ပြော ပြ ချင် လွန်းလို ့ပါ. . .သဂျီးရယ်. . .
အဟက် ။
ကိုယ်ကပဲ. . . . .ကျေးဇူးအတင်ခံချင်လွန်းသူလား . . . . .သူတို့ကပဲ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ဖို့. . . .ဝန်လေးလွန်းနေတာလားတော့ မသိ ။
တစ်ဘက်ဘက်ကတော့ ပြင်ဖို ့လိုပြီ ။ အဟိ ။
*************************
ဘတ်စ်ကားကျပ်ကျပ် တိုးစီးရတဲ့ ဒုက္ခ ကို အမေရိက က သဂျီး ကို ပြချင်တယ် ။
( ဘာမှ မဆိုင်ပဲ သဂျီးကို ဆွဲထည့်ခြင်း )
အင်းလေ . . .သဂျီးလည်း သိနိုင်မယ်ထင်ပါတယ် ။
ရန်ကုန် လာတဲ့အခါ မြင်မှာ တွေ ့မှာပေါ့ ။
ရုံးတက် ရုံးဆင်းချိန်တွေဆို
ခြေထောက် ဘယ်နားချရမှန်း မသိ။ လက်က ဘာကို ဆွဲကိုင်ရမှန်း မသိ။
မျက်နှာကို ဘယ်လို ထားရမှန်း မသိ ။
ငါးခြောက်ငါးခြမ်းတွေ လို ပြားကပ်ပြီး ဗိုက်ပေါက်ထွက်မတတ် ကျပ်တာ။
တော်ရုံ ဝတဲ့သူဆို ကိုယ်ရည်စစ်သွားမယ်။ ဘာမှတ်နေလဲ ။
အနံ့အသက်ပေါင်းစုံ နဲ့
ချွေးစော် သေးစော်တွေ ကွမ်းတံတွေးစော်တွေကလည်း နံဟောင်နေတာ ။
အသက် မရှူဝံ့ဘူး ။
လေထုညစ်ညမ်းမှုနယ်ပယ်ကြီးထဲမှာ ဖုတ်လှိုက်ဖုတ်လှိုက်ကို ဖြစ်လို ့။
ဘတ်စ်ကားတစ်စီးကို အဲဒီလို လေဟာနယ်မရှိလောက်အောင် အပြည့်အသိပ် စီးကြတာများ မြင်ရင် ကားထုတ်လုပ်တဲ့ နိုင်ငံက ကားကုမ္ပဏီလူကြီးမင်းတွေ ဝမ်းသားရမှာလား ဝမ်းနည်းရမှာလား သိန်းစိန်ရယ် ဖြစ်သွားမယ် ။
အဟိ ။ ( ဘာမှ မဆိုင်တဲ့ ဟိုလူကြီးနာမည် ထည့်မိပြန်ပြီ ။ တယ် . . . ငါတဲ့ ခက် ပဲ )
အဲသလို ပေါ့လေ ။
အင်မတန်မှ စိတ်ညစ်စရာကောင်းတဲ့ ဘတ်စ်ကားကျပ်ကျပ်ပေါ်မှာ . . . ခြေမထိလက်မထိ စီးပေမယ့် ကားဘရိတ်အုပ်တာတောင် လဲကျမသွားတဲ့အထိ
အကျပ်အသိပ်စီးရ / ချွေးပြိုက်ပြိုက်ကျပြီး လူ့ဘဝ ငရဲခန်းတစ်ခု ထဲ ရောက်နေသလို ဖြစ်နေရတဲ့ . . . အချိန်မှာတောင်. . .
ကျွန်တော်လို ထော်လော်ကန့်လန့်လူက ထော်လော်ကန့်လန့်တွေနဲ့ တွေ ့ရ ကြုံရပြန်ပါရော ။
****************************
ကိုယ်က ယောကျာ်းလေးဆိုတော့ အားကောင်းမောင်းသန် ကြီးနဲ့ ့အမိန့်သားထိုင်စီးနေပြီး . . .
ကိုယ့်အရှေ ့မှာ. . . အသက်ရှူရပ်မတတ်တိုးကြိတ်လို့ ့ရပ်တည် ဖို့တောင်မလွယ်တဲ့
မိန်းမတွေကို မြင်ရင်. . . .ထိုင်စရာရလို့ထိုင်နေရတာကို . . . လိပ်ပြာမသန့်တော့တာ ။ နေရင်းထိုင်ရင်းအားနာတာဆိုပါစို့ ့သဂျီးရယ် ။
( မထူးပါဘူး. . ဒို့သဂျိးကိုပဲ တိုင်တည် ပြောတော့မယ် ။ အဟိ ။
ဒါနဲ ့အဲဒီ အားကောင်းမောင်းသန် ဆိုတဲ့စကားကို သိပ်တော့ မရှင်းဘူး . . .သဂျီးရာ ။ အားကောင်းဆိုတာကတော့ ရှင်းပါတယ် ။ မောင်းသန် ဆိုတာက ဘာတုန်း )
စကားလမ်းကြောင်းက ချော်ချော်သွားတယ် ။ ပြန်ဆက်မယ် ။
အဲဒီလို . . . .
မိန်းမသားတွေက. . . .
ထိုင်စီးနေတဲ့ ကျွန်တော့်ရှေ ့
ရှုူးရှဲ ဂူးဂဲ နဲ ့မတ်တပ်လာရပ်ပြီး ဟိုဟာကိုင်လည်း မမှီ . . .
ဒီဟာကိုင်လည်း မဖြစ်နဲ ့ ယိုးတိုးယိုင်တိုင် ရောက်ရောက်လာရင်လေ . . .ဒီငနဲသားက အားနာသဗျ ။ အမိန့်သားကြီးလည်း ဆက်မထိုင်ချင်တော့ဘူး။
အားနွဲ့ပါတယ်ဆိုတဲ့ မိန်းမတွေကို ဦးစားပေးဖို ့ ထပေးရမယ်ဆိုတဲ့ အသိက ဒက်ခနဲ ဝင်လာတာ ။
မိန်းမငယ်ငယ်လှလှလေးတွေလားလည်း ကြည့်ရသေးတယ် ။
ချက်ချင်းကြီး ထပေးပြီး
ညီမလေး ထိုင်နော် ဆိုရင် . . .
ဘေးက ယောကျာ်းသားထုကြီးက ကောင်မလေးတွေဘက်က တရားဝင် ရပ်တည်ပြီး ထပေးတဲ့ ငနာကို နှာဘူးးးလို့ ့ ပြောချင်တဲ့အကြည့်တွေနဲ့ ့ကြည့်တာကိုး။
ဒေါ်ဖွားမေတို့လို အရွယ်တွေ
ဒေါ်ဂျီးဗုံ တို့လို အပြိုကြီးအရွယ်တွေဆိုရင်တော့ ချက်ချင်းပဲ ထပေးလိုက်တာပါပဲ။
ကိုယ် ထိုင်နေရတဲ့နေရာကို ဘာကိုယ်ကျိုးမှ မရှိပဲ ထပေးရတာ မလွယ်ဘူး သဂျီးရဲ ့။
အထူးသဖြင့် . . .
ဒီလောက် ကျပ်ပိတ်သိပ်နေတဲ့ မတ်မတ်ရပ်ဖို့တောင်မလွယ်တဲ့ ဘတ်စ်ကားပေါ်မှာ ထိုင်နေရတဲ့နေရာလေးကို ထပေးရတာ ပိုတောင်မလွယ်ဘူး။
ဒါကိုတော့ ဟိုသမဒဂျီး ကိုယ်ချင်းစာတတ်မယ်ထင်ပါရဲ့။ အဟဲ့ ။
ပြဿနာက အဲဒီမှာစတာပဲ။ ရပ်ကွက်ထဲက ကောင်လေးတွေ ပြောသလိုပြောရရင် . . . .
အဲဒီမှာ စတွေ ့တာပဲ ။
ကိုယ်က ထပေးလိုက်တော့ နေရာလွတ်မှာဝင်ထိုင်တယ်ပေါ့ဗျာ။ ဝင်ထိုင်တဲ့ မမတွေ အန်တီတွေက တော်တော် မာနကြီးသားဗျ။
Thank you ဆိုတဲ့စကားလေးတစ်လုံးတောင် ထွက်မလာဘူးဗျို ့။
ကျေးဇူးအတင်ခံချင်လို ့ ထပေးတာ မဟုတ်ပါဘူး။
ကျေးဇူးအတင်ခံချင်လို့ ့လုပ်တဲ့အလုပ်ဟာလည်း
အကျိုးလိုလို့ ့ညောင်ရေလောင်းတာမို့ ့မဖြူစင်ပါဘူး။
ဒါကို သားသိပါတယ် သဂျီးရယ် ။
🙂
ဒါပေမယ့် ဒီနေရာမှာ . . .
ထပေးလိုက်ရသူ အမောပြေအောင်တော့ ကျေးဇူး ဆိုတဲ့စကားလေးတစ်လုံးတော့ ပြောသင့်တယ်ထင်တာပဲ။
ဒါလေးပြောလိုက်လို့ရော ဘာအပန်းကြီးလို ့တုန်း။
ပြောလိုက်ရင်တော့ ပြောတဲ့သူဟာ ကျေးဇူးသိတတ်သူဖြစ်သွားမယ် လေ ။
ဘာပဲပြောပြော
ထပေးလို့ ရတဲ့နေရာကြောင့်
အဆင်ပြေပြေ ထိုင်ရတယ်။
အဲဒီလို ထိုင်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မှာလား . . . .
ထပေးသူကို ကျေးဇူးတင်မှာလား . . . . . .လို ့သာ မေးလိုက်ချင်တော့တယ် သဂျီးရယ်။
:kwi:
အခုတော့ . . . .
ထပေးလိုက်တဲ့နေရာက . . .
သူရို ့အပိုင်ဝယ်ပြီး ထားထား တာ ကို ကိုယ်က ဝင်ထိုင် / ပိုင်ရှင်လာတော့ ထပေး ရတဲ့ သူလို ကိုယ်က ဖြစ် / သူက. . . နေရာပိုင်ရှင်ကြီးလို ခပ်တည်တည်နဲ့ အမိန့်သားဝင်ထိုင် လို ့။
စတိုင်လ်က သိက်မိုက်နေတာဗျ ။
ထပေးတဲ့သူရဲ့ လက်ထဲက ထမင်းချိုင့်လေးဘာလေးတောင် ကိုင်ပေးရမလားလို ့မေးဖော်မရ။
သဂျီးရေ . . . .အဲဒီလို အဖြစ်မျိုး မကြာခဏကြုံရတာနော်။
တစ်ခါမဟုတ် နှစ်ခါမဟုတ်။
နည်းနည်းများးလာတော့ . . .
ကျွန်တော်လို. . . . . . . .ထော်လော်ကန့်လန့်ကောင်က မှတ်ချက်တစ်ခု ကို ဟောသလို ချပစ်လိုက်တော့မှာ ။
“ ဗမာတချို ့ဟာ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်စကားလေး ပြောဖို့ ့တောင် ဝန်လေးတဲ့သူတွေ . . .´´ လို ့
************************
ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို ယဉ်ကျေးသိမ်မွေ ့ပါတယ်ဆိုပြီး ကြံဖန်ဂုဏ်ယူနေတဲ့ . . .
ဟောဒီ နိုင်နံဒေါ်ဂျီး ထဲမှာ . . .
ပြောဖို ့ဝန်လေးနေတဲ့သူတွေ ရှိနေတယ် သဂျီးရဲ့။
ကျေးဇူးတင်ထိုက်သူကို
ကျေးဇူးတင်ဖို ့ဝန်လေးခြင်းသည်လည်း
အမင်္ဂလာတစ်ပါး လို ့ပြောမိတော့မယ်။ ဟွန်း ။
ဆုတောင်းလိုက်ဦးမယ် ။
ကျေးဇူးတင်ပါတယ် လို ့အပြောခံချင်လို့ ့လုပ်တဲ့အလုပ်တွေလည်း . . . .ကင်းဝေးပါဇေ. . . .
ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်စကားလေးတောင်ပြောဖို့
ဝန်လေးတဲ့အဖြစ်တွေလည်းးး ကင်းဝေးးပါဇေ. . . .
အဟိ။
လူဆိုတာလည်း . . . .
ကိုယ် လုပ်ပေးလိုက်ရတဲ့ အလုပ် ကို
ကောင်းရင် ကောင်းတယ်လို ့ ချီးမွမ်းပြီး အသိအမှတ်ပြုလာမယ့် စကားကိုတော့ မျှော်လင့်တတ်ကြတာပဲ မဟုတ်လား သဂျီးရာ ။
((( အဲ . . .ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတွေကို မတုန်မလှုပ်တော့တဲ ့ ပုဂိ္ဂုလ်ကြီးတွေအတွက်တော့ အဲဒီစကားက ဘဝင်မကျစရာပေါ့။ ဒါပေမယ့် ကျွန်တော်တို့လို သာမန်လူတွေ အတွက်တော့ . . . .ကိုယ့်ကိ်ု အသိအမှတ်ပြုတာကို မျှော်လင့် မိကြတာ အမှန်ပဲလေ ။ ဟုတ်ဘူးလား ။))
**********************************
ahak ahak
ဒါတောင်မှ သဂျီးကို ပြောချင်တာ ရှိသေးတယ် ။
အဲဒီ ဘတ်စ်ကားကျပ်ကျပ်ပေါ်မှာလေ
ချွေးနံ ့တထောင်းထောင်းကြားမှာ ပူလောင်မွန်းကျပ်ရတဲ့အထဲ. . .
ကိုယ့်မျက်နှာရှေ့နား ကပ်နေပြီး
ချောင်းတဟွတ်ဟွတ် လာ ဆိုးတာ များ။
အံ့တွေတောင် ဩတယ်။
သူတို ့ချောင်းဆိုးရာက လွင့်တဲ့ ရောဂါပိုးမွှားတွေကို ကိုယ်က ရှူပါ့မယ်လို့ ့ကတိပေးထားမိသလိုကိုဖြစ်လို ့။
ချောင်းဆိုးနှာချေ နေရင်
ပါးစပ်ကို မအုပ် မကာ ဘူး။
အေးဆေးပဲ။
တံတွေးတွေ တဖွားဖွား ဘေးဘီကို
စင် နေတာတောင်. . .
ဘေးပတ်ဝန်းကျင်ကို ဆောရီးနော်လို့ ့ပြောဖို ့ဝန်လေးနေတာလေ ။
🙁
🙁
အံမယ် . . . .
သူတို ့ဝန်မလေးတာ ရှိတယ်။
သိလား သဂျီးးး။
သူတို ့က ပါးစပ်ကို လက်နဲ့မပိတ်ပဲ
ချောင်းဆိုး နှာချေ လို ့
ရှေ ့တည့်တည့်က နေ နေရတဲ့ ကိုယ်က
ကိုယ်နှာခေါင်းကို လက်နဲ့ ပိတ်ကာလိုက်မိရင်များးးး
မကြားတကြားနဲ ့ကို ပြောတော့တာ။
သောက်ဖြစ်သည်းနေလိုက်တာ တဲ့။
လဲသေသွားမှာ ကျနေတာပဲ တဲ့။
အဟက်
မျက်စောင်းကြီးတွေ တခဲခဲနဲ ့။
သူတို ့ပါးစပ်မပိတ်မကာပဲ ချောင်းဆိုးနှာချေတာ ကျတော့ ဆောရီးလို့ပြောဖို ့ဝန်လေးးး
ကျန်းမာရေးအသိနဲ ့ ကာကွယ်တဲ့ ဘေးပတ်ဝန်းကျင်ကိုတော့
မုန်းတီးဖို့ ့ဝန်မလေးဘူး သဂျီးရဲ ့. . . ။
**********************************
ဒီတော့ . . . .
သဂျီးပြောသလို . . . .
စနစ်ကြောင့် မဟုတ်ဘူးးးး လို့ချည်း လည်း မအော်ချင်ပေမယ့်
စနစ်ကြောင့် မဟုတ်တဲ့ ဟာတွေလည်းးး
ပြင်ရမှာ အများကြီး ရှိသေးတာတော့
လက်ခံမိပါရဲ ့။
**********************************
အလင်းဆက်
4 / 11 / 2013
42 comments
MAUNG
November 4, 2013 at 8:14 am
“ ဗမာတချို ့ဟာ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်စကားလေး ပြောဖို့ ့တောင် ဝန်လေးတဲ့သူတွေ . . .´´ လို ့
မှန်လိုက်လေ ကိုအလင်းရယ်
alinsett
November 4, 2013 at 10:54 am
ဟုတ်တယ်ဗျ
တချို ့ ရှိသေးတယ် ။
ကွမ်းတံတွေး ထွေးထည့်ထားတဲ့ အိတ်တို ့
အမှိုက်အစအန လေးတွေတို့ကို
အမှိုက်ပုံး ရှိရာထိ ကိုင်ယူသွားဖို ့ ဝန်လေးတာလေ
တွေ ့ကရာ နေရာမှာ ခပ်လွယ်လွယ် ပစ်ချ လိုက်ကြတာ
အဲဒါတွေလည်း
အမြင်မတော်ဘူး
:kwi:
ဗုံဗုံ
November 4, 2013 at 9:43 am
ဘာကိစ္စ နာ့ နာမည်ကို ထည့်ပြောတာဒုန်း…..
ဒီ ဝက်နာတော့ တေချင်ပီ ထင်တယ်…
နာ ပြောပြလိုက်မှာနော်..ဟွန်း…
အဲ့ဒုက္ခတွေမခံချင်ရင်..ကိုယ်ပိုင်ကားဝယ်စီး…
alinsett
November 4, 2013 at 10:57 am
ကိုယ်ပိုင်ကား ဝယ်စီးလည်း နောက်ထပ် စိတ်ရှုပ်စရာတွေ လာဦးမှာ
ဒီနိုင်ငံက ထွက်ပြီး
သဂျီးတို ့ဆီ သွားနေချင်နေပြီ ။
မဟာရာဇာ အံစာတုံး
November 4, 2013 at 10:31 am
သွားရမယ့်ခရီးက ဝေးတယ်
ကားကလည်း ကြပ်တယ်
ကောင်မလေးတစ်ယောက်
ဘေးနား လာရပ်တယ်
ကျုပ် ထပေးလိုက်ပါတယ် …
Lady First ………
ထပေးလိုက်ခါမှပဲ
ကောင်မလေးရဲ့ ကောင်လေးက
လူကို လာတိုက်တယ်
ပြီးတော့ နေရာဝင်ယူတယ်
ဘုကြည့်တောင် ကြည့်လိုက်ပါသေးတယ်
ကျုပ် အားနာမိတာ
မှားသွားပြီလား အရပ်ကတို့ရယ် …..။
http://myanmargazette.net/139554
alinsett
November 4, 2013 at 10:59 am
အာ့ကြောင့်ပြောတာပေါ့ အန်စရာ ရယ်
နီလည်း ကြုံဖူးမှာပေါ့
ဒီဒုက္ခတွေက ပြောမကုန်ဘူး
🙁
Wow
November 4, 2013 at 12:04 pm
ပေါက်ကွဲသံဇင်များ 🙁
alinsett
November 4, 2013 at 12:48 pm
:kwi:
:kwi:
sorrow weaver
November 4, 2013 at 12:56 pm
အဟိဟိ…နာလေ..ဘတ်စ်ကားစီးတာရယ်…
စော်လေးတပွေ…နာ့လဲ လာတိုက်သွားသေး…တက်လဲနင်းသွားသေး…ဆောရီးလဲမပြော..နာ့ကိုကြည့်ပြီးမတူသလိုလို မတန်သလိုလို နှုတ်ခမ်းက စူလိုက်သေး…မျက်စောင်းကထိုးတတ်လို်က်သေး….နာလဲ ပြန်ကတ်ကတ်လန်ပလိုက်တာပေါ့….မက်စိပါဘူးရားး..နှာခေါင်းနဲ့လျောက်မနေနဲ့ ….နှုတ်ခမ်းကြီးလဲ ပြုတ်ထွက်လာမှန်နေအုံးမယ်…လို့ပြောပလိုက်တာ….ဒီလောက်ချောမောခန့်ညားတဲ့ ရုပ်ကနေ…ကက်စက်ဖွင့်လိုက်သလို တရစပ်ထွက်လာမယ် မထင်ဘူးထင်ပါရဲ့…မျက်လုံးလေးပြူး ပါးစပ်လေးဟလို့…ကြောင်ကိုသွားတာ…ခုခွိခုခွိ….နာဟဲ့ကချင်….
alinsett
November 4, 2013 at 1:07 pm
အိုက်လို ပြောလိုက်မှ အေးတာ
ဟုတ်တယ်
တခါတခါကျ အက်လိုလည်း ပေါက်ကွဲပြဦးမှ
အဟိ
kai
November 4, 2013 at 1:26 pm
တိုကျိုမှာအလုပ်လုပ်တုံးကတော့… မနက်၆နာရီထ… ရထားသုံးတန်.. ဘတ်စကားဂိတ်စ-ဆုံးတခေါက်စီးမှ.. မနက်၈နာရီအလုပ်ချိန်ရောက်တယ်..။
ဆိုတော့…
ရန်ကုန်ကဘတ်စ်ကားကြပ်တယ်ဆိုတာ.. ရယ်ပါတယ်..ဆိုတာလောက်.. တိုကျိုရထား..ဘတ်စ်ကားတွေကြပ်ပါတယ်..။
ရထားဝင်ပေါက်ထဲ လူမဝင်ပဲတန်းလန်းကြီးကို.. ရထားဝန်ထမ်း၂ယောက်က..” ဆေးရို့” အော်ပြီး.. တုတ်တန်းနဲ့..ဖိသွင်းတာ…။
အဲဒါနဲ့တပြိုင်ထဲ… အော်တိုတကားက.. တဒိုင်းဒိုင်း.. ဆောင့်ပိတ်တာ…။
ငပိသိပ်သလိုပေါ့..။ အပေါက်ဝကလူမှာ.. လှုပ်ဖို့နေနေသာသာ.. တွဲလောင်းချထားခဲ့ရင်.. သူများနဲ့သွားညပ်နေတဲ့လက်တောင်.. ဘယ်လိုဆွဲထုတ်ရမှန်းမသိ…။
ဆိုတော့… တိုကျိုရဲ့အလုပ်တွေများချက်က…
ခုံလွတ်သွားလည်းထိုင်ချင်စိတ်မရှိပါဘူး..။ နာရီဝက်လောက်ထိုင်ရတာလေးလည်း…မမက်ပါဘူး…။
အဲလိုစိတ်တွေဖြစ်ပါတယ်..။
.. ဒီလောက်ပဲ..။
alinsett
November 4, 2013 at 1:46 pm
အင်းးးး
ဒဂျီး ပြောပြပုံ အရ ဆိုရင်တော့
ကိုယ်နဲ့ဝတူ တွေရှိသေးတယ်ပေါ့
ကိုယ့်ထက်ဆိုးတာရှိသေးပါလား လို့ပဲ တွေးပြီး ဖြေသိမ့် နေလိုက်ဦးမယ် ။
ဒါနဲ့
အဲဒီမှာရော
ဝန်လေးတဲ့ ဟာတွေ ရှိတာပဲလားဗျ
kai
November 4, 2013 at 2:43 pm
ဟိုနှိုက်ဒီကိုင်တွေများလွန်းသမို့.. အင်ဒါကာဗာတွေက..မိန်းကလေးနုနုကလေးတွေအချိုးဖမ်းပြီး.. ယောက်ျားတွေကိုထောင်ဖမ်းရင်..မိသမှ… ခဏခဏ..
ထူးဆန်းတာက.. အဲဒီလိုလူတွေထဲ..မြန်မာတွေ..နိုင်ငံခြားကလူတွေ.. ခဏခဏပါတာပဲ..
အဲဒီတုံးကပေါ့…။ အခုလက်ငင်းကိစ္စတော့.. ဂီဂီမေး..
ဆိုတော့..
တိုကျိုမှာ ခုနှလွှာချွတ်ကတာတွေပေါမှပေါ့…
ကျွဲကောသီး.. ဒူးရင်းသီး..ဒေါင်းဥတွေ.. လက်နဲ့ကိုင်လို့လဲရပါ့..
ဈေးပေါချိန်ဆို..ကိုယ့် လုပ်အားခရဲ့၂နာရီစာလောက်ငွေပေးရင်.. အဲဒီအခန်းတွေထဲ.. ၃နာရီလောက်ဝင်ထိုင်လို့ရသပေါ့…။
အဲဒါတွေရှိတာမို့… ဂျပန်တွေထဲ.. လူကြားထဲမတော်တရော်သိပ်များများရှိနေတယ်တော့.. လည်း…မဟုတ်..
တကယ်တော့.. လူကမလုပ်ရ..မလုပ်နိုင်မှ..ပိုလုပ်ချင်စမ်းချင်တယ်…ထင်တာပဲ.. ကွိ..
.. ပေါ်ကုန်ပြန်ပြီ…
inz@ghi
November 4, 2013 at 1:52 pm
ရထားပတ်စီးခဲ့တာတွေပေါ်ဘီ
ငိငိ
kyeemite
November 4, 2013 at 1:56 pm
အင်း..ကိုယ်တို့ကျောင်းသားဘဝလောက်က ပိုဆိုးပါတယ်အလင်းဆက်ရေ..
လက်တစ်ဖက်၊ ခြေတစ်ဖက်နဲ့ ခြေနင်းခုကနေ တွယ်စီးရတာ..
ခုလိုကားလိုင်းလည်းမများသေးတော့ အလြိုမှမစီးရင် ကျောင်းရောက်ဖို့မလွယ်ဘူးကွ.. :kwi:
alinsett
November 4, 2013 at 5:17 pm
ဦးကြီးရေ
ဒါဆို
ကျွန်တော်တို့လို
လိုင်းကားစီးတဲ့ အခြေံလူတန်းစားတွေရဲ့ ကားပေါ်က ဒုက္ခတွေဟာ
ကြာနေပြီပေါ့နော်
ဘယ်တော့များမှ
သက်သက်သာသာ နဲ့ လိုရာ ရောက်ပါ့မလဲ
ဟင်းးးးးးး
Foreign Resident
November 4, 2013 at 3:56 pm
kai says:
” တိုကျိုမှာ ခုနှစ်လွှာ ချွတ်ကတာတွေပေါမှပေါ့…
ကျွဲကောသီး.. ဒူးရင်းသီး..ဒေါင်းဥတွေ.. လက်နဲ့ကိုင်လို့လဲရပါ့..
အဲဒါတွေရှိတာမို့… ဂျပန်တွေထဲ.. လူကြားထဲမတော်တရော်သိပ်များများရှိနေတယ်တော့.. လည်း…မဟုတ်..
တကယ်တော့.. လူကမလုပ်ရ..မလုပ်နိုင်မှ..ပိုလုပ်ချင်စမ်းချင်တယ်…ထင်တာပဲ.. ကွိ.. ”
အ ဟီး ဟီး ဟီး ။ ဒီ သူဂျီးက လာအစဖေါ်နေပြန်ပြီ ။
မနေ့က ဂီဂီ တို့ နှင့် လဘက်ရည်ဆိုင်ထိုင်ရင်း ။
ဘာရယ် မဟုတ် ၊ အဘ က နိုင်ငံရပ်ခြားမှာ အလုပ်ရှားတဲ့ အကြောင်း ၊
အဲဒီတော့ ၊ အလုပ်ရှင် ကို အရမ်း ကြောက်ရတဲ့ အကြောင်း ပြောကြရင်း ၊
( အ ဟဲ ဟဲ ဟဲ ၊ ထုံးစံအတိုင်းပါဘဲ ၊ ဂီ ဂီ နှင့် အဘ နှင့် တွဲမိမှတော့ အနဲငယ် ညှီလိမ့်မပေါ့ )
ဂျပန်မှာဆိုရင် Secretary အတွင်းရေးမှူးမ တွေက ၊
သူတို့ရဲ့ အလုပ်ရှင် Boss က တောင်းဆိုရင် အတူ ညအိပ်ရလေ့ ရှိကြောင်း ပြောကြတဲ့အခါ ၊
ဂီ ဂီ က ထပ်ရှင်းပြပါတယ် ။
Secretary အတွင်းရေးမှူးမ တွေဟာ ၊ သူတို့ရဲ့ အလုပ်ရှင် Boss နှင့် တင်မကဘူး ၊
တစ်ခါတစ်လေ ၊ လုပ်ငန်း အဆင်ပြေရလေအောင် ၊
သူတို့ရဲ့ အလုပ်ရှင် Boss က အိပ်ခိုင်းတဲ့ Customer ဖေါက်သည် နှင့်ပါ အိပ်ပေးရတယ်တဲ့ ။
ကြည့်စမ်း ၊ ဂျပန်မလေးတွေ သူတို့ ကုမ္ပဏီ အကျိုးစီးပွားအတွက် စွမ်းစွမ်းတမံ ကြိုးစားကြတာ ။
သိပါပြီ ၊ သိပါပြီ ။ ဒါကြောင့် ဂျပန်နိုင်ငံ တိုးတက်တာကိုး ။
မြန်မာပြည်သူားတွေလဲ ဒီလို အလေ့အထလေးတွေကို အတုခိုးသင့်တယ် ။
အဘ တို့နှင့်အတူ လဘက်ရည်ဆိုင်ကို လိုက်လာမိတဲ့ ၊
– – – တို့ ၊ – – – တို့ ၊ ရွာသူလေးတွေ ဆိုတာ ၊
မျက်လုံးလေး ကလယ် ကလယ် နှင့် ကို ဖြစ်သွားရှာတယ် ၊ ဟီ ဟိ ။
( ဒီ လူယုတ်မာကြီးတွေ နှင့် လိုက်လာမိတာကိုက ငါတို့ မှားတာ ဆိုပြီး )
အင်း ၊ လိုရင်းပျောက်တော့မှာပါဘဲ ။ ပြောလိုရင်းက ။
” လူကမလုပ်ရ..မလုပ်နိုင်မှ..ပိုလုပ်ချင်စမ်းချင်တယ်…ထင်တာပဲ ”
ဟိုး အရင် ၊ ငယ်နုချိန် ၊ အဘ ကဲ တုန်း ၊ ဆိုးတုန်း ကပေါ့ ကွယ် ။
( အခုတော့ အဲဒါတွေ လုပ်တော့ဘူးရယ် ၊ အဘ အရမ်း လိင်မာသွားပြီ ၊ ဤကား စကားချပ် ၊ ဟီ ဟိ )
တစ်နေ့ ကို မနက် တစ်ယောက် ၊ နေ့လည် တစ်ယောက် ၊ ညနေ တစ်ယောက် ၊ ဆိုးခဲ့တယ် ။
ဘာတဲ့ ၊ သူကြီး ပြောတဲ့ ကျွဲကောသီး.. ဒူးရင်းသီး..ဒေါင်းဥ တွေ ဆိုတာ အောတိုက်ပေါ့ ။
နေ့စဉ် ရက်စက် လောက်နီးနီး ဖြစ်လာတော့လည်း ၊
တစ်ခါတစ်လေ ၊ ကိုယ့် လက် ကိုယ်ကြည့်ပြီးကို မ သဒီဖြစ်လာရတယ် ။
အခု အချိန်များ ၊ ခုနှစ်လွှာချွတ်ယုံ လောက်က သနားဒယ် ။
ချွတ်ပြီးတော့ ပေါင်ပေါ် တက်ထိုင်ပြီး ပွတ်ကတဲ့ Lap Dance လာကတာတောင် ၊
ကိုယ်တိုင်က တမင် စိတ်သွင်းမယူလို့ကတော့ အေးဆေးပဲ ။
( သမာဓိ အား အရမ်းကောင်းသွားတော့လည်း ၊
တော်ရုံ ရွာသူလောက် လာ မနှောင့်ယှက်နိုင်တော့သလိုပေါ့လေ )
ဆိုလိုရင်းက ၊ မမြင်ဘူးလို့သာ မူး ကို မြစ်ထင်နေကြတာပါ ။
ပင်လယ် နှင့်ပါ တွေ့ဘူးပြီးတဲ့ သူတွေ အတွက်ကတော့ ၊
မူး ဟာ ချောင်း အဆင့်တောင် မရှိပါဘူး ၊ မြောင်း သာသာ ရယ် ။
inz@ghi
November 4, 2013 at 5:56 pm
တိန်.
ဆြာ့ဆြာတွေ ဖော်ကုန် ညှီကုန်ကြ ပဟ.
လစ်မှ. မဟုတ်ရင် ဝါသနာရှင်မှန်း ပေါ်တော့မယ်
တားတားတို့မှာ. မားခိုမ်တို့လို စီနီယာကြီးတွေ
ကောင်းမှုကြောင့် နားရွက်တောင် မခတ်ရဲခဲ့တာပါ ခီညာ
အော်. သဂျီး သဂျီး. 貝 Kai ဆိုတာ ခုမှ စီဘောပေါက်လော့ဒယ်
ဒက်ဂလောက် ဒက်ဂလောက်.
lele kyi
November 4, 2013 at 4:33 pm
လူကြပ်ပိ်တ်သိပ် စီးရတာ ဂျပန် အဆင့် မှီပြီး။ ဘာလို့အချိန်လေးစားတိကျမှုကိုတော့ မနှိုင်းယှဉ်တာလဲကွယ်။ လာချင်တဲ့အချိန်လာ။ ရပ်ချင်သလောက် ရပ် ။ မောင်းချင်သလိုမောင်းနေတာ က လူကြပ်တာထက်ဆိုးရွားလွန်းတယ်။ အရှက်တရားမှာလည်း တောတိုးပြီး အခင်း သွားသလိုပဲ။လူသံကြားလို့ ရှက်ပြီး ကဗျာကရာ ပုဆိုးနဲ့ မျက်နှာအုပ် အောက်ပိုင်းလွတ်နေသလိုမျိုး နေရာမှားနေသလိုပါပဲ။
alinsett
November 4, 2013 at 5:27 pm
အချိန် မလေးစား မတိကျတာတော့ ပြော မပြောချင်ဘူး
ဘတ်စ်ကားတွေဆိုရင် လူများများတင် ဖို ့ပိုက်ဆံများများရဖို ့က
ရည်ရွယ်ချက်ပန်းတိုင်ဖြစ်နေပြီး
ခရီးသွားပြည်သူ က တန်ရာတန်ကြေးပေးစီးတာကို အချိန်မှီလိုရာရောက်စေရမယ်ဆိုတဲ့ ဦးတည်ချက်က ပျောက်နေတယ်။
ဆိုတော့
အကောင်းဆုံးစိတ်ထားကိုလည်း မပြ နိုင်
အကောင်းဆုံး အရည်အသွေးကိုလည်း မဖော်ဆောင်နိုင်တဲ့ လူတွေနဲ့
လည်ပတ်နေရတဲ့ တိုင်းပြည်
သခင်မျိုးဟေ့ ဒို ့ဘားမား
🙂
Ko chogyi
November 4, 2013 at 4:58 pm
ညီလေးရေ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ
မနေ့က ကိုယ့်သားက ကိုယ့်ကိုမေးတယ်
“ ဖေကြီး အရင်တုန်းက စင်္ကာပူက ရန်ကုန်လိုမြို့တော်ဖြစ်အောင်
လုပ်မယ်ဆိုပြီး ကြိုးစားခဲ့တာ အခု ရန်ကုန်ထက်တောင်သာသွားပြီ
လို့ပြောတယ် ဖေကြီးသိလားတဲ့”
မသိပါဘူးသားရယ်လို့ပြန်ပြောမိတယ်။
အမှန်တော့ စည်းကမ်းက အဓိကပါပဲ။
မြန်မာတွေ စည်းကမ်းရှိတဲ့တစ်နေ့ တိုးတက်လာကြမှာပါ။
alinsett
November 4, 2013 at 5:22 pm
ဟုတ်ပါ့ဗျာ
စိတ်ဓါတ်နဲ့ စည်းကမ်းကို
တရားနည်းလမ်းကျကျ လက်ကိုင်ကျင့်သုံးနိုင်မယ့်တစ်နေ့
. . . . . .
. . . . . .
TNA
November 4, 2013 at 9:17 pm
နာဒေါ့ နာ့ကိုခုံနေရာပေးရင် ကျေးဇူးလို့ပြောဘာဒယ်အေ။ ညီးနဲ့မကြုံလို့ဖစ်ပါလိမ့်မယ်။ နောက်တခါ ကြုံအောင်စီးအေနော်။
alinsett
November 6, 2013 at 1:36 pm
အန်တီ သဲကို ဆိုရင်တော့
ဒီအတိုင်း နေရာ ဖယ်မပေးနိုင်ပါဘူး။
ကဗျာတစ်ပုဒ် ပေးရင် ဖယ်ပေးမယ်လို ့
ညှိမယ်
အဟိ
🙂
TNA
November 7, 2013 at 11:42 am
ဟောဒမယ် ဒညဂျို့ ဒည
alinsett
November 7, 2013 at 12:06 pm
အနုပညာ ဒည ဖြစ်ရတာကိုပဲ
ဂုဏ်ယူနေရတာ
ခိခိ
:kwi:
Mr. MarGa
November 4, 2013 at 9:30 pm
ပြောရရင်…
public transport ကို ကျယ်ကျယ်ပြန့်ပြန့် သုံးတာက
ရန်ကုန်တစ်မြို့ထဲရယ်
ကျန်တဲ့ မြို့တွေက
private transport နဲ့ပဲ သွားကြတာ။
ဆိုတော့
မန်းသားတွေ ကားကျပ်တာ သိပ် မခံစားဖူး
ဘတ်စ်ကား တိုးစီးဖို့ထက်
ဆိုင်ကယ်လေးနဲ့ ပတ် ဒိုးဖို့ပဲ ပို အားသန်ကြတယ်။
ဒါကြောင့်
ဘတ်စ်ကား ဒုက္ခတွေ သိပ် မသိ။
သို့ပေမင့်
သိတာကတော့
အခုထိ
ဘယ်နေရာမှာမှ ဝန်နဲ့အား မမျှ သေး…….
alinsett
November 6, 2013 at 1:35 pm
နီ က အဲဒီ ဒုတ်ခတွေ သိပ်မခံစားဖူးလို ့
လက်တွေ ့ကြုံအောင်
ရန်ကုန်ကို လာခဲ့
ငါးရက်လောက်နေ
မနက် ရုံးတက်ချိန်နဲ ့ညနေ ရုံးဆင်းချိန်တွေမှာ
လှိုင်သာယာဘက်သွားတဲ့ ကားကိုပဲ တိုးစီး
အဟိ
မန်းလေးကို အငွေ ့ပျုံပီး ရောက်ချင်သွားလိမ့်မယ်။
ဒီဒုတ်ခ တွေ ပြီးမြောက်ဖို ့
ပြင်ရမှာတွေမှ အများကြီး နော့
🙂
ဖြူစိုင်း လူ
November 5, 2013 at 7:55 am
ရင်ထဲမှာ ကျလိ ကျလိနဲ့
ကိုယ့်ပေါင်မှ ကိုယ်လှန်မထောင်းရင်လဲ မနာတော့လောက်ဘူးထင်လို့
ကိုယ့်ဖာသာ လှန်ထောင်းတော့မယ်ဗျာ
ပိုနာစေလိုသူတွေ စိတ်ကြိုက်လာလှန်ပီး
မနာလိုသူတွေ လာဆွဲဖုံးကြပါတော့
ကျုပ်ကတော့ တွေ့ခဲ့၊ မြင်ခဲ့၊ သိခဲ့တာတွေကို အနောက်ပိုင်းနဲ့ အရှေ့ပိုင်းက လူတွေနဲ့ တစ်မူကွဲပြားတဲ့ အလယ်ပိုင်း မူတွေနဲ့ ရေးတော့မှာပဲ..
ကျေးဂျူးကမ္ဘာဆိုင် ဒညင်းခွက်ရေ။
alinsett
November 6, 2013 at 1:32 pm
တိန်
ဒညင်းခွက် တဲ့
:kwi:
KZ
November 5, 2013 at 9:43 am
ဟဲ့။
တဂျီးးးး ကို ပေါက်ကွဲသံစဉ်တွေ ညည်းပြနေရအောင်
ဘာတုန်းးးးး
တဂျီးက ၂၀၁၅ မှာ ရွေးကောက်ပွဲ ဝင်မတဲ့လားးးးးး :mrgreenn:
alinsett
November 6, 2013 at 1:21 pm
အဟီး
သဂျီ ကို တိုင်တည် ပြောပလိုက်တယ်
နောက်တစ်ခါကျရင် မမဂျီးကို တိုင်တည်ပြီးရေးဦးမှာနော်
🙂
နေတိုး
November 5, 2013 at 3:02 pm
အများပြောတာကြားဖူးတယ် ဟောဒီ မန်းဒလေဒဂဇတ်ကြီးမှာတဲ့ ပို့စ်ထက် ကွန်းမန့်တွေက အသက်ပိုဝင်တယ်တဲ့ ရဲရဲကြီး လက်ခံလိုက်ပါဘီ ကွန်းမင့်တွေမှာ ရေးကြထားလိုက်တာများ မှတ်သားစရာတွေကြီးဘဲ ……
တနေ့
တနေ့
အဲ့အတိုင်း မတူတောင် မှတ်ထားပီး လိုက်လုပ်ဦးမှာ
တနေ့
တနေ့
နိူင်ငံခြားရောက်ဖူးတဲ့ တနေ့
ကမာ္ဘပတ်ဖြစ်တဲ့ တနေ့
🙂
alinsett
November 6, 2013 at 1:37 pm
ဒီ သဘုံ ့ပုံကြီး မြင်ရတာ
ကြက်သီး ထ ထျာ
🙂
padonmar
November 5, 2013 at 10:56 pm
အန်တီ့ကို ဘတ်စကားပေါ်မှာ နေရာထပေး၊အိတ်ကိုင်ပေးတဲ့ လူတိုင်းကို ကျေးဇူးတင်ကြောင်းပြောပါတယ် ဒညင်းဝက်ရယ်။
ချောင်းဆိုးတာ ပါးစပ်မအုပ်ရင်တော့ သိပ်စိတ်တိုမိတယ်။
alinsett
November 6, 2013 at 1:38 pm
အန်တီ ့လို
ကျေးဇူးတင်ဖို ့ဝန်မလေးသးတွေလည်း
တွေ ့တော့ တွေ ့ဖူးပါတယ်
🙂
လုံမလေးမွန်မွန်
November 6, 2013 at 4:52 pm
ကျေးဇူးတဲ့…ပြောရဖန်များလို့.. နောက်ဆုံး ကိုယ့်ကိုကိုယ် စိတ်ထဲက ပါရဲ့လားလို့တောင် ပြန်မေးယူရတဲ့အထိ…
ဘယ်လောက်တောင်မှလဲဆိုရင် အလုပ်လုပ်နေရင်း အမေနဲ့ဖုန်းပြောလို့ ဖုန်းချကာနီးရင်း ကျေးဇူးနော် အမေ လို့ ပြောမိတဲ့အထိ… ကားပေါ်မှာ နေရာဖယ်ပေးတာ.. အိတ်ကိုင်ပေးတာကို ကျေးဇူးပြောဖို့များ… ထူးကြိုးစားစရာမလို.. ဟီး…
ကားကိစ္စ…
ကြားဖူးတာတစ်ခု..ဟုတ်မဟုတ်တော့ သိဝူး…
ခြင်္သေ့ကျွန်းမှာတဲ့..ကိုယ်ပိုင်ကားစီးတဲ့သူတွေကတဲ့..မြို့ထဲကို ဝင်မယ်ဆိုရင်တဲ့… ကိုယ့်ကားပေါ်မှာ လူလေးယောက်ပြည့်မှ ဝင်ခွင့်ပေးတယ်တဲ့…ဒါကြောင့်တဲ့.. ကားပိုင်ရှင်တွေက ကားကြုံစီးမယ့်သူတွေကို စောင့်ရတယ်တဲ့.. ဟုတ်လားဟင်င် 🙄
နောက်မှ ဆက်ပွားမယ်… 🙂
alinsett
November 6, 2013 at 5:19 pm
မမဂျီးတို ့ရေ
ပြောပြဦး
🙂
TNA
November 7, 2013 at 4:34 pm
အင်းဒီမှာလဲ မြို့ထဲသွားမည့် ကားအလွတ်တွေမှတ်တိုင်ကလူတွေတင်သွားရင်ကောင်းမှာပဲလို့ မနေ့ကပဲ တွေးနေမိသေးတယ်တော့။ ချင်ကျားပူကတော့တချိန်တုန်းက တကယ်လုပ်ခဲ့တာတဲ့အေ။ ဒီမှာက တော့ကိုယ့်အသိစိတ်နဲ့ကိုယ်လုပ်ရင်ကောင်းမယ်အေ။ ကားအလွတ်ကြီးသွားတာထက် စာရင် နှစ်ဦးနှစ်ဘက်အဆင်ပြေသပေါ့။ သိပ်တော့လဲမလွယ်ပါဘူးအေ။
alinsett
November 7, 2013 at 6:39 pm
အဟိ
အဲဒီ ကိုယ်ပိုင်ကားတွေက စာနာစိတ်နဲ့ လမ်းကြုံရင် လိုက်ခဲ့ပါလို ့
ခေါ်တင်မိလို ့ ကားပိုင်ရှင် ဒုက္ခရောက် ရ ပုံ ကို
တာရာမင်းဝေ က စာထဲ ထည့်ရေးဖူးတယ်ဗျ
ကားပေါ်မှာ အမိန့်သားလိုက်လာ
ကွမ်းတံတွေးတပျစ်ပျစ်
ကားပေါ်မှာ အမှိုက်တွေ ဖွ
နှပ်တွေ ညှစ်
တစ်ရှူးတွေ ဆွဲဆက်ယူ
ပြီးတော့ လိုရာရောက်တော့ ခပ်တည်တည်ဆင်းသွား
အံမယ် ကျေးဇူးတင်စကား တောင် ပြောမသွားတဲ့အကြောင်းတောင်
ထည့်ရေးထားသေးတယ်။
နေရင်းထိုင်ရင်း ပိုက်ဆံမရတဲ့ တက်စီဒရိုင်ဘာဂျီးလို ဖြစ်သွားလို ့
နောက်တစ်ခါဆို လူကြုံခေါ် မတင်တော့ဘူး လို ့ရေးထားတာဗျ
ဝတ်မှုန်တစ်စက်ရဲ့ အထုပ်ပတ်တိ ဆိုတဲ့ စာအုပ်ထဲမှာ ထင်ရဲ့။
လက်တွေ ့မှာလည်း အဲလိုပဲ နေမှာပါ
:kwi:
ဦးကြောင်ကြီး
November 7, 2013 at 10:05 am
ရထား၊ကား လူကြပ်ရဂျင်း အကြောင်းတချက်မှာ အပေါက်ဝ လူစုပြုံနေလို့ဗဲ။ အဝင်အထွက်လွယ်အောင် လူဒိုင်းအဝနား ကပ်နေဒေါ့ ခက်သပေါ့။ ဟုတ်တော့လည်း ဟုတ်တယ်၊ လူသိပ်များရင် ကိုယ်ဆင်းမည့် မှတ်တိုင် တခု၊နှစ်ခု အလိုက ကြိုတိုးထားတောင် မရဘူး။ သာဂျီးဒို့ အယ်လ်အေမှာဒေါ့ ဖရီးဝေးမှာ မော်တော်ကားကြပ်တာကို အိပ်ပရက်လိုင်း တံတားဆောက် ဖြေရှင်းတယ်။ ယဉ်ကြော မမိဂျင် ပိုက်ဆံပေးတဲ့ အပေါ်လိုင်းဂ သွားပေ့ါ။ သိပ်မများပါဘူး.. တခါဖြတ် ၂ကျပ်လောက်ပါ၊ ခရီးအကွာအဝေးပေါ် မူတည်လို့ ကွာတယ်။
alinsett
November 7, 2013 at 10:58 am
ကား လူကျပ်ရခြင်းနောက်တစ်ချက်က
ကားစပယ်ယာတွေ ဒရိုင်ဘာတွေက
ပိုက်ဆံရလိုဇောတစ်ခုသာ ကျိလို ့။
အဲသလောက် လောဘတကြီး အပြည့်အသိပ်တင်မှပဲ
သူတို့ဘဝကလည်း ထမင်းဝမှာ မို ့လို ့
:kwi:
ညောင်မြစ် ပေါ်သွားလိမ့်မယ်