“ ခေတ်သစ်ဈေးလည်ခြင်း”
“ ခေတ်သစ်ဈေးလည်ခြင်း”
ဇူလိုင်လ၂၂ ရက်နေ့ က ကျနော် ခရီးအတိုတစ်ခုထွက်ဖြစ်ပါတယ်။
မန်းလေးကလုမ္မဏီအိပ်စပရက်စ် နဲ့ နေပြည်တော် ကိုလာခဲ့ ပါတယ်။
ရန်ကုန်ကနေလာတဲ့ မိတ်ဆွေ နှစ်ယောက် နဲ့ နေပြည်တော်မှာ
ဆုံပြီးမြေကွက်တွေ လိုက်ကြည့် ကြ ပါတယ်။
ညနေလေးနာရီလောက်ရောက်တော့ ရန်ကုန် ကိုသူတို့ နဲ့ အတူကျနော် လိုက်လာခဲ့ပါတယ်။
လမ်းမှာမိုး က ရွာလိုက် တိတ် လိုက်ဆိုတော့ ကားကိုဖြည်းဖြည်းဘဲမောင်းရပါတယ်။
အဲတော့ ည မိုး အတော်ချုပ် မှ ရန် ကုန် ကိုရောက်ပါတယ်။
၂၃ရက်နေ့ မနက် ရောက်တော့ သူတို့ နှစ်ယောက်နဲ့ ရုံးကိစ္စတွေ
လိုက်လုပ်ကြတာမွန်းလွဲပိုင်းမှာ မှ အလုပ်တွေ ပြီး ပါ တယ်။
အဲဒီညဘဲရန်ကုန်ကနေမန်းလေးမှာပြန်မယ်ဆိုတော့
အလုပ်ကိစ္စ နဲ့ တွေ့ ဘို့ လိုတဲ့ မိတ်ဆွေ တစ်ယောက်နဲ့ ဆုံဘို့ချိန်း ကြ ပါတယ်။
သူနဲ့ ကိုယ်နဲ့ နှစ်ယောက် ရဲ့ အလည်ခေါင် ဆုံရပ် ဖြစ်တဲ့ ၈မိုင်က Mart မှာ
ညနေငါးနာရီလောက် ဆုံဘို့ ချိန်းလိုက် ပါတယ်။
သူနဲ့ ဆုံစကားပြောပြီးရင် ကျနော် က မန်းလေး ပြန ်ဘို့ အောင်မင်္ဂလာကား ဝင်း ကိုတန်း သွားလို့ ရတယ် ဆိုတော့ လမ်း ကြောသင့် ပါတယ်။
ကျနော်စောရောက်လို့ ကော်ဖီဘားမှာထိုင်စောင့် နေတုန်းဒီMartကိုဈေးလာ
ဝယ်သူတွေကို ငေးမောလို့ ကြည့် နေမိပါတယ်။
ညနေရုံးဆင်းချိ်န်ရောက်တော့ Mart မှာလူစည်ပါတယ်။
ရုံးဝတ်စုံရောင် စုံနဲ့ အိမ်ရှင်မပေါင်းစုံ က ညနေချက်စရာ
အတွက် ဈေးလာ ဝယ် တာလဲတွေ့ ရ၊
မိသားစုလိုက် အပျော်ခရီးထွက်သလိုဈေးလာ ဝယ် တာလဲတွေ့ ရ။
သမီးရီးစားအပျင်းပြေMartထဲမှာပစ္စည်းလျောက်ကြည့် တာလဲတွေ့ ရ
ဆိုတော့ ရှေး က ဈေး ဝယ် တာနဲ့ အခုဈေးလည် ကိုနိူင်းယှဉ်ကြည့် နေမိပါ တယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ဟိုရှေးရှေးကတော့
အချဉ်ပေါင်းတို့ ဇီးထုပ်တို့ ငရုတ်သီးမူန့် တစ်ထုပ်တို့ ဆီတစ်ဆယ်သားလောက်တို့ ကို
ဝယ်ချင်ရင်ရပ်ကွက်ထဲက အိမ်ဆို်င်မှာဝယ်ပေါ့။
ရှေးတရုပ်တွေ ဖွင့် တဲ့ ကုန်စုံဆိုင်မှာဝယ်ပေါ့၊
များများ ဝယ် ချင်ရင် ဝယ်ချင်ရင်တော့ ဈေးထဲသွား ဝယ်ပေါ့။
တကယ်တော့ ဈေး သွားဝယ် တာတစ်နေရာထဲမှာအကုန်မ ရ နို်င်ပါ။
ဟိုပစ္စည်းကတစ်နေရာဒီပစ္စည်းကတစ်နေရာအဲလို လိုက်ဝယ်ရတာပါ။
နောက်ပိုင်းမှာတော့ အလှကုန်တို့ စာရေးကိရိယာတို့ ကျူလယာပစ္စည်းလို့ ခေါ်တဲ့
ဓါတ်မီးတို့ လက်သဲညှပ်တို့ လိုလူသုံးကုန်ပစ္စည်း
တိုလီမုတ်စလေးတွေဝယ်လို့ ရ တဲ့စတိုးဆိုင်လေးတွေပေါ်ပေါက်လာပါတယ်။
နောက်တော့ လူသုံးကုန်ပစ္စည်းလေးတွေ ကိုအတော်စုံစုံလင်လင်ရနိုင် တဲ့
ဆိုင်လေးတွေ mini mart လေး တွေ စပြီးတော့ ပေါ်လာ ပါတယ်။
၂၀၀ဝ ခုနှစ်ပါတ်ဝန်းကျင်မှာတော့ ကျနော်တို့ ရဲ့ ရောင်းဝယ်မူ့ပုံစံတွေပြောင်းလဲလို့လာပါတယ်။
တစ်နေရာထဲမှာအကုန်ရနိုင်တဲ့ ဈေးအသေးစားလေးတွေပေါ်လာတာပါဘဲ။
Window shopping လို့ခေါ်တဲ့ လွတ်လပ်စွာဈေးဝယ်ခြင်းကို
စတင်ပြီးမျုးိစေ့ချပေးတယ် လိုုဆို်နိုင်ပါတယ်။
ကိုယ်ဘာသာကိုယ်လှည့်ပါတ်ကြည့်။
ကိုင်ကြည့် ချင် ရင် လဲကိုင် ကြည့်။
ကိုင်ကြည့် ပြီးယူမယ်လုပ်ပြီးမှ မလိုချင် ရင်လဲထားခဲ့ လို့ ရပါတယ်။
ဈေးနူန်းတွေ ကပ် ထားပြီးသားဆိုတော့ ဈေးဆစ် စရာမလို။
ဆစ်စရာမလိုတဲ့ အတွက် ဈေးမမှန် မှာမပူရ။
ဒီတော့လဲဈေး ဝယ်သူတွေ မှာစိတ်ချမ်းသာရ ပြန် ပါတယ်။
နောက် အရင်ကစတိုးဆိုင်တွေ အထည်ဆိုင်တွေလို
ကိုယ်သွားရာနောက်တကောက်ကောက်လိုက် မယူမချင်းနားပူ။
အလစ်သုတ်သွားမလားလို့ကိုယ့် ကိုတစ်ယောက်က
ခပ်ဝေးဝေးကစောင့်ကြည့် နေ။
အတော်လေးကိုစိတ်ညစ်စရာကောင်းခဲ့ပါတယ်။
ဒီ Mart မှာတော့ ဒါမျိုးမရှိ။
လွတ်လွတ်လပ်လပ်ကြည့်။
ပစ္စည်းနဲ့ပါတ်သက်တာကြည့်ချင်ရင်အဲ့ ဒီက ဝန်ထမ်းလေးတွေခေါ်မေး။
သူတို့ကလဲအေးအေးဆေးဆေးရှင်းပြပါမယ်။
ကိုယ်လိုချင်တဲ့ပစ္စည်းမတွေ့ရင်မေး။
လိုက်ပြပေးပါလိမ့်မယ်။
ဈေး နူန်းကလဲကပ် ထား ပြီးသားဆိုတော့
ကိုယ်လက်ထဲပါတဲ့ ပိုက်ဆံနဲ့ချိန်ပြီးဝယ်လို့ ရပါတယ်။
(လိုတဲ့ပစ္စည်းမေးလိုက်ရင် ရှာပေးဘို့ ဝေလားဝေး။
ဝယ်ချင်ဝယ်မဝယ်ချင်နေ မေးနေတာတောင်မဖြေချင်ဖြေချင်နဲ့
ဖြေပေးနေတဲ့ဟိုအရင်က သမဝါယမ ဆိုင်က
အရောင်းစာရေးမများနဲ့တော့ အများကြီးကွာပါတယ်)
ဒီလို Mart တွေနဲ့ပါတ်သက်ရင်စိတ်ညစ်စရာကောင်းတာတစ် ခုကတော့
လူစည်ရင် စည်သလောက် ငွေရှင်းတဲ့ ကောင်တာမှာအကြာ ကြီးတန်းစီရတာရယ်
တစ်ခါ တစ်ရံမှာကုန်ဘိုးငွေတွက်တာမှားယွင်းတတ်တာရယ်ပါဘဲ။
(ကိုယ်ဝယ်ထားတဲ့ ပစ္စည်းများအတွက်ငွေရပြေစာကို ပြန်စစ်ဆေးသင့်ပါတယ်)
ဆိုးတဲ့အချက်တစ်ချက်ကတော့ တစ်ခါတစ်ခါမှာ
ငွေမချေ ဘဲမေ့ လျော့ ပြီးအပြင် ထွက်မိရင် လုံခြုံရေးအတွက် ကပ် ထားတဲ့
ကုဒ်နံပါတ်တွေက ထ အလုပ် လုပ် လုပ် တဲ့ အခါ တကွီကွီထမြည်
လို့ ပြ ဿ နာဖြေရှင်းရတာဆယ် ဆ လျော် တာအရှက်ကွဲတာ
မျုးိတော့ ရှိနိုင်ပါတယ်။
ဖြစ်တော့ ဖြစ် တယ် ဒါပေမယ့် ဖြစ်တောင့် ဖြစ် ခဲလို့ ပြောရင်
ရနိုင်ပါတယ်။
ရန် ကုန် က Mart တစ်ခုမှာကိုယ်တွေ့ ကြုံခဲ့ ရပါတယ်။
ဆွေမျိုးတွေစုံကြတော့ ညနေခင်းလမ်းလျောက်ရင်းစားရင်းသောက်ရင်း
အိမ်ကတူမ တွေဝယ်နေကြ Mart တစ်ခုမှာဈေး သွားဝယ်ကြပါတယ်။
ကျနော်တို့ ထဲမှာတစ် နှစ်သားအရွယ်ကလေးတစ်ယောက်လဲပါ လာပါတယ်။
ဦးထုပ်တွေထားတဲ့နေရာရောက်တော့ ကလေး အတွက်ဆိုပြီးဦးထုပ်လေးတစ်လုံးဝယ်
ပေးပြီးကလေးကိုဆောင်းပေးထားလိုက်ပါတယ်။
ကျနော်တို့သွားတဲ့အချိန် ညနေပိုင်းကနည်းနည်းအေးတော့ ကလေးခေါင်းအေးမှာစိုးလို့
ဆောင်းပေးထားတာ ပါ။
ဟိုလျောက်ကြည့် ဒီလျောက်ကြည့် နဲ့ အထည်တွေရောအိမ်သုံးပစ္စည်းရော
အလှကုန်တွေရော ဝယ် ကြ တာအတော်လေးများပါတယ်။
ခန့်မှန်းခြေ ရသောင်း၈သောင်းဘိုးလောက်ရှိပါမယ်။
ငွေရှင်းတဲ့ကောင်တာနားမှာလူများတော့ အလှည့် ရောက်အောင်
တန်းစီနေတုံးကလေး က ငိုပါတော့ တယ်။
အဲဒါ နဲ့ ကလေးအမေကိုအပြင်ထွက်စောင့် နေလို့ မှာလိုက်မိပါတယ်။
ကလေးအမေ က ထွက်လို့ အဝါမျဉ်းလဲလွန်ရော တကွီကွီမြည်တော့လုံခြုံရေး
တွေရောက်လာပါတော့တယ်။
အဲဒီမှာသူတို့ကရုံးခန်းလိုက်ခဲ့ တွေဘာတွေဖြစ်လာပါတယ်။
ကျနော့် တူမ က ကောင်တာမှာငွေရှင်းနေတာမပြီးသေးတဲ့အကြောင်း
ဝယ်ထားတာကို က ၈သောင်းကျော်ဘိုးရှိတဲ့အကြောင်း
ကလေးခေါင်းမှာဆောင်းထားတာကိုမေ့ ပြီးထွက်မိတဲ့အကြောင်းပြောလဲမရ။
လူတွေကလဲဝိုင်းအုံကြည့် စိတ်ပျက်စရာထက်ရှက်စရာပိုကောင်းပါတယ်။
နောက်တော့သူတို့ကပစ္စည်းတန်ဘိုးရဲ့ဆယ်ဆလျော်ပေးရမယ်တဲ့။
အဲဒါက ပြဿ နာမရှိသေးကိုယ်ကမှားထားတော့ မတန်လဲလျော်ပေးရမှာအမှန်ပါဘဲ။
ဒါပေမယ့် အဲဒီက ဝန်ထမ်းတွေက ကျနော်တို့ ကိုဖမ်းလိုက်ရတာကိုပျော်နေတဲ့ပုံစံပေါက်နေပါတယ်။
အဲမှာကျနော်နဲ့ပြဿနာဖြစ်တော့တာပါဘဲ။
ဟုတ်ပြီမတော်တဆမှားယွင်းမူ့အတွက် ဒီလောက်အပြစ်ကြီးလေးသလား။
ကိုယ်ဆိုင်မှာလာအားပေးတယ် ကောင်တာမှငွေရှင်းတာလဲမပြီးသေး၊
မင်းတို့ကလျော် ဆိုလို့ အလျော်ပေးမယ်ပြောတာကိုလဲသဘောတူ ပြီးသား
ဘာတွေ လက် မှတ် ထိုးပေး ရ မှာလဲ။
အဲလောက်ကြီးကျယ်မယ်ဆိုရင်တော့ရဲခေါ်လိုက်ပါ။
ရဲစခန်းမှာရှင်းမယ်ဆိုတော့မှ နည်းနည်းရှိန်သွားတယ်ထင်ပါတယ်။
ရပါတယ်ဖြစ်သွားကြပါတယ်။
အဲတော့ ကိုယ်ဆီလာအားပေးတဲ ဈေးဝယ်က
မေ့လျော့ပြီးပါလာတာလေးကဒီလောက်ထိအရှက်ကွဲအောင်လုပ်ဘို့လိုသလား။
အမှတ်တမဲ့ဖြစ်သွားတာလား
ရည်ရွယ်ချက် ရှိရှိနဲ့ အလစ် သုတ် မယ့် လူလားအဲလောက်တောင် လူကဲမခတ်တတ်ဘူးလား။
ဆိုတဲ့ မေးခွန်းတွေ ထုတ် တော့ သူတို့ရဲ့စည်းကမ်းကစည်းကမ်းပါဘဲတဲ့။
အဲတော့ ကျနော်တို့ဘက်ကတုန့်ပြန်မူ့ ကလဲရှင်းပါတယ်။
သူတို့ပြောတဲ့ ဒဏ်ကြေးဆယ် ဆ ပေးခဲ့ပါတယ်။
ဝယ်ထားတဲ့ပစ္စည်းတွေကို တော့ မ ယူတော့ သလိုနောက်လဲအဲဒီ Mart ကိုလည်းမသွားတော့ပါဘူူး။
တစ်ထောင်ကျော် တန်တဲ့ ကလေးဦးထုပ်လေးကို တစ်သောင်းကျော်ပေးဝယ်ခဲ့ရတာကတော့
တစ်သက်မမေ့နိုင်စရာပါဘဲ။
တစ်ရက်မှာတော့သူငယ်ချင်းတစ်ယောက်ရဲ့ဝါဆို သင်္ကန်းကပ် ဆွမ်းကျွေး ဖိတ်လို့ ရောက်သွားပါတယ်။
ကျနော့် သူငယ်ချင်းကကျနော်မသိသေးတဲ့လူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။
“ကိုပေါက်ရေမင်းသိချင်တယ် ဆိုတဲ့ Mart တွေအကြောင်းကိုစိန်သီးကိုသာမေးပေတော့ “
လို့ပြောပါတယ်။
ကိုစိန်သီးကနာမယ်ကျော် Martတစ်ခုမှာနှစ်ပေါင်းများစွာအလုပ်လုပ်လာခဲ့သူပါဘဲ။
စားသောက်ပြီးတော့သူနဲ့ကျနော် စကားတွေထိုင်ပြောဖြစ်တော့ လုပ်ငန်းတွေအကြောင်း
ရောက်သွားပါတယ်။
ကျနော်ကသူ့ကိုကျနော်ကြုံရတာလေးကိုပြန်ပြောပြတော့ သူ က လည်းခပ်ပြုံးပြုံးလေးနဲ့
နားထောင်နေပါတယ်။
ပြီးမှ ကျနော်ပြောပြမယ် ကိုပေါက်ရေ …………လို့အစချီပြီးပြောပြပါတော့တယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
Mart ပေါ်စကတည်းကကျနော်တို့ ခေါင်းခဲနေရတဲ့ ဖြေရှင်းရခက်တဲ့ပြဿနာထဲမှာ
ပစ္စည်းပျောက်မူ့ကအကြီးဆုံးပေါ့။
ကောင်တာတစ်ခုခုကပစ္စည်းပျောက်ပြီဆိုတာနဲ့ အဲဒီကောင်တာက ဝန်ထမ်းရော
လုံခြုံရေးတွေပါ လျော်ရတာလေ။
လျော်ရုံတင် မပြီးသေးဘူးထုခြေလွှာလဲတင် ရ
ကောင်းမွန်စွာလုပ်ကိုင်ပါမယ့် အကြောင်းဝန်ခံ ကတိရေး ရ ဆိုတော့
သူတို့လဲသူခိုးတွေအပေါ်မှာအတော်စိတ်နာကျည်းကြတာအမှန်ပါဘဲ။
အဲတော့ သူတို့ကလည်းသူခိုးမိဖို့ အတွက် အသေရရအရှင်ရရအားစိုက်ကြတော့တာပါဘဲ။
CCTV တွေတပ်ထားတာမှန်ပေမယ့် လက်တွေ့မှာအသုံးမဝင်သလိုပါဘဲ။
ဖြစ်သွားပြီးမှ ပြန်ဖွင့်ကြည့် တော့ လူသာ မြင်လိုက်ရတယ် ဘယ်သူဘယ်ဝါမှန်းမသိ။
ပစ္စည်းပါသွားတယ်ဆိုတာနဲ့ တာဝန်ခံဝန်ထမ်းတွေကလျော်ဘို့ အဆူခံဘို့အတွက် အဆင်သင့်ပြင် နေရတော့တာပေါ့။
ဒီတော့ သူတို့ကသူခိုးမိရင်ပျော်တယ်။
လက်ပူးလက်ကြပ်မိပြီဆိုတာနဲ့သူတို့ကတရားဝင်အောင်ရုံးတင်ဘို့စဉ်းစားပါတယ်။
သူတို့တာဝန်က တကယ်ခိုးသူဟုတ်တာမဟုတ်တာထက် ခိုးသူကိုသက်သေနဲ့မိဘို့ ပါဘဲ။။
ဒီတော့ ခိုးသူကိုမိဘို့ အဓိကလိုဖြစ်နေပါတယ်။
တကယ်ခိုးသူအစစ်ဟုတ်မဟုတ်ကသူတို့ အလုပ်မဟုတ်။
အကဲဖြတ်ဘို့ကသူတို့ အလုပ်မဟုတ်။
သူတို့အလုပ်ကခိုးသူကိုမိဘို့ပါဘဲ။
ခိုးသူကိုဖမ်းမိတယ်ဆိုရင်ဘဲသူတို့မှာပျော်နေကြရတာပါဘဲ။
ခင်ဗျားတို့လို မှ မဟုတ်ဘူးတစ်ခါကဆိုရင်ထိပ်ထိပ်ကြဲအရာရှိတစ်ယောက်
အဲလိုမိလို့ ကျနောတို့မှာ ပြဿ နာပိုမကြီးအောင်တောင်းပန်ရပြန်ပါတယ်။
အဲတော့ ဒီကလေးတွေကိုကိုယ်ချင်းစာစေချင်ပါတယ်။
သူ့ တို့ မစားရမသောက်ရ ၊သေချာဂရုစိုက်နေပါလျက်နဲ့ ပျောက်နေတယ်
ဆိုတော့ သူတို့လဲသူခိုးမိတယ်ဆိုတာနဲ့ တရားဝင်အောင် ရုံးခန်းပို့ပြီးဖြေရှင်းခိုင်း
ပါတယ်။
ဒါမှလဲသူတို့ ဂရုတစ်စိုက်လုပ်ပါတယ်ဆိုတာကိုသက်သေပြသလိုဖြစ်မှာပေါ့။
နောက်တစ်ချက်စဉ်းစားကြည့်ဗျာစကားပုံတောင်ရှိသေးတာဘဲ။
“သူခိုးဆိုတာ ဂျို ပါတာမှ မဟုတ်” ဆိုတာလိုပေါ့။
အခုမှ တွေ့ တဲ့ လူတစ်ယောက်ကိုသူတို့ က လူကောင်းလား
သူခိုးလားဘယ်ခွဲ ခြားနိုင်လိမ့်မလဲနော်။
သူတို့ အနေနဲ့ လဲဦးနှောက်အခြောက်ခံ ပြီးတွေးစရာမလိုသူတို့ တာဝန်က
ယူနေတာမိရင် ခိုးနေတာမိရင် သူ့ နဲ့ သက်ဆိုင်ရာရုံးကိုတင်ပေးလိုက်ရုံဘဲ။
အလျော်ခို်င်းတာလွှတ်ပေးတာ က သူ့ တို့ အထက်ကလူအလုပ်ဖြစ်သွားပြီလေ။
တစ်ခါတစ်ခါ မှာအဲလိုခုးိမူ့ ကျူးလွန်သူတွေကလူတစ်ကိုယ်လုံးရွှေအပြည့်
ကိုင်ထားတဲ့ပိုက်ဆံအိတ်ကြီးကတစ်တောင်လောက်။
ဝတ်စားထားတဲ့ အကျီတွေကအဖိုးတန်တွေ။
ရုပ်ရည်သန့်ပြန့် တဲ့ ယောကျာ်းလေးမိန်းကလေးတွေ၊
အသက်အရွယ်လဲရှိဂုဏ်သရေရှိလူ ကြီးမင်းပုံစံတွေ
ဆိုတော့ သူတို့လဲဘယ်လိုလုပ် အကဲဖြတ်နိုင်ပါ့ မလဲဗျာ။
ကျနော်တို့ martတွေမှာကုဒ်နံပါတ်ထည့် တယ်ဆိုတာ က ပစ္စည်းအားလုံးတော့
ထည့် ဘို့ အဆင်မပြေဘူးဗျ။
ပက်ကင်ထုတ်ထားတဲ့ပစ္စည်းဆိုရင် အပေါ်ကအိတ်ခွံဘူးခွံကိုသာကုဒ်ထည့်နိုင်တာလေ။
နောက်ကုမ္ပဏီကပရိုမိုးရှင်းပွဲအနေနဲ့ တိုက်ရိုက်လာရောင်းတဲ့ပစ္စည်းတွေဆိုလဲ
ကုဒ်ထည့်မ ထားနိုင်ဘူး။
အချို့ အစားအသောက်တွေမှာလဲထည် ့ မထားနိုင်ဘူး။
ဒီလိုအားနည်းချက် တွေကိုသိတဲ့ သူ ကအသုံးချပြီးခိုးသွားတာလဲမကြာခဏခံရဘူးတယ်။
တစ်ခါကအရက်ကောင်တာမှာဆိုရင် ဈေးကြီးတဲ့အရက်ပုလင်းတွေမသွားတာခံလိုက်ရတယ်။
သူတို့ကနှစ်ဖွဲ့ သုံးဖွဲ့ခွဲလာတာ။
ပ ထမတစ်ဖွဲ့ က အရက်အကောင်းစားတွေမေးတယ်။
သူတို့ရောက်လာပြီးမ ကြာခင် ခပ် သန့်သန့် မိန်းကလေး၃ ယောက်က ဝိုင်တွေမေးတယ်။
နောက်ထပ် တစ်ဖွဲရောက်လာပြီးဟိုဟာပြဒီဟာပြခိုင်းတယ် ဝယ်လဲဝယ်တယ်။
အဲဒီမှာပထမဆုံးတစ်ဖွဲ့က “ဒီမယ်နော် ထားခဲ့ပြီ”လို့ပြောပြီးထွက်သွားတယ်။
အားလုံးလဲပြပြီးရောင်းပြီးလို့ ပစ္စည်းလဲသိမ်းရော ၂သိန်းတန်အရက်ပုလင်းကအခွံဘဲကျန်နေခဲ့တော့တယ်။
နောက်မှ CCTV ပြန်ကြည့်မှ ဘလက်လေဘယ်တစ်လုံးဘိုးပိုက်ဆံရှင်းနေချိန်မှာ
တစ်ယောက်ကကွယ်ပေးထားပြီးပုလင်းကိုဂျာကင်အိတ်ထဲဆွဲထည့် လို်က်တာကို
တွေ့ လိုက်ရပါတယ်။
နောက် ကျနော် တို့ mart တွေမှာ ကိုယ်ဝယ်ထားတာ တွေ ထည့် ဘို့ အတွက် ခြင်းတောင်း
တွေ ချပေးထားပါတယ်။
လျှောက်ကြည့် နေရင်းကို်ယ်ကြိုက်တာတွေ့ ရင်ထည့် ပေါ့။
ဘာတွေဘဲယူခဲ့ယူခဲ့ ကောင်တာမှာငွေရှင်းခါနီးရောက်မှ မလိုချင်ဘူးဆိုလဲ
အဲဒီနားတင်ထားခဲ့လို့ရပါတယ်။
တစ်ချို့က ဒါ ကိုအခွင့်ကောင်းယူပါတယ်။
နှစ်ယောက်သုံးယောက်လာတယ်။
စားစာရာတွေ အအေးဘူးတွေကိုယူတယ်။
ပစ္စည်းတွေကိုစုံနေအောင် ခြင်း ထဲမှာ ထည့် ထားတယ်။
ခပ်တည်တည်နဲ့ လူမမြင်အောင်မုန့်တွေစားအအေးတွေသောက်လုပ်တယ်။
Mart ထဲမှာလျှောက်သွားလို့ အားရ တဲ့ အခါ မှ
ငွေရှင်းကောင်တာနားမှာ ခြင်းကိုခပ် တည်တည်ချထားလိုက်တယ်။
ပြီးမှ နောက်ထပ်ပစ္စည်းဘဲထပ် ယူတာလိုလိုနဲ့ထွက်သွားတယ်။
ဒီပြင့်အပေါက်ကနေပြီး အပြင် ဘက်ကိုထွက်သွားကြတယ်။
အဲလိုလူလည်ကျ တာမျိုးလဲရှိတယ်။
တစ်ခါကတော့ အဖိုးတန် တဲ့ ငှက်သိုက်ဘူးတွေပျောက်တာ။
ရက်ခြားလိုပျောက်တော့ CCTV ကိုပြန်စစ်တော့မှ
ခိုးတာကမိန်းမ ဖြစ်နေတာကိုတွေ့ ရတော့ တယ်။
သူကငှက်သိုက်ဘူးတွေကိုပေါင်ကြားထဲညှပ်ပြီးသယ် တာလေ။
နောက်ရက်သူလဲဝင်လာတာမြင်ရော CCTV ကနေစောင့်ကြည့်ပြီးဖမ်းတော့မှ
လက်ပူးလက်ကြပ်မိပါတော့တယ်။
အမယ် သူကပြောသွားသေးတယ် ပေါင်ကြားထဲညှပ်ပြီးဟန်မပျက်လမ်းလျောက်နိုင်အောင်
အိမ်မှာအုတ်နီခဲထည့်ပြီးလေ့ကျင့် ရတယ် လို့ ပြောပါတယ်။
အဲဒီတော့ခင်ဗျားတို့ကကျနော်တို့ကိုမေးခွန်းပြန်ထုတ်မယ်။
CCTV တွေဒီလောက်နေရာအနှံ့တပ်ထားတာတောင်မှ ခိုးတာမသိလိုက်ဘူးလားလို့ပေါ့။
တပ်ထားတာတော့မှန်တယ်။
အဲဒါတွေကိုအမြဲစောင့်ကြည့် ဘို့ ဝန်ထမ်းတွေကိုတာဝန်ပေးထားတာလဲမှန်တယ်။
ကျနော်တို့ကကွန်ပြူတာတစ်လုံးကိုလေးပိုင်းပိုင်းပြီးကြည့်တော့တစ်ကွက်နဲ့တစ်ကွက်
အကူးအပြောင်းမှာလဲမမြင်ဘဲလွတ်နိုင်ပါတယ်။
တစ်ခါတစ်လေကျတော့ လဲကျနော်တို့မှာစာရင်းပေါက်ထားတဲ့သူ ဝင်လာတာမြင်
လို်က်တာနဲ့ သူလျောက်သွားနေတဲ့ နေရာကို အောက်ကလုံခြုံရေးဝန်ထမ်းတွေနဲ့
လှမ်းချိတ်ဆက်ပြီးအဲဒီလူကိုလိုက်ကြည့် နေတဲ့အခါမှာလဲ
ကျန်တဲ့သူတွေကိုမကြည့် မိဘဲလွတ်နိုင်ပါတယ်။
တကယ်တော့ပစ္စည်းတစ်ခုပျောက်တယ်ဆိုတာနဲ့ အတွင်းပိုင်းက ဝန်ထမ်းလား
အပြင်လူလားဆိုတာအမြဲဆန်းစစ်နေရတာပါ။
သူကပြောရင်းမောသွားတော့ ရေနွေးကြမ်းတစ်ခွက်မော့ သောက်လို်က်ပါတယ်။
ကျနော်က “ကွန်ပြူတာစစ်စတမ်နဲ့ ဆောဖ်ဝဲသွင်းပြီးလုပ်တာတောင် ငွေတွက်တာ
မှားတာတွေ တွေ့ နေရတယ်” လို့မေးတော့
“အဲ ဒါ ကိုကျနော်လဲပြောပြချင်တာဗျာ”ဆိုပြီးဆက်ပြောပါတယ်။
**********************************************************
သာမန်ရက်တွေကကိစ္စမရှိပေမယ့် အခါကြီးရက်ကြီး နေ့တွေဆိုငွေလက်ခံကောင်တာတွေ
အများကြီးဖွင့် ပေးထားလဲမနိုင်တော့ ကြာတတ်ပါတယ်။
ကျနော်တို့ဆီကကလေးတွေကအထူးလေ့ကျင့် ပေးထားတဲ့ကလေးတွေ
ဆိုတော့ ဖောက်သယ်ကိုဂရုစိုက်ပါတယ်။
မလေးမစားမလုပ်ရဲ ပါ ဘူး။
စုန်းပြူးတစ်ယောက်တစ်လေတော့ရှိနိုင်တာပေါ့ နော်။
နောက်ပစ္စည်းအမယ်များတော့ သူတို့လဲကုဒ်နံပါတ်ရိုက်တာ
အရေအတွက်ရိုက်တာမှားနိုင်ပါတယ်။
တစ်ခါတစ်လေ ဖြစ်တတ်တာက ဈေးဝယ်တစ်ယောက်ယောက်အတွက်
တွက်နေရင်းသူကခဏလေးဆိုပြီးနောက်ထပ်ပစ္စည်းတစ် ခုကိုသွားယူတဲ့အခါ
တွက်လက်စကိုခဏထားပြီးနောက်လူတစ်ယောက်ကိုတွက်ပေးရတော့တာပေါ့။
အဲဒီအခါမျိုးမှာလဲမှားတွက်တတ်ပါတယ်။
လူ က စက် ကိုခိုင်းရတယ်ဆိုတော့ လဲ လူမှားတဲ့အခါရှိသလိုစက်မှားတဲ့
အခါလဲရှိနိုင်ပါတယ်။
ဘာဘဲဖြစ်ဖြစ် စစ် ဆေး ပြီးယူတာတော့ အကောင်းဆုံးပေါ့ဗျာ။
ဒီငွေလက်ခံကောင်တာ က ကလေးတွေလဲ တာဝန်ကြီးရှာပါတယ်။
သူတို့ခမျာမှ ာ လိုရင် စိုက်ရတယ် ။
ပိုရင်လဲအပြစ်ပေးခံရတယ်ဗျ။
ပိုတဲ့ပိုက်ဆံသူတို့ လုံးဝ မရပါဘူး။
သူတို့ ကိုအမြဲစစ်ဆေးနေတဲ့ ဝန်ထမ်းက ရှိနေတတ်ပါတယ်။
ကျနော်တို့ လုပ်ငန်းကမပိုကြေးမလိုကြေးလေ။
လျော့ ယူမိတယ်ဆိုရင် ဖောက်သည်ကအထင်သေးမယ်။
အလုပ်ကိုသေချာမလုပ်ဘူးပေါ့။
ပို်ယူလိုက်ရင်တော့ ဆိုးတာပေါ့ဗျာ။
ကျနော်တို့ အပေါ်မှာအယုံအကြည်မရှိနိုင်တော့ဘူးလေ။
ဒီတော့ ကျနော်တို့ က ကောင်တာတွေကိုလိုက်စစ်ဆေးတဲ့အလုပ်ကိုအမြဲလုပ်ပါတယ်။
ဘယ်အချိန်ရယ်လို့ မသတ်မှတ်ဘဲ လျပ်တစ်ပျက်ဝင်စစ်လေ့ရှိပါတယ်။
ကွန်ပြူတာမှ ဖော်ပြ ထားတဲ့ငွေလက်ကျန်နဲ့ အံဆွဲထဲကပိုက်ဆံလိုတာပိုတာရှိနေရင်
စစ်ဆေးသူ က မှတ် ချက် ရေးပေးခ ဲ့ ပါတယ်။
အဲလိုမှတ်ချက်များရင် ဆုကြေးငွေလျော့ တာ ၊
ရာထူးတိုးမပေးတာဆိုပြီးအပြစ်ပေးလေ့ ရှိတတ်တယ်လေ။
တစ်ခါ တစ်လေဘာမဟုတ်တဲ့ငွေကြေးကြောင့် အပြစ်ပေးခံရတာမျုးိလဲရှိပါတယ်။
အထူးသဖြင့်လူများတဲ့နေမျုးိမှာ။
ပြန်အမ်းငွေ ၁၀၀-၂၀ဝ ကိုမစောင့် နိုင်လို့ ပြန်သွားတဲ့ အခါ ဒီငွေတွေက
စုမိပြီးထောင် ဂဏန်းဖြစ်သွားတတ်ပါတယ်။
အဲဒီအခါမှာစစ်ဆေးသူ က တွေ့ ခဲ့ ရင် ရေရေရာရာရှင်းမပြနို်င်ရင်
ကောင်တာထိုင်သူမှာအပြစ်ပေးခံရတတ်ပါတယ်။
အဲတော့ mart တိုင်း mart တိုင်းမှာ ဒီလို မှားယွင်းမူ့လေးတွေတော့
ရှိတတ်ပါတယ်။
ကျနော်တို့ကလဲ မတော်တဆမှားတာလား တမင်မှားအောင်လုပ်တာလား
ဆိုတာကိုအမြဲ မပြန်စစ်ဆေး နေ တာတော့ အမှန်ဘဲဗျ။
ဒါပေမယ့် လဲ နေ့ စဉ်နဲ့ အမျှ အမျုးိအမည်ပေါင်းများစွာ ရောင်းဝယ်နေတယ်
ဆိုတော့ လဲ အမှား အယွင်းကတော့ ရှိ မှာ အမှန်ပါဘဲ။
နည်းအောင်တော့ ဝိုင်းဝန်းပြီး ကျုးိ စားရ တာပေါ့ဗျာ။
ပိတ်ရက်မရှိ တစ်နေကုန်မတ်တပ်ရပ်ပြီးလုပ်နေရတဲ့
ကလေးတွေကလည်းသွေးနဲ့ကိုယ်သားနဲ့ကိုယ်ဆိုတော့
အမြဲတန်းတော့ ဘယ်စိတ်ကြည်လင်နို်င်ပါ့ မလဲဗျာ။
ဒီတော့ တစ်ချိန်မဟုတ်တစ်ချိန်မှာ မှားမှာအမှန်ပါဘဲ။
သူက စကားအရှည်ကြီးပြောပြီး မောသွားပါတယ်။
ကျနော်လဲသူပြောတာတွေနားထောင်ရင်းမောလာပါတယ်။
အော် တကယ်တော့ အတော် မလွယ် သော Mart တွေလို့ဘဲတွေးမိပါတယ်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
8-8-2014
27 comments
Mr. MarGa
August 9, 2014 at 10:36 am
လူက စ ထွင်တဲ့စနစ်မို့ လူတွေက ပဲ ပြန်ဖောက်ဖို့ နည်းတွေ တွေ့ပြန်ရော
ကျနော်တို့ ကွန်ပျူတာသမားတွေ လက်ခံထားရတာတစ်ခုတော့ ရှိတယ်
ဘယ် program ကမှ perfect မဖြစ်ဘူး ဗျ
ကိုပေါက်(မန္တလေး)
August 9, 2014 at 11:07 am
မူ လ ဘူ တ လူ အစ ပ ထမ ဆိုတော့
လူသာ ပ ဓာ န ပါ ခင်ဗျာ
nozomi
August 9, 2014 at 10:46 am
မသိသေးတာလေးတွေ သိသွားတယ်
သူတို့ ပေါ်လာတာကတော့ တကယ်အဆင်ပြေတယ်
ဝန်ဆောင်မှုကောင်းတဲ့နေရာမျိုးများ ဝယ်မိရင် ကိုယ်ကပိုက်ဆံပေးရတာတောင် သူတို့ကို ကျေးဇူးတင်မိသေး
တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် တကယ်မလျော့တဲ့ ဈေးလျှော့ရောင်းပွဲတွေကတော့ မကောင်းဘူး
ကိုပေါက်(မန္တလေး)
August 9, 2014 at 11:08 am
ကိုနိုရေ
အသစ် က နေ အဟောင်း အပြောင်း အလဲ မှာ
အစ တော့ အခက် အခဲ ရှိ နိုင်ပါတယ်
နောက်ထပ် တစ်ပုဒ် လာ အုံ့းမယ်
Mart တွေအကြောင်း
နွေဦး
August 9, 2014 at 11:29 am
ကျွန်တော်တို့ဆီမှာ လိုနေတာ က ဝန်ထမ်းပါ
ဒီလို ဆိုင်တွေမှာ ဝန်ထမ်းခန့်ရတာက ပြဿ နာပါ..
အမြဲတန်း ဝန်ထမ်း ကို အင်အားပြည့်ခန့်ဘို့က ကုန်ကျစရိတ် ကြီးသလို
နေ့ခင်းပိုင်းလို ဝယ်သူနည်းတဲ့ အချိန်ကျတော့ ဝန်ထမ်းတွေက ပိုနေပြီး
ပိတ်ရက်လို အခါကြီးရက်ကြီး လို ညနေပိုင်းတွေလိုမှာ ကျပြန်တော့ အင်အားက လိုနေပြန်ရော..
ဒါတွေကို ဘယ်လိုမှ မရှင်းနိုင်သေးတော့ ဒီလိုကိစ္စတွေက ဖြစ်နေမှာဘဲ..
မြန်မာပြည်မှာ အချိန်ပိုင်းဝန်ထမ်းတွေ ခေါ်နိုင် ခန့်နိုင်လာခဲ့ရင်တော့ ဒါတွေ အဆင်ပြေသွားလိမ့်မယ်ထင်ပါတယ် …။
ကိုပေါက်(မန္တလေး)
August 11, 2014 at 9:51 am
ကိုနွေဦး ရေ
အခုစီးပွားရေးပြိုင်ဆိုင်မူ့ က သိပ်ပြင်းထန်လာပါတယ်။
အမြတ်နည်းနည်းနဲ့ရောင်းရ တဲ့ အတွက် အသုံးစားရိတ်ကိုလျော့ ချ ဘို့ ကြုးိ စား ရ တယ်လေ
အဲတော့ ဝန်ထမ်းကိုလုံလောက်ရုံဘဲခန့် နိုင်ပါတော့ တယ်
အလင်းဆက်
August 9, 2014 at 2:25 pm
အင်း… ဘယ်သူ ့ဘက်ကမှ…မမှားတဲ့ကိစ္စတွေပေါ့ .. ။
ဒါမယ့်…လေးပေါက် ပြောသလိုပဲ…
တမင်လုပ်တဲ့ အလစ်သမားနဲ ့…
မတော်တဆ မေ့လျော့ပြီးဖြစ်တဲ ့သူ ကို..လူကဲခတ်ဖို ့တော့လိုမယ်ထင်တယ်.. ။
ဝန်ထမ်းတွေက…အကဲမခတ်နိုင်လည်း..မန်နေဂျာလို တာဝန်ရှိ အုပ်ချုပ်သူက… မြန်မြန်ထွက်လာပြီး
ထိန်းပေးဖို ့ပေါ့… ။
ကျနော်လည်း..ဟိုနေ့က…ရေသန့်တစ်ဗူး ဝင်ဝယ်တာ..
ရေသန့်ဗူး ကိုင်ပြီး..ဟိုလျှောက်ဒီလျှောက်…
အဲဒီအချိန်မှာပဲ..သူငယ်ချင်းတစ်ယောက် ရဲ ့ ဖုန်းလာလို ့.. ဖုန်းပြောရင်း ..လျှောက်တာ…
ပိုက်ဆံရှင်းမယ့်နေရာကိုရောက်တာတောင် သတိမပြုမိတော့ပဲ..
မေ့ပြီး…အပြင်ထွက်တော့မလို ့..
ခြေသုံးလှမ်းလောက် ရောက်ပြီးမှ… သတိဝင်လာလို ့..ခပ်တည်တည် ပြန် ဝင် တန်းစီလိုက်ရတယ်.. ။
တော်သေးတယ်.. ။ အရှက်မကွဲလို ့…
ကိုပေါက်(မန္တလေး)
August 9, 2014 at 3:43 pm
စော စော စီး စီး သိလိုက်ရ တာ ကံ ကောင်းလို့
ပေါံ
အပြောင်းအလဲ ဆို တာ ကြ ို ဆို ရမှာပေါ့
ခင် ခ
August 9, 2014 at 2:43 pm
ဘာဘဲပြောပြော အဲလိုစင်တာတွေ mart တွေပေါ်လာတာတော့ ကောင်းပါတယ်၊
အေးအေးဆေးဆေး ကိုယ်ဘာလိုလည်းကြည့်ပြီး ဝယ်လို့ရတယ် ဈေးလည်းကပ်ထားတော့ ကိုယ်ဖာသာ တိုင်းတာပြီးဝယ်လို့ရတာပေါ့ဗျာ။
အလစ်သုတ်တယ် ခိုးကြတယ်ဆိုတာကတော့ လူရဲ့အကျင့်စရိုက်နဲ့ဘဲဆိုင်တာပါ ဒါတွေပြုပြင်ဖို့ကတော့ လူတိုင်းရဲ့စိတ်ဓာတ်မြင့်တဲ့ အသိရှိရမှာပါ။ ဘယ်သူမပြု မိမိမှုပါဘဲလေ။
ကိုပေါက်(မန္တလေး)
August 9, 2014 at 3:47 pm
ကျနော် က တော့ ကြိုက်တယ်
အဲတော့ မကြာ ခဏရောက်တယ်
Mart အကြောင်းရေး ရင် ရွှေ ဘ ခံ လာ ရ တာချည်း ဘဲ ရေး ကြတ ာ ကိုး ဗျ
အဲ တော့ သမ္မတလူကြမ်းအဖွဲ့ ခံ ရ တာလေး ကို ဗျူး ပြီးရေးလိုက်တာ ပါ
Paing Lay
August 10, 2014 at 8:33 am
အကြွေ အနှုတ်တွေ ရှားတဲ့ အချိန်တုန်းကဆိုရင် Mart တွေတောင် Lollipop နဲ့ Snow Towel တောင် ပြန်အမ်းရတဲ့ အဖြစ်တောင် အနော် ကြုံရဖူးတယ်ဗျ။ အနော် သီချင်းခွေ သွားဝယ်တုန်းကပြောပါတယ် 😀
မြစာကလေး
August 10, 2014 at 2:15 pm
ကိုပေါက်ကြီး
နှစ်ဘက်မျှ မြင်ထားနိုင်တဲ့ အမြင်လေး ကို လေးစားပါတယ်။
အနောက်တိုင်း တွေမှာ ဒီလို ဆိုင်တွေ က ပစ္စည်း ကို ခိုးတာ အလွဲလုပ်တာ အတော်လေးရှားပါတယ်။
ဘာလို့လဲ ဆိုတော့ လူတွေ မှာ ခိုးစား ရအောင် ငတ် မနေလို့ပါဘဲ။
ဘာလို့လဲ ဆိုတော့ လူတွေ မှာ သူများပစ္စည်း ကို ယူချင်တဲ့ မတော်လောဘ စိတ် နဲ လို့ပါဘဲ။
ငတ် နေတဲ့ လူတွေ ကြား မှာ သီလ စောင့်ဖို့ ရှား မယ် ဆိုတဲ့ အသိ စွဲ နေမဲ့ ဆိုင်ရှင်တွေ နဲ့ လစ်ရင် လစ်သလို အငတ်ဘေး ကို ဖြေရှင်းမဲ့ သူတွေ၊ ချောင်ရင် သူကြွယ်တောင် မနေ ဆိုတဲ့ ဆိုရိုး ကို သက်သေပြချင်တဲ့ စိတ်ဓာတ် အပြည့် နဲ့ ကိုယ်ကျင့်တရား ပျက်နေသူ တွေ ကြား
ပေါင်းကူးပေးဖို့ လို နေတာ တွေ ရှိပါတယ်။
ဘယ်နှစ်နှစ် ကြာ အောင် ဒီ စိတ်ဓာတ်တွေ ပြန်တည့် မယ်တော့ မသိ။
ကိုပေါက်(မန္တလေး)
August 11, 2014 at 12:56 pm
ကိုလတ်ကြီးရေ
မျက်စေ့လည်အောင်အတော်လုပ်
ခိုးတာ မခိုး တာက လဲ လူ တစ်ယောက်ခြင်းနဲု့ဆိုင်ပါမယ်
လွယ်လို့ ခိုးသူ
အကျင့်ပါလို့ ခိုးသူ
ငတ်လို့ ခိုးသူ
ချမ်းသာ ပါလျက်နဲ့ ခိုးသူ
ပေါင်းစုံ ပါဘဲ ဗျာ
ငတ်ပေ မယ့် မခိုးသူတွေအများကြီးပါ
ဇီဇီ ခင်ဇော်
August 10, 2014 at 3:52 pm
ဟီးးးး
နောက် ဆို အွန်လိုင်း ရှော့ပင်းတွေ တွင်ကျယ်လာရင်လည်း ဘာဖြစ်ဦးမလဲ မသိ။
🙂
ကိုပေါက်(မန္တလေး)
August 11, 2014 at 1:02 pm
ဇီဇီရေ
နည်းမျိုးစုံလိမ်သူတွေကြုံ ရ မယ် ပေါ့ အေ
TNA
August 10, 2014 at 4:10 pm
လေးပေါက်ပြောတာလဲ မမှားသလို ကိုစိန်သော့ပြောတာလဲမှန်နေလေတော့ ကိုယ့်ဟာကိုယ်ပဲ သတိထားစောင့်ရှောက်တာ အကောင်းဆုံးဖြစ်မယ်နဲ့တူပါတယ်လေးပေါက်ရယ်
ကိုပေါက်(မန္တလေး)
August 11, 2014 at 1:06 pm
မယ်သဲရေ ကို စိန်သီး ပါအေ့
ရွာ ထဲ က ဓါတ်ဆရာက ကိုစိန်သော့
မှန်တယ် မပျောက်အောင်ကာကွယ်တာအကောင်းဆုံး
TNA
August 12, 2014 at 12:31 pm
အဟီးးးးးးးဖုန်းနဲ့ဖတ်ရတာမို့ အပေါ်ပြန်မတက်တော့ပဲ ရမ်းတုတ်လိုက်တာ
lu lu
August 10, 2014 at 7:17 pm
အခုခေတ်ဆိုရင် လုလုတို ့လူငယ်တွေကြားမှာ ဖြစ်နေတာက
ဈေးဝယ်ဝယ်မဝယ်ဝယ် Mart ထဲလျှောက်ကြည့် ပြီးဘာမှမဟုတ်ဘဲ
ဈေးထဲလည်ပတ်နေရတာကိုက ဖက်စ်ရှင် တစ်ခုလိုဖြစ်နေပြီ
လုလုတော့တကယ်စိတ်မပါဘူး ဝယ်စရာရှိမှပြေးဝယ်လိုက်တယ်
အဲလိုလျှောက်ကြည့်နေရမယ်အချိန်တွေကိုနှမျောလွန်းလို ့ပျင်းစရာလည်းကောင်းသေးတယ် အခန် ့မသင့်ရင် သူခိုးညှိုးခံနေရ ဦးမယ်
🙁
ကိုပေါက်(မန္တလေး)
August 11, 2014 at 1:11 pm
လုလု ရေ တကယ်တော့ ဈေးလည်သင့်ပါတယ်.
မဝယ်သေးပေမယ့်ကြည့်ထား မြင်ထားတော့ ကိုယ်လိုရင် အချိန်မရွေးကောက်ဝယ်လို့ရတယ်လေ
ဦးဦးပါလေရာ
August 11, 2014 at 12:41 pm
.ကိုပေါက်ရေ-
.ကျနော်ကတော့ မိဘမျိုးရိုးကိုက ကုန်သည် ဈေးသည် မျိုးရိုးပါ..
.ကိုယ်တိုင်လဲ ဈေးထိုင်ရောင်းလာတာပါ…
.ကိုယ်တိုင်လဲ မကြာခဏ အခိုးခံ ရဖူးတာပါ….
.ဒါကြောင့် .. ဈေးရာင်းပြီး ပစ္စည်း ပျောက်မှာ အရမ်းကြောက်တဲ့၊
ပျောက်ရင် အခိုးခံရရင် ဝန်ထမ်းအပေါ်ချည်းပဲ တာဝန်ပုံချတဲ့ ဆိုင်တွေကို သဘောမကျပါဘူး..။
.အထူးသဖြင့်တော့ ရန်ကုန်မှာ နာမည်ကြီး ချိန်းစတိုးဆိုင်ကြီး နှစ်ခုက အတွင်းသိအစင်းသိလိုဖြစ်နေလို့
.သူတို့ရဲ့ ဝန်ထမ်း စီမံခန့်ခွဲပုံကို တော်တော်သဘောမကျပါဘူး…။
.ဒီလို စတိုးဆိုင်တွေ mart တွေဆိုတာ အခိုးခံရနိုင်ချေ အမြဲရှိပါတယ်။
.အဲဒါကို အတိုင်းအတာတစ်ခုအထိ လက်သင့်ခံနိုင်ဖို့လိုပါတယ်…..
.အကျိုးသင့် အကြောင်းသင့်ဆိုရင် ခွင့်လွှတ်နိုင်ဖို့ လိုပါတယ်……။
.ဝန်ထမ်းပေါ်တာဝန်ပုံချပြီး ဖိနှိပ်လွန်းတော့ ဝန်ထမ်းက ရောင်းချင်စိတ် မရှိတော့ပါဘူး..
.မပျောက်အောင် ကာကွယ်ချင်စိတ်ပဲ ရှိနေတော့တယ်…
.အဲဒီမှာတင် အလွန် ဆက်ဆံရေးညံ့ဖျင်းတဲ့ အရောင်းဝန်ထမ်းမပီသတဲ့ ရိုင်းစိုင်းတဲ့
.ဝန်ထမ်းညံ့တွေဖြစ်အောင် လေ့ကျင့်ပေးသလိုဖြစ်နေပါတော့တယ်။
.ကျနော် ပြည်ပခရီး တစ်ခါတစ်ရံသွားတဲ့အခါ
.စတိုးဆိုင်တွေ သတိထားကြည့်ပါတယ်….
.သူတို့ဆီမှာလဲ ခိုးတဲ့သူ နဲနဲတော့ ရှိပါတယ်။
.(ကိုယ်တိုင် မျက်စေ့နဲ့ တွေ့ပါတယ်)
.အထူးသဖြင့် စင်တွေပေါ် ပစ္စည်းတွေ အလွတ်ပုံတင်ပြီး ရောင်းရတဲ့ နေရာတွေမှာဆိုရင်
.ငွေရှင်းကောင်တာကို မဖြတ်ပဲ အခြားနေရာတွေက ထွက်သွားနိုင်တာတွေလဲ အများကြီးပါပဲ…
.ကိုယ်တွေ့ ကိုပဲ ပြောရရင်
.တစ်ကြိမ်မှာ မနက်ခပ်စောစော (၁ဝ နာရီလောက်) ချောကလက်စတိုး တခုကိုဝင်ဝယ်ပါတယ်။
.ချောကလက်တွေက တော်တော်ဈေးကြီးတာတွေ (မြန်မာငွေ သိန်းဂဏန်း) တွေတောင်ရှိပါတယ်။
.ကျနော်ကတော့ ဈေးအပေါဆုံး ရှာဝယ်တာပါ..
.ကျနော်ရွေးချယ်နေတုန်းမှာ လူတစ်ယောက် ဆိုင်ထဲဝင် ချောကလက်ပြားကို
. ဘောင်းဘီအိတ်ထဲထည့်ပြီး စင်တဖက်က ပတ်ပြီး ထွက်သွားတာကိုတွေ့ပါတယ်..။
.သူ့အရောင်းစာရေးကတော့ မတွေ့ပါဘူး…
.တကယ်တော့ ချောကလက် တပုံကြီး မပြီး ထွက်သွားရင်လဲ တွေ့မယ့်ပုံမရှိပါဘူး…။
.သူတို့ စီစီတီဗီမှာတော့ ပြန်ကြည့်ဖြစ်ရင် တွေ့နိုင်ပါတယ်။
.ဒါပေမယ့်လဲ စီစီတီဗီ ရကော့ ကို ပြန်ကြည့်တယ်ဆိုတာ အင်မတန်ရှားမှာပါ။
.အဲသလောက် စီကျူရတီညံ့တဲ့ဆိုင် ပြုတ်မသွားပါဘူး….
.နောက် နှစ်နှစ် အကြာ ထပ်ရောက်တော့ ဆိုင်က အရမ်းကို ပိုကြီးနေပါပြီ…။
.ကျနော် ဆိုလိုချင်တာကတော့ ပြည်တွင်းက ဆိုင်ရှင်တွေအနေနဲ့
.အလေအလွင့် လုံးလုံးမရှိအောင် ဝန်ထမ်းတွေကို ဖိအားပေးနေတာထက်
.ဆိုင်ရဲ့ ဆက်ဆံရေး ဝန်ဆောင်မှု့ နာမည်ကောင်းအောင် လုပ်တာက
.ပိုအကျိုးအမြတ်ရှိနိုင်တယ် ဆိုတာပါ။
ကိုပေါက်(မန္တလေး)
August 11, 2014 at 1:20 pm
ကျနော် အဖြစ်စေချင်ဆုံးအချက်က ဒါပါဘဲ ကို ပါ ရေ
ကျနော်ကိုယ်တိုင်လည်းအရောင်းဈေးသည်ဘဝမှာကျင်လည်ခဲ့ ရ လို့ ပါ
ကိုပေါက်(မန္တလေး)
September 9, 2014 at 5:30 pm
ဒီပိုစ်လေးကို လူ များများဖတ်စေချင်တာ အခု စာကြမ်းပိုးက ပြန်ညွှန်းတော့ကျေးဇူးတင်ပါတယ်
kham
December 12, 2014 at 10:12 am
ခမ်း သိချင်တာလေး တခုရှိပါတယ်
ရေခဲမုန့်တွေကို ကောင်တာရောက်မှ ငွေမရှင်းဖြစ်ရင် ထားခဲ့လို့ မရပဲ ကိုယ်တိုင်ပြန်သွားထားရတာလားဟင်
အဲနေ့က တော်ဝင်စင်တာအောက်က mart မှာဝယ်တုန်းကတော့ ကိုယ်တိုင် ပြန်ထားလိုက်ရတယ်
ကောင်တာက ကောင်မလေးက မာမာတင်းတင်းပဲ မယူဖြစ်ရင် ပြန်သွားထားလိုက်ပါတဲ့
အဲတာနဲ့ပဲ ပြန်ထားလိုက်ရတယ် 🙁
kai
December 12, 2014 at 10:35 am
ဘာတွေဘယ်လိုလုပ်နေသလည်းမသိပေမယ့်…
ရေခဲမုန့်ဆိုတာ.. အခန်းအပူချိန်မှာ.. ပျော်တတ်တဲ့အမျိုး..
ဒီအတိုင်းထားသွားရင်.. ပုံပျက်သွားသမို့.. နောက်လူကိုမရောင်းရဖြစ်မှာပေါ့…
စီးပွားရေးလုပ်တာမှာ.. လုပ်ငန်းရှင်ငွေကြေးထိခိုက်သမို့..
သာမန်အတွေးနဲ့တင်… ပြန်သွားထားသင့်..
(ပိုဖြစ်နိုင်ရင်) သေသေချာချာ စဉ်းစားပြီးမှ.. ရေခဲသေတ္တာထဲကထုတ်သင့်..။ :k:
padonmar
December 12, 2014 at 6:58 pm
ဒါလေးကို ဘာလို့ မဖတ်မိခဲ့လဲ မသိ။
ကောင်းလိုက်တဲ့ အင်တာဗျူးပါပဲ ကိုပေါက်ရေ။
ခမ်းဆိုတာလေး ပြန်ဖော်ပေးတာကျေးကျေးပါ။
ဆိုင်ရှင်၊ဝန်ထမ်း၊ဝယ်သူ လူတွေချည်းပဲမို့ ပြဿ နာတွေကတော့ ဖြေရှင်းလို့ ကုန်နိုင်ဖွယ်မရှိပါဘူး။
ကိုယ့်နေရာမှာ ကိုယ်ချင်းစာတရားလေးထားပေးကြရင်တော့ ပြေတန်သလောက်ပြေမယ်ထင်ပါရဲ့။
လုံမလေးမွန်မွန်
December 14, 2014 at 10:58 am
သူငယ်ချင်းတစ်ယောက်က စီးတီးမတ်မှာ လုပ်နေတာမို့.. သူတို့ရဲ့အကြောင်းတွေ အမြဲလိုလို ကြားနေရပါတယ်… ပစ္စည်းပျောက်ရင် အရောင်းဝန်ထမ်းတင်မဟုတ်ဘဲ စတော့ကောက်တဲ့.. စာရင်းကိုင်တွေပါ အကုန်တာဝန်ယူရတာပါ… မောစရာကြီး