ငြိမ်းချမ်းချင်တယ်ဆိုရင်တော့…..
အရင်တုန်းက ဘဝမှာ ဖြစ်ပျက်ခဲ့တာလေးတွေဟာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ခပ်ဆင်ဆင်လေးတူနေလို့ ဒီစာလေးကို ရေးလိုက်တာပါ…
××××
အရင်တုန်းက ကျွန်တော်တို့ မိသားစုမှာ လူလေးယောက်ပဲ ရှိပါတယ်…အဖေရယ်…အမေရယ်…အကိုရယ်..ကျွန်တော်ရယ်ပေါ့…ဘဝမှာ ဘာမျှော်လင့်ချက်မှ မထားခဲ့ကြသလို…ဘာလောဘမှလဲ မရှိခဲ့ကြဘူး…ဘာပိုင်ဆိုင်မှုမှ မရှိခဲ့ကြပဲ အင်မတန်အေးချမ်းတဲ့ ဘဝလေးကို တည်ဆောက်နေထိုင်ခဲ့ကြပါတယ်…
အမေက အားလုံးကို အနှိုင်းမဲ့ မေတ္တာနဲ့ ချစ်တယ်…အားလုံးကလဲ အမေ့ကို ဝိုင်းချစ်ကြတယ်…အမေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အိမ်မှာ ဘာပြသနာမှ မရှိခဲ့ဖူးဘူး…နောက် ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်….ကျွန်တော်တို့ လူမှန်းသိတတ်တဲ့ အရွယ်ကစပြီး အခုအချိန်ထိ ကျွန်တော်တို့နှစ်ယောက် တစ်ခေါက်မှ ရန်မဖြစ်ဖူးဘူး…ကျွန်တော်တို့ နှစ်ယောက်ကြားလဲ ဘာပြသနာမှ မရှိခဲ့ဖူးဘူး…သားတွေကို အကြီးကြီး မျှော်မှန်းလွန်းတဲ့ အဖေနဲ့ မျှော်မှန်းသလို ဖြစ်မလာတဲ့ သားတွေကြားသာ တခါတလေ အနည်းအကျဉ်းပြသနာဆိုတာ ရှိတတ်ပါတယ်…ဒါလဲ တခါတလေမှပါ…အားလုံး ခြုံကြည့်လိုက်ရင်တော့ တကယ့်ကို အေးချမ်းတဲ့ ဘဝတည်ဆောက်ခဲ့ကြတဲ့ အချိန်လေးပါပဲ…
××××
ဒီလိုနဲ့….ကံလေးတစ်ချက်အကောင်းမှာ နည်းနည်း စုမိဆောင်းမိရှိလိုက်တယ်…အခု ဟိုတယ်ဆောက်ထားတဲ့ မြေနေရာလေးကို ဈေးချိုချိုလေးနဲ့ ဝယ်လိုက်နိုင်တယ်…အရင်တုန်းက မေမြို့မြေဈေးက ဘာမှ ရှိတာမှ မဟုတ်တာကိုး…မိသားစု အားလုံးခေါင်းချင်းဆိုင် တိုင်ပင်ကြတယ်…ဒီနေရာကို ဘာလုပ်ကြမလဲ…ရောင်းမလား…ရောင်းရင်တခါထဲ ကုန်သွားမှာ…မဖြစ်သေးဘူး… ပုံမှန် ဝင်ငွေရတဲ့အလုပ် တစ်ခု မဖြစ်မနေ လုပ်မှ ရမယ် ထင်တယ်ဆိုပြီး…အဖေနဲ့ အမေက ဟိုတယ်ဆောက်မယ်ဆိုပြီး ပြောတယ်…ညီအကို နှစ်ယောက်က ထ ကန့်ကွက်တယ်…ပိုက်ဆံမှ မရှိတာ…ဘာနဲ့ ဆောက်မလဲဆိုပြီး…မရဘူး..အဖေနဲ့အမေက ဗီတို အာဏာနဲ့ ပယ်ချပြီး မဖြစ်ဖြစ်အောင် ဆောက်မယ်ဆိုပြီး စ ဆောက်တယ်…စဆောက်တဲ့ အချိန် လက်ထဲ ဘိလပ်မြေဖိုး…သံချောင်းဖိုးလောက်ပဲ လက်ထဲရှိတယ်…ပြောတော့ပါဘူး…အဲ့ဒီနောက် ကျပ်တည်းလိုက်တဲ့ စီးပွားရေး…ရောက်လိုက်တဲ့ ဒုက္ခ…အကြာကြီးပဲ အချိန်တွေ…နောက်ဆုံး ဘယ်လောက်တောင် ကျပ်တည်းလိုက်သလဲဆို အသားဟင်းတောင် ဟင်းပွဲထဲ ပါတလှည့် ပျောက်တလှည့် အခြေအနေရောက်သွားတယ်…အင်မတန် ချစ်ခင်ခဲ့ကြတဲ့ မိသားစုကြား အဆင်မပြေမှုတွေ…ပြသနာတွေ ဘယ်က ဘယ်လို ပေါ်လာမှန်းတောင် မသိတော့ဘူး…အမြင်မကြည်တာတွေ…အထင်လွဲတာတွေ…ရန်ဖြစ်တာတွေ နဲ့…တကယ့်ကို စိတ်ပျက်စရာကာလကြီးပေါ့…လူလေးယောက်က တစ်ရက် အမျိုးလေးဆယ်လောက် ပြသနာတက်တယ်…
××××
နောက်ဆုံး အစွမ်းကုန် ပြသနာတွေ ကြားထဲက ရုန်းရင်းကန်ရင်းနဲ့ပဲ ဟိုတယ်လေး လက်စသတ်နိုင်ခဲ့ပြီး ဝင်ငွေလေး ပုံမှန် ဝင်လာတော့မှပဲ တင်ခဲ့တဲ့ အကြွေးတွေဆပ်…ဟိုတယ်ထဲ လိုအပ်တာတွေထည့်နဲ့ အခုလက်ရှိ အနေအထားရောက်လာခဲ့တာပါ…ပုံမှန် ဝင်ငွေလေး ဝင်လာပြီး စီးပွားရေးလေး အဆင်ပြေလာမှပဲ မိသားစုကြား အရင်တုန်းကလို ချစ်ခင်စည်းလုံးလာပြီး ပြသနာတွေ မရှိသလောက်နည်းလာပါတယ်…အခုမှ မိသားစု ဝိုင်းဖွဲ့ပြီး အရင်တုန်းက ပြသနာဖြစ်ခဲ့ကြတာကို ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အနေနဲ့ ပြန်ပြောဖြစ်ကြတယ်…ဟိုတယ်ဆောက်တုန်းကလေ…ဆိုပြီး…အစချီပြီးတော့ …ဘယ်သူနဲ့ ဘယ်သူက ဘယ်လို ဖြစ်ကြတာဆိုပြီး ရီစရာတစ်ခုအနေနဲ့ပေါ့…
××××
ဒီလို ကိုယ့်မိသားစု အခြေအနေ ဖြစ်ပျက်ခဲ့တာလေးတွေကို လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ ချိန်ထိုးကြည့်မိတာပါ…တည်ဆောက်ချင်တဲ့ ငြိမ်းချမ်းရေး…အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုတာတွေရဲ့ အခြေခံ အကြောင်းတရား စီးပွားရေးပါပဲ…စီးပွားရေးကောင်းအောင် အရင် မတည်ဆောက်နိုင်ပဲနဲ့တော့ ကျန်တာတွေ ဘေးချိတ်ထားလိုက်ပါ…ဘာမှ လုပ်လို့ရမှာမဟုတ်ပါဘူး…စီးပွားရေး မပြေလည်ပဲနဲ့တော့ ဘယ်သူမှ မငြိမ်းချမ်းနိုင်ပါဘူး…ဘယ်သူမှ အမျိုး ဘာသာ သာသနာ မစောင့်နိုင်ပါဘူး…စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်ချင်တယ် ဆိုလို့ကတော့ တစ်လမ်းပဲ ရှိပါတယ်…စီးပွားရေး ကောင်းအောင်လုပ်…တိုင်းပြည်တိုးတက်အောင်လုပ်..ဒီ တစ်လမ်းပဲ ရှိပါတယ်…စီးပွားရေး မကောင်းလို့ကတော့ ပြသနာတွေ …ရန်လိုမှုတွေ… မုန်းတီးမှုတွေ… ဆီလိုအပေါက်ရှာပြီးတော့ ထွက်လာမှာပါ…ဒါကလဲ ကျွန်တော်တို့ မိသားစု အဖြစ်အပျက်လေးနဲ့ ယှဉ်ပြီး လက်ရှိနိုင်ငံရေးကို ကိုယ်သီးသန့် အမြင်လေး တင်ပြလိုက်ရတာပါ…
14 comments
Ma Ma
March 5, 2014 at 8:49 am
အဓိကက စီးပွားရေးကောင်းမှ မိသားစုအဆင်ပြေကြတာ မှန်ပါတယ်။
ဒါပေမယ့် မိသားစုအားလုံးက တစီးပွားတည်းမို့ ရလာတဲ့ အကျိ ုးကို အားလုံးမျှမျှတတ ရယူခံစားကြရတာမို့ အေးချျမ်းတာပါ။
တစ်ဦးတစ်ယောက်က ရပိုင်ခွင့်ပိုယူရင် ပိုရရင် ဘယ်လောက်စီးပွားရေး ပြေလည်ပြေလည် ငြိမ်းချမ်းကြမှာ မဟုတ်ပါဘူး။
မဟာရာဇာ အံစာတုံး
March 5, 2014 at 10:59 am
အန်တီမားမား ပြောတာ
သိပ်သိပ်ကို မှန်တယ် ….
ဒီကွန်မန့်လေးကို သိပ်သိပ်ခိုက်တယ် ….
ဒီလို မြှောက်ပေး .. အဲ .. ချီးကျူးလိုက်လို့ … အန်တီးမားမားရဲ့ တူမ တွေတော့ ပေးစရာ မလိုတော့ပါဘူး ….
ကျော့်မှာ ချစ်သည်းလေး ရှိနေဘီလေ …. :mrgreenn:
ဟိတ်လူ … ဂွန်နီဒီးယား
ခညား အဖေလိုပဲ ကျုပ်တို့ အဖေလည်း သူ့သားတွေကို အများကြီး မျှော်လင့်ထားခဲ့တယ်
ဒါမယ့် .. တစ်ကောင်မှ အသုံးမကျဘူး .. ခုထိဘဲ …. ဗျဲ ….. 😥
johnnydeer
March 5, 2014 at 10:17 pm
သမဝါယမစံနစ် ဆိုတာ စာရွက်ထဲမှာ သိပ်ကောင်းတဲ့ စံနစ်တစ်ခုပေါ့…သူ့အားနည်းချက်က လူတွေရဲ့ စိတ်ဓာတ်ကို ထည့်မတွက်ထားတာပါ…အလိုလောဘကြီး..အချောင်ခိုချင်တဲ့ လူတွေ စိတ်ဓာတ်ကပဲ ဒီစံနစ်ကို ဖျက်ဆီး ပစ်လိုက်ကြတာပေါ့…အားလုံး ညီတူညီမျှ ကြိုးစားကြမယ်…အားလုံးမျှမျှတတ ခွဲဝေကြမယ်…ဆိုတဲ့ အတွေးလေး စိတ်ဓာတ်လေးတွေ တွေးနို်င်ရင်တော့ သိပ်ကိုလှပတဲ့ စံနစ်တစ်ခု ဖြစ်လာမှာ ဧကန်မလွဲပါပဲ…ကျွန်တော်တို့တော့ အခုချိန်ထိတော့ အဆင်ပြေနေသေးပါတယ်…နောက်မျိုးဆက်တစ်ခု ရောက်ခဲ့ရင်တော့ ပြောတတ်ဖူးနော့…
TNA
March 6, 2014 at 7:00 pm
ပိုစ့်ပိုင်ရှင်ပြောတာလဲထောက်ခံတယ်။ အန်တီမမပြောတာလဲထောက်ခံတယ်။ နှစ်ယောက်ပြော တာအတော်ပြည့်စုံသွားပြီမို့ ထပ်ပြောစရာမရှိတော့ပါဘူး။ တခုပဲ အန်တီမမပြောသလို
တစ်ဦးတစ်ယောက်က ရပိုင်ခွင့်ပိုယူရင် ပိုရရင် ဘယ်လောက်စီးပွားရေး ပြေလည်ပြေလည် ငြိမ်းချမ်းကြမှာ မဟုတ်ပါဘူး။
ဆိုတဲ့ ကိတ်စကို ဘယ်လိုရှင်းရင်ကောင်းမလဲ။ တနိုင်ငံလုံးတောင်ကတုံးဖြစ်နေတာကို လုံးဝမကျေနပ်လို့ပါ။
kyeemite
March 5, 2014 at 9:33 am
ဂွတ်ပွိုင့် ကို မမ ကထောက်ပြသွားတာပဲ..ဟုတ်၏
kyeemite
March 5, 2014 at 9:37 am
ရလာတဲ့ အကျိ ုးအမြတ်ကို ညီကိုနှစ်ယောက် မညီမမျှဝေပေးကြည့်
ဒါမှမဟုတ် ဖအေက အငယ်အနှောင်းထားပြီး အချို့ကိုခွဲပေးနေကြည့်…ငြိမ်းချမ်းတဲ့ မိသားစုဖြစ်ပါအုံးမလား 🙄
မမချွိ
March 5, 2014 at 10:38 am
ခါတလေကျ
တစ်မိသားစုထဲ ဆိုပေမဲ့ စိတ်ဓာတ်အဆင့်အတန်းချင်း ခံယူချက်ခြင်းမတူရင်တောင် ၂ ယောက်တည်းရှိတဲ့ မိသားစုလည်း ငြိမ်းချမ်းနေတယ် မခေါ်ဘူးပေါ့နော်။
နိုင်ငံချီပြောမယ် ဆို ပိုဆိုးတာပေါ့လေ။
လူလူချင်း တူတူနေနေရတဲ့ နေရာ တစ်ခုမှာ ငြိမ်း၂ ချမ်း၂နေချင်ရင်
– ဥပဒေ နဲ့ ထိမ်းရင် ထိမ်း (ခု ရှိတဲ့ ဥပဒေ စိုးမိုးရေးကို ကြည့်လိုက်ဦး)
– အသိပညာနဲ့ ပညာရေးနဲ့ထိန်းရင် ထိန်း (ခု ပညာတတ်တွေ မွေးထုတ်ပေးနေတဲ့ ပညာရေးလည်း ကြည့်လိုက်ဦး)
– ဘာသာရေးနဲ့ တရားနဲ့ထိန်းရင် ထိန်း (ခု ဘာသာရေးအခြေအနေတွေရော ကြည့်လိုက်ဦး)
– ပြည်သူ့ အကျိုးစီးပွါး/ စီးပွါးရေးနဲ့ ထိန်းရင် ထိန်း (ခုလို ချမ်းသာသူက ပိုပိုချမ်းသာ ဆင်းရဲတဲ့သူက ပိုပိုဆင်းရဲ အခြေအနေတွေလည်းကြည့်လိုက်ဦး)
ဟောဟဲ။ကျုပ်တို့ ပြည်ကြီး ငြိမ်းချမ်းအောင် ဘယ် တစ်ကြောင်းနဲ့ ထိန်းကြမလဲဟမ်?
တော်ပြီဗျာ။
သမ္မတကြီးတောင် အိမ်ဖော်ပွဲစားလုပ်နေမှတော့ ဘာပြောချင်တော့ဘူးးး
:hint:
alinsett (gazette)
March 5, 2014 at 12:22 pm
အန်တီ မ ပြောကို ထောက်ခံပါကြောင်းးး
🙂
Paing Lay
March 5, 2014 at 4:05 pm
တကယ့်ကို ဒဲ့ဒိုးထိတယ်ဗျာ ဖွဘုတ်ပေါ်သို့ ရှဲခွင့်ပြုပါ 🙂
kai
March 5, 2014 at 4:43 pm
ယူအက်စ်ပေါ်လစီမိတ်ကာတွေအတွေးကတော့.. နိုင်ငံတွေ..လူမျိုးစုတွေ..ဘာသာရေးတွေ.. အားလုံးသောပဋိပက္ခတွေက.. ရယူပိုင်ဆိုင်လိုမှုကလာတယ်တဲ့..။
အဲဒါကနေ.. ဆင်းရဲချမ်းသာကိုသွားပါတယ်..
ဖြေရှင်းချင်ရင်.. အဲဒီဆင်းရဲချမ်းသာကိုဖြေရှင်းရမယ်ဆိုတာပဲ..
မြန်မာပြည်အတွက်ရောလို့မေးကြည့်တော့လည်း.. ဒီအတိုင်းပဲ..။
ပြည်နယ်..တိုင်းရင်းသား..ဗမာတွေ..မွတ်စလင်တွေ..ရခိုင်တွေ…
အားလုံးအားလုံး..ပဋိပက္ခတွေက ရယူပိုင်ဆိုင်လိုခြင်းကနေ.. ပြသနာတွေလာပါတယ်..
ချမ်းသာအောင်လုပ်နိုင်ရင်.. အားလုံးအိုကေတယ်ဆိုတာပဲ..
ချမ်းသာအောင်ဆိုတာမှာ.. လောဘလက်စမသပ်နိုင်ဖြစ်ကြရင်ရော… မေးခွန်းထပ်ကွန့်ကြည့်တော့..
လူသားရဲ့..Fundamental human wants & needs ပြည့်/ဖြည့်ပေးရမတဲ့လေ…
အဲလို…
မမချွိ
March 5, 2014 at 6:53 pm
ဒီ အတိုင်းဆိုရင်တော့ ကိုယ့်ဆီက အခြေအနေက ဘာ ပိရမစ်ပုံမှ ဆွဲမရလို့
တစ်ကြောင်းမျဉ်းလေးပဲ ဆွဲရတော့မားးးးး
johnnydeer
March 5, 2014 at 10:09 pm
ဆင်းရဲတဲ့ မိသားစု…ချမ်းသာတဲ့ မိသားစု….ဆင်းရဲတဲ့နိုင်ငံ နဲ့ ချမ်းသာတဲ့နိုင်ငံ ယှဉ်ကြည့်ရင် ဆင်းရဲတဲ့ ဘက်က ပြသနာပိုများတာ အသေအချာပါပဲ…ချမ်းသာတဲ့ အချိန်မှာ မဖြစ်ခဲ့တဲ့ ပြသနာတွေ ဟာ ဆင်းရဲတဲ့ အချိန်မှာ ဆတ်ဆတ်ထိမခံ ဖြစ်နေတတ်ပါတယ်…ဘာမဟုတ်တဲ့ အဖြစ်အပျက်လေးတွေကနေ ပြသနာ စတော့တာပါပဲ…ရင်တွင်းခံစားချက်တွေ ရှိနေတဲ့အချိန် သာမန် စကားလုံးလေးတစ်လုံး အပြောလေးတစ်ချက်ဟာ ခံစားချက်ကို တည့်တည့်ထိပြီး ပြသနာမီးပွား စတော့တာပါပဲ…ချမ်းသာပြီးတဲ့အချိန် ခွဲဝေမှု…မညီမျှမှု…အလိုလောဘ…ဖောက်ပြန်မှုတွေကတော့ လူတစ်ယောက်ချင်းစီနဲ့ပဲ သက်ဆိုင်တော့မယ် ထင်ပါတယ်…ခွင့်လွှတ်မှု သည်းခံမှု နားလည်မှုတွေနဲ့ ဖြည့်တွေးပေးနိုင်ကြရင်တော့ လောကကြီး သာသာယာယာပေါ့…
johnnydeer
March 5, 2014 at 10:16 pm
သမဝါယမစံနစ် ဆိုတာ စာရွက်ထဲမှာ သိပ်ကောင်းတဲ့ စံနစ်တစ်ခုပေါ့…သူ့အားနည်းချက်က လူတွေရဲ့ စိတ်ဓာတ်ကို ထည့်မတွက်ထားတာပါ…အလိုလောဘကြီး..အချောင်ခိုချင်တဲ့ လူတွေ စိတ်ဓာတ်ကပဲ ဒီစံနစ်ကို ဖျက်ဆီး ပစ်လိုက်ကြတာပေါ့…အားလုံး ညီတူညီမျှ ကြိုးစားကြမယ်…အားလုံးမျှမျှတတ ခွဲဝေကြမယ်…ဆိုတဲ့ အတွေးလေး စိတ်ဓာတ်လေးတွေ တွေးနို်င်ရင်တော့ သိပ်ကိုလှပတဲ့ စံနစ်တစ်ခု ဖြစ်လာမှာ ဧကန်မလွဲပါပဲ…ကျွန်တော်တို့တော့ အခုချိန်ထိတော့ အဆင်ပြေနေသေးပါတယ်…နောက်မျိုးဆက်တစ်ခု ရောက်ခဲ့ရင်တော့ ပြောတတ်ဖူးနော့…
ခင် ခ
September 14, 2014 at 8:34 am
စီးပွားရေးကောင်းအောင်လုပ်ဆိုတဲ့နေရာမှာ နိုင်ငံသားတိုင်းသာတူညီမျှ လုပ်နိုင်တဲ့ အတည်တကျသတ်မှတ်ထားတဲ့ ဥပဒေရှိရပါမယ်
ခရိုနီဦးစားပေး အာဏာရှင်သားစဉ်မြေးဆက် အသာစီးစနစ်တွေတော့ မလုပ်နဲ့ပေါ့ဗျာ