Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မင်္ဂလာပါဗျာ…

နောင် ရိုးJune 18, 20141min121129

အားလုံးပဲ မင်္ဂလာပါဗျာ…

ကျော်က အသစ်ဝင်တဲ့ ရွာသားလေးပါ….။ အသစ်ဆိုပေမယ့် ဒီရွာကို ခဏခဏလာလာလည်နေတာတော့ ကြာပါပြီ…။ ရွာခံများဖြစ်ကြတဲ့..ဦးကျောက်ခဲ၊ မနှင်းမမ၊ ကိုအံစာ၊ ကိုဘလက်၊ ကိုကူးမားရ်၊ တီသဲ၊ အာတီဒုံ၊ မဇီဇီ၊ ကိုပေါက်၊ ကိုတိမ်မည်း၊ ကိုအလင်းဆက်၊ ကိုမာဃ၊ ကိုစောရိုး၊ မရိုစီ၊ မလုလု၊ လုံမလေး၊ မွန်းပိုအမ်၊ ကောင်းကင်ပြာ၊ မစနိုးစမိုင်း၊ မဝေါင်း (ကျန်ခဲ့သူများရှိရင် ခွင့်လွှတ်ပါလို့) နဲ့ အားလုံးပဲ မင်္ဂလာပါဗျာ…။

ဒီရွာလေးထဲမှာ စာကောင်းကောင်းတွေ၊ အချင်းချင်း ရင်းနှီးချစ်ခင်တာတွေ မြင်ရတော့ အားကျတယ်ဗျ..။ ကျော်က တစ်ဦးတည်းသောသားဆိုတော့ ခုလို တစ်ကယ့်ရွာအစစ်ထဲ ရောက်နေသလို အချင်းချင်းပွင့်လင်းဖော်ရွေနေတာတွေမြင်ရတော့ ကိုယ်တိုင်လဲ ဝင်ပါချင်တာ ပါတာပေါ့ဗျာ…။ ခုလိုဆိုဒ်မျိုး ရှားမဟုတ်လား..။

ဒီရွာကို သိတာ နှစ်ချီနေပြီဗျ…။ မြင်သာမြင်ပြီး ဝင်မကြင်နိုင်ဘူးပေါ့လေ…။ ခုတော့ ကျော်ကိုယ်တိုင်လဲ ပါတီစီပိတ်လုပ်ချင်တာနဲ့ ဝင်လာခဲ့ပါတယ်…။ စာကောင်းကောင်းတွေ ရေးဖို့ကြိုးစားပြီး လိမ်လိမ်မာမာလဲ နေပါ့မယ်လို့…။ အရင်ကတည်းက ခင်ခဲ့သိခဲ့သလို ကျော့်ကိုလဲ ခင်ပေးကြပါဗျာ….။

ကျော်ကတော ့ပျော်ပျော်နေတတ်ပြီး ပွင့်ပွင့်လင်းလင်းပဲခင်ဗျ…။ လူ့ဘဝက တိုတိုလေးရယ်…။

ရွာနဲ့အသားကျပြီး ရွာထဲဝင်ပုံတွေ ရွာ့ Slam တွေ သိရအောင် ကျော် ဒီရွာထဲက ရွာသူချောချောလေးတစ်ယောက်ကို ဖားရသေးသဗျ….။ နာနတ်တောလမ်းက Musses မှာ ကျွေးလိုက်ရတာ သူ့ဗိုက်ကလေးလဲဖောင်း ကျော့်ပိုက်ဆံအိတ်လဲ ပြားရောဗျာရေ့…။ ဒါတောင် မယ်မင်းကြီးမက ခပ်မာမာခဗျ…။ စားလို့သောက်လို့လဲ ဝ ရော ဘာပြောတယ်မှတ်လဲ…။ နာ့မျက်နှာ နင် အိုးမဲသုတ်မှာစိုးလို့ နင့်ဟာနင် ဝင်နိုင်ရင်ဝင်၊ နာ့နာမည်တော့ မသုံးနဲ့တဲ့..။ ကောင်းသေးလား..

ပြောချင်တာကတော့ ကျော်ဒီရွာသားမဟုတ်ပေမယ့် ဒီရွာကို သံယောဇဉ်ရှိပါတယ်လို့..။ ဒါကြောင့် ကျော့်ဝေဖန်မှုတွေကိုလဲ လက်ခံပြီး ကျော်စာရေးတင်ခဲ့ရင်လဲ ဝေဖန်ပေးကြပါ…..။ တစ်ချိန်မှာ သောက်ဖော်သောက်ဖက်များ ဖြစ်လာနိုင်သော ရွာသားများနဲ့ ချောချောလှလှ ရွာအစ်မ၊ ညီမများအား ဒီပိုစ့်ဖြင့် နှုတ်ခွန်းဆက်သပါကြောင်းးးဗျာ….

 

နောင်ရိုး

18.6.2014 (မဟာ ဗုဒ္ဓဟူးနေ့)

29 comments

  • lu lu

    June 18, 2014 at 12:29 pm

    မာဂလာပင် ပါ ကိုနောင် ရိုး
    စီနီယာကြီးများ ပြောခဲ့ကြသလို ပေါ့
    ဒီရွာမှာပျော်ပျော် နေပါ မ ကျေ နပ်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ
    ပြန်ထွက်မသွားပါနဲ ့စာကောင်းပေ ကောင်းတွေကိုလည်းစောင့်မျှော် နေ ပါပြီ
    🙂
    :mrgreen:

  • နောင် ရိုး

    June 18, 2014 at 12:55 pm

    ကျေးဇူးဗျာ..လုလု..
    ပထမဆုံးရတဲ့ ကွန်မန့်ပါပဲ…
    ဟိုရွာသူပြောတာ မှန်တယ်ဗျ…..။ ကိုယ်ပို့စ်တင်လို့ ရလာမယ့် ကွန်မန့်ကို ရင်တခုန်ခုန်စောင့်ရတယ်တဲ့ဗျ…၊ ဒါလဲ ဒီရွာရဲ့ အရသာပဲ ထင်ပါရဲ့ဗျာ..
    ကြိုးစားပါ့မယ်လို့…..

  • kyeemite

    June 18, 2014 at 1:05 pm

    ဝမ်းမလီး ဝဲလကမ်းပါ ကိုနောင်ရိုး
    ခင်မင်တတ်တဲ့
    မိုက်စ်
    😀

  • alinsett (gazette)

    June 18, 2014 at 1:11 pm

    မင်္ဂလာရှိပါ့ဗျာ
    ကျနော့်နာမည်လေးလည်း သတိတရ ထည့်ရေးပြီး နှုတ်ဆက်ထားသေးသကိုး
    မြင်မြင်ချင်း အဲ လူတွေ့မမြင်ဖူးသေး
    စာကို တွေ့တွေ့ချင်းမှာ
    ဖတ်ဖတ်ချင်းမှာတင် ခင်မင်ရင်းနှီးစရာ ရွာသားတစ်ယောက်တော့ တိုးပြီ။
    ခင်မင်ရင်းနှီးခွင့်တော့ရပြီဆိုပြီး ဝမ်းသာမိပါတယ်။
    နောင်ကိုလည်း
    သောက်ဖော်သောက်ဖက်များဖြစ်လာဖို့ မျှော်လင့်ပါတယ်
    အဲ ဘယ်တွေရောက်ကုန်ပြီလဲ
    နောင်ကိုလည်း ညီရင်းအစ်ကိုတွေလို ပိုရင်းနှီးခင်မင်လာဖို့ မျှော်လင့်ပါပါတယ်လို့ ပြောမလို့ပါ။
    :mrgreen:

    စာတွေလည်း ရေးပါ
    commentတွေလည်း လိုက်ပေးပါ
    ခဏလေးနဲ့လည်း ပျောက်မသွားပါနဲ့
    လွမ်းတတ်လွန်းတဲ့ အလင်းဆက်တို့ကို အလွမ်းနဲ့ ချန်မထားခဲ့ပါနဲ့

    😆

  • နောင် ရိုး

    June 18, 2014 at 1:15 pm

    ချန်ဘာဘူးဗျာ…
    ခဏနဲ့လဲ မပျော်ရေးချ မပျောက်ဗျ။
    ကျော့်မှာ ဒီဝင်ချင်လွန်းလို့….ဟိုခေးမကို စိတ်ရှည်သည်းခံ ပိုက်ပိုက်ပါ အကုန်ခံခဲ့ရတာ…။
    ခင်ပါတယ်ဗျာ…ရွာကလူအားလုံးကို…

  • Kaung Kin Pyar

    June 18, 2014 at 1:25 pm

    အဟမ်းးး အဟမ်းးးး

  • Kaung Kin Pyar

    June 18, 2014 at 1:41 pm

    မင်္ဂလာပါလို့ ပြောမလို့ပါ…ကိုနောင်ရိုးရေ…
    ကြိုဆိုပါတယ်….လို့…။

  • ဦးကျောက်ခဲ

    June 18, 2014 at 1:48 pm

    အောင်မယေးဟဲ့… ဖျားသခိန်…
    ကျောက်စ်မောင်နှံကို ရှေ့ဆုံးကထားတာမို့ ပြူးသွားတာပဲ… (မျက်စေ့)
    ဝမ်းမလီဝဲလ်ကမ်း… ဂွဇက်မြို့က ကြိုဆိုပါတယ် ခင်ဗျ…
    ကိုရင်နောင်ရိုးရဲ့ စာကောင်းပေမွန် (ရေးချင်ရာရေး) တွေကို ဖတ်ပေး မန့်ပေးဖို့ အသင့်ပါ…
    ကြုံတုန်းပွါးပါရစေ… အသစ်မို့ ခွဲခြားတယ် နှိမ်တယ်ဆိုတာ ဒီအရပ်မှာ မရှိပါဘူး…
    ကျောက်စ်တို့လည်း ဟောင်းသွားပေမည့် အရင်ကအသစ်ပါ…
    အဲ… ငြင်းခုံချင်းအနုပညာက ဒီဂွဇက်ရဲ့ သင်္ကေတမို့… အဲဒါလေးတော့ နားလည်ပေးပါ…
    😀

  • surmi

    June 18, 2014 at 2:00 pm

    kai ဆိုတဲ့ သူကိုတွေ့ရင် များများသာ ကလော်တုတ်ပေးဗျာ :kwi:

    အသစ်ဆိုရင် အဲလို လုပ်ပေးမှ သူက နေသာထိုင်သာရှိသတဲ့ 🙂

  • ဇီဇီ

    June 18, 2014 at 2:02 pm

    နာ့ ကို ခင်ရင် နာ့ အိမ်ကို အရင်လာလည်ပြီး ကော်မန့်ပေးမှ။
    မပေးရင် ဆပ်ကြေးတောင်းမယ်။
    တွေ့မရှောင်နော်။
    လက်ထောက်တွေလည်း အများဂျီးးးး

    :s:

    Welcome…!!!

  • Ma Ma

    June 18, 2014 at 2:10 pm

    ဒီရွာက သဂျီးတပြန် ရွာသူားတပြန် သတ်နေကြတဲ့…
    အဲ………
    သဂျီးကိုကြောက်စရာမလိုပဲ ရွာသူားအခွင့်အရေးအပြည့်ရတဲ့ ဒီမိုကရေစီရွာလို့ ပြောမလို့ပါ။ 😀
    ကြိုဆိုပါတယ်။ 🙂

  • kai

    June 18, 2014 at 2:40 pm

    ဘယ်ကောင်လဲကွ… ရွာထဲဝင်လာပြီး.. ကျုပ်ကျ.. နာမယ်မေ့ထားခဲ့တာ..
    ရွာထဲကြိုက်တဲ့နေရာအိမ်ဆောက်နေနိုင်တယ်..။
    အထိုင်ကျမှ.. တပ်ပိုင်… အဲ..အဲ.. သူကြီးပိုင်မြေဆိုပြီး..သိမ်းပစ်မယ်.. ဟွန်း..

    စကားမစပ်..
    ဟို.. ဟိုလေ..
    ရွာထဲက.. ကာလသားခေါင်းတွေ..အရီးတွေနဲ့ခင်လားဟင်င်..
    ခင်နေပြီးသားဆိုရင်တော့.. ဆောရီးနော..
    သူကြီးကြောက်ကြောက်… :mrgreen:

  • ROssI

    June 18, 2014 at 2:56 pm

    တိန်…
    နာ့ဂို မရိုဇီ တဲ့ ……

    ဗြဲ ….

  • နောင် ရိုး

    June 18, 2014 at 3:06 pm

    မလေး မလေးးး ပျော်ထှာအေ…နာ့ပိုစ့်မှာ ကွန်မန့် ၁၃ ခုတဲ့…။ ရင်တွေ ဘာတွေတောင် တုန်သွားတယ်…။
    တောင်းပန်ပါတယ် သဂျီးခင်ည…။ ကျော်မေ့သွားမိတယ်ခင်ညာ…။
    အူးကြီးမိုက်လဲ တောင်းပန်ပါတယ်ခင်ဗျာ…။ ကျော်က ငယ်ကတည်းကမိုက်လို့ အူးလေးနာမည်နဲ့ သိပ်မကိုက်ဝူး…:P။ ပြီးတော့ ရွာသူတွေနာမည် စဉ်းစားနေရလို့..အာာာဟိ..
    အူးလေးကျောက်စ်ကို ရှေ့ဆုံးတင်ရမှာပေါ့ဗျာ….နောက်ဆို နည်းလမ်းလေးတွေသင်ယူဖို့ ဆရာတင်ရဦးမှာကိုးးး
    ကိုဆာမိ…ကျော့်ကို မ,တယ်..(အချွန်နဲ့)..။ ဒီလို ကျော့်ကိုလုပ်လို့ ရဝူးးး
    မဇီဇီ ခြိမ်းခြောက်ချက်..။ နှာခေါင်းထဲကတောင် လေတွေထွက်လာတယ်…
    မမ..ကျော်သိဒယ်ဗျ….။ ဒီရွာက မြန်မာပြည်ထက်အရင် ဒီမိုကရေစီရထားတယ်ဆိုတာ…။
    မရိုစီဂီ..ရှစ်လို့ခေါ်တာ ရဝူးလားးးးးး 🙂

  • Mr. MarGa

    June 18, 2014 at 3:56 pm

    အမ်.. ကျုပ်နာမည်က ဘယ်ချောင်ကရလို့ ပါလာတာတုန်းး
    ဘာပဲဖြစ်ဖြစ် ရွာသားသစ်ဆိုတော့လည်း ကြိုဆိုပါတယ်ဗျာ
    လောလောဆယ်တော့ ရွာလူကြီးတွေနာမည်တပ်ပြီး ဧည့်စာရင်းတိုင်လိုက်ပါဦး
    ခင်ဗျားက ကာလသားခေါင်းကို ထိပ်တပ်ထားတယ်….
    သဂျီး မြေသိမ်းရင်လည်း သိမ်းချင်စရာ

  • နောင် ရိုး

    June 18, 2014 at 4:12 pm

    ကျော် တောင်းပန်ထားတယ်ဗျ…ကိုမာဃ…။ သဂျီးက သဘောကောင်းမနောကောင်း စိတ်ရင်းဖြူသူမဟုတ်ပေလားဗျာ…။
    ခွင့်လွှတ်ကောင်းပါရဲ့…
    ကြိုဆိုပေးလို့ ကျေးဇူးပါဗျာ….
    မလိမ္မာတာရှိရင်လဲ သွန်သင်ကြပါ..
    ကျော်က အစအနောက်သန်လို့ ဝင်ဝင်ချင်းတော့ ဘရိတ်ထိန်းရမယ် ထင်ပါ့..။
    ဝင်ပြီး နည်းနည်းကြာမှပဲ…အဟဲ…အဟဲ…

    • kai

      June 19, 2014 at 12:56 am

      ဒီရွာ…အဲ..မြို့က.. ရွာနေ..မြို့နေသူတွေစုပေါင်းပိုင်တာပါ..။
      ကိုရင်ဝင်လာရင်…
      ရွာသူားအများစုက.. လက်ခံရင်..ကိုရင်လည်းပိုင်တာပဲ..။
      ရွာသူားအားလုံးတန်းတူ.. အခွင့်အရေးရှိတယ်../ရတယ်..

      အဲဒါလေးတော့ သိထားစေချင်…။ :mrgreen:

  • padonmar

    June 19, 2014 at 12:34 am

    အော်..တရားဝင် ရွာသားဖြစ်တော့ တရားဝင်ရောဂါစပြီ။
    မနက်မျက်နှာ မသစ်ခင် မောင့်ကို ပြေးကြည့်၊
    နေ့လည်အားရင်လည်း မောင့်ကိုဖွင့်ကြည့်၊
    ည အိပ်ခါနီးထိ မောင်နဲ့မခွဲ။(ခရက်ဒစ်တူ-ကေဇီ)
    ပို့စ်တင်ပြီးရင် ဘယ်သူတွေများဘယ်လို မန့်သလဲလို့ မောင့်မျက်နှာကြည့်တဲ့ အကြိမ်ရေတိုး။
    ကွန်မန့်တခုပေးထားမိရင် ငါ့နောက်က ဘာတွေ ထပ်မန့်ကြသေးလဲလို့ ထပ်တိုး။
    ဖွဘုတ်က ရွာထဲဝင်မိရင် ပိုဆိုး။
    ဒီဖက်က ထူးတာ ဟိုဖက်မှာ မသိသေးတဲ့သူကိုပြန်ပြော၊
    ဟိုဖက်က ကွိစိကွစကို ဒီဖက်ကို သယ်လာ။
    ၂၄နာရီမှာ နာရီ ၂ဝ ကို သူယူသွားရော။
    ဒီရွာထဲက ကိုနိုဆိုလား၊ကိုမှိုဆိုလား ကျောင်းဒကာကြီးကတော့ ဖြတ်ကြည့်မယ်ဆိုပြီး ကြေငြာချက်တွေထုတ်၊ပြီးတော့မှ ပြက္ခဒိန် ၂ရွက်ဆွဲဖြဲလိုက်တယ်တဲ့။(ဂဇက်လိခ်)

  • အရီးခင်

    June 19, 2014 at 2:05 am

    ပြောရရင်တော့
    ရှားရှားပါးပါး “ကိုကူးမားရ်” ကို နှုတ်ဆက်နေမှတော့ ဟို ချာချာလည် Post ကို ဖတ်ပြီး ရွာသား အဖြစ် အတင်း ကာရော မူးဝေ ဝေ နဲ့ ဝင်လာတာဖြစ်ရမယ်။
    မသိရင်မှတ်ထားဟေ့။
    အရီးခင် တဲ့။
    မထင်ရင်မထင်သလို ခေါင်းခေါက်တတ်၊ နားရွက်ဆွဲတတ် တယ်။
    :-))))

  • နောင် ရိုး

    June 19, 2014 at 8:55 am

    ကျော့်ကို ခုလိုခင်ခင်မင်မင်ရှိလို့ ဝမ်းသာသဗျာ…။
    မနေ့က ကျော် အလုပ်မှာအဆင်မပြေဘူးထင်ထားတဲ့ကိစ္စလေး အဆင်ပြေသွားတာရော၊ အလုပ်မှာ ခပ်တည်တည်နေနေရတာရော၊ ရွာထဲဝင်ခွင့်ရလိုက်တာရောနဲ့ အူမြူးပြီး အပြောင်အပျက်တွေ ပြောမိတာများသွားတယ် ထင်တယ်ဗျ..။
    ခု ကျော်အတည်ပြောပါတယ် ခင်ဗျာ…။
    သူဂျီး ဦးKaiကိုလဲ ရွာသူဂျီးတစ်ယောက်အနေနဲ့ Respect ထားပြီး ခွင့်တောင်းပါတယ်ဗျာ…။ သူဂျီးကျေးဇူးကြောင့်ပဲ ကျော်သဘောကျတဲ့ ဒီရွာကြီးရှိနေတာပါ..။
    ကျော့်ကို ကြိုဆိုကြတဲ့ ရွာသူားများကိုလဲ ကျေးဇူးတင်ပါတယ်…
    ကျော်မှားတာရှိရင်လဲ အားမနာဘဲ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုနိုင်ပါတယ်လို့…။
    ကျော်မှားရင် ကျော်ကလဲ ရှက်ရမ်းရမ်းတာတွေ၊ စိတ်ဆိုးတာတွေမရှိတတ်လို့ ပြန်ပြင်မှာပါခင်ဗျ…
    အဲ…ပြောချင်တာတွေ ကွန်ဖီဒန်ရှယ်ဆိုရင်လဲ ကျော့်အကောင့်ကို အပ်နိုင်ပါတယ်လို့…
    အားလုံး ကျေးဇူးပါ…

  • ဗုံဗုံ

    June 19, 2014 at 9:20 am

    မင်္ဂလာပါရှင့်..
    နောင်ရိုးဆိုတော့…..
    တိုက်ပွဲပေါ့နော်……. :mrgreen:
    ခုလိုနောက်ကျမှ လာရောက်နှုတ်ဆက်ရတဲ့အတွက်
    မုန့်ကျွေးဘာာာ :mrgreen:

  • နောင် ရိုး

    June 19, 2014 at 9:56 am

    အမှန်တော့ ကျော့်နာမည်အရင်းက ညီနောင်ရိုးဗျ…။
    အကိုလဲမရှိဘဲ ဒီနာမည်ပေးထားတယ်…။ အမေပြောတာတော့ နောင်ရိုးတိုက်ပွဲလို မဆုတ်မနစ် ဘာညာပေါ့ဗျာ..။
    ပြီးတော့ ရှိသေးတယ်ဗျ….။ ကျော်က လူချော…အဟဲ။ ဟိုခေးမကတော့အားပေးတယ်။ ဘီလူးချောတဲ့…။
    ဒါနဲ့ ဗုံဗုံနာမည်ရင်းက သဗုံများလားဂျာ….
    😀

    • alinsett (gazette)

      June 19, 2014 at 10:04 am

      အင်းးး
      ဒီအစ်ကိုတော်နောင်ရိုးကို
      ရွာသားသစ်လို့ကို မထင်ချင်တော့ဘူးဗျို့

      :mrgreen:

    • ကထူးဆန်း

      June 19, 2014 at 10:34 am

      နံမည် ပေးရတဲ့ အကြောင်းရင်း သိပြီဖြစ်လို့ ဇီဇီ မှတ်တမ်းတင်စေ သတည်း ။ :kwi:
      မင်္ဂလာပါ ဗျာ ..

  • နောင် ရိုး

    June 19, 2014 at 10:17 am

    စိမ်းသွားပါတယ် အလင်းဆက်ရေ့….
    မှန်းကြည့်တာလဲ ပါတယ်ဗျ…။ ပြီးတော့ ကျော်က ဘယ်နေရာသွားသွား အဲ့နေရာကို အရင် လေ့လာထားတယ်..။ ဒီရွာက ကျော်လာနေကြပါ…။
    ပြီးတော့ မေးလွန်းလို့ သိထားတာလေးတွေလဲ ပါသဗျ…

  • Foreign Resident

    June 19, 2014 at 10:45 am

    ကြိုဆိုပါတယ် နောင်ရိုး ရေ ။

  • ဦးကြောင်ကြီး

    June 19, 2014 at 11:51 am

    အားအားယားယားကွယ်… သိပ်အားနေ အဝှာပြုနေဗာလား..

  • နောင် ရိုး

    June 19, 2014 at 12:13 pm

    အူးလေးကြောင်ကြီးကိုလဲ ကျော်သိပါတယ်ဗျာ….
    မင်္ဂလာပါ ဦးလေးကြောင်…
    နောက်လဲ များများဆဲနိုင်ဘာဇေဗျာ…

  • sorrow

    August 18, 2014 at 3:10 pm

    ဘုရားရေ…နာမည်တပ်ပြီးနှုတ်ဆက်ထားတဲ့အထဲပါရောလား..ခုမှတွေ့မိတယ်ဗျာ..ဂုဏ်ယူလိုက်ပါဘိရယ်… ကိုနောင်ရိုး …ကြိုဆိုပါတယ်ခင်ဗျ…..

Leave a Reply