လမ်းမှား
သူငယ်ချင်းတို ့
ငါတို ့ခဏနားရအောင်
ရေသောက် အမောဖြေရင်းပေါ ့။
သူငယ်ချင်းတို ့
မင်းတို ့ဝမ်းတွေ ဆာနေတော ့မယ်
ကိုယ်ခန္ဓာလည်း ပင်ပန်းလှပြီ
ငါတို ့ ရိက္ခာပြတ်ခဲ ့တာ နှစ်ရက်ရှိခဲ ့ပြီပဲ။
သူငယ်ချင်းတို ့
ဟိုအထက်မှာ မိုးညို ့နေပြီ
တောင်ကျရေ မဆင်းခင်
ငါတို ့စခန်းကို အရောက်ပြန်နိုင်မှ။
သူငယ်ချင်းတို ့
တောင်ဝှေးတွေဆင် အားတင်းလျှောက်ကြစမ်း
ဒီနေ ့အလွန် မနက်ဖြန်ခါဆို
ငါတို ့တစ်တွေ လွတ်မြောက်တော ့မယ်။
သူငယ်ချင်းတို ့
ငါတို ့တစ်တွေ
သေချာချိန်ဆ
ဒီအပြန်လမ်းကို ရွေးခဲ ့
ဆန် ့ကျင်ဖက်ဆိုတာ
အားလုံးမသိခဲ ့ကြတာတော ့
ထူးဆန်းတယ်။ ။
4 comments
Mr. MarGa
January 18, 2014 at 7:04 pm
သံလိုက်အိမ်မြှောင် ကျန်ခဲ့လို့ နေမှာပါဗျာ 🙂
ဒညင်းဝက်
January 18, 2014 at 8:34 pm
ဆာလောင်မှ ု အငတ်ငတ်အပြတ်ပြတ်နဲ ့…
ကိုယ်….
လဲကျသေဆုံးသွားရင်တောင်….
တချို့တချို ့သက်ရှင်မှုတွေအတွက်…
ကိုယ်က ရိက္ခာ ဖြစ်ချင်သေးတဲ ့လူ…..
(( ဘာရယ်မဟုတ်… ကဗျာလေးဖတ်ပြီး.ကဗျာလို ပြန်တွေးသွားခြင်းရယ်ပါ…. )
:kwi:
သျှားသက်မာန်
January 19, 2014 at 4:57 pm
တစ်မျိုးလေးနဲ့မိုက်ပါတယ်.
kyeemite
January 20, 2014 at 9:29 am
ခရီးသွားကဗျာလေးပေါ့..ကောင်းပါတယ်