Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူဆိုး လူမိုက်ကြီးရဲ့ သမီးရေးတဲ့စာ….Her experiences

ကျုပ်လည်း ဂဇက်မှာစာမရေးဖြစ်တာကြာပါပြီ….ရေးစရာအကြောင်းလည်းရှာမရ….

အဲ..ဒီလိုနေတုန်း သမီးအောင်စါရင်းထွက်တော့….ရီဇတ်ကိုသိသွားတဲ့ မိတ်ဆွေတွေထဲကတစ်ဦးဖြစ်တဲ့…

အရီးမုတ်ဆိတ် ဆိုသူက….

လူဆိုး၊ လူမိုက်ကြီး ရဲ့ သမီးလေး ဖတ်ဖို့ – Ask me why 🙂

အရီးခင်

ဆိုပြီး သမီးကို ဂုဏ်ပြုခဲ့ပါတယ်….

အဲဒီပို့စ်မှာ မဝင့်ပြုံးမြင့်က….

ဝင့်ပြုံးမြင့် says:

ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။

ဆိုပြီးမန့်ခဲ့ပါတယ်….

ကျုပ်ကလည်း….

kyeemite says:

ကွန်မန့်လေးတွေနဲ့ အားပေးချီးကျူ းကြသူအားလုံးကိုကျေးဇူးပါဗျာ….

ဝင့်ပြုံးမြင့် says:
ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။

အင်း…တစ်နေ့ စာစီဖြစ်အုံးမယ်ထင်ပါရဲ့ မပြုံးရေ….

လို့ပြန်မန့်ဖြစ်ခဲ့ပါတယ်……………….ဒါပေမဲ့ စာစီတဲ့ဆီကိုမရောက်နိုင်ခဲ့ပါဘူး

တစ်နေ့တော့…သမီးကို အင်္ဂလိပ်စာသင်တန်းလိုက်ပို့ရင်း….

“သမီး ဆယ်တန်းကျောင်းသူဘဝ အတွေ့အကြုံလေး သမီးကိုယ်တိုင်ရေးပေးပါလား”…လို့ တောင်းဆိုမိပါတယ်

ဒါပေမဲ့..သူလည်းချက်ချင်းတော့မရေးဖြစ်ပါဘူး….မနေ့ကတော့ “အဖေကြီး…သမီးအတွေ့အကြုံလေး word file နဲ့ရေးထားတယ်

အဖေကြီး ဖတ်ကြည့်ပါအုံး”..လို့ဆိုလာလို့ ဖတ်ကြည့်တော့……………..

ကျုပ်လူတတ်ကြီးလုပ်ပြီး မတည်းဖြတ်တော့ပါဘူး…သူ့ကိုယ်ပိုင်လက်ရာ စစ်စစ်လေးကိုပဲ

ရွာသူားတွေဝေဖန်နိုင်အောင် ကူးတင်ပေးလိုက်ပါတယ်……

အားလုံးကိုကျေးဇူးတင်ပါတယ်..

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၃၊ ၇၊ ၂၀၁၄

.

.

.

.

အားလုံးပဲမင်္ဂလာပါ ရှင်!

ကျွန်မနာမည်မေမြတ်နိူးပါရှင့်..ဖေကြီး ကြီးမိုက်ရဲ့ သမီးပါ..

ကျွန်မဆယ်တန်းတုန်းကအတွေ့အကြုံလေးကိုပြောပြချင်လို့ပါ.

.ကျေးဇူးပြုပြီးဆုံးအောင်ဖတ်ပေးပါနော်ကျွန်မက အ.ထ.က ၂ စမ်းချောင်း မှာ သူငယ်တန်းထဲကတက်ခဲ့တဲ့ကျောင်းသူတစ်ယောက်ပါ..

အမှန်တိုင်းပြောရရင်ကျွန်မကငယ်ငယ်လေးထဲကစာ တော်ခဲ့တဲ့ကျောင်းသူတစ်ယောက်မဟုတ်ခဲ့ပါဘူး..

သူငယ်တန်းတုန်းကတစ်ခါပဲစင်ပေါ်မှာဆုတက်ယူခဲ့ဖူးတာပါ..

ကျွန်မကငယ်ငယ်ထဲက ရတန်းထိကျူရှင်ဆိုတာဂျိုနဲ့လားလို့မေးရလောက်အောင်ကျူရှင်နဲ့ဝေးခဲ့ပါတယ်. .

ကျွန်မတို့က ကမာရွတ်မှာနေတော့ စမ်းချောင်းမှာရှိတဲ့ကျွန်မသူငယ်ချင်းတွေတက်တဲ့ ကျူရှင်ကို မတက် နိုင်ခဲ့ ပါဘူး.

.မေကြီးကလည်းအလုပ်တစ်ဖက်နဲ့မို့လိုက်မပို့နိုင်တာနဲ့ကျူရှင်မတက်ဘဲ မေကြီးရဲ့အမ  ကြီးကြီးဆရာမကပဲသင်ပေးခဲ့ပါတယ်..

၈တန်းရောက်တော့စာတွေကလည်းများလာတာကြောင့် မလိုက်နိုင်မှာစိုးလို့ အင်္ဂလိပ်စာနဲ့ သချင်္ာကို ကျူရှင်ယူခဲ့ပါတယ်.

၉တန်းရောက်တော့ ဘာသာစုံကျူရှင်ယူခဲ့ပါတယ်.

ကျွန်မတို့ကျောင်းရဲ့ ထုံးစံက အတန်းတွင်း အဆင့်မစီဘဲ အတန်းအားလုံး ပေါင်းပြီး အဆောင်ဆင့်ဆိုပြီးပေးပါတယ်..

ရတန်းထိ ကျွန်မအဆင့်က ၁၀ဝ ကျော်ကမတက်ခဲ့ပါဘူး..

အဆင့် ၁ ကနေ ၁ဝ ရတဲ့သူတွေကို ဆရာမကြီးကကျောင်းသူတွေ အားလုံးရှေ့စင်မြင့်ထက်မှာတံဆိပ် ဝိုင်းလေးချိတ်ပေးပါတယ်…

ကျွန်မကတော့ကြိတ်ပြီးအားကျခဲ့ရတာပေါ့ရှင်…

ကျူရှင်စယူတဲ့ ၈ တန်းမှာပဲကျွန်မဘဝမှာတစ်ခါမှမရဖူးတဲ့ တံဆိပ်ဝိုင်းလေးကိုရခဲ့ပါတယ်..နောက်ပိုင်းမှာ ကျွန်မအမြဲလိုလို တံဆိပ်ဝိုင်းလေးချိတ်ခဲ့ရပါတယ်..၉တန်းအောင်တော့ ဘဝကိုအဆုံးအဖြတ်ပေးမယ့် ဆယ်တန်းကိုရောက်ပြီဆိုပြီး ရင်ခုန်ခဲ့ရပါတယ်..

ကျွန်မကြောက်လဲကြောက်မိတယ်..ကျွန်မဖြစ်ချင်တဲ့ဆရာဝန်မကြီးဖြစ်မှဖြစ်ပါ့မလားလို့ပေါ့.

.နွေရာသီကျူရှင်စတက်တော့ ဆယ်တန်းစာတွေကထင်သလောက်မခက်တာကိုတွေ့ရတယ်..

၉တန်းတုန်းကစာတွေနဲ့လည်းအကုန်ဆက်စပ်မှုရှိနေတော့ ကျွန်မရဲ့ ကြောက်စိတ်တွေ နည်းနည်းတော့လျော့ခဲ့ရတာပေါ့..

ကျွန်မတတ်နိုင်သလောက်ကြိုးစားခဲ့ပါတယ်….

အင်္ဂလိပ်စာသိပ်မလိုက်နိုင်လို့ဂုဏ်ထူးမထွက်မှာစိုးတာကြောင့် ကျွန်မဆရာမကြီးတစ်ယောက် နဲ့double ထပ်ခဲ့ပါတယ်..

Guideကိုလည်း Chemistry, Physics, Maths သုံးဘာသာပဲ ယူခဲ့ပါတယ်. .

ဒီလိုနဲ့ ဆယ်တန်းတက်နေတဲ့အချိန် …မနှစ်က မမတွေအောင်စာရင်းထွက်လာပါတော့တယ်..ဂုဏ်ထူးတွေအများကြီး အမှတ်တွေအများကြီးနဲ့

အောင်မြင်မှုတွေဆွတ်ခူးသွားတဲ့ မမတွေကိုကြည့် ပြီး ငါလည်းသူတို့လိုဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ အားကျစိတ်နဲ့ပိုကြိုးစားခဲ့ပါတယ်..

ရန်ကုန်တိုင်းမှာအဆင့်ရ ရခဲ့တဲ့ ကျွန်မတိုု့ကျောင်းက မမနှင်းသဇင်နိုင်က ကျွန်မတို့ ဆယ်တန်းတွေကို လာဟောပြောပါတယ်..

သူပြောသွားတဲ့ စကားတွေက ကျွန်မအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့စကားတွေပါပဲ..

မမရဲ့စာကျက်နည်းတွေ..မမရဲ့ ကြိုးစားမှုတွေကိုအတုယူပြီး မမကို ကျွန်မရဲ့ စံပြပု ဂ္ဂိုလ် အဖြစ်သတ်မှတ်ခဲ့ပါတယ်..

ကျွန်မကျောင်းမှာလည်း ဆရာမတွေ သင်ပြတာကိုဂရုတစိုက် နားထောင်ပါတယ်..ကျောင်းမှာနားမလည်လိုက်တာကို ကျူရှင်မှာ တစ်ခေါက်ပြန်ပြီး လေ့လာနိုင်တဲ့အတွက် အခက်အခဲသိပ်မရှိခဲ့ပါဘူး.

.ကျောင်းကစာမေးပွဲတွေကိုလည်း ပေါ့ပေါ့လေးသဘောမထားဘဲ တကယ့်စာမေးပွဲ

အကြီးကြီးကို ဖြေနေရသလို သဘောထားပြီး အကောင်းဆုံးဖြေခဲ့ပါတယ်..

ကျွန်မတို့ Physics ဆရာမကပြောဖူးတယ်..   မုန်လာဥနီဆိုတာ သဘာဝအတိုင်းဆို မာနေပေမယ့် ရေနွေးဆူဆူထဲ ထည့်ပြုတ်လိုက်တဲ့အခါ ပျော့ဖတ်သွားတယ်..များများပြုတ်လေပိုပိုပျော့လာလေပဲတဲ့..ကြက်ဥကျပြန်တော့

အစကတော့ အောက်ပြုတ်ကျတာနဲ့ကွဲတယ်..နည်းနည်းလေးတိုက်မိတာနဲ့အချိန်မရွေးကွဲနိုင်ပေမယ့်

ရေနွေးဆူဆူထဲထည့်ပြုတ်လိုက်တဲ့အခါ ကြာကြာပြုတ်လေ ပိုမာကျောလာလေပဲတဲ့..

ကြက်ဥတို့ မုန်လာဥတို့ဆိုတာကျောင်းသူတွေပဲတဲ့..ရေနွေးအိုးကြီးကတော့စာမေးပွဲပေါ့..

စာမေးပွဲတွေကြိမ်ဖန်များစွာဖြေရင်း

တဖြည်းဖြည်းစာတွေ ကြေညက်လာပြီး ခံနိုင်ရည်ရှိလာရင်တော့ ကြက်ဥလိုကျောင်းသူပဲတဲ့..

စာမေးပွဲတွေဖြေရင်းဖြေရင်း  စာကလည်းမရ  စာမေးပွဲကိုလည်းကြောက်လာမယ်ဆိုရင်တော့ မုန်လာဥလို ကျောင်းသူဖြစ်မှာပေါ့..တဲ့…

ကျွန်မကတော့ကြက်ဥလိုကျောင်းသူဖြစ်အောင် ကြိုးစားခဲ့ပါတယ်..

တံဆိပ်ဝိုင်းတွေလည်း ချိတ်ခဲ့ရပါတယ်..  

ဆရာမရဲ့ စကားတွေကလည်းကျွန်မကိုအားရှိစေပါတယ်..

ဒီလိုနဲ့ပဲ လပတ်စာမေးပွဲ တွေဖြစ်တဲ့ရေနွေးအိုးကြီးထဲမှာ ကျွန်မ ကောင်းကောင်းကြီးအပြုတ်ခံခဲ့ပါတယ်..

ကြက်ဥလိုကျောင်းသူလေးကျွန်မဟာ..

စာမေးပွဲတွေဖြေရင်းနဲ့ပဲ တဖြည်းဖြည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် အသင့်ဖြစ်နေခဲ့ပါတယ်..

ကျွန်မစာမေးပွဲကြီးဖြေပြီးတော့ ၅ ရက်တရားစခန်းဝင်ပါတယ်.

.ပြီးတော့ အောင်စာရင်းကိုရင်ခုန်စွာနဲ့ စောင့်စားနေခဲ့ရတာပေါ့ရှင်..

ကျွန်မ သချာင်္ဘာသာကိုကောင်းကောင်းမဖြေနိုင်ခဲ့ပါဘူး..မြန်မာစာနဲ့ အင်္ဂလိပ်စာ

လိုဘာသာရပ်မျိုးကလည်းဂုဏ်ထူးရယ်လို့ တရားသေမှန်းလို့မရတဲ့အတွက် ကျွန်မအိပ်မပျော်စားမဝင်ဖြစ်ခဲ့ရပါတယ်.

.အောင်စာရင်းထွက်ခါနီးလေလေ စိတ်တွေဂယောင်ခြောက်ခြားဖြစ်လေလေပါပဲရှင်..

လူလဲရူးချင်ချင်ဖြစ်ခဲ့ရပါတယ်..စိတ်ဖိစီးမှုကြောင့်ကျွန်မ ပေါင်ချိန် ၁၁၅ ကနေ ၁၀ဝ ကွက်တိကို ကျဆင်းသွားရပါတော့တယ်.

.နောက်တော့စိတ်သက်သာရာရအောင် ကံပဲပေါ့လေဆိုပြီး..ဂုဏ်ထူးကိုလုံးဝမမှန်းတော့ဘဲနေလိုက်ပါတယ်..

“၆.၆.၂၀၁၄” မမေ့နိုင်တဲ့နေ့တစ်နေ့ပေါ့ရှင် !

ကျွန်မသူငယ်ချင်းတွေအားလုံးက ၂ ရက်နေ့လောက်ထဲက သူတို့အောင်စာရင်းတွေကြိုသိနေရပါတယ်..

တစ်ယောက်က ၅ဘာသာ..နောက်နှစ်ယောက်က ၆ ဘာသာနဲ့ အပြုံးပန်းတွေဆင်လို့ပေါ့..

ကျွန်မကတော့သူတို့ကိုကြည့်ပြီးအားငယ်ခဲ့ရတယ်..ကျွန်မဘာကိုမှလဲမမျှော်မှန်းရဲခဲ့ပါဘူး..

ကျွန်မစိုးရိမ်ခဲ့တာတစ်ခုတော့ရှိတယ်…..

အဲ့ဒါကျွန်မမိဘတွေနဲ့ ကျွန်မဆရာမတွေအတွက်ပဲ..ကျွန်မဘာသာကျွန်မဆိုအဲ့လောက်စိတ်မပူပါဘူး..

ခုဟာက ကျွန်မ ဖေဖေနဲ့မေမေ…နောက်တော့ကျွန်မဆရာမတွေ..သူတို့ကကျွန်မကို သိပ်ချစ်ကြတာရှင့်..

ကျွန်မကိုလည်း သိပ်ဖြစ်စေချင်တာ..အဲ့ဒါကြောင့်ကျွန်မဂုဏ်ထူးမထွက်ရင်သူတို့မျက်နှာငယ်ရမှာပဲ..သူတို့ကိုအားနာရမှာ..

သူတို့ခမျာကျွန်မအတွက်အစွမ်းကုန်ပံ့ပိုးထားရရှာတာ..

ဘာမှဖြစ်မြောက်မလာရင်သူတို့အပေါ်ကျွန်မဘယ်တာဝန်ကျေပါ့မလဲ..

ကျွန်မကြောင့်သူတို့ဂုဏ်ယူရတာပဲဖြစ်စေချင်တယ်..ကျွန်မဒီနည်းနဲ့ဖေဖေ မေမေ နဲ့ ဆရာမတွေရဲ့

ကျေးဇူးကိုပြန်ဆပ်ချင်တယ်..တကယ်ပါ.

.အောင်စာရင်းထွက်မယ့် ၆ရက်နေ့ ညမှာကျွန်မမျက်လုံးထဲမှာ ဖေဖေ မေမေနဲ့ ဆရာမတွေမျက်နှာပဲမြင်နေမိတယ်.

.ကျွန်မစိတ်တွေအရမ်းလှုပ်ရှားခဲ့တယ်..ခြေတွေလက်တွေအေးစက်ပြီးထိုင်မရ ထမရနဲ့ တော်တော်လေးကို အရူးမီးဝိုင်း ဂနာမငြိမ် ဖြစ်ခဲ့ရတာပါ.

.မျောက်မီးခဲကိုင်မိသလိုပဲ.

.ည ၈နာရီလောက်မှာ ကျွန်မ ရဲ့ Chemistryဆရာမ ph ဆက်ပြီး တစ်ခွန်းပဲပြောတယ်..“သမီးလေးရေ… All D ပဲ” တဲ့..

ကျွန်မရုတ်တရက်ဘာဖြစ်သွားမှန်းကိုမသိလိုက်ဘူး..လူကလေထဲမှာမြောက်သွားသလိုပဲ.ပြီးတော့ကျွန်မ မျက်ရည်တွေဒလဟောကျလာတယ်..စကားလည်းမပြောနိုင်ဘူး..ရှိုက်ကြီးတငင်ငိုချလိုက်တယ်..

ဒါက ကျုပ်အမိအရရိုက်ထားလိုက်တာပါ
ဒါက ကျုပ်အမိအရရိုက်ထားလိုက်တာပါ

 

 

ဘာလို့လဲဆိုတာတော့ကျွန်မလည်းမပြောတတ်တော့ပါဘူးရှင်..ဝမ်းသာလွန်းလို့ထင်ပါရဲ့ ..

အမတစ်ယောက်ကတောင်စလိုက်သေးတယ်..All D ထွက်လို့ငိုတာ နိုး နိုး တစ်ယောက်ပဲရှိတယ်တဲ့..

ကျွန်မတကယ်ကို မမျှော်မှန်းထားခဲ့တာပါ..အဲ့လိုမမျှော်မှန်းထားလို့လဲ ပျော်ရွှင်မှုကို ရူးမတတ်ခံစားလိုက်ရတာ..

ကျွန်မလုပ်နိုင်ခဲ့ပြီ..နောက်ဆုံးတော့ကျွန်မမိဘ ၊ဆွေမျိုး ၊ဆရာမတွေကျွန်မကြောင့်ပျော်ခဲ့ရပြီ

ကျွန်မကြောင့်မျက်နှာပွင့်ခဲ့ရပြီ..ကျွန်မကြောင့်သူတို့ဂုုဏ်ယူနိုင်ခဲ့ပြီ..ကျွန်မအရမ်းကျေနပ်မိတယ်..

တစ်ခါမှအဲ့လိုကြည်နူးမှုမျိုးမခံစားခဲ့ဖူးဘူး..ဒါပထမဆုံးပါပဲ..အဲ့ဒါကြောင့် အောင်စာရင်းထွက်တဲ့ည ၆ ရက်နေ့ကို မေ့မရနိုင်တဲ့

နေ့တစ်နေ့အဖြစ်ကျွန်မရင်ထဲမှာသိမ်းထားတယ်..

ညသန်းခေါင်ကျော် ကျောင်းရှေ့မှာ သူငယ်ချင်းတွေနဲ့
ညသန်းခေါင်ကျော် ကျောင်းရှေ့မှာ သူငယ်ချင်းတွေနဲ့

 

 

 

အမှတ်တွေထွက်တော့ကျွန်မထင်တဲ့အတိုင်းပဲ သချင်္ာကို ၈ဝ နဲ့

ကပ်ထွက်ခဲ့ပါတယ်..ကံကောင်းတယ်လို့ပဲဆိုရမလားမသိပါဘူး..ဘာပဲဖြစ်ဖြစ်ကျွန်မတကယ်ကျေနပ်မိပါတယ်..

ကျွန်မဆယ်တန်းကို သူများတွေလောက်မပင်ပန်းဘဲပေါ့ပေါ့ပါးပါးနဲ့ အောင်မြင်ခဲ့တယ်ဆို ယုံပါ့မလားမသိပါဘူး..

အပိုတွေပြောပြီးကြွားနေတယ်လို့လဲထင်နေမှာစိုးပါတယ်..ဒါပေမယ့်ကျွန်မပြောပြရပါဦးမယ်..

ကျွန်မ ဆယ်တန်းမှာသူများတွေလို အိပ်ရေးပျက်ခံ့ပြီးစာမကျက်ခဲ့ပါဘူး..

ကျူရှင်က စနေ တနင်္ဂနွေ ၂ ရက်ပဲတက်ရတဲ့အတွက်..ကျွန်မကျောင်းကပြန်လာတာနဲ့ ထမင်းစားပြီး ညနေ၄ နာရီထိအိပ်ပါတယ်..

အိပ်ရာနိုးရင်စိတ်အပန်းဖြေတဲ့အနေနဲ့ TV ကြည့်ပါတယ် …

၅ နာရီဆို guide နဲ့ စာလုပ်ပါတယ်..ရနာရီguideပြန်သွားတော့ ကျွန်မညစာစားပြီး ဖေကြီးနဲ့တူတူ TVထပ်ကြည့်ပါသေးတယ်

၈ နာရီထိုးတော့ကျွန်မစာပြန်လုပ်ပါတယ်၁၁ နာရီထိုးရင်တော့ဘုရားရှစ်ခိုးပြီး အိပ်လိုက်ပါတော့တယ်

မနက်၅နာရီခွဲအိပ်ရာထပါတယ်..အဲ့ဒါကျွန်မနေ့တိုင်းလုပ်တဲ့အလုပ်တွေပါပဲ..

ကျူရှင်သွားရတဲ့နေ့ ဆို မနက်၆နာရီအမှီကျူရှင်ကိုသွားရပါတယ်..ညနေ၆နာရီကျူရှင်ဆင်းရင်အိမ်ရောက်တော့ ရနာရီထိုးနေပါပြီ.

ကျွန်မအဲ့လိုနေ့မျိုးဆိုကျွန်မပင်ပန်းလို့၁နာရီလောက်အရင်သီချင်းနားထောင်ပြီးအိပ်ရာထဲမှာလှဲနေလိုက်ပါတယ်.

.ပြီးမှထမင်းစားပြီးစာလုပ်ခဲ့တာပါ..

ကျွန်မကအပျော်အပါးမက်ပါတယ်..စာမေးပွဲနီးနေတဲ့ February လအထိကျွန်မ Junction Square မှာသူငယ်ချင်းနဲ့ရုပ်ရှင်သွားကြည့်ခဲ့ပါသေးတယ်..

ကျွန်မပြောတာတွေမဖြစ်နိုင်ပါဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်..ဒါပေမယ့်တစ်ခုရှင်းပြချင်ပါတယ်..

တစ်ချို့ ဆယ်တန်းကျောင်းသူတွေကအိပ်ရေးပျက်ခံပြီးစာကျက်ကြပါတယ်..guideတွေ အများကြီးနဲ့လည်းစာကျက်ကြပါတယ်..

စာကျက်ချိန်လည်းအများကြီးယူပါတယ်..ဒါပေမယ့်သူတို့စာကြည့်စားပွဲမှာတာဝန်အရသာထိုင်နေတာပါ..

၅နာရီလောက်စာကြည့်စားပွဲထိုင်ပြီးခေါင်းထဲကို စာက၂နာရီစာလောက်သာဝင်ချင်ဝင်တတ်ကြပါတယ်.

.အဲ့တော့ကျွန်မကအဲ့လိုထိုင်ပြီးအချိန်ကုန်မယ့်အစားစိတ်ထဲရှိတာတွေထလုပ်လိုက်ပါတယ်..

အိပ်ချင်ရင်လည်းအိပ်ပစ်လိုက်ပါတယ်..ကျွန်မကတကယ်စာကြည့်ပြီဆိုရင်၂နာရီထိုင်ရင်၂နာရီစာလုံးခေါင်းထဲဝင်ပါတယ်..

ဘယ်ကိုမှစိတ်မပျံ့ လွင့်ဘဲအာရုံစူးစိုက်ပြီးလုပ်ပါတယ်

စာကျက်ချိန်နည်းတယ်ဆိုတာကလည်းကျောင်းမှာစသင်လိုက်ကတည်းကအာရုုံစူးစိုက်ထားတဲ့အတွက်

အိမ်မှာစာပြန်ကျက်တဲ့အခါခဏလေးနဲ့အလွယ်တကူကျက်လို့ရပါတယ်…

တစ်ချို့လွယ်တဲ့စာတွေဆိုကျောင်းမှာသင်ကတည်းကအလွတ်ရအောင်လိုက်ကျက်နေခဲ့ပါတယ် .

အဲ့တော့ကျွန်မဘာလို့ အိမ်မှာစာကျက်ချိန်အများကြီးမယူဘဲစာရလဲဆိုတာသဘောပေါက်ကြမယ်ထင်ပါတယ်..

ကျွန်မလူတတ်ကြီးလုပ်တာလည်းမဟုတ်ရပါဘူးရှင်..

တစ်ချို့သောကျောင်းသားကျောင်းသူတွေ TVတောင်မကြည့်နိုင်အနားမယူနိုင်

ခေါင်းထဲလည်းစာမရောက် စာကြည့်စားပွဲမှာအချိန်ကုန်နေတာကိုသနားမိလို့ပါ..

ကျွန်မအကြံပေးချင်တာကစိတ်အရမ်းပင်ပန်းနေပြီ..အိပ်ချင်နေပြီဆိုရင် ဘာကိုမှမတွေးဘဲအိပ်လိုက်ပါလို့..

အဲ့ဒါပိုအကျိုးရှိပါတယ်..

စာကြည့်စားပွဲမှာအိပ်ငိုက်ပြီးဒုက္ခခံနေမယ့်အစားအိပ်ရာပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်တာပိုမကောင်းဘူးလားရှင်..

ကျွန်မကတော့အဲ့လိုပဲတွေးမိတယ်..ကျွန်မရဲ့အတွေးလေးကိုပြောပြတာပါ.အဲ့လိုလုပ်ရမယ်လို့တော့မဆိုလိုပါဘူး..

လူကြီးတွေကတော့ကျွန်မနည်းကိုကြိုက်ချင်မှကြိုက်ပါလိမ့်မယ်..

ဒါပေမယ့်ကျွန်မအပေါ်မှာပြောခဲ့တဲ့အတိုင်းတကယ်လုပ်ပြီးတကယ်အောင်မြင်ခဲ့တယ်ဆိုတာသိစေချင်ပါတယ်ရှင့်..

ကျွန်မဒီစာကိုရေးတယ်ဆိုတာ ပေါ်လွင်ချင်လို့  လုပ်တာမဟုတ်ရပါဘူးရှင်…ကျွန်မကိုကြွားတယ်လို့လဲမထင်စေချင်ပါဘူး..

အဖေကြီးက ကျမဆယ်တန်းအတွေ့အကြုံလေးရေးပေးပါဆိုလို့ စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်တာပါ…

ဟုတ်ကဲ့..တစ်ခါမှဒီလိုမျိုး မရေးဖူးဘဲ အခုမှစရေးတာဖြစ်တဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်..

အခုလိုကျွန်မရဲ့ ဘာမဟုတ်တဲ့စာလေးကိုအချိန်ပေးပြီးဖတ်ပေးတဲ့ လူကြီးမင်းများကိုကျေးဇူးတင်ပါတယ်နော်!

                                               Thank You For Your Attention!!!!

 

46 comments

  • ဇီဇီ

    July 3, 2014 at 1:24 pm

    Bravo..!
    Congratulations again..!

    :chit:

  • Kaung Kin Pyar

    July 3, 2014 at 1:40 pm

    ကိုကြီးမိုက်သမီးလေးက စာအရေးအသားလဲ ကောင်းတာပဲကိုးးးး။ All D ထွက်ပြီး မိဘတွေကို ပျော်ရွှင်ဂုဏ်တက်စေတဲ့သမီးလေး..အောင်မြင်ပျော်ရွှင်တဲ့ဘဝလေး ပိုင်ဆိုင်ပါစေလို့…။
    :mrgreen:

    • ဦးကြောင်ကြီး

      July 3, 2014 at 2:21 pm

      ဟိတ်ကောင် ကင်းကောင်ဘီလူး… ငါ့ သမီးလေးကို အထိနဲ့…။ မေမြတ်နိုး သမီးလေး… ဒင်ဂ ဆုံးမဂျီး… သူပေါဒါ အရေးမလုပ်နဲ့…။

  • Wow

    July 3, 2014 at 1:40 pm

    စာကျက်နည်းလေးက ခုခလေးတွေ အတုယူစယာ ဂုဏ်ယူပါတယ်ကွယ်

  • Nyo Win

    July 3, 2014 at 1:41 pm

    ထပ်တူထပ်မျှဝမ်းသာမိပါတယ်..သမီးရေ…
    ဂုဏ်ယူဖွယ်သမီးတစ်ယောက်ပိုင်ဆိုင်တဲ့ ဦးမိုက်အတွက်လည်း….Congratulations ပါဗျ..။

  • nozomi

    July 3, 2014 at 1:54 pm

    Congratulations again!
    For all D and excellent writing skill.

  • Crystalline

    July 3, 2014 at 2:06 pm

    အရမ်းဂုဏ်ယူပါတယ်.. စာရေးလည်းအရမ်းကောင်းသလို.. ပင်ကိုယ်အသိဉာဏ်ရည်မြင့်သူလေးပဲ…. သူရေးထားတဲ့အကြောင်းလေးကို ခုခေတ် ကလေးတွေ.. မိဘတွေကို ပေးဖတ်သင့်တယ်..

  • အိမ်လွမ်းသူ

    July 3, 2014 at 2:14 pm

    အဖေတူ သမီးလေးဆိုတော့ သေချာပေါက် ထွန်းပေါက်မှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွေအကြုံနဲ့ နှိုင်းပြီးပြောရရင် ကလေးမရဲ့ စာလေ့လာပုံကို လုံးဝ သဘော်တူပါတယ်။ မိဘကတွန်းလို့ တကယ်စိတ်မပါပဲနဲ့ စာကြည့်စားပွဲမှာ အချိန်တွေ အများကြီး ထိုင်နေရတာ ကိုယ့်စွမ်းအင်ကို ဖြုန်းနေတာနဲ့ အတူတူပါပဲ။ တကယ်စိတ်ပါလို့ တစ်နာရီကျက်တဲ့ စာဟာ စိတ်မပါပဲ ငါးနာရီလောက်ကျက်တဲ့ စာထက် ခေါင်းထဲပိုဝင်တာ စာကျက်ခဲ့ဘူးသူတိုင်းသိပါတယ်။ စကားမစပ် အရမ်းဖြစ်ချင်တဲ့ ဆရာဝန်မကြီး ဖြစ်ပါစေ။

  • kyeemite

    July 3, 2014 at 2:16 pm

    စာဖတ်ပြီး ကွန်မန့်လေးတွေ ချီးမြှင့်ကြတာသမီးကိုယ်စား ကျေးဇူးပါ…
    ကျုပ်ကလည်း သူ့စာကျက်နည်းကြိုးစားသင်ယူနည်းလေးမျှချင်လို့ရေးခိုင်းတာပါပဲ…
    ပုံမှန်တော့ ကျုပ်နဲ့ မဒမ်မိုက်က ည၉နာရီလောက်ဆိုအိပ်ပါပြီ…
    မအိပ်လို့လည်းမရ…မနက် ၄နာရီခွဲထထပြီး ဆိုင်ရောင်ဖို့လုပ်ရသေးတာကိုး…
    သမီးကတော့ သူ့ကိုယ်သူစီမံ ခန့်ခွဲသွားတာပါပဲ… :s:

  • နွယ်ပင်

    July 3, 2014 at 2:18 pm

    မရောက်တာကြာပီဖြစ်တဲ့ ရွာထဲကို ဦးမိုက် သမီးလေးရေးတဲ့စာက ဆွဲဆောင်လို့ ရောက်လာတာပါ …
    ဂုဏ်ယူစရာကောင်းသလို အရေးအသားကလည်းကောင်းပါတယ် စာကျက်ပုံလေးကိုလည်း သဘောကျမိတယ် … ဒါကြောင့် အိမ်ကတူမလေးကို တစ်ချိန်လုံး မျက်နှာနဲ့စာအုပ်မခွာအောင် စာကျက်ခိုင်းတက်လွန်းတဲ့ အစ်မအတွက် ဒီစာလေးကူးယူသွားပါဂျောင်းးးးးးးးးးး …..

  • Novy

    July 3, 2014 at 2:37 pm

    သမီးနိုးနိုးရေ…

    သမီးလေးရဲ့စာကိုဖတ်ပြီးအရေးအသားကောင်းလွန်းလို့ ကိုယ်တိုင်ခံစားပြီးမျက်ရည်များတောင်ဝဲမိပါတယ်ကွယ်
    အိမ်ကဂျူနိုကလေးကလဲ အ.ထ.က ၂ စမ်းချောင်း ကျောင်းသူလေးဆိုတော့
    အားကျ အတုယူတက်အောင် သမီးလေးနိုးနိုးရဲ့စာကို ကူးယူသွားပါတယ်

  • kyeemite

    July 3, 2014 at 2:53 pm

    နွယ်ပင်နဲ့ မနို…
    ကျုပ်ကလည်း အဲ့ဒါကိုပဲရှယ်ချင်တာပါ…
    အတင်းအကြပ်လုပ်ခိုင်းတိုင်းမရဘူးဆိုတာရယ်…
    ကာယကံရှင်ကို ကိုယ်တိုင်စိတ်ပါဝင်စားအောင်ညွှန်ပြပေးရမှာပါ
    တင်ပေးရကျိုးနပ်တာပေါ့ :s:

  • နှူးဘာ မိဂီ

    July 3, 2014 at 2:54 pm

    ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းရယ် ဗျာ

  • ရဲစည်

    July 3, 2014 at 3:11 pm

    Congratulations ဗျားးးးး

    ကျနော်ကတော့ သူရဲ့ အထက်တန်း ကျောင်းသားဘဝကို ဒီလိုဖြတ်ကျော်ခဲ့တာ ဖတ်ရလို့ ဂုဏ်လည်းယူ ချီးကျူးပါတယ်။
    သမီးတော်ကတော့ သူ့ဘဝအတွက် ခြေလှမ်းသစ်ကို စတင်ပီမို့ အစဉ်ပြေချောမွေ့စေဖို့ ဆုတောင်းပါတယ်

    သားတော်မောင် စုပ်ချွန်းလည်း သူ့အစ်မတော် ခြေရာလိုက်နင်းနိူင်ပါစေလို့

    စကားမစပ် ကလေး ဝါသနာပါရင် ချင်းတွင်းကောလိပ်ထားပါလား အလားအလာရော အခွင့်အလမ်းရော အများကြီး ကျယ်ပြန့်လို့ပါ

    • kyeemite

      July 4, 2014 at 8:44 am

      ဟုတ်တယ် ကယွဲစီရေ့…သားတော်မောင်စုတ်ချွန်းကို မနည်းဖင်တွန်းနေရတယ်ကွ 🙂

  • Myo Thant

    July 3, 2014 at 3:11 pm

    ဂုဏ်ယူပါတယ် ကိုမိုက်ရေ ၊

    အရေးအသားကလည်း ကောင်းသဗျာ ၊

  • ဦးဦးပါလေရာ

    July 3, 2014 at 3:12 pm

    အခုရေးထားတဲ့ စာလေးကလဲ အရေးကောင်းပဲ …..

    စာကျက်ပုံ စံနစ်ကျလို့ တခြားကလေးတွေပြဖို့ ကူးသွားလိုက်ပါတယ်ဗျာ…

  • Shee

    July 3, 2014 at 4:25 pm

    တော်လိုက်တဲ့သမီးလေး…Congratulation.

  • အာဂ

    July 3, 2014 at 4:27 pm

    သမီးအလိမ္မာလေးရထားတော့လည်း အဖေမျက်နှာပွင့်တာပေါ့..။ ဦးမိုက်တို့ ကံကောင်းချက်…။နော်..။

  • black chaw

    July 3, 2014 at 8:18 pm

    ကျွန်တော် မော့ ကြည့်ရနေရသော သမီးလေးပေါ့ ကိုမိုက်ရယ်…။
    အခုတော့ ခင်ဗျားကိုယ်တိုင်က ကို မော့ကြည့်နေရပြီပေါ့…။
    အောဒီ ဆိုတာနဲ့တင် သမီးကို ဦးဘလက်တို့ မော့ကြည့်နေရပြီပေါ့…။
    ဒီထက်မြင့်တဲ့ အနာဂတ်ကောင်းကင်ကြီး က သမီး ကို စောင့်ကြိုနေပါပြီ…။
    အမြင့်ဆုံးရောက်အောင် ပျံသန်းဖို့ ကြိုးစားလိုက်စမ်းပါ သမီးရေ…။
    ဝီရိယကို အားဆေးလို အသုံးချပြီး ပျံသန်းလိုက်စမ်းပါ…။
    တဖြေးဖြေး မြင့်တက်လာတော့မယ် သမီးရဲ့ အနာဂတ်ကို
    အခုကတည်းက ဦးဘလက်တို့ မော့ကြည့်နေရပါပြီ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။
    (စာကြွင်း။ ။ ကိုမိုက်ရေ…။ ဟိုတုန်းက ချယ်ရီမဂ္ဂဇင်းထဲပါခဲ့ဘူးတဲ့
    အားကျစေချင်လွန်းလို့ပါ ဆိုတဲ့ဆောင်းပါးကို သတိရသွားတယ်ဗျ။
    သူတို့က မြန်မာတစ်နိုင်ငံလုံး ပထမရသူတွေကို ဘယ်လိုကြိုးစားခဲ့သလဲဆိုတာ ကို
    အင်တာဗျူးထားတာ ခင်ဗျ။ အခု ကိုမိုက် သမီးလေး ရေးထားတာလည်း
    အဲဒါ နဲ့ အတူတူပါပဲ။)

  • Ma Ma

    July 3, 2014 at 8:20 pm

    သိတတ်လိမ္မာလိုက်တဲ့သမီးလေးကို ချီးကျူ းပါတယ်။
    သားကောင်း သမီးကောင်းတွေရထားတဲ့ ဘရာသာမိုက်တို့ ဇနီးမောင်နှံအတွက်လည်း ဝမ်းသာဂုဏ်ယူပါတယ်။
    ကျောင်းသူဟောင်းကို စာကျက်နည်း ပြန်ပြောပြခိုင်းတဲ့ကျောင်းအုပ်ဆရာ/မကြီးကလည်း တော်ပါပေ့။ 🙂

  • အရီးခင်

    July 3, 2014 at 11:44 pm

    လူမိုက်ကြီးသမီးလေး နဲ့ သူ့အရီးနဲ့က ငယ်ဘဝ ကျောင်းဆွေကျောင်းမျိုးတွေ ဖြစ်နေပါပေါ့။
    သူ့အရီးကတော့ မုန်လာဥလို ကျောင်းသူ ဖြစ်ခဲ့တာမို့ လုပ်ချင်တာကို မလုပ်နိုင်ခဲ့။
    သမီးပြောသလို ကြက်ဥလိုကျောင်းသူဖြစ်ရင်တော့ လူမိုက်ကြီး တို့ ချစ်မမ တို့ရဲ့ ညီမဖြစ်ခဲ့ရမှာ။
    ဒီအထဲ RIT ဆင်းတွေများတာ မနာလိုဖြစ်ရင်း အားကျပါတယ်။
    ဝေ၊ သူကြီး၊ ကြောင်၊ စွယ်တော်ရွက်၊ဇီကလေး တို့လဲရှိသေး။
    အခု သမီးကတော့ သူ့ကြီးဒေါ်ကြီး ဒေါ်ဒုံ ရဲ့ ကျောင်း ကိုသွားတော့မှာ မို့ ဂုဏ်ယူဝမ်းသာတာ ပြောချင်ရဲ့။
    တကယ်တော့ ဆရာဝန် အလုပ် ဆိုတာ မပါရင် လူတွေကို မချစ်တတ်ရင် အတော်ခက်မဲ့ အလုပ်ပါ။
    သမီး ရဲ့ ့ဖေဖေ မေမေ နဲ့ ဆရာမတွေရဲ့ ကျေးဇူး ကို ပြန်ဆပ်နိုင်တော့ မှာပါ။
    မုန်လာဥလိုကျောင်းသူအရီးမို့ တက္ကသိုလ်မှာ စာကြိုးစားဖို့ အကြောင်း နဲ့တော့ ဆရာ လုပ်မပြောချင်ပါ။
    ဒါပေမဲ့ ဆရာလဲ လုပ်ချင်တာမို့ စကားလေးတစ်ခွန်းတော့ ပါးပါရစေ။
    Be Expensive လို့။
    Expensive ဆိုတာ ရွှေတွေ စိန်တွေဝတ် Prada တွေ Gucci တွေ နဲ့ အလှဆင်ပြနေတာမဟုတ်ဘူး။
    Expensive ဆိုတာ ကိုယ့်ပညာအလင်းထဲမှာ လောဘ၊ မောဟ၊ ဒေါသ တွေ၊ မာန်မာန တွေ၊ အလို ဆန္ဒတပ်မက်မှုတွေ ကို အသိပညာ နဲ့ ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ မိန်းမကောင်း လေးကို ဆိုတာ။
    ဦးမင်းလူ စကားငှားရရင်
    “မိန်းမကောင်း ဆိုတာ စာအုပ်ကောင်း တစ်အုပ်လိုဘဲ
    ဘယ်အခါဖတ်ဖတ် ရိုးမသွားဘူး”
    တဲ့။
    ဒီတော့ ကိုရီးယားမင်းသမီးလေးလို လှ တဲ့ သမီးလေးရေ။
    တန်ဖိုးကြီးတဲ့ စာအုပ်တစ်အုပ် ဖြစ်နေပါစေလို့။
    Thank You For Your Note!!!
    Many Congratulation!!!

    ချစ်တဲ့
    အရီး 🙂

    • kyeemite

      July 4, 2014 at 9:21 am

      နှူးဘာ မိဂီ
      Myo Thant
      ဦးဦးပါလေရာ
      Shee
      အာဂ
      black chaw
      Ma Ma
      အရီးခင်
      ဝင့်ပြုံးမြင့်
      weiwei

      တို့အားလုံးကို ဝင်ရောက်ချီးမြှောက်ပေးကြလို့ကျေးဇူးအထူးတင်ပါတယ်…
      ကျုပ်လည်း ငယ်ငယ်က အရီးမုတ်ဆိတ် လိုပဲ မုန်လာဥလို ကျောင်းသား ဖြစ်ခဲ့တာပါ
      ဆယ်တန်းကို သုံးနှစ်သုံးမိုးကြိုးစားဖြေခဲ့ရတယ်ဗျ 😛
      မဝင့်ပြုံးပြောသလို ငယ်ဆရာမ သူ့ကြီးကြီးကိုလည်း အထူးကျေးဇူးတင်စရာပါ…
      သမီး မူလတန်းနဲ့ အလယ်တန်း တစ်လျှောက်လုံး သူ့ကြီးကြီး လက်မှာပဲ
      ကြိုးစားခဲ့တာပါ..ကျုပ်တို့လင်မယားနှစ်ယောက်ကတော့ အလုပ်ကိုယ်စီနဲ့မို့
      အသေးစိတ် ကရုမစိုက်ပေးနိုင်ခဲ့ပါဘူး….

      ရဲဘော်ဘလက်ရေ..ပထမတော့ အင်တာဗျူးသဘောမျိုးရေးဖို့စိတ်ကူးသေးတယ်…
      နောက်တော့..သမီးကိုယ်တိုင်လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ရေးစေချင်လို့
      ဖွင့်ပေးလိုက်တာ…ကျုပ်သိသမျှရေးရင်ဒီလောက်မပြည့်စုံနိုင်ပါဘူး…
      အားလုံးကိုကျေးဇူးအထူးတင်ပါတယ်နော… 🙂

  • ဝင့်ပြုံးမြင့်

    July 4, 2014 at 12:17 am

    သမီး နိုးနိုးရေ … ၁ဝတန်း ဖြေပြီးသွားပြီဆိုတော့ အားရင် ဂဇက်ထဲဝင်ပါလား။ စာအရေးအသား ဒီလောက်ကောင်းနေတာကို။ ပြီးတော့လေ … အခုလို အောင်မြင်မှုကြီးကြီးရတာ အခြေခံကောင်းတဲ့အတွက်ကြောင့်ပဲလို့ ယုံပါတယ်။ အဆောက်အဦဆောက်သလိုပေါ့။ ဖောင်ဒေးရှင်းကောင်းမှ မြင့်မြင့်တင်လို့ရသလိုမျိ ုး။ ဒါကြောင့် ငယ်စဉ်မှာ စာသင်ပေးခဲ့တဲ့ ကြီးကြီးဆရာမက အခရာကျမယ်လို့ ယူဆပါတယ်နော်။

  • weiwei

    July 4, 2014 at 8:40 am

    ဂုဏ်ယူပါတယ် သမီးရေ ..
    မနေ့က ပို့စ်စတက်ကထဲက ကွန်မန့်ရေးလိုက် တင်လိုက် ပြုတ်လိုက်ဖြစ်နေတာနဲ့ အခုမှပဲ ရတော့တယ် ..

    ထူးချွန်ထက်မြက်တဲ့ ဆရာဝန်မကြီးတစ်ယောက် ဖြစ်ပါစေလို့ ..

  • ဝမ်းသာဂုဏ်ယူပါတယ် ညီမလေးရေ။ All d ထွက်ဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စပါ။ ကျောင်းသူဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းပြီး စနစ်တကျကြိုးစားခဲ့တာကို လေးစားပါတယ်လို့။ အခုလိုလေးရေးပေးတာကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်ရင်တောင် အစ်မက အူးမိုက်ကို မေးဖို့ စဉ်းစားထားတာ။ အစ်မရဲ့ ညီမလေးအတွက် ဒီစာလေးကို ကူးသွားပါတယ်လို့။

    တစ်ခုမေးချင်တာက ကျောင်းကရော အိမ်စာပေးတာတွေ ဘာတွေ ရှိသေးလား။ အိမ်က ညီမလေးကတော့ တစ်ချိန်လုံး ကျောင်းကအိမ်စာတွေ ထိုင်ရေးနေရတာနဲ့တင် စာကျက်ချိန်မရှိဘူး ဖြစ်နေတယ်။ ကျူရှင်က တစ်ပတ်နှစ်ရက်တည်းဆိုတော့ အဆင်ပြေတာပေါ့။

    ညီမလေး… ဖြစ်ချင်တဲ့အတိုင်း မိသားစုအကျိုး၊ နိုင်ငံရဲ့အကျိုးကို ဆောင်ရွက်နိုင်တဲ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်လာပါစေလို့ ဆန္ဒပြုပါတယ်ရှင်။

  • Ma Ei

    July 4, 2014 at 11:44 am

    နိုးနိုးရေ…
    သမီးရေးတဲ့ စာကိုဖတ်ပြီး
    ကလေးကို အချိန်ပြည့် စာရေး၊စာဖတ် လုပ်စေချင်နေတဲ့
    အန်တီအိ ရဲ့စိတ်ကိုပြင်ရတော့မှာ သဘောပေါက်သွားခဲ့တယ်…

  • မဟာရာဇာ အံစာတုံး

    July 4, 2014 at 11:51 am

    မြန်မာစာ ဂုဏ်ထူးထွက်တာလည်း ဒီအရေးအသားတွေမျိုးကြောင့် ဖြစ်မှာ
    အေးလေ .. ဖခမည်းဒေါ်က တော်ဘီးတား ဆိုဒေါ့ သမီးဒေါ်လေးလည်း တော်ဘေမပေါ့ …
    ပေါ့ပေါ့ပါးပါးနဲ့ လုပ်သင့်တဲ့ အချိန် တကယ်လုပ်တတ်တဲ့ အကျင့်လေးရယ်
    ကြက်ဥ၊ မုန်လာဥနီ ဥမပါ ပေးသွားပုံလေးရယ် …
    ကြိုက်သွားပြီကွယ်… :mrgreenn:

    • kyeemite

      July 4, 2014 at 1:24 pm

      အံစရာတုံး…နီပျောက်နေလို့ ရွာတောင်ခြောက်ကပ်နေတယ်ဟ…ပြန်လာတော့လည်း ဖင်တုံးလုံးပို့စ်နဲ့ :mrgreenn:

  • lu lu

    July 4, 2014 at 12:12 pm

    ထူးချွန်တဲ့မြန်မာလူငယ်တစ်ယောက်ထပ်တိုးတယ်
    လို ့ခံစားရပါတယ် ဒီလိုထက်မြက်တဲ့သမီးလေးကို
    ပိုင် ဆိုင် ထားတဲ့ကိုကြီးမိုက် တို ့ကိုလည်းဂုဏ်ပြုပါတယ် ညီမ လေး ရေ ဒီထက်မက
    ထူးချွန်ထက်မြက်ပြီးအောင် မြင် တိုးတက်ပါစေ လို ့
    ထပ်ဆင့် ဆု တောင်းပေးပါတယ် နော်
    🙂

  • snow smile

    July 4, 2014 at 1:02 pm

    လိမ် မာ ယဉ် ကျေး ပြီးဘယ် အ ချိန် မှာ ဘာ လုပ် ရ မယ် ဆို တဲ့
    မှန် ကန် တဲ့ ကိုယ် ပိုင် ဆုံး ဖြတ် ချက် ကို ချ နိုင် ခဲ့ တဲ့
    အောင် မြင် အောင် လုပ် ပြ နိုင် ခဲ့ တဲ့
    ”သ မီး တော်” လေး ပါ
    တ ကယ် တော် တဲ့ သ မီး လေး
    ( အန် တီ တို ့ နဲ့ များ တ ခြား စီ )

  • sorrow

    July 4, 2014 at 1:07 pm

    အို ..သမီးလေးရယ်… သမီးလေးအဖေလူဆိုးကြီးအတွက်ရော …ခံယူချက်မြင့်မားတဲ့ သမီးလေးအတွက်ပါ ..ဦးဦးဆောရိုး အလွန်ဂုဏ်ယူကြောင်းပြောလိုပါတယ်… သမီးလေးအနာဂါတ်မှာရော ..အောင်မြင်ပျော်ရွှင်ပြီး တိုင်းပြည်နဲ့လူမျိုးကိုဆွဲမနိုင်တဲ့ … စွမ်းအားမြင့်အမျိုးသမီးလေးဖြစ်ပါစေလို့ ….

    ဦးဦးဆောရိုး …

  • kyeemite

    July 4, 2014 at 1:37 pm

    လုံမလေးမွန်မွန်
    Ma Ei
    မဟာရာဇာ အံစာတုံး
    lu lu
    snow smile
    sorrow ….တို့အားလုံး ဝင်ဖတ်ပေး ဝင်ပျော်ပေး ဝင်ချီးကျူးပေးကြတာအတွက်
    သမီးကိုယ်စား ကျေးဇူးတင်ပါတယ်…မိတ်ဆွေတို့သားသမီးများလည်း ထို့အတူ
    အောင်ပွဲဆင်နိုင်ကြပါစေဗျား….
    ( အိမ်မှာ ဖုန်းလိုင်းနဲ့အင်တာနက်ရအောင် ကြံစီနေပါတယ်..ရရင် သမီး မန်ဘာဝင်ပြီး စာဆက်ရေးဖို့ပြောထားပါဂျောင်းးးး) :s:

  • TNA

    July 4, 2014 at 3:18 pm

    ဂုဏ်ယူပါတယ် သမီးရေ။ သမီးကိုအောင်မြင်အောင်ပြုစုပျိုးထောင်နိုင်ခဲ့တဲ့ ဖေဖေမိုက်နဲ့မေမေမဒမ်မိုက်ကိုလဲချီးကျူးပါတယ်

  • Choo

    July 4, 2014 at 3:38 pm

    ဂျေဇယာဘာအေ… အိပ်ဒယ် တီဗွီကျိဒယ် ဂျန်းရှင်းစကွဲသွားဒယ် ရုပ်ရှင်ကျိဒယ် ဆိုတာဒေါင် အောဒီဒဲ့
    သများနဲ့များကွာဘာ့ :buu:
    သများတို့ဒုံးဂဒေါ့ ဧရာဝတီကမ်းနားကအဆောင်မှာ တနှစ်ပတ်လုံး ဒဂါးပိတ် ဂျိတ်!! တီဗွီမပြောနဲ့ ရေဒီယိုသံတောင် တသံမှမကျားရတဲ့နေရာမှာ ရွီဇက်ထွက်တော့ နာမည်တောင်မနဲရှာရဒယ် ကွိကွိ :mrgreen:
    သမီးလေး တော်ဘာဒယ်ကွီ ဒဂယ်ပြောတာဘာ 😀

  • Yae Myae Tha Ninn

    July 4, 2014 at 4:19 pm

    ကျွန်တော်လဲ အဲလိုပဲ.. စာဖတ်ဖို့ စားပွဲမှာ ထိုင်ပြီဆို.. စာအကျက်ပဲ.. မကျက်ချင်ရင် နေချင်သလိုနေတာ.. သီချင်းနားထောင်ချင်ရင်တော့ သချာင်္တွက်တယ်.. ဟဲ ဟဲ စာလုပ်နေတယ်ပေါ့ဗျာ… 🙂 အမှန်က အဲလိုနေရမှာ တာဝန်အရ လုပ်ရတာကို မကြိုက်ဘူး… စိတ်ပါသလိုလုပ်ရတာ ပိုကောင်းတယ်… အိမ်ကလဲ လွှတ်ပေးထားတယ်.. ကိုယ့်အသိနဲ့ ကိုယ်လုပ်ဆိုပြီး… By The Way ၁ဝ တန်းတုန်းက ပညာဒါနမှာ တက်ပြီး အောင်တဲ့ အကြောင်းလေး တင်ဦးမှ.. ကျေးဇူးပါ ကြီးမိုက်ရော.. သမီးလေးရော.. ပို့စ်တင်ဖို့ သတိရသွားပြီ… 🙂

    • kyeemite

      July 5, 2014 at 9:20 am

      Yae Myae Tha Ninn ရဲ့ ၁ဝတန်း အတွေ့အကြုံလေးစောင့်ဖတ်ပါ့မယ်ဗျ….

      ကိုရင်ဆာမိရေ….ကျုပ်အိမ်ကို တစ်ရက်လောက် သားဖတွေ လာလည်ပါအုံးဗျ
      သမီးတို့ချင်းလည်းရင်းနှီးစေချင်ပါတယ်…. :s:

  • surmi

    July 5, 2014 at 9:05 am

    ဦးမိက်ရေ
    ဟိုနေ့ကဖတ်ပြီးပေမယ့် ကွန်မန့်မရေးနိုင်လို့ အခုမှရေးရတယ်ဗျာ ။
    ကျနော့်သမီးလည်း အခု ၈ တန်းဆိုတော့ နီးလာပြန်ပါပြီလေ ။
    ဒီစာလေးကိုကူးပြီးအိမ်မှာပြန်ပြရပါဦးမယ် ။
    အခုလိုလေးသိရတာအားကျစရာဘဲဗျာ ။
    တစ်နေ့ အားရင်လည်း ကျနော့သမီးကို သူ့အစ်မတော် နိုးနိုးဆီမှာ သင်ယူလေ့လာနည်းလေးများ လာမေးပါဦးမယ်ဗျာ ။
    ဂုဏ်ယူအားကျ ဝမ်းမြောက်ရပါတယ်ဗျို့

  • Yae Myae Tha Ninn

    July 5, 2014 at 11:42 am

    ဟုတ်.. မရိုးရအောင်.. အတွေ့အကြုံတွေ.. ပေါက်ကရတွေနဲ့ ပို့စ်တင်မှာပါ… အရမ်းဖြူစင်ခဲ့တဲ့ အရွယ်ပေါ့.. 🙂

  • ဝင့်ပြုံးမြင့်

    July 6, 2014 at 12:27 am

    တစ်ခု စိတ်ပူလို့မေးတာ။ သချင်္ာ ၈ဝ ဆိုတော့ အမှတ်ပေါင်းက ဆေးမီရဲ့လား။ ဆေး အမှတ်မြင့်တယ်နော်။ တစ်ဘာသာပျှမ်းမျှ ၈ဝ ဆိုရင်တောင် ဆေးမရဘူး။ မနှစ်က ဆေးအမှတ်က ၅၀ဝ ကျော်တယ်မဟုတ်လား။

    ဦးကြီးမိုက်ရေ ကျမသမီးကတော့ စာသင်လို့မရဘူး။ ဆရာဝန်မဖြစ်ဘူးဆိုတာ သိပ်သေချာတယ်။ ခလေးက အနုပညာဘက်ကို သွားနေလို့။ ပန်းချီဘက်ကို သွားနေတယ်။ ဦးကြီးမိုက်ကတော့ သမီးဇောကပ်ပြီး သမီးရဲ့ အနာဂတ်အတွက် အားတွေအင်တွေအပြည့်နဲ့ ကျုံး ရုန်း တော့မှာပေါ့နော်။ အားကျပါတယ် ဦးကြီးမိုက်ရေ။

  • hmee

    July 6, 2014 at 7:31 am

    သမီးစာ​လေးဖတ်​ပြီး သ​ဘောကျလိုက်​တာ။ ရင်​ထဲကို တကယ်​ထိ​အောင်​​ရေးတတ်​တယ်​။ သမီး​လးကို စာ​ရေးဖို့ တိုက်​တွန်​းပါဦးလား ဦးမိုက်​ရှင်​့ ရသစာ​ရေးသူ ဖြစ်​နိုင်​ပါတယ်​​နော်​။ ကျွန်​မသား​လေးကိုလည်​း ဦးကြီးမိုက်​ သမီး​လေးလို ​တော်​​စေချင်​လိုက်​တာ။

  • ကိုမိုက်ရေ

    လမ်းကတော့ ဖြောင့် နေ ပြီ

    ဒါ ပေမယ် လမ်း ခွဲ တွေ ရောက်ရင် ရွေးချယ့် မှန် ကန်အောင်

    လမ်းကြောင်း ပေး ဘို့ ဘဲ လို ပါ တော့ တယ်။

  • kai

    July 7, 2014 at 9:29 am

    နောက်.. တော်တော်ကျပြီးမှဖတ်မိလို့…
    ဆိုတော့…
    ဒီလိုကလေးတွေကို.. ဂုဏ်ပြုအစီအစဉ်တခုခုလုပ်ပေးချင်တာ..
    ဘယ်ကဘယ်လို စရမယ်မသိ…။

  • ဆုမြတ်မိုး

    July 7, 2014 at 10:00 am

    congratulation ပါ ညီမလေးရယ်..။ တော်လိုက်တာနော်..။ အိမ်က မောင်လေးလည်းဒီနှစ်ဆယ်တန်းတက်နေတာ..။ ဘဝမှတ်တိုင်တစ်ခုစိုက်ပြီးသွားပြီဆိုတော့ နောက်ထပ်မှတ်တိုင်တွေကိုအထပ်ထပ် အောင်အောင်မြင်မြင်စိုက်နိုင်ပါစေကွယ်.. ။

    ချစ်ခင်လျက်
    ဆုမြတ်

  • ဦးကျောက်ခဲ

    July 7, 2014 at 12:49 pm

    ကိုမိုက်သမီးကို ထပ်ဆင့် ချီးကျူးပါတယ်…
    ဘယ်သူမှ တိုက်တွန်းစရာမလိုတဲ့ ဒီလိုစာကျက်နည်းက အတော်စိတ်ခိုင်မှဖြစ်တာပါ…
    စိတ်ပါမှ စာကျက်တာ ကြက်တူရွေးနှုတ်တိုက်ထက် ပိုထိရောက်တယ် ဆိုပေမယ့်…
    အဲသည့်အရွယ် အတော်များများက စာကျက်ဖို့ထက် တခြားဟာကို ပိုစိတ်ဝင်စားကြပါတယ်…
    ကိုယ့်စိတ်ကိုယ်နိုင်တဲ့ သမီးမျိုးမို့… ဘဝတလျှောက် မိဘတွေ ပူပန်ရဖို့မမြင်… ဗရာဗိုပါဗျို့…
    😀

Leave a Reply