မနက်လင်းလို့ အိပ်ရာထ
အလုပ်သွားဖို့ ပြင်ဆင်ရ
စီးမယ့်ရထား မှီဖို့အရေး
ပြေးလွှား လှုပ်ရှားရင်း
ရထားကြီးက တဂျုန်းဂျုန်း
လိုက်ပါရစေဦး
ခရီးသည်များ များပြားလာ
တိုးကာဝှေ့ကာပါ
အလုပ်ရောက်ဖို့ တို့အရေး
ပြေးကာ တက်ကာ မနှေး
လိုရာရောက်ရင် ဆင်းကြတာ
ခရီးသည်များပါ
ရထားကြီးက ပို့ဆောင်မြဲ
ခရီးဆုံးထိပဲ….
Post Views: 215
3 comments
ခင်ဇော်
July 24, 2014 at 6:27 pm
နေ့တိုင်းတွေက ဆင်တူရိုးမှားတွေမို့
နေ့စွဲတွေ ပျောက်ပျောက်သွားတာ ခဏခဏ,,
:hint:
weiwei
July 24, 2014 at 10:11 pm
ဒီကဗျာကို မှတ်မိနေတယ် .. ဒီရွာထဲမှာ မနောဖြူလေးကိုယ်တိုင် တင်ပြီးသားလို့ ထင်တာပဲ ..
lu lu
July 27, 2014 at 10:11 am
အလုပ်ခွင်ကိုတော့ရထားစီးပြီးမသွားဖူးဘူး
မွေးရပ်မြေပြန်ရင်တော့ တစ်နှစ်မှာနှစ်ခေါက်လောက်တော့
ရထားစီးရတယ် တခါတခါထူးမခြားနားတဲ့နေ ့စဉ်ဘဝတွေကိုငြီးငွေ ့
လာမိတယ်
🙁