ကဗျာပြခန်း (၁၃) သို့မဟုတ် ကဗျာချစ်သူများအားပြန်လည်ပေးဆပ်ခြင်း
“မင်းကြောက်ရမဲ့အရာ တစ်ခုတည်းရှိတယ်” – အလင်းဆက်
ကဗျာခံစားမှု ဆောင်းပါးရေးပေးပါလို့ တောင်းဆိုလာတော့ ရင်ထဲမှာ အထိတ်တလန့်ဖြစ်သွားတယ်..။ ကဗျာတစ်ပုဒ်ရေးပေးပါတောင်းဆိုရင်တောင်
ဒီလောက် စိတ်လှုပ်ရှားမိမယ်မဟုတ်..။ ကတိမပေးခင် အဖန်အဖန် အထပ်ထပ်ပြန်တွေးနေမိတယ်..။ ကိုယ်ရေးတဲ့စာကို
ကိုယ်တာဝန်ယူနိုင်ပါ့မလားလို့…။ ပြီးတော့ကိုယ်ရေးလိုက်တဲ့စကားက ကဗျာရှင်နဲ့ဆိုလိုချက်နဲ့ သွေဖည်သွားမှာကို အစိုးရိမ်မိဆုံး..။ဒါပေမဲ့
မဖြစ်ဖြစ်အောင်ရေးပေးရမယ်ဆိုတဲ့ တစ်ချက်လွတ် အမိန့်ဆန်ဆန်တောင်းဆိုမှုကြောင့် ကိုယ့်ဘာသာ ရဲဆေးတင်ပစ်လိုက်ရတယ်..။ ကဲ ရေးချလိုက်ပြီ
အလက်ဆင်း ရေ…။ အမှားအယွင်းတစ်ခုခုရှိရင် ဖိအားပေးပြီး ဆောင်းပါးတောင်းတဲ့သူကိုသာ ဖိထောင်းပေတော့…။
ကဗျာခေါင်းစဉ်ကို ဖတ်ကြည့်လိုက်တော့ “မင်းကြောက်ရမဲ့အရာ တစ်ခုတည်းရှိတယ်” တဲ့..။ ကိုယ်က ဒီဆောင်းပါးကိုရေးဖို့ကြောက်နေတဲ့သူ…
ကဗျာခေါင်းစဉ်က ကြောက်ရမဲ့အရာ တစ်ခုတည်းရှိသတဲ့။ စိတ်ဝင်စားမှု အရှိန်က အထွတ်အထိပ်ထိ ဆောင့်တက်သွားတယ်..။
“ကိုယ့်ညီရေ..
ကြောက်မက်ဖွယ်ရာ အထိမ်းအမှတ်နေ့တွေက
မင်းကိုချိုးဖဲ့သွားတောင်
မကြောက်ပါနဲ့” တဲ့…။
ပထမဆုံးတစ်ပိုဒ်မှာတင် ကဗျာက ကိုယ့်စိတ်နှလုံးကို ဖမ်းဆုပ်သွားနိုင်ခဲ့တယ်..။ ဟုတ်တယ်..။ ကိုယ်ကြောက်နေဖို့မလိုဘူး..။ ကိုယ်လျှောက်ရမယ်လို့
သတ်မှတ်ထားပြီးသားလမ်းကို ဆက်လျှောက်ဖို့ ကိုယ့်မှာ ခွန်အားတချို့ ရသွားခဲ့ပြီ…။
“ကိုယ့်ညီရေ…
လောကဒဏ်ရဲ့ ဓါးရှစ်စင်းအောက်မှာ
ပြားပြားဝပ်လိုက်လျောခြင်းတွေနဲ့
တစ်ခါတစ်ခါမှာ ပန်းတွေပွင့်
တစ်ခါတစ်ခါမှာ သွေးအလိမ်းလိမ်းနာကျင်ရလိမ့်မယ်
ဒါပေမဲ့ မကြောက်ပါနဲ့” တဲ့…။
ကဗျာဆရာက ခပ်ရိုးရိုးလေးပဲ ဖွင့်ပြထားတယ်..။ ကိုယ့်အတွေးတွေကတော့ ဟိုးခပ်ဝေးဝေး ခပ်ရှုပ်ရှုပ်လေး ပျံ့လွင့်သွားမိတယ်…။
လူ့ဘဝဟာ အနိမ့်အမြင့်၊ အကျဉ်းအကျယ်၊ အဖြောင့်အကွေ့ ဒီလိုအလှည့်အပြောင်းလေးတွေနဲ့ သရုပ်ဖော်ထားတယ်..။ ကိုယ်တို့တွေက ဘဝမှာ
ခက်ခဲလေးလံတဲ့ဖြတ်သန်းမှုတွေ၊ နာကျင်ကြေကွဲဖွယ် အတွေ့အကြုံတွေ၊ ခါးသီးမုန်းတီးစရာ ဒုက္ခတွေကို ခံစားရမှာ ကြောက်လန့်တုန်လှုပ်ကြတယ်…။
လက်ခုပ်သံတွေကျယ်လောင်နေတဲ့အောင်မြင်ကျော်ကြားမှု၊ ပျော်ရွှင်ကြည်နူးစရာ အတွေ့အကြုံတွေ၊ မိန်းမောသာယာစဖွယ် ငြိတွယ်မှုတွေကိုတော့
ကျေကျေနပ်နပ်လက်ခံယူချင်ကြတယ်..။ မြတ်စွာဘုရားရှင်တရားတော်အရတော့ အကောင်းလောဂဓံနဲ့ အဆိုးလောဂဓံပေါ့…။ ဆင်းရဲဒဏ်ကို ခံစားရမှာ
ကြောက်ကြပေမဲ့ ချမ်းသာဒဏ်ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုတော့ မေ့မေ့လျော့လျော့နဲ့ သာယာယစ်မူးနေခဲ့ကြတယ်…။ အောင်မြင်မှုဒဏ်၊
ချမ်းသာတဲ့ဒဏ်ကို မခံနိုင်လို့ ဘဝမှာကျဆုံးခဲ့ကြဖူးတဲ့သူတွေလည်း ဒုနဲ့ဒေး။ ကိုယ်ဆိုလိုချင်တာကတော့ အကောင်းလောဂဓံကိုဖြစ်စေ၊
အဆိုးလောဂဓံကိုဖြစ်စေ သတိလက်လွတ်တပ်မက်စွာ သို့မဟုတ် ကြောက်ရွံ့တုန်လှုပ်စွာ လက်ခံမယူကြပဲ စိတ်ခံစားမှုတွေကနေ
အတတ်နိုင်ဆုံးလျော့ပါးအောင် ရုန်းထွက်ပြီး ဘဝကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားဖို့ပါ..။ ကဗျာဆရာပြောထားသလို ဘဝဆိုတာ တစ်ခါတစ်ခါ
ပန်းတွေပွင့်လာမယ်။ အဲဒီ ပွင့်လာတဲ့ပန်းတွေကို သတိတရားနဲ့နမ်းရှိုက်ဖို့။ တခါ ဘဝမှာ သွေးအလိမ်းလိမ်းနဲ့ နာကျင်ခဲ့ရရင်လည်း
အဲဒီသွေးတွေဆေးကြော၊ သက်သာအောင်ကုစားပြီး ရှေ့ဆက်လျှောက်ကြဖို့ပါပဲ…။
ကိုယ့်အတွေးစတွေ နယ်လွန်နေရာကနေ သတိဝင်ပြီး စိတ်တွေကို ပြန်စုရင်း ကဗျာလေးကို ဆက်ခံစားကြည့်မိတယ်..။ တစ်ခု သတိထားမိတာက
ကဗျာဆရာက သူ့ကဗျာကို စကားလုံးအလှအပတွေကို တန်ဆာဆင်ဆော့ကစားသွားဖို့ထက် စကားလုံးတွေရဲ့အင်အားကို အသုံးချပြီး
ရေးသွားခဲ့တာကိုပါပဲ။ ကိုယ်က ကဗျာနဲ့ပက်သက်နဲ့ နည်းပညာတွေ စည်းမျဉ်းစည်းကမ်းတွေကို မနှစ်ခြိုက်တက်၊ အနှောင်အဖွဲ့ကင်းကင်းနဲ့
မွေးဖွားလာတဲ့ ကဗျာလေးတွေကိုပဲချစ်တတ်သူ။ ဒါကြောင့်လည်း ကဗျာနဲ့ပက်သက်ပြီး ဘာမှ ထွေထွေထူးထူး မလေ့လာဖူးထားတော့ အရေးအဖွဲ့ပိုင်းကို
ထည့်မပြောဖူးဆုံးဖြတ်ထားတဲ့ကြားက စကားလုံးတွေ ခွန်အားကြီးမားလွန်းနေတာကို အသိအမှတ်မပြုပဲ မနေနိုင်ခဲ့ဘူး…။
ဒီကဗျာထဲမှာ ကိုယ်အကြိုက်ဆုံးအပိုဒ်က
“ကိုယ့်ညီရေ…
မင်း ထူထားတဲ့အလံ လဲသွားရင်တောင်
ဒူးမထောက်/ လက်မမြှောက်ခြင်းကို အလံလိုထူပါ
(ဒူးထောက်ပြီး အသက်ရှင်ရတာထက်
မတ်မတ်ရပ်ပြီး သေရတာမြတ်တာ မင်းအသိ)
မကြောက်ပါနဲ့…။” ဆိုတဲ့အပိုဒ်ပဲ…။
ဒီစာပိုဒ်လေးက ကိုယ့်ခန္ဓာမှာ ကြက်သီးမွေးညင်းတွေထလာတဲ့ထိ အရှိန်ပြင်းပြင်း စီးဝင်သွားခဲ့တယ်…။
“ကိုယ့်ညီရေ…
လမ်းသစ်ထွင်ခြင်းကို မင်းချစ်တတ်လာတဲ့အခါ
နာကျင်စရာတွေကိုတောင် ရယ်မောတတ်လာလိမ့်မယ်
ဟောဒီလောကမှာ…
မင်းကြောက်ရမဲ့အရာ တစ်ခုပဲရှိတယ်”
ကိုယ့်စိတ်ဝင်စားမှုအဟုတ်က ဒီဂရီအမြင့်ဆုံးထိရောက်လာခဲ့ပြီ..။ ဒီခေါင်းစဉ်ကြောင့်ပဲ ဒီဆောင်းပါးကို ရေးဖို့တွန်းအားရခဲ့တာ..။ ကဗျာတစ်ပုဒ်လုံးကို
တစ်ပိုဒ်ချင်းဖတ်လာရင်း အခက်အခဲတွေကို မကြောက်မရွံ ရင်ဆိုင်ရဲဖို့ ခွန်အားတွေ တစ်ဆင့်ချင်းရလာခဲ့တယ်..။ ခုချိန်ထိ ကိုယ်တို့မကြောက်ရမဲ့အရာ
တော်တော်များများကို စုပ်ယူစားသုံးမိခဲ့ပြီးပြီ..။ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာလိုပြောရရင် ဇာတ်ရှိန်အမြင့်ဆုံးအခန်း (Climax) ကိုရောက်လာပြီ…။
ကိုယ်တို့ကြောက်ရမဲ့ တစ်ခုတည်းသော အရာက ဘာများပါလိမ့်..။ တနည်းအားဖြင့် ကဗျာရှင်ရဲ့ တစ်ခုတည်းသော အကြောက်တရားက
ဘာများဖြစ်နေမလဲ…။ ကိုယ့်စိတ်ဝင်စားမှုတွေ ချွန်းအုပ်ထားဖို့က မဖြစ်နိုင်တော့…။ အတွေးစတွေကို လျှင်လျှင်မြန်မြန်ဖြတ် ကဗျာနောက်ဆုံးအပိုဒ်ကို
မျက်စိအပ်ပစ်လိုက်တော့တယ်…။
“မင်းစိတ်နှလုံးထဲ
အကြောက်တရားတွေဝင်လာမှာကိုတော့
မင်း… ကြောက်ပါ” တဲ့…။
ကဗျာအဆုံးပိုဒ်လေးဖတ်ပြီး ကိုယ့်ရင်ထဲ အမျိုးအမည်မဖော်နိုင်တဲ့ ခံစားချက်တစ်မျိုး ရုပ်ချည်းကြီးစိုးသွားတယ်…။ ခုန မကြောက်ရမဲ့အရာတွေဖတ်ရင်း
ရင်ထဲမှာရလာတဲ့ သတ္တိမျိုးတွေ၊ ခွန်အားမျိုးတွေ၊ စိတ်ဓါတ်တက်ကြွနေခဲ့သမျှတွေ အဲဒီအရာတွေအားလုံးနဲ့ဆန့်ကျင်စွာပဲ ရင်ထဲမှာ အမည်ဖော်မရတဲ့
ရသတမျိုးနဲ့ စိတ်ငြိမ်သွားတော့တယ်…။
ကဗျာလည်းဆုံးသွားပြီ…။ ဒါပေမဲ့ ကိုယ့်မျက်လုံးတွေက အဲဒီစာပိုဒ်လေးကနေ ခွာမရသေး..။ ကိုယ့်ခေါင်းထဲကိုလည်း ဘယ်လိုအတွေးမျိုးမှ
ထပ်ဝင်မလာတော့..။ ကိုယ်ဟာ မှင်သက်နေတဲ့သူလိုလို… စိတ်ညှို့ခံထားရတဲ့သူလိုလို… ဟာတာတာဖြစ်နေတဲ့ ရင်အစုံနဲ့ ငေးမောရင်း……..
မင်းစိတ်နှလုံးထဲ အကြောက်တရားတွေဝင်လာမှာကိုတော့ မင်း ကြောက် ပါ….
မင်းစိတ်နှလုံးထဲ အကြောက်တရားတွေ ဝင် လာ မှာ ကို တော့….
မင်းစိတ် နှ လုံး ထဲ….
ပဲ့တင်ထပ်နေတဲ့အသံတွေက ကိုယ်နဲ့ ဝေးကွာသွားလိုက်… နီးကပ်လာလိုက် နဲ့ မှော်တစ်ကောင်လို ပြုစားနေတော့တာပါပဲ…။
30 comments
alinsett
December 11, 2013 at 7:44 am
ကဗျာပြခန်းသမိုင်းတလျှောက်မှာ ဒီပြခန်းကတော့ အထူးခြားဆုံးပါပဲ။
ဆုရကဗျာတွေဆိုတော့ အကြိုက်ဆုံးတွေထဲက အကြိုက်ဆုံး ကဗျာတွေပေါ့။
အခုလို စုစည်းလိုက်တော့မှ သတိထားမိတာက. . . .
ဒီကဗျာတွေ ဟာ တော်တော် အားကြီးနေတာတွေ ့ရတယ်။
ကဗျာပြခန်းပါ. . . .အားကြီးသွားတယ် ။
အနုပညာဆိုတာကို ခမ်းနားထည်ဝါစွာ
တွေ ့လိုက်ရတယ် ။
ကျွန်တော့်ကဗျာတွေ ပါနေတော့ပြောရတာ သိပ်မကောင်းပေမယ့်. . .ပြောရပါဦးမယ် ။
ဒီကဗျာတွေ တော်တော်လေးကို ကောင်းနေတယ်(ကျွန်တော့်ကဗျာကို ကျွန်တော် ထည့်မပြောပါဘူး )
တကယ့် ကဗျာလောက /စာပေအနုပညာလောက မှာ
တန်းဝင်တဲ့ ကဗျာတွေပါ ။
ဂဇက်ရဲ့ ကဗျာအဆင့်အတန်း လုံးဝ မနိမ့်ကျပါဘူး ။
အခုလို ကဗျာကောင်းတွေ ထွက်ပေါ်လာအောင် စုစည်းဖော်ထုတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိတယ် ။
ကဗျာချစ်သူအဖွဲ ့လေး ဖွဲ့ခဲ့ / လုပ်ဆောင်ခဲ့မိတဲ့အတွက်လည်း အင်မတန် ကျေနပ်အားရ ပီတိဖြစ်မိတယ် ။
ရှေ ့ဆက်ပြီး ပြခန်းကို ကောင်းသထက်ကောင်းအောင် လုပ်ဆောင်သွားဖို ့ မျှော်လင့်ချက်အပြည့် အားအပြည့် ဖြစ်သွားတယ် ။
————
ကဗျာပြခန်းအတွက် မအားတဲ့ကြားက ကူညီပြီး တင်ဆက်ပေးတဲ့
သူကလေးရေ ။
သူကလေးးးးတာဝန်ကျေပါတယ်နော် ။
ကျေးဇူးပါ ။
—————-
ဟို နည်းပညာဆရာဂျီး သဂျားကိုလည်း အထူးကျေးဇူးတင်ပါတယ် ။
ဒီပြခန်းကို လုပ်ရတာ တော်တော် မောမယ်ဆိုတာ သိသာပါတယ် ။ စာမျက်နှာတွေ အများကြီး . . . စာတွေ အများကြီးကို . . . .တွဲချိတ် ပြင်ဆင်ရတာ. . —————–
ကဗျာတွေကို ကဗျာချစ်သူတွေရဲ့ ခံစားချက်နဲ့ တွဲ တင်ပြလိုက်တော့ တမျိုးလေးပဲနော် ။
ကဗျာတွေက အရောင်ပိုတောက်လာသလိုပဲ ။
———-
ညစာစားနေတဲ့ ညတွေ ဆိုတဲ့ကဗျာကိုလည်း . . .
ကျွန်တော်နဲ ့ တွဲရေးသွားတာ ဘယ်သူလဲဆိုတာ ခန့်မှန်းပေးကြပါဦး ။
post တင်တုန်းက comment ထဲမှာ ကဗျာ လာဆက်ရေးသွားသူ. . . .
ကာယကံရှင်ကတော့ . . .တိတ်တိတ်နေရမယ်နော် ။
:kwi:
:kwi:
သူကလေး
December 11, 2013 at 12:25 pm
တာဝန်မကျေရင် နောက်ကလိုက်ရိုက်မှာမှတ်လား အဲ့တော့ ကျေရဒေါ့တာပေါ့အေ
KZ
December 11, 2013 at 8:29 am
သူကလေးရဲ့ အလုပ်ရှုပ်တာတွေဖတ်ပြီး မောနေချိန်မှာ
ကဗျာနဲ့ တူတူ ကဗျာခံစားချက်လေးဖတ်လိုက်ရတာ တကယ် အမောပြေသွားတယ်။
ပုံလေးတွေက ပိုပြီး စိုပြေလာသလိုပဲ။
ကြိုးစားအားထုတ်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
သူကလေး
December 11, 2013 at 12:26 pm
သူကလေးကလည်း ကျေးဇူးပါ
KZ
December 11, 2013 at 8:44 am
သိတယ်။
သိတယ်။
အဲဒီ သူက ဒီရွာရဲ့ ရွာသက် အရှည်ဆုံး လူဂျီးးးးး
😀
Mr. MarGa
December 11, 2013 at 8:49 am
ပေါထားပါဒယ် ရွာ့ သက်တော်ရှည်ပါ လို့
ဂျီးဒေါ် ဖော်နဲ့နော်
KZ
December 11, 2013 at 9:01 am
ဒီမှာ မဖော်ပါဘူးးးး
မုန့်ကျွေးတဲ့သူကိုမှ ပြောပြမှာပါ။
ဟေးဟေးဟေး
surmi
December 11, 2013 at 9:03 am
အရင်ဆုံး… ဆုရသွားတဲ့ ရေပုလင်း ကိုဂုဏ်ပြုပါကြောင်း…..
ရေပုလင်းကအလုံးမဟုတ်ဘဲ ကုဗပုံဖြစ်နေတာကိုလည်း အံဩမိပါကြောင်း 🙂
Mr. MarGa
December 11, 2013 at 9:22 am
အလုံးဆိုရင် လိမ့်နေမှာစိုးလို့ ထင်ပါရဲ့ဗျာ…..
Nay Chi
December 11, 2013 at 9:14 am
ပြခန်းပို့စ်ဖတ်ပြီး မောသွားတယ်..။ 😀
ကွန်ဂရက်ကျူလေးရှင်းပါ သူကလေး..။ ပြခန်းအတွက်ရော သတို့သမီးလောင်းလေးအတွက်ရောပေါ့…။
ကဗျာခံစားချက်တွေကိုတော့ တစ်ခါဖတ် တစ်ပုဒ်နှုန်းနဲ့ နောက်ထပ် ၁၂ကြိမ်တိတိဝင်လာဖတ်သွားမည် ဖြစ်ကြောင်း သံချောင်းခေါက်သွားပါရစေ…။ 🙂
Mr. MarGa
December 11, 2013 at 9:19 am
ကဗျာ စုစုပေါင်းက ဆယ့်ခြောက်ပုဒ် ရှိတယ်ဗျ
နောက်ထပ် ၁၅ကြိမ် လာဖတ်လှည့်ပါ 🙂
Mr. MarGa
December 11, 2013 at 9:35 am
ပြခန်း (၁၃) ကို အောင်မြင်စွာ တင်ဆက်လိုက်ပါပြီ…
ကြိုတွေးထားတဲ့ ရက်ထက် တစ်ရက် နောက်ကျသွားပေမယ့်
ဒီရက်စွဲလေးကလည်း အမှတ်တရပါပဲလားဗျာ။
.
11.12.13 မှာ ပြခန်း (၁၃) ကို တင်ဆက်လိုက်ကြောင်း မှတ်တမ်းပြုလိုက်ရပါသည်…. :loll: (ချမ်းသဖြင့် မေးရိုက်နေသည်)
သူကလေး
December 11, 2013 at 12:27 pm
ဒါကမှ ပိုအမှတ်တရပါနော် သကြား
သများကိုကျေးဇူးတင်ချမ်းဘာာ 😀
မဟာရာဇာ အံစာတုံး
December 11, 2013 at 9:39 am
ဆြာသစ်ရဲ့ ကဗျာလေးဖတ်ပြီး
လွမ်းတောင် လွမ်းမိသွားတယ် ….။
ကျန်တဲ့ ကဗျာတွေကလည်း ကဗျာတောမှာ နစ်မြောလို့သွားအောင် ကောင်းလှပါတယ်ဗျာ …
ပြီးခဲ့တဲ့ ပြခန်းက ဆုရသွားတဲ့ ရေပုလင်း ကိုလည်း ကွန်ကလက်ကျူလေးရှင်းပါလို့ …
သန်းကျူး သာဒု …
ဦးကြောင်ကြီး
December 11, 2013 at 10:50 am
သူဂလေး
ဘူဖေး
အူဆေး
ယူပြေး
မူတွေး
ဖြူ ဖွေး
ကြူ မွှေး
လူအေး..။
သူကလေး
December 11, 2013 at 12:28 pm
သူကလေးကို ဘူဖေးတော့လုပ်မစားဘာနဲ့နော် အူးကြောင်
ခင် ခ
December 11, 2013 at 12:34 pm
သူကလေး ရေးချက်ကိုတော့ လက်ခေါက်မှုတ်ပြီးတောင် အားပေးလိုက်ချင်ပါရဲ့ကွယ်။
သူကလေးက ဆုရကဗျာများဆိုပြီး ဒီပိုစ့်ကို ဖတ်ပြီးသကာလ ကျုပ်လည်းအတွေးအကြံတစ်ခုရမိတယ်
” ကျွန်မတို့ကို လအလိုက် ချစ်စရာကောင်းတဲ့ ရာသီအလှဘွဲ့ကဗျာလေးတွေ အမြဲရေးပေး တဲ့ လေးလေးခင်ခရဲ့ ဆုမရ ကဗျာများ ” ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၂ လ တစ်ပတ်လည်ပြည့်သွားရင် ကျုပ်ကဗျာတွေ ပြန်စုစည်းပြီး ပိုစ့်လာတင်အုံးမယ်လို့……..။
အခုဘဲ ဖေဖော်ဝါရီလအတွက်ကဗျာကို မောင်အလင်းဆက်ထံ ပို့လိုက်ပါပြီဗျ။
သူကလေး
December 11, 2013 at 5:19 pm
လေးလေးခင်ခက ဆုမရကဗျာမဟုတ်ပါဘူးနော် ဆုရသွားရင် တခြားကဗျာတွေနဲ့ရောသွားမှာစိုးလို့
ဆုမပေးဘဲ သတ်သတ်ခွဲဖတ်ကြတာနေမှာ
ကဗျာတွေပြန်စုပြီး တင်မယ့် ပို့စ်ကိုလည်း စောင့်ဖတ်နေမယ်နော် 🙂
sorrow weaver
December 11, 2013 at 12:46 pm
အင်တာနက်လိုင်းကလဲ မကောင်းဘူး..မန့်ပါမယ်ဆိုမှ….အဲရိုးရှပ်ကလဲ …မီးပူမလိုက်လာမိဘူး..ဂျော်ဂျီယို.အာမီနီ ဖိနပ်ကလဲ …လိုင်းကားတိုးစီးလာလို့ လူများတက်နင်းသွားတယ်…လစာကလဲတက်ပြန်ပြီ…စိတ်လေပါ့…..GM ရာထူးကလဲ မယူချင်ပါဘူးဆိုမှ …ဒီနေ့နေရတာအဆင်ကိုမပြေဘူး…အာဟိ…
လုံမလေးမွန်မွန်
December 11, 2013 at 3:54 pm
တော်သေးတာပေါ့..ကချင်နုထွားကြီးအကြောင်း မပါလို့..
sorrow weaver
December 11, 2013 at 4:13 pm
ကြွားစိန်လုပ်တာများသွားလို့ …ကျန်ခဲ့တာ….အဟိဟိ….ဒီရွာကကဗျာတွေကြိုက်သဗျ…ကိုယ်တိုင်သာမရေးတတ်တာရယ်…
ပုံ….ကချင်နုထွားကြီး ဆောရိုး …( Audi ကားအနက်ကြီးပေါ်မှ အိုင်ဖုန်း 5S ကို လက်တဖက်ထဲကိုင်ပြီးမန့်တီ ..အဟီးဟီး )
kyeemite
December 11, 2013 at 3:02 pm
ပြခန်း (၁) ကနေ ပြခန်း (၁၂) ထိ ပထမဆုရခဲ့တဲ့ကဗျာလေးတွေကို စုစည်းထားတာလေးတွေပါ။..
အခုလိုစုစည်ပြဖို့အကြံရတာချီးကျူးမိပါတယ်…ကြိုက်လည်းကြိုက်တယ်
Mr. MarGa
December 13, 2013 at 11:48 am
ဦးမိုက်
ကြိုက်ရုံပဲ ကြိုက်မနေနဲ့
ပဟေဠိလေးလဲ ဖြေဦင်္း ဗျ :mrgreenn:
လုံမလေးမွန်မွန်
December 11, 2013 at 3:58 pm
ဟဲ..အဲဒီ သေခန်းပြတ် ဆိုတဲ့ တစ်လုံးနဲ့ လုပ်စားလာတာကြာပြီ.. ဒါမယ့်.. ဘယ်သူကမှလည်း အရေးမစိုက်ကြပေါင်.. ခိခိ…
အခုလို နှစ်ချုပ်ပြခန်းလေး ထူးထူးခြားခြားဖြစ်အောင် ဝိုင်းကြဝန်းကြပါသော ကဗျာချစ်သူများအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း…
အစဉ်အဆက် အားပေးလာကြသော ရွာသူားများကိုလည်း ကျေးဇူးအကြီးကြီးတင်ပါကြောင်း…
(အရင်ပြခန်းတွေဆို ပြခန်းတာဝန်ခံနဲ့ နည်းပညာသဂျားကလွဲလို့ ကျန်တဲ့သူက နှမ်းဖြူးရုံတင်..ဒီပြခန်းကတော့ အကုန်လုံးရဲ့ အင်အားပါတယ်..အမှတ်တရပေါ့..)
ပဟေဠိကိုဖြေနိုင်ရင် အလက်ဆင်းရဲ့ ဒေါ်ဖွားမေကို လက်ဆောင်ပေးပါမယ်..
ခင် ခ
December 11, 2013 at 4:20 pm
မောင်အလင်းဆက်တစ်ယောက် ငိုကိန်းရောက်မှာမို့ ဖြေတော့ဘူး။
alinsett
December 11, 2013 at 5:32 pm
ဒေါ်ဖွားမေကိုတော့ ပေးပါနဲ့ကွယ်
ကျွန်တော့်မှာ ဒါလေးပဲ ရှိတော့တာ
:kwi:
လေးခရေ
ကဗျာလေး ရှိပါတယ်နော်
မေးလ်တော့ပြန်ပို့ထားသေးတယ်
ဒါမယ့် ကျွန်တော့် မေးလ်အကောင့်က ဖုန်းနဲ့ဖွင့် သုံးနေတာ သိပ်အဆင်မပြေ
ပြန်ပို့တဲ့စာတွေ ရောက်ချင်မှ ရောက်တာ
လေးခ တို့ ပို့တဲ့ ကဗျာတွေ ( အဝင် ) က တော့ ရတယ်
ကျေးဇူးပါခင်ဗျ
alinsett
December 18, 2013 at 7:48 pm
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကဗျာပြခန်းလည်း… ရှေ့ဆက်ဖို ့..အားက ခပ်လျော့လျော့ပါလားကွယ်ရို ့….
ရိုးများသွားကြပြီလား….
တိတ်ဆိတ်လွန်းလို ့ပါ…. ။
ကဗျာလေးတွေ..ပေးပို ့ကူညီလာသူတွေ… ရှိလာပြန်တော့….
လာအားပေးသူနည်းနေပါလား..ဗျာ.. ။
———–
စာဖတ်သူ.. ဝင်ရောက်သူတွေရဲ ့ အရေအတွက်ကို…
ပိုစ့်ထဲ.ဝင်ပေးထားတဲ ့..Comment နဲ ့..ကြည့်ပြီး..မဆုံးဖြတ်နိုင်ဘူး….လို ့…
ကိုယ်တိုင် ယူဆ ထားသောကြောင့်…..
အားပေးနေသူတွေ..ရှိနေမယ်..လို ့..တွေးပြီး..
အဲဒီ အတွေးလေးနဲ ့ပဲ…ရှေ့ဆက်ရမှာပေါ့လေ…
အားကတော့ ခပ်လျော့လျော့….။
————-
ဒို ့မြို့သူားတွေဆီကတော့…
အားပေးသွားကြောင်း.. သံချောင်းခေါက်သံလေးတွေ…ကြားချင်မိသား…ဗျာ..
သျှားသက်မာန်
December 19, 2013 at 6:31 pm
ဒီတစ်ခေါက်ကထူးခြားတာလေးတွေ့ရပါတယ်……………..အနှစ်သက်ဆုံးကဗျာတွေကိုရေးသားဖော်ပြချင်းပါပဲ
surmi
December 20, 2013 at 10:10 am
စိတ်မလျော့ပါနဲ့
အနဲဆုံးတော့… ကိုယ်ရေးတာကိုယ်ပြန်ဖတ်လို့ရနေတာပဲ :hee:
alinsett
December 21, 2013 at 7:58 pm
:kwi:
:kwi: