ကဗျာပြခန်း (၁၃) သို့မဟုတ် ကဗျာချစ်သူများအားပြန်လည်ပေးဆပ်ခြင်း

သူကေလးDecember 11, 20131min352530

“လူသား အတွေး” – အတာလွင်

လူသားရဲ့ အတွေး ဆိုတဲ့ ကဗျာ လေး ကို ဖတ် မိ တော့ မှ ပဲ သူ က မေ့ခိုင်း ထား တဲ့ အရာ ကို ကျွန်တော် လူသား တစ်ယောက် ပီပီ မေ့ လျော့နေမှန်း
သွား သတိ ထားလိုက် မိပါ တယ် ။
နေ့စဉ် နှင့် အမျှ သွား နေကြ တာ ပါ ဘဲ ။ သစ်ရွက် တွေ မကြွေတဲ့ နေ့ မရှိ သလို .. လူ သား တွေ ခရီး မသွား တဲ့ နေ့လည်း မရှိ ပါ ဘူး ။

“သွားနှင့်ကြပါ
လိုက်ခဲ့ရမယ်မှန်း သိပေမယ့်
ခဏတော့ မေ့ ထား မယ်” တဲ့ ။

ခဏတာ မေ့ နေတာ လား? သိရဲ့ နဲ့ တမင် မေ့ပစ် ထား ကြတာ လား ။
ဒါမှ မဟုတ် ကိုယ်နဲ့ မဆိုင်ဘူး ထင်လို့ မေ့ ပစ် ထားကြတာ လား ။ ဘယ်လိုပဲ ဖြစ်ဖြစ် လူသား တွေ မေ့လျော့ နေကြပါ တယ် ။

ဒီခရီး အတွက် ဘာ တွေ ပြင်ဆင် ပြီး ပြီ လဲ ဆိုရင် .. မေ့လျော့မှု နဲ့ ဘာ မှ မပြင် ဆင် ကြပါ ဘူး ။ သီချင်း တွေ သီကုံး နားထောင် ကြ မယ် ။ ကဗျာ တွေ
ဖန်ဆင်း မျှဝေကြမယ် ။ စကားလုံး ကြီးကြီး တွေ သုံး လို့ ဟိုအရေး ဒီအရေး ငြင်းခုန် နေကြမယ် ။ မျက်တောင် တစ်ကမ်း ရှေ့ရေး အတွက် ဘဝ အတွေး
အိပ်မက် ထဲမှာ လွင့်မျော နေကြမယ် ။ မေ့ထား ပါတယ် ဆို ကာမှ မေ့ ထား လိုက်တာ ပဲ ပေါ့ ။ အမှန် တော့ ကိုယ်နဲ့ မဆိုင်သလိုလို အထာ ကလေး နဲ့
လျစ်လျူပြု ဥပေက္ခာ ပြုထား တာ ပါ ။

ဘယ်လိုပဲ နေနေ ကိုယ်လုပ်ခဲ့ တဲ့ ကောင်းကျိုးတွေ ဆိုးကျိုး တွေ တွေ ကို ခရီး သွား လက်မှတ် အဖြစ် သုံးပြီ လိုက်ခဲ့ပါ့ မယ် ။ အခု တော့ လူသား ပီပီ
ကျွန်တော် လည်း မေ့ထား ပါဦး မယ် ။
တကယ် ဆို ဒီခရီး လမ်း က ဘာတွေ ယူဆောင်ရမှာ လဲ ။ ဘာတွေ က အကောင်းဆုံး လဲ ။ ယူဆောင်သင့် တဲ့ ခရီးသွား လက်မှတ် က ဘာ တွေ လဲ
သိနေပါရဲ့ .. ကိုယ်လုပ်ချင်တာတွေ ပဲ လုပ်နေ ခဲ့ မိ လို့ ..ကိုယ် လိုချင်တာ တွေ ပဲ ယူဆောင်လာမိ မှာ ပါ ။ သူ လိုချင်တာ မပါ ပေမယ့် ကိုယ်လိုချင်တာ
ကိုတော့…. ယူဆောင်ပြီး …

နောက်က နေ လိုက် လူသား ပီပီ ကျွန်တော် လိုက်လာခဲ့ ပါ့ မယ် ။
ဟုတ်ကဲ့.. သွား နှင့်ကြပါ ။

 

လူသား အတွေး

30 comments

  • alinsett

    December 11, 2013 at 7:44 am

    ကဗျာပြခန်းသမိုင်းတလျှောက်မှာ ဒီပြခန်းကတော့ အထူးခြားဆုံးပါပဲ။

    ဆုရကဗျာတွေဆိုတော့ အကြိုက်ဆုံးတွေထဲက အကြိုက်ဆုံး ကဗျာတွေပေါ့။

    အခုလို စုစည်းလိုက်တော့မှ သတိထားမိတာက. . . .
    ဒီကဗျာတွေ ဟာ တော်တော် အားကြီးနေတာတွေ ့ရတယ်။

    ကဗျာပြခန်းပါ. . . .အားကြီးသွားတယ် ။

    အနုပညာဆိုတာကို ခမ်းနားထည်ဝါစွာ
    တွေ ့လိုက်ရတယ် ။

    ကျွန်တော့်ကဗျာတွေ ပါနေတော့ပြောရတာ သိပ်မကောင်းပေမယ့်. . .ပြောရပါဦးမယ် ။

    ဒီကဗျာတွေ တော်တော်လေးကို ကောင်းနေတယ်(ကျွန်တော့်ကဗျာကို ကျွန်တော် ထည့်မပြောပါဘူး )

    တကယ့် ကဗျာလောက /စာပေအနုပညာလောက မှာ
    တန်းဝင်တဲ့ ကဗျာတွေပါ ။

    ဂဇက်ရဲ့ ကဗျာအဆင့်အတန်း လုံးဝ မနိမ့်ကျပါဘူး ။

    အခုလို ကဗျာကောင်းတွေ ထွက်ပေါ်လာအောင် စုစည်းဖော်ထုတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိတယ် ။

    ကဗျာချစ်သူအဖွဲ ့လေး ဖွဲ့ခဲ့ / လုပ်ဆောင်ခဲ့မိတဲ့အတွက်လည်း အင်မတန် ကျေနပ်အားရ ပီတိဖြစ်မိတယ် ။

    ရှေ ့ဆက်ပြီး ပြခန်းကို ကောင်းသထက်ကောင်းအောင် လုပ်ဆောင်သွားဖို ့ မျှော်လင့်ချက်အပြည့် အားအပြည့် ဖြစ်သွားတယ် ။

    ————
    ကဗျာပြခန်းအတွက် မအားတဲ့ကြားက ကူညီပြီး တင်ဆက်ပေးတဲ့

    သူကလေးရေ ။
    သူကလေးးးးတာဝန်ကျေပါတယ်နော် ။

    ကျေးဇူးပါ ။

    —————-

    ဟို နည်းပညာဆရာဂျီး သဂျားကိုလည်း အထူးကျေးဇူးတင်ပါတယ် ။
    ဒီပြခန်းကို လုပ်ရတာ တော်တော် မောမယ်ဆိုတာ သိသာပါတယ် ။ စာမျက်နှာတွေ အများကြီး . . . စာတွေ အများကြီးကို . . . .တွဲချိတ် ပြင်ဆင်ရတာ. . —————–

    ကဗျာတွေကို ကဗျာချစ်သူတွေရဲ့ ခံစားချက်နဲ့ တွဲ တင်ပြလိုက်တော့ တမျိုးလေးပဲနော် ။

    ကဗျာတွေက အရောင်ပိုတောက်လာသလိုပဲ ။

    ———-

    ညစာစားနေတဲ့ ညတွေ ဆိုတဲ့ကဗျာကိုလည်း . . .
    ကျွန်တော်နဲ ့ တွဲရေးသွားတာ ဘယ်သူလဲဆိုတာ ခန့်မှန်းပေးကြပါဦး ။

    post တင်တုန်းက comment ထဲမှာ ကဗျာ လာဆက်ရေးသွားသူ. . . .
    ကာယကံရှင်ကတော့ . . .တိတ်တိတ်နေရမယ်နော် ။

    :kwi:

    :kwi:

    • သူကလေး

      December 11, 2013 at 12:25 pm

      တာဝန်မကျေရင် နောက်ကလိုက်ရိုက်မှာမှတ်လား အဲ့တော့ ကျေရဒေါ့တာပေါ့အေ

  • KZ

    December 11, 2013 at 8:29 am

    သူကလေးရဲ့ အလုပ်ရှုပ်တာတွေဖတ်ပြီး မောနေချိန်မှာ
    ကဗျာနဲ့ တူတူ ကဗျာခံစားချက်လေးဖတ်လိုက်ရတာ တကယ် အမောပြေသွားတယ်။
    ပုံလေးတွေက ပိုပြီး စိုပြေလာသလိုပဲ။
    ကြိုးစားအားထုတ်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

    • သူကလေး

      December 11, 2013 at 12:26 pm

      သူကလေးကလည်း ကျေးဇူးပါ

  • KZ

    December 11, 2013 at 8:44 am

    သိတယ်။
    သိတယ်။
    အဲဒီ သူက ဒီရွာရဲ့ ရွာသက် အရှည်ဆုံး လူဂျီးးးးး

    😀

    • Mr. MarGa

      December 11, 2013 at 8:49 am

      ပေါထားပါဒယ် ရွာ့ သက်တော်ရှည်ပါ လို့ :mrgreen:
      ဂျီးဒေါ် ဖော်နဲ့နော်

      • KZ

        December 11, 2013 at 9:01 am

        ဒီမှာ မဖော်ပါဘူးးးး
        မုန့်ကျွေးတဲ့သူကိုမှ ပြောပြမှာပါ။
        ဟေးဟေးဟေး

        :mrgreen:

  • surmi

    December 11, 2013 at 9:03 am

    ​အရင်​ဆုံး… ဆုရသွားတဲ့ ​ရေပုလင်​း ကိုဂုဏ်​ပြုပါ​ကြောင်​း…..
    ​ရေပုလင်​းကအလုံးမဟုတ်​ဘဲ ကုဗပုံဖြစ်​​နေတာကိုလည်​း အံဩမိပါ​ကြောင်​း 🙂

    • Mr. MarGa

      December 11, 2013 at 9:22 am

      အလုံးဆိုရင် လိမ့်နေမှာစိုးလို့ ထင်ပါရဲ့ဗျာ…..

  • Nay Chi

    December 11, 2013 at 9:14 am

    ပြခန်းပို့စ်ဖတ်ပြီး မောသွားတယ်..။ 😀
    ကွန်ဂရက်ကျူလေးရှင်းပါ သူကလေး..။ ပြခန်းအတွက်ရော သတို့သမီးလောင်းလေးအတွက်ရောပေါ့…။

    ကဗျာခံစားချက်တွေကိုတော့ တစ်ခါဖတ် တစ်ပုဒ်နှုန်းနဲ့ နောက်ထပ် ၁၂ကြိမ်တိတိဝင်လာဖတ်သွားမည် ဖြစ်ကြောင်း သံချောင်းခေါက်သွားပါရစေ…။ 🙂

    • Mr. MarGa

      December 11, 2013 at 9:19 am

      ကဗျာ စုစုပေါင်းက ဆယ့်ခြောက်ပုဒ် ရှိတယ်ဗျ
      နောက်ထပ် ၁၅ကြိမ် လာဖတ်လှည့်ပါ 🙂

  • Mr. MarGa

    December 11, 2013 at 9:35 am

    ပြခန်း (၁၃) ကို အောင်မြင်စွာ တင်ဆက်လိုက်ပါပြီ…
    ကြိုတွေးထားတဲ့ ရက်ထက် တစ်ရက် နောက်ကျသွားပေမယ့်
    ဒီရက်စွဲလေးကလည်း အမှတ်တရပါပဲလားဗျာ။
    .
    11.12.13 မှာ ပြခန်း (၁၃) ကို တင်ဆက်လိုက်ကြောင်း မှတ်တမ်းပြုလိုက်ရပါသည်…. :loll: (ချမ်းသဖြင့် မေးရိုက်နေသည်)

    • သူကလေး

      December 11, 2013 at 12:27 pm

      ဒါကမှ ပိုအမှတ်တရပါနော် သကြား
      သများကိုကျေးဇူးတင်ချမ်းဘာာ 😀

  • မဟာရာဇာ အံစာတုံး

    December 11, 2013 at 9:39 am

    ဆြာသစ်ရဲ့ ကဗျာလေးဖတ်ပြီး
    လွမ်းတောင် လွမ်းမိသွားတယ် ….။
    ကျန်တဲ့ ကဗျာတွေကလည်း ကဗျာတောမှာ နစ်မြောလို့သွားအောင် ကောင်းလှပါတယ်ဗျာ …
    ပြီးခဲ့တဲ့ ပြခန်းက ဆုရသွားတဲ့ ရေပုလင်း ကိုလည်း ကွန်ကလက်ကျူလေးရှင်းပါလို့ …
    သန်းကျူး သာဒု …

  • ဦးကြောင်ကြီး

    December 11, 2013 at 10:50 am

    သူဂလေး
    ဘူဖေး
    အူဆေး
    ယူပြေး
    မူတွေး
    ဖြူ ဖွေး
    ကြူ မွှေး
    လူအေး..။

  • သူကလေး

    December 11, 2013 at 12:28 pm

    သူကလေးကို ဘူဖေးတော့လုပ်မစားဘာနဲ့နော် အူးကြောင်

  • ခင် ခ

    December 11, 2013 at 12:34 pm

    သူကလေး ရေးချက်ကိုတော့ လက်ခေါက်မှုတ်ပြီးတောင် အားပေးလိုက်ချင်ပါရဲ့ကွယ်။
    သူကလေးက ဆုရကဗျာများဆိုပြီး ဒီပိုစ့်ကို ဖတ်ပြီးသကာလ ကျုပ်လည်းအတွေးအကြံတစ်ခုရမိတယ်
    ” ကျွန်မတို့ကို လအလိုက် ချစ်စရာကောင်းတဲ့ ရာသီအလှဘွဲ့ကဗျာလေးတွေ အမြဲရေးပေး တဲ့ လေးလေးခင်ခရဲ့ ဆုမရ ကဗျာများ ” ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၂ လ တစ်ပတ်လည်ပြည့်သွားရင် ကျုပ်ကဗျာတွေ ပြန်စုစည်းပြီး ပိုစ့်လာတင်အုံးမယ်လို့……..။
    အခုဘဲ ဖေဖော်ဝါရီလအတွက်ကဗျာကို မောင်အလင်းဆက်ထံ ပို့လိုက်ပါပြီဗျ။

    • သူကလေး

      December 11, 2013 at 5:19 pm

      လေးလေးခင်ခက ဆုမရကဗျာမဟုတ်ပါဘူးနော် ဆုရသွားရင် တခြားကဗျာတွေနဲ့ရောသွားမှာစိုးလို့
      ဆုမပေးဘဲ သတ်သတ်ခွဲဖတ်ကြတာနေမှာ
      ကဗျာတွေပြန်စုပြီး တင်မယ့် ပို့စ်ကိုလည်း စောင့်ဖတ်နေမယ်နော် 🙂

  • sorrow weaver

    December 11, 2013 at 12:46 pm

    အင်တာနက်လိုင်းကလဲ မကောင်းဘူး..မန့်ပါမယ်ဆိုမှ….အဲရိုးရှပ်ကလဲ …မီးပူမလိုက်လာမိဘူး..ဂျော်ဂျီယို.အာမီနီ ဖိနပ်ကလဲ …လိုင်းကားတိုးစီးလာလို့ လူများတက်နင်းသွားတယ်…လစာကလဲတက်ပြန်ပြီ…စိတ်လေပါ့…..GM ရာထူးကလဲ မယူချင်ပါဘူးဆိုမှ …ဒီနေ့နေရတာအဆင်ကိုမပြေဘူး…အာဟိ…

      • sorrow weaver

        December 11, 2013 at 4:13 pm

        ကြွားစိန်လုပ်တာများသွားလို့ …ကျန်ခဲ့တာ….အဟိဟိ….ဒီရွာကကဗျာတွေကြိုက်သဗျ…ကိုယ်တိုင်သာမရေးတတ်တာရယ်…
        ပုံ….ကချင်နုထွားကြီး ဆောရိုး …( Audi ကားအနက်ကြီးပေါ်မှ အိုင်ဖုန်း 5S ကို လက်တဖက်ထဲကိုင်ပြီးမန့်တီ ..အဟီးဟီး )

  • kyeemite

    December 11, 2013 at 3:02 pm

    ပြခန်း (၁) ကနေ ပြခန်း (၁၂) ထိ ပထမဆုရခဲ့တဲ့ကဗျာလေးတွေကို စုစည်းထားတာလေးတွေပါ။..
    အခုလိုစုစည်ပြဖို့အကြံရတာချီးကျူးမိပါတယ်…ကြိုက်လည်းကြိုက်တယ်

    • Mr. MarGa

      December 13, 2013 at 11:48 am

      ဦးမိုက်
      ကြိုက်ရုံပဲ ကြိုက်မနေနဲ့
      ပဟေဠိလေးလဲ ဖြေဦင်္း ဗျ :mrgreenn:

  • လုံမလေးမွန်မွန်

    December 11, 2013 at 3:58 pm

    ဟဲ..အဲဒီ သေခန်းပြတ် ဆိုတဲ့ တစ်လုံးနဲ့ လုပ်စားလာတာကြာပြီ.. ဒါမယ့်.. ဘယ်သူကမှလည်း အရေးမစိုက်ကြပေါင်.. ခိခိ…

    အခုလို နှစ်ချုပ်ပြခန်းလေး ထူးထူးခြားခြားဖြစ်အောင် ဝိုင်းကြဝန်းကြပါသော ကဗျာချစ်သူများအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း…
    အစဉ်အဆက် အားပေးလာကြသော ရွာသူားများကိုလည်း ကျေးဇူးအကြီးကြီးတင်ပါကြောင်း…

    (အရင်ပြခန်းတွေဆို ပြခန်းတာဝန်ခံနဲ့ နည်းပညာသဂျားကလွဲလို့ ကျန်တဲ့သူက နှမ်းဖြူးရုံတင်..ဒီပြခန်းကတော့ အကုန်လုံးရဲ့ အင်အားပါတယ်..အမှတ်တရပေါ့..)

    ပဟေဠိကိုဖြေနိုင်ရင် အလက်ဆင်းရဲ့ ဒေါ်ဖွားမေကို လက်ဆောင်ပေးပါမယ်.. :mrgreen:

  • ခင် ခ

    December 11, 2013 at 4:20 pm

    မောင်အလင်းဆက်တစ်ယောက် ငိုကိန်းရောက်မှာမို့ ဖြေတော့ဘူး။

  • alinsett

    December 11, 2013 at 5:32 pm

    ဒေါ်ဖွားမေကိုတော့ ပေးပါနဲ့ကွယ်
    ကျွန်တော့်မှာ ဒါလေးပဲ ရှိတော့တာ

    :kwi:

    လေးခရေ
    ကဗျာလေး ရှိပါတယ်နော်

    မေးလ်တော့ပြန်ပို့ထားသေးတယ်
    ဒါမယ့် ကျွန်တော့် မေးလ်အကောင့်က ဖုန်းနဲ့ဖွင့် သုံးနေတာ သိပ်အဆင်မပြေ
    ပြန်ပို့တဲ့စာတွေ ရောက်ချင်မှ ရောက်တာ

    လေးခ တို့ ပို့တဲ့ ကဗျာတွေ ( အဝင် ) က တော့ ရတယ်

    ကျေးဇူးပါခင်ဗျ

  • alinsett

    December 18, 2013 at 7:48 pm

    အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ကဗျာပြခန်းလည်း… ရှေ့ဆက်ဖို ့..အားက ခပ်လျော့လျော့ပါလားကွယ်ရို ့….

    ရိုးများသွားကြပြီလား….

    တိတ်ဆိတ်လွန်းလို ့ပါ…. ။

    ကဗျာလေးတွေ..ပေးပို ့ကူညီလာသူတွေ… ရှိလာပြန်တော့….
    လာအားပေးသူနည်းနေပါလား..ဗျာ.. ။

    ———–

    စာဖတ်သူ.. ဝင်ရောက်သူတွေရဲ ့ အရေအတွက်ကို…
    ပိုစ့်ထဲ.ဝင်ပေးထားတဲ ့..Comment နဲ ့..ကြည့်ပြီး..မဆုံးဖြတ်နိုင်ဘူး….လို ့…
    ကိုယ်တိုင် ယူဆ ထားသောကြောင့်…..
    အားပေးနေသူတွေ..ရှိနေမယ်..လို ့..တွေးပြီး..
    အဲဒီ အတွေးလေးနဲ ့ပဲ…ရှေ့ဆက်ရမှာပေါ့လေ…

    အားကတော့ ခပ်လျော့လျော့….။

    ————-

    ဒို ့မြို့သူားတွေဆီကတော့…
    အားပေးသွားကြောင်း.. သံချောင်းခေါက်သံလေးတွေ…ကြားချင်မိသား…ဗျာ..

  • သျှားသက်မာန်

    December 19, 2013 at 6:31 pm

    ဒီတစ်ခေါက်ကထူးခြားတာလေးတွေ့ရပါတယ်……………..အနှစ်သက်ဆုံးကဗျာတွေကိုရေးသားဖော်ပြချင်းပါပဲ

  • surmi

    December 20, 2013 at 10:10 am

    စိတ်​မ​လျော့ပါနဲ့
    အနဲဆုံး​တော့… ကိုယ်​​ရေးတာကိုယ်​ပြန်​ဖတ်​လို့ရ​နေတာပဲ :hee:

Leave a Reply