Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်…။

black chawMay 9, 20141min130743

ဒီနှစ်နွေက သိတ်ပူပါတယ်…။

ဒီလောက်ပူတဲ့ နွေရာသီမျိုး ကျွန်တော် တစ်ခါမှ မကြုံဖူး ခဲ့တာ သေချာပါတယ်…။

မရှိတော့ပြီဖြစ်သော သစ်ပင်တွေကြောင့်များလား…။

သစ်ခုတ်သမားကိုကိုတွေကတော့ အအေးခန်းထဲမှာ ငြိမ့်နေကြရောပေါ့…။

ကျုပ်တို့မှာသာ BlaBlaBla…

သတိလေးနဲ့ နေ…ထိုင်…စား…သောက် ကြပါ ကျောင်းဒကာတို့…။

နေခြင်း ထိုင်ခြင်း စားခြင်း ဆိုတာတွေထက် သောက်ခြင်းအမှု မှာ သတိလေး ပိုရှိကြဖို့ တိုက်တွန်းချင်ပါတယ်ဗျာ…။

နေပူပူထဲက ပြန်ရောက်ရောက်ခြင်း ရေခဲရေအေးအေး မသောက်မိဖို့ တို့ ဘာတို့…။

ဟေး…ဟေး… အဲဒီ အလုံး အခုတလော သိတ် ခေတ်စားနေပါတယ်။

အရက်သောက်ပြီး လူ့လောကကြီးကို နှုတ်ဆက်ခဲ့ကြရတဲ့လူတွေ သတင်းကလည်း အခုတလော မွှေးနေတာပါပဲ…။

လိုရင်း ပြောရရင် ကြည့်သောက်ကြပါ ကျောင်းဒကာတို့ရေ…။

ကဲ…စကားတွေက ဝေ့ကုန်ပါပြီဗျာ…။

အဲဒီလောက်ပူတဲ့ နေပူပူကြီးထဲမှာ နားစွန်နားဖျားရပ်ကွက်ထဲ ရောက်လာတဲ့ သတင်းလေးတွေ

နည်းနည်း ဖေါက်သည်ချလိုက်ပါရစေဦး…။

ရုံးတော်က ၂ ကြိမ်မြောက်ဆင်းအလာ…၊ တစ်ဦးကိုတစ်ဦး ဆွေးမြေ့တဲ့ အကြည့်…

ပတ်သက်စရာ…ပြန်လည်ရင်းနှီးစရာ…၊ တစ်သက်မှာ ပြတ်ကြစဲကြပြီ…။

အဲဒီသီချင်းကို ကိုင်ဇာ က ၁၉၈၄ လောက်က ကစ္စပနဒီလှိုင်းသံ စီးရီးမှာ ထည့်သွင်းသီဆိုခဲ့တာပေါ့…။

ရုံးတော်က၂ ကြိမ်မြောက် ဆင်းလာကြရတဲ့ စုံတွဲတစ်တွဲ အကြောင်း သံဝေဂရစရာရေးထားတဲ့သီချင်းလေးပါ…။

ပထမအကြိမ်က လက်ထပ်ဖို့…၊ ဒုတိယအကြိမ်က ကွာရှင်းဖို့…။

သီချင်း က ပဲ စီး သလားတော့မဆိုနိုင်ပါဘူး…။

သီချင်းရှင် ကိုင်ဇာကြီး ကိုယ်တိုင်လည်း ရုံးတော်က ၂ ကြိမ်မြောက် ဆင်းခဲ့ရပါရောလား ကျောင်းဒကာတို့ရေ…။

အခု ရုံးတော်က ၂ ကြိမ်မြောက်ဆင်းခဲ့ရပြန်တဲ့ အနုပညာရှင်စုံတွဲတွေ ပေါ်ထွက်လာခဲ့ပြန်ပါပြီ…။

အဆိုတော် ထူးအယ်လင်း နဲ့ အဆိုတော် မီးမီးခဲ တို့ ကွာရှင်းကြပြီတဲ့ခင်ဗျ…။

ကိုင်ဇာ့ သီချင်းထဲကလို ရုံးတော်က ၂ ကြိမ်မြောက် ဆင်းခဲ့ရသူတွေပေါ့…။

ဖြူဖြူစင်စင်လင်း ဆိုတဲ့ လေးနှစ်ခွဲအရွယ်သမီးလေးကိုတော့ မီးမီးခဲ က ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်တဲ့…။

အဲဒီ ကွာရှင်းမှုအတွက် မီးမီးခဲ က

“တကယ်တမ်းအလိုအပ်ဆုံးက သစ္စာတရားပေါ့။ သစ္စာမရှိရင် ဘယ်အရာမှ မတည်မြဲဘူး။ ဘယ်သူမှားတယ်မှန်တယ်လည်း

ပြန်မပြောချင်တော့ဘူး။ တစ်ချိန်ချိန်မှာတော့ လူတွေသိလာလိမ့်မယ်” လို့ ပြောခဲ့ပါတယ်ဗျာ…။

ထူးအယ်လင်း ကတော့

“ဒီလိုပါပဲ ဘယ်သူမှ မကွဲချင်ကြပါဘူး။ ဖြစ်သွားတော့လည်း ဘာတတ်နိုင်မှာလဲ။ ဒါ…ကွဲချိန်တန်လို့ ကွဲတယ်လို့ပဲ

သတ်မှတ်ပါတယ်” လို့ ဆိုခဲ့ပါတယ်…။

တရားရတဲ့လေသံကြီးနဲ့…။

မပြီးသေးဘူးခင်ဗျ…။

နောက်ထပ် ရုံးတော်က ၂ ကြိမ်မြောက် ဆင်းခဲ့ရတဲ့ စုံတွဲတစ်တွဲ ရှိနေပါသေးတယ်…။

ဟိုတုန်းက ဗီဒီယို မင်းသားလေး ရဲကိုကို နဲ့ လင်းဇာနည်ဇော် တို့ စုံတွဲပါ…။

သူတို့မှာလည်း သမီးလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်…။

မပေါင်းကြတော့တာတော့ တော်တော်ကြာပြီတဲ့…။

အခုမှ တရားဝင် ကွာရှင်းပြတ်စဲကြတာတဲ့…။

သူတို့မှာလည်း မြူလင်းကိုကို ဆိုတဲ့ ဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက် ရှိပါတယ်တဲ့…။

ကဲ…ဘာပဲ ဖြစ်ဖြစ်ပေါ့…။

ရုံးတော်က ၂ ကြိမ်မြောက် ဆင်းလာခဲ့ကြပြီဖြစ်တဲ့

ထူးအယ်လင်း တို့မီးမီးခဲ တို့ ရဲကိုကို တို့ လင်းဇာနည်ဇော်တို့ အနေနဲ့

ရုံးတော်ကို ၃ ကြိမ်မြောက်တက်ချင်လည်း တက်ကြဦးမယ့် သဘောရှိပါတယ်…။

ချစ်ခြင်းမှာလူဟာ အခါခါသေရ၏ လို့ ဆို မဟုတ်လားဗျာ…။

ရုံးတော်က ၄ ကြိမ်မြောက် ဆင်းလာရတဲ့ အဖြစ်မျိုး မကြုံကြပါစေနဲ့လို့…

ကျွန်ုပ်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ…။

SIR အဖွဲ့ရယ်လို့ လူသိများတဲ့ SIR Rock House ကို

BIG BAG ဟန်ထူးလွင်၊ Wanted ဖေါ်ကာ၊ Reason အောင်လ၊ Idiots ရေမွန်

တို့နဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အကြောင်း

မိတ်ဆွေတို့ သိပြီး ဖြစ်ကြမှာပါ…။

သူတို့လေးဖွဲ့ စုပြီး ရှိုးပွဲတွေ ကျင်းပခဲ့တာကိုလည်း…

စကိုင်းနက်က တိုက်ရိုက်လွှင့်ပေးလို့ ကျွန်တော်တို့…

ကြည့်ခွင့်ရခဲ့သေးတာပေါ့…။

Rocker ကြီးတွေဖြစ်တဲ့ Emperor ဇော်ဝင်းထွဋ် တို့…၊ IC လေးဖြူတို့လို…

ကိုယ်ပိုင် BAND ကိုယ်စီနဲ့ နာမည်ကြီးခဲ့ကြတဲ့ လူငယ်လေးယောက်…။

စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်းအားကိုယူလို့…။

အတူတကွ ချီတက်ကြလို့…။

SIR Rock House နာမည်နဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ခပ်စိပ်စိပ် တွေ့ရ…။

ပရိသတ်နဲ့ ဟန်ထူးလွင်၊ ဖေါ်ကာနဲ့ ပရိသတ်၊ ပရိသတ်နဲ့ အောင်လ၊ ရေမွန်နဲ့ ပရိသတ်

အပေးအယူတွေ အလွန်တည့်နေကြချိန်ပေါ့…။

ဟော…အဲဒီ SIR အဖွဲ့ထဲက Wanted ဖေါ်ကာ ထွက်သွားပြီဆိုပြီး…

သင်္ကြန်မတိုင်ခင်လောက်က သတင်းတွေထွက်လာတော့…

ဒီကလေးတွေကို ချစ်ကြခင်ကြ ညွတ်ကြသူတွေ မခံစားနိုင်ကြပါဘူး…။

Facebook ပေါ် Status တွေတင်ပြီး ဝမ်းနည်းကြသူတွေလည်း မနည်းလှပါဘူး…။

ကွဲကြပြဲကြတယ်ဆိုတာ မြန်မာတွေရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ကြီးလို ဖြစ်နေပြီတဲ့လား…။

အခု…အဲဒီ ဖေါ်ကာ ဆိုတဲ့ ဆံပင်ရှည်ရှည် အပြုံးချိုချိုနဲ့ ကောင်ငယ်လေး…

SIR အဖွဲ့က မထွက်တော့ပဲ တစ်စည်းတစ်လုံးတည်း ဆက်ရှိနေပါမယ်…တဲ့…ကျောင်းအစ်မရေ…။

SIR ချစ်သူတွေအတွက် မင်္ဂလာရှိသော နားစွန်နားဖျားသတင်းလေးတစ်ပုဒ်ပေါ့…။

အိုအေစစ်ဂျာနယ် မှာပါခဲ့တဲ့ အဆိုတော် နေနေ (ချမ်းချမ်း ရဲ့ အစ်မတော်) ရဲ့ အင်တာဗျူးမှာ ပြောခဲ့တဲ့ စကားလေးတွေအတွက်

နောက်ဆက်တွဲ ရှင်းကြလင်းကြရတာတွေ ဖြစ်ခဲ့ပါတယ်ဗျာ…။

မူရင်းအင်တာဗျူးထဲက အမေးအဖြေ တစ်ခုကို ဖတ်ကြည့်ပေးပါဦး…။

မေး။ ။ ချမ်းချမ်းတို့ မိသားစုလေးကိုရော ဘယ်လိုမြင်လဲ…။

ဖြေ။ ။ ချမ်းချမ်းရဲ့ အမျိုးသားကကျတော့ မိသားစုနဲ့ နည်းနည်း စိမ်းတယ်။ ဘုဏ်းသိုက်အကြောင်းတော့ နေနေ သိတ်မသိဘူး။

ဒါပေမယ့် ချမ်းချမ်းက ကိုယ့်ညီမဆိုတော့ အကောင်းဆုံးဖြစ်စေချင်တယ်။ လင်မယားချင်း ရန်ဖြစ်ကြတယ်ဆိုရင်တောင်

ချမ်းချမ်းအတွက် ရင်လေးနေရတယ်။ ကလေးလည်း ရှိနေပြီဆိုတော့ ရန်တွေ အမြဲတမ်းဖြစ်နေတာမျိုးမကြိုက်ဘူး။

တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ပဲ နေစေချင်တယ်။ ဒါပေမယ့် သူ့ကံပေါ့နော်။ ကိုယ်လည်း ဝင်ပြောလို့မှမရတာ။

သူအဆင်ပြေပါစေလို့ နေနေအမြဲတမ်းဆုတောင်းပေးပါတယ်။ တကယ်ဆိုရင်ချမ်းချမ်းက ဇနီးကောင်းတစ်ယောက်ပါ။

ကလေးလည်း မွေးပေးတယ်။ ပိုက်ဆံလည်း ရှာတယ်။ သူတကယ်ကို တာဝန်ကျေပါတယ်။ သူ့အမျိုးသားရဲ့ မိဘတွေ

ဆွေမျိုးတွေ ဆိုရင်လည်း သူကြည့်ပေးပါတယ်။ ဒါပေမယ့် သူ့ ရဲ့ အရင်ဘဝက ဝဋ်ကြွေးတွေကြောင့် တချို့ဟာလေးတွေ

ပြန်ပေးဆပ်နေရတယ်လို့ ထင်တာပဲ။

ဒီအင်တာဗျူးက ချမ်းချမ်း အမျိုးသား ဘုဏ်းသိုက်ရဲ့ မိဘဆွေမျိုးအသိုင်းအဝိုင်း ကို သိက္ခာကျစေသော စကားလုံးများဖြင့် စော်ကားမိ

သလို ဖြစ်လို့ တဲ့…၊ သမီးနေနေ ကတောင်းပန်အပ်ပါသည် ဆိုပြီး နောက်တစ်ပတ်ထုတ် အိုအေစစ်ဂျာနယ်ထဲမှာ ကြေငြာပါလာပါတယ်။

လိုအပ်တယ်ထင်လို့ ကြော်ငြာကို မူရင်းအတိုင်း တင်ပြလိုက်ပါတယ်…။

နေနေနှင့် ချမ်းချမ်းတို့၏ မိဘများက နှစ်ဖက်သော သားသမီးတို့၏ အကျိုးကို မျှော်ကိုး၍

အောက်ပါအတိုင်း ကြေညာအပ်ပါသည်။

ပြီးခဲ့သော သတင်းပတ်က အိုအေစစ်ဂျာနယ်တွင်ပါရှိသော “ချမ်းချမ်းကို စိတ်ချမ်းသာစေချင်တဲ့ နေနေ” ဆိုသည့် ခေါင်းစဉ်ပါ

အင်တာဗျူးတွင် သမီးနေနေသည် ဘုဏ်းသိုက်၊ ချမ်းချမ်း နှင့် သမီးလေးတို့၏ မိသားစုအား စိတ်အနှောက်အယှက်ဖြစ်စေသော

စကားအချို့အား ဖြေဆိုခဲ့ပါသည်။

ထို့အပြင် သမီးနေနေသည် ဘုဏ်းသိုက်နှင့် မိဘဆွေမျိုးအသိုင်းအဝိုင်းအား သိက္ခာကျစေသော စကားလုံးများဖြင့် စော်ကားမိ

သလို ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ဘုဏ်းသိုက်နှင့် ဆွေမျိုးအသိုင်းအဝိုင်းအား မရည်ရွယ်ပဲ စော်ကားမိသလို ဖြစ်ခဲ့သည့်အတွက်

သမီးနေနေက တောင်းပန်အပ်ပါသည်။ သမီး၏ အင်တာဗျူးကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြရသော သမီးစာဖတ်ပရိသတ်များ

အားလည်း တောင်းပန်အပ်ပါသည်။

အဲဒီလို ကြော်ငြာ ထည့်အပြီး အခုတစ်ပတ် အိုအေစစ် ဂျာနယ်ထဲမှာ အပြန်အလှန် ပြောကြ ရှင်းကြ တာတွေ ထပ်ပါလာပြန်ပါရော…။

အင်း…ကြမ်းကျွံရင် နှုတ်လို့ရတယ် စကားကျွံရင် နှုတ်လို့ မရဘူးဆိုတဲ့ စကား ဘယ်သွားထားမလဲဗျာ…။

ပါးစပ်မှာ ခဲဖျက်မပါဘူးရယ်လို့ သီတဂူဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့ဘူးပါတယ်…။

ထိန်းထိန်းသိမ်းသိမ်းလေး ပြောကြဖို့ လက်တို့ ချင်တာပါ…။

ရုပ်ရှင်သရုပ်ဆောင် ဖြိုးငွေစိုး တစ်ယောက်

ချစ်သူ ဇင်ဇင် နဲ့ ဧပြီ ၁ ရက်နေ့က မင်္ဂလာဆောင်ခဲ့ကြတာ အားလုံးသိပြီးဖြစ်မှာပါ။

ဟော အခု မေလ ပထမပတ်ထဲမှာ ကိုယ်ဝန်ရှိနေပါပြီတဲ့…။

အောင်မယ် ဗိုက်ထဲက ကလေးကိုတောင် ချောင်းကြည့်ပြီးကြပြီတဲ့…။

ယောက်ျားလေးတဲ့ဗျာ…။

မြန်မာပြည်က ဆရာဝန်တွေတော်ချက်…။

အခုမှ ရှိတဲ့ ကိုယ်ဝန်က ကလေးကို ယောက်ျား မိန်းမ ခွဲခြားနိုင်တယ်ဆိုတော့…

အင်း…တစ်ခုခုတော့ တစ်ခုခုပဲ…။

အေးလေ…အဲဒီ တစ်ခုခုကပဲ သတင်းဖြစ်နေတာ ပါကွယ်…။

မြန်မာနိုင်ငံမှာ ဂီတအကယ်ဒမီ တွေ ပေးတော့မယ်တဲ့…။

ဂီတအစည်းအရုံးက ပေးမှာတဲ့…။

၂၀၁၄ ခုနှစ် ဇွန်လ ၂ရ ရက်နေ့မှာ ပေးမှာပါတဲ့…။

မပေးတာထက်စာရင် ပေးတာတော့ ပိုကောင်းတယ်လို့ပဲ ပြောရမှာပေါ့…။

နောက်ဆို ထပ်ဆင့်အကယ်ဒမီ Rဇာနည် ၏ ဘာစီးရီးစ် ညာစီးရီးစ် တို့

၅ ထပ်ကွမ်းအကယ်ဒမီ ဖြူဖြူကျော်သိန်း ၏ ဘာစီးရီးစ် ညာစီးရီးစ် တို့

ဆိုတဲ့ ကြော်ငြာမျိုးတွေ ဖြစ်လာနိုင်ပါတယ်…။

နည်းနည်း အထွန့်တက်ချင်တာက ဂီတ ထူးချွန်ဆုကို အကယ်ဒမီလို့ပဲ အလွယ်တကူ ခေါ်ကြမလား…။

ဒါမှမဟုတ် နိုင်ငံခြားမှာ ပေးကြသလို ဂရမ်မီ လို့ သုံးနှုန်းကြမလား…။

ဟဲဟဲ…စာပေဝေဖန်ရေးဆရာတွေရဲ့ အလုံးကြီး ငှားသုံးကြည့်လိုက်ဦးမယ်…။

မြန်မာ ဂီတ ထူးချွန်ဆု ဘာလဲ…ဘယ်လဲ…။

ဟိုမင်းသမီးလေးက ဘယ်သူ့ စပွန်ဆာပေါ့…။

ဒီမင်းသမီးလေးက ဘယ်သူ့ စပွန်ဆာပေါ့…ဆိုတဲ့ အသံတွေကြားထဲမှာ…

ဆုပန်ထွာ က စပွန်ဆာရှိတယ်ဆိုတဲ့ အသံမျိုး မကြားခဲ့ရဘူးပါဘူး…။

ဟိုမင်းသမီးလေးက ဘယ်သူနဲ့တွဲနေတယ်…

ဒီမင်းသမီးလေးက ဘယ်သူနဲ့ တွဲနေတယ်…ဆိုတဲ့ အတင်းအဖျင်းတွေကြားမှာလည်း…

ဆုပန်ထွာ က ဘယ်သူနဲ့ တွဲနေတယ်ရယ်လို့ မကြားခဲ့ရဘူးပါဘူး…။

အဲဒါကိုက…ဆုပန်ထွာရဲ့ ဂုဏ်သိက္ခာပေါ့ ကျောင်းဒကာကြီးတို့ရယ်…။

စပွန်ဆာ ရှိတယ် ဆိုတဲ့ ဟိုမင်းသမီး ဒီမင်းသမီးလေးတွေ…

ဟိုုလူနဲ့တွဲနေတယ် ဒီလူနဲ့ တွဲနေတယ် ဆိုတဲ့ ဟိုမင်းသမီး ဒီမင်းသမီးလေးတွေ…

အတည်ပေါက်ကြီးနဲ့ ခန့်ခန့်ညားညား အိမ်ထောင်တွေ တည်ဆောက်နေကြတဲ့ အချိန်ကျမှ

ဆုပန်ထွာတစ်ယောက် အိမ်ထောင်ပြုတော့မယ် ဆိုတဲ့ သတင်းနောက်မှာ…

ကပ်ပါလာတဲ့ နောက်ဆက်တွဲသတင်းတွေက သိတ် တော့ မကောင်းလှ…။

သတို့သား က ကိုဥက္ကာကျော် တဲ့…။

မယားကြီးရှိတယ်၊ မယားကြီးက သတင်းစာထဲက အော်တယ်…ဘာညာပေါ့ဗျာ…။

အဲဒီသတင်းတွေအတွက် ဆုပန်ထွာတစ်ယောက် မြရိပ်ညို ဟိုတယ်မှာ

မီဒီယာ ရှင်းလင်းပွဲ တစ်ခု ကျင်းပပြီးကို ရှင်းခဲ့လင်းခဲ့ရပါရောလား…။

ဒု-သ-န-သော ဆိုတာကို ဘယ်တော့မှ ကျူးလွန်မှာမဟုတ်တဲ့အကြောင်း…။

ကိုဥက္ကာကျော် က လူလွတ်တစ်ယောက် ဖြစ်ကြောင်း သက်သေအထောက်အထားတွေ ပြနိုင်လို့…

လက်ခံခဲ့တာဖြစ်ကြောင်း…စသည်စသည်ပေါ့…ရှင်းပြပါတယ်တဲ့…။

အင်း…ဘလက်ချောကြီးလည်း လူလွတ်ဖြစ်ကြောင်း အထောက်အထားတွေ ပြနိုင်ပါတယ်ကွယ်…။

သတို့သားလောင်း ကိုဥက္ကာကျော် ကလည်း ငြိမ်သက်နေပြီဖြစ်တဲ့ အစတစ်ခုကို ဆွဲထုတ်ပြီး ရှင်းခဲ့ပါသေးတယ်…။

အမေရိကားကို Rဇာနည်၊ ချစ်ကောင်း၊ သဇင် နဲ့ Lazy Club အဖွဲ့တွေ လာတုန်းကတဲ့…။

ဓါတ်ပုံတွေ ရိုက်ကြသတဲ့…။

အစ်ကိုနဲ့ သဇင်ပုံကိုလည်း Rဇာနည် ကိုယ်တိုင်ရိုက်ပေးတာ။ ဖြစ်ချင်တော့ အစ်ကိုက စပွန်ဆာလိုလို ပုံစံမျိုးဖြစ်သွားပြီး

နာမည်ကြီးသွားတယ်။ အဲဒီတုန်းက ရှင်းဖို့ လုပ်ခဲ့ပေမယ့် ရှင်းလေရှုပ်လေ ဖြစ်သွားတော့ ငြိမ်ခံလိုက်ရတယ်…။…တဲ့…။

ရှင်းရင်းနဲ့မှ ပိုရှုပ်သွားပြီ…။

သဇင့် စပွန်ဆာကိစ္စက ဘယ်က တွဲပါလာတယ်မသိ…။

နာမည်ကြီးထည့်ပြောပြီး ရှင်းဖို့လင်းဖို့ လိုအပ်လို့လား ကိုဥက္ကာကျော်ရယ်…။

ရှင်းကာမှ ပိုရှုပ်သွားပြီ…။

နောက်ဆုံး သတင်းတစ်ပုဒ်အနေနဲ့ မြန်မာပြည်သူပြည်သားများရဲ့ အချစ်တော်လေး ကိုကို နေရွှေသွေးအောင်နဲ့

မမ မိုးစက်ဝိုင်တို့ စင်္ကာပူ ကို လေယဉ်စင်းလုံးငှား ပြီး သွားကြတယ်ဆိုတဲ့ သတင်းဟာ ကောလဟလ သာဖြစ်ကြောင်း

မမ မိုးစက်ဝိုင်မှ ဖြေရှင်းသွားပါတယ်တဲ့…။

ဟေးဟေး…ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ…။

နားစွန်နားဖျား ကြားချင်ရာ စွတ် ကြားတဲ့…

ဘလက်ချော…။

43 comments

  • alinsett (gazette)

    May 9, 2014 at 12:29 pm

    သတင်းစုံကို
    ပုလင်းစုံ ဖွင့်ပြီး သောက်ရထက် အရသာ ရှိစွာ
    ဖတ်လိုက်ရပါတယ် လေးဘလက်ရေ

    :mrgreen:

    အင်း အသောက်လည်း လျှော့မှ
    တို့နိုင်ငံက
    ကြယ်ပွင့်တွေလို အိုးနင်းခွက်နင်းသတင်းတွေ မထွက်အောင်
    မဖွယ်မရာတွေ မဖြစ်အောင်လည်း လျှော့သင့်တဲ့အပိုင်းလျှော့မှ

    🙂

    • black chaw

      May 12, 2014 at 8:51 am

      @ alinsett ;
      (gazette) ဆိုတာကြီးကိုတော့ မထည့်တော့ဘူး ညီလေးရေ…။
      အလင်းဆက် က နောက်မှာ (gazette) ထည့်နေစရာမလိုပါဘူးဗျာ…။
      အလင်းဆက် မှာ ကိုယ်ပိုင် အလင်း ကိုယ်ပိုင်အဆင်းနဲ့ပါ ဗျာ…။
      မဖွယ်မရာ မဖြစ်အောင်လည်း ကြိုးစားပါဗျ…။
      အလင်းဆက်ကလည်း ရွာ့ ဆယ်လဗြဲတီး ဖြစ်နေပြန်တာကိုး…နော…။
      အောင်သိန်းလင်းတောင် အလင်းဆက်လောက် အောင်သိန်းလင်းနဲ့ မတူပါဘူးဆိုတဲ့
      ဂီဂီ့ စကားလေး ကိုယ်က ကြိုက်နေတာဗျ…။
      :mrgreen:

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    May 9, 2014 at 12:39 pm

    မန်းတလေးဂေဇက်ရဲ့ ရွှေပါးစပ် ငွေပါးစပ်ပါပဲဗျာ
    စုံနဖါစီပါပဲ

    • black chaw

      May 12, 2014 at 8:56 am

      @ သီဟသူရ ညောင်ရမ်းဂျီးထူ ;
      မဟေသီ မဂ္ဂဇင်း ရဲ့ ရွှေပါးစပ် ငွေပါးစပ် ကို သိနေသူဆိုတော့…
      အသက်ကလည်း ကျွန်တော်တို့ နဲ့ မတိမ်းမယိမ်းလောက်ရှိမယ်ထင်ပါတယ်ဗျ…။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါခင်ဗျ…။
      :mrgreen:

  • kai

    May 9, 2014 at 12:57 pm

    အသိမမှားရင် ..ကိုဥက္ကာကျော်က သဇင်နဲ့ကိစ္စ..သတင်းစာထဲဖြေရှင်းစာ ထည့်ခိုင်းဖူးတယ်..။

    ဆိုတော့…
    ကျောင်းဒကာရှင်ရဲ့.. ဆယ်ရီဘရိတ်တီလွယ်အိပ်ကြီးပေါ့…။
    စုံပလုံကိုစီလို့.. :mrgreen:

    • black chaw

      May 12, 2014 at 8:59 am

      @ kai ;
      ကျေးဇူး…။
      :mrgreen:

  • kyeemite

    May 9, 2014 at 2:29 pm

    ပျောက်ချက်သားကောင်းနေတဲ့ ရဲဘော် ဘလောချက်…မိုးစက်များနဲ့အတူပေါ်လာတယ်ပေါ့လေ…
    အင်း..ရုံးတော်ကို ၁ ကြိမ်မြောက်တော့တက် ခဲ့ဖူးပါတယ်….
    အဲ…နောက်ပိုင်းတွေကတော့..ရုံးတော်တက်စရာမလိုပါဘူးလေ
    ကိုဘလက်ချောတို့ ကိုနို့စို့မိ တို့နောက်လိုက်ရုံပဲပေါ့ ဗျာ..
    နားစွန်နားဖျား သတင်းလေးတွေ ဝင်ဖတ်သွားတယ်ဗျို့ 😀

    • black chaw

      May 12, 2014 at 9:01 am

      @ kyeemite ;
      ပျောက်ဆို ရာသီဥတုကလည်း အတော်ပူသကိုး ကျောင်းဒကာရဲ့…။
      ဝင်ဖတ်ပြီး ကွန်းမန့်ရေးပေးသွားတဲ့အတွက် လည်း ကျေးဇူး အထူး…အထူး…။
      :mrgreen:

  • ကေဇီ

    May 9, 2014 at 2:39 pm

    အို။
    သများဖြင့် ရုံးတော်ကို အခေါက်ပေါင်းမနည်းတော့ဘူးး။
    :mrgreen:

    ပြီးမှ ပြန်လာခဲ့မယ်။
    မသိသေးတာတွေ အတော်များနေတယ်။
    မားသံ ကိစ္စကရောဘာဖြစ်တာတုန်းသိလားး

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 10, 2014 at 9:17 am

    . လူခြင်းတူသော်ငြားအသက်ရှူခြင်းမတူတာလား
    . ဘယ်သူတွေရူးသလဲ ပြောပျော့စ်တတ်တော့ဘူးလို့ ငိုဂျင်းချရမလိုဘဲ
    . အလွယ်ပြောရရင် နာမည်ကြီးတာကိုးးးးးးးးးးး နော
    . သူတို့လင်ယူတာလည်း သတင်း
    . သူတို့လင်လုတာလည်းသတင်း
    . သူတို့လင်ငယ်နေတာလည်းသတင်း
    . သူတို့နောက်လင်ယူတာလည်းသတင်း
    . သူတို့ကမြင်းကျော်ထါ့တာလည်းသတင်း
    . သူတို့ဖျဲပျတာလည်းသတင်း
    . သူတို့ဘါလုပ်တာလည်းသတင်း ညာလုပ်တာလည်းသတင်း
    . ဆိုတော့ကာ
    . သဂျီးမင်းကြီးရဲ့အလိုတော်ကျ ဘယ်သူနဲ့မှမတူအောင်ဖေါက်ပြီးတွေးပြောရရင်
    . သဂျီးမင်းကြီးပြောနေကြ ယုံကြည်မှု့ကြောင့် အိမ်တွေမှာ တစ်နေ့တစ်နေ့
    . ဘုရားဆွမ်းတော်တွေ စုလိုက်ရင် ဆိုပြီး တွက်ချက်ပြသလို
    . အဲ့သည်ကောင်မတွေ လင်ငယ်တွေ ကမြင်းကျောထါ့တဲ့ အကြောင်းတွေကို
    . သတင်းစာစောင်အဖြစ် ရိုက်နှိပ်တဲ့ကုန်ကျငွေတွေ ရောင်းချတဲ့အမြန်အစွန်းတွေ
    . ဖတ်တဲ့ပြောနေတဲ့လူတွေရဲ့ ကုန်ဆုံးသွားတဲ့အချိန်တွေရယ်ကို
    . ငွေကြေးနဲ့တွက်ချက်ပြီး ဘုရားတည်လိုက်မယ်ဆိုရင်
    . လူတော်တော်များများ နတ်ပျီလေးဘာလေးမရောက်သွားနိုင်ဘူးလား ? :mrgreen:

    • black chaw

      May 12, 2014 at 9:05 am

      @ မိုက်ကယ် ဂျော်နီ အောင်ပု ;
      မတူတဲ့အတွေးနဲ့ ရေးပေးသွားတဲ့…
      ညီငယ် မိုက်ကယ် ဂျော်နီ အောင်ပု ရဲ့ ကွန်းမန့်လေးအတွက်…
      ကျေးဇူးအထူး…အထူး တင်ရှိပါကြောင်း
      မှတ်တမ်း တင် ဂုဏ်ပြုအပ်ပါသည် တမုံ့ တကားတည်း…။
      :mrgreen:

  • ဦးဦးပါလေရာ

    May 10, 2014 at 11:08 am

    -ကြုံတုန်း နားလေးဖက်ကြား ပြောပြရဦးမယ် ကျောင်းတကာရေ…
    -ကျုပ်လဲ လူလွတ်ဖြစ်ကြောင်း သက်သေပြစရာတွေစုနေသဗျ…..
    -အဲဒါ ကျန်တာတွေတော့ စုံသလောက်ရှိပါပြီ..
    -ဒီရွာက သူကြီး ဆယ်အိမ်ခေါင်းနဲ့ ဖရဥက္ကဌကြီး တို့ရဲ့ ထောက်ခံစာလေးတွေပဲ လိုတော့တယ်…

    :mrgreen:

    • black chaw

      May 12, 2014 at 9:08 am

      @ ဦးဦးပါလေရာ ;
      ဟမ်!!!!
      ဒါနဲ့…ကိုပါကြီးက…လူပျိုကြီးဆို…။
      ဘယ့်နှယ့်ထောက်ခံစာတွေ လိုနေရပါသလဲဗျာ…။
      :mrgreen:

  • မီ မီ

    May 10, 2014 at 1:22 pm

    တကယ်ဆို ရပ်ကွက်ထဲမှာဖြစ်ကြည့်ပါလား
    ပြောလိုက်ကြမှာ တအားပဲ
    စိတ်ပျက်စရာကြီး

    • black chaw

      May 12, 2014 at 9:11 am

      @ မီမီ ;
      ကွန်းမန့်လေး ဝင် ရေးပေးသွားတာ
      ကျေးဇူးပါ မီမီရေ…။
      နောက်လည်း ကျွန်တော့်ပို့စ်တွေကို
      အားပေးလှည့်ပါဦးဗျာ…။

  • ခင် ခ

    May 10, 2014 at 2:02 pm

    ရပ်ကွက်ထဲက သတင်း ရပ်ကွက်ထဲက အတင်း စုံလှပါလား ကျောင်းဒကာရေ။

    • black chaw

      May 12, 2014 at 9:13 am

      @ ခင်ခ ;
      ဒီသတင်း…ဒီအတင်း လေးတွေကတော့
      ရွာကလူတွေ သိများသိချင်ကြမလားလို့ပါ ကိုခင်ခရေ…။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဗျာ…။
      :mrgreen:

  • Crystalline

    May 10, 2014 at 2:44 pm

    လေးဘလက်တို့လည်း နန်းချင်စရာလေးတွေ့မှ လက်တွေပြန်သွက်လာတော့တယ်.. :mrgreenn: ကွာရှင်းတာတွေ ခုတလောခေတ်စားနေလားလို့… သင်းကွဲသွားတဲ့ လူရွှင်တော်အဆိုတော်လည်း နာမည်ပဲတူလားဘာလားမသိ.. သတင်းစာထဲတွေ့လိုက်တယ်.. သူ့မိန်းမနာမည်လည်း ကိုယ်ကမသိ.. ဆိုတော့ သိပ်တော့မသေချာပါဘူး… 🙄

    • ကေဇီ

      May 10, 2014 at 4:40 pm

      မဟုတ်ဘူးထင်တယ် ခရစ်။
      ဟီးဟီးးး

      :mrgreenn:

    • black chaw

      May 12, 2014 at 9:15 am

      @ Crystalline ;
      ကွယ်…ဘယ့်နှယ့် ပြောပါလိမ့်…။
      လေးဘလက် က အမြဲတမ်း လက်သွက် ခြေသွက် ရှိနေပါတယ် သမီးရယ်…။
      မိုးမိုး…လား…။
      အဲဒါ…ကေဇီ့ ကိုမေး…။
      :mrgreen:

  • San Hla Gyi

    May 10, 2014 at 9:30 pm

    ဒီတခါ ကိုဘလက်ချောရဲ့ ပို့စ်မှာ ပထမဆုံး ကွန်မန့် ပေးလိုက်ပါတယ်။ ကျနော် အကြိုက်ဆုံး စာတပိုဒ်ပါတယ်။ ဘာကြောင့် ကြိုက်တယ် ဘယ်စာပိုဒ်ကို သဘောကျတယ် ဆိုတာ နောင်မှ ပြောပြမယ်။ အမှန်တော့ အရင်တုန်းက ဖတ်ဖူးတဲ့ ပို့စ်တွေကို နှစ်သက်ခဲ့ဖူးတယ်။

    • black chaw

      May 12, 2014 at 12:23 pm

      @ San Hla Gyi ;
      နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ် ကိုစံလှကြီး ရေ…။
      ကျွန်တော်လည်း ကိုစံလှကြီးပို့စ် တွေ ကို အမြဲတမ်းဖတ်တဲ့ ပရိသတ်တစ်ယောက်ပါလို့
      ဝန်ခံပါရစေ…။
      အထူးသဖြင့် ပို့စ် တွေမှာ ဦးဆောင်ဆွေးနွေးနိုင်စွမ်းရှိတဲ့ ကိုစံလှကြီး ကို ပို သတိပြုမိနေတာပါ…။
      ကျွန်တော် ရေးတဲ့ ပို့စ်တွေကို နှစ်သက်ခဲ့ဖူးတယ် ဆိုလို့ ဂုဏ်ယူပါတယ်ခင်ဗျာ…။
      အကြိုက်ဆုံးစာတစ်ပိုဒ်ပါတယ် ဆိုလို့ စိတ်လှုပ်ရှားမှု ဖြစ်ရပါတယ်…။
      ကျေးဇူးအထူးပါ ဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

      • San Hla Gyi

        May 13, 2014 at 6:14 pm

        ကိုဘလက်ချောရေ
        အကြိုက်ဆုံးစာပိုဒ်က ကြမ်းကျွံရင် နုတ်လို့ရတယ် စကားကျွံရင် နုတ်လို့ မရဘူးဆိုတဲ့ စာပိုဒ်ပါ။ အကိုရေ အကို ဘာတာဝန် ယူထားသလည်းတော့ ကျနော် မသိပါ။ အမှန်တော့ အကို ပိုသိမှာပါ။ တချို့ အကိုနဲ့ ရင်းနှီးသူတွေ ဦးလွန်ပဲ့လွန် ပြောတိုင်း အကို့ကို ကျနော် ဝင်ပြီး ဖျောင်းဖျစေချင်ခဲ့တယ်။ အကို ကိုယ်တိုင် ဒီလိုဟာတွေကို သဘောတူလိမ့်မယ်လို့တော့ မထင်ခဲ့ပါဘူး။ ဟုတ်တယ် မဟုတ်ဘူး အကို ပိုသိမှာပါ။

  • ဦးကြောင်ကြီး

    May 11, 2014 at 12:39 am

    ဦးဗလာဘ် အနော်လဲ ကြေးမုံဂျီးကို ကွာပီ မီမီနဲ့ယူမို့… အဲဒါလေး သတင်းရေးပေးပါ။ ချောင်းတော့ မကြည့်ဂျေ း.. ဝါသနာပါလျင် နောင်မှ အခွေပို့လိုက်မြီ။

    • black chaw

      May 12, 2014 at 12:26 pm

      @ ဦးကြောင်ကြီး ;
      အင်း…အစဉ် နုပျိုနေသော ကိုကြောင်ကြီး လို့ နာမည် ပေးလိုက်ပါတယ်ဗျာ…။
      အခု မီမီ ဖြစ်သွားပြီ…။
      နောက်…?????။
      :mrgreen:

  • padonmar

    May 11, 2014 at 1:26 am

    သူများအကြောင်းလည်း မပြောတတ်ပါ၊
    စပ်မိစပ်ရာ ကွိစိကွစ….

    • black chaw

      May 12, 2014 at 12:29 pm

      @ padonmar ;
      ကွန်းမန့်လေး ဝင်ရေးသွားတာ ကျေးဇူးပါ အစ်မရေ…။
      :mrgreen:

  • Ma Ma

    May 11, 2014 at 11:04 am

    သတင်းစုံ သိချင်လို့ ကိုမဲချောရဲ့ဆိုင်ကိုဝင်ပြီး ချိုပေ့ါကျလေးသောက်ပြီး နားစွန်နားဖျား နားထောင်သွားပါတယ်။ 🙂

    • black chaw

      May 12, 2014 at 12:33 pm

      @ Ma Ma ;
      အားပေးမှု အတွက် အထူး ကျေးဇူးတင်ပါသည် ခင်ဗျား…။
      :mrgreen:

  • ကေဇီ

    May 11, 2014 at 11:21 am

    လာပါပြီ အကိုတော်။
    :s:

    ပွါးရမယ် ဆိုရင်ဖြင့် လင်းဇာနည်ဇော် ကွာရှင်းတာ တအားနောက်ကျပါတယ်။
    အရွယ်ရှိတုန်း ရုပ်ရှိတုန်းက ကွာပလိုက်ရမှာ။ :mrgreenn:

    အဲ။ မကိုခင်မှ ဥကိုခင်တယ် ဆိုသော်လည်းးးး သားသမီးမျက်နှာမထောက်ပဲ အသစ်ရှာပြီး အဟောင်းကို ကွာတဲ့လူမျိုးကိုလည်း အင်မတန်ကို တောက်ညင်ကပ်ပါတယ်။
    နွားနို့သောက်ချင်တာများ နွားအပိုင်မွေးနေသေးတယ် ဆိုတာလိုပါပဲ (စီဒီတူ ဂီ)
    :mrgreenn:

    SIR တို့ မကွဲဘူး ဆိုတာ သေချာတော့ ဝမ်းသာသားးးး
    ကျနော်က ကျားပေါက်ကိုသိပ်ချစ်တာ။ ကျောင်းမှာ သူငယ်ချင်းတွေက ကျနော့ကို ဝက်ပေါက်လို့ ခေါ်ပါတယ်။ :mrgreenn:

    ချမ်းချမ်း ကိစ္စကတော့ သူယူကတည်းက ဆုံးဖြတ်ချက်မြန်တယ်လို့ထင်ခဲ့တာ၊။

    ဆုပန် တထွာ ကိစ္စတော့ မပြောလို။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်။

    ဂီတ ဆုတော့ စိတ်ဝင်စားသဗျ။
    ခုတလော ငယ်ပေါက်ထဲက အသံကို အိမ့်ချစ်ကို သဘောကျနေတယ်။
    :s:

    မိုးစက်ဝိုင်တို့တော့ စိတ်ထဲ တွေးစရာ စာရင်းမရှိ။
    :mrgreenn:

    • black chaw

      May 12, 2014 at 12:38 pm

      @ ကေဇီ ;
      စိတ်ရှည်လက်ရှည် အချိန်ပေး ပြီး…
      ကွန်းမန့်ရေးပေးသွားသော ဒေါ်ကေဇီ အား
      ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်
      ဂုဏ်ပြုအပ်ပါသည် တမုံ့တကားတည်း…။
      :mrgreen:

  • lu lu

    May 11, 2014 at 1:05 pm

    ရှင်းဘီ မှုန်ဝါးနေတဲ့အမြင် တွေ
    ချမ်းချမ်းနဲ ့နေ နေကို အပေါ်အောက်မှားနေတာအခုမှသိတယ်
    ဒါနဲ ့ဟိုသတင်းရောသိကြလား
    လူထုခေါင်းဆောင် က ဘယ်dr နဲ ့ဆိုလား ဘာဆိုလားပဲ
    အဲဒါ မရှင်းမရှင်းဖြစ်နေတယ်
    ရှင်းကြပါ အူံး
    ရပ်ကွက်ထဲက လင် မယားရန်ဖြစ်တာ ဆန်းတော့ပါဘူး
    ဆန်းတာက ဟိုဥစ္စာ

    • black chaw

      May 12, 2014 at 12:40 pm

      @ lu lu ;
      အမြင်တွေ ရှင်းသွားတယ်ဆိုလို့
      ဝမ်းသာပါတယ် လူလူရေ…။
      :mrgreen:

  • TNA

    May 11, 2014 at 3:24 pm

    သတင်းစုံကို ပုလင်းစုံဖြင့်ဖတ်ရှု့သွားပါကြောင်းရယ်နှင့် မသိသေးတဲ့ သတင်းတွေသိလိုက်ရလို့ကျေးဇူး အများကြီး။

    • black chaw

      May 12, 2014 at 12:46 pm

      @ TNA ;
      ကျေးဇူး ပါ ဗျာ…။
      :mrgreen:

  • ရွှေတိုက်စိုး

    May 12, 2014 at 11:29 am

    အင်းကျုပ်လဲ ဘာပြောရမှန်းမသိဘူး… ဒါပေမယ့် မန်.တယ်ဗျာ…ကဲ..
    ဒါနဲ. ဟိုစာသားလေး သဘောကျသဗျာ… ဘာတဲ့ ဘလက်ချောက လူလွတ်ဖြစ်ကြောင်းအထောက်အထားပြမယ်ဆိုလား….အဲဒီစာလေးးးးးးးလေ..

    အောအော ပြောရင် ကိုဘလက်ရေ ဖုန်းလာတယ်ဗျို…. အိမ်ပြန်ပြေးလိုက်ပါအုံး…သွားစရာရှိလို.ဆိုလားပဲဗျ…….. ဟဟဟဟဟဟဟဟဟဟ အဟွတ်…..

    • black chaw

      May 12, 2014 at 12:48 pm

      @ ရွှေတိုက်စိုး ;
      ဟဲဟဲ…ဟဲဟဲ။
      :mrgreen:

  • ကြောင်ဝတုတ်

    May 12, 2014 at 1:40 pm

    ရုပ်ရှင်လောက အကွဲအပြဲတွေကတော့ ပြောမကုန်ပါပဲ ကျောင်းဒကာကြီးရေ…

    ကျောင်းဒကာကြီးရဲ့ အနုပညာသတင်းတွေဖတ်ရင်း ချိုပေါ့ကျလေးတစ်ခွက် အိမ်နောက်ဖေးဝင်ဖျော်သောက်သွားပါတယ်နော်….
    တာဝန်တွေနဲ့ ဂဇက်ကို မရောက်တာကြာသွားပေမယ့်… လွမ်းလျက်… လွမ်းဆဲ…ပါပဲ…
    နောက်များ မကြာမကြာလာပါဦးမယ်…

    • တာဝန် :O ဘာတာဝန်လဲ မိန်းမ သွားရာ တကောက်ကောက်လိုက်တဲ့တာဝန်လား.. အံ့ဩဘ…
      ဘယ်နှယ့် ကမ်းခြေမှာ တူးပိနဲ့. နီ ကဲနေတာ….. နာတွေ.ဒယ်…
      ဘာမအားဒါလဲ…. ဟွန်.

      • ကြောင်ဝတုတ်

        May 12, 2014 at 2:46 pm

        အဲ့ဒါ နင့်အပူပါလား…

  • black chaw

    May 12, 2014 at 3:29 pm

    @ ကြောင်ဝတုတ် ;
    ဝင်တဲ့အခါ ကြုံပါ ကွယ်…။
    အစ်ကိုကြီးက တံခါးတွေ အမြဲတမ်းဖွင့်ထားပါတယ်…။
    လဖက်ရည်လည်း ကြိုက်သလို ဖျော်သောက်သွားနိုင်ပါတယ်…။
    ရေပူ ရေချမ်းလည်း ကြိုက်ရာသုံးဆောင်နိုင်ပါတယ်…။
    ညောင်းနေရင်လည်း စာဖတ်ရင်း မာဆတ်ခန်းထဲမှာ အညောင်းဖြေနိုင်ပါတယ်…။
    လွမ်းတယ်ဆိုရင်တော့ ဒီကပိုမှာပါဗျာ…။
    ကြောင်ဝဝတုတ်တုတ် ကြီးကို လွမ်းနေတဲ့…
    ဘလက်ချော…။

  • Paing Lay

    May 13, 2014 at 3:47 pm

    အင်တာတိန်းမန့်နဲ့ကျမှပဲ အူးဘလက်ကိုတွေ့ရတော့တယ်ဂျို့ 😀

Leave a Reply