ဒီနေရာလေးအကြောင်းကို ကိုနိုဇိုမိ (မန္တလေးဂဇက်) က လွန်ခဲ့သော ၂ နှစ်ခန့်က ဓတ်သေတွေဝေဝေဆာဆာနဲ့ တင်ဖူးပါတယ် ။ ေ
အခု ကျနော်ကတော့ ရောက်ခဲ့စဉ်အမှတ်တရအနေနဲ့သာ ပြောရခြင်းပါ ။
ကိုနိုဇိုကတော့ ပိုမိုပြည့်စုံပါတယ် ။
****************************************
တောင်ငူမြို့ရဲ့ အရှေ့ဖက်ကိုထွက်လိုက်ပြီဆိုရင်ပဲ ၁၃ မိုင်အကွာ ကရင်ပြည်နယ်ထဲမှာ သံတောင်မြို့ဆိုတဲ့ တောင်ကုန်းပေါ်ကမြို့လေးကိုရောက်သွားမှာပါ ။
ပခူးတိုင်းရဲ့အဆုံး ကရင်ပြည်နယ်ရဲ့အစနယ်နမိတ်စည်းနားက မြို့လေးပဲဆိုပါတော့ ။
မြို့ဆိုပေမယ့် ဖွံ့ဖြိုးမှုအားနည်းတဲ့ (ဃ) အဆင့်မြို့လို့ဆိုရမလားမပြောတတ် … ရွာကြီးတစ်ခုသာသာပါပ ဲ။ ဒါပေမယ့် အဲဒီနေရာမှာ အမောပြေလန်းဆန်းပြီး သောကတွေငြိမ်းစေမယ့် တောင်ကျချောင်းလေးတစ်ခု စီးဆင်းလို့နေခဲ့ပါတယ် ။
အရှေ့ရိုးမတောင်တန်းကြီးရဲ့ တောင်ကုန်းတောင်တန်းတွေရဲ့အနားသပ် ဖြစ်နေလေတော့ ကုန်းမြေမြင့်ပေါ်က အိုအေစစ်လေး လို့ တင်စားပါရစေ ။
သံတောင်မြို့လေးမှာရှိလို့ သံတောင်ချောင်းလို့ခေါ်ကြသလို
ပသိချောင်း လို့လဲ ခေါ်ကြပါတယ် ။ အရှေ့ရိုးမရဲ့ တစ်နေရာရာက စီးဆင်းလာတဲ့ စမ်းရေအေးတွေတသွင်သွင်စီးလို့ပေါ့ ။
ကျောက်တုံးကြီးတွေကြားက ဖြတ်တိုက်စီးဆင်းလာတဲ့ စမ်းရေကျသံလေးတွေဟာလဲ တောရိပ်တောင်ရိပ်မှာ ကျေးလက်ဂီတသံလိုပါပဲ ။
ရောက်ခါစမှာ ရေထဲဆင်းဖို့ဝန်လေးကြပေမယ့် … ကြည်လင်အေးမြနေတဲ့စမ်းရေအေးတွေရယ် ၊ စည်းချက်ကျကျကြားနေရတဲ့ ပသိချောင်းရဲ့ရေကျသံတွေဟာ
တစ်ခါလောက်တော့ ရေထဲဆင်းချင်စိတ် ဖြစ်မိစေခဲ့ပါတယ် …
ဓါတ်ပုံထဲမှာမြင်တွေ့နေရတဲ့ ကျောက်တုံးလေးတွေပေါ်မှာထိုက်ရင်း
တသွင်သွင်စီးဆင်းနေတဲ့ချောင်းရေပြင်မှာ ခြေချလိုက်တယ်ဆိုရင်ပဲ
စမ်းရေရဲ့အထိအတွေ့ … လေနုအေးရဲ့ အပွေ့အဖက်မှာ အမောတွေပြေ ၊ စိတ်ကြည်လင်လန်းဆန်းလို့ လွမ်းစရာတွေတောင် ပျောက်ခဲ့ပါရဲ့ ………
ကျနော် ပထမဆုံးအကြိမ်ရောက်ခဲ့ဖူးတာက ၁၉၈၅ ဝန်းကျင်လောက်ကပါ ။ အပူဆုံးအချိန်လို့ပြောလို့ရတဲ့
ကဆုန်လပြည့်နေ့မှာပေါ့ ။ အဲဒီတုန်းက ချောင်းရေက အတော်လေးနက်ပါသေးတယ် ။ တချို့နေရာမှာ လူတစ်ရပ်မက
နက်တဲ့အတွက် ကလေးများ နဲ့ရေမကူးတတ်သူတွေ မဆင်းဖို့ သတိပေးကြရတာပေါ့ ။ ချောင်းရဲ့အထက်ဖက်ကိုဆက်သွားတယ်ဆိုရင်ပဲ
ကျောက်တုံးတွေအဆင့်ဆင့်ခံပြီး ရေတွေစီးကျနေတဲ့ ရေတံခွန်အငယ်စားလေးလဲ တွေ့ရမှာပါ ။
ချောင်းလေးကို ဖြတ်ကျော်ပြီး တောင်ကုန်းကြားက ယာတောစခန်းကိုသွားဖို့ ကြိုးတံတားတစ်ခုလည်း သွယ်တန်းပြီး
ရှိနေခဲ့ပါသေးတယ် ။
လူငယ်ပေါက်စတို့ဘာသာဘာဝ ရေဆင်းစိမ်လိုက် ၊ တံတားလေးပေါ်တက်လိုက်၊ ကျောက်တုန်းတွေကြားမှာ
ပြေးလိုက်ဆော့လိုက်နဲ့ ပျော်ခဲ့ဖူးလေရဲ့ ။ ချောင်းဘေးက ဘုန်းကြီးကျောင်းဝန်းထဲကစေတီလေးနဘေးမှာစုရပ်လုပ်ပြီး
ကျနော်တို့ ထမင်းထုတ်တွေဖြေစားကြဖူးတယ် ။ စေတီလေးကတော့ ညဏ်တော်မမြင့်လှပါဘူး ။ တည်ထားတာက
အမှတ်မမှားရင် သကာရည်တို့ ထုံးတို့နဲ့ အုတ်ကိုစည်ပါသတဲ့ ။ ဘိလပ်မြေမပါပဲ ရှေးရိုးနည်းနဲ့တည်ခဲ့တယ်လို့သိရပါတယ် ။
မကြာသေးမှီကပဲ တောင်ငူကို အကြောင်းတစ်ခုနဲ့ရောက်သွားတော့
ခြေရာဟောင်းတွေပြန်ရှာ ချင်မိပြန်ရော ……
ဒီလိုနဲ့ပဲ တောင်ငူ -ထန်းတပင် လမ်းပေါ်က မြတ်စောညီနောင်ဘုရားရယ် ပြီးတော့ သံတောင်လေး လို့ခေါ်တဲ့
တောင်ငူ – သံတောင်ကြီး ကားလမ်းပေါ်က ပသိချောင်းကို ခြေဦးလှည့်ခဲ့မိတယ်လေ ။
သွားတဲ့အချိန်က ပွဲတော်ရက် မဟုတ်လို့ မိသားစု သုံးလေးစုလောက်သာရှိကြတာပေါ့ ။ သင်္ကြန်ရက်တွေနဲ့
ပွဲတော်ရက်တွေ ပိတ်ရက်တွေဆိုရင် ခြေချဖို့တောင်မလွယ်တဲ့နေရာပါ ။ တောင်ငူ တစ်ဝိုက် မိုင်သုံးလေးဆယ်ကျော်လောက်က တကူးတက လာကြတဲ့နေရာလေးပါပဲ ။
ကျနော်တို့ရောက်တဲ့အချိန်က မတ်လဆန်းပါ ။ သိပ်မပူသေးသလို ရေလည်း သိပ်မနဲလောက်သေးဘူး ။ ဒါပေမယ့် တကယ်ရောက်သွားတော့
တွေ့ရတဲ့ မြင်ကွင်းနဲ့အခြေအနေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိပါရဲ့ ။ တကယ်ဆိုရင် ပုံထဲက ကျောက်တုံးကြီးတွေဟာ
တစ်ဝက်လောက်ပဲ ပေါ်နေတတ်တာ ။ အခုတော့ နှစ်ပေါင်း သုံးဆယ်နီးပါး အတွင်းမှာ အရိုးပြိုင်းပြိုင်းထပြီး ပြောင်းလဲသွားပါပြီ ။
တောင်ပေါ်ကကျလာတဲ့ရေတွေဟာလည်း အားအင်ကုန်ခန်းပြီးမောပန်းနေသလိုပါပဲ ။
တွေ့ခဲ့ဖူးတဲ့ရေတံခွန်လည်း ဘယ်ပျောက်သွားလည်းမသိ ။ ဪ .…… တောင်ငူသူ တောင်ငူသားတွေရဲ့အမှတ်တရနေရာ …
ဧည့်သည်လေးများလာရင် တကူးတက လိုက်ပို့ပေးကြတဲ့နေရာ ………
နွေရာသီရဲ့ ပူပြင်းမှုကို တွန်းလှန်ကျော်ဖြတ်ပြီး အေးမြငြိမ်းချမ်းစေတဲ့ တစ်ခုတည်းသောနေရာ ……
အခုတော့ ……… အရာရာတွေပြောင်းလဲခဲ့ပါပြီ ။
မပြောင်းလဲတာကတော့ မဖွံ့ဖြိုးတဲ့ လူမှုဘဝ အခြေအနေတွေရယ် ၊ ဆင်းရဲနွမ်းပါးပြီး
အလုပ်အကိုင်ရှားပါတာတွေရယ် ပြီးတော့ …………
ချစ်စရာကောင်းတဲ့ ဒေသခံတွေရဲ့ဖေါ်ရွေမှုနဲ့ ပကတိရိုးသားမှုတွေပါပဲလေ …… ။
နရစ်တော့ သံတောင်ချောင်း ရေ …………
တချိန်က လူတစ်ရပ်မြုတ်တဲ့နေရာမှာ ခါးလယ်လောက်ရေရှိနေသေးတာကိုပဲ
ကျေးဇူးတင်မိပါသေးရဲ့ ။
ဒီလောက် တောတွေခုတ် တောင်တွေဖြိုတဲ့ခေတ်မှာ ရေတွေစီးဆင်းပေးနိုင်အောင် အံတုပေးနိုင်တဲ့
မင်းရဲ့သတိ္တ ကို လေးလေးစားစားဦးညွှတ်သွားပါတယ် …… ။
နေပြည်တော်မှာ အပန်းဖြေစခန်းတွေပေါ်လာလို့ မင်းဆီကို လူတွေအလာကျဲသွားပေမယ့်
မပြုမပြင်ရသေးတဲ့ သဘာဝစစ်စစ်ကို ခံစားချင်သူတွေကတော့ မင်းဆီကို လာနေဦးမှာပါလေ ……
ငါတို့ခြေရာတွေမရှိတော့ပေမယ့် …ငါတို့ရဲ့အမှတ်တရတွေကို သိမ်းဆည်းပေးထားတဲ့နေရာ ……
ငါတို့ အမြဲမရောက်နိုင်ပေမယ့် … … ရင်ထဲမှာထာဝရ ရှိနေတဲ့နေရာ ……
အဲဒီနေရာလေးကို မင်း …အမြဲထိမ်းသိမ်းပေးပါလေ ……
အမြဲတန်း အမြဲတန်းးးး ဆက်လက်စီးဆင်းနေပေးပါ ပသိချောင်း ရေ …………………။
လေးစားလျှက်
မောင်ဆာမိ
1
2
3
Post Views: 639
34 comments
ရဲရဲတောက် ကေဇီ
March 26, 2014 at 3:18 pm
ပုံ ၃ မှာ မက်မှန်လေး ဒိုင်ဗင်ထိုးတော့မယ်။
😀
surmi
March 26, 2014 at 3:46 pm
မျက်စိစူးလှပါကလား 🙂
ဒီလောက်ဝါးတားတားဖြစ်နေတာလဲ မှတ်မိတယ် ဟုတ်
ရဲရဲတောက် ကေဇီ
March 26, 2014 at 4:01 pm
သများ မျက်စိမှုန်တာ သိသားနဲ့။
ဇော်ဝင်းထွဋ်နဲ့ အီတိုးလေး လာရင် အီတိုးလေး ပဲ မြင်တာ။
😀
Myo Thant
March 26, 2014 at 3:35 pm
မရောက်ဖူးသေးဘူးဗျာ ၊
surmi
March 26, 2014 at 3:47 pm
ဘီယာဘူးလေးပါဆောင်သွားနော ဦးမျိုး
Wow
March 26, 2014 at 3:38 pm
သွားလယ်ချင်တယ်… သာယာလိုက်တာ :kwi:
surmi
March 26, 2014 at 3:50 pm
မသော်( နန်းတော်ရာသူ) ကိုချောဆွဲဗျို့ ………
အဲဒီနယ်က သူတို့နယ်ဗျ ။ သိပ်ပိုင်တယ် 🙂
ခင် ခ
March 26, 2014 at 3:58 pm
အဲဒီအထိတော့မရောက်ဖူးဘူးဗျ။
အဲဒီနဲ့ သိပ်မဝေးတဲ့နေရာမှာတော့ တောဂျီသားကင်နဲ့ ဝီစကီ ဧည့်ခံဖူးတဲ့သူရှိလို့ သောက်ခဲ့ဘူးတယ်၊ စသောက်တုန်းကတော့ သောက်စားပြီးရင် အဲဒီကိုသွားကြမယ်ပေါ့ ဒါပေမယ့် မရောက်ဖြစ်လိုက်ဘူးဗျာ။
surmi
March 28, 2014 at 9:37 am
@ဦးခ
ဦးခလည်းဟနယ်အတော်စုံသားဗျ နော …
ဧကန္တေတော့ ရိုးရိုးသွားတာမဟုတ်လောက်ဖူးထင်တယ် 🙂
@ဦးမိုက်
စိတ်ဝင်စားရင် နေ့ချင်းပြန် ရသနော ဟဲဟဲ
kyeemite
March 26, 2014 at 4:11 pm
ဓါတ်သေလေးတွေကြည့်ပီးသွားချင်စိတ်ပေါက်တယ်ဗျာ…ဝီစကီလေးနဲ့ငြိမ့်လိုက်ချင်တာ.. 😛
snow smile
March 26, 2014 at 4:31 pm
ရောက် ဘူး တယ်
အေး ချမ်း နေ တာ ဘဲ
ခု တော့ ပြောင်း လဲ ကုန် ပြီ ပေါ့
surmi
March 28, 2014 at 9:41 am
အစ်မတို့ သွားဖူးတဲ့အချိန်လိုတော့ မဟုတ်တော့ပေမယ် ့
သိပ်မပူသေးရင်တော့ ရေရှိပါသေးတယ်
သင်္ကြန်နောက်ပိုင်းဆို မကောင်းတော့ဘူး
ရဲစည်
March 26, 2014 at 5:44 pm
အူးလေး ပသိချောင်းက ၁၃မိုင်ခေါ်သပေါ့ သံတောင်ကို ရောက်ဖို့ နောက်ထပ်တောင်ပေါ် ၁၄မိုင်ဆက်သွားရတယ်။ ဒါကတစ်ချက်
ဒုတိယတစ်ချက်က ပသိချောင်း လမ်းခွဲကနေ အရှေ့တောင်ဘက်အတိုင်း တည့်တည့်သွား ၁၃မိုင်လောက်ဆို သံလွင်မြစ်နဲ့ သောက်ရေခပ်ချောင်း ဆုံရာက မြတ်စောညီနောင်ဘုရား (ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင် ယတြာအသည်းအသန်ချေကြသေး) သမိုင်းနောက်ခံနဲ့ ဒေသတွင်း ထူးခြားထင်ရှားတဲ့ ဘုရားပေါ့။
တတိယ အချက်ကတော့
တောင်ငူကနေ ၃မိုင်ခွဲလောက် သံတောင်ကိုတက်လာရင် လမ်းဖြတ်တခုရှိတယ်၊ အဲ့ဒါ လိပ်သို-ရာဒိုလမ်း ၁၂၂မိုင်လားမသိ၊ အဲ့လမ်းရောက်ရင် တောင်ဘက် ရာထိုသွားတဲ့ဘက် ၄မိုင်မှာ ရေစီးကောင်းပီး အတန်ငယ်ကျဉ်းတဲ့ ချောင်းတခု၊ တပ်အဟောင်းတခုရှိတယ်။ ကြားစခန်းခေါ်လားပဲ၊ အဲ့မှာ အင်္ကျီအဝတ်အစား အပိုမရှိလို့ သင်တန်းသားတွေ အကုန်လုံး -င်တုံးလုံးနဲ့ ရေကူးဖူးပါကြောင်း။
ဘဝမှာ မှတ်မှတ်ရရ သင်တန်းတပါတ်စဉ်ထဲ ဗရုတ်တကောင်၏ ကျွတ်ငပိထောင်းနဲ့ ပိန္ဓဲကွင်းပြုတ် ထမင်း၃ပန်းကန် လွေးဖူးပါကြောင်း(အကုန်ပြန်အန်ထွက်)
မှတ်မှတ်ရရ သံတောင်တခွင်
ဒါပေသိ ဒေးမူလေးတွေ ရိုးသားပီး ချောချက်က ၉လောက်ချိတယ်
ROssI
March 27, 2014 at 2:55 am
ဟိတ်လူ
တိုးတိုး
ဒါမိုးက သူတေမသိလေပိုကောင်းလေ။
ငိ
surmi
March 28, 2014 at 9:47 am
ကိုရဲစည် ပြောတဲ့သံတောင်ကြီးက်ု ၂၀၀ဝ လောက်က ချောဆွဲခံရလို့ ပါသွားဖူးတယ် ။
ပြောရရင် အရှည်ကြီးဘဲ
အဲဒီမှာ အရာရှိတွေမွန်းမံသင်တန်းလားမသိ ဖွင့်တုန်းကပေါ့
ပြန်လာတော့ ကလပ်ပလိတ် တစ်ချပ်လဲလိုက်ရတယ် 🙂
လမ်းကအခုလောက်မကောင်းဘူးလေ ဆိုးလိုက်တဲ့ဖြစ်ခြင်း 🙁
အခုလဲ မြတ်စောညီနောင်ဘုရားမှာအရာရှိတစ်ဖွဲ့နဲ့ဆုံကြသေးတယ်။ အောက်ပတ်စ် ထွက်လာတာထင်ရဲ့
alinsett (gazette)
March 27, 2014 at 7:32 am
ရောက်ဖူးချင်သား. . .
surmi
March 28, 2014 at 9:52 am
@ အလင်းဆက်
သွားဖို့ လွယ်ပါတယ် ။ သွားပါများခရီးရောက် တဲ့ 🙂
@ဒေါ်ခွစ်
သံတောင်ကြီးမှာ နွေရာသီ ဘာသာရေးဆိုင်ရာသင်တန်းရှိမယ်ထင်တယ်နော
အရင်တောင်ငူမှာရှိတုန်းကသွားကြတာ တွေ့ဖူးတယ်
Crystalline
March 27, 2014 at 10:42 am
လိပ်သိုနဲ့သံတောင်ကြီး သုံးလေးခါရောက်ဖူးတယ်.. အဲ့ချောင်းတော့မရောက်ခဲ့ဘူး.. အဲဒီဖက်တွေသွားတိုင်းလည်းပျော်တယ်.. ရောက်ပြီးသားနေရာပေမယ့် ထပ်သွားချင်သေးတယ်..
ကျော်စွာခေါင်
March 27, 2014 at 9:16 pm
ကိုဆာ
မြတ်စောညိနောင်တော့ ရောက်ဘူးတယ်..
သံတောင်ကို မရောက်ဘူးပါဘူး.. ရှမ်းဝတီးမှာနေတုန်း သံတောင်မှာ တိုက်ပွဲဖြစ်နေတော့ လက်နက်ကြီးသံတွေပါ ကြားရတာ..။
ကြီးကြီးက သံတောင်ကို ပေးမသွားဘူးဗျ…ကြာပါပြီ.
surmi
March 28, 2014 at 10:45 am
@ ဆရောခေါင်
အစ်ကိုနေဖူးတဲ့နှစ်တွေက၁၉၈ဝ ကျော်တဝိုက်ထင်ပါရဲ့
အဲဒီအချိန်တုန်းက သံတောင်ကြီးကို သွားတဲ့လိုင်းကားမရှီသလိုသွားထို့လဲမလွယ်လှဘူး
ဘောဂလိ ဘောဂလ ကထွက်တဲ့ ချဉ်ပေါင်ဖါလာတောင်မှ ခက်ခက်ခဲခဲ တောင်ငူကိုပို့ရတာ။
ဟိုတုန်းက အများပြည်သူတွေသွာလားရင် အခုတွေ့ရတဲ့ ၁၃ မိုင်သံတောင်လေး ကိုပဲသွားကြရတာ ။
မြတ်စောညီနောင်ဘက်က နယ်မြေအေးချမ်းတယ်လေ
@အစ်ကိုပေါက်
သွာချင်ရင်လွယ်ပါတယ်နော ဟဲဟဲ
တကယ်တော့ ဒါက ဘာမှမဟုတ်သေးတဲ့ ဒေသတွင်း မထင်မရှားနေရာလေးပါ
အခြားထင်ရှားတဲ့နေရာတွေအများကြီးရှိလဲ
နိုင်ငံတကာသိအောင်မလုပ်နိုင် ကြတာတွေ များသားဗျာ 🙁
ကိုပေါက်(မန္တလေး)
March 27, 2014 at 10:10 pm
က ဆာ
လိုက် ပို့ မေ ပး ရင် ခင် ဗျား နဲ့ ကျ နော်
ဒန် ဒန် ဒန် ဘဲ
အတည်ပြော မယ်ေ နာ်
ကျ နော် တို့ နိုင်ငံ က သဘာ ဝ ကို ပြ ပြီး
နိုင် ငံ ခြား သာ း လာ အောင် မ ဖန် တီး တတ် သေး ဘူး ဗျို့
ကထူးဆန်း
March 29, 2014 at 9:00 pm
လေးပေါက်ရေ ..အဲ့ဒီ့ ချောင်း နေရာကိုကတော့ ဦးခင်မောင်အေး စီဘီဘဏ် က တော့ သိမ်းပို်က်ထားပြီးပါပြီ ။
အဲ့ဒီ့ နေရာထက် ဂျပန် တွေ စိတ်ဝင်စားတာက သူတို့လူမျိုးတွေ စစ်အတွင်းကျခဲ့တဲ့ နေရာရှိတယ် ။ ကျွန်တော်လည်း နေရာ သေချာတော့မသိပေမဲ့ ဂျပန်တွေအရမ်းသွားချင်တယ် ။
သို့သော်လည်း နယ်မြေ မအေးချမ်းဘူးဆိုပြီး တောင်ငူ အထွက် တံတားတောင် ပေးမကျော်ဘူး ။
ဂျပန်တွေ ကလည်း လစ်ရင်လစ်သလို သွားကြတယ် ။ ရလဒ်ကတော့ ဟိုတယ် သမား အထောင်းခံရတာဘဲ ။ သူတို့ဟာ သူတို့ သွားချင်ရာသွားတာ ဟိုတယ် သမားက ဘယ်လိုတားမှာလဲ ။ ဆိုင်ရာပိုင်ရာတွေက ဒါတွေ နားမလည်ဘူး ။ နိုင်ငံခြားသား သွားတာတွေ့ရင် ဘယ်ဟိုတယ် တည်းလဲ ..အဲ့ဒီဟိုတယ်ကိုပြသနာရှာတော့တာဘဲ ။။
နိုင်ငံခြားသားကို သံတောင် အထွက် တံတား အကျော်မခံဘူး ။
အခုနောက်ပိုင်းတော့ မသိတော့ဘူး။ သွားမရဘူးဆိုတော့ ဘယ်သူမှ မလာတော့ဘူးလေ ။
weiwei
March 28, 2014 at 11:39 am
မရောက်ဖူးသေးလို့ တစ်ခေါက်လောက်တော့ သွားအုန်းမယ် …
နေ့ခြင်းပြန်သွားလို့ အဆင်ပြေရင် စီစဉ်ကြည့်မယ် ..
တန်ဆောင်မုန်းလလောက်ဆို အကောင်းဆုံးဖြစ်မယ်ထင်တယ်နော် …
surmi
March 28, 2014 at 11:53 am
ဟုတ်တယ်မဝေရေ
နေ့ချင်းပြန်မှီပါတယ် ။ ရန်ကုန်က မနက်၆ နာရီထွက်ရင် တောင်ငူကို ၁ဝ နာရီလောက်ရောက်ပါတယ် ( ကီလို ၁၀ဝ ဝန်းကျင်မောင်း )
ဟိုဖက်ကို ၁၃ မိုင်သာမောင်းရလို့ နာရီဝက်ပါပဲ ။
နေ့လည်စာ ဝယ်သွားပြီး ချောင်းဘေးမှာစား .… နေ့လည် ၂ နာရီလောက်ပြန်ထွက်ရင်
မိုးမချုပ်မှီ ရန်ကုန်ပြန်ရောက်ပါလိမ့်မယ် ။
တစ်ညလောက်အိပ်နိုင်မယ်ဆိုရင်တော့ တန်ဆောင်မုန်းလပြည့်နေ့ညမှာ နှစ်ကျိတ်ရှစ်ဆူပွဲရှိပါတယ် ။
မိုးလင်းပေါက် လှည့်လည် အပူဇော်ခံ ကြွရင်း တီးဝိုင်းပေါင်းစုံနဲ့
မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့ ။
ဟိုတယ်တွေလည်း ရှိနေပါပြီ ။
kotun winlatt
March 28, 2014 at 7:43 pm
အဲ…အဲ…ဗျ….. ရေကြည်နေပီး သဘာဝအတိုင်း စီးဆင်းနိုင်သေးတဲ့ ချောင်းလေးပါလားးး
ကျနော်တို့ဘက်က နယ်သူနယ်သားတွေ အားထားရတဲ့ ချောင်းကြီး တစ်ခုကတော့ ချောင်းဖျားက ရွှေလုပ်ကွက်တွေကြောင့် တစ်နှစ်ပတ်လုံး နောက်ကျိနေတာ ကြာလှပေါ့… လွှတ်တော်မှာ တင်ပြတော့ နယ်မြေငြိမ်းချမ်းမှု မရှိသေးသဖြင့် သွားရောက်ပီး မစစ်ဆေးနိုင်သေးပါဆိုပဲ.. နယ်သူနယ်သားတွေ လက်မှတ်ရေးထိုးပီး တင်ကြတော့လည်း ဘာမှ..ဘာမှ..ဘာမှ…မထူးခြားးးးး ကိုဆာမိရေ.. သံတောင်ချောင်းလေးလည်း ယခုလိုပဲ…ဆက်လက်ပီး စီးဆင်းနိုင်ပါစေလို့ ဆုတောင်းတယ်ဗျို့…
surmi
April 3, 2014 at 9:30 am
ကိုထွန်းဝင်းလတ်ရေ
တခါတလေ အထက်ကဆရာသမားများလုပ်ပုံမဟုတ်တာနဲ့ဘဲ တစ်ခုခုထူးလြားတာလေးများ
မပြောပြရဲအောင်ပါပဲ။ ငယ်ငယ်ကဆို နယ်မှာ ရေတွင်းတူးရင်တောင်မှ နက်နက် မတူးဝံ့ဘူး
မတော် နိုင်ငံတော်သဘောကျတဲ့ဟာတွေထွက်လာရင် ဖယ်ပေးရမှာဆိုပြီး ကြံဖန်ကြောက်ခဲ့ရသေးဗျာ
အရိုးစွဲအောင် ထိတ်လန့်ခဲ့ကြပုံများ 🙁
@အန်တီသဲ
အေးချမ်းတယ် ငြိမ်းချမ်းတယ်
ဘာတဲ့ အပေါ်မှာ ကိုထူးဆန်းပြောထားတာ CB သေဌေးယူလိုက်ပြီဆိုတော့နောက်ဆို အလကားသွားလို့မရတော့ဘူးဗျို့
@ မွန်မွန်
မသော်ကိုချောဆွဲပြီးသွားကြလေ
ဟိုအညာသား ၆မျက်နှာကို ချောင်းထဲ ရေမွန်းအောင်လုပ်ပစ်လိုက်:)
TNA
March 30, 2014 at 6:14 pm
အေးနေမှာပဲ သွားချင်လိုက်တာ။
လုံမလေးမွန်မွန်
March 30, 2014 at 10:05 pm
သွားချင်လိုက်တာ .. တကယ် . တကယ်..
မြို့ပြကနေ ခဏလောက် ထွက်ပြေးရင်းပေါ့…
ရေဆော့ချင်လိုက်တာ…
ဦးကျောက်ခဲ
March 31, 2014 at 8:31 am
ကိုရင်ဆာမိ ဓာတ်သေတွေကြည့်ပြီး ကျောင်းသားဘဝကို လွမ်းလိုက်တာဗျာ…
ပသိချောင်းတော့မဟုတ်ပေမည့် ကွင်းဆင်းရင်း စမ်းချောင်းတွေ့ရင် ရေချိုး ၊ ထမင်းချက်…
အခု အဲသည့်ဘဝကို ငွေတွေပုံပေးတောင် မရတော့ဘူး…
🙁
surmi
April 3, 2014 at 9:36 am
@ ဦးကျောက်
ကျောင်းသားဘွတော့ပြန်မရနိုင်ပေမယ့် တောထဲတောင်ထဲသွားချင်ရင်တော့
ဖြစ်သေးတယ်နော ဟဲ ဟဲ
တကယ်တော့ … အဲဒီလိုပြန်သွားခွင့်ရမယ်ဆိုရင်တောင်မှ ကြံ့ခိုင်ရေးက ကောင်းတော့မယ် မထင် 🙁
padonmar
March 31, 2014 at 10:07 pm
ကဆာမိ
မြတ်စောညီနောင်ဘုရားမှာ နှစ်စဉ် နိဗ္ဗာန်ဈေးသွားလှူတတ်တဲ့ မိတ်ဆွေတွေပြောပြတော့ ရောက်ဖူးချင်မိတယ်။
သံတောင်ကလည်း ဒုတိယ မေမြို့လို့ ကြားဖူးတယ်။
ဖြူနှင်းသော်ဆိုတဲ့ စာရေးဆရာမ(ကျမစိတ်ထင် အဲဒါ စာရေးဆရာတယောက်က နာမည်ခံရေးပေးတာထင်ပါတယ်)ရေးတဲ့ ဝတ္ထုတွေထဲမှာ အဲဒီ လိပ်သို၊ ဘောဂလိ၊ဘောခါ ဆိုတဲ့ ဒေသတွေကို အခြေတည်ပြီး ရေးတတ်တယ်။စုံထောက်ဝတ္ထုကောင်းတွေပါ။
အဲဒီဝတ္ထုတွေ ဖတ်ပြီး ရောက်ဖူးချင်တယ်။
နန်းတော်ရာသူကို အားကိုး၊ဦးဆာမိကို ခေါင်းတပ်ပြီး ရွာသူားတွေ လေ့လာရေး အမည်ခံသွားကြရအောင်။
surmi
April 3, 2014 at 9:49 am
အစ်မရေ
မြတ်စောညီနောင်ဘုရားကတော့ တောင်ငူရာဇဝင်တွေနဲ့ပတ်သက်နေတဲ့ဘုရားပေါ့ ။
ခက်တာက ကျနော်တို့ဘိုးဘေးတွေရဲ့အားနဲချက်က မှတ်တမ်းမှတ်ရာ သေချာမထားခဲ့တာပါပဲ ။
ပါးစပရာဇဝင်တွေနဲ့မူအမျိုးမျိုးကွဲနေတာမို့ ကျနော်လည်း အခုထိ ရေရာစွာ မသိသေးပါဘူး ။
သို့သော်လည်း တပေါင်းလပြည့် ထင်ရဲ့ ……အဲဒီဘုရားပွဲကတော့အတော်စည်ပါတယ် ။
အစ်မပြောတဲ့သံတောင်ကတော့ သံတောင်ကြီးလို့ခေါ်ကြတဲ့မြို့ပါ ။
တပ်မတော်ကအရာရှိများကို မွန်းမံသက်တန်းပေးဖို့ ဖွင့်ထားပါတယ် ။
အရင်ကတော့ဘနယ်မြေအခြေအနေအရမသွားနိုင်ပေမယ့် အခုလမ်းဆိုးသော်လည်းသွားလို့ရပါပြီ ။
သို့သော် ဖွံ့ဖြိုးမှုတွေတော့ထင်သလိုမဖြစ်သေးပါဘူး
မောင်ဂီ လည်း ကျနော်နဲ့တစ်နေ့တည်း ပသိချောင်းကိုရောက်လာပြီး အဲဒီသံတောင်ကြီးကို
ဆက်တက်သွားပုံရပါတယ်။
သူကတော့ လက်ရှိအခြေအနေကို အသိဆုံးပါပဲ
ဟိုတစ်နေ့က ဘယ်သူလဲမသိပြောသံကြားလိုက်သေးရဲ့
ဘာတဲ့ ဂဇက်အဖွဲ့တွေခရီးထွက်ချင်တယ်ဆိုလား 🙂
black chaw
April 1, 2014 at 1:27 pm
နီးနီးလေး နဲ့ ဝေးနေတာပဲ…။
ရောက်အောင်သွားဦးမယ် ကိုဆာမိရေ…။
surmi
April 3, 2014 at 9:53 am
ဘဘ ဘလက်ခင်ဗျ 🙂
နီးလျှက်နဲ့ဝေး ……… ဆုံနိုင်ဖို့တွေးနေရင်တော့ ဟဲဟဲ
သွားမယ်ဆို လက်တို့လိုက်ဗျာ ကိုနိုဇိုကြီးပါ ခေါ်သွားရမယ်
သူလဲ အဲ့ဒီဒေသနဲ့ အကြောင်းပါသဗျ