“သနပ်ခါး နဲ့ ပါးကွက်ကြား”
“သနပ်ခါး နဲ့ ပါးကွက်ကြား”
မေ့ပါးပြင်ပေါ် သနပ်ခါး
လိမ်းကာချယ်သ ပါးကွက်ကြား
မရိုးနိုင်တဲ့ ဟန်ပန်ကြွယ်
ရနံကလည်း သင်းပျံလွယ်
ယဉ်သကိုမယ်နဲ့ ဂုဏ်ယူဖွယ်
ပါးကွက်ကြားနဲ့ လိုက်ဖက်တယ်
မြန်မာဆန်လှ အဝတ်အထည်
ကျက်သရေလှ ကြည်နူးမယ်
ဒို့မြန်မာရဲ့ ဂုဏ်တင့်တယ်။
မြို့ကြီးပြကြီး မိန်းခလေးများ
မိတ်ကပ်နှုတ်ခမ်းနီ ချယ်သထား
လွန်ကျုးပြင်ဆင် အလှဘုရင်
မယ်စင်္ကြာများ ရွေးသည့်ထင်
အပြိုင်အဆိုင် အလှပဂေး
မြင်သူငေးလောက် လှရာရွေး
ငေးရလောက်တဲ့ မြင်ကွင်းကျယ်
မြို့ပြတစ်ခုရဲ့ ပြယုဒ်ကွယ်။
ခေတ်နဲ့လျှော်ညီ ပြောင်းလဲပြီ
မြို့ပြတို့ရဲ့ ဆင်ထုံးသည်
မေ့ပါးသနပ်ခါး ပါးကွက်ကြားကို
နောင်များမှာကွယ် ကြည့်လှချင်မယ်
တောနေလူထုထဲ ရှာကြဟယ်
ပါးကွက်ကြားဘဲ မှေးမှိန်လွယ်
မြန်မာစရိုက် မပျောက်စေချင်တယ်။
ခင်ခ။
4 comments
ခင်ဇော်
July 22, 2014 at 11:15 am
မပျောက်ပါဝူးးး
ကိုယ်တိုင်လည်း ကျောက်ပျင်နဲ့ သနပ်ခါးတုံး သယ်ပြီးလိမ်းသလို
ရုံးက တရုတ်မတွေတောင် သနပ်ခါးလိမ်းဖို့ စည်းရုံးနိုင်တာ အီစကိုပါ။
နောက်ခါများလာရင် ကျောက်ပျင် ငါးချပ်နဲ့ သနပ်ခါးတစ်ထွာတုံး ၁ဝ တုံးလောက် များ သယ်လာမပေးချင်ဝူးလားဟမ်??
ခင် ခ
July 22, 2014 at 12:04 pm
အဲ သနပ်ခါးတစ်ထွာတုံး ၁ဝ တုံးလောက် ကတော့ သယ်ရနိုင်ပေမယ့် ကျောက်ပြင် ငါးချပ် သာ မပါ ပါအောင်သယ်ရရင် လေဆိပ်မှာ အခြားခရီးဆောင်အိတ်တွေ ထားခဲ့ရမယ်ထင်တယ်နော် ဟော ဟဲ ဟော ဟဲ ဟော ဟဲ………………..။
surmi
July 22, 2014 at 2:39 pm
သနပ်ခါး အစစ် ကလည်း အတော်ဈေးကြီးပြီးရှားကုန်ပြီနော်
အဲဒီအပင်တွေ အလျင်မှီအောင်ပြန်စိုက်ရဲ့လားမသိ
ခင် ခ
July 22, 2014 at 3:48 pm
ဒီကသစ်တောဥပဒေက သစ်တပင်ခုတ် ထောင်ဘယ်လောက်ဆိုပြီးရှိလေတော့ တစ်ပင်တည်း သွားခုတ်တဲ့သူက ပြသနာ အကြီးအကျယ်တက်ပါလေရော။ အဲ အကွက်လိုက်ခုတ်တဲ့သူတွေကျတော့ အဘ လက်မှတ်ပါလို့ လိုသလောက်ထက် ပိုမောက်စွာတောင် ခုတ်လို့ရကြတယ်လို့တော့ ကြားရတာဘဲ ကိုဆာရေ။
ပြန်စိုက်ဖို့ကျတော့ ဘယ်သူ့မှာတာဝန်ရှိမှန်းကို သစ်တောက မသိဘူးတဲ့ဗျာ ကဲ စဉ်းစားသာ ကြည့်ပေတော့ဗျို့။