ဘဝ သမားတစ်ယောက်အတွက် တို့စရာ….။
မျှော်လင့်ရင်းနဲ့ ငါးရှာထွက်ခဲ့
ဒါပေမဲ့….. ငါးမရခဲ့ပါဘူး…။
ရေချိုးပြီးပြန်မလို့ ကြည့်လိုက်တော့ …
ရေတွေလည်း ခန်းခြောက်ပေါ့…..။
သို့သော်…..
ကန်သင်ရိုးနားက ပေါက်နေတဲ့ ကန်စွန်းရွက်လေးတွေကိုတော့ ခူးယူပြန်ခဲ့…။
ဘဝဆိုတာ တစ်ခါတစ်ခါ…ငါးပိရည်တစ်ခွက်အတွက် အတို့အမြုတ်တစ်ပွဲဖြစ်ခဲ့…တယ်။
ဝန်ခံချက်။ ။လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က ချာတိတ်အတွေးနဲ့ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ နည်းနည်းတော့ ပေါတောတောဆန်နေပါလိမ့်မယ်။
6 comments
alinsett ( Gazette )
February 18, 2014 at 7:50 pm
ငါး လည်း မရ
ရေလည်း မချိုးခဲ့ရ ပဲ ပြန်ခဲ့ရတာထက်တော့ ကောင်းတာပေါ့
အတို့အမြုပ်လောက် ဖြစ်ရလည်း ဆိုပါဘူး
Mr. MarGa
February 19, 2014 at 10:45 am
ရေမရှိတဲ့ ချောင်း ဆိုတော့
ငါးမရတာ အပြစ်ဆိုလို့မရပြန်ဘူး
ဆိုတော့
ကန်စွန်းရွက်ကလေးက လိုအပ်ချက်ကလေးကို ဝင် ဖြည့်ရတော့သပေါ့………..
marblecommet
February 19, 2014 at 4:03 pm
ဟိုတစ်နေ့က သွားမျှားတုန်းကတော့
သုံးကောင်တောင်ရတယ်လေဗျာ
ထမင်းဆိုင်ရှင်လည်းတစ်ဝက်စားရတယ်
ကိုယ်တွေလည်း တုတ်ရတယ်……ငိငိ
မဟာရာဇာ အံစာတုံး
February 19, 2014 at 4:55 pm
သူများ စိုက်ထားတဲ့
ကန်စွန်းရွက် မဟုတ်ရင်
ခူးသာ ခူးခဲ့
kyeemite
February 20, 2014 at 11:01 am
ကိုရင်အာဂ ကဗျာလေးဖတ်မိမှ ငယ်ငယ်ကလို ငါးမျှားချင်လာတယ်ဗျာ
myat pearl phyu
February 21, 2014 at 4:40 pm
ပေါတောတောဆန်တယ်လို့တော့ မထင်ပါဘူးချင် …
ဘဝဆိုတာ တစ်ခါတစ်ခါ…ငါးပိရည်တစ်ခွက်အတွက် အတို့အမြုတ်တစ်ပွဲဖြစ်ခဲ့…တယ်။
ဆိုတော့ကာ … သည်ကဗျာမှာ ခံစားချက်လေး တစ်ခုခုတော့ ကျိန်းသေရှိမယ်ထင်ပါရဲ ့ …
ယခင်က ဖီလင်တွေ ယခု ပြန်တိုက်ဆိုင်နေပီရား … ေိခိ