ကဗျာချစ်သူများရဲ့ ကဗျာပြခန်းအမှတ် (၁၅) နှင့် သမိုင်းထဲက ဖေဖော်ဝါရီ
ဖေဖော်ဝါရီ………..
ဆောင်းလ တစ်လမို့ အအေးဓာတ် လွှမ်းခြုံထားတတ်တဲ့ လလေးတစ်လပါပေ။
နှာရည်စိုရွှဲ တပို့တွဲ လို့ ပြောစမှတ်ပြုရတဲ့ လတစ်လ ဆိုပြန်ရင်လဲ မမှား။
ဖေဖော်ဝါရီလ(မြန်မာရာသီအရမူ တပို့တွဲလ) တွင်
မြန်မာ့သမိုင်းအတွက် ကမ္ဗည်းတင်နိုင်သည့် အဖြစ်အပျက်များ ဖြစ်ပွားခဲ့ပါသည်။
လက်လှမ်းမီသလောက် ဖော်ပြရလျှင်……..
ဖေဖော်ဝါရီလ တစ်ဆယ့်နှစ်ရက်နေ့ တွင်
ပြည်မနှင့်တောင်တန်း ပေါင်းစည်းရေးအတွက် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။
ဖေဖော်ဝါရီ တစ်ဆယ့်သုံးကမူ
နိုင်ငံလွပ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သော လွပ်လပ်ရေးဖခင် ဗိုလ်ချုပ်၏ မွေးနေ့ ဖြစ်သည်။
ထို့အပြင်
၁၃၀ဝပြည့် အရေးတော်ပုံတွင်ပါဝင်ခဲ့သော မန္တလေးမြို့မှ အာဇာနည် (၁၇)ဦးသည်လဲ
ဖေဖော်ဝါရီလ အတွင်းတွင် ကျဆုံးခဲ့ကြပါ၏။
(ထိုအရေးတော်ပုံတွင် မန္တလေးမှ သံဃာ (၇)ပါး၊ ကျောင်းသား (၃)ဦးနှင့် အရပ်သား (၇)ဦး ကျဆုံးခဲ့ပါသည်။)
ကျနော့် အမြင်ဖြင့် ဆိုရလျှင်
ဖေဖော်ဝါရီလကို လွပ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့သော လတစ်လအဖြစ် သတ်မှတ်ပေးချင်ပါသည်။
+++++++++++++++++++++++++++++++++++++++++++
ကဗျာပြခန်း အနေဖြင့်
ဖေဖော်ဝါရီလ အတွက် ကဗျာများကို စုစည်းလိုက်ရာတွင်မူ
(၁၇) ပုဒ်တိတိ ရရှိခဲ့ပါသည်။
ထို (၁၇)ပုဒ်အား
- ဆီသည်ရွာစား ဦးအောင်ကြီး
- ခင်ခ
- ကိုပေါက်(မန္တလေး)
- နေခြည်
- ကမ်းဝေး
- အဘရဟူဒီ
- မိဆု
- KZ
- မိုးကုတ်သား
- မဟာမြန်မာ
- ခက်သီ
- ငှက်ငယ်
- စေပိုင်ထွဋ် (ပုသိမ်)
- သူကလေး
- တောက ကိုရင် နှင့်
- ဆန်နီ တို့ ပါဝင်အားဖြည့် ရေးဖွဲ့ထားပါသည်။
ကဗျာပုံများကို အောက်တွင် ကြည့်ရှုနိုင်ပြီး
စာသားများကို ဖတ်ရှုလိုပါက ပုံပေါ်တွင် click တစ်ချက်နှိပ်ကာ သွားရောက်ဖတ်ရှုနိုင်ပါကြောင်း။

















++++++++++++++++++++++++++++++++++++++++
ယခင်လ ကဗျာပြခန်းပါ ကဗျာများနှင့် ရေးသီသူများကို တွဲဖက်ဖော်ပြရပါလျှင်
- အမျက်ဖြေလင်္ကာ / အနန္တသူရိယ အမတ်ကြီး
- ‘ညီမငယ်လေးသို ့….” / တောတွင်းပျော်
- “ကမ္ဘာပြားကြီးအောက် ငုံ့ကြည့်တော့ ကဗျာဆရာကိုတွေ့တယ်” / စေပိုင်ထွဋ်(ပုသိမ်)
- လရောင်ဟောက်ပက်မြို့တော် /ကျော်ဘသစ်
- ခင်ဗျားတို့ပဲ ပြောကြစမ်းပါ /နှင်းသဲဖြု
- “ဇန်နာဝါရီလ ရောက်ပြီမို့´´ / ခင်ခ
- ကောင်မလေးဖတ်ဖို့ အချစ်ကဗျာ / နိုးဝေ
- စွယ်တော်အိမ်မက် / ဈာန်
- “ အဖြူရောင် အလွမ်း” / အရိပ်စစ်
- လေးရက် ဇန်နဝါရီ / ခင်ခ
- ငွေဆောင်နားကရွာကလေး/ ထက်ဝေး
- ၊။။ ကြိုမသိနိုင်တဲ့ ပဟေဠိ ၊။။ /ငှက်ငယ်
- တောင်းဆု / မဟာမြန်မာ
- မေ ဘယ်သို့ စေမှာလဲ… /တောကကိုရင်
- နွေးထွေးစွာ ကြိုဆိုပါမည် / မိုးမင်းသား
ထိုအထဲတွင်မှ
တောတွင်းပျော် ၏ ညီမငယ်လေးသို့… ကဗျာက 186 မဲတွင် 32 မဲဖြင့် ဇန်နဝါရီလ ကဗျာပြခန်း၏ အနှစ်သက်ဆုံး ကဗျာအဖြစ် မှတ်တမ်းဝင်သွားပါကြောင်း ကြေညာအပ်ပါသည်။
++++++++++++++++++++++++++++++++++++++++
ယခုလ ပြခန်းပါ ကဗျာများမှ အကြိုက်ဆုံး ကဗျာသုံးပုဒ်ကို အောက်တွင် မဲပေး ရွေးချယ်နိုင်ပါသည်။
[polldaddy poll=”7788448″]
+++++++++++++++++++++++++++++++++++++++++
ကဗျာပြခန်းသို့ ကဗျာများ ပေးပို့လိုပါက
၁. alinsett.art@gmail.com သို့လည်းကောင်း
၂. facebook ရှိ ကဗျာပြခန်း Page (http://fb.com/mmpoemslovers) သို့ message ပို့၍လည်းကောင်း
ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ကဗျာပြခန်းသို့ ပေးပို့လာသော ကဗျာရှင်များအား ကဗျာချစ်သူများမှ ကျေးဇူး အထူးတင်ရှိပါကြောင်းကိုလည်း ထပ်လောင်း ပြောကြားပါ၏။
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
45 comments
မမချွိ
February 11, 2014 at 6:06 am
Congrats to Ko Taw Twin Pyaw.
I will be back to vote the poems..
😀
မမချွိ
February 11, 2014 at 8:07 am
လာကြပါ ဗုဒ်ကြပါ။
တမီးရဲ့ ရေနွေးဖြစ် ကဘာလေးလည်း ပါပါတယ်။
တမီး ကဘာကို ဗုဒ်ရင် အာဘွားကြီးကြီးပေးပါ့မယ်။
:chit:
ဘယ် ကဘာ ဆိုတာတော့ပြောလို့မရလို့ မပြောနိုင်ပါဘူး။။။
သိချင်ရင် ထမင်း တစ်ဝိုင်းကျွေးရင် ပြောပြပါ့မယ်။။
ခုခိ ခုခိ
😀
မိုက်လိုက်တဲ့ ပလိုမိုးရှင်းကွာ။
:boss:
Mr. MarGa
February 11, 2014 at 9:50 am
တိန်……….
ပလိုမိုးရှင်းကတော့ ချယ်ဘဲ…..
ထမင်းဆိုင်မှာ တစ်ပတ်စာ ဖရီး ဆိုပြီး လုပ်ကြည်ပါလား
မဟာရာဇာ အံစာတုံး
February 11, 2014 at 9:24 am
အဲ့ဒီလို
သမိုင်းဝင်လှတဲ့ ဖေဖော်ဝါရီလမှာ
ငါ ဆိုတဲ့ မဟာရာဇာ ကို မွေးဖွားခဲ့တာကွယ့် ..
ဒါဂျောင့် …
ရိုရိုသေသေ ငါးငါးစားစား ဆက်ဆံဂျ ..
ကျားဂျလား …
Mr. MarGa
February 11, 2014 at 9:52 am
အင်း…
နင့်ကို မွေးခဲ့လို့
ဖေဖော်ဝါရီ သမိုင်းက နည်းနည်း လျော့သွားတာ ဖြစ်ရမယ်…. :mrgreenn:
ခင် ခ
February 11, 2014 at 10:31 am
နှင်းမှုန်ဝေတဲ့ ဆောင်း
ရွက်တွေကြွေတဲ့ နွေ
မစဲနိုင်တဲ့ မိုး
ထိုထိုဥတု သုံးလီပြုကာ
အဖန်ဖန်အလီလီ ကျော်ဖြတ်ခဲ့ပြီ
အခုတော့ငါလည်း အိုလေပြီ။
( အဲဒီလို ကဗျာတိုလေးတွေ ပို့ချင်ပေမယ့် အားနာလျှက်မို့ မန့်ချက်မှာဘဲ ရေးပါရစေ)
Mr. MarGa
February 11, 2014 at 3:59 pm
ဟာဗျာ……
ကဗျာပဲ
တိုတာ ရှည်တာ မခွဲပါဘူးဗျ။
အလောင်းစည်သူ မင်းကြီးတောင် ငါမအိုသေး ဆိုပြီး ကြုံးဝါးနေသေးတာပဲကို 🙂
ဖြူစိုင်း လူ
February 11, 2014 at 10:43 am
ဖေဖော်ဝါရီမို့ သမိုင်းတစ်ကယ်ပဲ ရိုးမယ်ဖွဲ့ကြလေလား
တစ်ချိူ့က မျိုးချစ်မြန်မာများ
တစ်ချို့က ကိုယ့်နံရိုးကိုယ်ချစ်ကြသူများ
ရင်ဘတ်တွေကြည့်တော့ ဟောင်းလောင်းပေါက်ကြီးတွေနဲ့
ကိုယ့်ရင်ကိုယ်ခွဲ ထမင်းတစ်လုပ်အတွက် ရှင်သန်နေသူချင်း
ဘူ ဘူချင်း တစ်တော့လာမလုပ်နဲ့
မင်း လည်ဇလုပ်ပြုတ်သွားမယ်မှတ်။
ဘာ..
မင်းနဲ့ငါ အယူမတူလို့ ငါ မြန်မာမဟုတ်ဘူးတဲ့လား
အဲ့လိုမတူလို့ အယူတွေကွဲကြစတမ်းဆို
ငါ ဒီအနီရောင်ပါတ်စ်ပို့ကြီးကိုကိုင်လို့
တစ်ခြားရေမြေသွားလာနေကတည်းက
ငါဆိုတာ ဘာဆိုတာသိပြီးသားမို့
မြန်မာဆိုနေရာစုံ လိုက်ရှာနေပြီးသား
မင်းဘာဖြစ်ဖြစ်..
မြန်မာဆို လုံလောက်ပြီမှတ်။
တစ်ချို့ကဖြူ
တစ်ချို့ကနီ
တစ်ချို့ကပြာ
တစ်ချို့ကဝါ
အသွေးအရောင်စုံစွာနဲ့
ကိုယ့်မြေကိုယ့်ရေမှာ လွတ်လပ်စွာကွဲပြားနေကြပေမယ့်
တစ်မြေရပ်ခြားမှာတော့
နှစ်ရောင်ပဲရှိတယ်
စိမ်းစိမ်းကားကားနဲ့
နွေးနွေးထွေးထွေးသမား
စကားတွေအတော်လေးများနေလို့
မင်း.. မယုံဘူးထင့်
ဝေးမြေတစ်နေရာရောက်ပါမှ
မင်းမြန်မာလား ဝမ်းသာအားရမေးပါမှ
တွန်းတိုက်ကာထွက်သွားရှာတဲ့
တစ်ချိန်က မြန်မာအိမ်မြှောင်များအတွက်
ကြုံကြိုက်ခဲ့ရင်တော့များ
ဒင်းတို့ပါးသာ ပြေးရိုက်ချင်ရဲ့
ဘာတဲ့
သွေးချင်းမြန်မာများတဲ့။
Mr. MarGa
February 15, 2014 at 8:22 pm
အကြောင်းကြောင်းကြောင့် အကြောင်းကြောင်းကြောင့် လို့သာ နားလည်ခွင့်လွှတ်ပေးလိုက်ပါ ဗျာ……
🙁
မိုက်ကယ်ဂျော်နီအောင်ပု
February 11, 2014 at 11:38 am
. အိမ်ရှေ့ မီးကြိုးတန်းပေါ်မှာ
. ကျလိကျလိစာကလေး ငှက်နှစ်ကောင် ဒချိဒချိနေကြတယ်
. နွေးထွေးယုယတဲ့အချစ်တွေအပြည့်နဲ့
. တစ်ယောက်နှင့်တစ်ယောက် လက်ခြင်းယှက်လို့ ဖြတ်လျှောက်သွားကြတဲ့
. ချစ်သူစုံတွဲတွေက မနည်း
. ပြုုံးနေကြတယ် ပျော်နေကြတယ် ငြိမ်းချမ်းနေတယ်
. သူတို့အားလုံး ဘာမျှမြင်မည်မထင် ( ဘေးကသူကလွဲလို့ )
. အဲ့သည်အခိုက်
. အနံ့ဆိုးဆိုးကိုရှူ ရှိုက်လိုက်မိတယ်
. ဟာ !!!
. ဒါ ငြုပ်သီးလှော်တဲ့အနံ့ဘဲ
. အိမ်ရှေ့အိမ်က အပျိုကြီးတစ်ယောက်ထွက်လာတယ်
. ကျုပ် လူပျိုကြီးအိမ်ဖက်လှည့်ပြီး အော်ပါလေရော
. အိမ်ထောင်းငြုပ်သီးမှုန့်စစ်လေးမှစားခြင်တဲ့
. ဘယ်ဖေ#@မအိမ်က ငြုပ်သီးလှော်နေသလဲဟေးးးးးးး
………..
. ဂဗျာစယာ မိုက်ကယ်ဂျော်နီအောင်ပု
မဟာရာဇာ အံစာတုံး
February 11, 2014 at 12:25 pm
အပိုကြီးတွေရဲ့ အပေါက် (ပါးစပ်ပေါက်) က ရေလည် ကြမ်းတယ် …

ဒါပေမယ့် …
ဘဲငယ်ငယ်လေးတွေနဲ့ တွေ့လို့ကတော့
မခုတ်တတ်တဲ့ ကြောင်မလေး အတိုင်းပဲ …
မျက်လုံးလေး ကလယ် ကလယ်နဲ့ ရှက်သွေးဖြာနေတဲ့ ၁၆ နှစ်သမီး စတိုင်နဲ့ …
အပျိုကြီးတွေဆို ကျော်ကတော့ တောက်ရမ်း အမြင်ကပ်တယ် …
မှတ်ချက် … ရွာထဲက အပျိုကြီးများ မပါ။
TNA
February 11, 2014 at 1:25 pm
ဗုတ်ပြီးပါကြောင်းနှင့် သုံးပုဒ်ကို အတော်ရွေးလိုက်ရပါကြောင်း။ ငါးပုဒ်လောက်ကြိုက်နေလို့။ ကျန်ကဗျာများလဲ လှပပါအိ။ ကဗျာနဲ့တွဲစပ်ထားတဲ့ ပုံလေးတွေကလဲ လိုက်ဖက်ညီလှပပါအိ။ မြတ်နိုးခြင်း ကဗျာကိုတော့ ရင်ထဲအထိဆုံးဖြစ်ပါအိ။
မမချွိ
February 11, 2014 at 1:33 pm
ခွိခွိခွိ။
နာ ဘာမှ ကြောဝူးနော။
ရေစက်ဆိုတာ တွေ့ပလား တဂျားးး :mrgreenn:
:chit:
TNA
February 11, 2014 at 1:56 pm
ဟုတ်ပါ့ ရေစက် ရေစက်။ ဟိုမယ် ဦးအုန်းမြင့်ရေသန့်လှုချင်လို့တဲ့ ရေစက်လာတောင်းနေဒယ်
Mr. MarGa
February 11, 2014 at 1:44 pm
နောက်ဆုံးစာကြောင်းမှ လွဲ၍
ကျန်စာကြောင်းများမှာ
ကျွန်ုပ်အား ချီးကျူးခြင်း ဟု မှတ်ယူပါသည် :mrgreenn:
အဲ.. အဲ့ကဗျာလဲ ပုံလုပ်တာ အနော်ပဲဗျ :mrgreenn:
TNA
February 11, 2014 at 1:59 pm
ဒီတခါပုံတွေ ရိုးရိုးလေးနဲ့ ကွက်တိပဲ။ ကဗျာတွေနဲ့လိုက်တယ်။ ဘဲကင်ကတော့ တကယ်မစားရပဲ နာ့ကို ဒုတ်ခပေးဒယ်။ ပိုက်ပိုက်ထွက်တော့မယ် 😥
Mr. MarGa
February 11, 2014 at 4:14 pm
ဟီးဟီးး
ကဗျာရှင်ကိုသာ မေတ္တာပို့ပါလေ… :mrgreenn:
TNA
February 11, 2014 at 5:13 pm
ဘဲကင် ကဗျာရှင်ကို မှန်းမိဒလိုလိုဘဲ။ :byee:
မမချွိ
February 11, 2014 at 2:23 pm
အဲပုံ ရွေးပေးတာရော
အဲပုံ သုံးချင်တာရောက ဘူဘူတုန်းးး
:boss:
TNA
February 11, 2014 at 5:11 pm
ဘဲကင် ကဗျာရှင်ကို မှန်းမိဒလိုလိုဘဲ။ :byee:
alinsett ( Gazette )
February 11, 2014 at 1:54 pm
ကိုတောတွင်းပျော်…တောတွင်းမှာပဲ..ပျော်နေတယ်ထင်ပါ့…။
ကဗျာဆုလေး ရရှိကြောင်း.. သတင်းပေးဦးမှပါ… ။
—————–
ဒီတစ်ခေါက်.. ကဗျာပြခန်းလေးက…
အမြင်ရော..အဆင်ပါ..အတော်လေး…တောက်ပတာကိုတွေ ့တယ်.. ။
ကြည့်ရ / ခံစားရတာ..အဆင်ပြေတယ် လို ့… ။
အပင်ပန်းခံ ဖန်တီးပေးတဲ ့ကဗျာ အဖွဲ ့ဝင် များကို..ကျေးဇူးတင်လျက်ပါ…လို ့…
:kwi:
Mr. MarGa
February 11, 2014 at 4:23 pm
နောက်တစ်လအတွက် ကြိုတွေးထားပါ…ငွင်းငွင်း.
myat pearl phyu
February 14, 2014 at 1:45 pm
ဗုတ် ပိပိ … အားလုံးကို ကြိုက်ပါဒယ် ..very good poets!
Mr. MarGa
February 15, 2014 at 8:06 pm
ကဗျာတွေလဲ ရှိခဲ့ရင် ပါဝင်ပြသဖို့ ဖိတ်ခေါ်ပါကြောင်း
ပြခန်းမှာ ကဗျာဆရာတွေအတွက် တစ်နေရာ အမြဲချန်ထားပါတယ် လို့ 🙂
မီ မီ
February 16, 2014 at 12:19 pm
ဗုတ် ဗုတ် ဗုတ် 🙂
Mr. MarGa
February 17, 2014 at 9:56 am
ဗုတ်ပြီးရင် ပြခန်းအတွက် ကဗျာပို့ပေးပါဦး ဗျို့
အရိပ်စစ်
February 17, 2014 at 12:36 am
ဒီတစ်ခါ Vote ရတာ ခက်ခက်ခဲခဲပဲဗျိုးးးး
အကြိုက်ဆုံးတွေက များနေလို့..
Mr. MarGa
February 17, 2014 at 9:58 am
အကြိုက်ဆုံးထဲက အကြိုက်ဆုံးကို ရွေးထုတ်ထားတာပေါ့လေ…
ကဗျာပေးဦးဗျ 🙂
ခရီးသည်ကြီး
February 17, 2014 at 9:30 am
ကဗျာတွေအားရစရာပါလားဗျ
ဖြည်းဖြည်းခြင်း ဖတ်ရမယ်
Mr. MarGa
February 17, 2014 at 10:53 am
တစ်လစာ တင်ပေးလိုက်တာဗျို့ 🙂
လုံမလေးမွန်မွန်
February 20, 2014 at 9:35 am
တိန်.. ဖုန်းနဲ့ပေးတဲ့ ကွန်မန့် မတက်ဘူးလား..
တီမီး ကဘာတွေ ရေးဖြစ်ရင် ပို့ပေးလို့ရမားလို့.. အာ့.. အာ့.. လာမေးတာ..
သော်ဇင် (လွိုင်ကော်)
February 21, 2014 at 6:41 pm
သူပုန်ကို Vote လိုက်တယ် ဗျာ
Courage
March 1, 2014 at 9:22 pm
မြတ်နိုးခြင်းကို မြတ်နိုးလိုက်တာ….
kyeemite
March 5, 2014 at 10:10 am
ပြခန်း(၁၅)အဖြေကြေငြာတော့လေဂျာ
ဒီက ဂုဏ်ပုချင်လို့စောင့်နေတာ..
Mr. MarGa
March 5, 2014 at 10:34 am
ကဲ… ကဲ..
ဗုတ်လဲ ပိတ်လိုက်ပြီ ဆိုတော့ ကဗျာပြခန်းရဲ့ အကြိုက်ဆုံးကဗျာလဲ ထွက်လာပြီပေါ့။
ဒီလ အကြိုက်ဆုံးအဖြစ် ဝိုင်းရွေးလိုက်ကြတာကတော့
မြတ်နိုးခြင်း ကဗျာပဲ ဖြစ်ပါတယ် လို့
ရွေးချယ်မှု ၁၉ဝ ထဲကမှ ၃၁ မဲနဲ့ ရရှိသွားပါတယ်…..
အဲ… ကဗျာရေးတဲ့သူလား
ကဗျာရေးတဲ့သူက သူ့နာမည်ကို မပြောပါနဲ့တဲ့ဗျ။
ကဗျာမပီ စာမမည်လို့ ဆိုလား :mrgreenn:
ဆိုတော့ ကဗျာရှင်ရဲ့ တောင်းဆိုချက်အရ ဘယ်သူလဲဆိုတာတော့ မပြောတော့ပါဘူး…..
သဲလွန်စလေးပဲ ပေးလိုက်ပါမယ် (ဝိနည်းလွတ်ပေါ့) :mrgreenn:
ကဗျာရေးသူက…..
ရွာထဲက ထမင်းဆိုင်ပိုင်ရှင်ကြီးပဲ ဖြစ်ပါတယ်ဗျိုးးးးးးးးးးးးးးးးးးးးး
ဂုဏ်ပြုသူတွေကို တစ်လစာ ဖရီးကျွေးမယ် ဆိုလားပဲဗျ။။။
ဟီးးး ပြေးပြီ ဝှစ်
kyeemite
March 5, 2014 at 11:43 am
ဟယ်…တော်..တို့မမချွိ ဂျီးပါလား..တော်ထှာ
ကွန်ဂရက်ကျူလေးရှင်း အကြီးကြီးပါဗျား 😛
မမချွိ
March 5, 2014 at 11:59 am
ကျေးကျေးးး
ခွိခွိခွိ။ :mrgreenn:
ကွကိုယ် ရေနွေးဖြစ် စာတိုလေး တိတ်တိတ်လေးရေးတာပါဆို။
ရစေချင်တဲ့ ကဘာတွေတုန်းကမရဘူးးး
အဲဒီလိုကို လွဲတာ။
😀
kyeemite
March 5, 2014 at 3:10 pm
ကဗျာအကြောင်းသိပ်တော့နားမလည်…ဒါပေမဲ့ ဒီကဗျာလေးကတော့
တိုတိုလေးနဲ့ လေးနက်တဲ့အဓိပ်ပါယ်ဆောင်နေတယ်လို့ထင်မိတယ်….
ထိုက်ထိုက်တန်တန်ရတာပါ ဂျီးဒေါ်ချွိ ရယ်… 😛
မမချွိ
March 6, 2014 at 8:00 am
အာ။
အဲလို ဟိုင်းလိုက် မလုပ်နဲ့လေ။
ရှက်လည်း ရှက်ပါတယ်။
ရှက်လည်းရှက်ပါဘူးးး
ခုခိ ခုခိ :mrgreenn:
ဒီစာစုဖြစ်ဖို့ တွန်းအားဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ် ရယ် ကဗျာပိုင်ရှင်ရယ်ကို ကျေးဇူးတင်ပါကြောင်းးးးး
:chit:
Mr. MarGa
March 7, 2014 at 12:35 pm
အဲဒီကဗျာ နဲ့ ကဗျာပိုင်ရှင်ကို သိချင်မိပါကြောင်းး :mrgreenn:
မမချွိ
March 7, 2014 at 1:03 pm
ပြောပြဘူးးး :mrgreenn:
မမလေး
March 8, 2014 at 1:41 pm
ကူးမယ်ဆို အဆင်ပြေမလား . . . ကြိုက်လို့ပါ . . .
Mr. MarGa
March 8, 2014 at 1:55 pm
ရပါတယ်ဗျာ။ ကူးနိုင်ပါတယ် ပုံရော စာရော.. (source နှင့်တကွ) 🙂
မမလေး
March 10, 2014 at 1:54 pm
ကျေးဇူး အထူး တင်ပါတယ်ရှင့် . . . မတွေ့ရတာကြာပြီ . . . အရင်အတိုင်းပဲမလား ?
Mr. MarGa
March 10, 2014 at 3:22 pm
အရင်လိုပါပဲ……ဖုန်တွေကြားထဲ…
အာပေါက်အောင် ငြင်းဆဲ ရွာသူားများပါ