Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခရစ်စမတ် နဲ့ ဒိုဒို။

ဇီဇီDecember 13, 20131min65222

ဒီ နှစ် ကျွတ်ကျဲ ပုံများတော့ လုံးဝ မပြန်နိုင်ဘူးးးး
၂၀၁၂ ဒီဇင်ဘာကပြန်တယ်ဗျာ။
၂၀၁၃ ဒီဇင်ဘာ ထိ ပြန်ဖို့ မဖြစ်နိုင်ဆိုတော့ ၂၀၁၃ တစ်နှစ်လုံး အတွက် မပြန်ရဘူးမှတ်ပေါ့။
အဲတော့လည်း ဘာ အရေးလဲ ကွန်ပြူတာလေးရှေ့ထားပြီး ဒီဇင်ဘာ အလွမ်းလွမ်းတာပေါ့ နော်။
ကိုယ်ရေးသမျှ ကြိုက်ကြိုက် မကြိုက်ကြိုက် ဖတ်တဲ့ ပိတ်သတ်ကြီး ရထားတာပဲ။ဘာမှု စရာ ရှိတုန်းးး

:mrgreen:

 
ဘရန်းကလည်း စိတ်မကြည်တော့ မရန်းနိုင်လို့  ဒီ လို အရေမရ အဖတ်မရတွေပဲ သည်းခံဖတ်ကြနော့။

ပြောဖူးပါတယ်။
အဖွားဘက်က တစ်မျိုးလုံးက ခရစ်ယာန်တွေ။
ဆိုတော့ သူတို့ နေရာမှာလည်း ကိုယ်တွေ ခြေရာချင်းထပ်အောင် ကျင်လည်ဖူးတာပေါ့၊ ဒီဘက် အဖိုးမသိအောင်။
ဒီ ဇင်ဘာဆို ဟိုဘက် အမျိုးတွေ အကုန်တက်ကြွကြပြီ။
တစ်အိမ်နဲ့ တစ်အိမ် ကူးလူးပြီး ၂၅ ရက်နေ့ကို ဘာချက်မတုန်း ဘာလုပ်မတုန်း စုကြဆောင်းကြ မေးကြမြန်းကြပေါ့။
၂၅ ရက် ဆို ခရစ်စမတ်နေ့ အိမ်တိုင်း ခရစ်တော် မွေးနေ့ ကျင်းပကြတာ။
ကျင်းပခွင့်မရှိတဲ့ ကိုယ်တွေ အိမ်ကျ ဘာလုပ်တုန်း သိလားးးး
အင်ကျီ အသစ်ဝယ်ဖို့ ကြိုးပမ်းတယ်။ ဘာဝတ်ရမတုန်း စဉ်းစားတယ်။ အနွေးထည် လှလှ ဆိုချန်ထားတယ်။ ၂၅ ရက်နေ့ကို အသစ်ဝတ်ချင်လို့။  :mrgreenn:
သံတဲ၊ နဲ့ စိန့်ပီတာ တောက်လျှောက်က ကိုယ့် အမျိုးချည်းပဲ။
မနက်စောစော စထွက်ပြီး တစ်အိမ်တက်ဆင်း မုန့်စားတာလေ။ ရှိုးစမိုးနဲ့ ပဲ အပြည့်နဲ့။
တောက်လျှောက် စားသွားပြီး ဘုရားကျောင်းထဲရောက်၊ ကာစင်တွေ ဘုရားကျောင်းတက်တုန်း ဓာတ်ပုံလှည့်ရိုက်။
ပြီးရင် လူပြန်စုပြီး ဘုရားကျောင်း နောက်တစ်ခု ကူးး၊ ဒီလိုနဲ့ အဲဒီ တစ်နေ့ကို ကုန်ရတာ။

မစားနိုင် အိမ်ကို သယ်မယ်နော် ပြောသေးတာ။
အတူနေ အဖိုးအတွက် အကြောင်းပြတောင်းးးး ဒီလိုပဲ ညနေစာပါခိုင်အောင် ကြိုးပမ်းခဲ့တာပေါ့။ ဟိဟိ။  :mrgreenn:

အစား အပါးမဝခင် က ပထမဆုံး အိမ်မှာတင် အဝ စားမိလို့ နောက်အိမ်တွေ ဆက်မစားနိုင်ဘူးလေ။
သူတို့ကလည်း သူတို့ ဆီမှာ အဝစားမှ ကြိုက်တာ။
နောက်တော့လည်သွားပြီ။ လက်ရာကောင်းတဲ့ အိမ်ကို အရင်သွားတယ်။
ဥပမာ မနက်စောစော သွားရရင် မုန့်ဟင်းခါး ကောင်းကောင်းချက်တဲ့ အိမ် အရင် သွားတာ။
အချိုပွဲ ကောင်းတဲ့ အိမ်က နောက်ဆုံးမှ စသည်ဖြင့်ပေါ့။.တစ်နှစ် တစ်နှစ် ရလာတဲ့ အတွေ့အကြုံတွေပေါ့။
ဟိဟိ။  😀
၂၅ ရက် မတိုင်ခင် ဘယ်သူဘာချက်မယ် ဆိုတာလဲ စနည်းနာရသေးတယ်။
များများစားပြီး ဗိုက်မပြည့်အောင်နေရတာ လွယ်တယ်မှတ်လို့။
ဟေးဟေးဟေးးးး

:mrgreen:
လေကြောရှည်နေတာ။ ရေးချင်တာက ဒိုဒို အကြောင်းးးးး
သူများ ဘယ်လိုခေါ်လဲမသိ၊ ကိုယ်တွေက ဒိုဒို မုန့်လို့ ခေါ်တယ်။ မည်းမည်းမုန့်၊ ကောက်ညင်းနဲ့လုပ်တာ။
အရမ်းကြိုက်တယ်။
ခရစ်စမတ်နေ့ဆို အိမ်တိုင်း လိုလို လုပ်တဲ့မုန့်၊
လုပ်တဲ့သူ လက်ရာနဲ့ ပါဝင်ပစ္စည်း အချိုးအဆပေါ်မှာ အရသာကွာတယ်။ ဒါပေမဲ့ ကိုယ်က ကြိုက်တော့လည်း စားကောင်းတာပါပဲ။

အဲဒါ ဒီနှစ်တော့ စားရကံ မမြင်လို့ အလွမ်းပြေ အွန်လိုင်းမှာ လိုက်ရှာတာ။
ဒီ ပုံသွားတွေ့တယ်။

 

 

ဒိုဒို
ဒိုဒို

အဲဒါ လုပ်စားမို့။ လုပ်တတ်တဲ့ သူတွေရှိရင် တခြားလွယ်တဲ့ နည်း ရှိရင် ပေးဦးလို့။
ဟိဟိ။

 

😀

22 comments

  • sorrow weaver

    December 13, 2013 at 2:41 pm

    ကွယ်..ခက်လွန်လွန်းလို့ …ဒိုဒိုးလို့ ခေါ်သဗျ..အဲ့မုန့်က …
    ဒီမှာကများသောအားဖြင့် …ကောက်ညှင်းငချိတ်နဲ့လုပ်ကြသဗျ…
    ကောက်ညှင်းငချိတ်ကို ကြိတ်လိုက်ရော…အဲ့တာကိုမှ ရေထည့် ကြိုလိုက်…
    ကြိုနေတုန်း….ထောပတ် နည်းနည်းချင်းစီထည့်…မွှေ..မွှေတာက အသကုန်မွှေရတယ်…မဟုတ်ရင်ကပ်တယ်…
    သကြားထည့် ..ထပ်မွှေ…ဆားတစ်ပေါက်ထည့် ..ထပ်မွှေ….ကြွက်မြီးတန်းပလားကြည့်….အပျစ်အကြဲကိုကြည့်…
    အသကုန်မွှေ…သံလွင်ဆီနည်းနည်းထပ်ထည့်..အသကုန်မွှေ….ပျစ်ခဲလာပြီလား….ဘန်းထဲထည့်..ကျောက်ကျောလိုမျိုး…အအေးခံလိုက်…ဒါပဲ..ခက်လွန်လွန်းလို့…ဒချိဒချိ…ပုံ..ကချင်နုထွားကြီး…

    • KZ

      December 13, 2013 at 3:12 pm

      အေးးးးး
      ဟုတ်ပြီ။
      အာ့ဆို လုပ်ကြည့်မယ်။
      မရရင် ကချင် နုထွား အသိပဲ။

      😀

  • ဦးကျောက်ခဲ

    December 13, 2013 at 2:56 pm

    ငယ်ငယ်က အခုအချိန်ဆို Carol Singing ထွက်… အိမ်တွေကပေးတဲ့ မုန့်တွေစား…
    ခရစ်စမတ်ဆို ဘုရားကျောင်းက ဘော်ဘော်တွေအိမ် လှည့်ပတ်ပြီး ဝါးတီးပေး…
    အဲ… ဒါပေသည့် ပျဉ်းတွဲတွဲနဲ့မို့ အဲသည့် ဒိုဒိုးမုန့်ကိုတော့ မကြိုက်ဘူး…
    😀

    • KZ

      December 13, 2013 at 3:14 pm

      ကြိုက်တယ်။
      ပျော်တယ်။
      ခုများတော့ ဒီလို ဘဝ အပျော်တွေ ဝေးပါပြီ။

      :hint:

  • Mr. MarGa

    December 13, 2013 at 2:59 pm

    သံတဲ၊ နဲ့ စိန့်ပီတာ တောက်လျှောက်က ကိုယ့် အမျိုးချည်းပဲ။

    အင်း…ဒါဆို
    သံတဲနောက်က ဘုရားကျောင်း တစ်ဝိုက် နဲ့
    စိန့်ပီတာ နောက်ဘက်က ဘုရားကျောင်း တစ်ဝိုက်မှာ
    ခြေရာချင်းထပ်အောင် ကျင်လည်ခဲ့မယ်ထင်ပ…….
    ကတောက်စ် သံတဲ ဆိုတာနဲ့ ကျောင်းကို ပြေးလွမ်းမိတယ်
    လွမ်းချက်…. 🙁

    • KZ

      December 13, 2013 at 3:07 pm

      ဟုတ်တယ်။
      အမှတ် ၉ အမှတ် ၁ဝ တဝိုက်က နာ့ခြေရာတွေချည့်ပဲ။
      ဒိုင်အို နဲ့ စိန့်ပီတာ ။
      ကတောက်! ပြောရင်း လွမ်းတာဟာ။

      🙁

  • မဟာရာဇာ အံစာတုံး

    December 13, 2013 at 2:59 pm

    အော် …
    အစာကျမ်း ကျေပါပေ့ …
    အစားကျမ်းဆိုမှ
    ဘယ်လိုစားရင် ဗိုက်ပြည့်တယ်၊ ဗိုက်မပြည့်ဘူး
    ဘာညာ သာရကာ နေကြာကွာစိ ဆိုပီး
    ကျမ်းတစ်စောင်လောက် ပုစုဘာအုံး

    • KZ

      December 13, 2013 at 3:18 pm

      စိတ်ကူးရှိတယ်။
      ဟိ။
      😀

  • မင်း ခန့် ကျော်

    December 13, 2013 at 3:10 pm

    carol ဒီနေ့ည လာမယ်တဲ့။
    ဧည့် ခံ ကျွေးမွေးရေး အတွက် ရယ်ဒီဖြစ်ပြီ။

    ညီမလေး KZ

    ဘုရားသခင် ကောင်းချီးပေးပါစေ။

    • KZ

      December 13, 2013 at 3:17 pm

      ပေးတဲ့ ဆုနဲ့ ပြည့်ပါရစေ။
      ဟိ ။ မြန်မာလိုပဲ ဆုတောင်းလိုက်ပါ့မယ်။
      ဟုတ်တယ်။
      ညဘက် အဲလို လိုက်ဆိုပြီးမုန့်တွေ လိုက်စားးး
      လိမ္မောသီးတွေ ယူခဲ့။
      အဟင့်!

      :hint:

  • Wow

    December 13, 2013 at 3:49 pm

    တရုတ်ဆိုအီကွေ့ မြန်မာဆို မုန့်ကလားမဲ နဲ့တူတယ်… ဒိုဒိုက :kwi:

  • alinsett

    December 13, 2013 at 5:13 pm

    များးများစားနိုင်တဲ့ နည်း ပြောပြပါမမဂျီး

    :kwi:

  • ဒီတစ်ခါတော့ ထမင်းဆိုင်ပိုင်ရှင်က သူများကိုပြန်မေးရတဲ့အလှည့်ပဲ
    ညီမတော့ မုန့်ဆိုဘာမုန့်မှမလုပ်တတ်ဘူး
    အာ့လဲနားအေးတာပဲ
    😀

  • black chaw

    December 14, 2013 at 7:54 am

    ကျွန်တော့်မှာလည်း ပြောမယ်ဆိုရင်…
    ပြောလို့ရတဲ့ ခရစ္စမတ် ဇာတ်လမ်းလေးတွေ…
    ရှိခဲ့ဘူးပါတယ် ဒေါ်ခိုင်ဇာ…။
    အပေါ်ဆုံးမှာ မန့်ထားတဲ့ ကချင်နုထွားကြီးနဲ့တောင်..ပြောဖြစ်ခဲ့သေးရဲ့..။
    ကချင်စကားလေးတွေတောင် အနည်းငယ်ပြောတတ်ခဲ့သေး…ဟေးဟေး…။
    ကဂျာအီး…၊ ကဒယ်စာနာအီး…၊ ဝါဆာနာယော…စသည်ဖြင့်…။
    စောရအိုင် လည်းပါသေးသပေ့ါ…။
    အော်…ကချင် နဲ့ ဘလက်…၊ ဘလက် နဲ့ ကချင်…
    ရေစက်တွေ ရှိတယ်ထင့်…။
    အခုလည်း ရွာထဲမှာ ကချင်နုထွားကြီးဆိုသူနဲ့ လာဆုံ…။
    ဟင့်အင်း…ဟင့်အင်း…ကချင်ထီးတွေ နဲ့ တော့ မဆုံချင်ဘူး…
    မကြုံချင်ဘူးဗျာ…။
    😀

    • sorrow weaver

      December 14, 2013 at 9:41 am

      ကချင်မတွေကို ကျတစ်မျိုး..ကချင်ထီးတွေကိုကျတော့တစ်မျိုး….ပြောင်းလဲတတ်တဲ့ ဘလက်ကို …တို့ဘယ်လိုမှနားမလည် အာဟိ …

  • Nyo Win

    December 14, 2013 at 10:09 am

    အစားထဲမှာပဲတဝဲလည်လည်ဖြစ်နေတဲ့…ကေဇီရေ…
    အလက်ဆင်းပြောသလိုများများစားနိုင်တဲ့နည်းလေးပြောပြပါအုံး….

  • kyeemite

    December 14, 2013 at 11:59 am

    ခရစ်ယန်အသိုင်းအဝိုင်းနဲ့ မနီးစပ်ခဲ့တော့ ဒိုဒိုး စားဖူးသေးဘူးဂျ
    ဒီနှစ်တော့ ကချင်နုထွားကြီးဆီသွားလည်မှနဲ့တူတယ်
    😀

    • sorrow weaver

      December 14, 2013 at 1:33 pm

      လာလည်ပါဗျာ…ဒိုဒိုးတော့ရှိဘူး..အရက်ပဲရှိတယ်..ဦးမိုက်ရဲ့ …အဟီးဟီး..
      ( ကိုဘလက်ကြီး…အဲ့လူက လူဆိုးကြီးဗျ….အလွတ်ဖဲ့တာ …)

  • ဦးကြောင်ကြီး

    December 14, 2013 at 12:03 pm

    ဒိုဒိုမုန့်
    ဟိုမိုပုံ့
    ယိုစိုတုံ့
    ခိုလိုအုံ့..

  • surmi

    December 14, 2013 at 2:39 pm

    အစာအမြန်​​ကြေနည်​း ​လေး​ပြောပါဗျို့ …

  • TNA

    December 14, 2013 at 4:31 pm

    နာဒို့တော့ အဲဒါကို မုန့်ကုလားမဲခေါ်လိုက်တာပဲ။ ကြိုက်ဖူးအေ့။ ဘယ်လိုစားစားကြိုက်ဖူးရယ်။

  • KZ

    December 15, 2013 at 12:53 pm

    ဝါး/သဲ – ဟုတ်တယ်။ လိုက်မေးကြည့်တော့ မုန့်ကုလားမဲလို့ ခေါ်တယ်တဲ့။
    ဆာ/ညို/ဆက် – များများစားနိုင်ဖို့ များများစားပေးဖို့လိုပါတယ်။ ဟိ။ အစာကြေဖို့က စားပြီး ငြိမ်မနေပါနဲ့။
    ဘလက် – ခရစ်စမတ် ဇာတ်လမ်းတွေ ချန်ခဲ့ပါတယ်ဆို အမှတ်ရအောင် လာဖော်နေပြန်ပြီ။
    မိုက်/သော် – ထိုးမုန့်ဆိုင်တွေမှာ ရောင်းသတဲ့။ ဒီ မုန့်ကို။
    😀

Leave a Reply