
မမချွိ
February 13, 2014 at 7:23 pm
အာ့မြန်း အလွယ်လေးးး ထမင်းအမျိုးမျိုးကို အနော်တို့ ဗားရှင်းနဲ့ ရေးပြီး ပို့လိုက်မယ်။
ခဏတော့ စောင့်ဦးနော်။
ခု ကိုဖက်ဟာ အရင်ယူထားလိုက်။
ခရက်ဒစ်ကို ကိုဖက်ကိုရောပေးပါနော်။
ကော်မန့်ထဲက ချက်နည်းတွေပါယူရမှာ။
😀
TNA
February 13, 2014 at 7:40 pm
ဒဂျီး မွသဲရဲ့ထမင်းအမျိုးမျုးိယူပီးရင် သများကို အထုပ်ကြီးကြီးပေးမှာရားဟင်
ယောက္ခမနဲ့ချွေးမပေါင်းရေး တာကတော့ ကြက်ဆီထမင်းဖြုတ်လိုက်ရင်ရဘီ ဒဂျီးရဲ့ လာထားနောက်တထုပ် 😀
မမချွိ
February 13, 2014 at 7:42 pm
တမီး က ကို့(ချ) ထီးလေး လိုချင်တာ။
😀
TNA
February 13, 2014 at 8:00 pm
ချွိချွိ ထမင်းသုတ်အမျိုးမျိုးအရင်ပို့လိုက် ဒဂျီး သများက ကို့(ချ) ပိုက်ချံအိပ်တေးတေးဆိုရဘာဘီ 😀