ကျူးးးးးး ကျူးးးးး ပြီး လစ် တဲ့ Tulip
Gardens By the Bay ကိုတော့ ဒီ အောက် က ပို့(စ) ၂ ခုမှာ ရေးဖူးပါတယ်။။
Gardens By the Bay – အပိုင်း (၁)
Gardens By the Bay – အပိုင်း (၂)
အဲဒီမှာပဲ ကျူးလစ် ပန်းပွဲတော်ရှိတယ်ဆိုလို့ ရုံးက အမတွေနဲ့ သွားခဲ့ပါတယ်။
အမှန်တော့ မနှစ်ကတည်းက သွားချင်တာရယ်။
ဦးကျောက်တို့ အမတ်မင်းတို့နဲ့ ရောက်ပြီးမှ မသိလို့ ဝင်မကြည့်ပဲ အပြင်ပန်းကပဲ ပြန်လာမိတာ။
ဒီနှစ်တော့ နားစွင့်ပြီး စောင့်နေတာနဲ့ မှီခဲ့တယ်ပဲ ဆိုပါတော့။
ဟို ၂ ပို့(စ) မှာတော့ ပန်းပင်တွေကို အားမရဘူးလို့ ပြောခဲ့ပါတယ်။
ဟုတ်ကဲ့။
ဒီ တစ်ခေါက်ပြောချင်တာကတော့ ကျူးလစ်ပန်းဆိုတာ တစ်ခါမှ မမြင်ဖူးလို့လားတော့မသိ။
ဒီလောက် လှမယ်လို့ လည်း ထင်မထားးး မွှေးမယ်လို့လည်း ထင်မထားတာမို့ တော်တော်အံဩသွားပါတယ်။
အဆောက်အဦးကြီးထဲဝင်လိုက်တာနဲ့ အေးပြီး မွှေးနေတာ အပြန် ဆံပင်မှာ ပန်းအနံ့တွေ စွဲလာတဲ့အထိပါ။
ကျနော် အတော် သဘောကျပါတယ်။
ဘယ်လောက် ဇောကပ်နေတုန်းဆို ကိုယ့် ဓာတ်ပုံတောင် ကိုယ် မရိုက်ခဲ့နိုင်တဲ့ထိပါ။ (ကတောက်! နာသကွာ၊ နို့မို့ ရွာထဲ မျက်စိနောက်အောင် လုပ်မို့ဟာကို)
ကျူးးးလစ်ပန်း ဆိုတာ ကဘာ မှာ ပေါ်ပြူလာ အဖြစ်ဆုံးပန်းမှာ ၃ နေရာမှာရှိသတဲ့။ (အဲဒီ ပန်းကို အသက် ၃ဝ ကျော်မှ မြင်ဖူးတော့တယ်။)
ဟော်လန် (နယ်သာလန်) မှာပဲ အများဆုံးစိုက်ပျိုးနိုင်တယ် ဆိုလားးး
ပြောနေတာ နားစွန်နားဖျားကြားရတာပဲ။ အဲဒါကိုဒီမှာ ပြပွဲလုပ်ပြီး ကြွားတယ် ထားပါတော့။
လုပ်ပေါ့ ဘဘလီရယ်။ ရှင်တို့ ခေတ်ကိုးးးး
ကိုယ်တွေက မမြင်ဖူးပဲ ကြည့်ချင်တော့လည်း ပေးပေါ ပိုက်ဆံ။ :mrgreenn:
ဒါနဲ့ပဲ ဒီ အောက်က ပုံတွေ တင်လိုက်တယ်တို့ ဘာတို့။ :mrgreenn:
ဪ။ မေ့လို့။
မေ ၄ ရက်နေ့ အထိ ရှိဦးမှာ။
မနက် ကိုးနာရီ ကနေ ည ကိုးနာရီထိ။
ဒီ က ဖတ်ဖြစ်တဲ့သူတွေ သွားနိုင်အောင်။







































ဒါက အဖူးဘဝ။

အခင်းလိုက်ဆို လှတယ်။
စိတ်ရှည်ရှည်အားပေးသွားသူများကို ကျေးဇူးပါ။
ကျနော် ဓာတ်ပုံကို အတတ်နိုင်ဆုံး ဆိုဒ် လျှော့ထားပါတယ်။
😀
41 comments
padonmar
April 20, 2014 at 8:30 am
လှလိုက်တာ။
သူများတွေများ ကိုယ့်ဒေသထွက်မဟုတ်တာကို ပိုက်ပိုက်အကုန်ခံ၊ ရအောင်စိုက်ပြီးတော့ ပိုက်ပိုက်ပြန်ရအောင် လူကြည့်ချင်အောင်လုပ်တတ်လိုက်တာ.
အားကျပါ၏။
Hyacinth ကို ကုန်းဗေဒါလို့လည်းခေါ်ပါတယ်။ဗေဒါနဲ့တူတယ်နော်။
ကေဇီ
April 20, 2014 at 8:47 am
စီးပွါးရေး အစိုးရ အာတီဒုံရေ
မမြတ်ရင် ဘာမှ မလုပ်။
၁၄ ဧပြီကနေ ၄ ရက် မေထိ လာလိုက်တဲ့လူတွေနဲ့တင် တစ်ယောက် ၁၂ ဒေါ်လှနဲ့တွက်ကြည့်ပြီး မျက်စိပြူးတယ်။
အရမ်းမြတ်မှာပဲ။
ကျနော် ၂ ခေါက်ရောက်ပြီးသားလူတောင် ကျူးလစ်နဲ့ဆွယ်တော့ ပါတာပဲ
😀
lu lu
April 20, 2014 at 8:36 am
အားမ လေး….
လှလိုက်တဲ့ပန်းတွေ
အဲလိုပန်းခင်း အလယ်မှာအိမ် ဆောက်နေချင် တယ်
ကေဇီ
April 20, 2014 at 8:48 am
ဟုတ်တယ်။
ပတ်ဝန်းကျင် တစ်ခုလုံး မွှေးနေမှာပဲ..
🙂
MAUNG
April 20, 2014 at 9:07 am
nice 4tos
tks 4 sharing K 🙂
ကေဇီ
April 20, 2014 at 9:10 am
လာ အားပေးသွားတာ ကျေးဇူးပါ မောင်!
😀
သဲ ချစ်ကိုမောင်
April 22, 2014 at 7:36 am
အဟွန်း ဟွန်း ဟွန်း
“မှောင်” တဲ့လားကွယ်
လူမြင်ကွင်းကြီးမှာမှ တည့်တည့်တိုးတော့တာပဲ
ဒို့လဲ နာမည်ပြောင်းမှ..
“ချစ်ကိုမောင်သဲ” လို့
:hee:
ကေဇီ
April 22, 2014 at 8:13 am
ကိုကိုချစ်ကိုမောင်သဲ တုံး လေးးး
ဒီနေ့ ဘယ်မိန်းမနဲ့ မှ မချိန်းဘူးလားဟမ်??
:kwi:
Mr. MarGa
April 20, 2014 at 10:08 am
ကျူးလစ်ဆိုတာ ဒါကိုးး
မှတ်ထားဦးမှ။
water hyacinth ကို ဗေဒါလို့ သိခဲ့ဖူးတာမို့ အဲ့ဒီအပင်လေးတွေကို ဗေဒါမျိုးနွယ်ထဲထည့်လိုက်တော့မယ်
ကေဇီ
April 20, 2014 at 10:32 am
ဟင်။
အာတီဒုံ တို့ တဂျားတို့က အဲဒီ ပန်းကို သိတယ်လား??
ကျုပ်မသိဘူး တော့။
Crystalline
April 20, 2014 at 10:56 am
ခိခိ… သများရဲ့ကျူလစ်တွေ့သွားပြီး သူအင်္ဂါထိမစောင့်တော့ပဲအမြန်တင်လိုက်တယ်..
ပုံမှန်ဒီလ…ဒီအချိန်လိုမျိုးပဲလုပ်တာလား… စိတ်ဝင်စားတယ်.. အရမ်းလည်းလှတယ်… ဟိုရွှေလိပ်ပြာဂိုဏ်းချုပ် ဆရာမကြီးပုံရောပါဘူးလား.. သူ့ပုံလေးတွေပါရင် ပိုလှသွားမှာ.. 😀
ကေဇီ
April 20, 2014 at 11:00 am
ရွှေလိပ်ပြာ ဂိုဏ်း (စင်ကာပု ယာကူဇာဂိုဏ်း/စင်ကာပု မာဖီးယား ဂိုဏ်း) ချုပ်
တာမွေလူမိုက် တွေ့မရှောင် (ဟောဟယ်။ ကောင်းလိုက်တဲ့ နာမည်တွေ) မပါပု။ :mrgreenn:
ပန်းကလေးတွေကို သနားလို့။
နောက်မှ ဟိုဘက် ကင်မလာထဲပါသွားတာလေးတွေ တောင်းပြီးမှပဲ ဖဘမှာ နှိပ်စက်တော့မယ်။
ဒီနေ့တော့ ခွစ်လေးအမြန်ကြည့်ဖို့ အားချင်းတင်ရတာ… :mrgreenn:
မနှစ် က မေမှာ။

ဒီနှစ် ဧပြီ။ ဒီလို အချိန်ပဲ လုပ်တယ်ထင်ပါရဲ့။
nozomi
April 20, 2014 at 12:36 pm
အိုးးးး လှလိုက်တာ
အဲဒီလောက် လှမယ်လို့ ထင်မထားဘူး
သိသူများ ဖြေကြပါ ကုန်
ဒေါ်ဒေါ်ဆွိ နဲ့ ကျူးလစ်ပန်း ဘယ်သူပိုလှသလဲ ဗျာ
ကေဇီ
April 20, 2014 at 12:56 pm
အိုးးးးး
မေးစရာလားးးး
ဒီပန်းလေးတွေကိုသနားလို့တူတူမရိုက်ခဲ့ပါဘူးဆို။
(အမှန်တော့ ဖဘမှာ အကုန်လုံးကတောင်းပန်ကြလို့။ အနော့ ပုံ မတင်ပါနဲ့ဆိုပြီးးးး)
ခွီးခွီး အောင်မြင်ချက်!!
😀
ကိုပေါက်(မန္တလေး)
April 20, 2014 at 12:45 pm
ကျူး လစ် နဲ့ ကေဇီ
မည် သူ လှ သ လဲ မေး ကြ သည်
ဘာပုံ မှ မမြင် ရ တော့
ဒီ မောင် အ ဖြေ ခက် ပါ သည်
မ ပု တု ရက် စက် လွန်း ပါ သည်
ကေဇီ
April 20, 2014 at 12:57 pm
ဟမ်?
တကယ်လား လေးပေါက်။
အနော် ပုံတွေ လျှော့ထားပါတယ်။
မပုတု ရက်စက်တယ်
:hint:
kai
April 20, 2014 at 1:03 pm
အဲဒါတွေကြည့်ပြီး.. မြန်မာပြည်မယ်.. ပန်းအလှစိုက်ပြစားတဲ့အလုပ်က.. ခုတ်စား…ဖြုတ်စား.. ခူးစားတာထက်ပိုကိုက်မှန်း.. သိစေချင်တယ်ကွယ်..။
http://www.theflowerfields.com/
https://www.youtube.com/watch?v=gdbRIgb77kk
ကေဇီ
April 20, 2014 at 1:13 pm
အဲဒါ စဉ်းစားမိသေးးး
စလုံး ရာသီဥတုက တစ်မျိုးတည်းးး၊ ရေခံမြေခံမကောင်းတာမှ ပန်းတွေ မမွှေး အသီးတွေ မချို။
မြေဝယ်၊ မျိုးဝယ်၊ ရာသီ အတုနဲ့ လုပ်ရတာ ပိုပင်ပန်းတယ်။
အနော်တို့ဆီက ရာသီဥတုနဲ့ မြေက အရမ်းကောင်းတာကို။
အို။
ဒီလူဂျီးတွေ သေမှအေးမှာပါ။
:hint:
Wow
April 20, 2014 at 1:43 pm
လှည်းတမ်းဈေးမှာ တစ်ခါတလေ အိုက်ပန်းတွေတွေ့ဒယ်အေ့။
အင် ပို့ ထင်ဒယ်
သိပ်တော့ မမွှေးတော့ဘူး 🙂
ကေဇီ
April 20, 2014 at 1:45 pm
ဟုတ်လားးး
အပြင်မှာတော့ ခုမှ မြင်ဖူးတယ်တော့။
🙂
ဘဆွေ
April 20, 2014 at 2:34 pm
လှထာ..လှထာ….လှထာ..လှထာ….လှထာ..လှထာ….လှထာ..လှထာ….
ယောက်ျား..ကြီးတန်မဲ့ ပန်းကြိုက်တတ်တာ..ရှက်စရာကောင်းမလားတော့ မသိ..
၂၀၁ဝ လန်ဒန် သင်္ကြန် သွားတုန်း က ဒီပန်းတွေ ကိုဒါ့ပုံရိုက်လာခဲ့သေးတယ်..မတင်ဖြစ်တာ..
ကေဇီ
April 20, 2014 at 2:39 pm
ဘာမှ ရှက်စာကောင်းဘူးး
မနေ့က တရုတ် အမျိုးသားကြီးတွေ ပန်းတွေနဲ့တောင် ဓာတ်ပုံရိုက်နေကြသေးးး
သများဖြင့် သူတို့ကို ကြည့်ရှောင် ကြည့်ရီနေရတာနဲ့ ကွကိုယ် ကျူးလစ်နဲ့တွဲ မရိုက်ခဲ့ရဘူးးး
ကတောက်!!
ပန်းပုံတွေလည်း တင်ပါတင်ပါ။
ကျောက်မျက်တွေရော တင်ပါလို့ ပြောနေတာကို…
😀
သဲ ချစ်ကိုမောင်
April 22, 2014 at 7:41 am
AKဆွေတို့ ပန်းကြိုက်တာတော့ တစ်လောကလုံးသိပါ့
ခက်တာက ပန်းခင်းက ပန်းတွေက ညှိုးနေတာနဲ့၊ ပန်းမအောင်တာနဲ့
အင်္ဂလန်ကို ဘင်သံမပေးပဲ ပြန်သွားရတာ
ဆောတီးပါညော်။
:harr:
ကေဇီ
April 22, 2014 at 8:14 am
မသေရင် ပြီးတာပဲညော်။
alinsett (gazette)
April 20, 2014 at 9:15 pm
မွမ်း…မွမ်းးးးးး
နမ်းရှိုက်စရာ မိန်းကလေး တစ်ယောက်ယောက်ရဲ ့ပါးပြင်မရှိလေတော့….
ပန်းလေးတွေ..ကိုပဲ….
အဟိ…
Ma Ma
April 20, 2014 at 9:43 pm
ဒီလောက်ကြော်ငြာနေတာတောင် မြှားနတ်မောင် မမြင်ချင်ဟန်ဆောင်နေရက်တယ်။ 😀
black chaw
April 21, 2014 at 6:34 am
ကျူးလစ်ပန်း တဲ့ လား။
လှတယ်။
၁၂ ဒေါ်လာ မ ပေးရပဲ ကြည့် ခွင့်ပေးလို ့ ကျေးဇူးပါဗျာ။
ပို ့စ် တင် သူက ပို လှတယ်ဆိုလား
နားစွန်နားဖျား ကြားရတာပဲဗျာ။
ကေဇီ
April 21, 2014 at 9:22 am
မမြင်မစမ်း ပြောတာမဟုတ်လို့ တော်သေးးး
😀
ဦးကြောင်ကြီး
April 21, 2014 at 7:45 am
ကျူ းလစ်ပန်း
မူးယစ်စမ်း
ဗူးလစ်နမ်း
ဖူးရစ်သမ်း..
snow smile
April 21, 2014 at 12:54 pm
တ ပင် ကို $ 8 ပေး ရ တယ် တဲ့
တ ခါ မှာ ရင်
သန်း ချီ ကုန် ပါ တယ် တဲ့
လက် မှတ် အ လ ကား ရ ထား တယ်
အ ဟိ
မ အား လို ့ မ သွား ရ သေး
kz ပုံ လေး နဲ့ အ ရင် မြည်း ထား မယ်
ကေဇီ
April 21, 2014 at 12:58 pm
မွမွပြုံးးး
မေလ လေးရက်နေ့ထိပဲတဲ့။
တစ်ပင် ၈ ဒေါ်လှက တစ်ရက်တည်းလာတဲ့ လူအရေအတွက်နဲ့ကို နဲ့ ကျေပါတယ်။
သွားရင် ဓာတ်ပုံရိုက်လို့ လှမဲ့ အရောင်စိုစိုလေးမျိုး ဝတ်သွားးး
သများဖြင့် ဇောကပ်နေတာ ခါတိုင်းဆို ကောင်းကောင်းစီစဉ်နိုင်တယ်။
ခု အမည်းကြီး ဝတ်သွားမိလို့ ကိုယ့်ဓာတ်ပုံကို သိပ်မရိုက်ခဲ့နိုင်။
ကြားရင် ဝမ်းသာကြတော့မယ်။ မျောက်စိနောက်သက်သာပဟဲ့ ဆိုပြီးးး
:hint:
kyeemite
April 22, 2014 at 11:28 am
လှလိုက်တာ။ကျိရင်းနဲ့ကို မွှေးလာသလိုပဲ…၁၂ ဒေါ်လာ နဲ့တန်အောင်ရိုက်လာတာကို
တဝကြီး ကျိပီးမွှေးသွား…အဲ အဲ..အားပေးသွားပါတယ်လို့ 😀
ကေဇီ
April 22, 2014 at 11:31 am
ကွန်ကျူတာထဲ နထောင်းဂျီး နစ်တွားအူးမယ် နော် မိုက်မိုက်။
ကြည့် မွှေးပါ။
😀
surmi
April 22, 2014 at 1:34 pm
ပန်းတွေလှတာလည်း လှတာပေါ့လေ
ရိုက်တဲ့သူနဲ့ ကင်မရာကလည်း အဓိကကျနေသေးဆိုတော့
ကဲဗျာ
ဘာကင်မရာလေးသုံးသလဲသိချင်သား
ပရိုကင်မရာဆိုမအံ့ဩပေမယ့်
ရိုက်တဲ့သူ တော်ကြောင်းကတော့ဖြင့် ခရစ်စမတ်ကိုရိုက်ပြကတည်းက သိနေပါပြီ ။
အဟမ်းးးး ပြန်လာရင်ပြောပါ
ကင်မရာမှာမလို့ သွတ်သွတ်သွတ်
ကေဇီ
April 22, 2014 at 1:40 pm
ဟိ။
စကားစပ်လို့ ပြောတာနော်
၁၊၄၊၅ ၇၊၈၊၉ က ဖုန်းနဲ့ ရိုက်တာ။
ငိငိ။ :mrgreenn:
ဘာလို့ ဆို ကင်မလာ အကြီးကို ချိန်တတ်ဘူးးး
အိမ်က ချိန်ပေးလိုက်တဲ့တိုင်း ရိုက်လာတာ။
တော်လယ်နော်။
ခလုတ်ပဲ နှိတ်တတ်တာ။
သွတ်သွတ်သွတ်
မဟာရာဇာ အံစာတုံး
April 22, 2014 at 4:30 pm
ပန်းတွေ လှလို့ ကျိတွားဘာဒယ် …
ပန်းပုံတွေ တင်ပေးတဲ့ လူကလည်း လှပါပေတယ် …
ဒဂယ် .. ဒဂယ် …
ကေဇီ
April 22, 2014 at 6:49 pm
လူလည်း မပါပဲနဲ့။
ဒီ တဂျိုးလေး ဖားတာကြည့်ဖားပါ။
😀
TNA
April 22, 2014 at 6:45 pm
လှလိုက်တာဟယ်။ လူပုံရိုက်ဖု့ိမေ့ခဲ့တယ်ဆိုလို့ ညက်ချိနောက်သက်သာသွားတာပေါ့ဟုတ်လား။ သတိပေးစကားထွက်ပေါ်လာပြီးကတဲက သတိထားစောင့်နေတာ။ တက်မလာတက်မလာနဲ့ ဘာလို့ပါလိမ့်ပေါ့။ ကင်မလာမန်မိုရီကဒ်မထည့်ပဲမြန်းရိုက်ခဲ့မိလို့လားလို့
ဒလောက်လှပြီး အရောင်စုံတဲ့ကျူးလစ်တွေ တနေရာထဲတွေ့ဖူးတာ ကံကောင်းလိုက်ချက်။ ဒို့မြန်း ပိုစတာထဲပဲမြင်ဖူးတာရယ်။ အတော်လှတာပဲ။
ကေဇီ
April 22, 2014 at 6:48 pm
ယောက်ခမွကလည်း ပန်းပုံတွေက ရွာထဲပဲတင်မှာလေ။ :mrgreenn:
လူပုံကတော့ ဖွဘုတ်လောက်မှာပဲ ဒွတ်ခပေးမှာလေ။ :mrgreenn:
သများ အင်္ကျီရွေးမှားသွားသတော့။
:hint:
Ma Ei
April 23, 2014 at 3:39 pm
လှလိုက်တာ ဆွိရေ…
သိပ်လဲ လောဘကြီးတတ်ပါဘူး..
နှစ်ခင်းလောက် ခြံထဲရွှေ့ထားချင်တာလေးလောက်ပါဘဲ…
🙂
ကေဇီ
April 23, 2014 at 3:49 pm
ခွိခွိခွိ။
ဘာရောင်လေး ယူမတုန်းးး
မွအိ အတွက် ခိုးခဲ့မယ်။
:chit: