Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မျက်စောင်းထိုးခံရတော့မဲ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်…။

ေဇယ်ာစံNovember 29, 20131min381913

မျက်စောင်းထိုးခံရတော့မဲ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်.။

=============================================================

(၁)

ပြီးခဲ့တဲ့ လေးလလောက်တုန်းက ဖက်ဒရယ်အစိုးရ က ပြည်သူတွေရဲ့ အချက်အလက်တွေနဲ့ ကိုယ်ရေးဖိုင်တွေကို ကြည့်ရှုဖို့ နဲ့ တိတ်တဆိတ် လျှို့ဝှက်ထောက်လှမ်းဖို့ ပြုလုပ်ခဲ့တယ် ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီ ချည်ခင်အရှုပ်ထွေးထဲမှာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google တို့ Facebook တို့ တောင် ပါဝင်တယ် လို့ သတင်းထွက်ခဲ့ပါတယ်။

(၂)

ပြီးခဲ့တဲ့ သုံးလလောက်တုန်းက ရုရှ ကို ခိုလှုံသွားခဲ့တဲ့ စနိုးဒင် ရဲ့ ကွန်ပျူတာ ဟာဒစ်ထဲက ဖိုင်တွေ အားလုံးကို တခု မကျန်ဖျက်ပစ်ဖို့ အင်္ဂလန်ရဲအရာရှိတွေနဲ့ တော်ဝင်အစိုးရ က ဂါးဒီးယန်းသတင်းစာ ကို တွန်းအားပေးခဲ့ပါတယ်။

(၃)

ပြီးခဲ့တဲ့ တစ်လ လောက်တုန်းက မြန်မာဆက်သွယ်ရေး အော်ပရေတာ ရထားတဲ့ ကုမ္ပဏီ တခုက သူတို့ရဲ့ ဝန်ဆောင်မှုမှာ မည်သည့် လူ၊ ပုဂ္ဂိုလ် အဖွဲ့အစည်း မှ ဝင်ရောက် ကြားဖြတ်နားထောင်ခြင်းမဖြစ်စေရဘူး လို့ သုံးစွဲသူတွေရဲ့ တစ်ကိုယ်ရေ လွတ်လပ်မှုကို ရှေ့ရှူပြီး တရားဝင် ကြော်ငြာခဲ့ပါတယ်။

(၄)

ပြီးခဲ့တဲ့ ရက်တွေအတွင်းက ဆက်သွယ်ရေး ဥပဒေကြမ်း ထွက်လာပါတယ်။

(၅)

အခု …
ကျွန်တော်တို့ ဘယ်လို စွပ်စွဲခံရဦးမှာလဲ …။
ကျွန်တော်တို့ ဘယ်လို တွန်းအားပေးခံရဦးမှာလဲ …။
ပြီးတော့ … တကယ်ရော လွတ်လပ်မှာပါလား …။

 

ကိုယ်ရေးအချက်အလက်နှင့် နည်းပညာ

သတင်းနည်းပညာကနေ ထွက်ပေါ်လာနိုင်တဲ့ ကိုယ်ရေးလွတ်လပ်ခွင့်ပြဿနာကို နားလည်ဖို့ဆိုရင် ကွန်ပျူတာနှင့်ကွန်ပျူတာကို ဒီဇိုင်းဆင်ထားပုံကို နားလည်ရလိမ့်မယ် ထင်ပါတယ်။
ဒီနေ့ ခေတ်မှာ က လူ့အဖွဲ့အစည်းအတွင်း ပေါလောမျောနေတဲ့ ကိုယ်ရေးအချက်အလက်စီးကြောင်းတွေက လူပုဂ္ဂိုလ်တစ်ဦးချင်းကို ကိုယ်ရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရဖို့ ဟင်းလင်းဖွင့်ထားသလိုပါပဲ။ တခါတလေမှာ ဆိုးဆိုးရွားရွား အကျိုးဆက်တွေ တွဲပါလာတတ်သလို မယုံကြည်နိုင်စရာကောင်းအောင်အထိ ဖြစ်သွားနိုင်ခြေလဲ ရှိနေပါတယ်။

ဥပမာအားဖြင့် အကြွေးဝယ်ကဒ်ကို သုံးပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆိုပါစို့။ ။ အရေအတွက်အတိအကျကို မသိရသေးပေမဲ့ အဲဒီ ခိုးယူမှု အမှုကြီးတွေကို ထောက်လှမ်းခြေရာခံသည့် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးဌာနရဲ့ ခန့်မှန်းချက်အရတော့ 2007 တစ်နှစ်တည်းမှာပဲ အဲဒီမျိုးအစား ရာဇဝတ်မှုတစ်ခုတည်းကြောင့် ကန်ဒေါ်လာ ၇၄၅သန်း ဆုံးရှုံးခဲ့ရသည်ဟု ဆိုပါတယ်။ ဒီပမာဏဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ၉ရ အရင်နှစ်ကထက် သန်း၃ဝဝကျော် မြင့်တက်လာတဲ့ ပမာဏပါပဲ။ အကြွေးဝယ်ကဒ်ကုမ္ပဏီတွေရဲ့ ပြောကြားချက်အရ 2000 ကျော်ခုနှစ်တွေမှာ နှစ်စဉ် လိမ်လည်ဝင်ရောက်မွှေနှောက်မှုပေါင်း ၅ဝဝဝဝကျော်အထိ မြင့်တက်လာနေခဲ့တယ် လို့ ဆိုပါတယ်။ အကြွေးဝယ်ကဒ်တွေရဲ့ လုပ်ထုံး၊ နည်းလမ်း က စံပုံစံအားဖြင့် တိုက်ရိုက် ဘဏ္ဍာရေးဆုံးရှုံးမှု မဖြစ်ပေါ်အောင် ကန့်သတ်ထားပေမဲ့ ကဒ်မှတ်တမ်းတွေနဲ့ တခြားမှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ပြန်ပြီး ပြုပြင်ဖို့ဆိုရင်တော့ နှစ်ပေါင်းအတော် ကြာမြင်မယ်။ ပြီးတော့ ဒေါ်လာ ကလဲ သောက်သောက်လဲ ကုန်လိုက်မယ့်ဖြစ်ချင်း။ ။

အဲဒီတော့ တစ်ဦးချင်းအလိုက် အမှတ်အသားပြုထားတဲ့ သတင်းအချက်အလက်တွေရဲ့ ကျွဲကူးရေပါအန္တရာယ်လို့ပဲ ဆိုရမယ်ထင်ပါတယ်။ အဲဒါကြောင့် ကုမ္ပဏီအဖွဲ့အစည်းကြီးတွေကာ အလွဲသုံးစားပြုမှုကို တားဆီးဖို့ အရေးယူဆောင်ရွက်လာကြရတယ်။ ကွန်ပျူတာလုံခြုံရေးမှာ စကားဝှက်စနစ်ကို ချိုးဖျက်ဝင်ရောက်လာတဲ့ အပြင်လူတွေကြောင့်ပဲဖြစ်ဖြစ်၊ အလွတ်စုံထောက်တွေကို ငွေပေးပြီး ကိုယ်ရေးအချက်အလက်တွေ ရယူခိုင်းတဲ့ အတွင်းသူလျှိုတွေကြောင့်ပဲဖြစ်ဖြစ် လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေကြပြီ။
အဲဒီအတွက် လုံခြုံရေး နဲ့ တကိုယ်ရည်လွတ်လပ်ခွင့် တို့ ထိပ်တိုက်တွေ့ကြတော့တာပါပဲ။
ဥပမာ စူပါမားကတ်ဈေးဝယ်မှတ်တမ်းကို နောက်ခံ၊ ဘဝနေထိုင်မှုပုံစံတို့နဲ့ ပတ်သက်တဲ့ လူမှုအခြေပြ သတင်းအချက်အလက်တွေနဲ့ ပေါင်းစည်းပေးနိုင်မယ်ဆိုရင် ဈေးကွက်ရှားသမားတွေ အတွက် အထိုက်အလျောက် တန်ဖိုးတခု ရှိလာမယ်။ စူပါမားကတ်မှာ ဘယ်နေရာမှာ အဝတ်အစားဝယ်တယ်၊ဘယ်နေရာမှာ ဗွီဒီယိုခွေဝယ်တယ်။ ဘယ်နေရာမှာ  အပြင်ထွက်စားတယ် စတဲ့ စတဲ့ အချက်တွေက မှတ်တမ်းကောင်း တခု ရလာနိုင်စေပါတယ်။
ဒါပေမဲ့ မေးစရာ တခုရှိလာပါတယ်။
စူပါ မားကတ်အတွင်း ဘယ်နေရာမှာ တကိုယ်ရေ လွတ်လပ်ခွင့် ကို ပြန်လည် ရောင်းချခဲ့ပါသလဲ။ ။?
ကိုယ်ရေးလွတ်လပ်ခွင့်ချိုးဖောက်မှုနှင့် ရာဇဝတ်မှု

မတူညီတဲ့ အချက်အလက်အစုတွေကို ပေါင်းစုဖို့ ဖက်ဒရယ်အစိုးရ က အကြံရခဲ့ဖူးပါတယ်။ အမေရိကန်ပြည်ထောင်စု မှာက  လူအများဆုံးအသုံးပြုတာက လူမှုလုံခြုံရေး နံပါတ် ဖြစ်ပါတယ်။ အဲဒီတော့ ကွန်ဂရက်က တရားမဝင် ပြည်ဝင်မှုများကို ထိန်းချုပ်ဖို့ ရည်ရွယ်ချက်အနေနဲ့ ပြည်နယ်တွေကစပြီး  လူမှုလုံခြုံရေးနံပါတ်များကို ယာဉ်မောင်းလိုင်စင်တွေနဲ့ ချိတ်ဆက်မဲ့ အစီအစဉ်ကို စတင်မိတ်ဆက်ရုံပဲရှိသေးတယ် ..တနိုင်ငံလုံး မကြေနပ်ချက်တွေနဲ့ ကန့်ကွက်ကြလို့ ၁၉၉၈ခုနှစ်၊ နိုဝင်ဘာလ ကစပြီး ဆိုင်းငံထားရတာ အခုထိပဲ ဆိုပါတော့။ ။
တစ်ဖက်ကကြည့်မည်ဆိုရင်တော့ ထောင်ချီရှိတဲ့ လူတွေရဲ့ ပုဂ္ဂိုလ်တစ်ဦးချင်း မှတ်တမ်းတွေက အချက်အလက်များ စုစည်းတာဟာ ကြီးကြီးမားမား ကိုယ်ရေးလွတ်လပ်ခွင့်ပြဿနာ မပေါ်ပေါက် နိုင်ပါ။ သတင်းအချက်အလက်စုဆောင်းမှုပုံစကနေ ရောဂါအကြောင်းတရားကို ရှာဖွေရာထိ ဘယ်ထုတ်ကုန် အမျိုးအစားတွေ ဝယ်လိုအားများတာကို စိစစ်ဝေဖန်နိုင်တဲ့အထိ နယ်ပယ်စုံမှာ အကျိုးများပါတယ်။

ဒါပေမဲ့ ခက်တာက …
ဘယ်သူ က ပြုစု ပျိုးထောင်မလဲ ဆိုတာ နဲ့ ဘယ်လို ထိန်းသိမ်းမလဲ ဆိုတာတွေပါ …။
ဆီလျော်တဲ့  ဥပမာတစ်ခု ပြောရမယ်ဆိုရင် ပုဂ္ဂိုလ်ရေးသတင်းအလက်တွေကို အလွန်အကျူး အလွဲသုံးစားမှုတခု ၁၉၉ရခုနှစ်တွင် ပေါ်ထွက်လာခဲ့ဖူးတယ်။
အမေရိကန်ရေတပ်သားတစ်ယောက်၊ သူ က အသက် သုံးဆယ့် ခြောက်နှစ်လောက် ရှိပြီ။ နာမည်က တင်မိုသီ။ အမေရိကအွန်လိုင်း ရဲ့ ကိုယ်ရေးပရိုဖိုင်းမှ လိင်တူ သဘာဝရှိတဲ့ လူပါ လို့ ဖွင့်ဟပြောဆိုချက်အတွက် စစ်တပ်မှ အထုတ်ပယ်ခံခဲ့ရတယ်။ သူ က အေအိုအယ်လ်ပရိုဖိုင်းတွင် တင် ဆိုတဲ့ အမည်နာမ ကို သာ ဖော်ပြထားတာ၊ မိန်းမလျာအဖြစ် ပေါ့လေ။ (အဲဒီ ခေတ်တုန်းက လိင်တူ ကိစ္စတွေက အခုလောက် လွတ်လပ်ခွင့် ရသေးတာ မဟုတ်သေးတဲ့ အချိန်၊ ) ဆိုတော့ …ရေတပ်ထောက်လှမ်းရေးတွေက ပရိုဖိုင်းကို တွေသွားပြီး AOL ကိုယ်ရေးလွတ်လပ်ခွင့် ကိုယ်ပိုင်မူကို ချိုးဖောက်နိုင်တဲ့  မူလ AOL ဝန်ဆောင်မှုဌာနမှတစ်ဆင့် တင်မိုသီ ရဲ့ နာမည်အပြည့်အစုံကို ရသွားတော့တယ်။
နောက်ပိုင်းကျတော့ သူက ရေတပ်ကို ပြန်တရားစွဲတယ်။ ၁၉၉၈၊ ဇွန်လမှာ အမှုအနိုင်ရပြီး အကျိုးခံစားခွင့်အပြည့်နဲ့ အတူ တရားဝင်ဖွင့်ထုတ်မပြတဲ့ ငွေပမာဏနဲ့ အငြိမ်းစားယူခွင့်ရရှိသွားခဲ့ပါတယ်။ AOL online ကိုယ်တိုင်ကလည်း အမှားကျူးလွန်မိတယ်လို့ ဝန်ခံပြီး အသရေဖျက်မှုအတွက် နစ်နာကြေးပေးဖို့ သဘောတူခဲ့ရတယ်။

ဒါကြောင့်  အီလီနွိုက်တက္ကသိုလ်က ပါမောက္ခတစ်ဦးရဲ့ သုတေသနစစ်တမ်းပေါ်ထွက်လာတာနေမှာ။ အဲဒီစစ်တမ်းက ဘာပြောခဲ့သလဲ ဆိုတော့ ကုမ္ပဏီ၅ဝဝ မှာ ဝန်ထမ်း သုံးပုံတစ်ပုံက ပုဂ္ဂိုလ်ရေးသတင်း အချက်အလက်တွေကို အလုပ်အကိုင်နဲ့ ဆက်စပ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အသုံးပြုနေကြတယ် လို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ …
တကိုယ်ရေ မှတ်တမ်းဖိုင် ကို အသုံးချခံခဲ့ရပြီး မင်းသမီးတစ်ယောက် အသတ်ခံခဲ့ရလို့ပါပဲ။

၁၉၈၉ခုနှစ် မှာ အလွတ်စုံထောက်တစ်ယောက် ကနေ လိပ်စာရရှိသွားတဲ့ စိတ်မနှံ့တဲ့ ပုရိသတ်တစ်ယောက်က မင်းသမီး ရီဘက်ကာ ရှက်ဖားကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့တယ်။ အဲဒီ စုံထောက်က မင်းသမိး လိပ်စာရဖို့ ရိုးရိုးကလေးပင် ကယ်လီဖိုးနီးယား မော်တော်ယာဉ်ဌာနကို ဖုန်းဆက်ပြီး ရယူခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်းမှာ ကယ်လီဖိုးနီးယားပြည်နယ်က မော်တော်ယာဉ်မှတ်တမ်းတွေ ကို ဆက်သွယ်ထိတွေ့မှုကို တင်းကျပ်တဲ့ ဥပဒေတွေကို ပြဌာန်းခဲ့ပေမဲ့ ကိုယ်ရေးအချက်အလက်ဆိုင်ရာ ရင်းမြစ်တစ်ခု အဆင့် သာ ဖြစ်နေပါသေးတယ်။
ဒါဆိုရင် လူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ထိန်းသိမ်းပေးနိုင်တာ လူတွေရဲ့ ခေါင်းဆောင်များ           ဖြစ်နေမလား။

ကိုယ်ရေးလွတ်လပ်ခွင့် နှင့် ပြည်ထောင်စုအစိုးရ

အားမနာတမ်း သုံးသပ်ကြည့်ရမယ် ဆိုရင် တစ်သီးပုဂ္ဂလသတင်းအချက်အလက်များကို အစိုးရတွေက အလွဲသုံးစားပြုတာကြာင့်လည်း ကိုယ်ရေးလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာနိုင်ပါတယ်။          သမိုင်းတစ်လျှောက်မှာ ကိုယ်ရေးလွတ်လပ်ခွင့်ကို အခြိမ်းခြောက်ဆုံးမှာ နိုင်ငံရေးဖိနှိပ်မှု ဖြစ်ခဲ့ပါတယ်။          ဒုတိယကမ္ဘာစစ်တွင်းနှင့် ပြီးစကာလတွေမှာ ကွန်ပျူတာတွေ ပေါ်ထွက်လာခဲ့ပြီး လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့တွေ၊ နားထောင်ကိရိယာကွန်ရက်များ၊ သတင်းပေးတွေက ထုံးစံလိုဖြစ်လာပြီး စစ်အာဏာရှင် နိုင်ငံတွေမှာ အတွေ့ရများပြီး အမေရိကန်နှင့် အခြားဒီမိုကရေစီနိုင်ငံတွေမှာလည်း ပြောပြလောက်တဲ့ အတိုင်းအတာတစ်ခုအထိ ရှိနေပါသေးတယ်။
ဗြိတိသျှစာရေးဆရာ ဂျော့ အိုဝဲလဲ ရဲ့ 1984  ဝတ္ထုကြီးထဲမှာ အမြဲမပြတ် ထောက်လှမ်းကြည့်ရှုနေတဲ့ ယဉ်ကျေးမှုတစ်ခုအကြောင်းကို သရုပ်ဖော်ထားတာ အမှတ်ရကြမှာပါ။ အရာရာကို ကြည့်နေတဲ့  ”အစ်ကိုကြီး” မှာ ကိုယ်ရေးလွတ်လပ်ခွင့် ကျူးကျော်မှုပုံစံအားလုံး၏ ကိုယ်စားပြုသင်္ကေတဥပမာ ဖြစ်လာခဲ့ပါတယ်။ ဗဟိုကနေ ထိန်းချုပ်ထောက်လှမ်းကြည့်ရှုနေတတ်တဲ့ ”Big Brother မူဝါဒ”  က ခေတ်သစ်ရည်ရွယ်ချက်တွေ အတွက် လမ်းမှားကို ညွှန်နေပြီး လိုက်လျောညီထွေတဲ့ စနစ်လဲ မရှိပါ။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ လမ်းညွှန်ချက်အရ အီလက်ထရွန်းနစ်ဆက်သွယ်ရေးတွေကို ကြားဖြတ်ခြင်း၊ စနစ်တကျထောက်လှမ်း ကြည့်ရှုခြင်း စတဲ့ အမှုတွေမှာ အစိုးရတွေ ပါဝင်ပတ်သက်လာပြီး ၎င်းတို့မှာ လွတ်လပ်ပွင့်လင်းမှုအတွက် လို့ ကြွေးကြော်ပြီး လျှို့ဝှက်သိုသိပ်စွာသာ အလုပ်လုပ်ကြပါတယ်။

သတင်းအချက်အလက်ဆိုင်ရာ ကိုယ်ရေးလွတ်လပ်ခွင့် ဆုံးရှုံးမှုအတွက် ဖြစ်နိုင်ဖွယ်ရာအဖြေတွေ ကို ထုံးနည်းဥပဒေ (Regulation)၊ နည်းပညာ (Technical measure) တစ်ဦးချင်းအပြုအမူ (Individual Action) ဆိုပြီး နယ်ပယ်သုံးခုအဖြစ် အုပ်စုခွဲနိုင်ပါလိမ့်မယ်။ ကိုယ်ရေးလွတ်လပ်ခွင့်ကို ကာကွယ်ဖို့ဆိုတာ ရှုပ်ထွေးခက်ခဲတဲ့  လုပ်ငန်းစဉ်ဖြစ်တဲ့ အတွက် ဘယ်နည်းလမ်း နဲ့ အသုံးတည့်မလဲ၊ ဘယ်နည်းလမ်း နဲ့ နိုင်ငံ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမလဲ ဆိုတာ စဉ်းစားရပါမယ်။
ကမ္ဘာနှင့်အဝန်း ကိုယ်ရေးလွတ်လပ်ခွင့် ထုံးနည်းဥပဒေသတ်မှတ်ခြင်းကို အမေရိကန်ပြည်ထောင်စုတွင် သန့်ရှင်းတဲ့ သတင်းအချက်အလက် ကျင့်ဝတ် လို့ ခေါ်ပါတယ်။အခြားနိုင်ငံအများစုကတော့ အချက်အလက်ကာကွယ်မှု (Data Protecting)  လို့သာ သတ်မှတ်ကြပါတော့တယ်။

မူဝါဒရေးဆွဲချမှတ်သူတွေက လူတစ်ဦးချင်းအခွင့်အရေးတွေအပေါ် အခြေခံပြီး စည်းမျဉ်းတွေကို အချက်အလက်အစုကို သိပိုင်ခွင့်၊ စုဆောင်းသတင်းအချက်အလက်ကို ဘာအတွက်အသုံးပြုမည်ကို သိပိုင်ခွင့်၊ မှားယွင်းသတင်းအချက်အလက်ကို ပြင်ဆင်ပြီးကြောင်း သိပိုင်ခွင့် စတဲ့ ပိုင်ခွင့်သုံးရပ် နဲ့ တည်ဆောက်ထားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ရဲ့ ၁၉၇၄ ကိုယ်ရေးလွတ်လပ်ခွင့် အက်ဥပဒေမှာ တောင် အဲဒီစည်းမျဉ်းပိုင်ခွင့်တွေ ထည့်သွင်းထားတာပါ။ ဒီ ပုံစံက ၁၉၆ဝခုနှစ်တွေမှာ စတင်ခဲ့တာ ဖြစ်ပေမဲ့ သိတ်မကြာလိုက်ဘူး။ တခြားနိုင်ငံတွေက တလွဲ တည်ဆောက်လိုက်ကြပါတယ်။ ဖက်ဒရယ်အစိုးရတောင်မှ ကိုယ်ရေးလွတ်လပ်ခွင့် ထုံးနည်းဥပဒေကို သတ်မှတ်ခွင့် ပြဌာန်းနိုင်ခဲ့ပေမဲ့ အဲဒီထုုံးနည်းဥပဒေတွေ အဘယ်မျှ ခိုင်မာခဲ့သလဲ ဆိုတာ မသေချာခဲ့ပါဘူး ။
ပြည်သူတွေ အတွက်တော့ မင်းတုန်းမင်းနဲ့ ငါးခြောက်ပြား ပုံပြင် ကို လွမ်းဆွတ်စရာပါပဲ …။
လွတ်လပ်ခွင့် လိုလားသူတွေ အဖို့ကတော့ အကုန်လုံး ခြေရာခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒီ့ အတွက် အန္တရာယ်ခြိမ်းခြောက်မှု အတော်များများတော့ လူမသိသူမသိ ရှိနေကြဦးမှာပါ။
ငြင်းပယ်ကြမလား …။ မေးခွန်းထုတ်ကြမလား ..။
သတင်းအချက်အလက်တွေကို မတန်တဆ တောင်းဆိုလာတဲ့ အခါ ……
(why)  ဘာကြောင့်လို့ ……မေးခွန်းထုတ်ပြိး
လိုအပ်ရင် …
(No)  ဟင့်အင်း လို့ ငြင်းပယ်ကြမလား။

 

(၆)

အင်း..။
လွတ်လပ်ခွင့် ကလေး တခု ရှိပါတယ်။
ဟို ပုဒ်မ က မျက်စောင်းထိုးလိုက်၊ ..ဒီ ပုဒ်မ က မျက်စောင်းထိုးလိုက်နဲ့….။
ကိုယ့် လွတ်လပ်ခွင့်ကိုသာ ကိုယ်ပြန် ထိန်းသိမ်းထားချင်မိတော့ရဲ့။     ။

 

(ဇေယျာစံ)
Philip E.Agre  ရဲ့
Technology and Privacy: The New Landscape ကို ဆီလျော်အောင် မှီငြမ်းပါတယ်။

13 comments

  • surmi

    November 29, 2013 at 8:48 am

    ဒီပို့စ်​့က လူတိုင်​း​သေ​သေချာချာဖတ်​ပြီး​ဆွေး​နွေးသင်​့တာပါပဲ..
    ဘယ်​လိုဖြစ်​ပြီး contributor ြြဖြစ်​နေပါလိမ်​့..?

    • zayarsan

      November 30, 2013 at 12:00 am

      ကျေးဇူးတင်ပါတယ် … ဗျာ။

  • surmi

    November 29, 2013 at 8:57 am

    သဂျီး​ရေ…
    ဘာများဖြစ်​​နေတယ်​မသိ
    ​login မဝင်​ရင်​ ဖွင်​့မရဖြစ်​​နေတယ်​ဗျို့.
    ၅ ြကြိမ်​​လောက်​ ြကြိုးစားလိုက်​ရတယ်​

  • ကိုယ့်လွတ်လပ်ခွင့်က သူများကိုလည်း သွားမထိခိုက်
    သူများလွတ်လပ်ခွင့်က ကိုယ့်ကိုလည်း လာမထိခိုက်
    အဲဒီလို
    တစ်ယောက်ယောက်ရဲ ့လွတ်လပ်ခွင့်က
    တစ်ယောက်ယောက်ရဲ့လွတ်လပ်ခွင့်အပေါ်
    ဝန်ထုပ်ဝန်ပိုး မဖြစ်တဲ့အနေအထားလေးနဲ ့
    လွတ်လွတ်လပ်လပ်နေရ ရင် နေပျော်ပါပြီ

    :kwi:

    အကျိုးရှိတဲ့စာလေးဖတ်ရလို ့
    ကျေနပ်မိပါတယ်ဗျ

    • zayarsan

      November 30, 2013 at 12:01 am

      ကျေးဇူးတင်ပါတယ် … ဗျာ။

    • Ma Ma

      November 30, 2013 at 7:58 am

      အငြင်းမဖက်တဲ့ ပုလင်းဝက် အဲ…. အလင်းဆက်ကို ထောက်ခံပါတယ်။ 😀

        • ဇေယျာစံ

          November 4, 2014 at 10:09 pm

          ခွစ်

  • kai

    November 30, 2013 at 10:04 am

    http://myanmargazette.net/189440

    လုံခြုံရေးအကြောင်းပြချက်ဖြင့် ကမ္ဘာ့စူပါပါဝါအစိုးရ၏ခြေတို့ကားကျွံလာလေပြီ။
    နှုတ်မရသော ကျွံခြင်းမဖြစ်ခင် ကွန်ဂရက်ဥပဒေပြုသူတို့မှ ဖျက်သင့်သလော၊ တားသင့်သလော၊လွှတ်သင့်သလော ဆုံဖြတ်ချက်ပြုရန်လိုပါသည်။
    မြန်မာ-အမေရိကန်တို့အတွက်ကား “လုံခြုံရေးအကြောင်းပြချက်”အသံတို့ထွက်လာတိုင်း ခဲမှန်ဖူးသောစာသူငယ်လို တွန့်၍ကြောက်၍နေလေမည်။ ။

    ကျုပ်ရေးထားတဲ့.. အယ်ဒီတာ့သင်ပုန်းနဲ့တွဲဖတ်ရင်.. ပိုပေါ်လွင်လာမယ်ထင်တာပဲ..

    • zayarsan

      December 1, 2013 at 11:40 pm

      ကျေးဇူး

  • padonmar

    November 30, 2013 at 8:33 pm

    လွတ်လပ်ခွင့်နဲ့ စွက်ဖက်ခွင့် ဆိုတာ သူ့ဖက်ကကြည့်ရင် သူမှန်ပြီး ကိုယ့်ဖက်ကကြည့်ရင် ကိုယ်မှန်တာမျိုး။
    Univeral truth တော့ ဘယ်တော့မှဖြစ်မှာမဟုတ်။
    …..
    1984 ထဲက အကိုကြီးကတော့ ဖတ်ရင်းတောင် ကျောမလုံချင်စရာ။
    ဝင့်ပြုံးမြင့် ဘာသာပြန်ကောင်းတော့ ဖတ်ရတာ စိတ်ကျဉ်းကြပ်မှုကို ခံစားနေရတယ်။

    ဒီလို လက်ရာကောင်းလေးတွေ မျှော်နေတာ။
    များများရေးနိုင်ပါစေ။

  • zayarsan

    December 1, 2013 at 11:41 pm

    ရေးဖို့ ကြိးစားနေပါတယ် ဗျာ။

  • လွတ်လပ်ခွင့်၊စွက်ဖက်ခွင့်….
    မြောက်ကိုးရီးယား၊အစွန်းရောက်မွတ်ဆလင်နိုင်ငံတွေနဲ့တရုတ်ပြည်ထက်စာရင် ကိုယ့်ဆီကတော်ဦးမလားလို့

Leave a Reply