Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အာဠာဝက မောင်ဗျာသ – ၁

==========================

ကျောင်းသားလေး မောင်ဗျာသ

တစ်နေ့သ၌ ကျေးတောရွာလေး တစ်ရွာ၏ အနောက်ဘက်တွင် တည်ရှိသော ပျဉ်ထောင် စာသင်ကျောင်းလေး အနီးရှိ စိန်ပန်းပင်ကြီး၏ အရိပ်အောက်တွင် လွယ်အိတ်လေးများအား ကိုယ်စီလွယ်ထားကြသည့် ကျောင်းသားလေး နှစ်ယောက်အား တွေ့ရလေ၏။ တစ်ယောက်သော ကျောင်းသားလေးမှာ ခေါင်းကို ပြောင်နေအောင် တုံးထားပြီး တစ်ယောက်သော ကျောင်းသားလေး မှာမူ မွေးတည်းကပင် ဆံပင် မညှပ်ခဲ့သည့်အလား လူနှင့်မလိုက်အောင်ပင် ၎င်း၏ ဆံပင်တို့မှာ ရှည်လျားနေသည်ကို တွေ့ရလေသည်။

ကျောင်းသားလေး နှစ်ယောက်၏ အနီးတွင် သာကူရောင်းသော အဒေါ်ကြီး တစ်ယောက်လည်း ရှိလေ၏။ ထိုအဒေါ်ကြီးသည် ထန်းလျက်ရည်များနှင့် ကျိုချက်ထားသော အတန်ငယ် ပူလောင်နေသည့် သာကူများအား စတီးပန်းကန်လုံးလေးများ အတွင်းသို့ ခပ်ထည့်ပြီးနောက် ဇွန်းကိုယ်စီတပ်ကာ ကျောင်းသားလေး နှစ်ယောက်အား ပေးလေ၏။ ထိုအခါ ဆံရှည်နှင့် ကလေးမှ ၎င်းအတွက် ပေးသော သာကူပန်းကန်အား လှမ်းယူလိုက်ပြီးနောက် မျက်နှာ ရွှဲ့လိုက်လေ၏။ ပြီးနောက် သာကူသည် အဒေါ်ကြီးအား –

“ဒေါ်အေးမေကြီး ကလည်းဗျာ။ သာကူ တစ်ကျပ်ဖိုးက နည်းတာပေါ့။ ကျုပ်ကို ထပ်ထည့်ပေးဦး”

ဟူ၍ အတွန့်တက်လေသည်။ ထိုအခါ သာကူသည် အဒေါ်ကြီးမှာ ဆံရှည်ကလေးအား “စားပြီးရင် အဆစ် ထပ်မတောင်းနဲ့တော့၊ မရတော့ဘူး” ဟုဆိုကာ သာကူ အနည်းငယ် ထပ်ထည့်ပေးလိုက်လေ၏။

ဆံရှည်ကလေးမှာ သာကူထပ်ထည့်ထားသည့် ပန်းကန်အား ဒေါ်အေးမေကြီးထံမှ လှမ်းယူလိုက်ပြီးနောက် ကတုံးလေးအား တစ်ချက် ကြည့်လိုက်ပြန်၏။ ကတုံးနှင့် ကလေးမှာမူ မည်သို့မျှ ပြောဆိုခြင်း မရှိဘဲ ခေါင်းကိုငုံ့ကာ ၎င်းအတွက် ရရှိသော သာကူပန်းကန်အား အေးဆေးစွာ သောက်နေသည်ကို တွေ့ရလေသည်။

“ဒေါ်အေးမေကြီး၊ ဖိုးကတုံး ထဲလည်း ထပ်ထည့်ပေးလိုက်ဦးဗျ”

ဟူ၍ သာကူသည် အဒေါ်ကြီးအား ဆံရှည်လေးမှ ပြောလိုက်ပြန်လေရာ ဒေါ်အေးမေကြီးလည်း ဖိုးကတုံး ပန်းကန်ကို ယူကာ သာကူ အနည်းငယ် ထပ်၍ ထည့်ပေးလိုက်ပြန်လေ၏။ ဤသို့နှင့် ကတုံးနှင့် ဆံရှည်လေးတို့သည် အရိပ်ကောင်းသော စိန်ပန်းပင်ကြီးအောက်တွင် သာကူ ပူပူများအား လေကလေးဖြင့် မှုတ်ကာ မှုတ်ကာ စားနေလျက် ရှိကြလေတော့၏။

+ + + + + + + + + + + + + + +

“ဟေ့ကောင် … ကတုံး၊ မင်း သာကူ ငါ့ကို ပေးစမ်း”

ကတုံးလေးထက် နှစ်ဆခန့် ထွားကြိုင်းဟန် ရှိသော ကျောင်းသား တစ်ယောက်မှ ကတုံးလေး ထံမှ သာကူပန်းကန်အား တောင်းယူ လိုက်ခြင်း ဖြစ်လေသည်။ ထိုအခါ သာကူသည် အဒေါ်ကြီးမှ …

“ဟဲ့ .. ငထွန်း၊ မင်း သောက်ချင်ရင် ဝယ်သောက်ပါ့လားကွယ့်။ သူများဟာကို အဲ့ဒီလို မလုပ်ရဘူးလေ”

ဟူ၍ ပြောလိုက်လေရာ ငထွန်းဆိုသူ လူထွားလေးမှ …

“ကျုပ်ဟာကျုပ် တောင်းစားချင်လို့ တောင်းစားတာ ခင်ဗျား အရေးလား၊ ဒီမှာ ဒေါ်အေးမေကြီး ခင်ဗျား သာကူ တစ်အိုးလုံး ဝယ်စားလိုက်လို့ ရတယ်ဗျ။ နားလည်လား”

ဟူ၍ ပြန်လည် ပြောဆိုလေရာ ဒေါ်အေးမေကြီးလည်း ငြိမ်နေရတော့၏။ အဘယ်ကြောင့် ဆိုသော် ငထွန်း၏ မိဘဖြစ်သူများမှာ အဆိုပါ ရွာလေးအတွင်းမှ မျက်နှာကြီးများ ဖြစ်ကြသကဲ့သို့ အလွန်မာန်မာနကြီးပြီး ရက်စက်တတ်သူများလည်း ဖြစ်ကြသောကြောင့် ဖြစ်လေ၏။

ကတုံးလေးမှာမူ သာကူပန်းကန်အား ရင့်သီးစွာ လုယူသွားသည့် လူထွားလေးအား မျက်နှာငယ်လေးဖြင့်သာ ကြည့်နေရရှာလေ၏။ ယင်းအခြေအနေအား လွန်စွာ သဘောကျသော မျက်နှာထားဖြင့် လူထွားလေး သည် ကတုံးလေး ထံမှ နိုင်ထက်ကလူ တောင်းယူထားသည့် သာကူပန်းကန်အား သောက်လိုက်လေ၏။ သို့ရာတွင်မူ လူထွားလေး၏ ပါးစပ်အတွင်းသို့ သာကူ မရောက်ခင်မှာပင် ၎င်း၏ ဦးခေါင်းထက်ဆီမှ အသံတစ်သံသည် ထွက်ပေါ်လာလေတော့၏။ ထိုအသံမှာကား “ဖြောင်း …” ဟူသော အသံပင် ဖြစ်ချေတော့၏။

ဗိုလ်ကျသည့် လူထွား ငထွန်း၏ ခေါင်းအား ဆံရှည်လေးမှ နောက်မှနေ၍ လက်ဖြင့် တအားလွှဲကာ ရိုက်ချလိုက်ခြင်း ဖြစ်လေသည်။ ယင်းရိုက်ချက်ကြောင့် လူထွားငထွန်း၏ လက်အတွင်းမှ သာကူပန်းကန်မှာ မျက်နှာနှင့် မိတ်ဆက်မိသား ဖြစ်သွားလေတော့၏။ သာကူများမှာလည်း အတန်ပူလောင်နေသောကြောင့် လူထွားငထွန်းလည်း ၎င်း၏ မျက်နှာအား လက်ဖြင့် အုပ်ကာ “အမေရေ၊ ပူတယ်ဗျ .. ပူတယ်” ဟူ၍ အော်မြည်လေတော့၏။ ယင်းနောက် လူထွားငထွန်းသည် ရွာဆီသို့ ထွက်ပြေးသွားလေတော့၏။

ကတုံးလေးမှာ မိမိအပေါ် ဗိုလ်ကျသည် လူထွားငထွန်း၏ ခံလိုက်ရပုံများအား မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသဖြင့် ဝမ်းသာနေမိလေ၏။ ငထွန်းအား သမ လိုက်သည့် ဆံရှည်လေးအားလည်း လူစွမ်းကောင်းသဖွယ် အထင်ကြီးသော အကြည့်ဖြင့် ကြည့်နေမိလေ၏။

ယင်းနောက် ဆံရှည်လေးမှာ သာကူဖိုး နှစ်ကျပ်ကို ဒေါ်အေးမေကြီးအား ပေးလိုက်ပြီးနောက် ကတုံးလေးအား ခေါ်ဆောင်ကာ ကျောင်းဆီသို့ ထွက်သွားလေတော့၏။ သာကူသည် ဒေါ်အေးမေကြီးမှာမူ မြေကြီးပေါ် လွှင့်ကျသွားသည့် သာကူပန်းကန်အား ကောက်ယူ ဆေးကြောခြင်း၊ မြေကြီးပေါ် ပေကျံနေသည့် သာကူများအား လှဲကျင်းခြင်းတို့ဖြင့် စိန်ပန်းပင်ကြီးအောက်တွင် ကျန်နေရစ်ခဲ့လေတော့၏။

+ + + + + + + + + + + + + + +

မိမိ သူငယ်ချင်းဖြစ်သူ ကတုံးလေးအပေါ်တွင် ဗိုလ်ကျ အနိုင်ကျင့်သည့် လူထွားငထွန်းအား ရိုက်နှက်လိုက်သော ဆံရှည်လေးမှာ ရွာအနောက်ပိုင်းမှ ပဲပြုတ်ရောင်းသည့် ဒေါ်နွေးနွေး၏ တူသား တော်စပ်သူ ဖြစ်လေသည်။ ဆံရှည်လေး၏ မိဘများမှာ ကွယ်လွန်သွားကြပြီ ဖြစ်သည့်အတွက်ကြောင့် ဒေါ်နွေးနွေးမှ နေ၍ ဆံရှည်လေးအား ၎င်း၏ အိမ်တွင် ခေါ်ယူကျွေးမွေးထားခြင်း ဖြစ်လေသည်။

ဒေါ်နွေးနွေး၏ ယောက်ကျားဖြစ်သူမှာ ဦးကျော်ကြီး ဆိုသူ ဖြစ်လေသည်။ ဦးကျော်ကြီးသည် သူတစ်ပါး လယ်ယာများအား အငှားအလုပ်သမား အဖြစ် လိုက်လံလုပ်ကိုင်နေသူ ဖြစ်လေသည်။ ဆံရှည်လေးအား ချစ်ခင်သူလည်း ဖြစ်ပေသည်။ ယင်းအတွက်ကြောင့်ပင် ဆံရှည်လေး၏ အဒေါ်အရင်းဖြစ်သူ ၎င်း၏ ဇနီးမယား ဒေါ်နွေးနွေး၏ အတန်တန် ကန့်ကွက်သည့် ကြားမှပင် ဆံရှည်လေးအား ခေါ်ယူ ကျွေးမွေးထားသကဲ့သို့ အတန်းကျောင်းသို့လည်း တက်ရောက်စေခဲ့လေသည်။ ယင်းကုန်ကျစရိတ်များအား ဦးကျော်ကြီးမှ တာဝန်ယူကာ ပေးထားရခြင်း ဖြစ်လေသည်။ ဒေါ်နွေးနွေးများမှာ တူသား အရင်းခေါက်ခေါက် ဆံရှည်လေး အပေါ်တွင် မသတီသကဲ့သို့ လွန်စွာမှလည်း ခိုင်းစေတတ်လေ၏။

ဆံရှည်လေးမှာမူ ၎င်း၏ အဒေါ်မှ မညှာမတာ ခိုင်းစေသော်လည်း မညည်းမညူ ပြုလုပ်ပေးတတ်လေ၏။ ၎င်းအား ခေါ်ယူကျွေးမွေးကာ ကျောင်းထားပေးထားသည့် ဦးကျော်ကြီး အပေါ်တွင်လည်း လွန်စွာမှ ချစ်ခင်လေ၏။ ၎င်းအားလပ်သည့် အခါများတွင် ဦးကျော်ကြီးနှင့်အတူ ယာခင်းအတွင်း ကူ၍လုပ်ပေးတတ်လေ၏။

ကတုံးလေးနှင့် ဆံရှည်လေးတို့မှာ အိမ်ဝိုင်း တစ်ဝိုင်းထဲတွင် နေထိုင်ကြခြင်း ဖြစ်လေသည်။ ကတုံးလေး၏ မိဘများမှာ ထန်းသမားများ ဖြစ်ကြလေ၏။ သို့ရာတွင် ကိုယ်ပိုင် ထန်းပင်များအား တက်ရောက်ရသည် မဟုတ်ဘဲ၊ သူများထန်းပင်များအား အငှားအနေဖြင့် တက်ရောက်ကာ ထန်းလျက်ကျိုချက်ပေးရခြင်း ဖြစ်လေသည်။ ကတုံးလေးတို့ မိသားစု အငှားတက်ရောက် ပေးရသော ထန်းပင်များမှာ လူထွားငထွန်း၏ မိဘများ ပိုင်ဆိုင်သော ထန်းပင်များသာ ဖြစ်လေသည်။

ထိုကတုံးလေး၏ အမည်ရင်းမှာ မောင်ပု ဖြစ်သော်လည်း အမြဲတစေ ကတုံးဖြင့်သာ ရှိနေတတ်သောကြောင့် ကတုံးဟူ၍ အမည်တွင်နေခြင်း ဖြစ်လေ၏။ ကတုံး မောင်ပု၏ သူငယ်ချင်း ဖြစ်သူ ဆံရှည်လေး၏ အမည်မှာကား မောင်ဗျာသ ဟူ၍ ဖြစ်လေတော့၏။

++++++++++++++++++++++++

By –  မဟာရာဇာ အံစာတုံး

++++++++++++++++++++++++

9 comments

  • မီ မီ

    January 27, 2014 at 10:55 am

    ဟင်​..

    ဘာ​တွေဆက်​ဖြစ်​မှာလဲဟင်​

    ဖတ်​ရတာတိုတို​လေး

    မြန်​မြန်​ဆက်​​ရေး​နော်​

    • မဟာရာဇာ အံစာတုံး

      January 27, 2014 at 12:25 pm

      အကြောင်းမသိသေးဘူး
      မြန်မြန် ဆက်ရေးတဲ့ .. ဟီဟိ
      လဂါး နောက်တာပါ ..
      ရေးထားပါတယ် …
      တစ်ပိုင်းစာ ရရင် ထပ်တင်ပါဦးမယ် …
      ခုလို လာအားပေးတာ ကျေးဇူးကမ္ဘာပါ …

  • kyeemite

    January 27, 2014 at 11:52 am

    လုပ်ပြန်ပြီ..ဆံ့တငံ့ငံ့….တော်တော်ဆိုးတဲ့ ၆ ညက်နှာ 😛

    • မဟာရာဇာ အံစာတုံး

      January 27, 2014 at 12:41 pm

      မဆိုးပါဘူးဗျာ ..
      မယုံယင် မေးကျိဘာ … ငိငိငိ
      :mrgreen:

  • ဦးကျောက်ခဲ

    January 27, 2014 at 1:23 pm

    ခင်ဗျားဒီလိုလုပ်မယ်ဆိုတာသိလို့ မဖတ်ဘူး ၊ မမန့်ဘူး…
    မှတ်ပလား မောင်အံ… ခွိ
    😀

  • TNA

    January 27, 2014 at 7:33 pm

    ခြောက်ညက်နှာ ညန်ညန်တင် မတင်ရင် ညီးလဲ ဆန့်တငင်ငင်ဖြစ်ပါဇီတော် တကတဲ အခုတလော ပိုင်းပိုင်းနိုင်လွန်း 😀

  • padonmar

    January 29, 2014 at 10:58 pm

    အံဆက်တုံး
    ဝဋ်လိုက်တတ်တယ်နော် သတိထား။

  • myat pearl phyu

    January 30, 2014 at 5:23 pm

    ကရီးယားဇာတ်လမ်းတွဲ လောက်တော့ အပိုင်းမများတေးပါပု…
    ဆက်ရေးညော် ….

Leave a Reply