ကိုရင်ရှူံး (သို့) ကိုရင်စိုင်း
တင်းသည်။
တင်းသည်ဆိုသည်ထက် တင်းလွန်းလို့ ပေါက်ကွဲထွက်ကုန်သည်ဟု ဆိုသည်က မှန်ပေမည်။
ဘယ့်နှယ့်…
ကိုရင်ရှူံးကို မွေးဖွားသန့်စင်ခဲ့သောသူ..
ထိုသူသည် ရေကြည်ရာ မြက်နုရာ ရှာသည်လို့ ဆိုလေမလား
ဝဋ္ဋ်ကြွေးကုန်သွားသည်ဟု ဆိုလေမည်လား..
ငယ်ချစ်ကိုစွန့်ခွာလို့ ချစ်သူအသစ်နှင့် ဘဝသစ်ကို စသွားလေပြီ…
သူမ၏ ချစ်လှစွာသော သား/သမီးများကို သံချောင်းလေးမှမခေါက်၊ အနည်းငယ်သော်မျှ အကြောင်းမကြားပါလေပဲ သူမတစ်ယောက် ဘဝပြောင်းလိုက်လေ၏။
မျက်စိသူငယ်၊ နားသူငယ်နှင့် ရုတ်ချည်းပြောင်းလဲသွားခြင်းကို နားမလည်ခြင်းမှာတော့ သားကြီး၊ သမီးကြီးများ မရှင်းပြသဖြင့်လည်းကောင်း၊ အရွယ်မရောက်သေး၊ မရင့်ကျက်သေးသော သားသမီးများ နားမလည်နိုင်ခြင်းမှာတော့ အပြစ်တစ်ခုဟု မဆိုသာနိုင်ပေ။
အရာရာတိုင်း ကောင်းဖို့ချည်းသာ ဖြစ်လာသည်ပေါ့လေ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကိုရင်ရှူံးသိလိုက်ရသည်။ သိလိုက်ရဆို ကိုရင်ရှူံးသည် ကိုရင်ရှူံးဆိုလျင် ထိုမိခင်ကြီး၏သားတစ်ယောက်အနေနှင့် တွဲသိမြင်ကြခြင်းလည်းဖြစ်သည်။ ကိုရင်ရှူံးတစ်ယောက် ရှူံးနိမ့်၊ နိမ့်ကျနေသောအချိန်တွင် ရင်ဖွင့်စရာသည် ထိုမိခင်ကြီးရင်ခွင်တစ်ခုသာရှိခဲ့သည်။ ထိုမိခင်ကြီးမှ မွေးဖွားသန့်စင်လာသော သားသမီးများမှ၊ တစ်နည်းဆိုရသော် ထိုမိခင်ကြီးမှ မြေတောင်မြှောက်ပေးလိုက်သော သားကြီး၊ သမီးကြီးများမှ နှစ်သိမ့်ဖေးမ ကူညီခြင်းများဖြင့် ကိုရင်ရှူံးတစ်ယောက် လူလားမြောက်ခဲ့ရသည်ဟု ဆိုရမည်ပင်။
အစဦး ငယ်ရွယ်စဉ်ကာလက ဟိုလိုလို ဒီလိုလိုနေရင်း နောက်ဆုံးတွင်မှ ရွှေဥဒေါင်းကို သဘောကျပြီးသည့်နောက် ကိုရင်ရှူံးတစ်ယောက် အတော်လေး အရွယ်ရင့်ကျက်လာတော့သည်။
ထို့နောက်တွင်မတော့ ကိုရင်ရှူံးတစ်ယောက် နာမည်ပေး၊ ကင်ပွန်းတပ်မလုပ်ပဲ တစ်ယောက်တည်း ကိုယ့်စိတ်ကြိုက်နာမည်ပြောင်းလိုက်၏။
“ဖြူစိုင်းလူ” ဖြစ်သည့်အချိန်မှ၏ ကိုရင်ရှူံးတစ်ဖြစ်လဲ အရာရာ ရှူံးနိမ့်နေသူအဖြစ်မှ ရုန်းထပြီး လောကကြီးကို ရင်ဘတ်ကြီးကော့ပြီး ရင်ဆိုင်လေမဟဲ့ဟု ကြွေးကြော်ပြီး ဘဝသစ်တစ်ခုကို စခဲ့၏။
ဟုတ်သလိုလိုရှိလေ၏။
ဘာမှလဲ မဟုတ်ခဲ့ပြန်ပါ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကိုရင်ရှူံး (သို့) ကိုရင်စိုင်းမိခင်ကြီးလည်း နောက်ယောက်ကျာ်းနှင့် ပေါင်းသွား၏။ ကိုမီမီကြောင်ကြီးနှင့် မသင့်မြတ်သောကြောင့်ဟု တစ်ယောက်သောသူဖွသဖြင့် သိလိုက်ရ၏။ အူးကြောင်နဲ့တော့ အထင်မမှားစေလိုပါ။
ထိုမိခင်ကြီးမွေးထုတ်လိုက်သော ဘီလူးတို့၊ ငှက်ကြီးတို့၊ အဆူးအခက်တွေတို့၊ မမှီတို့၊ တစ်ချိန်က တိမ်မြုပ်နေခဲ့သော ကိုသော်ဇင်တို့၊ ဦးနိုဇိုမိတို့၊ ဦးလင်းမြွေတို့၊ ဒေါ်ပုချ်တို့၊ ခုလေးတင် ပြန်အသက်ဝင်လာသော ဒေါ်မွန်းပိုဝမ်တို့…
…. တို့
…………တို့
…………………တို့
လွမ်းဆွတ်ရင်း၊ တမ်းတရင်းနှင့်
ကိုရင်ရှူံးလည်း ကိုရင်စိုင်းအဖြစ်ခံယူရင်း
ယခင်ကထက် ပိုသော ရှူံးနိမ့်ခြင်းများဖြင့်.. တစ်ကောင်တည်းနေရင်း
လက်ရှိလိုဂိုကြီးကို သောက်ညင်ကပ်လှသဖြင့်
ရေးလိုက်ရလေသတည်း။
စေးကိုင်းခွမ်း
(ခတစ် လီ့ပြူ)
20 comments
surmi
November 15, 2013 at 10:49 am
🙂 🙂
သူလဲလေ ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ်လိုက်ရုံပါပဲ ….
surmi
November 15, 2013 at 11:51 am
ဒီလောက်တိတ်ခြောက်နေတဲ့အချိန်…
ကိုရင်စိုင်း ြပြန်လာတာပဲ ကျေးဇူးတင်နေရမှာပါ
မဟုတ်ရင်..ဖတ်စရာ နဲလွန်းနေလို့
အရင်လက်ရာလေးများ.. မျှော်လင့်နေပါ၏။
ဖြူစိုင်း လူ
November 16, 2013 at 7:57 am
အူးဆာမိရေ..
ကျော်က စဂါးသိပ်အများကြီးမပြောတတ်ဘူးဗျာ..
တစ်ချို့တွေက ကျော့် မရှိ ရှိတာလေးတွေကို ဇွတ်အတင်းချီးကျူးကြတယ်.. အဲလိုဆိုတော့ ကိုယ်ဘာကောင်လဲသိနေတော့ ရှက်တယ်ဗျာ.. ဂယ်
တစ်ချို့တွေကျများတော့လဲ ပိုးစိုးပက်စက်ပြောကြတယ်
အဲလိုအပြောခံရတော့လဲ မျက်နှာမဖေါ်နိုင်အောင် ရှက်ပြန်ရော
တစ်ချို့တွေကြတော့လဲ ဘာမှတောင်မဖတ်ဖူးဘဲနဲ့
အရည်မရ၊ အဖတ်မရ၊ ဘာမှတန်ဖိုးမရှိတာတွေ ရေးနေပြီးတော့
လို့ဆိုပြီး ရှုတ်ချတာလဲ ခံရဖူးတယ်ပေါ့
(ပါရမီဖြည့်ဖက်ဆိုတာတောင် အဲလိုသဘောထားရှိပါပေတယ်)
ဆိုတော့ ကျော်လဲ ရင်ဘတ်ထဲဘာရှိ်မလဲ စမ်းလိုက်တယ်
ရလာတာလေးတွေ အသာအယာလေးဆွဲဖြန့်
ပြီးတော့ လူတစ်ကာနင်းခြေချင်နင်းခြေ၊
တစ်ချို့လူတွေ သိပ်လှတာပဲလို့ အားကျငေးကြည့်ချင်ကြည့်ပစေ
တစ်ချို့တွေအတွက် အပျင်းပြေသွားတာပဲဆိုပြီး
တစ်ခါကြည့်ပြီး တစ်နေရာရာကို လွှင့်ပြစ်လိုက်ကြတာပဲဖြစ်ဖြစ်
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့
ကျော်ကတော့
ရင်ဘတ်ကြီးကို လူလယ်ကောင် ဖြန့်ဖြန့်ထားခြင်းသက်သက်သာဖြစ်ပါကြောင်း။
Tristan
November 15, 2013 at 12:08 pm
လက်ရှိလိုဂို ဒီဇိုင်းကြီး ကို အကြွေဇိ ..ပြန်ထုတ်ရင် သုံးဖို့ မြန်ကျင့်အစိုးရ ဝယ်သင့်တယ် ထင့်…
:harr:
ဖြူစိုင်း လူ
November 16, 2013 at 8:00 am
ပြောချင်တာ
ဒါ…
TNA
November 15, 2013 at 12:47 pm
မြို့ဝန်မင်းလိုဂိုကို အားပေးသူတွေအတော်များသကိုး
ဖြူစိုင်း လူ
November 16, 2013 at 8:02 am
ကျော်လဲ ခုလို စာတစ်တန် ပေတစ်ဖွဲ့နဲ့ အားပေးထားပါတယ်
(အိတ် ဝစ်လစ်စလစ်ကြီးနဲ့ ပေးထားတာမှာတော့ ပြန်ချေပထားသား)
သူလဲ အူးကျော်စမ်းအမျိုးလားမသိ.. ရှင်းတော့ သေသေချာချာ ရှင်းပြသွားတာပဲ.. ချုံကြီးကတော့ ဟီးထနေတုန်းပဲ.. ပညာတွေ တတ်လိုက်ပုံများပြောပါဒယ်
kyeemite
November 15, 2013 at 1:44 pm
စာရေးလိုက်တော့လည်းနေသာထိုင်သာရှိသွားသပေါ့လေ
နောက်ဆုံးအပိုဒ်ကိုတော့ဆက်စပ်လို့မရဘူးဗျာ… 🙂
ဖြူစိုင်း လူ
November 16, 2013 at 8:03 am
နောက်ဆုံးအပိုဒ်ကတော့ ဇာတ်လမ်းနှစ်ခုကို တစ်ပြိုင်တည်း အနှစ်ချုပ်ပြခြင်းသက်သက်ပါ အူးမကြီးမငယ်မိုက်ကြီးရေ
(ပြောမယ့်သာပြောရတယ်. အဲဒီစာကို ပြန်ဖတ်တိုင်း တော်တော်လေး သောက်ညင်ကပ်လာတယ်)
twitty
November 15, 2013 at 3:17 pm
ကိုရင်စိုင်း အရေးအသားက လန်ထွက်နေတာပဲ…။ အောက်ဆုံး အပိုဒ်သာ မပါရင် နားလည်မှုတွေလွဲတော့မှာပဲ…။ အရေးအသားကတော့ တော်ချက်…။
ဖြူစိုင်း လူ
November 16, 2013 at 8:05 am
ကျော့်စာကို ပထမဆုံးအကြိမ်ဖတ်ဖူးတယ်လို့ပဲ တွက်လိုက်ပါမယ်
ကျော်ခုရေးထားတာ သူများတွေနဲ့ဘယ်လိုယှဉ်ယှဉ် ပေါချာချာအဆင့်ထက်တစ်ဆင့်နိမ့်တဲ့ မူကြိုပေါချာချာသာဖြစ်ပါကြောင်း။
twitty
November 16, 2013 at 9:18 am
ကိုစိုင်းရဲ့စာတွေကို ကိုရှုံးဘဝ ကတည်းကဖတ်ဖူးပါတယ်…။ အဲဒါကြောင့်လည်း ဒီ Post ကို ဖတ်လိုက်တဲ့ အချိန်မှာ ကိုရှုံးရဲ့ ဘဝ ဇာတ်ကြောင်း တစိတ်တဒေသများလားလို့ ထင်နေရာကနေ အောက်ဆုံးအပိုဒ်ရောက်မှ ဆိုလိုရင်းကိုသိတော့တယ်…။ အဲဒါကြောင့် ကိုစိုင်းရဲ့ အရေးအသားကို ချီးကျူးလိုက်တာပါ…။
lele kyi
November 15, 2013 at 7:23 pm
သူကြီး အစွဲကျွတ် သွားတာ။ဆြာနဲ့တွေ့သွားလို့။ ဘုန်းကြီး သရဲထက်ဆိုးတယ်။ ပြောတော့ လူ့အခွင့်အရေး ။ တန်းတူညီမျှရေးတွေအော်ပြီး ကိုယ်တိုင်က မန်းလေး ကို ဖတ်တွယ်ထားတာ။ နောက်ဆို WG (world gazette) တို့ UG တို့ လာမှာ။ ဦးဂျမ်း ဟုတ်ဘူးနော်.(Universe gazette)။
ဖြူစိုင်း လူ
November 16, 2013 at 8:07 am
နဲနဲ ဒဿနဆန်နေသလားလို့
ဉာဏ်မမှီတာပဲလား၊ လိုက်မမှီတာပဲလားတော့မသိဘူး
ကျော် စဉ်းစားရတာ ဘောင်းဘီကျပ်တွားဒယ်..
ကျော့်ကို သျှမ်းလို ပြန်ရှင်းပြစေလိုဘာဒယ်။
ဝင့်ပြုံးမြင့်
November 15, 2013 at 7:51 pm
အင်းနော်၊ တချိန်က မြန်မာ့အလင်း သတင်းစာကို မြင်းမအလံ လို့ခေါ်ကြဖူးတယ်။ အခု မြန်မာ့ဂဇက် ဆိုတော့ မြက်မဂ္ဂဇင်း လို့ ခေါ်ရင် ဘယ်လိုလုပ်မလဲ။
ဖြူစိုင်း လူ
November 16, 2013 at 8:10 am
ဆရာမနာမည်ကို မြင်လိုက်ရတော့ နည်းနည်း မြောက်တောက်တောက်ရှိသွားတယ်.. ဘာပဲပြောပြော စာရေးဆရာမတစ်ယောက်က ငါ့ကို အသိအမှတ်ပြုတယ်ပေါ့..
နောက်တော့လည်း..
ဘိုလိုဖစ်ဖစ်ပါလေ
ကျော့်ကို စာရေးဆရာတစ်ချို့တော့ သိသေးတယ်လို့ပဲ ကျေနပ်လိုက်ပါတယ်။
ဝင့်ပြုံးမြင့်
November 17, 2013 at 6:47 am
လိုဂို ကို တောက်ငြင်ကပ်တာကိုး။ နာမည်ပြောင်းထားတာကိုရော။ စောစောက သူပဲ မန့်သလေးဂွဇွတ် ဆိုပြီး 🙂
alinsett
November 17, 2013 at 8:08 am
တစ်ယောက်တည်း
ဒါပေမယ့်
ခြင်္သေ ့လိုလူ
🙂
လိုဂို ကိစ္စကတော့
အရင်လိုဂိုလေးကို ပိုကြိုက်နေမိတယ်
🙂
nozomi
November 18, 2013 at 9:27 am
ဘယ်ကိစ္စ မဆို ရာနှုန်းပြည့် လူတိုင်း သဘောကျဘို့ ဆိုတာ ခက်တာမို့
အခု အမည် နဲ့ လိုဂို ပြောင်းတာ လဲ လူတိုင်း ကြိုက်ဘို့ တော့ မလွယ်ဘူး
ကျနော် ကိုယ်တိုင် (တစ်ခုခု ဆ်ို အစွဲအလမ်း ကြီးလို့ ပဲ လား မသိ )အရင် အဟောင်းတွေကို တော့ ပိုသဘောကျမိတယ်
သူကြီး က ကောင်းတယ် ထင်လို့ လုပ်တာမို့ ထူးထူးထွေထွေ တော့ ပြောစရာ မရှိပါဘူး
တစ်ခုပဲ ဖြစ်နိုင်ရင် မပြောင်းခင် ရွာသူားတွေ ရဲ့ သဘောထားလေး ကြိုမေးနိုင်ရင် ဒီမို သူကြီး ပိုပီသသွားတာပေါ့ ၊ မေးဘို့ အခက်အခဲ ဖြစ်ရင်တောင် ကြိုတင်တော့ အသိပေးသင့်တယ် ထင်တာပဲ
ဘာပဲ ဖြစ်ဖြစ်ပါ ဘယ်နံမယ် ဘယ်လိုဂို နဲ့ ဖြစ်ဖြစ် ကိုယ်ပျော်တဲ့ ရွာလေးမို့ ဆက်ပျော်နေမှာတော့ အသေအချာပါ
ဟို တစ်လောက ရွာထဲမှာ ခါးပိုက်နှိုက် ဖမ်းမိတဲ့ ရွာသားတစ်ယောက်က သူ့ အတွေ့အကြုံလေး
ရေးထားတာ ဖတ်ရတော့ ခါးပိုက်နှိုက်ကို ကားပေါ်မှာ ဖမ်းခဲ့ တဲ့ ဘီလူးကြီး တောင် သတိရနေသေးတာ
ချင်ကားပူ ရောက်တုန်း ရေးတာလေး ဖတ်လိုက်ရပြီး နောက်ပိုင်း ဘယ်ရောက်နေလဲ တောင် မသိတော့ဘူး
တခြားလုပ်ငန်းတွေ မြန်မာပြည် အသီးသီး ပြန်ဝင်နေကြတာ
ကိုစိုင်းတို့ ရော မဝင်သေးဘူးလား
ဦးကြောင်ကြီး
November 18, 2013 at 9:54 am
လိုဂို၊ နာမည် ဘယ်လိုပြောင်းပြောင်း သာမီးဒေါ်ဂလေးက ဒီအတိုင်းပါဗဲဗျာ.. ပိုပိုလှလာဒယ်..။ အဲ.. သဂျီးဂဒေါ့ တနေ့တခြား အိုမင်းရှုံ့တွ ရင့်ရော်ကြမ်းထော် အော့အော့ဂျင်စရာကောင်းတဲ့ ဗူးသီးအိုဂျီးလို ဖြစ်လာတာတော့ ရှိသပေါ့.. ဇရာ၊ ဗျာဓိ၊ မရဏ အသူမှ လွန်ဆန်နိုင်တဲ့ တရားတွေမှ အဟုတ်ပဲဂိုဗျ…. ပလို့ဂျိ..