“ မ စား ခင် ဈေး အ ရင် မေး ပါ“
“ မ စား ခင် ဈေး အ ရင် မေး ပါ“
ကျ နော် အ လ ုပ် လုပ် တဲ ဆိုင် နာ းေ လး ကို
ဘေထုပ် ရောင်း တဲ့ ပျံ ကျ ဈေး သည် လေး တွေ လာ ပြီ း ဈေး ရောင်း တတ်ပါ တယ်။
သူတို့ လေး တွေ ကို “လေ ဘေး ထည် “”ဖျာ ပုံ သည်” “ဘေ ထုပ ် သည်”
ဆို ပြီ း အ မျုးိ မျုးိ နာ မယ် တတ် လေ့ရှိ ပါတယ်။
အများ သိ တဲ့ နာ မယ် က တော့ လေ ဘေး ထည ် ပါဘဲ။
ဒီ ပစ္စည်း တွေက ၁၉၈ဝ ပါတ်ဝန်းကျင် လောက် က စ ပြီး ခေတ ် စား တယ် လို့ ထင် မိ ပါ တယ်။
ရခိုင်ပြည် နယ ်မှာ လေ ဘေး ဒဏ် ခံ လိုက်ရ တဲ့ အခါ မှာ အိမ် နီး ချင်း နိုင် ငံ တွေ က နေ
အ ဝတ် အစား တွေ ကို ကူ ညီ တဲ့ အ နေ နဲ့ ပို့ ပေး ပါ တယ်။
လေ ဘေး ဒု က္ခ သည် တွေ အတွက် ပို့ လိုက် တဲ့ အဝတ် အထည ်ေ ဟာင်း တွေက
ဘယ် က နေ ပေါက် ထွက် လာ တယ ်တော့ မသိ ပါဘူး။
မြန ် မာ ပြည် ရဲ ့ အထည် ဈေး ကွက် ထဲ ကို ရောက် လာ ခဲ့ ပါ တယ်။
အဲ ဒီ အ ဝတ် အစား ထုပ် ကြီး တွေ ကို ဘေ ထုပ် လို့ ခေါ် ပါ တယ်။
အ စ က တော ့ နိုင် ငံ ခြား က အဝတ် အထည်အ ဟောင်း တွေပေါ့။
ဒီ တော့ ဆင်း ရဲ သား အများ စု က ဘဲ ဝယ် ဝတ် ကြ ပါ တယ်။
လေ ဘေး ထည် ဝတ် တဲ့ သူက နည်း နည်း နိမ့် တယ် ပေါ့ နော်။
နောက် ပိုင်း မှာ တော့ အဲ ဒီ ဘေ ထုပ် ထဲ မှာ အသစ် နီး ပါး ကောင်း တဲ့
အ ဝတ် အ ထည ်တွေ ပါ လာ ပါ တယ်။
ဒီ နောက် မှာ တော့ တစ် ဘက် နိုင် ငံ တွေ က ဆိုင် ကပ် ပစ္စည်း အသစ် စက် စက် တွေ
ပါ လာ ပါ တယ်။
အဲ ဒီ အချိန် က တံ ခါး ပိတ် ဝါ ဒ ကျင့် သုံး တဲ့ ဆို ရှယ် လစ် စ နစ် ကာလ
ဆို တော့ နိုင် ငံ ခြားအ ဝတ် အထည် ( ေ ဖာ ရင်း မိတ် ) ဆို ရင် ရှား လဲ ရှား
ဈေး လဲ ကြီး ပါ တယ်။
အဲ လို အ ချိန် ရောက ်တော့ ဒီ လေ ဘေး ထည် တွေကို ပိုက် ဆံ ရှိ သူတွေ
အ နု ပညာ သည ်တွေ ပါ ဝယ် ဝတ် လာ တာကို တွေ့ ရ ပါ တယ်။
ဒီ အချိန် က စ ပြီး လေ ဘေး ထည် တွေ က မြန် မာ ပြည် တစ် ပြည် လုံး မှာ
ဈေး ကွက် ကြီး တစ်ခု ဖြစ် လာ ခဲ့ ပ ါတယ်။
“လေ ဘေး တန်း “ ဆို ပြီး တောင် နေ ရာ တစ် ခု အ နေ နဲ့ ရပ် တည် နိုင် လာ ပါ တယ်။
အဲ လို ဆိုင် နဲ့ ကန္နား နဲ့ ရောင် းလာ နိုင် တဲ့ အခါ မှာ ရောင်း ချ တဲ့ စံ နစ် လဲ ပြောင်း လာ ပါ တယ်။
အသစ် စက် စက် က တစ် ဈေး။
အိပ် တွေ ဘာ တွေ နဲ့ ထည့် ပြိးသပ် သပ် ရပ် ရပ် ပေါ့။
နောက် ခတ် လတ်လတ်က တစ် ဈေး။
အ သေ အချာ လျှော် ဖွတ် မီး ပူ တိုက် ပြီး ပ လပ် စတစ် အိ်ပ် ထဲ ထည့် ပေါ့။
အဲလို တစ် ဆင် ့ပြီး တစ် ဆင့် ရွေး သွား လိုက် တာ နောက် ဆုံး မှာ
အ ပေါက် ပါ တာ တို့ စုတ် နေ တာ တို့ ဆို တဲ့ “အ ပယ် “
တွေ ထွက် လာ ပါ တယ်။
အဲ လို အပယ် တွေ ကို တော့ လမ်း တစ် ကာ လှည့် ပြီး တွန်း လှည်း နဲ့ ရောင်း သူ တွေဆီ ကို
အပ် လိုက် ပါ တယ်။
အဲ လို တွန်း လှည်း ပေါ် တို ့ ဈေး လူ စည် တဲ့ နေရာမှာ ဖျာ ခင်း ပြီး ပုံ ရောင်း တဲ့
ဖျာ ပုံ ထည် တွေက တော့ ပေါက် ဈေး မ ရှိ။
ပေါ ပေါ လော လော ကြိုက် ရောင်း ကြိုက် ဝယ်ေ ပါ့။
ဒီေ န့ မ နက် ကျ နော် အ လုပ် ရောက် တော့ တွန်း လှည်း နဲ့ အထည် သည် က
“လာ နော် လာ ေ နာ် တစ် ထည် မှ နှစ် ရာ
တစ် ထောင် ဘိုး ခြောက် ထည်
တန် မှ တန် “ ဆို ပြီး အော် ဟစ် ရောင်း နေ သံ ကို ကြား နေ ရ ပါတယ်။
တွန်း လှည်း ဘေး မှ ာ လည်း အဝတ် စဉ် လေး တစ် ခု ထောင် ပြီး
အကျီင်္ အ ချို ့ ကို ချိတ် ထား ပါ တယ်။
တစ် ထည် ၂၀ဝ ဆို တော့ လူ တွေ က စိတ် ဝင် တ စား နဲ့ အုံး လာ ပါ တယ်။
သိပ် မကြာ ခင် ဆူ ညံ ဆူ ည ံ အသံ တွေ ထွက် လာ လို့ ကြည့် လိုက် တော့
မိန်း မ ကြီး တစ်ယောက် နဲ့ ဘေ ထုပ် သည် ငြင်း နေ တာ ကို တွေ့ ရ ပါတယ်။
“ နင် တို့ ဘဲ တစ ်ထည် ၂၀ဝ အော် နေ တာ လေ ။
အ ခု ယူ မယ် ဆို မှ ချိ တ် ထား တာက တစ် ထည် ၅၀ဝဖြစ်သွား တာတုံး”
“ အ ဒေါ် ဖျာ ပေါ် ပုံ ထား တာ နဲ့ တွန်း လှည်း ပေါ်က ဘယ် ဟာ ယူ ယူ ၂၀ဝေ လ”
“ နင် တို့ အော် ရောင်း နေ တုန်း က ရှင်းေ အာင် ပြော ရောင်း လေ၊
က လိန် ကကျစ် မ လုပ် နဲ့ ” ဆို ပြီး အ ချီ အချ အကြာ ကြီး ပြော နေ ပါ တယ်။
နောက် တော့ အ ဒေါ် ကြီး က သူ့ လက် ထဲ ကိုင် ထား တဲ့ အထည် တွေ ကို
ဘုတ် က နဲ့ ပစ် ချ ပြီး ပါး စပ် က လဲ ပွ စိ ပွ စိ ပြောရင်း ထွက် သွား ပါ တယ်။
“လမ်း ဘေး ဈေး သည် ဆို တာ နောက် နေ့
ဒ ီ နာ း ထွက် ချင် မှ ထွက် တာ ။
အဲ တော့ သူ တို့ ပါ း စပ် ကလ ဲ ထွက် ချင် သလို ထွက်
ပြော ချင် သလို ပြောပြီး
ေ ရာင်း ချင် သလို ရောင်းမှာ ပေါ့ “လို့
ကျ နော် ့ စိတ် ထဲ မှာ တွေး နေ မိ ပါ တယ်။
**************************************************
မ နက် ဆယ် နာ ရီ လောက် ရောက် တော့ နယ် က ကုန် သည် တစ် ယောက်
ဆိုင်ကို ရောက် လာ ပါ တယ်။
စ ကား တွေ ပြောျ ရင်း နေ့ လည် စာ စား ချိန် ရောက် လာ တော့
သူ နဲ့ ကျ နော် ထမင်း စား ဘို့ ထွက် လာ ခဲ့ ကြပါ တယ်။
လွန် ခဲ့ တဲ့ တစ် လ ကျော် ကျော် လောက် က ကျနော် အလုပ် နဲ့
သိပ် မဝေး တဲ့ လမ်း ဒေါင့် လေးမှာ ထမင်း ဆို်င် အသစ ်လေး
ဖွင် ့ တာ ကို တွေ့ ထား ပါ တယ်။
ဆို်င ် လေး က သပ် သပ် ရပ် ရပ် ။
အဲ ဒါ ထက် ဆိုင် ရှေ့ မှာ ချိတ် ထား တဲ့ ဗွီ နိုင်း လေးထဲ က
စာ သား တွေ က လူ ကို ပို ပြီး ဆွဲ ဆောင် ပါတယ်။
“ ထမင်း အဝစား ကျပ် ၂၀၀၀”
“ ဂျီ သား ၊ ဆတ် သား၊ယုန် သား” ဆို တဲ့ စာ သား လေး ပါ ဘဲ။
ဒီ ဆိုင် လေး ကို စမ်း စား ချင် နေ တာ ကြ ာ ပါ ပြီ။
အ ကြောင်း မတိုက် ဆိုင် လို့ စောင့် နေ တာ ပါ။
အ ခု တော့ ဧည့် သည် လာ တာ နဲ့ အံ ကျ ဖြစ် သွား ပါတယ်။
ဒါ နဲ့ ဆိုင် ရောက် တော့ ဝင် တဲ့ အခါ ဖော် ဖော် ရွေ ရွေ နဲ့ ကေ လး တွေ က ကြိုပါ တယ်။
နေ ရာ ထိုင် ခင်း လဲ သေ ချာ လုပ် ပေး ပါ တယ်။
ဆိုင်ခန်းေ လး က သိပ် တော့ မ ကျဉ်း ။
ပန် ကာ ဘဲ တပ် ထား တော့ နည်း နည်း တော့ ပူ ပါ တယ်။
ဒါ နဲ့ ဆိုင် အပြင် အ ဆင် ကို ကြည့် တော့ နံ ရံ မှာ ကပ် ထား တဲ့
ဗွီ နိုင်းမှာ ရ နိုင် တဲ့ ဟင်း အမည် တွေ စုံ နေ အောင် ရေး ထား ပါ တယ်။
ဒါ နဲ့ ဘာ အသား တွေ ရ လဲ ထပ် မေး တော့ ယုန် သား ဂျီ သား နဲ့ ဘဲ သား လဲ ရ တယ် ပြော ပါ တယ်။
ဒါ နဲ့ ကျေ နာ် က ဘဲ သား မိတ် ဆွေ က ဂျီ သား နဲ့မှာ လိုက် ပါတယ်။
ထ မင်း ဟင်း တွေ လာ ချ တာ ကြည့် လိုက် တော့
ထောပတ် ပဲ နှပ် ၊ အာလူး ဟင်း၊ မန်း ကျည်း ရွက် ချဉ် ရေ။
ပဲပုတ် ချက် ၊ ငါး ပိ ရေ ကြို၊ငါးပိထောင်း၊
င ရုတ်သီး ကြော် နဲ့ တို့စ ရာ ဟင်း ရွက်။
ေ နာက် ထမင်း စား ပြီး ရင် စား ဘို့ လက် ဖက် အစ် လေး နဲ့ ထန်း လျက် ပု လင်း။
နောက် တော့ ဟင်း တွေ လာ ချ ပေး ပါ တယ်။
ဂျီ သား ဟင်း ကေ တာ့ အ နေ တော်သုံး တုံး။
ဘဲ သား ဟင်း က လဲ သုံး တုံး။
ဘဲ သား ဟင်း ကို ခပ် စား လိုက် တော့ လည် ချောင်း ရိုး တစ် ချောင်း ပါ လာ ပါ တယ်။
ဒါ နဲ့ ဘဲ စ ကားေ ပြာရင်း ထမင်း စား ကြ တယ် ပေါ့။
ဆန် လဲ မ ဆိုး။
စား နေ တုန်း စား ပွဲ ထိုး တစ ်ယောက် ရေ ဘူး ယူ လာပြီး ဖွင့် ဖန် ခွက် ထဲ ငှဲ့ ပါ တော့တယ်။
ဘာမှ မ မေး။
ခက် တာ က ကျနော် က ရေခဲ ရေ အေး နေ တာ မ သောက်။
ထ မင်း စား နေ တုံး ထမင်း လို်က်ပွဲ တွေ ဘာတွေဖြည့် ပေး တာ က တော့
အလိုက် သိ ပါ တယ်။
ခေါ် စ ရာ မလို။
ဝန် ဆောင်မူ့ ကောင်း တယ်။
ဟင်း ချက် တာ လဲ မဆိုး စား လို့ ရ တယ်။
ဒါ နဲ့ ထမင်း စား ပြီး လို့ ပိုက် ဆံ ရှင်းတော့ ကျ နော် က ငါး ထောင် တန် တစ် ရွက်
ထုတ် ပေး လိုက် တော့ လို သေး တယ် ခြောက် ထောင့် သုံး ရာ ကျ တယ် ေ ပြာ ပါ တယ်။
အ ဝ စား နှစ် ထောင် လေ ကွာ လို ့ ပြောေ တာ့
လေး လေး တို့ စား တဲ့ ဟင်း ကသုံး ထောင် လို့ ပြော တော့ စိတ် တို သွား တာ အ မှန် ပါဘဲ။
က ဲ နှစ် ထောင် တန် က တော့ ဘာန ဲ့ ရ လဲ ပြောတော့
ဝက် အမဲ ကြက် နဲ့ က လီ ဇာ လို့ ပြော ပါ တယ်။
က ဲ ဒါ ဆို သုံး ထောင် တန် ဟင်း တွေ ပြော ဆို တော့
ငါး ဘတ် မွေချက် တို့ ပု စွန် တို့ တွေ ကို တန်း စီ ရွ တ်ပါ တော့ တယ်။
ဒါ နဲ့ ဘဲ လို တဲ့ ပိုက် ဆံ ပေး ပြီး ထွက် လာ ခဲ့ ပါ တယ်။
အဲ ဒီ မှာ ပြန ်လာ ရင်း တွေး မ ိတာ က တော့
မြန ်မာ တွေ အလုပ် လုပ် ကြ တာ ပွင့် လင်း မြင် သာ မူ့ မ ရှိ လို့ ဆို်ချင် ပါ တယ်။
ဖြစ် သင် ့ တာ က ဗွီနိုင်းမှာ စား စရာေ တွ တန်း စီ ရေး ထား က တည်း ကို က
3000တန် က ဘယ်ဟင်း နဲ့
2000တန် က ဘယ် ဟင်းန ဲ့ ရ မယ် ဆို တာ ရေးထား သင့် ပါတယ်။
ဒါ မှ မဟုတ် လဲ ဟင်း အာ း လုံး ဈေး နူန်း တန်း တူ မ ဟုတ် ရင်
ဟင်း တွေ မှာ ကတည်း က စား ပွဲ ထုးိ ကေ န ေဈေးနှူန်း ပြောသင့် ပါ တယ်။
စ က တည်း က သိ ရင် တန် တယ် ထင် ရင် စားမ ယ်။
မ တန် ဘူး ထင် ရင် မ စား ဘူး လို့ ဆုံးဖြတ် နိုင် ခွင့်ရှိပါ တယ်။
အခု တော့ စား ပြီး မှ သိ ရ တယ်ဆိုေ တာ့
စိတ ်ထဲ မှာအောင့် သက် သက် နဲ့ ပေးရ သလို ပါ ဘဲ။
တကယ် လို့ များ ပိုက် ဆံ မ ပါ ခဲ့ ရင် အရှက် ကွဲ မှာ သေခ ျာ ပေါက် ပါ ဘဲ။
ကျ နော် ဆက် စဉ်း စား မိ တာ က
လမ်း ဘေး ဈေး သည် မှ နား လှည့် ပါး လှည့် လုပ် တာ မ ဟုတ် ။
ဆိုင် နဲ့ ကနား နဲ့ ရောင်း တဲ့ သူမှာ လည်း ဒီ လို စိတ် ဓါတ် ရှိ နေ တယ် ဆို တာပါ ဘဲ။
က ဲ ဒီ အချိုး တွေ ပြင် သင့် လား မ ပြင် သင့် လား ကေ တာ့ စဉ်း စား ဘို့ လို လာ ပါ ပြီ။
ဒါ ပေ မယ် ့ ဘယ် သူမ ပြု မိ မိ အ မူ့ ဆို တာ က လဲ အ မှန် ပါ။
တကယ် ဖြစ် သင့် တာ ကေ တာ့ ကျ နော် ကိုယ် တိုင် က လဲ သူ တို့ ရေး ထား တာ
ကို မယုံ ဘဲ မ စား ခင် ဈေး မေးသင့် တယ် ဆို တာ ကို ပါဘဲ။
ကိုပေါက်လက်ေ ဆာင် အ တွေး ပါးပါးလေး
28-3-2014
17 comments
Ma Ma
March 29, 2014 at 10:39 am
အစားအစာကို စိတ်ကျေနပ်မှုရှိသော်လည်း
ဝန်ဆောင်မှုကို စိတ်ကျေနပ်မှုရှိသော်လည်း
နေရာထိုင်ခင်းကို စိတ်ကျေနပ်မှုရှိသော်လည်း….
ဈေးနှုံးကို စိတ်ကျေနပ်မှုမရှိတဲ့အတွက် နောင်တစ်ကြိမ် အဲဒီဆိုင်ကို သွားမစားချင်တော့ပဲ စိတ်ပျက်သွားမှာအမှန်ပဲ။
အစကတည်းက ၃၀၀ဝ လို့ သိရရင်…..
ကျေနပ်ရင် စားမယ်။
မကျေနပ်ရင် မစားဘူး။
၂၀၀ဝ လို့ထင်ပြီး စားပြီးမှ ၃၀၀ဝ ရှင်းပေးလိုက်ရတာနဲ့ စိတ်ခံစားမှုခြင်း မတူတာမို့….
လုပ်ငန်းရေရှည်ကောင်းမွန်တည်တံ့စေချင်ရင် စားသုံးသူကို ရှင်းရှင်းလင်းလင်း အသိပေးသင့်ပါတယ်။
ကိုပေါက်(မန္တလေး)
March 29, 2014 at 3:05 pm
သူက ယုန် သား နဲ့ ဂျီ သား ကို တော့ အ ထူး ဟင်း လျာ လို ့ ရေး ထား ပါ တယ်။
ကျ နော် ့ ဆို လို ရင်း က စ က တည်း ကို က သူ့ ဟင်း နဲ့ သူ ဈေ့း တစ ်ခါ ထဲ အား လုံး သိ အောင်
ရေး ထား စေ ချင် တာပါ။
တကယ်တော့ ဘယ် မှာ စား စား မ စား ဘူး တဲ့ ဆိုင် ဆို ရင် ဈေး မေး ပြီး မှ စား တာ အ ကောင်း ဆုံး ပါ ဘဲ။
MAUNG
March 29, 2014 at 10:53 am
တစ်နပ်စား ကြံတာဗျ လေးပေါက်
အဲလို စီးပွါးရေး မျိုး ဘယ်လောက်ကောင်းကောင်း ရေရှည် ခံမယ် မထင် x(
ကိုပေါက်(မန္တလေး)
March 29, 2014 at 3:09 pm
ရှိ သေး သည် သစ် သီး သည် တွေ
တစ် လုံး ငါး ဆယ် တစ် လုံး ငါး ဆယ ်အော် ရောင်း ပါ တယ်
တကယ် ဝယ် တဲ့ အခါ တခြမ်း ပုပ်နေ တဲ့ အ သီး တွေကို လက် ညိုးထိုး ပြ တတ် တာ လေ
alinsett (gazette)
March 29, 2014 at 10:59 am
အဟိ။
ကျနော်တောင် ဟိုတစ်ခါ ရေးဖူးပါသေးတယ်။
ကျောက်တန်း ကျိုက်မှော်ဝန်းဘုရားက ထမင်းဆိုင်တွေ မလိမ့်တပတ်လုပ်ပုံ. .
🙂
ထမင်းအဝစား ၅၀ဝ တဲ့ ။
ကြိုက်တဲ့ ဟင်းနဲ့စား ဆိုပဲ။
ကြက်သားနဲ့ မှားပြီး စားဖို့ ဇွန်း ခက်ရင်းကိုင်တော့မှ
ဘေးက လာ တွက်ပြတယ်။
ထမင်းက ကြိုက်သလောက် အဝစား ၅၀၀
ကြက်သားဟင်းတစ်ပွဲက တစ်ထောင်
ပေါင်း ၁၅၀ဝ ကျပါတယ် တဲ့။
အံ့ရော
အစကတည်းက
ဟင်းတစ်ပွဲနဲ့ ထမင်းအဝစား ၁၅၀ဝ ဆိုပြီး ရောင်းရင်
ရိုးသားရာကျမှာ စိုးလို့ထင်ပါ့။
——
အဲဒါမျိုး မလှိမ့်တပတ်လုပ် ရောင်းတာတွေ မြင်ရင် အံ့အောတယ်။
သူတို့ ဖော်သည်ကို နောက်တစ်ခါ ထပ် လာအောင် မလုပ်ပဲ
တစ်ခါစားလုပ်ရပ်နဲ့ ဖောက်သည် သတ်နေကြတာကို အံ့အောတာ
:kwi:
snow smile
March 29, 2014 at 11:44 am
အဲ့ ဒီ့ လို အ ကြောင်း တွေ ပြော ရ ရင်
အ ရှည် ကြီး မို ့ လို ့
နောက် မှ ဘဲ ရေး တော့ မယ်
လေး ပေါက် က အဲ့ သ လို ပိုစ့် တွေ ရေး လေ
ခံ ခဲ့ ရ တာ တွေ အ သစ် ပြန် ဖြစ် လာ လေ
kai
March 29, 2014 at 2:48 pm
အခုလိုဖြစ်စဉ်တွေထပ်ခါဖြစ်စေတဲ့.. ပွိုင့်က…အဲဒီမှာလို့ထင်မိတယ်..။
ဒါကတခြားနိုင်ငံတွေနဲ့မတူတဲအချက်လည်းဖြစ်ပါတယ်..။ အထူးသဖြင့်… အနောက်နိုင်ငံတွေနဲ့ပေါ့..
တကယ်က..
ဆိုင်ရဲ့ကြော်ငြာကိုယုံကြည်ပြီးလာစားတဲ့သူ ပိုက်ဆံမလောက်လို့.. မပေးနိုင်ဖြစ်ရင်.. အရှက်ကွဲရမှာက..ဆိုင်ရှင်ဖက်ကလို့.. အဲဒီနားကလူတွေအားလုံး.. စိတ်ထဲကလက်ခံယုံကြည်ကြရမှာဖြစ်ပါတယ်..။
ရှက်ရမှာကို.. ပြောင်းပြန်င်္ကြီးတံဆိပ်ကပ်တဲ့.. ယဉ်ကျေးမှုဖြစ်နေကြောင်း…
ကိုပေါက်(မန္တလေး)
March 29, 2014 at 3:13 pm
ကို ခိုင် ရေ
တ ကယ် ဖြစ် ကြည့် ပါ။
အဲ ဒီအ ချိန် မှာ အ တူ စား နေ ကြ တဲ့ လူ တွေ အား လုံး က
ဆိုင် ရှင် ကို အပြစ ် မတ င် ဘဲ
ပိုက် ဆံ မ ပါ ဘဲ ဘာ လို့ လာ စား လဲ ဆို တဲ့ အကြည့် နဲ့ ဝိုင်း ကြည့် ကြ မှာ အသေ အ ချာ ပါဘဲ။
ဖြစ် လဲ ဖြ စ် ဘူး တာ ကို မျက် မြင် ကိုယ် တွေ့ ကြုံ ခဲ့ ဘူး လို့ ရေး လိုက် တာ ပါ ကို ခိုင် ရေ
ကိုပေါက်(မန္တလေး)
March 29, 2014 at 3:25 pm
တ ကယ် တော့ မြန် မာ ပြည် မှာ ဖြစ် နေ တဲ့ ပြ ဿ နာ က ဈေး သည် နဲ့ ဈေး ဝယ် ကြား မှာ
ရှင်း လင်း ပြတ် သား စွာ ဈေး နူန်း ကပ် မ ရောင်း ကြ လို့ပါ။
ဈေး အ ရောင်း အဝယ် လုပ် ရာ မှာ
ဝယ်ယူ တဲ့ ပစ္စည်း အနည်း အ များ ပေါ် မှာ မူ တည် ပြီး ဈေး နူင်္န်း ကွာ ခြား တာ လက် သင့် ခံ ပါ တယ်။
ဖြစ် သင့် တဲ့ ကိစ္စ။
တစ်ခါ တစ် ရံ မှာ ပြော တဲ့ ဈေး ကို ဆစ် လို်က် တဲ့ အခါ မှာ အလေး ချိန် လျော့ သော ပစ္စည် း တို့ အ ရည် အသွေး မတူ သော ပစ္စည်း တို့ ကို ထိုး ထည့် ပေးလို်က ် တာ မျိုး လုပ် တတ် ကြ ပါ တယ်။
ပါး စပ် က သာ ပွင့် လင်း မြင် သာ ဆို ပြီး အ မြုပ် ထွက် မ တတ် အော် နေ ကြ ပေ မယ့် ဒီ လို ဈေး ရောင်း တာကို တောင် မှာ ဈေး နူန်း ကပ် ပြီး ပွင့် လင်းမြင် သာ မ ရောင်း နိုင် ကြ သေး ဘူး လို့ တွေး မိ ပါ တယ်။
ခင် ခ
March 29, 2014 at 7:48 pm
ကိုပေါက်ရေ အဲဒီဆိုင်မှာ ကျွန်တော်တို့ထမင်းတစ်ခါသွားစားတုန်းက မဟေသီက ဘာဟင်းနဲ့စားစား ၂၀၀ဝ ဘဲလား ဟင်းတွေကြည့်ရင်းမေးမိလိုက်လို့ ဈေးအရင်သိလိုက်တယ်မို့ တော်သေးတာပေါ့ဗျာ။ မမေးမိရင် ကိုပေါက်လိုဖြစ်ရအုံးမယ်လေ။
ကိုပေါက်(မန္တလေး)
March 29, 2014 at 9:29 pm
ကို ခ ရေ
တစ် ခု ခက် တာ က ဒီ မှာ က မ စား ခင် ဈေး နူန်း မေး ရင် စား ပွဲ ထိုး လေး တွေ က
မ တတ် နိုင် လို့ ဈေး မေး ပြီး စား တယ် ထင် တတ် ကြ တယ်။
အဲ လို အ ထင် ခံ ရ မှာ ရှက် တော့
တော် ရုံ သ တ္တ ိ နဲ့ ဈေး မ မေး ရဲ တော့ ဘူး လေ။
အဲ ဒီမှာခံ ရ တာ ပါ ဘဲ။
Fall Guy
March 30, 2014 at 2:08 pm
မေန့ကရာက်သေးတယ် အဲဒီဆိုင်ကို
ဈေးသေချာမြေးကြည့်မှ ၂၀၀ဝ ၂၅၀ဝ ၃၀၀ဝ ၃၅၀ဝ ထိရှိတယ်
ကိုပေါက်ရေ …ဘဲသား ၃၀၀ဝ ကတော့ယူတာများလွန်းတယ်
ကိုပေါက်(မန္တလေး)
March 30, 2014 at 2:51 pm
ကျနော် သူ များ ကို တစ ်ဖက် သတ် ရေ း မိ မှာ စုးိ လို့
နောက် တစ် ခေါက် ပြန ်သွား ပြိး ရေး ထား တာ ဖတ် ကြည့် ပါ တယ်။
အထူး ဟင်း လျာ ဖြစ ်တဲ့ ဂျီ နဲ့ ယုန် က 3000 လို့ ရေး ထား ပါ တယ်..
ကျ နော် က 3000တန် မစား ချင် လို့ ဘဲ သား ကို မှာ စား တာ ပါ။
ပိုက် ဆံ ရှင်း ပြီး လို့ မေး ကြည့် တော့ မှ 2000 နဲ့ စား လို့ မ ရ တဲ့ ဟင်း တွေ အများ ကြီး ပါ။
ုဖြစ် သင့် တာ က တော့ ထ မင်း အဝ စာ း 2000 လို့ ကြေ ည ာ ထား ရင် 2000နဲ ့ ဆို ရင် ရ နိုင် တဲ့
င်း နာ မည် တွေ ပါ ရေး ထား သင့် တယ် လို့ ထင် ပါ တယ်။
ပွင့် လင်း မြင် သာ လေ ဗျာ
kotun winlatt
March 30, 2014 at 3:35 pm
လေးပေါက်..ဒီတစ်ခါ အနော်မန်းလေးလာရင် အိုက်ဒီဆိုင်မှာ လိုက်ကျွေးပါဦး ခမျ…..
………………………………………………………………….
တဂျီးရေးသွားတဲ့ ကွန်မန့် အလိုဆို ကျနော်တို့ နိုင်ငံက ပြောင်းပြန်တံဆိပ်ကပ်ထားတဲ့ နိုင်ငံဆိုတော့ကာ…
ဒီတစ်ခါ အပြင်ထွက်ရင် ကင်းမြီးကောက် ထောင်ပြီး ထွက်မယ်..ဒါမှ အတည့်အတိုင်း ဖြစ်မှာ…ငိငိ….
TNA
March 30, 2014 at 6:04 pm
ဟုတ်တယ်လေးပေါက်ရေ။ ဈေးနှုန်းအတိအကျရေးထားတဲ့ဆိုင်ပဲစားတော့တယ်။ မရေးထားရင် မစားချင်တော့ဘူး။ ခံရတာများနေလို့။ မြန်မာတွေ ပွင့်လင်းမြင်သာမရှိတာကတော့ တကယ့်ကိုပါပဲ။ ခေါင်ကစလို့ မြေကြီးထိ
kyeemite
April 1, 2014 at 4:24 pm
ကျုပ်လည်းကြုံဖူးပါ့…ဒါကြောင့် မရှက်နိုင်ဘူး..ဈေးသေချာမေးပြီးမှမှာစားလေ့ရှိတယ်…ကိုပေါက်ရေ
ကိုပေါက်(မန္တလေး)
April 2, 2014 at 11:07 am
ခံ ရ ပေါင်း များ တော့ လဲ မရှက် နိုင် ပေါက် ပ ါခင်ဗျာ