အမြတ်
တနေ့သ၌ ကျွန်ုပ်သည် ဆေးခန်းထိုင်နေစဉ် လူနာမလာသည်နှင့် ပက်လက်ကုလားထိုင်အဟောင်းလေးတွင်ထိုင်ကာ စာဖတ်ခြင်းသမှုပြုနေလေ၏ ။
ထိုအချိန်တွင် “ကလင် ကလင် ကလင်” ဘဲလ်တီးသည်နှင့်အတူ ဆိုက္ကားဆရာမောင်မိုးကြီး ရောက်လာလေ၏။
“ကိုယ့်ဆရာ လူနာတွေတန်းစီလို့ပါလား။ ပိုက်ဆံထားစရာ နေရာရောရှိသေးလား။ ကျွန်တော်တုံကင်လိုချင်လို့ပါ ” ဟိုုဆိုကာ အခုမှဖွင့်ခါစ လူနာပါးလှသော ကျွန်ုပ်၏ဆေးခန်းလေးအား လှောင်ပြောင်သမှု ပြုလေ၏ ။
ကျွန်ုပ်က “တယ် မောင်ရင် နောက်ခါ နေမကောင်းဖြစ်ရင် အပ်တုံးတုံးနဲ့ ထိုးလွှတ်မယ်” ဟုပြောသောအခါ သူ၏ကွမ်းချိုးကပ်နေသော သွားများပေါ်သည်အထိ တဟားဟားရယ်လေ၏ ။
ထို့နောက် ပလပ်စတစ်ထိုင်ခုံတစ်လုံးဆွဲယူကာ ကျွန်ုုပ်အနားတွင်ထိုင်ပြီး စပ်မိစပ်ရာစကားစမြည်ပြောကြလေ၏ ။
“ဒါနဲ့ ကိုယ့်ဆရာ ဆေးတစ်လုံးထိုး ဘယ်လောက်လဲဗျ”
“အသားဆေးဆိုရင် တစ်ထောင်ဗျာ၊ အကြောဆေးဆိုရင် ထောင့်ငါးရာ၊ ဆေးနှစ်လုံးထိုးရရင် နှစ်ထောင် ပိုးသတ်ဆေးကောင်းတာပေးရရင် ငါးရာပိုယူတယ် ”
“ဈေးပေါလှချည်လား ကိုယ့်ဆရာ၊ ကျုပ်ပါစင်ကြယ် လိုက်ပို့နေကျ ဆေးခန်းက အသားဆေးနှစ်ထောင် အကြောဆေးဆို သုံးထောင်ဗျ ။ ဧကန္တ ကိုယ့်ဆရာ ဆေးအပေါစားတွေ သုံးတယ်ထင်တယ်”
“ကျုပ်သုံးတဲ့ဆေးတွေကလည်း တခြားဆေးခန်းတွေက သုံးတဲ့ဆေးတွေလို အတူတူပါပဲ အများစုက တရုတ်နဲ့ အိန္ဒိယက လာတဲ့ဆေးတွေ”
“ဒါဖြင့် ကိုယ့်ဆရာ ခင်ဗျားအတွက် အမြတ်ရောကျန်လား”
“မန်းနီးကတော့ ပွတ်ကာသီကာပါပဲဗျာ ။ ခင်ဗျားသိတဲ့အတိုင်းပဲ သူတို့ဆေးခန်းတွေကိုလာတာက ရှိတဲ့သူအများစုဗျ ။ ကျုပ်ဆီလာတာက မရှိဆင်းရဲသားလက်လုပ်လက်စားတွေများတယ် ။ သူတို့ခမြာ တစ်နေကုန်အလုပ်လုပ်မှ နှစ်ထောင်သုံးထောင်ပဲရတာ ကျုပ်က အကုန်တောင်းထားလိုက်ရင် သူတို့ဘာနဲ့ စားကြမတုန်းဗျ ”
”အေးဗျ ကိုယ့်ဆရာပြောတာလည်း မှန်သား ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဆရာဖို့ ကုသိုလ်တော့ကျန်ပါတယ်ဗျာ ” ဟုပြောကာ ခါးကြားမှ ကွမ်းယာကိုထုတ်၍ ပြုံးပြုံးကြီးဝါးနေလေသတည်း ။ ။
မောင်သူ
28 comments
surmi
July 7, 2014 at 4:02 pm
ဆရာရေ
ကော်ပီပေ့စ်ကြီးဖြုတ်ပြီး တစ်ခုခုရွေးဖို့မေ့သွားတယ်ထင်တယ် ။
မော့ တစ်ယောက်ယောက် ပြင်ပေးမှရမယ်ခင်ဗျ ။
ကျနော်နောက်မှပြန်လာပါဦးမယ်
•*¨နန်းတော်ရာသူ •*¨
July 7, 2014 at 4:05 pm
အခုလို ဝင်ရောက်ရေးသားဖို့စိတ်အားထက်သန်စွာ ကြိုးစားခဲ့တဲ့မောင်လေးရေ ကျေးကျေးပါ။
ပို့ကောင်းလေးကိုအားပေးယင်း ရွာကနေဆီးကြိုလိုက်ပါတယ်
🙂
အရီးခင်
July 7, 2014 at 4:23 pm
မနန်းလိုဘဲ ကြိုပါတယ်။
ကွမ်းကြိုက်တဲ့ စေတနာ ဆရာဝန် ကို လဲ သာဓု ခေါ်သွားပါတယ်လို့ ပြောပေးပါနော်။ :-)))
kai
July 7, 2014 at 4:24 pm
အပ်က.. တခါသုံးတွေမဟုတ်ဖူးလား..
အပ်တုံးတုံးနဲ့ထိုးတဲ့ခေတ်ရှိသေးတာလား…။
=
ကုသိုလ်က.. ပြုတ်စားလို့ရသလားဟင်င်…
=
ဘာရယ်မဟုတ်.. ညမအိပ်နိုင်သေးတာနဲ့.. နောက်တာ..။
surmi
July 7, 2014 at 7:50 pm
ကိုအောင်မျိုးရေ
ဟောဒီအပေါ်က kai ဆိုတာ ဒီဆိုဒ်ရဲ့ အက်ဒမင် ဘောစိပေါ့ ။
ဂွတီးဂွကျနဲ့ ဆန့်ကျင်ဖက်က အမြဲနေတဲ့သူလေ ။
ထော်လော်ကန့်လန့်မလုပ်ရရင် အိပ်မပျော်လို့ ဝင်ပွါးသွားတာ ။
နောက်ဆို ပြောစရာရှိတာ ရေးစရာရှိတာရဲရဲသာရေးဗျ ။
ကွန်မန့်ရေးတဲ့သူတွေကလည်း လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဝေဖန်ကြလိမ့်မယ် ။
Aung Myothu
July 8, 2014 at 2:05 am
အပ်က တစ်ခါသုံးပါပဲ ဗျာ
အပ်တုံးတုံးက မိတ်ရင်း ဆွေရင်းတွေ အတွက် သီးသန့်လေ 😀
အိပ်မက်လှလှ မက်ပါစေဗျာ …
Nyo Win
July 7, 2014 at 4:32 pm
ကြိုဆိုပါတယ် ကိုအောင်မျိုးသူ…နောက်ပို ့စ်တွေလည်းမျှော်နေပါတယ်….။
Aung Myothu
July 8, 2014 at 2:13 am
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုညိုဝင်း 🙂
Mr. MarGa
July 7, 2014 at 4:42 pm
ကုသိုလ်ဆိုရင် ဒါရိုက်တာပဲ သိတယ် ကိုရင်ဒေါက်တာရဲ့
ဟီးးး ဝင်နောက်တာ
နောက်ထပ် လက်ရာတွေ စောင့်နေမယ်ဗျို့
Aung Myothu
July 8, 2014 at 2:20 am
ဦးကုသိုလ်ကတော့ အသောက်ကြမ်းလို့ နောက်တစ်လမ်း မြန်းသွားလြေပြီ ဆရာမာဃရေ
ဦးကုသိုလ် ကောင်းရာမွန်ရာ ရောက်ပါစေဗျာ ….
Aung Myothu
July 7, 2014 at 4:56 pm
ကူညီတာတွေ အတွက် ကျေးဇူးပါ မနန်း နဲ့ ကိုဆာမိ
အားလုံးပဲ နွေးနွေးထွေးထွေး ကြိဆိုကြတာ ကျေးဇူးတင်ပါတယ် 🙂
Ma Ma
July 7, 2014 at 9:56 pm
အတွေးသွက် အရေးသွက်လို့ သဘောကျတယ်။
ဆရာကြီးရွှေဥဒေါင်းနဲ့လက်ရာခပ်ဆင်ဆင်ပဲ။
ကြိုဆိုပါတယ်နော်။ 🙂
Aung Myothu
July 8, 2014 at 2:09 am
ကျေးဇူးတင်ပါတယ် မမ
ဆရာကြီးရွှေဥဒေါင်းရဲ့ စာတွေက ကျတော့်ရဲ့ စာကျက်ချိန်တွေကို အများဆုံး လုယူခဲ့တဲ့ စာပေတွေပါ
ချီးကျူးမှုကို မခံယူဝံ့ပါဘူးဗျာ
ကျေးဇူးတင်ပါတယ် မမ 🙂
snow smile
July 7, 2014 at 10:14 pm
မန် ့ မ လို ့ စိတ် ကူး ထား တဲ့ အ တွေး
မမ က ဦး သွား တယ်
မမ ပြော သ လို ပါ ဘဲ
ကြို ဆို ပါ တယ် နော်
Aung Myothu
July 8, 2014 at 2:11 am
ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ် snow smlie
ကြိုစားပါ့မယ် 🙂
Foreign Resident
July 8, 2014 at 7:17 am
ကြိုဆိုပါတယ် ကိုအောင်မျိုးသူ !!! 🙂
Aung Myothu
July 8, 2014 at 9:48 am
ဟုတ်ကဲ့ ကျေးဇူးပါ 🙂
kyeemite
July 8, 2014 at 8:44 am
ဝမ်းမလီးဝဲလကမ်းပါ ကိုအောင်မျိုးသူ…လူနာတေါအတွက်စဉ်းစားပေးတဲ့စေတနာဆာဝန် ကို လေးစားပါတယ်
alinsett (gazette)
July 8, 2014 at 9:29 am
ပိုစ့်ခေါင်းစဉ်နဲ ့… ရေးသူနာမည် Aung Myothu ဆိုတာကို မြင်ပြီး..
ရုတ်တရက်တော့.. ကိုအောင်မိုးသူ လို ့ပဲ..ထင်နေသေးတာ.. ။
သေချာကြည့်တော့မှ… မျိုး နဲ ့ မိုး..ကွာတာလေး..သတိပြုမိတယ်.. ။
နာမည် ဆင်နေတာကိုး…
မောင်သူ ဆိုတာလေးက..ပိုခေါ်လို ့ကောင်းသလားလို ့.. ။
———————
အဲဒီ စာသားလေး ဖတ်ရတာ.. မရှိဆင်းရဲသားတွေနေရာ ခံစားကြည့်တော့….
စိတ်ကျေနပ်မှုလေးတစ်ခု ရလိုက်တယ်.. ။
—————-
စာကောင်းလေးတွေ ဖတ်ခွင့်ရလို ့လည်း..ကျေနပ်မိပါတယ်.. ။
ဆက်လက်ရေးသားနေပါဦးဗျို ့..
အားပေးပါတယ်..
ကြိုဆိုပါတယ်.. ။
Maung Thu
July 8, 2014 at 10:27 am
ကျေးဇူးတင်ပါတယ် အကို alinsett
Profile ကို Maung Thu မောင်သူ ပြောင်းထားပါတယ် 🙂
ကိုပေါက်(မန္တလေး)
July 8, 2014 at 11:17 am
စာ ရေး သူ အသစ ်ဆို တော့ နွေးနွေး ထွေး ထွေး ကြို ဆို ပါ တယ်
ကျ နော်က ဆရာ ဝန် မဟုတ် တော့ ဆေး ပညာ အကြောင်းတော့ မသိ ဘူး ဗျ
ဒါ ပေမယ့်သိချင်တာတော့ မေး မယ် ဗျာ
ပင် ပန်း တယ် ဆို ပြီး အကြော ဆေး အသား ဆေး တွေ ထိုး ကြ တာ
တကယ် မှန် ကန် တဲ့ ကု သ နည်း ဟုတ် ပါ သလား ဆို တာ လေး တော့ ဖြေ ပေး စေ ချင် တယ်
ဘယ်သူ ဖြေ ဖြေ ရ ပါ တယ်.
Maung Thu
July 9, 2014 at 3:50 am
ပင်ပန်းတယ်ဆိုြပြီး အားဆေး ထိုးခိုင်းတာတွေက အရိုးစွဲနေတဲ့အယူအဆဗျ
ကျတော့် မိဘ ဆွေမျိုးတွေတောင် ရှင်းပြတာ နားမလည်ကြဘူး
ကိုယ်ကပဲ အလကားမို့ မထိူးပေးချင်သလိုလို ထင်ကြသေးတာ
တချို့ တောင်သူတွေဆို တောထဲမသွားခင်လေး ဆိုြပြီး အားဆေးလေး လာသွင်းတာပါ ဆိုသူက ရှိသေး
အားဆေးသောက်ပါဆိုတော့ မသောက်ဖူးဗျ
ဇီဇီ
July 8, 2014 at 11:59 am
ခိခိ။
အရင်က ဆို မိုးရေ ဆိုတာ မိုးရွာတုန်း ခံထားတဲ့ မိုးရေမှတ်ခဲ့တာ၊။
နယ်ဘက်မှာဆို ဒွစ်ချိတ် ပေးဆို ဇွတ်ခိုင်းကြတာ။
nicolus agral
July 8, 2014 at 6:39 pm
(ပင် ပန်း တယ် ဆို ပြီး အကြော ဆေး အသား ဆေး တွေ ထိုး ကြ တာ
တကယ် မှန် ကန် တဲ့ ကု သ နည်း ဟုတ် ပါ သလား ဆို တာ လေး တော့ ဖြေ ပေး စေ ချင် တယ်)
သောက်ဆေးနဲ့ဘာမှ မထူးဘူး လေးပေါက်
ဒါပေမဲ့ သူငယ်ချင်း GP ခဏထိုင်ပေးတုံးကတော့ မလုပ်လို့မရမကထိုးပေးခိုင်းတဲ့လူနာကြုံဘူးတယ်
ထိုးဆေးယဉ်ကျေးမှုဗျ
အကျိုးမရှိပေမဲ့ အမြစ်တွယ်နေပီ
(သူငယ်ချင်း GP ကျနော့်လက်ချက်နဲ့ ဝင်ငွေ ၇၅%ကျသွားကြောင်း)
အရီးခင်
July 8, 2014 at 11:12 pm
ဒါဆို မောင်နီကိုလတ် က ဆရာဝန်ပေါ့။
ရွာထဲမှာ ဒီလို လူစုံရှိပြီး ပျော်ရွှင်စွာ လက်ရည်တပြင်တည်း ငြင်းခုန် နေတာ ကို က ရွာ့ရဲ့ အလှတရား ဆိုရင်ဖြင့် ဒီ သူကြီးမင်း လက်ခမောင်း ခတ်သင့် နေပြီ။
ဒီမှာတော့ နေမကောင်းရင် ဆေးထိုးဖို့ မပြောနဲ့ သောက်ဆေးတောင်မပေး။
တစ်ရက် နှစ်ရက် စောင့်ကြည့်ပါ ဘဲပြောတယ်။
ဟုတ်လဲဟုတ်တယ်။
အများအားဖြင့်တော့ တစ်ရက် နှစ်ရက် ပြီး သူ့ဟာသူ ကောင်းသွားတာဘဲ။
nicolus agral
July 9, 2014 at 6:55 pm
တချိန်ကတော့ဆရာဝန်ဖြစ်ခဲ့ဘူးပါတယ်
ငွေအတွက်မဟုတ်ဘဲ မာနလို့ခေါ်ရမလားအတ်တလို့ခေါ်ရမလား မသိတယ်အရာတခုအတွက်
ကိုယ့်ကြောင့် ဝေဒနာသက်သာသွားရင် ….. ငါကွ
ကိုယ့်ကြောင့် ရောဂါပျောက်သွားရင် ……တယ်ဟုတ်တဲ့ငါပါလား
ကိုယ့်ကြောင့် လူနာတယောက်အသက်ရှင်သွားရင် ….ကိုယ့်ဟာကို နတ်ဘုရားလိုလို
ခံစားချက်က လွှတ်ကောင်း
နောက်အသက်ကယ်လိုက်လို့ ရောဂါပျောက်သွားလို့ ဝေဒနာသက်သာသွား ကျေးဇူးတင်စကားလာပြောရင် ငါဟဲ့ဆိုပြီးမြောက်နေတာ
နောက်ပိုင်းတော့ လူနာနဲ့ ဆရာဝန်တွေကြား ဆက်ဆံပုံတွေပြောင်းလာတယ်
customer နဲ့ Service Provider ပုံတွေဖြစ်လာတယ်
money & service တွေဖြစ်လာတယ်
အဲမှာတချက်
နောက်တချက်က မိသားစုကဆေးလောကအသိုင်းအဝိုင်းကပါ
ဆေးလောကမှာနေရင်း
အဒေါ် ၂ယောက် စီပိုးကူခံရတယ်
အမေ စီပိုးကူးခံရတယ်
အဖေ စီပိုးနဲ့ အသည်းကင်ဆာဖြစ်ပြီးဆုံးတယ်
အဖေမဆုံးခင်မှာမှာခဲ့တယ်
သားသမီးတွေ ဘယ်သူမှ ဆေးလောကမှာမနေရဘူး
အိမ်ထောင်ပြုရင်ဆေးလောကက မဖြစ်ရဘူးလို့မှာခဲ့တယ်
အဲချိန်မှာကျနော်က ဆရာဝန် ညီက နောက်ဆုံးနှစ်အပိုင်း က ညီမက ရတန်း
ပထမ အကြောင်းနဲ့ ဒုတိယအကြောင်းတိုက်ဆိုင်သွားတော့ ဆရာဝန်ဘဝကိုစွန့်လွှတ်လိုက်တယ်
နေပေါ့နော
ကျနော်ကလည်းဆေးကုပြီး ကျေးဇူးတင်ခံရတာကိုလိုချင်တာ
လူနာတွေကလည်း ပိုက်ဆံပေးပြီး Service လိုချင်တာ
ရောင်းသူဝယ်သူအသံမတူတော့သိပ်အလုပ်မဖြစ်တော့ဘူး
အခုတော့ service ပေးတဲ့အလုပ်ပြောင်းလုပ်နေတယ် ငွေပဲရတာပေါ့
တခါတရံ အကြောင်းတိုက်ဆိုင်လို့ရှိရင် ဆရာဝန် Soul လေးကိုသတိရသား
အရင်းစစ်ရင်တော့ ကိုယ်ကစေတနာမမှန်ခဲ့ဘူး
စစ်မှန်တယ်သမားတယောက်ရဲ့နှလုံးသားမရှိခဲ့ဘူး
စိန်အစစ်မဟုတ်တော့ အပွန်းအစားမခံနိုင်တဲ့သဘောပေါ့
သမားတယောက်ရဲ့နှလုံးသားရှိတဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေကိုတွေ့တိုင်း
တပည့်တယောက်အနေနဲ့ တာဝန်မကျေမှုအတွက် ရှက်ရွံသိမ်ငယ်မိပါတယ် အရီးရယ်
Maung Thu
July 9, 2014 at 4:01 am
ဟုတ်တယ် အကို Nicolus ရေ လူနာ အများစုက ဆေးထိုးမှ ကြိုက်တယ်
ဆေးထိုးမှ ရောဂါပျောက်မယ် ထင်နေကြတာဗျ ဆေးမထိုးပဲ Antibiotics ကောင်းကောင်းလေး ပေးရလို့ ဆေးဖိုးပိုတောင်းရင် မကြိုက်ကြဘူး
ကလေးငယ်တွေဖျားရင်လည်း အတင်းဆေးထိုးပေးပါ လုပ်ကြတာ ဆေးထိုးမပေးပဲ သောက်ဆေးပဲ ပေးတော့ နောက်တစ်ခါဆို မလာကြဆော့ဘူး 😀
nicolus agral
July 9, 2014 at 6:12 pm
ကျနော့်ဆရာကပြောဘူးတယ်
များသောအာဖြင် အမှန်တကယ်ကို ဆေးထိုးဖို့လိုတယ်ဆိုရင်
ဆေးရုံတက်ဖို့လည်းလိုတယ်တယ့်
ဆေးရုံတက်ဖို့မလိုတဲ့အခြေအနေတခုမှာဆေးထိုးဖို့လဲသိပ်မလိုအပ်ပါဘူး
လူနာအလိုလိုက်ပီး ဆေးခန်းကောင်းအောင်လိုက်လုပ်ဖို့ဆိုတာ
ကိုယ့်ကိုယ်ကိုရောင်းစားနေရသလိုပဲ