ဒါဖတ်ပြီးမှ Facebook သုံးပါ…။

black chawJune 27, 20144min25118

 

Facebook ပေါ်တက် ဂေါ်လီလုပ်မယ်ဆိုရင်…၊

ဒါဖတ်ပြီးမှ ဂေါ်လီလုပ်ကြဖို့ မေတ္တာရပ်ခံပရစေခင်ဗျာ…။

အောက်မှာပါတဲ့ ပို့စ်ကတော့ ရှင် ဂျာနယ်မှာ ဖေါ်ပြထားတဲ့ အကြည်တော် ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။

ရွာထဲက  တောဂေါ်လီကြီးများအတွက် Facebook လမ်းညွှန်လို့တောင် ပြောလို့ရပါသည်။

ကော်ပီတွေအရမ်းများနေလို့ စာရေးချင်စိတ်ကုန်ခမ်းနေတာနဲ့ ဒါလေးကို ကိုယ်တိုင်စာစီစာရိုက်လုပ်

တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ အပျော်ပေါ့ဗျာ။

 

ခု ဆက်လက်ပြီး ရေးသားပြမည်က အွန်လိုင်းပေါ်မှ စာလုံးပေါင်း သတ်ပုံ အမှန်များဖြစ်သည်။

ထိုစကားလုံးများသည် မြန်မာစာရေးထုံး နှင့် လွဲကောင်းလွဲနေပေလိမ့်မည်။ သို့သော် Facebook ပေါ်မှ စာလုံးပေါင်းကို

မသိပါက သင်သည် အွန်လိုင်းပေါ်တွင် လူရာမဝင်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အွန်လိုင်းပေါ်မှ ရေးထုံးများကို သင်အမှန်တကယ်

သိရှိထားဖို့ လိုအပ်ပေလိမ့်မည်။

            ဥပမာဆိုရသော် Facebook ကိုပင် လိုင်းပေါ်တွင် အပြည့်မရေးရပါ။ Fb ဟုရေးရပါမည်။

Friend ကိုလည်း Fri ဟုသာ ရေးသားရမည်။

            ဥပမာဆိုရသော် ကိုယ်မသိသောကိစ္စကို “ကျွန်တော်မသိဘူး” “ကျွန်မမသိဘူး” ဟုရေးသော် ခေတ်မမီ။

စာလုံးပေါင်းမှား၏။ စာလုံးပေါင်းအမှန်မှာ “တားတားတိဝူး” “မီးမီးတိဝူး” ဟူ၍ ရေးမှ မှန်ပေလိမ့်မည်။

           သင်တစ်ခုခုကြောင့် စိတ်ညစ်စွာဖြင့်ရေရွတ်ပါက “ဟာဗျာ” ဟု မရေရွတ်ရ။ မရေးရ။ သင်စာလုံးပေါင်း

မကျွမ်းကျင်ကြောင်း လူသိကုန်ပေမည်။ “ဟာဗျာ” အစား “ဟာဂျာ” ဟု ရေးရပေလိမ့်မည်။ ထို့အပြင် “မပြောချင်နေ”

ဆိုသည်ကို “ကျောချင်နေ” ဟူ၍လည်းကောင်း၊ “ပြောပြ” ကို “ကျောကျ” ဟူ၍လည်းကောင်း၊ “ချစ်စရာလေး” မြင်ပါက

“ချစ်ချာယေး”၊ မိမိကို “သူများ” ဟု သုံးချင်ပါက “သများ” ဟု သုံးပါမှ အဆင့်မြင့်မည်။

            မိမိမသိသောသူကို မေးချင်ပါက “ဘယ်သူလဲ” ဟု မေးကားထောက်၏။ “ဘူရေးယဲ” ဟုမေးမှ မြောက်၏။

“စားပြီးပြီလား” မမေးရ။ “ချားပီးယား” ဟုမေးရ၏။ ဂုဏ်ယူချင်ပါက “ငါကွ ဘယ်သူထင်လို့လဲ” မရေးရ။ “နာကွ ဘူထင်ရဲ”

ဟု ရေးရ၏။ “ဘဝ” ဆိုသော စကားသုံးသော် မှား၏။ သုံးလိုသော “ဘွ” ဟုသာ တစ်လုံးတည်း သုံးရ၏။ “သွား”

ဆိုသည့်စကားအစား “တွား” ဟု သုံးရမည်။ “ထမင်းစားပြီးပြီလား”  ကိုလည်း “မင်းချားပြီးလား” ဟု သုံးရပါသည်။

“ချစ်ချာယေး” ၏ နောက်တွင် ပိုလေးနက်စေလိုပါက “မွမွမွ” ကပ်သုံးရပါသည်။ တစ်ခုခုကိုညွှန်းချင်လျှင် “ဟိုဟာက” ဟူသော်

ရှည်၏။ “ဟွာက” ဟု သုံးက အဆင်လည်းပြေ အဆင့်လည်းမြင့်၏။

            ပြီးလျှင် အဓိပ္ပါယ်ပေါ်သော ဓါတ်ပုံများဆောင်ထားရမည်။ ရံဖန်ရံခါ၌ စာရိုက်ရတာကြာမည်ထင်သော်

“အဲဒါမျိုးတွေ ကြည့်လို့ကို မရဘူး” စာအသင့်ရေးပြီးသော ဓါတ်ပုံမျိုး၊ “လှလည်း မလှဘူး” “ဂွတ်မောနီး”

“ဖြစ်မှဖြစ်ရလေ” “သေချာကြည့် ဒီမှာ မင်းအတွက် အရူးလက်မှတ်” “လိမ်လိမ်မာမာနေနော်” စသည်ဖြင့်

အသင့်အသုံးပြုနိုင်သော ဓါတ်ပုံများ ဆောင်ထားရပေမည်။

            ထို့အပြင် Facebook အသုံးပြုသူသည် ကိုယ်ပိုင် ဒိုင်ကြောင်များလည်း ကျွမ်းကျင်ရပေမည်။

ဥပမာအားဖြင့်… “လဲလျှင်ပြန်ထ၊ ဘယ်သူမှ ထူသူမရှိ၊ ကိုယ်တိုင်ပြန်ထူရ”

ဟုတ်သော်ရှိ မဟုတ်သော်ရှီ သင်ရေးလိုက်သော် သင်၏စာသားအောက်၌

“ဟုတ်ပ ညလေးရယ် မှန်လိုက်တာ”

“ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝ”

စသော ကွန်းမန့်များ ပလူပျံလာပေလိမ့်မည်။ ထိုအခါ…

“ဟွင်းဟွင်း ဟုတ်ပါ့…”

“ဒီလိုပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေရတာ”

စသည်ဖြင့် ခန့်ခန့်ကြီးထိုင်ပြောနေရုံသာ။

တစ်ခါတစ်ရံလည်း သင်က…

“ကောင်းကင်အပြာကို အရောင်ဆိုးတိုင်း အဖြူရောင်ပြောင်းမယ်ဆိုရင် မင်းရဲ့ နားမလည်နိုင်တဲ့ အသည်းနှလုံးကို

ပြာချပြီး ဂင်္ဂါမြစ်ထဲ မျှောချချင်တယ်” စသည်ဖြင့် ဒိုင်ကြောင်များ လွှတ်ချလိုက်သော် သင်၏အောက်က

“အရေးအသား မြင့်လှချည့်လား”

“ဆက်ရေးနော် အားပေးချင်တယ်”

ဆိုသော ကွန်းမန့်များ တက်လာပေလိမ့်မည်။ ဒါကို သင်က ဆရာကြီးအထာဖြင့်…

“ရင်တွင်းခံစားချက်မို့ပါ…ဟွင်းဟွင်း”

“သိပ်ခံစားရလို့ပါ အစ်ကိုရေ”

စသည်ဖြင့် ဆွပေးနေရုံ။

တစ်ခုတော့ရှိသည်။ Facebook ပေါ်မှာ သူများကို ဆဲချင်သူများသည် သူတို့ဓါတ်ပုံများကို တင်မထားကြပါ။

ထိုလိုလူမျိုးကိုတော့ သတိထားရပေမည်။

                                                                                    အကြည်တော်

                                                                        (၁၅-၅-၂၀၁၄ ထုတ် ရှင် ဂျာနယ်မှ)

18 comments

  • Mr. MarGa

    June 27, 2014 at 12:52 pm

    ဟွာလေ…
    အာ့ဆို အဲ့လိုမပေါရင် ဖဘ သုံးလို့ ရဝူးပေါ့ညော်
    အဲ့ တော်ကီတွေကို စပါယ်ရှယ် ကျင့်ထားရမှာပေါ့ညော်..
    တားက မတိရို့ မေးဒါနော် ချိတ်ချိုုးနဲ့
    ပို့စ် အတွက်… ကျေးကျေး အမြှောက်တစ်သိန်းးးးးးးးးးးးးးးးးးးးးးးးးးးး :mrgreenn:

  • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

    June 27, 2014 at 12:54 pm

    အိုးမိုင်ဂေါ့
    အလန်းဒွေပါလား
    ဆဲ ချင်ရင် ဘိုဆဲမဒုန်း

  • လူမိုက် ခင်ဇော်

    June 27, 2014 at 1:00 pm

    ဟော့

    (CD to Rossi)

  • နောင် ရိုး

    June 27, 2014 at 1:03 pm

    ချစ်ချာယေး မကတော့ဗူးးး။
    ရှစ်ရှာယေးး ဖြစ်နေဘီ…
    မိုက်ပါဝူးဂျာ…။ အကြည်တော်..တော်ကီဒွေ အပ်ပဒိတ်မဖြစ်တေးဝူးးးးးး
    “ကောင်းကင်အပြာကို အရောင်ဆိုးတိုင်း အဖြူရောင်ပြောင်းမယ်ဆိုရင် မင်းရဲ့ နားမလည်နိုင်တဲ့ အသည်းနှလုံးကို

    ပြာချပြီး ဂင်္ဂါမြစ်ထဲ မျှောချချင်တယ်”
    ဒါတော့ တိဝူးးးးးးး အရောင်ဆိုးရင်တော့ အတော်ဆေးကုန်မယ်….။ ဂါဝန်ဘဲ ပေးဝတ်ပလိုက်မယ်..။ ဒါဘဲ ကောင်းဒယ်…။
    😀

    • လူမိုက် ခင်ဇော်

      June 27, 2014 at 1:15 pm

      နောင်ရိုးးး နောင်ရိုးးး
      ပြောရင်း ပါ။
      ဖုံးရင် ပေါ်။
      သိစေချင်ရင် တည့်တည့် ကြေညာလိုက်။ အကောင်းပြောတာ။

      :boss:

    • နောင် ရိုး

      June 27, 2014 at 1:21 pm

      ကြော်ငြာလို့မရသေးလို့ပေါ့ လူမိုက်မမရာ…။ မဟုတ်လို့ဂတော့လား…….ဓာတ်ပုံတွေ ဒချိပြီး ရွာပေါ် ဝင်အော်ပစ်မယ်…။ သိနေတယ်ဆိုရင်လဲ ကြုံရင် တွန်းဘာအူးးး. ကျေးဇူးဒွေမမေ့ဘာဘူး…။ ကျော့်သူငယ်ချင်း ၅၆ယောက်လုံး ပြန်ပေးမယ်…
      ခုတော့ ကျော့်ကို ခြစ်ဒါ…။ ကျော်ရှိရင် မလာဘူးဆန္ဒပြထားလို့ ရွာပေါ်ကျော်ထင်တိုင်း ကလိနေဒါ..ညက်စိနောက်ရင် တီးခံဇမ်းဘာ…အပျိုကြီးဒွေ အာ့ခက်တာ..

  • alinsett (gazette)

    June 27, 2014 at 1:07 pm

    အိပ်ချင်မူးတူးနဲ့ ဖတ်သွားပါကြောင်းးးး

    ဒါ ဖတ်ပြီး ဆက် အိပ်လိုက်ပါဦးမည်
    ပြီးလျှင် FB သွားပြီး တော်ကီပစ်ပါမည်

    :kwi:

  • နောင် ရိုး

    June 27, 2014 at 1:10 pm

    ခုဘဲ လှမ်းဆဲဒယ်….ဒင်း…:-D
    ဒီနေ့အတွက် နေသာထိုင်သာ ရှိတွားဘီ….
    ကျေးဇူးးးး ယူ ပီ ဂျီ
    :mrgreen:

  • kyeemite

    June 27, 2014 at 1:48 pm

    တျောက်ထဲ..ပျင်းထှာဂျာ…ဘွဆိုတာဂလိုဂျီးလား..ခိခိ..ငိငိ..ငွင်းငွင်း 😀

  • နောင် ရိုး

    June 27, 2014 at 1:52 pm

    ဗျို့….ကိုကြီးမိုက်ကြီးးးး
    ကျော့်သူငယ်ချင်း ၅၆ ယောက်ရှိဒယ်..
    😀

  • Paing Lay

    June 27, 2014 at 2:18 pm

    အနော့်မှာ စော်အလန်းယေးဒေချိဒယ် ယူဦးမား? 😀 ဒီနေ့ပဲ အကြည်တော်ရဲ့ Sexy Pose ကိုဖတ်ကြည့်ဖြစ်တယ် ရယ်လိုက်ရတာမှာ အခုချိန်ထိ အပေါ်သွားနဲ့အောက်သွားထိလို့မရသေးဘူး 🙂

  • Crystalline

    June 27, 2014 at 3:27 pm

    လေးဘလက်ရေ… သများလည်း ဖေ့ဘွတ်မှာက ပေါလို့ရတယ်ဆိုပြီး.. တခါတလေပေါမိပါတယ်.. ကိုယ်ပေါတာတွေ.. ကိုယ့်သငယ်ချင်း နွားယူးဖိမှာသွားတက်နေတာကိုတော့အားနာသား.. သများပေါတာတွေ မကြည့်ချင်ရင်.. unfollow လုပ်ထားပါလို့.. အာ့ဆို..ဖရန့်လစ်ထဲရှိပေမယ့်.. လေးဘလက်တို့ဆီသွားမပေါ်တော့ဘူး.. ဟိ.. သများလည်း လုပ်ဖူးလို့.. :kwi:

    • Crystalline

      June 27, 2014 at 3:45 pm

      ရေးပြီးပြန်ဖတ်တော့ ဟုတ်သေးဘူး.. သများရေးလိုက်ပုံက တမျိုးထင်စရာဖြစ်နေတယ်.. ဘိုလိုမှထင်ပါနဲ့နော်.. သများကလည်း ဘိုလိုသဘောမှမဟုတ်ပါဘူး.. စိတ်ထဲအရင်ထဲကဖြစ်နေတာလေး ရေးမိတာပါ.. လေးဘလက်စိတ်အနှောက်အယှက်ဖြစ်ရင်..ဆောကတီး.. :mrgreenn:

  • kotun winlatt

    June 27, 2014 at 11:51 pm

    အူးးးဘလက် သားတို့တော့ အဲ့လို စကားလုံးတွေ သုံးပီးးး လန်းးးနိုင်ပါဘူးးဗျာ.. တစ်မိနစ် ၂ ကျပ် ၄ ကျပ်ပေးပီး အဝိုင်းလေးလည်တာကိုပဲ ကြည့်နေရတာ များလို့….။

  • စုန်းမ

    June 28, 2014 at 3:57 am

    မီးမီးတိဝူး :-)))))))))))

  • TNA

    June 28, 2014 at 7:40 pm

    ဟင့် FB မာ သများက ဖလမ်းဖလမ်းထမို့ဟာ အူးဘက်ပျော့ဒါနဲ့ သညားက ဂုချို တွားရဲဒေါ့ဝူးဟယ်။ လူဇိုး :mrgreen:

  • naywoon ni

    June 29, 2014 at 1:01 am

    ​တော်​ပါ​တော့ဗျို့ ​ကော်​ပီအင်​​ပေ့စ်​​တွေချည်​့ပဲ ။ ကိုယ်​ပိုင်​ အ​တွေးနဲ့ အ​ရေး​လေးပဲ လုပ်​စမ်​းပါဗ​ျာ ။ ဒီမှာ ကိုဘလက်​ အချင်​းချင်​းမို့ ပြတ်​ပြတ်​ပဲ​ပြောမယ်​ သူများ​ယောင်​တိုင်​းလိုက်​​မ​ယောင်​နဲ့ဗျာ ။

Leave a Reply