အတိတ်၏ခြေရာ
ပြီးခဲ့တဲ့နှစ်တွေက
တစ်စတစ်စနဲ့
ပျောက်ဆုံးသွားခဲ့လေပြီ။
အတိတ်ရဲ့နေ့ရက်များက
ထူထဲခဲပျစ်တဲ့ဒုက္ခတရားတွေနဲ့အတူ
ထူထဲကြမ်းတမ်းတဲ့ဖြတ်သန်းခြင်းများစွာဖြင့်
ထူထဲခက်ခဲလှတဲ့ ဝမ်းစာရေးနှင့်အတူ
လှုပ်ရှားရုန်းကန်နေဆဲ….
ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့
လူတိုင်း ပါးစပ်ဖျား ပြောကြားနေလျှက်
တစ်နာရီပြီး တစ်နာရီ
တစ်နေ့ပြီး တစ်နေ့
တစ်လပြီး တစ်လ
တစ်နှစ်ပြီး တစ်နှစ်
ဖြတ်ကျော်နေမြဲ
မပြီးဆုံးသေးသော ကန္တာရခရီးကြမ်း
ဆက်လျှောက်နေဆဲ….
ဘဝက ခါးသီးတာလား
ခါးသီးတဲ့ဘဝကို ကျေနပ်နေသလား
ခုတိုင် ထင်မှတ်မှားနေဆဲ……
ပြန်မရသော အတိတ်
ခြေရာကောက်ရင်း
ချထားပစ်ခဲ့တဲ့ အလင်းရောင်ဆီ
တစ်ခေါက်ပြန်အရောက်ဟာ
ဖြစ်လာနိုင်ပါဦးမလား…
မနောဖြူလေး
၃၀.၇.၂၀၁၄
6 comments
ဇီဇီ ခင်ဇော်
July 30, 2014 at 7:41 pm
အတိတ်ဆိုမှတော့ ထားခဲ့ရတာချည်းပါပဲကွယ်။
ခါတရံ ခြေရာတောင်ပြန်ကောက်ဖို့ မလွယ်တော့တာ။
😥
manawphyulay
July 31, 2014 at 11:32 am
ဟုတ်ပါတယ်။ တစ်ခါတလေ နှစ်သာကုန်လာတယ်။ ဘယ်နေရာရောက်နေပြီ။ သေဖို့ တစ်ရက်နီးလာပြီပဲ ဆိုတာ တွေးမိတာ။ ငါ ဘယ်နေရာမှာ ဘာတွေလုပ်ပြီးပြီလဲပဲ စဉ်းစားနေမိတော့တယ်။
ခင် ခ
July 30, 2014 at 10:33 pm
အတိတ်ဆိုတာ တစ်ခါတလေ ပြန်တွေးစရာ လွမ်းမောစရာ ဖြစ်ပေမယ့် နာကျဉ်းဖွယ်အတိတ်ကိုတော့ ပြန်မတွေးချင်ဘူးလေ
အရီးခင်
July 31, 2014 at 2:11 am
အခုတောင် ရလပိုင်း ကုန်တော့မယ်။
နောက်နှစ်ကူးဖို့ ၅လ ဘဲ ကျန်တော့တယ်။
တစ်ရာ ရှိရင် ရလိုက်ဖို့ ကောင်းသား။
alinsett (gazette)
July 31, 2014 at 1:55 pm
ကျနော့်မှာလည်း..ထူထဲခဲပျစ်တဲ့… အတိတ်မှောင်မှောင်တွေ..ရှိနေခဲ့ပါလား..ဆိုတာလေး..
ပြန်တွေးမိသွားတယ်.. .
မမမနော…
ကဗျာ ရေးခဲတယ်နော်..
manawphyulay
July 31, 2014 at 2:09 pm
ဟုတ်ပါတယ်။ မရေးဖြစ်တာ ကြာခဲ့ပြီ။ ခုတစ်လော ပင်ပန်းမှုတွေ ပျောက်ချင်တိုင်း ကဗျာလိုတွေး တွေးနေမိလို့ ပြန်ရေးဖြစ်ခဲ့တာပါ မောင်လေး…