ဆလွန်းကားဖြင့်သာ အမှိုက်ပစ်သူ
မွန်းပိုအမ်တစ်ယောက် အရင်တစ်ပတ်ကမှ ဝယ်လာသော လန်ခရူဇာ ကားကို စီးလာပြီး အိမ်ရှိရာ သူဌေးများလမ်းထဲသို ့ကွေ ့ဝင်လိုက်သည်။ဟွန်းတီးလိုက်သည်နှင့် တံခါးတွင် တပ်ဆင်ထားသော
လျှို ့ဝှက် ကင်မရာက စကန်န်ဖတ်လိုက်ပြီး တံခါးပွင့်သွားသည်။
ဖေဖေနှင့်မေမေသည် မနှစ်က ဂျပန်မှဝယ်လာသော ရိုဘော့စက်ရုပ်နှစ်ယောက်အနက် တစ်ယောက်ကို အအေးဖျော်ခိုင်းလိုက်ပြီး တစ်ယောက်ကိုတော့ ကျွန်မအထုပ်များကို ကူပြီး သယ်စေသည်။
အအေးသောက်ပြီး ကျွန်မအခန်းထဲသို ့ဝင်ပြီး အနားယူနေလိုက်သည်။မိသားစု သီးသန် ့သုံးရန်ဖုန်း၊
အလုပ်ကိစ္စသုံးရန်ဖုန်း၊ သူငယ်ချင်းများနှင့် ပြောရန်ထားသောဖုန်း၊ သာမန် မိတ်ဆွေများနှင့် ပြောရန်ထားသောဖုန်း နှင့် သူ…နှင့် စကားပြောရန် သီးသန့်ထားသောဖုန်း ၅လုံးစလုံးကို ပိတ်လိုက်ပြီး
အနားယူနေလိုက်သည်။ဘာပဲပြောပြော အနားယူနေချိန်တွင် မည်သူနှင့်မျှ စကားပြောလိုစိတ် မရှိ။
တီဗွီတွင် လာနေသော ချယ်နယ်လ်က လွှင့်နေသည်မှာ ဘောလုံးပွဲလာနေသဖြင့်မကြည့်ချင်။ စိတ်အပန်းပြေအောင် ကာတွန်းကားကြည့်ချင်လာသဖြင့် ဝေါ့ဒစ်စနီမှ ကာတွန်းကားကြည့်ချင်တယ်ဆိုပြီး အသံကိုအနည်းငယ်ထွက်အောင်ပြောလိုက်သည်နှင့် တီဗွီမှ အသံဖမ်းစနစ်မှတစ်ဆင့် ချယ်နယ်လ်ကို
အော်တိုမစ်တစ် ရှာခိုင်းလိုက်သည်။ Tom & Jerry ကိုကြည့်ပြီး ရယ်နေရသဖြင့် အပန်းတော့ပြေသွားသည်။
ညနေဘက် သူငယ်ချင်းများနှင့် ချိန်းထားသော ညစာစားပွဲရှိနေသဖြင့် ဘာဝတ်ရင်ကောင်းမလဲ
စဉ်းစားနေမိသည်။သူ ဆွစ်ဇာလန်မှပို ့လိုက်သော အပြာရောင်ဂါဝန်လေးဝတ်လိုက်ရမလား၊
ဒါမှမဟုတ် အိမ်ကမမ ဥရောပခရီးထွက်သွားပြီး ပြန်လာတုန်းက လက်ဆောင်ဝယ်လာပေးသော
အဖြူနှင့် အနက်စကပ်လေးကိုပဲ ခပ်သန့်သန့်ဒီဇိုင်းလေးဝတ်သွားလို်က်ရမလား တွေဝေနေမိသည်။
ဟော…ဘာလိုလိုနဲ ့လေယာဉ်သံကြားနေရပြီ။ကိုကြီး အလုပ်ကနေ ပြန်လာသော ကိုယ်ပိုင်လေယာဉ်သံ
ဖြစ်လေသည်။ ဖက်ရှင်အမြင်ရှိသော ကိုကြီးကိုပဲ မေးပြီးသူ ပြောတဲ့အတိုင်းဝတ်သွားလိုက်တော့မည်။
ခေါင်းရှူပ်မခံချင်တော့။
ပြောတုန်းဆိုတုန်း လမ်းထိပ်ကို အမှိုက်သွားပစ်သည့် အိမ်ကဆလွန်းကားတောင်ပြန်ရောက်လာပြီ
ဆိုတော့ ညနေ၆နာရီလောက်ရှိနေပြီ ဖြစ်သည်။နောက်ကျနေပြီ။ မြန်မြန်လေး အလှပြင်ပြီး သွားလိုက်တော့မည်။ သူငယ်ချင်း၃၊၄ယောက်လောက်ကို ပတ်ခေါ်မည်ဖြစ်ကြောင်း၊ နောက်ထပ် ၁ဝမိနစ်လောက်နေရင် အသီးသီးအိမ်ပေါ်က လေယာဉ်ကွင်းများတွင် စောင့်နေရန် မှာလိုက်ပြီး
အလှပြင်၊ အဝတ်လဲလိုက်သည်။
ရုတ်တရတ် ဝုန်းခနဲ အသံကြားလိုက်ရသည်။ဟုတ်ကဲ့ စာရေးနေရင်း..၄ချောင်းထောက် စားပွဲခုံမှ
တစ်ချောင်းပြုတ်သွားသဖြင့် ကြားလိုက်ရသော အသံဖြစ်သည်။စာရေးချင်သည့်ဖီလင်
အနည်းငယ်အောက်သွားသဖြင့် ဒီလောက်ဆိုရင်..ဒီနေ ့အတွက် စိတ်ကူးယဉ် စာရေးတာ တော်လိုက်တော့မည်။
ဟေဟေး….စိတ်ကူးယဉ်လို ့ကောင်းလိုက်တာကွာ။ ကိုယ့်စာကိုယ် ရေးပြီး ပြန်ဖတ်ကြည့်တာတောင်
မာနတောင်ကြီးချင် လာသလိုလို ဘာလိုလို ဟဟ။ဟူး..လောလောဆယ်တော့ ညက မပြီးပြတ်သေးသော ချုပ်လက်စ ခြင်ထောင်အပြဲလေးကို ဆက်ချုပ်ဦးမှ။ပြီးရင်ညစာ ချက်ရန်
လမ်းထိပ်ထွက်ပြီး ဆန်၂လုံးလောက် ဝယ်ဦးမှပါလေ …။
13 comments
Wow
February 28, 2014 at 11:44 am
ကောင်းခန်းရောက်မှ စားပွဲထောက်က ပြုတ်ရတယ်လို့…
မမချွိ
February 28, 2014 at 12:39 pm
ဖတ်ရတာနဲ့ တင် ဗိုက်ဝသွားပါပြီ။
ဟိ
😀
Crystalline
February 28, 2014 at 12:44 pm
နာ့မှာရီလိုက်ရတာသေတော့မယ်… :mrgreenn:
kyeemite
February 28, 2014 at 1:10 pm
တခါတလေတော့လည်း အဲလိုစိတ်ကူးကမာ္ဘလေးထဲနေရတာပျော်စရာပါနော.. 😛
မဟာရာဇာ အံစာတုံး
February 28, 2014 at 2:16 pm
စိတ်ကူးမှ ယဉ်တယ်နောက်တော့
ကိုယ်ကြိုက်တဲ့ မင်းဒါးနဲ့ပါ
တွဲခုတ်ပလိုက်စမ်းဘာ …
အခုဟာဂ လုံးဒီးဂျီး ….
Paing Lay
February 28, 2014 at 2:34 pm
ငယ်ငယ်ကကြည့်ဖူးတဲ့ ဦးကျော်ဟိန်းဇာတ်ကားကို မြင်ယောင်မိတယ်ဂျို့။ ဟိုလေ ခရမ်းသီးကို ကြက်ပေါင်ဆိုပြီး မျက်စိမှိတ်ဝါးနေရသလိုပေါ့
ဦးဦးပါလေရာ
February 28, 2014 at 3:54 pm
ဟုတ်တယ်…

ဒါမျိုးမှတန်တာ ….
စိတ်ကူးယဉ်တယ်ဆိုတာ
ကောင်းကောင်းလေးစိတ်ကူးယဉ်မှ ….
Mr. MarGa
February 28, 2014 at 4:27 pm
ဂယ်ပြောတာ ဘာပဲဖြစ်ဖြစ် ကျေနပ်ဘူး :mrgreenn:

ဘယ့်နှယ် ညစာစားပွဲသွား ဝါးတီးဆွဲပြီးမှ ပြုတ်ပါတော့လား စားပွဲထောက် ရယ်
အခုတော့…… တစ်ဝက်တစ်ပျက် ဖီလင်ဖြစ်သွားတယ်
alinsett ( Gazette )
February 28, 2014 at 6:07 pm
စိတ်ကူးယဉ်ဆိုပေမယ့်
ဒို့ ဖတ်လိုက်ရပြီ
🙂
padonmar
February 28, 2014 at 10:19 pm
လကဗျာရဲ့ ကိုယ်ပိုင်လေယာဉ် ကို လိုက်စီးချင်တယ်။
Ma Ma
March 1, 2014 at 9:25 am
လကဗျာလေးရဲ့ စိတ်ကူးထဲ စီးမျောပါသွားလိုက်တာ…..
ကိုယ့်ခြံထဲက လေယာဉ်ကွင်းကတောင် သွားစောင့်မိတော့မလို့ 😀
moonpoem
March 3, 2014 at 12:04 pm
ဟီး မီးလည်း ဂူဂျွန်ဖြိုးနဲ့ တွဲခုတ်မလို့ သူကမအားတာနဲ့ပဲ ညှင်းညှင်း
လုံမလေးမွန်မွန်
March 3, 2014 at 12:52 pm
တိန်.. ကောင်းခန်းရောက်မှဗျာ…