” ရည်းစားစာလေး ရေးပေးပါ “
” ရည်းစားစာလေး ရေးပေးပါ “
ကျွန်တော်တို့ စာကိုဘယ်အချိန်ကစပြီးရေးတတ်တာလည်း ဘယ်အချိန်က စပြီးဖတ်တတ်လည်းလို့ မေးခဲ့ရင် ကျွန်တော်ထင်တယ် က ခ ဂ ဃ င ဆိုပြီး မူကြိုတက်တဲ့အချိန် တစ်ချို့က သူငယ်တန်းတတ်တဲ့ အချိန်ကာလ ကစမယ်လို့ဘဲ ပြောရလိမ့်မယ်လေ။
အဲဒီမှာ တစ်ချို့လည်း ကျောင်းစာကို စိတ်ဝင်စားပြီး ရေးကြ ဖတ်ကြ ကျက်ကြ မှတ်ကြ စသည်ဖြင့် ကြိုးစားကြ သလို တစ်ချို့လည်း ရေလိုက်ငါးလိုက် ရေး ဖတ် ကျက် မှတ် ကြတာပေါ့ဗျာ။ ဘယ်လိုဘဲဖြစ်ဖြစ် လူပျိုအရွယ် အပျိုအရွယ် ဝင်လာတဲ့အရွယ်ရောက်လာကြရင်တော့ ကျောင်းစာကို ဖြစ်ဖြစ်မြောက်မြောက်မကြိုးစာချင် တတ်တဲ့သူတွေတောင်မှာ စာကိုစိတ်ဝင်းစားလာကြတယ် ကိုယ်တိုင်ရေးကြတယ် သူများရေးတာကို ဖတ်ချင် ကြတယ် မိန်းခလေးတွေလည်း ထိုထိုသောစာကို မျှော်မိကြတယ် ပြန်ရေးကြတယ် ဒါက သဘာဝပေးလာတဲ့ ရင်းတွင်းခံစားချက်တွေကို စာပေ ကညစ်ပေါ်မှာ စာလိုတစ်မျိုး ကဗျာလိုတစ်သွယ် အမှတ်တရလက်ဆောင် တွေနဲ့တနည်း ပြုမူရေးလာကြတာက ရည်းစားစာလေး တွေပါ။
ဂဇက်မန်ဘာဝင်မိတ်ဆွေတို့ သင်ကိုယ်တိုင် အဲလို ရည်းစားစာမျိုးရေးခဲ့ဖူးတာမျိုး သို့မဟုတ် ရည်းစားစာဖတ်ခဲ့ ဖူးတာမျိုးရှိလို့ အမှတ်ရသေးတယ်ဆိုရင်ဘဲဖြစ်ဖြစ် မရေးခဲ့ဘူးပေမယ့် အခုရေးချင်စိတ်ဖြစ်လာလို့ ရေးမယ်ဘဲ ဖြစ်ဖြစ် စိတ်ဝင်စားတယ်ဆိုရင်ပေါ့ ဒီပိုစ့်ရဲ့ကွန်မန့်လေးမှာ ဝင်ရောက်ကာ ရည်းစားစာလေး ရေးပေးသွားပါ လားဗျာ။
ခံစားချက်ကောင်ကောင်းဖြစ်စေမယ့် ရည်းစားစာ ရေးနိုင်သူကတော့ ၁၃ရ၆နှစ်၏ ဒီနှစ်သင်္ကြန်မှာ ငွေဖလားနဲ့ ရေကစားရမယ်နော်။
ခင်ခ။
40 comments
တိမ်မည်း
March 17, 2014 at 4:20 pm
ကျွန်တော့်ရဲ့ ပထမဆုံး ရဲစားစာက ပိုစ့်ကဒ် လေးပေါ်မှာ ရေးခဲ့တာ………..
ငယ်လို ့လား ချစ်လွန်းအား ကြီးလို ့လား မသိ….. စာနဲ ့ ပေနဲ ့ မပြောတက်ဖူးရယ်….
စာလုံးလေး နှစ်လုံးပဲပါတယ်……
သို ့
(သူ ့နာမည်ပေါ့နော်)
ချစ်တယ်….
မှ
(ကျွန်တော့်နာမည်)
အဲ့ဒါပဲ……..
နောက်ပိုင်းတော့ အကျယ်တဝင့် ရေးဖြစ်သား…. ငွေဖလား နဲ ့မဆော့ရချင်နေပါစေ….
အဲ့ဒါတွေတော့ ရေးတော့ဖူး…..
မဟာရာဇာ အံစာတုံး
March 17, 2014 at 4:40 pm
ရည်းစားစာ ရေးဒဲ့ နေရာမှာတော့
ကျုပ်ဆရာ ဥငေးကျောက်စ် က စပယ်ရှယ်လစ်ပဲ …
ဒါက ကြုံတုံးလေး ကျော့်ဆရာအကြောင်း ဖောက်သည်ချတာ .. :mrgreenn:
——
အဟမ်းး ဟမ်းးး
ဒီလူ ဥခင်ခကြီး ရည်စားစာတွေ စုပြီး
ဘာလုပ်ဖို့ ကျံနေဒုန်းတော့ မတိဘူး ….
ဒါပေသိ .. ရေးခဲ့ဖူးတဲ့ ရည်းစားစာ ကဗျာလေးကို ကူးတင်လိုက်တယ်ဗျာ …
————–
ခင် ခ
March 17, 2014 at 5:02 pm
ကူးတင်သူ မဟာရာဇာ အံဇာတုံးကို ကျေးဇူးပါဗျို့။
လုံမလေးမွန်မွန်
March 17, 2014 at 6:08 pm
အဲ့စာ နာ့ကို ပေးတဲ့စာ မဟုတ်ဘူးနော်.. နာ့ကို ပေးတဲ့စာတွေထဲမှာ ကောင်းတာတွေ အားကြီးရှိရက်နဲ့.နာ့ကို မပေးဖူးတဲ့စာကို တင်တာ.. ဘာသဘောလား.. 🙁
Ma Ma
March 17, 2014 at 7:26 pm
လုံမလေးကို ပေးတဲ့စာမဟုတ်ဘူးဆိုတော့ကာ….
ဘယ်တစ်ယောက်ကို ပေးခဲ့တဲ့စာလည်း မသိဘူး။
လုံမရေ အားမနာနဲ့ အမှုမှန်ပေါ်အောင်သာ စစ်ပေတော့။
:boss:
ခင် ခ
March 18, 2014 at 4:32 pm
အဲ ရည်စားစာဆိုတာ တစ်ခါတလေ တစ်ယောက်ထဲပေး ရည်းစာဖြစ် ရှိသလို တစ်ခါတလေကျတော့လည်း တစ်ယောက်မကပေး ရည်စားတစ်ယောက်ရတာမျိုးလည်း ရှိပါ၏။ တစ်ချို့ စွွံတဲ့သူများကျတော့ တစ်ယောက်မကပေး ရည်စားလည်း ထည်လဲတွဲရှိပေသမို့ ကိုယ့်မပေးတဲ့စာဆိုပြီး စိတ်မကောင်းဖြစ်က ပြသနာမလုပ်ပါနဲ့ တူမလေးရေ။
လက်ရှိနှစ်ယောက်ချစ် ရည်စားဖြစ်ရင် နောက်တော့တစ်မျိုးတိုးလို့ ချစ်ပြန်ဆိုသလိုနေပေတော့ လို့ဘဲဆိုရပါ့မယ် လုံမလေးရေ။
snow smile
March 17, 2014 at 4:52 pm
အ မ လေး ငါ ့ တူ ကြီး ရယ်
အ ဘွား တို ့ က တော့ အ သက် လဲ ကြီး ပါ ပြီ
ဒါ မျိုး တွေ ရေး လဲ မ ရေး ဝံ့
ဖတ် လဲ မ ဖတ် ဝံ့ ပါ ဘူး ကွယ်
( တုန် တုန် ချိ ချိ မေး ရိုက် သံ ဖြင့် ဖတ် ရန်)
ခင် ခ
March 18, 2014 at 4:38 pm
ဘွားဘွား snow smile ရယ် ဖြေး ဖြေး ပြော ပါ ကွယ်။ ဘွား ဘွား က အ ခု တောင် ရုပ် ရည် ချော နေ သေး သာ ဆို တော့ ငယ် ငယ် က ရည်း စား စာ အ များ ကြီး ရ ခဲ့ တဲ့ ထဲ က များ အ လွမ်း ပြေ ပြော လေ မ လား မျှော် မိ တာ ပါ ကန့် တော့ နော် ကန် တော့ ဘွား ဘွား။
snow smile
March 18, 2014 at 7:14 pm
အ တိတ် ရယ် ဇာတ် ကြောင်း ပြန် ပြောင်း မ ပြော ချင် တော့ ဘူး ကွယ်
ဆို တဲ့ သီ ချင်း ဆို ရ မ လို
ဖြစ် နေ ပြီ ငါ့ တူ ရယ်
အ ဘွား အ ကြောင်း မ သိ သေး လို ့ ပါ
ဒေါ ် မြ လေး လေ သံ နဲ့
ပြောာာာာာ ကို မ ပြော ချင် ဘူး လို ့ ဘဲ
ပြော ချင် မိ တော့ တယ်
(ဖီလင်. . . . . ဝမ်း နည်း ကြေ ကွဲ ) ;’ (((((
moonpoem
March 17, 2014 at 5:35 pm
မီးအနေနဲ့ ဒါမျိုးတွေ မစဉ်းစားသေးပါဘူးရှင့်(မော်ဒယ်ဗြဲလေသံဖြင့်)ပြောသည်
ခင် ခ
March 18, 2014 at 4:41 pm
သာမီးလေး moonpoem ရေ စဉ်းစားလို့ ရည်စားစာများရခဲ့ရင် ဦးခင်ခကြီးကို ပေးဖတ်မှာလားဟင်။
ကိုပေါက်(မန္တလေး)
March 17, 2014 at 6:19 pm
ရေး အုံး မှာ ငယ်မူ ငယ် သွေး အပြည့် နဲ့
alinsett (gazette)
March 17, 2014 at 7:06 pm
အဟိ
ကျနော် ကတော့ ရီးဇားစာ ရေးလည်း အမြီးအမောက်မတည့်
ရီးဇားစကားလိုက်ပြောတော့လည်း အိုးနင်းခွင်နင်း
အဲသလိုနဲ့ အခုလို ၂၆ ကျော်လို့ ၂ရ ထဲေရောက်နေတာတောင်
လက်ဆုပ်လက်ကိုင် ပြစရာ ရီးဇားရယ်လို့ မရှိတာသာ ကြည့်ပါတော့ ခညာ
—-
ဒီပိုစ့်အောက်မှာ ရေးသွားကြမယ့် ရီးဇားစာတွေကို နမူနာယူ စုတုပြုရမယ်
🙂
kai
March 17, 2014 at 11:57 pm
၁၅၀၀
ခင် ခ
March 18, 2014 at 4:45 pm
ပြန်ရတာလဲ ၁၅၀ဝ လား သဂျီး ?
မမလေး
March 18, 2014 at 11:40 am
ရည်းစားစာဆိုတာဘာမှန်းတောင်မသိဘူး . . .
ရင်ထဲမှာ သူ့အကြောင်းတွေးတိုင်း ပျော်နေတယ်ဆိုရင် ချစ်တယ်ခေါ်လား ?
😛
ခင် ခ
March 18, 2014 at 5:04 pm
မမလေးအတွက် ပန်စရာ
ဟိုတောင်းရိုးပေါ်က ခူးလှည့်လို့လား………..
အဲလိုမျိုးစာတွေရော မရခဲ့ဖူးလားဗျာ။
ဘရန်းဒက် ကေဇီ
March 18, 2014 at 11:45 am
ရည်းစားစာ ကို ဘယ်လောက်ကောင်းအောင်ရေးရေးးး
အဲဒီလူကို မကြွေရင် အကျိုးမရှိ။ :mrgreenn:
အဲ။ လူကို ချစ်မချစ်မသေချာပဲ ရည်းစားစာကောင်းလို့၊ ဖတ်ကောင်းလို့၊ အရေးကောင်းလို့ ကြွေတယ်ဆိုတဲ့သူတွေတော့ အပြောကောင်းသူဆီမှာ သက်ဆင်းရဖို့သေချာနေပြီ။
မိန်းကလေးတစ်ယောက်အဖို့ ကိုယ့်ပတ်ဝန်းကျင်မှာ အပြောကောင်းတဲ့သူက တစ်ယောက်မကနိုင်ဘူးလေ။
လူတိုင်းကိုကြွေနေလို့မှ မဖြစ်။။ :mrgreenn:
သများသဘောကတော့ လူကို မယုံရင်
သူ့စကားလည်း မယုံ၊
သူ့စာလည်းမယုံ၊
လုပ်ရပ်တွေလည်း မယုံဘူးးးးး :mrgreenn:
အဲ။
စိတ်ထဲက သဘောတွေ့တယ်၊ စိတ်တိုင်းကျတယ်၊ ယုံကြည်တယ်၊ ချစ်တယ်ဆိုရင်တော့ ကိုယ်တိုင်က စပြီး ချဉ်းကပ်ဖို့ ဝန်မလေးခဲ့ပါဘူးးးးး :mrgreenn:
အာ့ဆို ကိုယ့်ဆုံးဖြတ်ချက်မှားတယ်ဆိုရင်တောင် ဘယ်သူ့မှ အပြစ်တင်ဖို့မရှိ။
ခုခိ၊ ခုခိ၊ ခုခိ။ :mrgreenn:
ဆိုင်/မဆိုင် မသိ။ :mrgreenn:
~~~~~~
ခင် ခ
March 18, 2014 at 4:50 pm
ပေးခဲ့ဖူးတဲ့ ရေးခဲ့ဖူးတဲ့
ဖတ်ခဲ့ဖူးတဲ့ မှတ်ခဲ့ဖူးတဲ့
ရည်းစားစာများ ရှိရင် ဝေဌပါပြောတဲ့ဉ္စာ
ဘရန်းဒက် ကေဇီကလည်း မဝေဌချင်နေပေါ့ဗျာ။
ကိုပေါက်(မန္တလေး)
March 18, 2014 at 12:33 pm
မင်း ပြန် ချစ် ရင် ချစ်
မချစ်ရင် ညှစ် ပလိုက် မယ်
ငှဲ လျောင်း ငှဲ လျောင်း
ခင် ခ
March 18, 2014 at 5:02 pm
ဘာကိုညှစ်တာလဲ ဆရာပေါက်
သိချင်လို့။
ကိုပေါက်(မန္တလေး)
March 18, 2014 at 11:33 pm
လူ ချင်း တွေ့ မှ ပြော ဘာ မယ်
ဗုံဗုံ
March 18, 2014 at 1:54 pm
ကဲ ….ခ ကတောင်းဆိုမှတော့
ကိုယ်က ရေးပေးရမှာပေါ့
ဆောင်းမှာပွင့်ဖူး သဇင်ဦး
မင်းကို တစ်သက်မမေ့ဘူး…..
လေမှာ ဝဲတဲ့ ရော်ရွက်ဝါ…
မင်းကို ချစ်တာ..တစ်သက်စာ…..
မိုးရာသီမှာ မိုးတွေ ချုန်း

မင်းကို ချစ်တာ တစ်သက်လုံး…………….
ကိုင်း…ရေးပြီးပြီ ..ပေးတော့..အဖြေ….အဲ…. ပေးတော့..မစ်ဆူဘီရှီ အဲကွန်း…
ခင် ခ
March 18, 2014 at 4:56 pm
မိဗုံ ရည်းစားစာလေး ခံစားမှုနဲ့ ဖတ်နေတာအကောင်း
ဂဇက်မြို့တောင်ဘက် သဂျီးတိုးချဲ့ရပ်ကွက်မှာ
ဆောက်ပေးတဲ့ တန်ဖိုးနည်းအိမ်ယာအခန်းလေးမှာ
ဟိုရွာပြင်ဇနပုဒ်က ပြောင်းလာတဲ့ ခင်ခ အဲကွန်း ဘယ်ရှိလိမ့်မလဲ
ယပ်တောင်လှလှလေးတောင်းတယ်ဆိုရင် ဟုတ်တုတ်တုတ်။
black chaw
March 18, 2014 at 2:59 pm
ကျွန်တော် ကောင်းကောင်း ကြီး မှတ်မိနေပါတယ် ကိုခင်ခရေ…။
ကျွန်တော်က ၁၉၈ရ မှာ ရည်းစားစထားတာ ခင်ဗျ…။
ရည်းဇားဦးပေါ့လေ…။
ဒင်းကို ကျွန်တော်က ထူးအိမ်သင် ရဲ့ နာရီပေါ်က မျက်ရည်စက်များ
သီချင်းစာအုပ်လေး လက်ဆောင်ပေးလိုက်တာဗျ…။
အထဲမှ မရိုးသားတော့ဘူး ဆိုတဲ့ သီချင်းလေး ပါတယ်လေ…။
အဲဒီသီချင်းထဲက
ဆိုတဲ့ စာသားလေးတွေကို မျဉ်းတားပေးလိုက်တာဗျ…။


အဲဒါ ကျွန်တော့်ရဲ့ ပထမဆုံးရည်းဇားကို ပေးတဲ့ ရည်းဇားစာပါ…။
ပြောဖို့ ကျန်နေသေးလို့…။
အဲဒီရည်းဇားနဲ့ အဆက်ဖြတ်တော့လည်း…
ထူးအိမ်သင် သီချင်းစာအုပ်နဲ့ပဲ ခင်ဗျ…။
သီချင်းက မေ့လိုက်တော့ တဲ့…။
ခင် ခ
March 18, 2014 at 4:58 pm
ကိုဘက်လက်ချောရဲ့ ရည်းစားစာနည်းလမ်းလေးကတော့ ခပ်မိုက်မိုက်ပါဘဲဗျာ။
ဦးကျောက်ခဲ
March 18, 2014 at 3:38 pm
ရည်းစားစာကတော့ သက်သေသကာယနဲ့ လက်ပူးလက်ကြပ်မိမှာစိုးလို့…
ဒါရိုက်ဟစ်နဲ့ တော်ကီပဲ လွှတ်လိုက်တာ အိမ်ထောင်ကျပါလေရော…
ကျောက်စ်နည်းက အဖြေတန်းရတယ်ခင်ဗျ… အာဟိ
သိသူများ တေတေနိတ်ကြပါ… (ခွက်စ်ဒစ်တူ… အန်တီဒုံ)
😀
ခင် ခ
March 18, 2014 at 5:00 pm
ဪ ကိုကျောက်ရယ် ဖြစ်မှဖြစ်ရလေ ရည်းစားစာဆို လက်ပူးလက်ကြပ်မိမှာစိုးရတယ်လို့ဗျာ။
Char Too Lan
March 18, 2014 at 4:40 pm
သဂျီးမင်းက ယီးဇားစာလား ပိုက်ဆံချေးတာလား 😀
TNA
March 18, 2014 at 5:10 pm
အဟင့် အဟင့် တူညားကိုအားငယ်အောင်လာလုပ်နေဘာဒယ်တော့ ဟောဒက ကိုခင်ခကြီးက။ တူညား ရဲဇားစာလဲ အပေးမခံရဖူးဘူး ရဲဇားစာလဲပေးဖူးဘူး။ တခါတည်းကားတင်ပြေးလိုက်တာပဲ အေးရောနော့ အာဟိ
snow smile
March 18, 2014 at 8:33 pm
သူ များ တွေ က
အယ်လ် တီ သင့် မ တီ သင့် အ ပြင်း အ ထန် ဖြစ်
မောင် ခင် ခ ခမျာ တော့ ရည်း စား စာ ခေတ်
Ma Ma
March 18, 2014 at 8:40 pm
ရည်းစားစာ ရေးပေးပါဆိုတော့….
ကိုယ်ကပေးတဲ့ ရည်းစားစာလားးး
ကိုယ့်ကိုပေးတဲ့ ရည်းစားစာလားးးး
🙄
ဘာရယ်မဟုတ်ပါဘူး။
စကားကြီး ၁၁ ခွန်း မှာ ကိုယ်မဖြေချင်တဲ့ မေးခွန်းဆိုရင် မေးခွန်းနဲ့ ပြန်ဖြေရတယ်လို့ မှတ်ထားဖူးလို့။ 😀
padonmar
March 19, 2014 at 12:05 am
ကျိဇမ်း..
ဒီတခါ နယ်ပြန်မှ အိမ်မှာသိမ်းထားတဲ့ ငယ်ငယ်က ရဲဇားစာတွေ ပြန်ဖတ်ပြီး ရေးပြမယ်။(ယုံမလားလို့ ကြွားထှာ)
ညီမလေးတယောက်က သူ့ကို ရည်းစားစာလိုက်ပေးတဲ့သူကို ခေါက်ထီးနဲ့ ရိုက်လွှတ်လိုက်တယ်။
အဲဒါနောက်နေ့ လွယ်အိတ်ထဲ အတင်းထိုးထည့်သွားတဲ့ စာကို လာပြတော့ `ခိုင်ရယ်(ညီမနာမည်က ခိုင်ပါတယ်)ခေါက်ထီးထုတ်လို့ ကြောက်ပြီးဆုတ်မယ် မထင်ပါနဲ့……………..´ တဲ့။
ညီအမ နှစ်ယောက် ဖတ်ပြီး ဟားလိုက်ကြရတာ။
(အဲဒီညီမလည်း အခု အပျိုကြီးပါပဲ)
ကျမအမ တယောက်က တော်တော်ချောတော့ (ကျမနဲ့ မတူလို့ ချောတာ)သူ့ကိုပေးတဲ့ ရည်စားစာတွေ စက္ကူပုံးကြီးနဲ့ တလုံး အပြည့်ပဲ၊အဲဒီထဲ ဘိုလိုရေးထားတဲ့ စာပါသေးတယ်။အမက နားမလည်တော့ ဘာတွေ ရေးထားတာလဲ ဆိုတာနဲ့ ဖတ်ပြပြီး ဟဟာဟားခဲ့ရသေး။(အဲဒီအမကတော့ အပျိုကြီး မဖြစ်ခဲ့)
ခင် ခ
March 19, 2014 at 10:31 am
အမဒုံ ရေ စက္ကူပုံးကြီးနဲ့တလုံး ရည်းစားစာတွေကို စိတ်ဝင်စားမိတယ်ဗျ ခုထိသိမ်းထားသေးရင် အဲ ဒီထဲက တစ်စောင်လောက်များ ဝေဌမလားဟင်။
ခင် ခ
March 19, 2014 at 10:38 am
၁၃၇၅ ခုနှစ် တပေါင်းလဆုတ် ၅ ရက် မြန်မာစံတော်ချိန် မနက် ၁ဝနာရီ ၄ဝ မိနစ် အချိန် ကြည့်မိချက်အရတော့ (+2) ရရှိထားသော မဟာရာဇာ အံစာတုံး ၏ ရည်းစားစာက အသာစီးရနေပါလားနော်။
sorrow
March 19, 2014 at 11:33 am
တားတားကတော့ ရည်းစားစာဟုတ်ဘူး..ရည်းစားစကားလို့ပြောရမယ်…
ဟရောင်…ပေါက်ကရလုပ်မယ်မစဉ်းစားနဲ့ ..မင်းအနာဂါတ်ကို ငါပိုင်တယ် …လို့ပြောလိုက်မိပါတယ်…ပါးစပ်ဆော့ပြီး…အဲ့ရာနဲ့ အဲ့ကောင်မလေးက တားတားကိုလိုက်ကပ်နေရော….ဘာလဲဟ ပေါ့….နောက်တစ်လလောက်ကြာတော့ …ကိုကို ..မီးတို့ချစ်သူ သက်တမ်း တစ်လပြည့်ပြီနော်…ဆိုပြီး ကိတ်မုန့်ကြီးရောက်လာရော…အဟိဟိ ….အဲ့ရာနဲ့ တားတားလဲ ချော်လဲရောထိုင်ပလိုက်တယ်..( အဆက်ဟောင်းကို ပြောပါတယ်..အဟိဟိ )
Mr. MarGa
March 19, 2014 at 3:30 pm
အခုမှ ပြန်တွေ့လို့ အပြေးအလွှား လာခဲ့တာဗျို့
မောင်မာဃရဲ့ ရည်းစားစာကတော့ ဟောဒမှာ
http://myanmargazette.net/187879
ဖတ်ကြည့်ပြီးတော့ သင့်သလို ဝေဖန်ပါကုန် :mrgreenn:
ဘရန်းဒက် ကေဇီ
March 19, 2014 at 3:41 pm
လေးခ
သူ့ ရဲစားစာ က မအောင်မြင်ဘူးရယ်။ ဉာဏ်ကောင်းတဲ့သူကိုပဲ ပေးလို့ရမှာ။
မယူနဲ့။
သများ စာက မှ မိုက်တာ။
“ချစ်တယ်”
ဒါပဲ။ ရေးနိုင်ရင် အဲ လက်ရေးလည်း လှသေးရင် တစ်မျက်နှာလုံးရေးးး
မရေးနိုင်ရင် တစ်ခါ ပဲ ရေးးး
အဲဒီစာက ဘယ်သူ့မဆိုပေးလို့ရတယ်။
အေးရော။ စာဖတ်တတ်ရင် အိုကေပြီ
မကျေနပ်လို့ အဲ့စာ ပြန်ပေးရင်လည်း အဖြေရပြီလို့သာ ဇွတ်မှတ်တော့။
ဟိ :mrgreenn:
ခင် ခ
March 19, 2014 at 5:00 pm
ဘရန်းဒက် ကေဇီတို့ အကြံပိုင်ချက်ကတော့ မဆိုးဘူးဘဲ။
” ချစ်တယ် ” စာလုံးတွဲနဲ့လုပ်စားလို့ ရ ပ ဟ ။
Ko chogyi
March 23, 2014 at 6:29 pm
ရည်းစားစာတော့မရေးပြတော့ပါဘူး
ဒါပေမယ့် သူငယ်ချင်းတစ်ယောက်အကူညီတောင်းလို့ ရေးခဲ့ရတဲ့အကြောင်းလေးပြောပြချင်တယ်
(ပို့စ်နဲ့မဆိုင်လဲ ခွင့်လွှတ်ပါ)
၈ တန်းကျောင်းသားဘဝ သူငယ်ချင်းက English လို ရည်းစားစာတစ်စောင်ရေးပေးပါလို့ အကူညီ တောင်းလာတယ်။ ဪ ၁ဝ တန်းက မမတွေပေးချင်လို့နေမှာဆိုပြီး
Dictionary တွေလှန်၊ Grammer တွေပြန်ကြည့်နဲ့ အားကြိုးမာန်တက်ရေးပေးလိုက်ပါရော
နောက်ကျတော့ အဆင်ပြေသွားပြီဆိုပြီး ခေါ်လာတဲ့ကောင်မလေးက ကိုယ့်အတန်းထဲက English စာ အညံ့ဆုံးကောင်မလေးဖြစ်နေရော။
ကျွန်တော်ဘယ်လို့မှ စဉ်းစားလို့မရဘူး၊ ငါရေးတာညံ့လို့လား၊ တစ်ယောက်ယောက်ကဖတ်ပြလို့လား၊………….??????
မနေနိုင်လို့ သွားမေးမိတယ်။
“ ဪ ဒါလေးများ၊ I Love You လို့ပါရင် ရည်းစားစာမှန်းသိတယ်လေ၊ ကျန်တာဖတ်တတ်ဖို့
မလိုပါဘူးတဲ့”
ကဲ ဘာတတ်နိုင်သေးလဲ။
အဲဒီတော့ ဗရမ်းထက် ကေစီ ပြောသလို “ ချစ်တယ်” ဆို ပြီးတာပဲမဟုတ်လား။