Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျန်းမာကြပါစေ…ချမ်းသာကြပါစေ…

 

” ဝေဒနာကို ဖွင့်ဟကြေငြာ…သီချင်းတစ်ပုဒ်ဆိုမယ်..ဖြစ်ပုံတကယ်ဆန်းကြယ်..ကိုယ့်မှာလေ..ပြန်ကာတွေးလေလေ…”  ဆိုတဲ ့..ကံ့ကော်တောဦးမျိုးအောင်ရဲ ့သီချင်းကို..

ဆိုပြရမလိုဖြစ်နေပြီ..။

ပြောပြချင်မိတာတွေကတော့ အများသားဗျ..။

ဒါပေမယ့်… အကြောင်းအရာတစ်ခုကိုတော့ရင်ဖွင့်မှဖြစ်တော့မှာမို ့… ရင်ဖွင့်လိုက်ပါတယ်..။

ရပ်ကွက်ထဲက..ပြောမနာဆိုမနာလို ခင်ရတဲ ့….သူငယ်ချင်းရဲ ့ ယောက္ခမ.. ဆေးရုံတင်လိုက်ရတယ်..။

ဖြစ်ချင်တော့..ဆေးရုံတင်လိုက်ရတာက..ည ဆယ်နာရီကျော်နေပြီ..။

ကျွန်တော် မသိလိုက်ပါဘူး ။ ကျွန်တော့်ဆီရောက်လာတော့… ဆယ်တစ်နာရီကျော်နေပြီ..။

သွေးလိုလို ့ လိုက်ရှာတာ ဘယ်မှာမှ မရဘူး..တဲ ့။

ကျွန်တော့်သွေးက..ဘီသွေးဖြစ်နေတော့… သူ့ ယောက္မကလည်း..ဘီသွေးမို ့…လိုက်လှူပေးဖို ့ လာခေါ်တယ်..။

သွေးက..ဘယ်နှစ်ပုလင်းလဲလို ့ မေးလိုက်တော့… နှစ်ပုလင်းလို ့..ပြောပါတယ်…။

ကျွန်တော်လည်း..မနေနိုင်တော့…အိမ်ရှေ့က ချာတိတ်လေးကိုပြေးနှိုးမိပြန်ပါတယ်.. ။

အိမ်ရှေ့က ချာတိတ်လေးက…   ကျွန်တော့်ကို မငြင်းဆန်ချင်ပေမယ့်.  ” ကျွန်တော်  မနက် အလုပ်ဆင်းရဦးမှာ “လို ့ပြောပါတယ်..။

“အစ်ကိုလည်း..မနက်ကျရင်. အလုပ်သွားရမှာပါပဲ.. ခဏတော့ လိုက်ခဲ့ပါ..” ဆိုတော့လည်း.. လိုက်ခဲ ့ရှာပါတယ်..။

ကျွန်တော့် သူငယ်ချင်းရဲ ့ယောက္ခမက.. ဆင်းရဲတဲ ့အထဲမှာပါပါတယ်..။

ဘယ်သူမဆို.. ကျန်းကျန်းမာမာနဲ ့ ပျော်ပျော်ရွှင်ရွှင်..နေချင်ကြတဲ ့သူတွေချည်းပါပဲ..။

မတတ်နိုင်လို ့..ဝင်လာတဲ ့ရောဂါကို..ကြိတ်မှိတ်ပြီး..ဆေးမြီးတိုနဲ ့ကု… မရတဲ ့အဆုံး..ဆေးရုံတင်လိုက်ရတယ်..ဆိုပါတော့ဗျာ..။

ပြောချင်တာက…ကျွန်တော်တို ့ကို..ကျွန်တော့်သူငယ်ချင်းက… ဆေးရုံကို..ဆိုက်ကားနဲ့ခေါ်ပါတယ်..။

ဆိုက်ကားဖိုးကုန်ပါတယ်…လမ်းလျှောက်ရင်လည်း.ရောက်တာပဲ..ဆိုပြီး…ပြောပြောဆိုတိုနဲ ့ ခပ်သုတ်သုတ် သွားခဲ ့ပါတယ်.. ။

ဆေးရုံရောက်တော့.. သွေးလှူမယ့်သူက..သွေးပေါင်ချိန်ရပါတယ်..။

လမ်း ခပ်မြန်မြန် လျှောက်ချိန်ကြောင့်..သွေးပေါင်တွေတအားတက်နေလို ့..  လှူလို ့မရသေးဘူးဆိုပြီး.. မိနစ် နှစ်ဆယ်လောက် စောင့်ပြီးမှ..

ပြန်ချိန်ရပါတယ်.. ။

အဲဒီတော့မှ..လှူလို ့ရပြီလို ့ပြောပါတယ်…။

ဒါနဲ ့ သွေးလှူဘဏ် ကို  သွားရပြန်ပါတယ်..။ သွေးလှူဘဏ်လည်းရောက်ရော..ည ဆယ့်နှစ်နာရီထိုးနေပါပြီ..။

အရမ်းအရေးကြီးလို ့… သေမယ့်လူနာဆို..ကျွန်တော်တို ့သွေးလှူမယ့်အဖွဲ ့… အသက်တောင် မှိီမှာမဟုတ်ပါဘူးဗျာ…။

သွေးလှူဘဏ်က..သွေးစစ်ဖို ့..တစ်ယောက်ကို 3900 စီသွင်းရမယ်လို ့..ဆိုပြန်ပါတယ်..။

လူနာရှင်မှာ.. ငွေးကြေးမပြည့်စုံလို ့တောင် .သွေးကို..ဒါန ပြုရအောင် လှုူဖို ့ဆ ုံးဖြတ်ထားတဲ ့လူတွေက.. သွေးစစ်ဖို့ထပ်ပေးရဦးမလားဗျာ…။

သွေးစစ်ဖို ့ ပိုက်ဆံမပါရင်.. ဆရာဝန်လက်မှတ်ရအောင် ယူခဲ ့… တစ်ယောက်ကို အလကားစစ်ပေးမယ်လို ့… သွေးလှူဘဏ်ရဲ ့ အပေါက်ခပ်ဆိုးဆိုးဆရာမတစ်ယောက်က..

အော်ဟစ်ပါတယ်..။

ဒီဆရာမရဲ ့အော်ဟစ်သံကြောင့်  ကျွန်တော်..ဒေါသ ထွက်မိပါတယ်..။

ဒါပေမယ့်…အော်…ငါတို့အလှူတစ်ခုကိုလာလုပ်တာပါလား..ဆိုပြီး.. စိတ်ဖြေခဲ့ရပါတယ်..။

ကျွန်တော့်သူငယ်ချင်းကတော့… ဆရာဝန်လက်မှတ်ပြေးယူ… ..ပိုက်ဆံ 3900 လိုက်ရှာပြီး.. ပြန်လာတဲ ့အချိန်မှာ..ကျွန်တော်တို ့ သွေးက စစ်ပြီးနေပါပြီ..။

သွေးလှူလို ့ရပြီဆိုတဲ ့အဖြေကြောင့်…… ကျွန်တော်နဲ ့..ကျွန်တော်ခေါ်လာတဲ ့ချာတိတ်တို ့..ကုတင်ပေါ်မှာ….သွေးလှူဖို ့..အဆင်သင့်ဖြစ်နေခဲ့ပါပြီ ။

သွေး ထုတ်တာ 6 မိနစ်လောက်ကြာပါတယ်..။

သွေးလှူပြီးတဲ ့သူတိုင်းကို..သွေးလှူတဲ ့ဘဏ်က.. သောက်ဆေးပေးပါတယ်. ။

အရေးပေါ်လူနာတွေအတွက်… သွေးလှူဘဏ်မှာ..သွေးအဆင်သင့်မရှိဘူးတဲ ့ဗျာ..။ ဟားဟား

သွေးလှူဘဏ်မှာ.. သွေးအဆင်သင့်မရှိပေမယ့်… သွေးတစ်ပုလင်းကို..25000 နဲ ့.. လိုအပ်ရင်..ယူလို ့ရတယ်လို့… မျက်မြင်တွေ ့လိုက်ရတော့…

ဘယ်သူ့ကို ဘယ်လို အံ ့ဩရမလဲ…မသိတတ်တော့ပါ…။

ကျွန်တော့်သူငယ်ချင်းက…ခေါင်းတညိတ်ညိတ်နဲ ့ ဖြစ်လို ့…။( ဘယ်ဆေးရုံလဲ..ဆိုတာ..မပြောပြတော့ပါ..)

အိမ်အပြန်လမ်းမှာ…သူငယ်ချင်းက… Shark တစ်ဗူးစီတိုက်ပါတယ်..။

ကျွန်တော်..မငြင်းတော့ပါ…။

နာရီကြည့်လိုက်တော့…ည နှစ်ချက်တီး..ရှိနေပါပြီ…။

ကျွန်တော်နဲ ့..ကျွန်တော်ခေါ်လာတဲ ့ချာတိတ်..နှစ်ယောက်သား…စကားမပြောဖြစ်ပဲ…

လမ်းတလျှောက်..အတွေးတွေ..ဘယ်လောက်ပြည့်နှက်နေမလဲ….ဆိုတာ… အားလုံးသိကြမှာပါလေ…။

ဘာပဲပြောပြော.. ကျွန်တော်တို ့နှစ်ယောက်…ပီတိတွေရော…ဒေါသတွေရော… အံ့ဩမှုတွေရော….

အရသာရှိရှိ..စားသုံးခဲ့ကြပါတယ်….။( အဲဒီညလေးအတွက်ပေါ့…)

 

ချစ်ခြင်းမေတ္တာဖြင့်…

မိုးမင်းသား

25.        2 .  2014 .

 

 

18 comments

  • ပညာရေးနဲ့ကျန်းမာရေးဘတ်ဂျက်တွေသုံးမကုန်လွန်းလို့….????
    ဆေးရုံဆေးခန်းတွေအကြောင်းပြောရရင် မွေးလာတည်းကနေခုချိန်ထိ ကောင်းသတင်းတစ်ခါမှမကြားရသေးပါဘူး။
    နိုင်ငံခြားကားတွေမှာ လူနာရှင်က စိုးရိမ်တကြီးနဲ့ ဆရာဝန်တွေ၊သူနာပြုတွေကိုအော်ဟစ်တာတွေမျိုးဆိုတာတွေက တကယ်လား လုပ်ရိုက်ထားတာတွေလားဟင်။
    ကိုယ့်ဆီမှာတော့ ဆေးရုံရောက်ရင် ခရမ်းရောင်ထမီဝတ်တဲ့သန့်ရှင်းရေးမကအစ ငေါက်နေတာဆိုတော့ကာ… 🙁

    • MAUNG

      February 26, 2014 at 10:55 am

      လုပ်ရိုက် တာမဟုတ်ဘူး တစ်ကယ် ဗျ။ ခဏ ခဏ ကြုံရလွန်း လို့ဆေးရုံ ဆေးခန်းတွေမှာ ဝန်ထမ်း တွေကို abuse မလုပ်ဖို့၊ လုပ်ရင် အရေးယူမယ် ဆိုပြီး စာကပ် ထားရတဲ့ အထိဘဲ ။ အမှန် ကတော့ ဘယ်သူ့ ဘယ်သူ မှမအော် တာ အကောင်းဆုံးဘဲ ။

  • မမချွိ

    February 26, 2014 at 9:53 am

    ကျန်းမာရင် ချမ်းသာမလားးး မသေချာပေမဲ့
    ချမ်းသာမှသာ ကျန်းမာရေးကို စောင့်ရှောက်နိုင်မဲ့ ခေတ်ရောက်ပြီ၊။

  • MAUNG

    February 26, 2014 at 10:40 am

    မွန်မြတ်တဲ့ အလှူ အတွက် သာဓု သုံးကြိမ် လှိုက်လှိုက်လှဲလှဲ ခေါ်ပါတယ် ဗျာ။
    သွေး လိုရင် ခေါ်ပါဆိုတဲ့ fb မှာ share နေတဲ့ စေတနာရှင် တွေရဲ့ ဖုံး နံပါတ်လေးတွေလဲ မှတ်ထားဖို့ လိုမယ်ထင်တယ် ဗျ။

  • Ma Ei

    February 26, 2014 at 12:13 pm

    သွေးလှူချင်ပေမယ့်
    သွေးတိုးတာနဲ့ သွေးထဲမှာ ကိုလက်စထရော များလို့
    ဆေးသောက်နေရတာမို့လှူခွင့်မရ..
    လှူခွင့်ရှိတဲ့ လှူခွင့်ရတဲ့ သူတွေအတွက်
    ဂုဏ်ယူ အားကျမိပါတယ်…

  • ဦးကျောက်ခဲ

    February 26, 2014 at 12:35 pm

    ကျန်းမာကြပါစေ… ချမ်းသာကြပါစေ…
    ငါ့ဆွေ ငါ့သား ငါ့မယား… နာ ဖျား ရောဂါ လွတ်ပါစေ…
    သူများတတွေ သေချင်သေ… တို့တွေ အသက်ရှည်…
    … ဘာမှမဟုတ်ဘူး ၊ ဖတ်ပြီး စိတ်အချဉ်ပေါက်လာလို့…
    😀

  • Foreign Resident

    February 26, 2014 at 1:35 pm

    ကျနော်က ပုံမှန် သွေးလှူ နေကျ သွေးလှူရှင်ပါ ။
    ဖတ်ရသလောက် ဒီ ကိစ္စမှာ အကြမ်းဖျင်း ပြောရမယ် ဆိုလို့ရှိရင် ၊
    သွေးလှူဘဏ် ဘက်က အပြစ် မရှိဘူးလို့ ထင်ပါတယ် ။

    ” သွေးပေါင်တွေတအားတက်နေလို ့.. လှူလို ့မရသေးဘူး ”

    ဒါဟာ စည်းကမ်းပါ လိုက်နာရပါမယ် ။
    သွေးပေါင်တွေ တအားတက်နေ ကျနေတဲ့သူဟာ သွေးလှူခွင့် မရှိပါဘူး ။
    တကယ်လို့ သွေးလှူနေတုန်း ၊ သွေးလှူရှင် တစ်ခုခုဖြစ်သွားရင် ၊
    သွေးလှူတာကို လက်ခံတဲ့သူမှာ အပြစ် ရှိပါမယ် ။ အရေးယူ ခံရပါမယ် ။

    ” သွေးလှူဘဏ်က..သွေးစစ်ဖို ့..တစ်ယောက်ကို 3900 စီသွင်းရမယ် ”
    ” လှုူဖို ့ဆုံးဖြတ်ထားတဲ ့လူတွေက.. သွေးစစ်ဖို့ ထပ်ပေးရဦးမလားဗျာ ”

    သွေးစစ်ဖို့အတွက် Chemical အထောက်အကူ ပစ္စည်းတွေ ၊
    နိုင်ငံတော် က အလုံအလောက် မပေးထားပါဘူး ။
    အဲဒီတော့ သွေးအလှူခံ က ပေးရင်ပေး ၊
    မ ပေးရင်တော့ ၊ သွေးလှူရှင် က ပေးရပါမယ် ။
    သွေးလှူဘဏ် ဝန်ထမ်းကတော့ မစိုက်နိုင်ပါဘူး ။

    ဒါတောင် ၊ ကံ တော်တော်ကောင်းနေလို့ ၊
    သွေးအိတ်ဖိုး နှင့် သွေးပိုက်ဖိုး မတောင်းလိုက်တာ ။
    အမှန်က သွေးအိတ်ဖိုး နှင့် သွေးပိုက်ဖိုး ပါ ထပ်ပေးရမှာ ။

    ” အရေးပေါ်လူနာတွေအတွက်… သွေးလှူဘဏ်မှာ..သွေးအဆင်သင့်မရှိဘူးတဲ ့ဗျာ ”

    သွေးလှူတဲ့သူတွေ နည်းနေလို့များလား ။
    ဒီတစ်ခါ ရန်ကုန်ပြန်ရောက်ရင် မှတ်မှတ်ရရ သွား လှူဦးမှပါဘဲ ။

    ” သွေးတစ်ပုလင်းကို..25000 နဲ ့.. လိုအပ်ရင်..ယူလို ့ရတယ် ”

    သူများနိုင်ငံတွေမှာတော့ တရားဝင် အရောင်းအဝယ် လုပ်လေ့ရှိပါတယ် ။
    မြန်မာနိုင်ငံမှာတော့ ဘယ်လို အခြေအနေ ဖြစ်နေသလဲ မသိရတော့ ။
    ( ဆေးရုံနားမှာ ပိုက်ဆံအတွက် ကိုယ်ထဲက သွေးထုတ်ပေးနေတဲ့သူတွေ အများကြီးပါ )

    ဘာပဲဖြစ်ဖြစ် ၊ မသင်္ကာလို့ ရှိရင် ၊ အထောက်အထား ပြည့်စုံအောင် စုဆောင်းပြီး ၊
    သက်ဆိုင်ရာကို တိုင်ကြားသင့်ပါတယ် ။

  • လုံမလေးမွန်မွန်

    February 26, 2014 at 1:48 pm

    ​တစ်​ခုသိချင်​တာက.. ​သွေးလှူရှင်​​တွေက ​သွေးကို အလကားလှူတယ်​.. အဲဒါကို ​သွေးလှူဘဏ်​မှာသိမ်​းတယ်​.. ဒါဆို လူနာက ပိုက်​ဆံ​ပေးပြီးပြန်​ဝယ်​ရတယ်​ဆို​တော့ ထိန်​းသိမ်​းထားခ ဘတ်​ဂျက်​​ကြောင်​့လား.. လူနာအသက်​ထက်​ ပိုက်​ဆံက အ​ရေးကြီးလား.. ​သွေးလှူဘဏ်​က ​သွေးနဲ့ အရင်​သွင်​းထားပြီး ​နောက်​မှ သုံးလိုက်​တဲ့​သွေးကို အစားပြန်​ထည်​့​ပေးလို့ မရဘူးလား.. ​တွေးကြည်​့တာပါ.

    ​အော်​​နေကြတာပါပဲ.. human right.. human resource .. ြပြီးရင် လူကို တန်​ဖိ​ုးမထားတာလည်​း သူတို့ပဲ ..

    • nicolus agral

      February 28, 2014 at 2:44 pm

      သွေးခံအိတ် ( Donor Bag )
      – သွေးထည့်တဲ့အိတ်ပါ
      – သွေးကြောအပြင်ရေက်သွားရင် သဘာဝအရ သွေးဟာခဲပါတယ်။ အဲလိုမခဲအောင် chemical ထည့်ထားရပါတယ်။
      – Donor Bag တန်ဖိုးက ၆၀၀ဝ ပတ်ဝန်းကျင်ရှိမယ်ထင်တယ်

      ဆေးစစ်ခ
      – ဘီပိုး၊စီပိုး၊HIV၊ငှက်ဖျား၊ကာလသားရောဂါ….အစရှိသဖြင့် သွေးလှူရှင်ကိုစစ်ရပါတယ်
      – ဘီပိုး (HBs Ag) 8500
      – စီပိုး (HCV Ab) 4500
      – HIV 1-2 4500
      – ငှက်ဖျား (MP ICT) 6000
      – ကာလသားရောဂါ (VDRL) 4000
      မန်းလေးက အပြင်ဓာတ်ခွဲခန်းတွေရဲ့ဈေးပါ
      (တချို့လူတွေက အဲဒါတွေ အခမဲ့စစ်ကြည့်ချင်လို့သွေးလာလှူပါတယ်၊နည်းတော့နည်းတယ် ရှိတယ်)

      ဒါတောင်သွေးကအလကားရတာ
      ကိုယ့်သွေးကို ရောင်းစားနေတဲ့သူတွေတပုံကြီးပါ
      Demand and Supply လဲမမျှပါဘူး
      Elective surgery အတွက်သိမ်းထားတဲ့သွေးကို Emergency surgery အတွက်ယူသုံးလိုက်လို့ Elective သမားနောက်ဆုတ်လိုက်ရတာတွေတပုံကြီး
      ဥပမာ ကျောက်ကပ်မှာကျောက်တည်တဲ့လူနာခွဲဖို့စီစဉ်ထားတဲ A သွေးကို ကားတိုက်ခံရတယ့် အရေးပေါ်လူနာအတွက်သုံးလိုက်လို့ ကျောက်ကပ်လူနာကို ခွဲမဲ့ရက် နောက် ၅ ရက် နောက်ဆုတ်လိုက်ရတာမျိုးအဖြစ်တွေ ပုံမှန်ဖြစ်နေကျပါ

  • alinsett ( Gazette )

    February 26, 2014 at 5:57 pm

    မွန်မြတ်တဲ့အလုပ်ကို
    စိတ်ရှင်းရှင်း အမြင်ရှင်းရှင်းနဲ့ စိတ်အနှောက်အယှက် ကင်းတဲ့အချိန် နေရာမှာ လှူခွင့်ရဖို့. . . .

    🙂

  • TNA

    February 26, 2014 at 6:29 pm

    ဒါက ဆေးရုံတင်ထားတဲ့လူနာသွေးလိုတာနော်။ ကျွန်မအသိတယောက်ရဲ့အကိုက ကင်ဆာနောက်ဆုံး အဆင့်။ အရမ်းကိုက်ခဲနေလို့အိမ်မှာဘယ်လိုမှမနေနိုင်တော့လို့ သက်သာအောင် ဆေးရုံတင်ဖို့သွားတာ ရန်ကုန်ဆေးရုံကြီးရော ဂျက်ကာလို့ခေါ်တဲ့ ဂျပန်ဆေးရုံကပါ သူတို့လူနာတွေကို ဆေးရုံတင်ရက်မဟုတ်လို့ဆို ပြီးသေကောင်ပေါင်းလဲလူမမာကိုလက်မခံပါဘူး။ သတ်မှတ်ရက်ရောက်မှဆေးရုံလာပြန်တင်ဖို့ပြောတာခံရပါ တယ်။ ရန်ကုန်ဆေးရုံကြီးက လက်မခံနိုင်ဘူးငြင်းလိုက်လို့ ဂျပန်ဆေးရုံကိုသွားဖို့ဟာကို သူတို့ အရေးပေါ်ကား မသုံးပဲမသွားရဘူးဆိုလို့ လူမမာခဗျာ မိနစ်လေးဆယ်လောက်စောင့်လိုက်ရသေးတယ်။ ဂျပန်ဆေးရုံရောက်တော့လဲလက်ခံရက်မဟုတ်ပြန်လို့ ဆိုတော့ အိမ်ပြန်ရပြန်ရော။ သတ်မှတ်ရက်ကျမှဆေး ့ရုံပြန်တင်လိုက်ရပါတယ်။ ကဲအဲဒါလဲ ဘယ်လိုပြောရင်ကောင်းမလဲဟင်။

  • မိုး မင်းသား

    February 26, 2014 at 7:20 pm

    ဝင်ရောက်ဆွေးနွေးသွားကြတဲ ့သူအားလုံးကိုကျေးဇူးတင်ပါရစေ…..

    မိုးမင်းသားပြောချင်တာက…..ပိုက်ဆံမရှိတဲ ့ဆင်းရဲသားတွေကိုပြောတာပါ….

    ကျွန်တော်ဆို ့လမ်းလျောက်သွားတဲ ့အတွက်….ဆရာဝန်ကလမ်းလျောက်လတာဖြစ်တဲ ့အတွက်

    နှလုံးခုန်မြန်နေပြီးသွေးတတ်နေတာကြောင် ့လှူလို ့မရသေးတာကြောင် ့ခဏနားပြီးမှသွေးပေါင်ပြန်ချိန်တာပါ

    တကယ် ့ကိုအသက်ကယ်ချင်ရင်တော ့သွေးတပုလင်းကို၂၅၀၀ဝကျပ်ဆိုလည်း

    ပေးဝယ်ရမှာပါပဲ……ဒါပေမယ် ့တစ်ရာကို၃ဝတို းနဲ ့အရင်ချေးငှားရမှာဖြစ်ပါတယ်…..

    အတိုးနဲ ့အရင်းကိုတော ့ဆေးရုံကဆင်းတဲ ့အခါကျမှမျက်ပြူးဆံပြာနဲ ့ရှင်းရတော ့မှာပေါ ့

    ဘာလို ့လည်းဆိုတော ့….မရှိတဲ ့ဆင်းရဲသားကချေးငှားထားတာကို…..

    မိုးမင်းသားကဆင်းရဲတဲ ့ရပ်ကွက်မှာနေလို ့ဆေးရုံတတ်ရင်…ဂွမ်းကစ..ဆောင်သွားခိုင်းမိပါတယ်

    ဆေးရုံမှာဂွမ်းကစဝယ်ရလို ့ပါ…….

    ရရက်သားသမီးများ…ကျန်းမာ…ချမ်းသာ….ကြပါစေ….

    ရာဟုလည်းပါတယ်ဆိုတော ့…ရှစ်ရက်ပေါ ့နော ့

    • Foreign Resident

      February 27, 2014 at 8:06 am

      မိုးမင်းသား ရေ ။
      အဘ က မိုးမင်းသား ရဲ့စာကို ကန့်လန့်တိုက်ရေးတာ မဟုတ်ဘူးနော် ။
      အဘ က သွေးလှူနေကျ လူ ဆိုတော့ ၊
      သွေးလှူဘဏ် က လူတွေနှင့်လည်း သိနေတော့ ၊
      သူတို့ရဲ့ ဒုက္ခ အခက်အခဲ တွေကိုလည်း သိနေလို့ပါ ။

      အဓိက အပြစ်တင်ချင်တယ် ဆိုရင်တော့ ၊
      ၁ ။ ကျန်းမာရေး ဘတ်ဂျက်ကို လုံလောက်အောင် ချ မပေးနိုင်တဲ့ ၊
      အစိုးရ ကိုဘဲ အပြစ်တင်ရတော့မှာဘဲ ။
      ၂ ။ ဒါမှမဟုတ်လဲ ဆင်းရဲ မွဲတေလွန်းလှတဲ့ ၊
      တိုင်းပြည်ကြီးကိုဘဲ အပြစ်တင်ရတော့မှာဘဲ ။

      နောက်ပြီး သွေးတစ်ပုလင်းကို 25000 ဆိုတာက ၊
      ပိုက်ဆံအတွက် ကိုယ်ထဲက သွေးထုတ်ရောင်းတဲ့သူတွေ ဆီက ၊
      ဝယ်ရတဲ့ဈေး ထင်ပါတယ် ။

  • Ma Ma

    February 27, 2014 at 7:34 am

    ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ဘူး။
    စိုင်းထီဆိုင်သီချင်းတစ်ပုဒ်ကို သွားသတိရမိတယ်။
    ခေါင်မိုးမလုံကလို့ မိုးရွာတာကို ခံနေကြရတာ ကိုယ့်တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူးးးးး :'(

  • myat pearl phyu

    February 27, 2014 at 5:03 pm

    ရှေးလူဂျီးဒွေ ပြောကြတဲ့ အိုစာ မင်းစာ လေး စုထား ချန်ထား ဆိုဒါလေ …
    အိုလာတဲ့အခါ နာမကျန်းဖြစ်လာရင် ဆေးဖိုးဝါးခဒွေ ရှိမှ …
    မသေခင် အနာရောဂါရလို့ ခွဲခ စိတ်ခ ကုသခ မရှိလို့ကတော့
    အသက်မရှင်နိုင် လက်မှိုင်ချ သေမယ့်နေ့ကို စောင့်ဆိုင်းရမယ့်အဖြစ်ဒွေ ဆိုးလှပါကြောင်း….
    တတ်နိုင်တဲ့သူက တတ်နိုင်တဲ့ဘက်က ကူညီဖေးမကြတာပေါ့လေ…

  • kai

    February 27, 2014 at 6:05 pm

    ဂျပန်မှာတုံးက.. သွေးလှူမယ်ဆိုပြီး.. ကုတင်ပေါ်တက်တာ..သူတို့သွေး ထုတ်တော့.. ဆေးထိုးအပ်ကလေးနဲ့တခုစာ..
    အဲဒါ.. မြန်မာပြည်က.. တပုလင်းဆိုတဲ့..ဟာကြီးတွေနဲ့ယှဉ်မြင်ပြီး.. ရီချင်တာ…

    ဆိုတော့..
    ဘာအလှူဖြစ်ဖြစ်.. ငါ့လက်ကလွတ် ဗြွတ်အလှူမဖြစ်သင့်ပါ..။
    ကိုယ့်သွေးကိုတန်ဖိုးရှိရှိ.. ဖြစ်အောင်လုပ်နိုင်လှူနိုင်ကြပါစေကြောင်း..။ :boss:

  • မိုး မင်းသား

    February 27, 2014 at 6:38 pm

    အဘဖေါရေ…….ကျွန်တော်ဘယ်လိုမှမထင်မိပါဘူးခင်ဗျာ…..

    ဆွေးနွေးသွားတာကိုကကျေးဇူးတင်စရာကောင်းနေပါပြီ။

    ကျွန်တော်ကြူံခဲ ့တာလေးပြောပြပါရစေ….ဆေးရုံကဝန်ထမ်းတွေ..လူနာကဆေးရုံပေါက်ရောက်တာနဲ ့လှည်းပေါ်တင်ပြီးward..ထဲကိုတင်သွားပါတော ့တယ်…

    ငါးယောက်လောက်ဝိုင်းတွန်းပေးပြီး….ကုတင်ပေါ်တင်ပေးပြီးမှပြန်ပါတယ်

    ဒါကိုတွန်းလှည်းခပေးပါဆိုပြီးတောင်းပါတယ်…..ပိုက်ဆံတတ်နိူင်ရင်တမျိူးပေါ ့ဗျာ

    တစ်ထောင်တန်တစ်ရွက်ထုတ်ပေးမိပါတယ်….လူကငါးယောက်တောင်တစ်ထောင်နဲ ့ဘာလုပ်လို ့ရမှာ

    တုန်းနောက်တစ်ထောင်ထပ်ပေးပါလို ့ပြောတော ့ပေးလိုက်ရသေးတာကို……

    မိုးမင်းသားကတွေ ့လိုက်ကြားလိုက်မိပြန်ပါတယ်…….

    မိုးမင်းသားဆုတောင်းပေးတာမမှားပါဘူးနော်….အဘဖေါ

    မြတ်ပုလဲဖြူနဲ ့သူကြီးကိုလည်းကျေးဇူးတင်ပါတယ်

    အန်တီမမရေ….ဒီသီချင်းလေးကိုနှစ်သက်မိတာအမှန်ပါ….ကျေးကျေးပါခင်ဗျ

    အားလုံးကို

    ချစ်ခြင်းမေတ္တာဖြင် ့

    မိုးမင်းသား

  • Crystalline

    March 2, 2014 at 2:24 pm

    သက်ပြင်းပဲချမိတယ်… :((

Leave a Reply