ညှစ်နေမယ်လို ့… မပြောလိုက်ဘူး…
အမှန်က…ဒီ ဝတ္ထုနာမည်ကို… ” အလှည့် ” လို ့…ပေးထားတာပါ ။
ညှစ်နေမယ်လို ့…မပြောလိုက်ဘူး… ဆိုတာက…နောက်တာပါ ။
အောက်မှာ..ရေးထားသမျှက..တကယ် အတည်ကြီးရေးတာနော်… ။
ဖတ်ပြီး..ဝေဖန်ပေးကြပါဦး..လို ့…
လေးစားချစ်ခင်စွာ….
——————————————————————————
(အလှည့်… )
ခွေးအူသံတို ့….နက်နက်ရှိုင်းရှိုင်း ကြားလိုက်ရသည် ။
လေထန်လေရိုင်းတို ့လည်း …. ဟူးဟူရားရားတိုက်ခတ်နေသည်။
သစ်ရွက်ကြွေတို ့…လှုပ်ရှားပြေးလွှားလျက်… ။
လောကသည် မသတီစရာ…အရောင်အဆင်းမျိုးဖြင့် လှလှပပအကျည်းတန်နေ၏ ။
ထိုကဲ့သို ့သော…အချိန်မျိုးမှာဖြစ်စေ/အေးစက်တိတ်ဆိတ်သောအချိန်မျိုးမှာဖြစ်စေ…
ကိုယ့် စိတ်နှင့် ကိုယ်… ရုတ်ရုတ်သဲသဲ…ဖြစ်လာတတ်သည် ။
ကိုယ်….ပေါက်တူးကိုကိုင်ပြီး..လျှောက်ခဲ့သည်။
မာကြောကြမ်းရှသော…ကိုယ့်လက်တို ့က ပေါက်တူးကို…မြဲမြံခိုင်မာစွာ..ကိုင်ထားနိုင်သည်မှာအံ့ဩစရာတော့…မဟုတ်တော့ချေ။
ကိုယ့်လက်တို ့သည်…အင်မတန်မှပင်…ချီးမွမ်းထိုက်သော…လက်များဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်….ကိုယ့်လက်တို ့သည်..သာမန်လက်တို ့…မလုပ်နိုင်သော
‘‘မျက်ရည်ညှစ်ထုတ်ခြင်းအလုပ်”ကို…သေသေသပ်သပ် လုပ်နိုင်သောလက် ဖြစ်သောကြောင့်ပင်… ။
ကိုယ့်လက်များကို….ကြည့်လျှင်… အမြဲလိုလိုပင်…စိုလက်တောက်ပနေတတ်သည်မှာ…မျက်ရည်များဖြင့်…တန်ဆာဆင်ထား၍ ဖြစ်သည် ။
တပါးသူတို ့၏ မျက်ရည်များကိုညှစ်ထုတ်ရခြင်းအလုပ်ကို…ကိုယ်….ဂုဏ်ယူစွာဖြင့်..လုပ်သည် ။
အင်မတန် ပညာသားပါသော…ဤအလုပ်ကိုလုပ်နိုင်သည့်အတွက်… ဘုရားသခင်ကိုကျေးဇူးမတင်ပဲ…
ကိုယ့်လက်များကိုသာ…ကိုယ် ကျေးဇူးတင်တတ်မြဲဖြစ်သည် ။
တကယ်တော့..ကိုယ်သည်…မာယာနှင့်ကေက်ကျစ်မှုကို…ဝတ်ရုံအဖြစ် ချုပ်လုပ်၍ ခပ်မှောင်မှောင် ဝတ်ဆင်နေထိုင်သူဖြစ်သည် ။
ကိုယ် ပြုံးလိုက်လျှင်…ပိုမှောင်သည် ။
ကိုယ်….မှောင်ပြီဆိုလျှင်တလောကလုံးအတွက်…အလင်းမဲ့ခြင်းကို..ကိုယ်စားပြုသည် ။
ကိုယ့် ကိုယ်ကိုတော့… လင်းလှပြီထင်၏ ။
ယခုလည်း…ကိုယ်…ပြုံးကျိကျိဖြင့်… ပေါက်တူးကိုကိုင်စွဲကာ.. လမ်းမပေါ် လျှောက်ခဲ့ပြီ။
မျက်ရည်ညှစ်သောလက်များဖြင့်… ကျင်းတစ်ခုတူးရန်။။။
ထိုရည်ရွယ်ချက်ကို… ပန်းလိုပန်၍…ကိုယ် လျှောက်သည် ။
လေထဲတွင်… သွေးညှီနံ ့တို ့…မျောပါလာသည် ။
အဲသည် သွေးညှီန ံ ့ ရှိရာနေရာင်္ဆီ… ကိုယ် …ခြေဦင်္းရော…စိတ် ဦး ပါ… လှည့်ချလိုက်ပြီး…
ခပ်သုတ်သုတ် ပြေးလွှားလိုက်သည် ။
ကိုယ့်….တက်ကြွ လာပြီ ။
ပြုံးသည်ထက်…ပိုပြုံးပြီး..ကိုယ်လုပ်ရဦးမည့်အလုပ်ကို…ဂုဏ်ယူသည်ထက်…ယူမိပြန်ပြီ ။
ကျင်းးးးး …. ။
ဟုတ်သည် ။
မျက်ရည်ညှစ်သောလက်ဖြင့်…ကျင်းတစ်ခုတူးခြင်းဆိုသည်မှာ… ရာဇဝင်တွင်အောင် လှသည် ့…ဖန်တီးမှုတစ်ခု ဖြစ်သည် မဟုတ်လား ။
ထိုကျင်းထဲသို ့… မျက်ရည်များ..ညှစ်ထည့်ရမည် ။
ထိုကျင်းနှင့် အပြည့် …မျက်ရည်များရရှိလျှင်…ထိုကျင်းကိုပိတ်ချလိုက်မည် ။
ထိုကျင်းပေါ်မှာ…သစ်ပင် စိုက်မည် ။သစ်ပင်အတွက်…နေရောင်ခြည်ကို… သဘာဝလောကဆီမှ …. ရလိမ့်မည် ။
ရေ….မလို… ။
မျက်ရည်များ…အောက်မှာ..အပြည့် ရှိနေလိမ့်မည် ။
ကြည့်စမ်းပါဦး… ။
မျက်ရည်ကျင်းပေါ်မှ..သစ်ပင်……
ထို..သစ်ပင်ပေါ်မှ…လင့်စင်…
ထိုလင့်စင်ပေါ်မှ…ကိုယ်……
ကိုယ့်အပေါ်မှ….ဝတ်ရုံစ….
ဝတ်ရုံစပေါ်မှ…အရောင်…
အရောင်ပေါ်မှ….အရိပ်…
အရိပ်ပေါ်မှ… အရှိန်အဝါ…
အရှိန်အဝါပေါ်မှ….မာယာ…
မာယာပေါ်မှ….အမည်တပ်မရသေးသော…အလွှာလွှာအထပ်ထပ်….
…………………………..
အင်မတန်တွေးကြည့်လို ့ကောင်းသော… မျှော်လင့်ချက်တစ်ခုဖြစ်သည် ။
ထိုမျှော်လင့်ချက်ကိုတည်ဆောက်ဖို ့အတွက်…
ကိုယ့်မှာ….မျက်ရည်ညှစ်တတ်သော..လက်တစ်စုံနှင့်… ပေါက်တူးတစ်လက်တို ့ရှိသည်။
သွေးညှီန ံ ့တို ့…. လှိုင်လှိုင်မွှေးပျံ ့နေသော… နေရာကို… ကိုယ်ရောက်ခဲ့ပြီ ။
ကြာသပတေး + စနေ + ဗုဒ္ဓဟူးတို ့….ပေါင်းစုံစုဝေးရာ နေရာဖြစ်နေသည် ။
သို ့သော်…. ဘာပဲဖြစ်ဖြစ်… အခြေအနေကောင်းသည် ။
ဤနေရာသည်… သွေးညှီနံ ့တို ့…မွှေးပျံ ့နေပြီး..သုဿာန်ဆန်ဆန်… ကျက်သရေ…ရှိနေသည် ။
ကိုယ် ရောက် ပြီဆိုသည် နှင့်… ဤနေရာသည်…မှောင်အတိ….။
တိတိရိရိလှီးချခံလိုက်ရသလို… ပြိုကျလုလု…. ။
အဲသည်လို… ကွဲအက်သွားတော့မလောက်…အသည်းယားစရာအဖြစ်မျိုး…
ကိုယ်…ရောက်သွားသည် ့နေရာတိုင်းမှာ….ဖြစ်သွားတတ်သည် ။
ဖြစ်သွားတိုင်းလည်း…. ကိုယ်က… ဟားခနဲ…ဟားခနဲ… ရယ်ချတတ်သည် … ။
ယခုလည်း… ပေါက်တူးကိုထောင်ထားလိုက်ပြီး… ကိုယ်… ရယ်လိုက်သည် ။
ကမ္ဘာချီအောင်…ရယ်ပစ်တတ်သည်။
ချုံးပွဲချပြီး..ရယ်သည် ။
ဖန်ခွက်များချထားလျှင်ပင်… ကွဲအက်သွားစေလောက်သော… အသံမျိုးဖြင့်…
ဌာန်တွေ မာန်တွေ… ထည့် ရယ်ချလိုက်ခြင်းဖြစ်သည် ။
စိတ်ပါလက်ပါ ရယ်သောကြောင့်ဖြစ်မည်… သစ်ရွက်တို ့…တဖျတ်ဖျတ် လှုတ်ခတ်သွားပြီး…
ရုပ် / နာမ် မခိုုင်သော.. သစ်ရွက် သစ်ခက်တချို ့…. တဖြုတ်ဖြုတ်…ကြွေကျသွားသည် ။
ငှက်ဆိုးတချို ့… မင်္ဂလာရှိစွာ…ဝုန်းခနဲ…ထ ပြန်သွားပြီး..နောက်မှာ…ကိုယ့် ရယ်သံကိုတိခနဲ ….ရပ်ချလိုက်ပြီး…
မဲ့ပြုံးများလှိုင်လှိုင်ပြုံးလျက်သားက…ဘေးဘီကို…ဝေ့ဝဲကြည့်လိုက်သည် ။
အရာရာသည်…ကိုယ့်အလိုအတိုင်း…ငြိမ်သက်စွာ..နာခံတော့မည့်… အနေအထားမျိုးဖြစ်သည် ။
ကိုယ်… ခပ်မြန်မြန်… တူးဆွလိုက်သည် ။
ရက်စက်မှုနှင့်..ကိုယ့်လက်များ…တသားတည်းကျခဲ့ပြီးမှတော့…
ဤကျင်းတစ်ကျင်းတူးဆွရခြင်းသည်… ခက်ခဲလှစွာသောကိစ္စ မဟုတ်တော့ချေ ။
ကိုယ့်လက်တို ့က…ပေါက်တူးကို.. ယိုင်နဲ ့ခြင်းမရှိ ….ကိုင်လျက်…
ဤကျင်း..နက်သည်ထက်…ပိုနက်အောင်.. သွက်သွက်လက်လက်…တူးသည် ။
ပေါက်တူးနှင့်..မြေကြီး…ထိလိုက်တိုင်း… နာကျင်စွာ..ညည်းညူသံတစ်ခုခု..ထွက်ပေါ်နေသည် ။
သို ့သော်…အသံတို ့…မရှိပါ ။
ကြားရခြင်းတို ့… မရှိပါ ။
မရှိခြင်းသည်ပင်လျှင်…အမှန်စင်စစ်တွင်…မရှိပါ ။
ဘာမှ မကြာလိုက်သော…အချိန်ကလေးအတွင်းမှာ… ကိုယ်တူးလိုက်သောကျင်းက…အတော်…နက်ရှိုင်းသွားသည် ။
ကစားစရာအသစ် ရသွားသော.. ကလေးငယ်တစ်ယောက်လို…. ကိုယ် ကျေနပ်သွားသည် ..။
ကိုယ် တူးလိုက်သော..ကျင်း၏နာမည်ကို….ကိုယ်က…
” ——” ဟု…နာမည် ပေးလိုက်သည် ။
မနက်ဖြန်က..စပြီး…. ဤကျင်းထဲသို ့… မျက်ရည်များ..ထည့်ရမည် ။
ရတတ်သလောက်…./ ရသမျှ မျက်ရည်များညှစ်ထုတ်ရဦးမည် ။
တချို့လူများသည်…သူ ့အလိုလိုနေရင်း..မျက်ရည်ကျနေတတ်သည် ။
ကျင်းဆီ မျှားခေါ်လာပြီး… ကျခိုင်းလိုက်ရုံသာ.. ။
တချို ့လူများကတော့… လွယ်လွယ်နှင့်…မျက်ရည်မကျတတ်… ။
ထိုသူများကိုတော့…စည်းရုံး၍တမျိုး… ချော့၍တဖုံ..ခြောက်၍တလှည့်… ဖြင့်…
မျက်ရည် ကျအောင်… ညှစ်ထုတ်နိုင်ရမည် ။
”မျက်ရည် ညှစ်ထုတ်ခြင်းအနုပညာ ”ကို.. …တစ်ဖက်ကမ်းခတ်ရုံမျှမက..ကူးချည်သန်းချီပင်…ကျွမ်းကျင်ခဲ့ပြီ…ဖြစ်သောကြောင့်…
မကြာခင်…ဤကျင်းထဲ … မျက်ရည်များ….ပြည့်လာပါလိမ့်မည် ။
———————————————————————————
ထို ့နောက်ပိုင်းတွင်… ကိုယ် မအားရအောင်… အလုပ်များတော့သည် ။
တချို ့လူများ…မျက်ရည်ခံလာထိုးအောင်… ကြံစည်ရသည် ။
တချို့လူများကတော့…မျက်ရည်ကိုရောင်းချစားသောက်တတ်ကြသောကြောင့်…
မျက်ရည်သည်များဆီက… မျက်ရည်တို ့ကို..ဈေးနှိမ်၍တမျိုး… အကြွေးဝယ်၍တဖုံ…ယူရသည် ။
တချို ့လူများကတော့… မျက်ရည်မကျတတ်သဖြင့်… သင်ပေးရသေးသည် ။
တချို ့လူများကတော့… ကျစရာမျက်ရည်ပင် မရှိတော့လောက်အောင်… ငိုကြွေးခဲ့ကြပြီးပြီမို ့…
ထပ်ကျလာနိုးနိုး …
ကိုယ်မျှော်လင့်နေရသည် ။
ထိုသို ့ဖြင့် … မျက်ရည်လောကထဲမှာ…ကို်ယ် လှုပ်ရှားရုန်းကန်ရင်း…
ကိုယ် နေထိုင်ရာ မြို ့ကလေးသည်လည်း… မှောင်သည်ထက် ပို..မှောင်လာရင်း…………..
သို ့သော်… ငိုကြွေးသံများ….
မျက်ရည် ရောင်းဝယ်ဖောက်ကားမှုများ…
အသနားခံမျည်ရည်ခံထိုးမှုများ…
ဟန်ဆောင် မျက်ရည်များ….
စသည်တို ့ဖြင့်… မြို ့ကလေးက… မှောင်မှောင်မည်းမည်းကြားမှာပင်…စည်ကားသိုက်မြိုက်နေပြီဖြစ်လေသည် ။
——————————————————————————————————————————
ဖြစ်မှုတို ့… မဖြစ်လိုက်သလိုလို… ပျက်မှုတို ့…မပျက်လိုက်သလိုလို…
တည်ရှိမှုတို ့…မတည်ရှိလိုက်သလိုလို…
ထိုသို ့ဖြင့်…. အချိန်တို ့… ရုန်းရင်းဆန်ခတ်…ကုန်ဆုံး…
အချို ့အရာများ..”ပြုံး”လျက်ကပင်…” ပြုန်း ”သွားပြီ…. ။
သစ်ပင်တချို ့…ထင်း ဖြစ်သွားပြီ….. ။
သစ်ရွက်တချို ့…မြေကြီး..ဖြစ်သွားပြီ… ။
မီးခိုးငွေ ့တချို ့… တိမ်ထုထဲ…ပေါင်းစည်းဝင်ရောက်…. မိုးစက်တချို ့… အချိုးဖဲ ့ခံလိုက်ရပြီး…
.နောက်……..
အဲဒီနောက်… ….. …..
ကိုယ်၏ကျင်းသည်လည်း… မျက်ရည်တို ့ အမျိုးအစားစုံလင်စွာဖြင့်…. ပြည့်သိပ်လုလု ဖြစ်ခဲ့င်္ပြီ… ။
မျက်ရည် အမျိုးအစားပေါင်းစုံ… ရောစပ် အိုင်ထွန်းနေသော…ကိုယ့် မျက်ရည်ကျင်းသည်…. အင်မတန် ကြည့်ကောင်းသည် ။
မော်ဒန်ပန်းချီကားတစ်ချပ်လိုပင်… လှပနေသေးသည်.. ။
သို ့သော်… သရဲခြောက်ရာ ..ညတစ်ညလို… မိစ္ဆယဆန်စွာ….နက်ရှိုင်းသည် ။
ဤမျက်ရည်ကျင်းကို… အဖုံးပိတ်ဖို ့ရာ….ကိုယ်..စီစဉ်တော့မည် ။
ဂါထာ… ရွတ်ဆိုရန် မလိုအပ်… ။
ဘယ်သူ ့…ဘယ်သူ၏ ခွှင့်လွှတ်ခြင်းမှ မလိုအပ်.. ။
ကျိန်စာတိုက်ရန်…သစ္စာပြု ရန်…. စသည့်…အပိုအလုပ်များသည်လည်း…မလိုအပ်…
အို…..အသင်လောက….ဘာဖြစ်တယ်…ညာဖြစ်တယ်… တွေလည်း..
အော်ဟစ် ကြွေးကြော်စရာပင် မလိုအပ်… ။
ပျံ ့ပျံ ့ သင်းသင်း.. မွှေးကြိုင်လှသော… မျက်ရည်ရနံ ့တို ့ကို…အားပါးတရ… ရှုရှိုက်ရင်း… ဂျိမ်းခနဲ….ပိတ်ချလိုက်ဖို ့သာ…လိုအပ်သည် … ။
ထို ့အတွက်တော့ဖြင့်… သတိ္တကို…နတ္ထိလုပ်ထားလည်း…ဖြစ်သည် ။
မှော်ဆရာတစ်ယောက်လို… လက်တွေကို… ကဝေဆန်စွာ ဝှေ ့ယမ်း….
အဖုံးကို….ခပ်ကြမ်းကြမ်းပိတ်ပစ်လိုက်ဖို ့… လက် အလှမ်းမှာ….
”အိုးးးးးးးးးးးးး ”
”ဘယ်လို ဖြစ်တာပါလိမ့်….. ”
ကိုယ်…. အကြီးအကျယ်…အံ့ဩသွားရတော့သည်.. ။
——————————————————————————————–
ကိုယ်….. အံ့ခနဲ….အံ့ခနဲ…. ဩသွားသည် ..။
အဘယ်ကြောင့်…ဆိုသော်….ကိုယ့်မျက်ရည် ကျင်းကို..ပြည့်ပြီဟု…ထင်ထားသမျှ…. တက်တက်စင်အောင်…လွဲသွားသည် ။
မျက်ရည်ကျင်း…. မပြည့်သေးပါ … ။
( ပြည့်ခြင်းနှင့်…မပြည့်ခြင်း../
ဖြည့်ခြင်းနှင့်…မဖြည့်ခြင်း…မသဲကွဲပဲ…ရောထွေးနေသည်ဆိုသော်လည်း….
လိုတာကတော့…လိုနေပြီဖြစ်သည် …။)
ထို ့ကြောင့်…. ဖြည့်တာကတော့…ဖြည့်ရတော့မည်… ။
မျက်ရည်ကျင်း…ပြည့်ဖို ့ရာ…အဘယ်မျှလောက်…လိုသေးသနည်း..ဟု…ကြည့်လိုုက်သောအခါ…
တစ်ယောက်စာမျက်ရည်မျှသာ…လိုတော့ကြောင်း…သိလိုက်ရသည် ။
ကိုယ်… ကြံရာမရ…ဖြစ်သွားသည်… ။
ကိုယ့်မြို ့… ကိုယ့် ပတ်ဝန်းကျင်မှာ… ရှိသမျှလူအတော်များများ၏မျက်ရည်များကို..
ကိုယ်ကပက်ပက်စက်စက်… ညှစ်ချခဲ့ပြီးပြီ… ။
ထပ် ညှစ်လို ့ရလောက်စရာလူဟူ၍လည်း… ကိုယ်… ရှာမတွေ ့နိုင်တော့ဘူး..ထင်သည်။
ဘယ် ့သူ ့ ကို….မျက်ရည်ညှစ်ရမလဲ… ?????
အချိန်က..သိပ်မရတော့ ….
အနီးစပ်ဆုံးရှိသည် ့..လူတစ်ယောက်ယောက်ကိုသာ.. မရမက…ညှစ်ထုတ်ရမည် ။
ထို ့ကြောင့်..ေ.ဘးဘီဝဲယာကို… ဝေ့ကြည့်သည်.. ။ မရှိ ။
အဘယ်သူမျှ မရှိပြီ… ။
သို ့သော်… ကိုယ်…မြင်လိုက်ရသည့်…လူတစ်ယောက် ရှိနေသည် ။
ထိုသူသည်… အခု…ကိုယ် နှင့်…အနီးစပ်ဆုံးနေရာမှာ.. ရှိနေသည် ။
အချိန်က…သိပ်မရတော့… နောက်ကျမည်ဆိုလျှင်…နောက်ကျ၍ ရနေလေပြီ… ။
ထိုသူ…. ထိုသူကို…ကိုယ်… မျက်ရည်..မညှစ်ဖူးသေး…. ။
ထိုသူသည်….
”ကိုယ် ” ဖြစ်သည် ။
” —— —– —– ” ” —— —– —– ”
————————————————————————————
လောကသည်…လင်းလုလုဖြင့်… အလင်းလုနေချေပြီ.. ။
ကိုယ့်မျက်ရည်ကို….ကိုယ်ပြန်ညှစ်နေပြီ… ။
လောကသည်… အမှောင် ဝတ်ရုံကို ချွတ်၍…အလင်းအဖုံးကို..ဆွဲဖွင့်ရာ…ပွင့်လုလု ဖြစ်နေပြီ… ။
ကိုယ်…. အားမလို…အားမရ ဖြစ်မိသည် ။
သူတပါးကို…ပညာသားပါပါဖြင့်… မျက်ရည်ကျအောင်…ညှစ်နိုင်ခဲ့သော….ကိုယ့်လက်များ….
ကိုယ့်မျက်ရည် ကိုယ်ကျတော့… ညှစ်မရ… ။
ကိုယ်ကများ… မျက်ရည်ကျရန် ခက်ခဲလွန်းသူလား…
သူတပါးကို..မျက်ရည်ကျအောင်သာ..အားထုတ်နေခဲ့ရသောကြောင့်…
ကိုယ် ကို်ယ်တိုင်…မျက်ရည် ကျတတ်သလား… မကျတတ်ဘူးလား….သေချာမသိတော့… ။
သို ့သော်… ယခု…ကိုယ့် မျက်ရည်တစ်စလောက်တော့…လိုနေပြီ။
ဘာပဲဖြစ်ဖြစ်….ကိုယ်တိုင်၏ မျက်ရည်တို ့…ကျကိုကျပေးနိုင်မှ ဖြစ်တော့မည်မဟုတ်လား ။
ကိုယ့် လက်များ… ကို…အားကိုး၍… ကိုယ့်မျက်ရည် ညှစ်ထုတ်ခြင်းမစွမ်းနိုင်သောအခါ…
ကိုယ့် ခံစားမှုကို.. ဝမ်းနည်းသွင်ပြောင်းကာ… ငိုချကြည့်သည် ။
ဒါလည်း… မရ ။
ကိုယ့်စိတ်ခံစားမှုများ…မာကြောကြမ်းရှ…။
ငိုမရသော…စိတ်နှလုံးဖြင့်ကိုယ့်ကိုယ်ကိုတောင်… မယုံနိုင်လောက်အောင်..ဖြစ်ရသည်။
နည်းလမ်းတစ်ခုတော့… ကိုယ် စဉ်းစားမိသည် ။
ကိုယ့်မျက်ရည်ကိုညှစ်ထုတ်ပေးနိုင်မည့်… အခြားသူတစ်ယောက်ယောက်ကို… ရှာရမည် ။
ကိုယ့်ကိုမျက်ရည်ကျအောင်.. ပြန် လုပ်ပေးနိုင်စွမ်းမည့်သူ… /
…ထို…အခြားသူ၏မျက်ရည်ညှစ်နိုင်သော..လက်များဖြင့်…လက်များဖြင့်….
ပက်ပက်စက်စက်… အညှစ်ခံရမှ…ကိုယ့်မျက်ရည်ကျပါလိမ့်မည်။
ထိုသို ့ဖြင့်… ကိုယ်… ခေါင်းတစ်ချက်ညိတ်… ပုခုံးတစ်ချက်တွန့်ပြီး…
ကို်ယ့်မျက်ရည် ကျအောင် လုပ်နိုင်မည့် အခြားလက်တို ့ကိုရှာဖွေရန်…ထွက်လာခဲ့တော့သည် ။
တပါးသူတို ့ကို… မျက်ရည် ညှစ်ချခဲ့သော…
ကိုယ်….
အခုတော့…. ကိုယ့်ကို…ပြန်၍…မျက်ရည်ညှစ်နိုင်မည့်သူတို ့ကို…. ပြန်လည်.. ရှာဖွေရလေပြီ… ။
ကိုယ်……………………
အလင်းတစ်ချက် ပွင့်…. ( သိမှုတံခါးတစ်ရွက် ဖျတ်ခနဲအပွင့် )
ခေါင်းထဲမှာ…မိုက်ခနဲ…
လောကသည်…အလင်းတန်းတို ့နှင့်.. ကိုယ့်ကို ဖြန်းခနဲ…ရိုက်ချလိုက်လေပြီ… ။
ကမ္ဘာမြေပေါ်မှာ….
ထို ့အပြင်… ကိုယ့် အပေါ်မှာ….
အလင်းတန်းများ…. ။
………….
………….
………….
——————————————————————————————————————————
(မိတ်ဆွေများ…လွတ်လပ်ငြိမ်းချမ်းကြပါစေ…)
လေးစားစွားဖြင့်….
အလင်းဆက် ( Gazette )
2 / 3 / 2014 / 09 : 45 am
18 comments
•*¨နန်းတော်ရာသူ •*¨
July 31, 2014 at 10:32 am
တစ်ပုဒ်လုံးမျက်ရည်တွေပြည့်နေတာကို မျက်ရည်ညစ်ထုတ်ပြီးဖတ်သွားပါတယ်
😥
alinsett (gazette)
July 31, 2014 at 1:35 pm
ဖတ်သွားကြတဲ့… မမနန်းတော်ရာသူတို ့ရဲ ့ မျက်ရည်တွေကိုပါ..ကျင်းထဲ.ထည့်ရမလိုဖြစ်နေပြိ.. ။
အဟိ.. ။
ရင်နဲ ့ရေးထားတာလေးကို.. ရင်နဲ ့ ဖတ်သွားပေးကြတဲ့အတွက်…
ဇူးဇူးပါ….
😆
TNA
July 31, 2014 at 11:15 am
😥 😥 😥 😥 😥 😥 😥
alinsett (gazette)
July 31, 2014 at 1:33 pm
လာထား….မျက်ရည်တွေ…
ခင် ခ
July 31, 2014 at 2:17 pm
ကျစရာမျက်ရည် မရှိတော့ပေမယ့်
တစ်ပါးသူခံစား မျက်ရည်ဝဲရင်
သနားကြင်နာ စိတ်ဖြစ်စွာနှင့်
ကမ်းလင့်ပေးသည့် တစ်ရှုးစသည်
ခဏမကြာ ရွဲလေသည်မို့
စိတ်မှာဝမ်းနည်း မျက်နှာညှိးမြဲ။
alinsett (gazette)
July 31, 2014 at 2:22 pm
ကျနော်ကတော့…
မျက်ရည်လွယ်တတ်သူမို ့…
တစ်ရှုးမလောက်
လက်ကိုင်ပဝါမလောက်တော့ပြီ…
ရေမြုပ်ဖော့တုံး…
အခါခါ..ညှစ်သုံးနေရပြီ…လေးခ…ရေ
အဟိ ။
နောက်တာ.. ။
kyeemite
July 31, 2014 at 2:43 pm
ရှက်ရှက်နဲ့ဝံခံပါတယ်…မလိုက်နိုင်ဘူးကွာ :p:
alinsett (gazette)
July 31, 2014 at 3:37 pm
တိန်။။
ဖတ်တော့ ဖတ်ပေးသွားတယ်ဟုတ်….
ဇူးဇူးပါ.. ဦးကြီး..
😆
ဇီဇီ ခင်ဇော်
July 31, 2014 at 3:01 pm
ငိုချင်တာတောင် မျက်ရည်က ကျ မလာတဲ့ မမဂျီးကို လာညှစ်ပေးပါအူးးး
မျက်ရည်တွေပြောပါတယ်။
:kwi:
alinsett (gazette)
July 31, 2014 at 3:35 pm
ကျနော့်လက်က…မျက်ရည်ညှစ်မယ့်အကြောင်း..ရေးတဲ့လက်
ကိုယ်တိုင် မညှစ်ဘူး.. ။
😆
weiwei
July 31, 2014 at 3:48 pm
ခေါင်းစဉ်ကြည့်ပြီး အပြောင်ရေးထားတယ်ထင်လို့ ဝင်မဖတ်ဖြစ်ဘူး ..
အခုမှ ဖတ်ကြည့်လိုက်တော့ တကယ်အတည်ကြီး ရေးထားတာ တွေ့လိုက်ရတယ် ..
ဒါပေမယ့် ဘာကိုဆိုလိုမှန်း သေချာမသိဘူး ..
alinsett (gazette)
August 1, 2014 at 10:33 am
အဟိ… ။
ဘာကို ဆိုလိုတာလဲ..ဆိုတော့….
ဆိုတော့….
😆
အရီးခင်
July 31, 2014 at 10:31 pm
ဝမ်းနှုတ်ဆေးစားရင်တော့ သိပ်အားစိုက်စရာမလိုဘူး။
ရေများများ သောက်ပေးပေါ့ကွယ်။
နောက်တာ။
ဝေဝေ့ လိုဘဲ။ အရီး လဲ အဆင့်မမှီဘု။ :-))
မျက်ရည်စုတယ် ဆိုတာ ငယ်တုန်းက ရွှေသွေးထဲ (ဆရာကြီး ဦးဘကြည် လက်ရာ ကာတွန်း) မျက်ရည်အိုးလေးတွေ လုပ်ပြီး မျက်ရည်ခံ တဲ့ ဘုရင့်သမီးတော် ဝဝ ကြီး တွေ ပါတဲ့ ပုံပြင် ရှိတယ်။
ဘာလုပ်ဖို့လဲ ဆိုတာ မမှတ်မိတော့ဘူး။
ကိုယ့် ဂျန်နရေးရှင်း တွေထဲက ဘူသူမှတ်မိလဲ မသိ။
ဒါမျိုး ပုံပြင်တွေ အစ်မဒုံ ကတော့ မှတ်မိတတ်တယ်။
alinsett (gazette)
August 1, 2014 at 10:35 am
ဖတ်ကြတဲ့အရီးတို ့…အဆင့်မမှီတာ မဟုတ်လောက်ပါဘူးဂျာ..
ကျနော်ကိုက..ဘာတွေ ရေးမိမှန်းမသိတာ.. ။
အဟိ ။
ဒီဝတ္ထုလိုမျိုးတွေပဲ..ရေးချင်နေတာရယ်.. ။
😆
surmi
August 2, 2014 at 4:23 pm
ငါလည်း နားမလည်ဘူးကွာ 🙁
alinsett (gazette)
August 2, 2014 at 6:15 pm
ကျနော့်မိတ်ဆွေတွေ ကျနော်ရေးတဲ့စာကို ဖတ်ပြီး
နားမလည်ဘူး လို့ပြောကြတယ်။
အဲဒီလို ဘာလို့နားမလည်နိုင်ဖြစ်နေကြတာလဲဆိုတာကို
ကျနော် နားမလည်ဘူး။
black chaw
August 3, 2014 at 1:40 am
အလင်းဆက် သရုပ်ဆောင် တဲ့
မျက် ရည် ပြဇာတ်ပေါ့။
ပရိသတ် မှာ နားမလည်နိုင်ဖြစ်ခွင့်
လိုင် စင် ရှိပါတယ် ညီရေ။
ဘာလို ့ ပရိသတ်က နားမလည်နိုင်
ဖြစ်နေတာလဲဆိုတာကို ညီ့ အ နေနဲ ့
နားလည်နိုင်အောင်ကြိုးစားကြည့်
သင့် ပါတယ်။
ချစ်ခင်လေးစားတဲ့
ဦးဘလက်။
alinsett (gazette)
August 3, 2014 at 6:13 pm
ပရိသတ်ရဲ့ နားမလည်ခြင်းနဲ့
ဖန်တီးသူရဲ့ ဖန်တီးတင်ပြခြင်းကြားမှာ ရှိတတ်တဲ့ ကိစ္စလေးပေါ့
ပြောရရင် ကျယ်မယ်နော့
နောက်မှ ပြောတော့မယ်။
အခု အားသေးဘူး။
လေးဘလက်
ဝင်ရောက်ဖတ်ရှုပြီး comment လေး ချီးမြှင့်ပေးသွားတဲ့အတွက်
ဇူးဇူးပါ။