Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တော်ဝင်စင်တာရှေ့ စာအုပ်ရောင်းပွဲ

padonmarFebruary 1, 20142min46012

သူများတွေ Myanmar Event Park က စာအုပ်ပြပွဲသွားတာတွေတွေ့ရပြီး ဝေးလွန်းလို့ မရောက်နိုင်တော့ စာအုပ်သစ်လိုချင်စိတ်တွေ တဖွားဖွားဖြစ်၊ဒါကြောင့် တော်ဝင်စင်တာရှေ့စာအုပ်ပြပွဲမှာ စက်ရုံစာကြည့်တိုက်တွက် အကြောင်းပြပြီး ကိုယ့်တွက်ပါ ဝယ်လိုက်တယ်။ဝါသနာတူရင် ကြွားပါမယ်။

ရွာသူ မျှစ်ကြော်စာအုပ်ဆိုတော့ အားပေးရမှာ အသေအချာ
ရွာသူ မျှစ်ကြော်စာအုပ်ဆိုတော့ အားပေးရမှာ အသေအချာ

ကျော်ညိုသွေးရဲ့ ချောကလက်အက်ဆေးတွေ့ခဲ့တယ်။သူက မျှစ်ကြော်လို ရွာမှာ အခြေမချချင်၊သွေးကြီးတော့ အားမပေးခဲ့ဘူး။အားပေးစေချင် ရွာကို မကြာခဏလာမှ။

Books 002
ငယ်ငယ်တုံးက သူများဆီက ငှားဖတ်ပြီး ကြိုက်ခဲ့တာ၊ခုတော့ အပိုင်ရပြီ။
Books 003
လူထုတိုက်က ဒေါ်ဒေါ်မာရဲ့ စာအုပ်
Books 006
စက်ရုံက ကလေးတွေက ကာတွန်းလေးတွေနဲ့ဆို ကြိုက်ကြမှာ
Books 007
မိန်းကလေးတွေ တွက်အသုံးတဲ့မယ်ထင်
Books 008
၁၀၀ဝ ဖိုး ၄အုပ်၊အပျော်ဖတ်လည်း အဆိပ်မရှိရင် ဖတ်ပျော်ပါတယ်။
Books 009
၁၀၀ဝဖိုး ၃အုပ်မှာ ဗဟုသုတတွေ တလှေကြီးရတယ်။
Books 010
အလုပ်တွက် အသုံးတဲ့မယ်ထင်တာပဲ။

 
တောင်တွင်းကြီး အရှင် ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်လည်းတွေ့ခဲ့တယ်။ မှော်စက်ရောင်ဝတ္ထုဟောင်းတွေလည်း တွေ့ခဲ့တယ်။စိတ်ဝင်စားရင် သွားကြည့်ကြ။ဖေဖော်ဝါရီ ၂ရက်ထိတဲ့။

12 comments

  • ဦးကြောင်ကြီး

    February 1, 2014 at 1:47 am

    ရတနှာဝင်းထိန် စာအုပ် ပြန်ရိုက်တာ ရှိလျင် ဝယ်ထားပေးပါ အာတီဒုံ..။

  • kai

    February 1, 2014 at 7:29 am

    ကိုလိုနီခေတ် မြန်မာ့အတွေးအခေါ်သမိုင်းမှာ အင်မတန်ဆိုးဝါးတဲ့အဖြစ်ကြီး၂ခုရှိတယ်လို့.. ပြောရမယ်..။
    ဒါကို ဗိုလ်ချုပ်အောင်ဆန်းကလည်း.. သိတယ်.။ မြန်မာတွေရဲ့အတွေးခေါ်လွတ်လပ်မှု..။ အသိဉာဏ်ဖွံ့ဖြိုးမှုကို… ပိတ်ပင်လိုက်တဲ့ဖြစ်ရပ်လို့.. ပြောခဲ့ဖူးတယ်လို့.. ဖတ်ဖူးတယ်..။

    လူသေလူဖြစ်ကျမ်းရေးတဲ့.. ရှင်ဥက္ကဋ္ဌရယ်..။ ဘိက္ခူနီသာသနာ့ပဒေသကျမ်းကို ရေးသားခဲ့တဲ့ ရှင်အာဒိ စ္စဝံသရယ်ကို.. အာဏာစက်နဲ့အတင်းကာရောပိတ်ပင်ခဲ့တာပဲ..။
    သူတို့ကျမ်းတွေပြန်လည်ထုတ်ဝေဖြန့်ချိသင့်တယ်..။
    မြန်မာလူငယ်တွေ အဲဒီ ထေရဝါဒနဲ့.. ထေရဝါဒီတွေကြားထဲ.. ပိတ်မိမနေကြပဲ…. စာများများဖတ်သင့်တယ်..။ ကမ္ဘာ့စာပေ..အတွေးအခေါ်..အသံတွေ…ဖတ်ကြားနားထောင်သင့်တယ်..။

    အခုလို.. . လူသေလူဖြစ်ကို.. တရားဝင်ထုတ်ဝေဖြန့်ချိနေတာကြားရတာ.. မင်္ဂလာရှိလှပါကြောင်း… :mrgreen:
    =

    ဆွမ်းစားရင်း

    ဆရာတော်သည် ၁၉၄ရ – ခုနှစ် ဂျွန်လ ထဲလောက်က ရန်ကုန်သို့ရောက်နေကာဗဟန်းဖက်မှ ပြဿဒ်ကျောင်းတွင် ခေတ္တ သီတင်းသုံး၍ နေခဲ့၏ ။ ထိုအချိန်တွင် ကျွန်တော်တို့၏အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်အား တာဝါလိန်းလမ်းရှိ သူ၏ နေအိမ်သို့ပင့်၍ ဆွမ်းကျွေးခဲ့လေသည်။ ဆရာတော် ဆွမ်းဖုန်း ပေးပြီးနောက် ဗိုလ်ချုပ်နှင့် အလ္လာပ သလ္လာပ စကားများ နှီးနှောကြလေသည် ။

    ဗိုလ်ချုပ်၏ ရဲသွေးရဲမာန်

    ဤသို့နှီးနှောကြရာတွင် ဗိုလ်ချုပ်က ဆစ်လူမျိုးဟု ခေါ်သော ပန်ချာပီ လူမျိုးများမှာ တိုက်ပွဲ၌ ကျည်ဆံနောက်ကျောက မှန်ပြီးသေရလျှင်၊ ငရဲသို့လားသည်။ ရှေ့တည့်တည့်မှ ရင်ညွှန့်ကို မှန်ပြီးသေရမှ နတ်ပြည်သို့ ရောက်သည်ဟုအယူရှိကြကြောင်း။ ဂျပန်လူမျိုးများမှာလည်း ထိုနည်းအတိုင်းပင် တိုက်ပွဲ၌ ကျဆုံးလျှင် အသေမြတ်သည် ။ နတ်ပြည်သို့ ရောက်သည်ဟုအယူရှိ ကြကြောင်း ၊ ထို့ကြောင့် တိုက်ရဲ သေရဲ ကြကြောင်း ဤသို့ ယုံကြည်အောင် အယူ ရှိအောင်လည်း ယင်းတို့၏ စာပေများ အဘိဓမ္မာများက အကြောင်း ယုတိ္တ ခိုင်ခိုင်လုံလုံနှင့် ရေးသားပြီး ရဲစိတ် ရဲမာန်များ သွင်းပေးထားကြကြောင်း လျှောက်ထားလေ၏။

    တမျိုးသားလုံးတွက်

    ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းက အလားတူပင် ဗမာတပ်မတော်သားများနှင့် ဗမာတမျိုးသားလုံး အတွက်လည်းမိမိတို့ တိုင်းပြည်နှင့် လူမျိုးအတွေက် တိုက်ပွဲဝင်ကြသည့် အခါတွင် တိုက်ရဲ သေရဲ အသက်စွန့်ရဲအောင် မကြောက်တရားသွင်းပေးသည့် စာပေနှင့် အဘိဓမ္မာများအထူးပင် လိုအပ်နေကြောင်း ၊ ထို့ကြောင့် ထိုစာပေမျိုး အဘိဓမ္မာမျိုးကို ဆရာတော် အနေနှင့် ရေးသားပြုစုပေးနိုင်မည်ဆိုလျှင် အလွန်တန်ဘိုး ရှိမည် ဖြစ်ကြောင်း ဆက်လက် လျှောက်ထားသည်ဟု ဆိုပါသည်။

    လူသေလူဖြစ ်ရွက်ပြ

    ထိုအခါတွင် ဆရာတော်က ရုတ်တရက်ပြန်၍ “ လူသေ လူဖြစ် – လူဖြစ် လူသေ – တိုက် ကြ ဟေ ” ဟု ရွတ်ဆို ပြလိုက်ရာ ဗိုလ်ချုပ်က အတော် သဘောကျ၍ သွားလေသည်။ ဆရာတော်ကလည်း ဆက်လက်၍ လူသေလျှင် လူပြန်ဖြစ်နိုင်သည့် အကြောင်းကို “ ဥပါဒါနပစ္စယဘဝေါ ” ဆိုသည့် အပိုဒ်ဖြင့် ဥပါဒါန်ကြောင့် ဘဝ ဖြစ်ရပုံများကို အကျယ်တဝင့် ရှင်းပြရာ ဗိုလ်ချုပ်က များစွာနှစ်သက် လိုလားသွားသဖြင့် ဆရာတော်အား ရန်ကုန်တွင် ဝါဆို၍ ထိုသဘောတရားကို ကျမ်းတစောင်အဖြစ် အပြီးရေးပေးပါရန် လျှောက် ထားတော့၏ ။ သို့သော် ဆရာတော်ကမူ ရန်ကုန်မှာတော့ ဝါမဆိုလိုကြောင်း ၊ တောင်တွင်းသို့သာ ပြန်၍ ဝါဆိုကာ ကျမ်းကို တဝါတွင်းနှင့် အပြီးရေးပေးမည် ဖြစ်ကြောင်းပြန်လည် မိန့်ကြားခဲ့လေ၏ ။

    ရေးဆဲတွင်

    ပြီးနောက် ဆရာတော်လည်း ဂျွန်လကုန်လောက်တွင် တောင်တွင်းသို့ ဝါဆိုမှီ ပြန်ကြွသွားခဲ့သည်။ တောင်တွင်းသို့ပြန်ရောက်သည့် အချိန်မှ စ၍လည်း ဆရာတော်သည့် ဗိုလ်ချုပ်အလိုရှိနေသော “လူသေ လူဖြစ်” ကျမ်းကို စတင်ရေးသားလေတော့သည်။ သို့သော် မြှော်လင့် သလိုကားမဖြစ်ခဲ့ ၊ မမြှော်လင့် သလိုသာ ဖြစ်ခဲ့ရလေသည် ။ အကြောင်းကတော့ ဂျူလိုင်လ ( ၁၉ ) ရက် နေ့သို့ရောက်သော အခါ၌ မသမာသူတို့က ဗိုလ့်ချုပ်တို့အား လုပ်ကြံလိုက်ကြသောကြောင့် ပေတည်း

    https://www.facebook.com/notes/lu-bo/%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%B9%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%86%E1%80%BC%E1%80%99%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%81%BE%E1%80%80%E1%80%BC%E1%80%81%E1%80%B2%E1%82%94%E1%80%B1%E1%80%9E%E1%80%AC-%E1%80%9E%E1%80%BD%E1%80%BA%E1%80%84%E1%80%B9%E1%80%A5%E1%80%80%E1%81%A0%E1%82%92-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%91%E1%80%BC/409115679123334

  • kyeemite

    February 1, 2014 at 8:52 am

    သဂျီးပြောတဲ့ အကြောင်းအရာကို အခုမှသိတယ်ဗျာ..ကျေးဇူးပါ
    စာအုပ်ရောင်းပွဲတော်ကိုတော့ တော်တော်စိတ်ဝင်စားတယ် အာတီဒုံရေ…
    မနက်ဖန်ရောက်အောင်သွားလိုက်မယ်…ရှင်ဥက္ကဋ္ဌ စာအုပ်တွေလည်းပြန်ဖတ်ချင်မိတယ်..

  • KZ

    February 1, 2014 at 9:31 am

    ပြန်တဲ့အချိန် ဂလို အရောင်းပွဲတော်မျိုး ကြုံချင်လိုက်တာ

  • twitty

    February 1, 2014 at 11:08 am

    ” ရဲဘော်/သော် မသေ သေသော် ငရဲမလား.. ငါတို့ ဦးထိပ်ပန်ဆင်ထား..”

    ဦးနေဝင်းလက်ထက်က စစ်ချီတေး တပုဒ်ပါ..။ ကြိုက်ခဲ့ဘူးတဲ့ သီချင်းတပုဒ်ပါ..။

    တပ်မတော်သားတွေက ဒီလိုမျိုးပြောတာကို ဘယ်သူကမှ အရေးတယူ/အရေးကြီးခွင်ကျယ် ဆန့်ကျင် ငြင်းခုံမနေပါဘူး..။ ဘာလို့လဲဆိုတော့ ဒါက တပ်မတော်သား အစုအဝေးတွေရဲ့ ခံယူချက်သီးသန့်ဖြစ်နေလို့ပါ…။ ရဲစိတ် ရဲမာန် တက်ကြွစေဖို့အတွက် လှုံ့ဆော်မှု ပြုတဲ့ အနေနဲ့ သူတို့ရဲ့ ခံယူချက်ကို ဖေါ်ကျူးထားတာပါ..။

    ဗုဒ္ဓဘာသာ ရဟန်းတော်တပါးက လူသေ လူဖြစ် လို့ ပြောလိုက်တဲ့အခါကြတော့ ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ ယုံကြည်ကိုးကွယ်ရာ အယူဝါဒကို တလွဲပြောလိုက်သလို ဖြစ်သွားတဲ့အတွက် လက်မခံနိုင် ဖြစ်ပြီး ပိတ်ပင်တယ်လို့ပဲ ထင်မိပါတယ်..။

    အယူဝါဒသစ် တခု ထူထောင်လိုသူတွေအနေနဲ့ ဘယ်ဘာသာမျှှ မဝင်ပဲ ဘာသာမဲ့ တယောက်အနေနဲ့ ခံယူပြီးမှ သူများနဲ့ မတူတဲ့ မိမိရဲ့ အယူဝါဒ/ခံယူချက် ကို ဖေါ်ထုတ်တာမျိုးပဲ ဖြစ်သင့်ပါတယ်..။

    ဘာသာတခုခုကိုဝင်ထားပြီးမှ ဒီဘာသာ အယူဝါဒနဲ့ ဆန့်ကျင်ပြီး ပြောနေရင်တော့ ထေရဝါဒ မှ မဟုတ်ပါဘူး..။ ခရစ်ယာန် ဘာသာ ၊ အစ္စလာမ် ဘာသာ တွေ ကြားမှာ ပြောကြည့်လိုက်ပါလား…။ ပိုတောင် ဆိုးသွားနိုင်ပါတယ်…။

    • kai

      February 1, 2014 at 12:48 pm

      အမှတ်မမှားရင်..
      ” ရဲဘော်/သော် မသေ သေသော် ငရဲမလား” က.. တပ်မတော်သားတွေ စစ်တိုက်လူသတ်ရာမှာ.. အင်အားကြီးတရပ်ဖြစ်ခဲ့တယ်..
      အဲဒီအတွေးအခေါ်.. စိတ်ဓါတ်အင်အားမြှင့်တင်ရာမှာ…
      အမှတ်မမှားရင်.. တပ်မတော်ဖခင်.. ဗိုလ်ချုပ်အောင်ဆန်းရဲ့.. စိတ်ဓါတ်အမြုတေကလာတဲ့… “လူသေလူဖြစ်” က လာတာပဲ..။ (အပေါ်က ဖေ့စ်ဘုတ်ဆောင်းပါးရှု့)
      ဘာသာတရားတခုမှာ.. ဘာသာသာသနာကိုကာကွယ်ဖို့.. တိုင်းပြည်ကာကွယ်ဖို့… အင်မတန်အရေးကြီးတဲ့..အတွေးအခေါ်စိတ်ဓါတ်တွေ.. ရှိတယ်..။
      ဒါကို.. လူသေလူဖြစ်က.. ” ချ”ပေးလိုက်တာပဲ..။

      ဆိုတော့…
      ယူအက်စ်ရဲ့ ပရိုတက်စတန်င့် ခရစ်ယန်ဘာသာမှာ.. ချချ်(တိုင်း)က.. ကိုယ့်အယူအဆနဲ့ကိုယ်… ခရစ်ယန်သာသနာအမည်ခံ. ဖာသာ..ပါစတာ တွေ… ဟောချင်သလိုဟောတာပဲ..။ တချို့များ.. ကိုယ့်ကိုယ်ကိုယ် ဂျီးဖက်ခရိုက်ပြန်ထမြောက်တယ်… ကြေငြာတာပဲ..။ တချို့က.. ခွဲထွက်ဝါဒထောင်တာပဲ..။
      ကျန်တဲ့ချချ်တွေက.. ငတို့ဘုံအယူဝါဒကို ထိခိုက်တယ်ဆိုပြီး.. ပြောလို့ရပေမယ့်.. အဓမ္မဝါဒပါဆိုပြီး.. ထောင်ထဲဆွဲသွင်းခွင့်တော့… မရှိပေဘူးဗျ…။
      အဲဒီကနေလွန်ကျူးပြီး… အုပ်စုဖွဲ့အနိုင်ကျင့်သတ်ခွင့်မရှိပေဘူးဗျ..။

      ခရစ်ယန်တွေမှာအင်မတန်ပြဌာန်းစရာ.. ပုဂ္ဂိုလ်တဦးရှိတယ်..
      ဂျီးဇက်ခရိုက်စ်ကိုယ်တော်တိုင်ပဲ…
      အယူမတူလို့ဆိုပြီး… ဘုရင်က..ကားစင်တင်ခဲ့တယ်လေ..။
      ခရစ်တော်လွန်ပြီး.. ရာစုနှစ်တော်တော်များများ.. နောက်ပိုင်း..ဥရောပလည်း.. ဒီလိုပဲ..။ အယူမတူသူတွေကို.. သတ်ပစ်တယ်..။ စုန်းလို့စွတ်စွဲတယ်..။
      မီးရှို့တယ်..။ ကားစင်တင်တယ်…။
      လူရိုင်းတွေအလုပ်ဖြစ်ပါကြောင်း…။

      အခုယဉ်ကျေးလာကြပြီ..
      ယဉ်ကျေးလာတော့.. ဘာဖြစ်လည်း..။ တိုင်းပြည်တိုးတက်တယ်.။ လူနေယဉ်ကျေးမှု..လူနေမှုအဆင့်အတန်းတွေတိုးတက်တယ်..။ လူတွေ(အများစု) စိတ်ချမ်းချမ်းသာသာနဲ့နေကြရတယ်..။ အသက်တွေရှည်ကြတယ်..။

      အဆုံးသတ်ဟာ.. အဆုံးအဖြတ်ပဲ..။
      (မှတ်ချက်။ ။ ကျုပ်အနေနဲ့..လူသေလူဖြစ်ကို (ချုံပြီး) လက်မခံပါ…။ )

      “I do not agree with what you have to say, but I’ll defend to the death your right to say it.”

      ― Voltaire
      =
      “the ends justify the means.”
      – Machiavelli

      • ဦးကြောင်ကြီး

        February 1, 2014 at 1:04 pm

        သဂျီးသေလျင်တော့ ကိုဘေးနွားဖြစ်မှာပါဗျာ.. အဲဒီကြမှ ဂျပန်မွတ်ဆလင်မ ရှာယူပြီး သဂျီးကို ကုရ်ဘာနီ ယဇ်ပူဇော် သတ်စားမယ်..။

  • twitty

    February 1, 2014 at 11:15 am

    ဆောရီးပါ အန်တီဒုံ…

    အန်တီဒုံ ရဲ့ စာအုပ်အရောင်းပွဲတော် ကနေ ပြောစရာ အစ တစ်စ ရသွားသလိုဖြစ်သွားတယ်…။ သူကြီး ကို ငြင်းခုံတာပါ..။ အန်တီ ကို ငြင်းခုံတာ မဟုတ်ဘူးနော်..။

  • padonmar

    February 1, 2014 at 7:09 pm

    ကျမပို့စ်မှာ ငြင်းခုန်တာ လုံးဝ စိတ်မဆိုးတတ်ပါဘူး။(ပွိုင့်တောင်ရသေး)
    လက်ပေါက်ကပ်တဲ့ သဂျီးကို ပြိုင်ငြင်းပေးမယ့် Twitty လိုသူကို လက်ကမ်းကြိုပါတယ်။
    …………………
    -ဒီနေ့ပဲ ပါဠိသင်တန်းမှာ ဆရာက ဇိန စကားလုံး ကနေဆင်းသက်လာတဲ့ ဂျိန်းဘာသာ အကြောင်းပြောရင်း ဂေါတမမြတ်စွာဘုရားနဲ့ ခေတ်ပြိုင် ကိုယ့်ကိုယ်ကိုယ် ဘုရားလို့ သမုတ်တဲ့ ဘုရားကြီး ၆ ဦး၊အဲဒီထဲက နိဂဏ္ဍနာဋပုတ္တရဲ့ အဆက်အနွယ် ဂျိန်းတွေ ခုထိရှိနေသေးတာ ဗဟုသုတ ဆွေးနွေးသွားတယ်။ဘီစီ ၆ရာစုကနေ ခုထိ အိန္ဒိယမှာ အယူဝါဒပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားတယ်တဲ့။
    ကျမ အနေနဲ့တော့ လူသေလူဖြစ် ဆိုတာ လုံးဝ လက်မခံပါဘူး။
    မိုးပြာစာအုပ်တွေလည်း ဖတ်ကြည့်တာပဲ။
    နားမလည်သလို ကြိုက်လည်း မကြိုက်ပါဘူး။
    ဆင်ခြင်နိုင်တဲ့ အတွေးအခေါ်ရှိရင် ဘယ်လမ်းကောင်းတယ်ဆိုတာ ကိုယ့်ဖာသာ ရွေးသွားမှာပဲ။
    မဆင်ခြင်နိုင်တဲ့လူကလည်း ရောက်ချင်ရာရောက်မှာပဲ။ အမှန်ကို အများသိကြဖို့ ကြိုးစားရမှာ အမှန်သိသူတွေရဲ့တာဝန်ပါ။ အယူဝါဒကြောင့်တော့ လူတယောက်ကို ထောင်မချသင့်ဘူးလို့ မြင်ပါတယ်။
    နိုင်ငံရေးသမားတွေကို ထောင်ချတာ အပါပေါ့။
    အင်း..ပြောရင်း လမ်းချော်ကုန်ပြီ။
    တကယ် ကျင့်သုံးကြည့်ရင်တော့ ဘာကောင်းတယ်ဆိုတာ သိမှာပါ။
    …..
    စာဖတ်ရာမှာလည်း ကွမ်းယာနဲ့တူတဲ့ ဝါးပြီး ထွေးပစ်ရတဲ့ အပျော်ဖတ်စာလည်းဖတ်ရမှာပဲ။ကြံရည်လို အရည်မျိုချလို့ရတဲ့ ဂျာနယ်၊မဂ္ဂဇင်းစသည်လည်း ဖတ်ရမှာပဲ။ဖာလူဒါလို အကုန်မျိုချလို့ရတဲ့ တရားစာပေတွေ၊သုတစာပေတွေလည်း ဖတ်ရမှာပဲ။ဖတ်သူဟာ ကိုယ့်ဖာသာ တဖြည်းဖြည်းရင့်ကျက်လာပြီး ရွေးဖတ်သွားပါလိမ့်မယ်။
    စာများများဖတ်ကြဖို့ တိုက်တွန်းပေးကြပါစို့။

  • Ma Ma

    February 2, 2014 at 8:08 pm

    အသိမ်းအဆည်းကောင်းလွန်းလို့ စာအုပ်ဝယ်ရမှာ အင်မတန်စဉ်းစားတယ်။
    ကိုယ်တိုင်မဝယ်ဖြစ်ပဲ ဖတ်ဖြစ်နေတာ အဲဒါတွေကြောင့်…….. 😀
    ငှားဖတ်ဖို့ မှတ်ထားရမယ်။ 🙂

  • weiwei

    February 4, 2014 at 9:49 am

    ဒီနေ့မှ မြင်မိလို့ ၂ ရက်နေ့ ကျော်နေပြီဆိုတော့ သွားလို့မရတော့ဘူးပေါ့ ..

    ဂျူးစာအုပ်အသစ် ဆုံနေရက်နဲ့ လွမ်းလေခြင်း ဖတ်ပြီးပြီလား အန်တီဒုံ ..
    သွားဝယ်တိုင်း ကုန်နေတယ်ချည်းပဲ … တလောက အသိတစ်ယောက်ဆီမှာ တွေ့တာနဲ့ ငှားဖတ်လိုက်ပြီ ..
    ဒီတစ်ခေါက်ဝတ္ထုက ကျွန်မအတွက် ပျင်းစရာကောင်းနေတယ် …

  • ဒညင်းဝက်

    February 4, 2014 at 11:42 am

    ၁၀၀ဝ ဖိုး ၄အုပ်၊အပျော်ဖတ်လည်း အဆိပ်မရှိရင် ဖတ်ပျော်ပါတယ်။

    ကျနော်တော့…
    အဲဒီလို စာအုပ်တွေထဲမှာ.. အဆိပ်တချို ့ တွေ ့ခဲ့ဖူးတယ်. .။
    :kwi:

Leave a Reply