ကျွန်မနှင့် ဆရာဝန်
လွန်ခဲ့တဲ့ တစ်ပတ်လောက်က စပြီး ခရီးအသွားများတဲ့ဒဏ်တွေရော အိပ်တဲ့အချိန်မွေ့ယာမခင်းမိဘဲ အိပ်မိတာရော ချော်လဲတာတွေ ပေါင်းပြီး ကျွန်မခါးတော်တော်
နာနေပါတယ်။
အထိုင်အထလုပ်ရင် ခါးရိုးထဲက တအားနာတာကြောင့် အရိုးအဆစ်ကုသရာမှာ နာမည်ကြီးတဲ့ ဆရာဝန်မကြီး ဆီမှာ ပြသဖို့ ဆေးခန်းကိုသွားခဲ့ပါတယ်။
ဆေးခန်းက ဆိုင်းဘုတ်မှာ ရေးထားတာတော့ အချိန်က ကြားရက်ဆိုရင် ညနေ၃နာရီမှ ၉နာရီတဲ့။စနေ တနင်္ဂနွေဆိုရင် ညနေ၅နာရီမှ ၉နာရီတဲ့။
ကျွန်မပြမှာကြားရက် ဖြစ်တာကြောင့် စောစောသွားပြီးတိုကင်ယူထား
ပေမယ့် ည၈နာရီထိုးမှ ဆရာမရောက်လာပါတယ်။
ကျွန်မပြပြီးတော့ည၉နာရီခွဲသွား
ပါပြီ။ဆေးထိုးပေးပြီး ခါးနာတဲ့
ဒဏ်တွေပျောက်ဖို့ ရေခဲကပ်ဖို့ မှာလိုက်ပါတယ်။အဲဒါ ပထမနေ့မှာပါ။
ပထမနေ့ပြပြီး သိပ်မသက်သာလို့ ဒုတိယတစ်ခါ
လာပြပြန်တော့ အရင်နေ ့က
ည၈နာရီမှလာတာပဲဆိုုပြီး ညရနာရီခွဲမှ တိုကင်ယူပြီး စောင့်ပြန်တော့လည်း ည၉နာရီမှ ရောက်ချလာပြန်တယ်။
အဲဒါ ၃နာရီကတည်းကဖွင့်တဲ့ ဆေးခန်းပါတဲ့။ဆေးခန်းစောင့်တဲ
့ဝန်ထမ်းကိုမေးကြည့်တော့
အခြားဆေးခန်းကနေကူးလာမှာကြောင့်လို့
သိရပါတယ်။
ကျွန်မကို ဒီနေ့လည်းဆေးထိုး
ပေးပါတယ်။အဲဒီအချိန် လျှာရှည်တတ်တဲ့ကိုယ့်အကျင်
့အတိုင်းဆရာမ သမီး ရေခဲပဲ ဆက်ကပ်ရဦးမလားလို့ မေးလိုက်တော့ ခရီးသွားတဲ့ဒဏ်တို့ ဘာတို့ဆိုတာ ရေနွေးပဲကပ်ပေးရမှာလေတဲ့။
ဟိုနေ့ကပြောတော့ ရေခဲတဲ့ အခုကျ ရေနွေးတဲ့။ဟူးးးး
ကျွန်မခဏခဏဆိုသလို ဆေးခန်းတွေ ပြဘူးပါတယ်။
ဆေးခန်းမှာ လူများလို့သော် လည်းကောင်း တစ်နေရာကပင့်လို့သော်လည်းကောင်းစောင့်ရတာကိုုလည်းနားလည်ပါတယ်။
ခေတ်အခြေအနေအရ စီးပွားရေးအရ ဆေးခန်းတွေ ကူးရတာကိုလည်း နားလည်ပါတယ်။ကားကြပ်လို့ ဆိုရင်လည်း၁နာရီ ၂နာရီကြာသည့်တိုင် ကျွန်မတို့တွေသည်းခံနိုင်ပါတယ်။
ဒါပေမယ့် ကျွန်မလို သာမန်လူနာအပါအဝင် တောင်ဝှေးနဲ့လာရတဲ့အဘွားအို
ုတွေ ဇက်မလှည့်နိုင်တဲ့ ဝေဒနာတွေ သည်းခံပြီး စောင့်ရတဲ့ အဘိုးအိုတွေ အောက်ပိုင်းအကြောသေလို့ ဒုက္ခခံစားနေရတဲ့ လူနာတွေက
ဆရာဝန်ပင့်သွားတာကြောင့် မဟုတ်ဘဲဆေးခန်းကူးလာမယ့်
့ဆရာဝန်စောင့်ဖို့ ၅နာရီ ၆နာရီကြာအောင် စောင့်ရတာတရားပါရဲ့လား။
ပြီးတော့ စောင့်ရတာနဲ့ မကာမိအောင် မှားပြီး instruction ပေးတာမျိုးဟာ ဖြစ်သင့်ပါရဲ့လား။
ကျွန်မတစ်သက်မှာ ပြခဲ့ဘူးတာ သဘောမနောကောင်းပြီး စေတနာတွေ အပြည့်နဲ့ ကုသပေးတဲ့ ဆရာဝန်တွေချည်းတွေ့ဘူးခဲ့ပြီး ဒါမျိုးကြုံတာ ပထမဆုံးပါပဲ။
ဒီလိုမျိုးအသပြာဆရာဝန်တွေ
ွရှိတာဟာစေတနာရှေ့တန်းတင်
်ပြီး ကုသကြတဲ့ ဆရာဝန်များအတွက်တော့ ဆရာဝန်အချင်းချင်းကြားတောင် မျက်နှာပူစရာအားနာစရာပါ။
လောကရဲ့ အခန်းကဏ္ဍ မှာ ဆရာဝန်ပဲ ဖြစ်ဖြစ် အင်ဂျင်နီယာပဲ ဖြစ်ဖြစ် ကျွန်မတို့ ခရီးသွားလုပ်ငန်းပဲ ဖြစ်ဖြစ် ဘယ်လုပ်ငန်းမှာမဆို နေရာတော်တော်များများမှာ အသပြာဟာအရေးပါပါတယ်။
ဒါပေမယ့် အသပြာရှေ ့မှာ စေတနာလေးကို
ရှေ ့တန်းတင်ရင်တော့ အသပြာချည်းသီးသန့်ထက်စာရင်
်စေတနာနဲ့အသပြာဟာ ပိုပြီးလှပတင့်တယ်လေမလားလို့
ကျွန်မတော့ ထင်မိပါရဲ့လေ။
15 comments
တိမ်မည်း
June 3, 2014 at 9:37 am
ဒေါ်စုကပြောတယ်… ဆြာဝန်တွေ ပိုက်ဆံရှာချင်ရင် ဆြာဝန် မလုပ်နဲ ့တဲ့…..
ဆြာဝန်တွေကပြောတယ်… ဒီမိန်းမ ငါတို ့ ပညာသင်ရတာတွေ ဘယ်လောက် ပိုက်ဆံကုန်တယ်မှတ်လဲတဲ့….
သူ ့ဟာသူတော့ မှန်နေတာပဲ… ဒါဆို မမှန်တာကဘာလဲ……
ဖြုတ်ဦးဏှောက်လေးနဲ ့စဉ်းစားမိတာဖြင့်……
မျက်စိထဲတန်းမြင်တာကတော့ ဝန်ထမ်းတွေ လစာနဲ ့လို ့ ကုန်ဈေးနှုန်း ကြီးမြင့်လို ့ထင်မိတာပဲ….
ဆြာဝန်တွေ မကပါဖူး…. သူနာပြုတွေလည်း ဒီလို ကြားပေါက်တွေ အသည်းအသန် ရှာနေရတာပါပဲ….
ဆေးရုံက ပေးတာက မလောက်ငှတာလေ….
တကယ်လို ့သာ လစာကို လောက်ငအောင် ပေးနိုင်ရင်ဖြင့်…. အကုန်လုံးမဟုတ်ရင်တောင် တချို ့တဝက်ကတော့ အခုလို ့ အပြေးအလွား ရှာရတာမျိုး လျော့မယ်ထင်ပါတယ်…. (အသပြာ ဆြာဝန်တွေလည်း ရှိပါ့….. သူတို ့ကတော့ ဘယ်လောက်ရရ လောက်ကို မလောက်တာပါ….)
စနစ်လား လူလား လို ့မေးရင်တော့….
စနစ်လို ့ပဲပြောပါရစေ… ဆြာဝန်လောက ကတော့ တကယ် ယောက်ခမနဲ ့ချွေးမ ဇာတ်လမ်းပါပဲ.. ကိုယ့်တုန်းက ခံရသလို ပြန်ခံပါစေဆိုတဲ့လူကများသား….. ဒီကြားထဲ တော်လှန်ရေးလုပ်ချင်တဲ့ လူလေးများရှိသော်လည်း အားမတန် မာန်လျော့ နေတာမျိုးလည်းရှိပါ့…….
မည်သို ့ပေဆိုစေ… မြန်မာနိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှူ ၉၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော လက်တဆုပ်စာ လူတစုရဲ့ အိပ်ထောင်သာ ပြေးမြင်မိပါကြောင်း………………..
လေးစားလျက်
တိမ်မည်း
kyeemite
June 3, 2014 at 9:57 am
အပြင်ပုဂ္ဂလိကဆေးခန်းမှာ ပိုက်ဆံပေးကုတာတောင် ခုလိုချည်းဆိုတော့
ပြည့်သူ့ဆေးရုံကြီးမှာဆို …ဆိုဖွယ်ရာမရှိပြီ
ဆရာဝန်က လူနာကို ပေါ့ပေါ့တန်တန်ညွှန်ကြားတာလည်း ကြောက်စရာပါပဲ..ဒွတ်ခ :chee:
alinsett (gazette)
June 3, 2014 at 10:04 am
အာ့ကြောင့်ပြောပါတယ်
ပေးရတာနဲ့ တန်တာလေးပဲ ပြန်ရရင် ကျေနပ်ပါတယ် လို့
🙁
Ma Ei
June 3, 2014 at 12:05 pm
ပုဂ္ဂလိက အထူးကုဆေးခန်း တွေက ဆရာဝန်အတော်များများဟာ ဆေးခန်း တစ်ခုနဲ့ တစ်ခု ချိတ်ထားကြတာပါ…
ခု လူနာ ဘယ်လောက်ရှိနေပါပြီဆို ဖုန်းဆက်မှ ကူးလာကြပါတယ်…
လူနာ 1 ယောက် 2 ယောက် ဆိုရင်ဖြင့် မလာတာမျိုး ၊
ဟိုဖက်ဆေးခန်းမှာ လူနာမကုန်သေးရင် ဒီဖက်ကလူနာတွေစောင့်ပေဦးပေါ့…
ရွှေဘုံသာလမ်းက ဆေးခန်းတွေမှာ ဆရာဝန် နံမည်မျိုးစုံ ချိတ်ထားတယ် ဘယ်နေ့ ဘယ်ချိန် ဘယ်သူပါပေါ့
ဒါပေမယ့် ရှိချင်မှရှိတာ…လူနာလာမှ ဆေးရုံကြီးကို ဖုန်းခေါ်လို့ ဆရာလူနာရှိတယ် လာမလားမေးတဲ့ အဖြစ်ထိ
ကြုံ ဖူးပါရဲ့ကွယ်…
black chaw
June 3, 2014 at 12:46 pm
ကျွန်တော့် ယောက္ခဖ ကြီး မကွယ်လွန်မီ
အထူးကု ဆေးခန်းကြီးတစ်ခုမှာ အထူးကုဆရာဝန်ကြီးတစ်ယောက်ရဲ့
ပစ်စလက်ခတ် လုပ်တာတွေကို ၆ လလောက်ခံခဲ့ရဘူးပါတယ်…။
ကျွန်တော်တို့ကရော ဘာများတတ်နိုင်ပါမည်နည်း။
Paing Lay
June 3, 2014 at 2:35 pm
ဒါကြောင့်မို့ထင်တယ် မြန်မာပြည်မှာ ရှိရှိသမျှ ခရိုနီတွေ အနီးဆုံးဖြစ်တဲ့ “ယ” နဲ့ “စ” ကို ဒိုးကြသကိုး 😀
surmi
June 3, 2014 at 2:41 pm
ဒေါက်တာဒေါ်မြင့်မြင့်ခင် ရဲ့ပြောစကားကို သုံးရရင်ဖြင့်
ဆရာဝန်နောက်ထပ်တစ်ဦးပြောင်းပြပါလေ
Crystalline
June 3, 2014 at 2:42 pm
ကိုယ်တုန်းကလည်းဖြစ်ဖူးတယ်… ခြေထောက်နာပြီးရောင်နေလို့.. အိမ်နားကအထူးကုဆရာဝန်နဲ့ပြတာ… ကိုယ်ခံစားရတာ ကိုယ်ပြောပြတော့တစ်စက်မှနားမထောင်… သွေးတွေဆေးတွေအကုန်စစ်ခိုင်း လေးဖက် နာဖြစ်ပါတယ်ဆိုပြီးဆေးတွေသောက်ခိုင်း… ကိုယ်က မသက်သာ..သွားပြန်ပြပြီး ကိုယ့်ခြေထောက်က အရိုးတစ်ခုခုဖြစ်ပုံရတယ်ပြောပြတာလည်း ကိုယ့်ခြေထောက်မစမ်း.. ဆေးဆက်အွန်..ဘာမှမထူး.. နောက်ဆုံးတော့ ဆရာဝန်ပြောင်းပြမှ ဓာတ်မှန်ရိုက်ခိုင်းပြီး ..ခြေချောင်းရိုးကျိုးတာဖြစ်နေတယ်.. အဲဒီဆရာဝန်စိတ်ကုန်လွန်းလို့.. လမ်းမှာတွေ့တာတောင် မကြည့်တော့ဘူး…. :b:
moonpoem
June 3, 2014 at 7:11 pm
ကိုယ့်ဆရာဝန်ထက်ပိုဆိုးနေပါရော့လားရှင်:-(
kyawtheinmyint
June 3, 2014 at 9:09 pm
ခါးနာနေသူများအတွက် လေ့ကျင့်ခန်း(ကကြီးဒေါက်တာနည်း)ခါးမတ်မတ်ထားပီး လှေကားကို ပုံမှန် အတက်ဆင်း ပြုလုပ်ပေးပါ။
Shwe Poe
June 3, 2014 at 9:10 pm
လကဗျာ ရေ
စေတနာ အပြည့်နဲ ့ကုသမှုပေးတဲ့ ဆရာမ တ ယောက် တော့ ကျ နော့်အိမ်နား
မှာ ရှိလေ ရဲ ့လူနာတွေလည်းအဲ့ဆရာမကို ချစ် ခင် ကြတယ် ဆေး အ ကောင်းတွေလည်း
သုံး ၊စေတနာ လည်းရှိလို ့ထင် ပါတယ် လာသမျှ လူနာတွေကိုမေးကြည့် လိုက် ရင် အားလုံး
က သက်သာတယ် ဆရာမ ကောင်းကြောင်းကိုပဲ ပြောပြကြတယ် ။ နယ် ဝေးက လူနာတွေတောင်
လာကြတယ်ဗျ ။ ဈေးလည်းသက်သာ တယ် ဗျ မတတ်နိုင် တဲ့သူဆို အလကားတောင် ကုပေး
လိုက် တယ် တဲ့ ။ ဒီလို ဆရာ ဆရာမ တွေ များများရှိရင် သိ်ပ်ကောင်းမှာ ဗျနော် ။
🙂
TNA
June 7, 2014 at 1:43 pm
အင်းအဲ့လိုဆရာဝန်တွေပြောရမယ်ဆိုရင်တော့ ခုတလောပိုပိုများလာသလိုပါပဲ။ ရောဂါဖြစ်မှာတောင်ကြောက်နေရတယ်။
naywoon ni
June 7, 2014 at 6:51 pm
အဓိက ကတော့ ကိုယ်ချင်းစာတရား နည််းလာကုန်တာလို့ပဲပြောရမယ်နဲ့တူရဲ့ ။ ခန္ဓာ ရှိရင် ဝေဒနာ ရှိပါသတဲ့ ။ ကိုယ့်တွေ့ကြုံမှ နောင်တ မရပါစေနဲ့ ။ တစ်လောက ဆေးရုံတစ်ရုံမှာ ဝေဒနာ မခံစားနိုင်တဲ့လူနာက ကိုယ်ချင်းမစာတတ်တဲ့ ဆရာဝန်တွေကို ပေါက်ကွဲတာ ကြားလိုက်မိသေးရဲ့ ။
Foreign Resident
June 8, 2014 at 8:35 am
ဟဲ ဟဲ ၊ အဘ ရဲ့ အမေ က ဆရာဝန် ၊ ညီ က ဆရာဝန် ၊ မိန်းမ က ဆရာဝန် ဆိုတော့ကာ ၊
ဆရာဝန် အသိုင်းအဝိုင်း နှင့် အရမ်းနီးစပ်နေတဲ့ အဘ ရဲ့ သဘောထား ကို ပြောရရင်တော့ ၊
( ၁ ) မြန်မာ ဆရာဝန် ဘွဲ့ရ များရဲ့ ဆေးပညာ အဆင့်အတန်း အလွန် နိမ့်ကျနေပါပြီ ။
( မနေ့ ကဘဲ ၊ အဘ မိန်းမက ၊ မြန်မာပြည်မှာ ဆရာဝန်က မျက်စဉ်း မှားခတ်လိုက်မိလို့ ၊
လူနာ ရဲ မျက်လုံး ပေါက်သွားပြီး ၊ မျက်စိ ကန်းသွားတဲ့ အကြောင်း ပြောနေသေးတယ် ။
အဲလို ကိစ္စမျိုး ဩဇီမှာ ဖြစ်လို့ကတော့ ၊ ဒေါ်လှ သန်းပေါင်းများစွာ လျော်ပေတော့ ဘဲ )
( ၂ ) မြန်မာ ဆရာဝန် များရဲ့ ပိုက်ဆံ ကို သရဲမရဲ စီးမှုကလည်း ကမ်းကုန်ပါဘဲ ။
( မယုံရင် ရင်ခေါင်းထဲက အောင့်တယ် ဆိုပြီး ၊ အထူးကုတွေ သွားပြကြည့်ပါလား ။
နုလုံး အထူးကု က နုလုံး ရောဂါ ရှိတယ်ဆိုပြီး ဆွဲကုလိမ့်မယ် ၊
အသည်း အထူးကု ကလဲ အသည်း ရောဂါ ရှိတယ်ဆိုပြီး ဆွဲကုလိမ့်မယ် )
( ၃ ) မြန်မာပြည် က ရောဂါရှာဖွေတဲ့ စက်တွေဟာ မေါ်ဒယ် နိမ့် / မယုံကြည်ရပါ ။
( မြန်မာပြည် က စက်တွေရဲ့ အရည်အသွေး နှင့် ၊ နိုင်ငံတကာကဟာတွေ နှင့် ၊
တယ်လီဖုန်း ကင်မရာ နှင့် DSLR ကင်မရာ ကွာသလို ကွာနေပါတယ် )
( ၄ ) အဲဒီတော့ကာ ၊ ရောဂါ ဝေဒနာ တစ်ခုခု ခံစားရလို့ ဆေးခန်း သွားပြရရင် ၊
( က ) အသိ / ဆွေမျိုး ဆရာဝန် တစ်ယောက် ကိုပါ အတူတူ ခေါ်သွားပါ ။
( ခ ) မိသားစု ထဲမှာ ဆရာဝန် ရှိကြောင်း ၊ အထူးကုကြီး ကို ပြောပြပါ ။
( ဂ ) အထူးကု ကို အနဲဆုံး ၂ ယောက် ပြပါ ( 2nd or 3rd Opinion ယူပါ ) ။
( ဃ ) ဖြစ်နိုင်ရင် ဘန်ကောက်လို နေရာမျိုးမှာ ဆေးကု / ဆေးစစ် ပါ ။
ကေဇီ
June 8, 2014 at 11:18 am
ခုလောလောဆယ် အဖြေကတော့ ဘဖောပြောတာ အမှန်ဆုံးပဲ။
အဲတော့ ဘယ်သူ့ အတွက်မဆို အသပြာက အရေးကြီးသလိုဖြစ်နေတာပေါ့။
:hint: