Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သေလုလု အပြုံး . . .

alinsettMarch 25, 20141min3438

“ သေလုလု အပြုံး ´´

 

~ ည ။

ခမ်းခမ်းနားနား မှောင်တယ်

ခက်ခက်ခဲခဲလမ်းလျှောက်တယ်

သူ. . .

လမ်းမပျောက်ဘူး. . .လူပျောက်တယ်

 

 

~ နေ့ ။

မသင်္ကာစရာ လင်းချင်းတောက်ပ

လှလှပပအရှုံးတွေ ပိုက်ပြီး

သူ. . .

ပြန်ရောက်လာတယ် ။

 

 

~ မာယာ ။

ချိုမြတဲ့အဆိပ်တွေ လိမ်းကာကျံကာနဲ့

အကြံအဖန်နှလုံးသားတစ်ခုက . . .

အစစ်ကြီး ချစ်တာပါတဲ့ . . .

သူ. . .

မယုံနိုင်လောက်အောင် ယုံမိတယ်

 

 

~ မိုး ။

မြေပြင်ကနေမှ. . .

ကောင်းကင်ပေါ်ပြန်တက်

အဆန်သဘောနဲ ့ ရွာရက်တယ်

သူ. . .

ပန်းပွင့်တစ်ပွင့်တလေကို လွမ်းမိတယ်

 

 

~ အလွမ်း ။

အပြောလွယ်သလောက် အလုပ်ခက်

အဟက်ခနဲ ရယ် ရယ်ပြရင်း. . .

ဘယ်ဘက်ရင်အုံကို လက်နဲ့ဖိ

သူ. . .

ဒူးမထောက်ပဲ လဲလိုက်တယ် ။

 

*********

 

အလင်းဆက် (Gazette)

23 / 3 / 2014 / 16 : 30 /

sunday / မရမ်းကုန်း

 

 

 

 

8 comments

  • snow smile

    March 25, 2014 at 7:29 pm

    ဒူး မ ထောက် ဘဲ လဲ လိုက် တော့
    ဒူး က တော့ သက် သာ သွား တာ ပေါ ့
    ကျန် တဲ့ နေ ရာ တွေ ပို ထိ လိမ့် မယ်

    • alinsett (gazette)

      March 26, 2014 at 7:37 am

      ဟုတ်ပါ့ဗျာ

      တခြားနေရာတွေ ပိုနာလိမ့်မယ်။
      ဒူးမထောက်ချင်တဲ့ မာနအတွက်. . .ပေးဆပ်ရခြင်းပေါ့နော်

      🙂

  • ko six

    March 25, 2014 at 8:28 pm

    ဩကာသ​လောကြီးက​ပြောတယ်​
    အရာရာဟာ
    မ​ရေမရာ​တွေချည်​းပဲဖြစ်​တယ်​တဲ့

    • alinsett (gazette)

      March 25, 2014 at 8:56 pm

      ဆရာဆစ် ဆီက ကြားချင်တဲ့ စကားတွေထဲမှာ

      ကျွန်တော် ရေးတဲ့ ကဗျာတွေထဲက
      ကျနော့် ခံစားချက်
      ကျနော်ပေးချင်တဲ့ အယူအဆ / သတင်းပေးချက်
      ကျနော့် ကဗျာရသ တွေ ထက်. . . .

      ကျနော့် ကဗျာရေးဟန်နဲ့ ကဗျာ ဖွဲ့တည်ပုံ ပုံစံ
      အဲဒါတွေကို ဝေဖန်စကား
      ပိုကြားချင်မိပါရဲ့ ။
      ———

      ဆရာဆစ်ရေ
      ကျနော့် ကဗျာထဲ
      အခုလို နက်နက်ရှိုင်းဝင်လာပေးသွားတဲ့အတွက်
      ကျေးဇူးပါဗျ

      လေးစားချစ်ခင်စွာ. . .

      အလင်းဆက်(Gazette)
      25/3/2014/Tue/21 :000 pm

  • surmi

    March 25, 2014 at 9:30 pm

    ဒူးမထောက် လက်မမြှောက် ကြောက်စိတ်ဖယ်ရှားမည် ***

    ဟုတ်ပါဘူးကွာ မှားလို့မှားလို့ 🙂

    • alinsett (gazette)

      March 26, 2014 at 7:31 am

      ကြောက်စိတ်ကိုဖယ်ပြီး
      ကျောက်တုံးလိုစိတ်မျိုး မွေးရမည်။

      မှတ်တယ်ဗျို့. . .

      🙂

  • kyeemite

    March 26, 2014 at 11:48 am

    သေလုလုအပြုံး
    ငိုလုလုအရှုံးတွေနဲ့
    မှောင်နက်ထဲ မှောက်ရက်လဲပေမဲ့
    မင်းလားကွလောကဓံလို့
    ကြွေးကြော်ပြီး…ဝံ့စားစွာ ပြန်ထခဲ့တယ်။

    • alinsett (gazette)

      March 26, 2014 at 1:12 pm

      အိုးးးး
      ရစ်သမ်မိမိနဲ့ တိုတိုထိထိ ကဗျာလေးး

      ဦးကြီးရေ
      သိမ်းးထားလိုက်ပြီ

Leave a Reply