တန်ရာတန်ကြေး
ပန်ပန်ရဲ့ ဟီရိုရှီးမားရောက်တုန်းက ပို့စ် မှာ ရေးထားတဲ့
ပြတိုက်ဝင်ကြေး ၅ဝယန်း (မြန်မာငွေ၅၀ဝကျပ်၊ ရန်ကုန်တိရစာ္ဆန်ဥယျာဉ်ဝင်ကြေးရဲ့ထက်ဝက်ကြီးများတောင်သက်သာဒယ်)။
ကို ဖတ်မိပြီး ဒီပို့စ်လေးဖြစ်လာပါတယ်။
တူတွေ တူမတွေရောက်နေတာနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မိသားစုတွေ မြို့ ထဲထွက်လည်ဖို့ စီစဉ်ဖြစ်တယ်။
ကြုံတုန်း ပြောရရင် ………
ဒေါ်စုပုံနဲ့ ပြက္ခဒိန်ကို လက်ပွေ့သမားတွေက ၄၀၀ဝ နဲ့ ရောင်းနေတယ်။
မြို့ ထဲကဆိုင်တွေမှာဆို သက်သာလိမ့်မယ်ထင်လို့ မေးကြည့်တော့ ၃၅၀ဝတဲ့။
အဲဒီပြက္ခဒိန်ကို ဗဟန်းက တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ တစ်စောင် ၂၅၀ဝ နဲ့ ရောင်းနေတယ်ဆိုတဲ့အကြောင်း
ဒေါ်စုပုံနဲ့ ပြက္ခဒိန်လိုချင်ရင် ဈေးနှုန်းသက်သက်သာသာနဲ့ ရပါစေကြောင်း သတင်းကောင်းပါးပါတယ်။
ဒါက လျှာရှည်တတ်တဲ့အကျင့်ကြောင့် နိဒါန်းနဲ့တင်ရှည်နေတာ။ ရေးချင်တာက ခုမှစမယ်။
လျှောက်လည်တဲ့အစီအစဉ်မှာ ပထမဦးဆုံးအနေနဲ့ မနက်စောစော ရွှေတိဂုံဘုရားက ရှင်ဥပဂုတ္တကန်မှာ ငါးစာသွားကျွေးတယ်။
ကိုယ်ဝယ်လာတဲ့ပစ္စည်းကို ဈေးပေါတယ် တန်တယ် လို့ ပြောတာကို သဘောကျတတ်တာကြောင့် …
ဘယ်နေရာကများ ချိ ုချိ ု ချောင်ချောင်ရနိုင်သလဲဆိုပြီး ရှာဖွေတတ် စစ်စစ်ပေါက်ပေါက် ဈေးဆစ်ပြီးဝယ်တတ်တဲ့ အလေ့အကျင့်ရှိပါတယ်။
အဲဒါကြောင့် ငါးကန်နားမှာရောင်းတဲ့ငါးစာကိုမဝယ်ပဲ ပေါင်မုန့်လုပ်ရောင်းတဲ့ဆီက ပေါင်မုန့်၂လုံးစာ လောက်ရှိတဲ့ ပေါင်မုန့်အနားသားတွေကို တစ်ထုပ် ၅၀ဝ နဲ့ ငါးကျွေးဖို့ ဝယ်သွားဖြစ်တယ်။
ငါးတွေလည်း များများစားရ၊ ကိုယ်လည်းငွေကုန်သက်သာဆိုပြီး ဝယ်သွားကျွေးလိုက်ပြီးမှ လက်လီဈေးသည်ရဲ့စီးပွားကို ဖျက်ဆီးရာများ ကျနေမလားလို့တောင် တွေးမိပါသေးတယ်။
ငါးစာကျွေးရင်းနဲ့ တိရိစာ္ဆန်ရုံမှာ တိရိစာ္ဆန်တွေ အစာမဝဘူးလို့ အီတုံးရေးဖူးတာကို သတိရသွားလို့ ကလေးတွေနဲ့ အဖော်ညှိပြီး ဘုရားဖူးပြီးရင် တိရိစာ္ဆန်ရုံသွားလည်ကြမယ်လို့ စီစဉ်လိုက်တယ်။
ငါးစာကျွေးလို့ပြီးတော့ ဘုရားပေါ်တက်ဖို့ စက်လှေကားဘက်မုခ်ကိုသွားကြတယ်။ အဲဒီက လူဝင်ပေါက်မှာ နိုင်ငံခြားသားတွေအတွက် ဘုရားပေါ်တက်တဲ့ဝင်ကြေးကို ယခင် ၅ ဒေါ်လာကနေ ယခု ၈ ဒေါ်လာ ဖြစ်သွားပြီဆိုတဲ့စာတွေ ကပ်ထားတာကို တွေ့လိုက်တယ်။
စိတ်ထဲမှာ
၅ဒေါ်လာဆိုတာတောင် များတယ်လို့ ထင်နေတာ
၈ဒေါ်လာဆို မလွန်လွန်းဘူးလား
လို့ ထင်မိတယ်။
တဖက်က စဉ်းစားတော့လည်း ရွှေတိဂုံဘုရားဆိုတာ မြန်မာနိုင်ငံရဲ့ လန်းန်မာ့ခ်မို့ မြန်မာနိုင်ငံကို အလည်အပတ်ရောက်လာတဲ့ နိုင်ငံခြားသားတွေအဖို့ ၅ ဒေါ်လာပဲဖြစ်ဖြစ် ၈ဒေါ်လာပဲဖြစ်ဖြစ် လာလည်မှာပဲလို့လည်း လွယ်လွယ်တွေးလိုက်တယ်။
နောက်တဖက်ကလည်း ကိုယ့်အနေနဲ့သာဆို ကိုယ်မရောက်ဖူးတဲ့ တခြားနိုင်ငံက အထိမ်းအမှတ်တစ်ခုကို သိပ်ဈေးကြီးနေတယ်လို့ထင်ရင် သွားကြည့်ဖြစ်ပါ့မလားလို့လည်း တွေးမိတယ်။
(ထိုင်း ကို ၃ညအိပ် ၄ရက် ပက်ကေ့ချ်ခရီးစဉ်နဲ့ လိုက်သွားတုန်းကတော့ မြဘုရားဝင်ကြေးက ထည့်ပေါင်းပြီးသားမို့ ဘယ်လောက်မှန်းမသိပဲ ဝင်လည်ခဲ့ရပါတယ်။)
ဘုရားပေါ်ရောက်တော့ နိုင်ငံခြားသားတွေ သိသိသာသာ နည်းနေတာကို သတိထားမိလိုက်တော့ နှိုင်းယှဉ်ကြည့်စရာ ထိုင်း က မြဘုရားဝင်ကြေးက ဘယ်လောက်ရှိမလဲလို့ သိချင်လာတယ်။
(သိသူများ ပြောပေးသွားကြပါ။)
ရွှေတိဂုံဘုရားဖူးပြီးတော့ ကလေးခေါင်းဆောင်လုပ်ပြီး တိရိစာ္ဆန်ရုံကို ချီတက်သွားကြတယ်။
တိရိစာ္ဆန်ရုံဝင်ကြေးက ကလေး (အသက် ၁ဝနှစ်အောက်) ကို ၅၀ဝနဲ့ လူကြီးက ၁၀၀ဝ ပါ။
စုစုပေါင်း လူ ၁၂ယောက်သွားတာ ဝင်ကြေးမှာတင် ၁၀၀၀ဝကျော် ကုန်ပါရောလား။
တိရိစာ္ဆန်ရုံထဲရောက်တဲ့အခါမှာတော့ ထူးထူးခြားခြားသတိထားမိတာက ….
အနံ့ဆိုးတွေ မရှိပဲ၊ အမှိုက်တွေ ပုံမနေပဲ သန့်ရှင်းသပ်ရပ်နေတယ်။
ကလေးတွေအတွက် ပြေးလွှားကစားဖို့ နေရာကျယ်ကျယ်ဝန်းဝန်းရှိတယ်။
တိရိစာ္တန်ရုံကို အလည်ရောက်လာသူတွေ အေးအေးဆေးဆေး ထိုင်ဖို့၊ နားဖို့၊ စားဖို့ နေရာတွေ အများကြီးလုပ်ပေးထားတယ်။
သန့်ရှင်းရေးအတွက် ရေပိုက်ခေါင်းတွေ နေရာအနှံ့မှာ ထားပေးထားတယ်။
စုံစုံလင်လင် သန့်သန့်ရှင်းရှင်းရှိလို့ ပျော်ပွဲစားထွက်ဖို့အတွက် တော်တော်လေး အဆင်ပြေတယ်။
နောက်ပြီး ကလေးကစားကွင်းငယ်ကလေးလို ကလေးတွေ ဆော့ကစားဖို့ ပလပ်စတိတ်ပစ္စည်းလေးတွေ၊ ဒါန်းတွေ စီစဉ်ထားပေးလို့ ဝင်ကြေးပေးရတာ တန်တယ် လို့တောင် ထင်သွားတယ်။
မတန်တာက…..
တိရိစာ္ဆန်အစာ။
လူတွေစီက အစာတောင်းနေကြတဲ့ တိရိစာ္ဆန်တွေကိုကြည့်ပြီး ယူသွားတဲ့ ငှက်ပျောသီးက ဆင့်ပါးစပ် နှမ်းပက်သလိုပဲ အရာမထင်ပဲ ကုန်သွားတယ်။
တိရိစာ္ဆန်ရုံထဲက ဈေးဆိုင်လေးတွေကိုကြည့်ပြီး တိရိစာ္ဆန်တွေက လူတွေအများကြီးကို ထမင်းကျွေးထားနိုင်တယ်လို့တောင် ပြောလိုက်မိတယ်။
လာရောက်လည်ပတ်တဲ့သူတွေက တိရိစာ္ဆန်တွေကို ဝမ်းဝသည်အထိ ကျွေးနိုင်ကြမယ်ဆိုရင် တိရိစာ္ဆန်ရုံတာဝန်ရှိသူတွေအနေနဲ့ အစာဖိုးအတွက် တာဝန်ပေ့ါသွားနိုင်မယ်။
အပြင်ကယူလာတဲ့အစာတွေက တိရိစာ္ဆန်တွေအတွက် အဆင်မပြေဖြစ်နိုင်ပါတယ်။
အဲဒါကြောင့် ဆေးရုံတွေမှာ စရိတ်မျှပေးကျန်းမာရေးဆိုပြီး လူနာတွေကို ဆေးဖိုးဝါးခကျခံခိုင်းသလိုမျိ ုး
တိရိစာ္ဆန်အစာတွေကို ဈေးကြီးကြီးနဲ့ ရောင်းပေးမယ့်အစား တန်ရာတန်ဖိုးထက် လျှော့ရောင်းရင် ….
လာရောက်လည်ပတ်တဲ့သူတွေလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ တိရိစာ္တန်တွေကို အစာကျွေးနိုင်မယ်။
တိရိစာ္ဆန်ရုံတာဝန်ရှိသူတွေလည်း အတိုင်းအတာတစ်ခုထိ အစာဖိုး သက်သာသွားစေနိုင်မယ်။။
လို့ အတွေးဝင်မိပါတယ်။
ကန်စွန်းရွက် အပိန်အလိန်လေးတွေကို ဗန်းထဲမှာဖြန့်ခင်းထားတာကို တစ်ဗန်း ၅၀၀
လူမစားတဲ့ ငှက်ပျောသီးလေး ၅လုံး ၆လုံးလောက်ကို တစ်ဗန်း ၅၀၀
ဖျံစာ ငါးအတုံးအတစ်ကလေးတွေ တစ်ဗန်း ၅၀ဝ တွေကို မတန်ဘူးလို့ ထင်ပေမယ့်
အစာတောင်းနေတဲ့ ဆာလောင်နေတဲ့ တိရိစာ္ဆန်တွေကို ကြည့်ပြီး သနားစိတ်နဲ့ ဝယ်ကျွေးဖြစ်ပါတယ်။
တိရိစာ္ဆန်ရုံတစ်ရုံလုံးလည်ပတ်ပြီး ကျွေးခဲ့သမျှ တစ်ဗန်း ၅၀ဝ ကို ဈေးကြီးတယ်လို့ ထင်ခဲ့သမျှ ဆင်တွေဆီရောက်မှ မှားမှန်းသိလိုက်ရတယ်။
ကြံအဖျားပိုင်းလေး ၅လက်မအရွယ်လောက် (၆လက်မတောင် မရှိနိုင်ဘူး) ၅ပိုင်း ပါတဲ့ တစ်ဗန်းကို ၁၀၀ဝ တဲ့။
ဈေးကြီးလိုက်တာဆိုပြီး မဝယ်ပဲ ဆင်တွေဘက်လှည့်တော့ ဆင်၅ကောင်စလုံးရဲ့ နှာမောင်းတွေက လူတွေဆီကိူ အတင်းကိုတိုးပြီး အစာတောင်းနေကြတယ်။
ဈေးသည်တွေကလည်း ဆိုင်ခန်းခဈေးကြီးလို့ပါလို့ ဆိုလေတော့ ရောက်မှတော့ မထူးပါဘူးလေဆိုပြီး ဝယ်ကျွေးလိုက်တယ်။
ဆင့်ပါးစပ်နှမ်းပက်ဆိုတာ အဲဒီတော့မှ မျက်မြင်ကိုယ်တွေ့။
ဈေးကြီးလွန်းတယ်ဆိုတဲ့စိတ်နဲ့ ထပ်လည်းမဝယ်ချင်တော့တာနဲ့ စားဖို့ယူသွားတဲ့ ပန်းသီးတွေ ကျွေးဖို့ ထုတ်တော့….
ဆင်စာရောင်းတဲ့သူက အပြင်စာမကျွေးရဘူးလို့ တားတယ်။
လူစားတဲ့အစာ ကျွေးတာလို့ ပြောတော့ တိရိစာ္ဆန်ဆရာဝန်ဆီပြပြီးမှကျွေးရမယ်တဲ့။
ကိုယ်ကလည်း ခပ်ညစ်ညစ်နဲ့….
သူကလည်းပြော၊ ကိုယ်ကလည်းကျွေး
စကားလည်းဆုံး၊ ပန်းသီးလည်းကုန်။
အဲဒီလို အောင်မြင်စွာ အတင်းအဓမ္မ အစာကျွေးပြီး ပြန်လာခဲ့ပါတော့တယ်။ 😀
42 comments
ဦးကျောက်ခဲ
December 4, 2013 at 6:54 pm
မြဘုရားနဲ့ နန်းတော်ဝင်ကြေးက နိုင်ငံခြားသား ဘတ်300 ပါခင်ဗျ…
အခါကြီးရက်ကြီးဆိုရင်တော့ ဖရီးပေးပါတယ်… ဒါပေသည့် ရွှေတိဂုံလောက် မတန်…
အဲ… တိရိစာ္ဆန်ရုံကတော့ အစာရောင်းရအောင် တိရိစာ္ဆန်တွေကို အငတ်ထားသလား ထင်မိတယ်…
သူရို့ဟာသူရို့ တောထဲနေတာ အကောင်းသား…
လူတွေဖမ်းမိမှ ရာသက်ပန်အကျဉ်းသားလည်းဖြစ် တိရိစာ္ဆန်သူတောင်းစားလည်းဖြစ်…
ဦးနုခေတ်က ဆင်ခရုသင်းတောင် အစာငတ်လို့သေတယ် ဖတ်ဖူးတယ်…
🙁
Foreign Resident
December 5, 2013 at 7:55 am
” မြဘုရားဝင်ကြေးက ဘယ်လောက်ရှိမလဲလို့ သိချင်လာတယ်။
သိသူများ ပြောပေးသွားကြပါ ”
—http://www.travbuddy.com/Wat-Phra-Kaew-Temple-of-the-Emerald-Buddha-v9854—
ဒီ Page မှာတော့
Open: 8:30 am – 3:30 pm daily
Admission: 200 ฿ per person (foreigner);
Free for Thai people လို့ ရေးထားတယ် ။
200 ฿ ဆိုတော့ 7 $ လောက် ရှိမယ် ။
ဦးကျောက်ခဲ
December 5, 2013 at 9:11 am
အဘရေ ဝင်ကြေး ဘတ်၂၀ဝက နှုန်းအဟောင်းပါ…
အဲ… အထဲက ပြတိုက်တွေပါဝင်ရင်တော့…
ဘတ်၅၀ဝလောက်ကျတယ်ခင်ဗျ…
ဒီနေ့နဲ့ မနက်ဖြန်ဆို… (5 & 6 December)
ထိုင်းဘုရင်မွေးနေ့မို့ ဖရီးဝင်လို့ရတယ်…
http://www.thaiwaysmagazine.com/bangkok/palaces_heritage_buildings/grand_palace_best_tour.html
😀
Ma Ma
December 5, 2013 at 7:37 pm
မြဘုရားဝင်ကြေး ဘတ်၅၀ဝ ဆိုရင်တော့ ရွှေတိဂုံဘုရားဝင်ကြေး ၈ဒေါ်လာကို များတယ် မဆိုနိုင်ဘူး။
ဒါပေမယ့် ထိုင်းက ခရီးသွားလုပ်ငန်းက အခြေကျနေပြီးသားမို့ မသိသာပေမယ့်
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းက မဖွံ့ဖြိုးသေးတဲ့အချိန်မို့လား မသိဘူး ဘုရားမှာ နိုင်ငံခြားသားတိုးရစ်တွေ မတွေ့သလောက်နည်းသွားတယ်။
ကိုယ်သွားတာ မနက်ပိုင်းမို့ပဲလားလည်း မသိ။
တကယ်တိုးရစ်တွေ လာလည်တာ နည်းသွားတယ်ဆိုရင်တော့ ဝင်ကြေးနှုံးထားကို ပြန်ပြင်သင့်တယ်ထင်တာပဲ။
padonmar
December 5, 2013 at 8:25 pm
နိုဝင်ဘာလဆန်းက အမတွေ မြဘုရားသွားဖူးတာ တယောက်ကို ဘတ် ၅၀ဝ ပေးရပါတယ်။
ဦးကျောက်က ယားဒယိုးကျွမ်းကျင်အဆင့်(၁)ပဲ။
ဦးကျောက်ခဲ
December 6, 2013 at 8:56 am
padonmar says:
ဦးကျောက်က ယားဒယိုးကျွမ်းကျင်အဆင့်(၁)ပဲ။
ဟီဟိ ကျွမ်းကျင်ဆို ဘဝနဲ့ရင်းပြီးသင်လာတာ…
ဪ ထိုင်းမှာ ကျောင်းတက်ခဲ့၊ အလုပ်လုပ်ခဲ့…
အတော်ကြာအောင် နေခဲ့ဖူးတာ ပြောတာပါ…
😀
Ma Ma
December 6, 2013 at 4:14 pm
ကျောက်စ်ရေ- နောက်ကရှင်းလင်းချက်လေး ကယ်ပေလို့။
nozomi
December 6, 2013 at 4:37 pm
မမ ဝဝ ရေ အဲ မှားလို့ မမ လှလှ ရေ
ရွှေတိဂုံ ၈ ဒေါ်လာ ကတော့ မများဘူးထင်ပါတယ်
အခုနောက်ပိုင်းတော့ ဘုရားမှာ ဝိုင်ဖိုင်ရအောင် လုပ်ပေးထားတယ်လို့ ဆိုတယ်
Information ပေးနိုင်မှု၊အိမ်သာ..စတဲ့ ဝန်ဆောင်မှုတွေသာ ကောင်းအောင်လုပ်ပေး
၈ ဒေါ်လာ က တန်ပါတယ် ၊ ရွှေတိဂုံ လဲ နိုင်ငံခြားသားတွေ လာတဲ့ နှုန်း အရင်ကထက် များလာတယ် ၊ မြ ဘုရားကို လာတာတော့ မမှီသေးဘူးပေါ့
ဦးကျောက်က ယားဒယိုးကျွမ်းကျင်အဆင့်(၁)ပဲ။
ဟီဟိ ကျွမ်းကျင်ဆို ဘဝနဲ့ရင်းပြီးသင်လာတာ…
ဖတ်မိမှ တစ်ခု သတိရတယ်
ကိုကျောက်ကြီး ယိုးဒယားမ နဲ့ ရတဲ့ ကလေးတောင် ကျောင်းစနေပြီ လို့ တစ်ခါ ပြောဘူးသလားလို့ အဲဒီ ကလေး ရော အခု ဘယ်နှစ်တန်း ရောက်ပြီလဲ ခင်ည
ဦးကျောက်ခဲ
December 6, 2013 at 4:52 pm
တိန်….. သေပြီဆရာ…
ဆြာနို ဆေးထိုးချက်က ၉လောက်ရှိတယ်…
ကျောက်စ်က လူပြိုစစ်စစ်ပါဗျ…
ဒါပဲဆြာ ချိသူလေး ဆိတ်စိုးရင် ဆြာနိုအိမ် လာနေမယ်…
😀
San Hla Gyi
December 4, 2013 at 8:19 pm
ဟုတ်တယ်မမရေ
အဲဒီ ရန်ကုန်တိရ စ္ဆာန်ဥယျာဉ်ဟာ ကျနော်တို့ ငယ်ငယ်တုန်းကတော့ အားလပ်ရက်တိုင်း အပန်းဖြေလာတဲ့ မိသားစုတွေနဲ့ တော်တော်လေး စည်ကားသေးတယ်။ အခုတော့ မရောက်တာကြာလို့ ဘယ်လိုလည်းမသိ။ ပုံစံ ကြည့်ရတာတော့ သိပ်မစည်ကားတော့ဘူး ထင်ပါတယ်။ အဲဒီတုန်းကတည်းက တိရ စ္ဆာန်ဥယျာဉ်က အစာတွေက မတန်ဘူး။ ဒါပေမယ့် လာလည်တဲ့လူ များတော့ သူတဆုပ် ကိုယ်တဆုပ်နဲ့ တော်သေးတာပေါ့။
အခုတော့ တိရစ္ဆာန်တွေ ခမျာလည်း တော်တော် ဒုက္ခရောက်မှာပဲ။ တိရစ္ဆာန်ဝေစုထဲက လုစားတဲ့ လူတွေလည်း ရှိဦးမှာကိုး။ ဒါတောင် ရန်ကုန်က တော်သေးတယ်။ မန္တလေးက ပိုဆိုးတယ်လို့ အဲဒီမှာနေတဲ့ ညီဝမ်းကွဲတယောက်က ပြောဖူးတယ်။
အဲဒီလူတွေလည်း တော်တော်တော့ အကုသိုလ်ကြီးမှာပဲလို့ ထင်မိတယ်။
Ma Ma
December 6, 2013 at 4:46 pm
ကိုစံလှကြီးရေ-
သွားလည်တဲ့သူတွေ ကျွေးတဲ့အစာက တိရိစာ္ဆန်တွေအတွက် တကယ့်ကို ဆင့်ပါးစပ် နှမ်ပက်ပဲ။
အားလုံးမျှဝေကျခံတဲ့သဘောနဲ့ တိရိစာ္ဆန်အစာကို တန်ရာတန်ကြေးထက် လျှော့ချပြီး ရောင်းပေးရင် အပြင်ဈေးထက်သက်သာတဲ့အတွက် ပိုပြီး ကျွေးဖြစ်ကြရင် …….
တိရိစာ္တန်ဥယျာဉ်တာဝန်ရှိသူတွေလည်း အများကြီး ဝန်ပေါ့သွားနိုင်မယ်။
လာလည်တဲ့သူတွေလည်း ပျော်ပျော်ပါးပါး အစာကျွေးနိုင်မယ်။
တိရိစာ္ဆန်တွေလည်း ဝဝလင်လင် စားရမယ်။
🙂
San Hla Gyi
December 6, 2013 at 8:29 pm
မမရေ
အဲဒါ တကယ်တော့ စာရိတ္တမဏ္ဍိုင် ချို့ယွင်းမှုပဲ။ ကျနော့် စိတ်ထင် တကယ်တမ်း ဒီမိုကရေစီ အစိုးရ တတ်လာရင် တကယ် စိန်ခေါ်မယ့် ပြဿနာက အဲဒီ စာရိတ္တမဏ္ဍိုင် ချို့ယွင်းတာပါ။ လူတော်တော် များများမှာ ဖြစ်တယ်။ အများစုပေါ့လေ။ တော်တော် ပြင်ယူရင်တောင် အခု အရွယ်ရောက်ပြီးသား မျိုးဆက်တွေကတော့ မလွယ်တော့ဘူး။ ပြင်လို့ ရသလောက် ပြင်ပြီး နောက်တတ်မယ့် မျိုးဆက်တွေကိုပဲ ကောင်းကောင်း လေ့ကျင့်ပေးမှ ရတော့မယ်။ ဒါတောင် ပထမလူရဲ့ စိတ်ဓတ်က နောက်လူကို ကူးသွားမှာက ရှိသေးတယ်။ ဒါပေမယ့် လူတွေကို ပြင်ပြီးမှ စနစ်တခုကို သွားလို့ကတော့ ဘယ်တော့မှ မရောက်တော့ဘူး။ အဲဒီတော့ စနစ်ဆီကိုတော့ အရင်သွားရလိမ့်မယ်။
တိရ စ္ဆာန်စာကို မဝမလင် ရောင်းတာ မပြောနဲ့။ လူတွေဟာဆိုလည်း အဲဒီလို လုပ်တာပဲ။ ၁၉၉ဝ ပတ်ဝန်းကျင်လောက်တုန်းက ကျနော်သိတဲ့ ကျောင်းဆရာမကြီး တယောက် သင်တန်းသွားတတ်တာ အဆောင်မှာက တနိုင်ငံလုံးက လာတဲ့ ဆရာ ဆရာမပေါင်း ၁၀၀ဝ လောက်ဆိုပါတော့ဗျာ။ အဲဒါ အစိုးရက နိုင်ငံတော်စရိတ်ဆိုပြီး ဆရာ ဆရာမတယောက်ကို တနေ့စာ စားသောက်စရိတ် ၁ဝကျပ် ချပေးတယ်။ မနက်ငါးကျပ် ညငါးကျပ်ပေါ့လေ။ အဲဒါ အဲဒီ ဆရာအတတ်သင် ကျောင်းအုပ်ကြီးက ဆရာ ဆရာမတွေကို သူတို့ အစိုးရပေးတဲ့ ငွေတဆယ်နဲ့ လူတယောက်ကို ဘယ်လိုမှ မကျွေးနိုင်ဘူးလို့ အမြဲတမ်း ငြီးတယ်တဲ့။ ကျွေးလိုက်ရင်လည်း ထမင်းတွေက စားလို့မရ ဟင်းကမကောင်း မသန့်က မသန့်ပေါ့လေ။ ဆရာ ဆရာမတွေ မစားနိုင်ရင် ဝက်စာ ပြန်သွင်းတယ်ဆိုလား။ အဲဒီ စားဖိုဆောင်က ဝန်ထမ်းတွေနဲ့ ပေါင်းပြီးပေါ့လေ။
ဆရာမတွေက ဟင်းမကောင်းလို့ ငြီးတိုင်း မနက် လေ့ကျင့်ခန်းလုပ်ရင် သူ့အနေနဲ့ လူတယောက်ကို ငွေတဆယ်နဲ့ ဘယ်လိုမှ မကျွေးနိုင်ဘူးလို့ အမြဲပြောတယ်တဲ့။ နောက် ခဏ ခဏ ပြောလွန်းတော့ မခံနိုင်တဲ့ အမျိုးသား ဆရာတွေက တနေ့ကျတော့ ကဲ ဆရာမကြီး မကျွေးနိုင်ရင် အဲဒီပိုက်ဆံတွေ ကျနော်တို့ကို စာရင်းနဲ့အပ်ပါ။ ကျနော်တို့ အဖွဲ့တွေခွဲပြီး ကိုယ့်ဘာသာကိုယ် ဖန်တီးမယ်ဆိုပြီး ကိုယ်တိုင်လည်း ချက်ရော ဟင်းသုံးမျိုးလောက်နဲ့ ကောင်းကောင်းမွန်မွန် စားရဆိုပဲ။
ချက်တာက အများစာဆိုတော့ mass scale နဲ့ ဆိုရင် အစစ အရာရာက ဈေးသက်သာ သွားတာပဲလေ။ နောက်ပြီ ဆီ ဆန် ဆားက အစိုးရဆီက ရသေးတာကိုး။ စားဖိုဆောင်တွေက ခိုးပုံ ပြောပါတယ်။
ဝင့်ပြုံးမြင့်
December 4, 2013 at 10:16 pm
မျှစ်ကြော် သွားတုန်းက တစ်ထွာလောက်ရှိတဲ့ ကြံလေး ၄ပိုင်းကို ၁၀၀ဝ ပေးပြီး ဆင်ကျွေးခဲ့ရတာ။ တိရစာ္ဆန်တွေလည်း သနားပါတယ်။ စိတ်မချမ်းသာစရာကောင်းတယ်။
Ma Ma
December 7, 2013 at 4:35 pm
ပြုံးရေ-
တိရိစာ္ဆန်တွေကို သဘာဝအတိုင်းထားရင်တောင် သူတို့ဖာသာ ဝဝလင်လင် ရှာဖွေစားသောက်နိုင်ကြမယ်ထင်တယ်။
အစာမဝလည်း သူတို့ထိုက်နဲ့သူတို့ကံလို့ ပြောလို့ ရသေးတယ်။
ခုတော့ ဖမ်းဆီးခေါ်ယူပြီး လှောင်ထားပြီး ဝအောင်မကျွေးထားနိုင်တော့ တာဝန်မကျေသလိုဖြစ်နေတယ်။
တိရိစာ္ဆန်တွေထဲကမှ ကုသိုလ်ဆိုးတဲ့ အကျဉ်းသားတွေလို့ ပြောရမယ်။ :'(
padonmar
December 5, 2013 at 12:08 am
တိရစာ္ဆန်လေးတွေ သနားပါတယ်။
ဖတ်ရတာ စိတ်မကောင်းဘူး။
Ma Ma
December 7, 2013 at 4:37 pm
တိရိစာ္ဆန်လေးတွေ သနားစရာကောင်းလို့ သူတို့အစာဝရေး ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ (ကြီးကြီးကျယ်ကျယ်) စဉ်းစားကြည့်တော့ ငတ်မွတ်နေတဲ့ လူတွေလည်း အများကြီးးးးး 🙁
Mလုလင်
December 5, 2013 at 12:30 am
ကျွန်တော်ကတော့ ဒီလို လုပ်ပါတယ်။ ကန်တော်ကြီး ပတ်လမ်း ဘက်က အပေါက်က နေဝင်ပါတယ်။ ငှက်ပျော်သီး၊ ပေါင်မုန့်၊ ကြံ အဆင်ပြေရာ တွေ အပြင်မှာ ဝယ်ပါတယ်။ ဝင်ပေါက်နားမှာ ရထားလုံး လေးတွေ ရှိပါတယ်။ အဲ့ဒီအပေါ် ဝယ်လာတာတွေ အကုန်ပစ်တင်ပြီး တာဝန်ကျဆရာဝန် ရုံးခန်း ကို တန်းမောင်းခိုင်းပါတယ်။ အဲ့ဒီ့ ရုံးခန်းက အဲ့အပေါက် နဲ့ နီးတယ်ဗျ။ သစ်ကုလားအုတ် တွေနားမှာ။ အဲ့မှာ ပြပြီးတာနဲ့ ကျွေးချင်တဲ့ အကောင်ကို ကျွေးချင်တဲ့ အစာ ကြိုက်သလောက် ကျွေးနိုင်ပါပြီ။ ဈေးသည်တွေ လာပြောရင် အဲ့ဒီ့ ဆရာဝန် နံမည် ပြောလိုက် ရုံနဲ့ ပြီးပါတယ်။ စိတ်ချမ်းသာ နိုင်ကြပါစေဗျာ။ လက်ရှိ ထူးက ကန်ထရိုက် ယူထားတာဆိုတော့ ထူး က မယူခင်ကလောက် မဆိုးတော့ဘူး လို့ ထင်ပါတယ်။ ဘာပဲ ပြောပြော နှစ် ၁၀ဝ ဆိုတဲ့ ဂုဏ်ကလဲ တယ် မသေးဘူး ဗျ .. .။ စမ်းကြည့်ပြီး စိတ်ကျေနပ်နိုင်ကြပါစေဗျာ ..။
Mလုလင်
December 5, 2013 at 12:32 am
အပြင်မှာ ဝယ်တယ်ဆိုတာ ဈေးကနေတခါတည်း ဝယ်ပြီးသယ်လာခဲ့တာကို ပြောချင်တာပါဗျ . . .။ ညံ့လှတဲ့ အရေးအသားပါဗျာ . .။
Ma Ma
December 7, 2013 at 5:13 pm
လုင်ရဲ့လုပ်ပုံလေး သဘောကျတယ်။
နောက်ဆိုလုပ်ရမယ်။
နှစ်၁၀ဝဆိုတဲ့ဂုဏ်က မသေးဘူးဆိုတာလည်း ထောက်ခံပါတယ်။
ဒီပိုစ့်တင်တာ လုင်ရဲ့ကွန်မန့်နဲ့တင် တန်သွားပြီ။ 🙂
Foreign Resident
December 5, 2013 at 8:08 am
” ဆင်စာရောင်းတဲ့သူက အပြင်စာမကျွေးရဘူးလို့ တားတယ် ။
လူစားတဲ့အစာ ကျွေးတာလို့ ပြောတော့ တိရိစာ္ဆန်ဆရာဝန်ဆီပြပြီးမှကျွေးရမယ်တဲ့ ”
မမ ရဲ့ ။
အဲဒါ ဟုတ်တယ် ။ တိရိစာ္ဆန် ဆရာဝန်ဆီ ပြပြီးမှကျွေးသင့်တယ် ထင်တယ် ။
ကျနော်လည်း Kangaroo တွေကို ၊ ပေါင်မုန့်သွားကျွေးဘူးတယ် ။
Kangaroo တွေကလည်း ပေါင်မုန့် ကြိုက်ပုံဘဲ ၊ အားရပါးရစားတယ် ။
ဒါပေမယ့် လူကြီး တစ်ယောက် လာတားတယ် ၊ အစာမကြေဖြစ်တတ်တယ်တဲ့ ။
နောက် လေ့လာ မေးမြန်းကြည့်တော့ ၊ ဟုတ်တယ်တဲ့ ။
ကျနော့် Face Book’s Photo Album ထဲက ၊
” 20101002-04-South Durras, Batemans Bay & Jervis Bay ” Album ထဲမှာ ၊
Kangaroo တွေ နှင့် ကလေးလေးတွေ ကို ရှင်းပြနေပုံတောင် ပါသေးတယ်လေ ။
Ma Ma
December 7, 2013 at 5:30 pm
တိရိစာ္ဆန်ဆရာဝန်ဆီပြပြီးမှ ကျွေးသင့်တာ မှန်ပေမယ့်
လူစားတဲ့အစာမို့ အန္တရာယ်မဖြစ်လောက်ပါဘူးလို့ စဉ်းစားမိတာရယ်၊ ကျွေးချင်တာရယ်နဲ့မို့ ဖြစ်အောင်ကျွေးခဲ့တာ။
FR ပြောမှ မတည့်တဲ့အစာဖြစ်နေမလားလို့ စဉ်းစားမိသွားတယ်။
နောက်ဆို လုင်ပြောသလို အစာတွေဝယ်သွားပြီး တိရိစာ္ဆန်ဆရာဝန်ကိုပြပြီးကျွေးတာ အဆင်အပြေဆုံးပဲ။ 🙂
alinsett
December 5, 2013 at 8:49 am
ဟုတ်တယ်
အစာဈေးတွေက
မတန်တဆ ဖြစ်နေတော့ တိရိစ္ဆာန်လေးတွေအတွက်
သနားစရာဖြစ်သွားတာပေါ့
Ma Ma
December 7, 2013 at 5:32 pm
လုင်လိုမျိ ုး ဈေးကသွားဝယ်ပြီး တိရိစာ္ဆန်ဆရာဝန်ကိုပြပြီး ကျွေးရင် ကိုယ်လည်း သက်သာမယ်၊ တိရိစာ္ဆန်တွေလည်း များများစားရမယ်။ 🙂
KZ
December 5, 2013 at 9:01 am
အဲမှာတော့မသိဘူးးး
ချစ်မ
ဒီမှာကလေ အဲဒီ သတ္တဝါလေးတွေဗိုက်ဝဖို့ကို ပလိတ်သတ်ကျွေးမှ စားရမဲ့ အစာအပေါ် မူတည်ထားတာမဟုတ်ဘူးးး၊
အစာလည်း မရောင်းဘူးးးး
တာဝန်ရှိသူ တွေကပဲ တာဝန်ယူတယ်။
ကျန်တာ လာကြည့်တဲ့သူတွေ စိတ်ချမ်းသာဖို့ပဲ ရည်ရွယ်ပြီးပြတယ်။
ဟိုတလောကလေ စလုံးက တရုတ်ကို ၁ နှစ် ဒေါ်လှ တသန်းနဲ့ ငှါးထားတဲ့ ပန်ဒါ
“ဂျာဂျာ နဲ့ ကိုင်ကိုင်” အတွက် သူတို့ နေနိုင်တဲ့ အိမ်ဆောက်ပေးတာကို
more than half a million ဆိုလို့ ငိုချင်လိုက်တာ။ ကိုယ့်ကိုတောင် အဲလောက် နဲ့ ငှါးပြီး အဲလောက် တန်တဲ့ အိမ် ဆောက်ပေးမဲ့သူမရှိ။
အနော် အိပ်ရေးပျက်ရင်လည်း ပန်ဒါနဲ့ တူတာပါပဲ ချစ်မရယ်။
:hint:
Ma Ma
December 7, 2013 at 5:44 pm
အိပ်ပျက်ညတွေများလာရင် ပန်ဒါမလေးကေဇီ ပေါ့။ :kwi:
Wow
December 5, 2013 at 9:52 am
ဒေါ်စုပြက္ခဒိန်ကတော့ အနော် ဟိုတစ်လောက ကားပေါ်ကနေလှမ်းဝယ်တာ မြန်မာငွေ ၅၀၀ဝ ကျပ်ပေးခဲ့ရပါတယ်… ဈေးမတန်တဆတင်ထားမှန်းသိပေမဲ့ မီးပွိုင့်မှာလက်ပွေ့ရောင်းသူကလေးများ စားချင် စားကြပါစေလို့ တွေးပြီး ဝယ်ခဲ့ပါတယ်… :kwi:
Ma Ma
December 7, 2013 at 5:45 pm
လက်ပွေ့ရောင်သူကလေးများ စားချင်စားကြပါစေလို့ တွေးပြီးဝယ်ခဲ့တဲ့ ဝိုး လေးကို ချီးကျူ းပါတယ်။
🙂
ဦးကြောင်ကြီး
December 5, 2013 at 11:39 am
ဦးကျော်သူတို့လို စေတနာ အရင်းခံ ပရဟိတစိတ်နဲ့ လုပ်နိုင်သူ လူစွမ်းကောင်းများ လက်ထဲရောက်မှ အကျဉ်းသား တိရိစာ္ဆန်များဘဝ သက်သာရာ ရပါမည်။
Ma Ma
December 7, 2013 at 5:49 pm
ဒီတခါပဲ ကြောင်ကြီးစကားအကောင်းပြောသေးတယ်။ 😉
စိတ်ကောင်းစေတနာကောင်းရှိ၊ တိရိစာ္ဆန်တွေကို ချစ်ခင်သူတွေသာ လုပ်မယ်ဆိုရင် အများကြီးတိုးတက်လာနိုင်မယ်။ 🙂
TNA
December 5, 2013 at 4:52 pm
မမပိုစ့်ကော တုန်ကလေးပိုစ့်ပါဖတ်ပြီး တိရိစာ္ဆန်ရုံ ကိုဘယ်လိုစီမံပြီးသွားရမလဲတွေးနေမိတယ်။ ဟိုရောက်တော့မှ စိတ်မကောင်းဖြစ်ပြီးပြန်လာရမှာစိုးလို့။ ထူးကကိုင်မယ်ဆိုတာပေးလိုက်ရင်ပြီးတာပဲကို။ ဘာပဲဖြစ်ဖြစ် တိရိစာ္ဆန်လေးတွေအစာဝသွားမယ်ထင်တယ်။ ဝင်ကြေးတော့များသွားနိုင်တာပေါ့။ အခုဟာက မျောက်ပြဆန်တောင်းလုပ်နေတာ။ ဆိုင်ခန်းခတွေလျှော့ချပေးလိုက်ရင် တိရိစာ္ဆန်အစာဈေးတွေလဲကျသွားနိုင်မယ်ထင်တယ်နော်။
ဇဂါးမစပ် ဒေါ်စုပုံကို မီးပွိုင့်မှာ ၅၀၀ဝ ပေးပြီး ၂ ခုဝယ်ခဲ့မိတာ အခုမှရင်ကျိုးရတော့တယ် 😥 :byee:
ကထူးဆန်း
December 6, 2013 at 7:35 am
ထူးဘက် က ရှေ့နေ လိုက်ဦးမှ .. ဖတ်လိုက်ရတာပြောတာပါ ..
ထူးက ကိုင်တွယ်ပေမဲ့ ဆိုင်တွေ အငှါးဆိုင်တွေ ကိုတော့ တိရစာ္ဆန် အစိုးရ အဲအဲ တိရစာ္ဆန် ရုံ ပိုင် အစိုးရ ကသာ ယူပါတယ်တဲ့ .. အဲ့ဒီ့ထဲ တိရစာ္ဆန် အစာကြွေးတဲ့ ဆိုင်တွေပါမပါတော့ မသိဘူး .. သူတို့ကိုငှါးတဲ့ ဈေးနုန်း သိပ်သက်သာနေတယ်ဆို ထောက်ပြလို့ ပြန်ပြောတဲ့စကားဖတ်ဘူးခဲ့တာပါ ..
အန်တီစု ပြက္ခဒိန်မင်းသမီး လုပ်နေတာတော့ (သူ့ အကြိုက် ကိုယ့်အကြိုက်တော့ ရှိတာနားလည်ပေမဲ့ ) မကြိုက်ပါ ။ သူနိုင်ငံတစ်ကာမှာ ပွဲလယ်တင့် နေတာတွေ ၊ မိန့်ခွန်းပြောနေတဲ့ ပုံတွေ ဆိုရင်တော့ မပြောလိုပါ ။။ ခုတော့ ထီးကလေးနဲ့ မနီ တစ်မျိုး .. ဒူးကလေးထောက်လို့ ကနွဲ့ ကလျ ကတစ်ဖုံ ..
ပြောတော့ဘူး .. တော်ကြာနေ ဦးကြောင်ကြီး စွပ်စွဲ တာ ခံနေရမယ် … :hee:
Ma Ma
December 7, 2013 at 6:06 pm
ကထူးဆန်းပြောသလိုဆို ထူးက လုပ်တာ မဆိုးဘူးပြောရမယ်။
အစာတွေ ဈေးကြီးတာကလွဲရင် တိရိစာ္ဆန်ရုံထဲမှာ သန့်ပြန့်ပြီး အစစအရာရာအဆင်ပြေအောင် စီစဉ်ပေးထားလို့ သဘောကျတယ်။ 🙂
ဒေါ်စုပြက္ခဒိန်မင်းသမီးလုပ်တာ ပါတီရံပုံငွေအတွက်လည်း ပါမယ်ထင်ပါတယ်။
ကနွဲ့ကလျလေးတွေဖြစ်နေပေမယ့် လှလို့ ညှို့ငင်အားပြင်းတဲ့အမျိ ုးသမီးနိုင်ငံရေးသမားများ စာရင်းထဲ ထည့်ချင်တယ်။ 🙂
Ma Ma
December 7, 2013 at 6:00 pm
သဲရေ-
ဝိုး ကလေး ဈေးဝယ်တာကို သဘောကျတယ်။
ကိုယ်ကတော့ တန်မှ တန်မှဆိုတဲ့ စိတ်အစွဲကြီးကြီးနဲ့ ဘယ်နေရာသက်သာပ့ါမလဲဆိုပြီး ရှာဝယ်တာ အကျင့်ပါနေတယ်။
ခုလည်း ၂၅၀ဝ နဲ့ဝယ်ပြီး ပျော်နေတာ။
အန်န်အယ်လ်ဒီရုံးက ကိုယ်တိုင်လိုက်ရောင်းတာ ၂၀၀ဝ လို့တောင် ပြောနေတယ်။
kai
December 5, 2013 at 4:59 pm
အမှတ်မမှားရင်… ယူအက်စ်ကတိရိစ္ဆာန်ရုံတွေက.. အပြင်စာပေးမကျွေးဘူးဗျ…
တိရိစ္ဆာန်တွေကို သူတို့လိုအပ်တဲ့.. အဟာရတွက်ချက်ပြီးကျွေးတာမို့လို့ရေးထားတယ်..
အပြင်စာက..လူတွေကနေ..ရောဂါတွေကူးကုန်မှာစိုးတာလည်းပါပုံရပါတယ်..
ဆိုတော့…
တောထဲတောင်ထဲသွားလည်တာတောင်.. တောရိုင်းတိရိစ္ဆာန်တွေကို.. အစာမကျွေးဖို့.. တားမြစ်ထားတဲ့..ဆိုင်ဘုတ်တွေတွေ့ရတယ်..
Ma Ma
December 7, 2013 at 6:08 pm
အင်းးးးးးးးးးး သူတို့က ဝအောင်ကျွေးနိုင်ရင်လည်း အဲ့လိုကျွေးဖြစ်ခဲ့မှာ မဟုတ်ပါဘူး သဂျီးရေ။ 🙁
ဗုံဗုံ
December 6, 2013 at 12:01 pm
ဟုတ်တယ်..ဈေးကလည်းကြီးသေး..
သူတို့ရောင်းတဲ့အစာက ကိုယ်ယူလာတဲ့
အစာလောက်တောင်မသန့်ရှင်းဘဲနဲ့
ကျွေးလို့မရဘူးလို့ပြောသေးတာ….
မိဗုံတို့ကတော့ ကျောပိုးအိတ်ထဲ ခိုးပြီး
ယူသွားတာတာဘဲ..ကျွေးတာဘဲ….
Ma Ma
December 7, 2013 at 6:10 pm
ဟေးးးးးးးးးးး ဒီမှာအကြံတူတွေ့ပြီကွ။ 😀
အရီးခင်
December 6, 2013 at 5:19 pm
မမ
ဒီမှာတော့ တိရိစ္ဆာန်ရုံ ဝင်ခတွေ ဈေးကြီးတယ်ခေါ်မလား။
အနိမ့်ဆုံး လူကြီး ဒေါ်လာ၂၀၊ ကလေး ၂နှစ် အထက် ၁၅ဒေါ်လာ လောက် ကျမယ်။
အပြင်စာကျွေးလို့မရဘူး။
သူတို့ မှာ အစာကျွေးချိန် ၂ချိန် ရှိတယ်။ လူတွေ ကြည့်လို့ရတယ်။
ဖျံတွေများ စားရတဲ့ ငါးတွေ မနဲဘူး။
ဝဝလင်လင်စားရတဲ့ ပုံဘဲ။ 😛
•*¨နန်းတော်ရာသူ •*¨
December 6, 2013 at 6:34 pm
တိရိစာ္ဆန်ရုံဝင်ကြေးက မရှိဆင်းရဲသားတွေ တောဘုရားဖူးတွေဝင်နိုင်လောက်ပါ့မလား။
ပိုဆိုးတာက တိရိစာ္ဆန်အစာဈေးတွေပါ။ဝန်ထမ်းတွေရဲ့အမျိုးတွေပဲရောင်းတာထင်တယ်နော်
ဖျံလေးတွေကို ကိုယ့်မှာပါလာတဲ့ မုန့်လေးတွေကျွေးကြတဲ့ လူငယ်တစ်စုနဲ့ ဖျံကန်စောင့်သမီး ငါးသည်မနဲ့ပြဿနာတတ်ကြတာ တစ်ခါကြုံဖူးတယ် 🙁
Paing Lay
December 6, 2013 at 9:10 pm
အနော်လာတုန်းက အချိန်တွေနဲ့ တော်တော်ခြားနားသွားပါရောလား 🙁
surmi
December 7, 2013 at 9:38 am
ကျားတစ်ကောင်ကိုအစာခွဲတမ်းကျွေးတာတွေ့ဖူးတယ်..
တစ်ပိဿာလောက်ပဲရှိမ
ယ့်အမဲသား (အထင်) တူံးလေးပါ။
ဆိုတော့.. ကျား အနေနဲ့ မဝ လောက်ပါဘူး ။
ကျားပိန် ကျား လိမ်လေးဖြစ်နေရတာပါ ။
အခြားတိရိစာ္ဆန်တွေလည်းအစာမလောက်ဘူးထင်ပါတယ်
အပြင်စာမကျွေးစေချင်ရင် လုံလောက်တဲ့ပမာဏကိုကျွေးရမှာပါ
အင်း…… ဝန်ထမ်းတွေကလည်းရတဲ့လစာမလောက်ငှဆိုတော့…..
တိရိစာ္ဆန်တွေနဲ့မျှစားဝေစားများဖြစ်နေမလား???
:D:-)
kyeemite
December 7, 2013 at 10:17 am
တိရိစာ္ဆန်ရုံတောင်မရောက်ဖြစ်တာကြာပေါ့..
တိရိစာ္ဆန်ရုံဝင်ကြေးက များတယ်မဆိုနိုင်ပါဘူးလေ..အဲဒီငွေနဲ့ပဲ အစာကြွေးတာထင်ရဲ့
ပြုင်ထိန်းသိမ်းစရိတ်လည်းသုံးရသေးတော့ ဘယ်လောက်မှာလည်းဗျာ…