ကော်ဖီ သောက်ရအောင် မယ် Pooch ရေ – Espresso-based Coffees and Brands of Coffees
ကော်ဖီ သမား မယ်ပု (Pooch) အတွက် ရေးပါတယ်။
:s:
လက်ဖက်ရည်ဆိုင် ပို့(စ) မှာတော့ လက်ဖက်ရည်ကို ဦးစားပေးရေးခဲ့သလို “မှန်ခန်း ကော်ဖီဆိုင် ထက် လက်ဖက်ရည်ဆိုင်လောက် မကြိုက်ဘူး” လဲ ပြောခဲ့ရဲ့။
ဟိ။ :mrgreenn:
အမှန်ကတော့ သောက်ဟေ့ဆိုရင် ကော်ဖီရော လက်ဖက်ရည်ရော အလွတ်မပေးပါဘူးးး။
စိန်ခေါ်ရင် ရင် အိမ်ပေါ်ထိလိုက်ပါတယ်။
ကော်ဖီသောက်မို့ပါ။ :mrgreenn:
မှန်ခန်းဆိုင်ဖျော် ကော်ဖီ အကြောင်း မပြောခင် အရင် အိမ်ဖျော် ကော်ဖီ လွမ်းချင်းလေး နားထောင်လိုက်…..
အဲလေ ဖတ်လိုက်နော်။ (ပိတ်သတ်ကြီး ခမျာ ဝဋ်ကြီးရှာတယ်။ ခိခိ) :mrgreenn:
ကျနော် ငယ်တုန်းက ကော်ဖီရာဇဝင်ရှိသဗျ။ :mrgreenn:
ကျနော့ မွေးမေလေ့ က ကော်ဖီသမားး၊ ကျနော့ကို နို့ မတိုက်တော့တဲ့ အချိန် ကော်ဖီ စတိုက်ဖြစ်ရာက ကျနော်က ကော်ဖီ စွဲသတဲ့။
အဲ။ ကော်ဖီသောက်တဲ့ ညဆို မအိပ်ပဲ စိတ်ကောက်သတဲ့ဗျ။ :mrgreenn:
ဒီလိုနေမယ်။ ကဖိန်းဓာတ်က လူကို တက်ကြွစေတယ်လေ။ ကလေး ကို ကော်ဖီတိုက်မှတော့ မအိပ်ပဲ အင်မတန်ဖလန်းနေမှာပေါ့။ အဲဒါကို ဆူပြီး အတင်းအိပ်ခိုင်းတော့ စိတ်ကောက်တာနေမှာပေါ့။
(ကွကိုယ်တော့ ဂလိုပဲ ကာကွယ်ရမှာပဲ) :mrgreenn:
နောက်တစ်မျိုးက … ကျနော် မှတ်မိ စ အချိန်မှာ ကျနော့ဖို့ ဖျော်တဲ့ ကော်ဖီကို ဘယ်သူ မြည်းတာမှ ကြိုသောက်တာမှ မကြိုက်ဘူးရယ်။
အဲဒီ ကိုယ့်စိတ်ကိုလည်း ခုမှတ်မိနေတယ်။
အရမ်းဒေါသကြီးတာပဲ။ အဲဒါမျိုးဆို မသောက်ချင်တော့တာ။
အဲ! အဲဒီမှာ မွေးမေလေ့နဲ့ စ တွေ့တာပဲ။
သူ ကော်ဖီဖျော်နေပြီဆို ကိုယ့်ဖို့မှန်းသိတော့ ကျနော် က အနားမှာ ရစ်သီရော။ ဖျော်ပြီး မြည်း ခါနီးပြီ ဆိုတော့ ငိုသတဲ့။
“မာမီ …!! မီး ကြည့် နဲ့ … မီး ကြည့် နဲ့ “ ဆိုပြီးးး (မြည်းမကြည့်နဲ့ လို့) အော်ငိုတာပါ။
:byee:
တစ်ခါကနေ ၂ ခါ အလိုလိုက်ပါတယ်။ အဲ။ နောက်တော့ မ ရတော့ ကော်ဖီ မတိုက်ဘူးလေ။
တောင်းလွန်းမက တောင်းလို့ တိုက်မယ် ဆိုပြီး ဖျော်ပြီးတော့….
ငို မဲ့မဲ့ နဲ့ ” မာမီ ..!! မီး ကြည့်နော်” လို့ ပြောသတဲ့။ :mrgreenn:
ကေဇီတို့ က အဲလို အားမတန်ရင် မာန်လျှော့ တတ်ပါသေးရဲ့။ ဟေးဟေးဟေးးးး :mrgreenn:
ပြောချင်တာက ကော်ဖီ က အချစ်ဦးပါ။ လက်ဖက်ရည်က အချစ်ဆုံး ပေါ့။ ခုခိ။ :mrgreenn:
နောက်ပြီး သိတတ် စ ဒက်ဒီ ပြောင်းတဲ့ နေရာတွေလိုက်လည်တော့ ဖျော်တိုက်တဲ့ ကော်ဖီ မှုန့် အကြမ်း နဲ့ ချက်နို့ဆီနဲ့ ဖျော်တဲ့ ကော်ဖီတွေသိပ်ကြိုက်တယ်။
ကော်ဖီခွက်ထဲမှာ မပျော်ဝင်တဲ့ အမှုန့်တွေ ပေါလောနဲ့ ချိုရဲရဲ ကော်ဖီကို ခုတောင် လွမ်းလာပြီ။
အနံ့ရယ် အရသာရယ်ကို ဘယ်တုန်းက မှ မမေ့ခဲ့ဘူးးး ခု ပြန်မရတော့ဘူးး …
:((
သောက်ပြီးရင် ပန်းကန်လုံးအောက်ခြေမှာ အနှစ်အနည်တွေထိုင်နေတာ အများကြီးပဲ။
မွေးမေလေ့က ပန်းကန်ပြားလေးထဲ နည်းနည်းစီ ထည့်ထည့်ပြီး မှုတ်တိုက်တာ။ အဲဒီ အကျင့်လေး ခုထိရှိတယ်။ ဟိဟိ..!! :mrgreenn:
ချက်နို့ဆီက နေ ဘူးနို့ဆီ နဲ့ ဖျော်တဲ့ ခေတ် ရောက်တယ်။ အရသာ တောမဆန်တော့ဘူးပဲ။
နယ်မှာတုန်းကတော့ နွားနို့ အစစ်ရတဲ့ အတွက် နွားနို့ နဲ့ ဖျော်ထားတာ သောက်ရတယ်။ နွားနို့ ကို ပန်းရောင်သန်း တဲ့ထိကျနေအောင်တည်ထားပြီး ကော်ဖီနဲ့ ဖျော်တဲ့ အရသာကို လည်း အတော်တမ်းတတယ်။
အဲ။ နွားနို့ မရတော့တဲ့ နယ်မှာတော့ နို့မှုန့်နဲ့သောက်တယ်။ ကော်ဖီကတော့ မပြတ်ဘူး…
နောက်တော့ ကော်ဖီ မိတ်လို့ ခေါ်တဲ့ အဆီထုတ်ပြီး နို့မှုန့်တွေ ပေါ်လာတယ်။ အဲလာနဲ့ ဖျော်တာလည်း မကြိုက်ဘူးး…
နောက်တော့ ကော်ဖီ မစ်(စ) ဆိုတဲ့ သရီးအင် ဝမ်း တခါသောက် အထုပ်တွေ ခေတ်ကောင်းချိန်မှာ မေမြို့က ကော်ဖီမှုန့်ထုတ်လေး အတွက် နေရာမရှိတော့ဘူးး….
အဲဒီနောက် မှန်ခန်း ကော်ဖီဆိုင်တွေ အလျှိုလျှိုပေါ်လာပြီး နောက်မှာ ကော်ဖီ ယဉ်ကျေးမှု တစ်မျိုး ဆန်းသစ်သွားပြန်တယ်။
စလုံး ရောက်တော့ Food Court က ကော်ဖီဆိုင်တွေမှာ ကော်ဖီ သောက်ဖြစ်တယ်။
လက်ဖျော် ကော်ဖီပေါ့လေ။ အမှုန့်ကို နှပ်ပြီးမှ ဖျော်တာ ဆိုတော့။
ဖျော်တဲ့ လူ အလိုက် မူတည်ပြီး အရသာ အချို က အနည်းအများ ကွာတာပေါ့။
ချိုချိုကြိုက်ရင် အချိုများများမှာလိုက်ရုံပဲ။ နို့ဆီ ပိုထည့်ပေးတယ်။
ရုံးမှာတော့ နက်(စ) အမှုန့် ထားးတယ်။ (သူ့အမှုန့်က အကုန်ပျော်ဝင်တယ်)
မင်းသားကြီးက နို့ဆီရယ် နို့စိမ်းရယ် သူ့ သီးသန့်ထားတယ်။
ကျန်တဲ့သူတွေအတွက်က ကော်ဖီ မိတ် ရယ်၊ သကြားရယ် ဒါမှမဟုတ် သရီး အင် ဝမ်း သောက်ချင်တဲ့သူတွေအတွက် ကော်ဖီ၊ မိုင်လို၊ ကွေကာ အထုတ်တွေရှိတယ်။
ရုံး စရောက်ကတည်းက ဘယ်ဟာ ဘယ်သူ့ဟာမှန်းမသိဘူးလေ။
ကိုယ်က ကော်ဖီ ဆို နို့ဆီနဲ့မှ ကြိုက်တာကိုးးး .. :mrgreenn:
သူ့ နို့ဆီတွေ ယူဖျော်တာ။ ပြီးတော့ နို့စိမ်းပါထည့်သောက်တော့…. အိုးးးး ကိုယ့် အကြိုက် ကွက်တိ။
:chit:
မသိဘူးးး၊ အဲဒါ သောက်တိုင်းအဲလို ယူသောက်တာ…။
၂ လ လောက်ကြာတော့ မင်းသားကြီးရယ် အက်မင် အမကို မေးတယ်တဲ့။ သူ့ နို့ဆီ အကုန်မြန်လို့တဲ့။ 🙄
အဲဒီ စလုံးမ စစ်တော့မှ တရားခံ က ကိုယ်!!
😳
အဲဒါ သူ့ကို ပြောတော့ “ထားလိုက်၊ သောက်ပါစေ။ ဘာမှ မပြောနဲ့ ဆိုလို့” … ခုထိ ဝယ်တဲ့သူက ၂ ဆ ပိုဝယ်ရသတပ်။ (အာ့တွေ ချစ်ရတာ)
:s:
အဲဒီ အချိန်ထိ……
အိမ်ဖျော် Coffee
ဆိုင်နှပ် Coffee
ရုံးက အလကားရတဲ့ Coffee တွေပဲ သောက်ဖူးသေးတယ်။
နောက်တော့ အပြင်သွားရင်း အစည်းအဝေးသွားရင်း ဘာရင်းးး Starbuck မှာ ထိုင်ဖြစ်ရော။
စလုံး မှန်ခန်း ကော်ဖီဆိုင် ခေါ်မပေါ့။
စ မှာကာစက ကိုယ်မမှာတတ်ဘူးဆိုလို့ သူမှာပေးမယ် ဘာသောက်မလဲ ဆိုတော့လည်း မပြောတတ်။
အဲဒါ နဲ့ မန်းလေးမှာ ကြားရုံပဲ ကြားဖူးခဲ့တဲ့ Cappuccino မှာလိုက်တာ။
ကော်ဖီလည်း မပါဘူး ဆိုပြီး ပြောမိလို့ အဟားခံရပါရောလားးး
😳
ဟုတ်တယ်လေ။ အမြှုပ်တွေက ၄ ပုံ ၃ ပုံလောက် ပါတာဟာကို။ :mrgreenn:
နောက်တော့မှ သူ အကြမ်းဖျဉ်းရှင်းပြတော့ မှ ဪ ဂလိုပါလားး ဆိုပြီး စာတွေလိုက်ဖတ်။ တစ်ခါသွား တစ်မျိုးသောက် စမ်းသပ်ရတော့တာပေါ့။
ခု ပြောမှာက အဲဒီ မှန်ခန်း ကော်ဖီဆိုင် ယဉ်ကျေးမှုထဲများ လိုက်ပါမယ်ဆိုရင် သိထားသင့်တဲ့ ကော်ဖီ အမျိုးအစား၊ အချိုးအစားလေးတွေ အကြောင်းပေါ့လေ။
Espresso ကို အခြေခံပြီး ဖျော်တဲ့ ကော်ဖီတွေပေါ့။
ခပ်ပါးပါးပဲ ပုတ်မှာပါ။ ထူထူရေးဖို့ စာဖတ်ရမှာ ပျင်းတယ်လေ။ :mrgreenn:
အဲဒီတော့ ပုံနဲ့ စာနဲ့ တွဲ ပြီးသွားတာပေါ့။
အဲဒါလေးတွေ မ စ ခင် အံစာတုံးလေးရဲ့ ကော်ဖီ ပို့(စ) လေး နဲ့ တွဲဖတ်ကြည့်ရင် အဆင်ပြေမယ်။
https://myanmargazette.net/192064
သူ က စ သွားတာမို့ ကျနော်က နောက်ကလိုက်ရုံပါပဲ။ (ကော်ဖီ အကြောင်း ပြောပါတယ်။) :mrgreenn:
1. ESPRESSO

အမှန်တော့ Espresso ဆိုတာလည်း ကော်ဖီ စေ့က နေ အမှုန့်အဖြစ် ပရက်ရှာပြင်းပြင်း နဲ့ ရေနွေး နည်းနည်းနဲ့ပဲ စပ်ထားတဲ့ ကော်ဖီ အပြင်းစားး၊ အပျစ်စားမျိုးလို့ ပြောရမှာပဲ။
တစ်ခြားနည်းနဲ့ ဖျော်ထားတဲ့ ကော်ဖီမျိုးထက် ပိုပြင်းပါတယ်။
အရမ်းပြင်းလွန်းအားကြီးလို့ ကျနော့ အတွက်တော့ ဒီ တစ်ငုံလောက်ကို ရှုံ့မဲ့ပြီးသောက်ရတာ။
အစာမရှိပဲ သောက်ရင်မူးလာရော။
(အဲလေ။ သောက်ချင်စရာကောင်းမပြောပဲ စိတ်ပျက်စရာကောင်းအောင် ပြောမိနေပြန်ပါပြီ။)
.
.
.
.
.
..
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
Espresso နဲ့ ကော်ဖီ ကွာခြားမှုလေး ဒီမှာ ကြည့်လိုက်နော်။

2. CAPPUCCINO

ကော်ဖီနံ့ ရတဲ့ အမြှုပ်တွေ ကို ကြိတ်မှိတ်သောက်ပြီး ခွက်အောက်ခြေလောက်ရောက်မှ ကော်ဖီ ရည်လေးကို တွေ့ရတာ။။
Espresso ၁ချိုးကို နို့ ၂ ချိုး အမြှုပ် ၂ ချိုး ပါလို့ စိမ့်ခါး အရသာ ဖြစ်ပါတယ်။
ကော်ဖီ ဆို မတ်ခွက်တစ်ခွက်လောက်မှ ဝတဲ့ ကေဇီ အတွက် အတော်ကို စိတ်မလာတဲ့ ကော်ဖီ။
ပုံဖော်တာလေးတွေတော့ ကြိုက်သားးး၊ အဲဒါ ပညာပဲ။ ခု သင်တန်းတက်မို့ စုံစမ်းထားတယ်။
3. AMERICANO

ဒါပေမဲ့ အကုန်မမြန်ချင်ဘူး ဆို Americano ကို သောက်တဲ့။
Espresso တစ်ချိုး ကို ရေ ၂ ချိုးနဲ့ ရောထားတာမို့ ကေဇီကတော့ ဝေါင်ဝေါင်ရှေးးး
4. CAFE LATTE

ဒါလေးပဲ သောက်တယ်။ ကိုယ့် အကြိုက် မချိုပေမဲ့ မခါးဘူးးး
စိမ့်တဲ့ အရသာလေးရယ်၊ အမြှုပ်မများတာရယ်ကြောင့်။
Espresso ရဲ့ ၅ ဆ နို့ ထည့်ထားတာ။
(ဥပမာ- Espresso 60ml ဆို Milk 300ml)
အဲဒီ အချိုးမှာ နို့ အမြှုပ်က 2ml ပဲ ပါတယ်။ ။
ခိခိ။
5. MOCHA

Espresso နဲ့ ချောကလက် ဆတူရောပြီး အမြှုပ်က Espresso အချိုးရဲ့ တစ်ဝက် ထည့်ထားတာ။
ကျနော်ကြိုက်သလောက် မချိုတဲ့ အပြင် ချောကလက်ရဲ့ အပြင်းဒဏ်ပါ ခံစားရတယ်။
ဂယ်ပဲ၊။
6. MACCHIATO

ဒါကတော့ Espresso နဲ့ နို့ အမြှုပ်နဲ့ပဲ ပါတာဆိုတော့ လုံးဝ မသောက်တဲ့ ကော်ဖီမျိုးးး
နာမည် အလွတ်ကျက်ထားတယ်။ မမှာမိအောင်လို့။
7. CAFE NOISETTE

မသိဘူးး (Macchiato နဲ့ အမျိုးတော်မှတော့ Latte နဲ့ တော်တဲ့ အမျိုးလည်း စွန့်လွှတ်လိုက်မယ်)
Espresso ၁ ချိုး ဆို နို့ ပူပူ က အချိုးဝက်ထည့်ထားသတဲ့။ ဂစ်!!!
8. DOPPIO

အာ့ဆိုသောက်ပြီး ရင် အီစကလီ ၂ ဆ ဖြစ်မယ်လို့သာ သိလိုက်တော့။
Espresso One Shot တောင် မဟုတ်ဘူးး Two Shots တဲ့ အရပ်ကတို့။
10. RISTRETTO

ဥပမာ။
Espresso ကို ရေနွေး ဒီလောက် ပမာဏ နဲ့ 30ml ရအောင် ဖျော်ထားပေမဲ့ Ristretto ကိုတော့ ရေနွေး ဒီ ပမာဏနဲ့ပဲ 22ml ရအောင် ဖျော်ထားတာကို ပြောတာ။
ပို ပျစ် ဖြစ်တာပေါ့။
ဂိ။ သေဗျဇီ။
ပုံတွေကို ဒီ http://www.huffingtonpost.com/2013/09/17/coffee-drinks-espresso-explained_n_3935566.html က ယူပါတယ်။
ရောစပ် ဖျော်တဲ့ အချိုးကို ပုံနဲ့ ကြည့်ရင် ပိုလွယ်တယ်။ ဒီ အောက်က ပုံလေးတွေမှာကြည့်လိုက်နော်။


ကော်ဖီ အကြောင်း ရေးမိမှတော့ ဘရန်းဘက်ပါ ပုတ်လိုက်မယ် ဆိုပြီး လိုက်ရှာတော့ ဒီ လင့်(ခ) …
http://www.supr10.com/top-10-famous-coffee-brands-all-over-the-world/
http://www.listyoulike.com/2013/07/top-ten-famous-coffee-brands-in-world.html
၂ ခုလုံးက ပြောတဲ့ ….
ကော်ဖီ ဘရန်း ၁ဝ မျိုးးး…!!!!
တနားစရာ။ ကျနော် ၂ မျိုးပဲ သိတယ်။
1. Flogers
2. Maxwell House
3. Starbux
4. Flogers Café House
5. Boss Coffee
6. Millstone
7. Nescafe
8. Seattle’s Best
9. Eight’o’clock
10. Moccono











ကော်ဖီ ဆို နို့ဆီ ရော နို့စိမ်း ရောမှ သောက်တာဆိုတော့။
အဟိ။ :mrgreenn:
ခုချိန်ထိ လာမေးရင်တော့ မှန်ခန်းက ကော်ဖီထက် လမ်းဘေးဆိုင်က နှပ်ဖျော် ကော်ဖီကို ရွေးချယ်မှာပဲ။
:s:
တစ်ချို့တွေလိုတော့ ကော်ဖီထဲ ဝီစကီထည့်သောက် ပြီးတော့ ကော်ဖီကို နာမည်မဖျက်ချင်ပါဘူးလေ။
အဟွတ်!!!
:kwi:
ကိုဘက် အားကျပြီး အရောင်ကစားလိုက်တာ။ ကွကိုယ် မက်စိနောက်သွားဘီ။
:s:
99 comments
Kaung Kin Pyar
August 18, 2014 at 10:30 am
မဇီဇီရဲ့ထုံးစံအတိုင်း…အတော်စုံစုံလင်လင်လေးပါ….။ တချို့ကော်ဖီတွေဆို မကြားဖူးတာတွေလဲ ပါတယ်…။
Espresso ကိုတော့ ခုထိ သောက်မရနိုင်သေး….။ စမြင်ခါစက ကိုယ့်သောက်ပုံနဲ့ ခွက်သေးသေးလေးထဲ အရည်သေးသေးလေးပဲပါတဲ့ ဒင်းကို ဘယ်လိုမှ ကြည့်မရ..ငါလုပ်လိုက်ရ…တစ်ငုံစာမရှိဘူးတောင် တွေးမိသေးတယ်…။
လက်ဖက်ရည်အတွက်တော့ ဇော်ပိုင်ရဲ့မြို့အဝင်ညသီချင်းတွေကြားထဲ အဖေနဲ့ဆိုင်ကယ်ကိုယ်စီ စီးရင်း..သွားသောက်ခဲ့ရတဲ့ ကလေးမြို့ ညတွေကို လွမ်းတယ်….။ အဲ့တုန်းကတော့ ပေါ့ကျမှ…။
ခုတော့ မားသားတို့ကို ကန်တော့ပွဲလုပ်ထားတဲ့ထဲက ပြန်ရတဲ့ ကော်ဖီမှုန့်ဘူးဝိုင်းဝိုင်းလေး တစ်လုံးနဲ့ ဗျာများနေတယ်…။ သူက လှည့်ဖွင့်ဖို့ အရစ်မပါ၊ ဆွဲဖွင့်မှ ရလေတော့…ဘယ်လို တရုတ်ကားကြည့်ပြီးအတွင်းအားကျင့်ကျင့်..တခါတခါ အတော်တိုင်ပတ်ပါတယ်…။
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 11:52 am
ဟိဟိ။
တခါပဲ စမ်းသပ်သောက်ပြီး အော့ချင်အန်ချင်ဖြစ်သွားပြီးကတည်းက မ တို့ တော့တာ။
အဖြူတွေကတော့ မက်နှာမပျက် မက်မက်စက်စက် သောက်ကြတယ်။
ဟိ။
သူတို့ကို ချက်နို့ဆီ နဲ့ ကော်ဖီတိုက်ချင်တာ။
:k:
surmi
August 18, 2014 at 11:15 am
အရမ်းကြီးပြင်းတဲ့ ကော်ဖီမျိုးတော့မကြိုက်ဘူး
ကော်ဖီဆိုရင် ဘာဘာ ဘာမှမထဲ့ဘဲ ( နို့သကြား ) ဒီအတိုင်း ပေါ့ခါးခါး ပြင်းရှရှလေးဘဲကြိုက်တယ် ။
နို့ဆီ သကြားပါရင် ဘာဖြစ်ဖြစ်မကြိုက်တော့ဘူး
Mr. MarGa
August 18, 2014 at 11:43 am
သကြား ပါရင် ဘာဖြစ်ဖြစ် မကြိုက်တော့ဘူး တဲ့
ဒီ သိကြား မျက်နှာငယ်တယ်
ဗြဲ
😥
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 11:47 am
ချိုတာ မကြိုက်ဘူး ဆိုတော့ သများလည်း မက်နှာငယ်လိုက်တာ။
ဟိ။
မက်နှာ တေးတေးလေးပဲကျန်တော့တယ်။
:mrgreenn:
Mr. MarGa
August 18, 2014 at 11:24 am
ကော်ဖီ..
ကော်ဖီ..
ကျနော်တို့လိုလူတွေနဲ့တော့ ခွဲလို့မရဘူးရယ်
ကော်ဖီသောက်လိုက် ဟိုမွှေဒီမွှေ မွှေလိုက် နဲ့
ဘရန်းထဲကဆိုရင်တော့ ဂျီးဒေါ်သိတာထက် ပိုမသိကြောင်း ထပ်လောင်းပြောပါရစေ 🙂
လောလောဆယ်တော့ မိုးအေးအေးမှာ ကော်ဖီသောက်ရင်း စာဖတ်ချင်နေတယ်
(စိတ်ကူးပဲရှိတာပါ 🙁 )
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 11:53 am
ကော်ဖီ မစ် ထဲတော့ ပရီးမီးယား ပဲ ကြိုက်တယ်။
ဟိုလူဂျီးလည်း ဂလိုပဲ။
ကျန်တာ မကြိုက်.။
:k:
Mr. MarGa
August 18, 2014 at 12:30 pm
ပရီမီယာကို လွမ်းတယ်
(လောလောဆယ် ရုံးက နှပ်ကော်ဖီနဲ့ ငြိမ့်နေတယ် :mrgreenn: )
ပရီမီယာ သောက်တိုင်း ချစ်သုဝေလေး ဆိုတဲ့ ကြော်ငြာလေးကို အမြဲမြင်မိတယ်
coffee မှာ ဆို premier….. :mrgreenn:
P. S. ဒညင်းဝက် မမြင်ဇီရ :s:
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 12:38 pm
သူ က ဖွေးဖွေးဖြစ်သွားဘီ။
:s:
manawphyulay
August 18, 2014 at 11:54 am
ကော်ဖီကြိုက်တာချင်းတူတယ်။ မနောက ငယ်ငယ်ထဲက ကော်ဖီဆို အသေကြိုက်ပဲ။ ဖေဖေနဲ့လက်ဖက်ရည်ဆိုင် လိုက်သွားတိုင်း လက်ဖက်ရည် အောက်ခံပန်းကန်ပြားထဲပြီး မှုတ်တိုက်တာကို သတိရမိတယ်။ နောက်ပိုင်းကျတော့ ကော်ဖီရဲ့အရသာကို လျှာက မြည်းစမ်းတတ်လာတယ်။ ကော်ဖီတိုင်းမသောက်ဘူး။ ရွေးလာတယ်။ အရင်ကတော့ ပုံမှန်ဘန်းကဖီး သောက်တယ်။ ဆိုင်တွေမှာလည်း တဖြည်းဖြည်း ရှားလာတော့ သောက်ဖို့ ရွေးရတော့တယ်။ အရမ်းခါးမှ သောက်တတ်တဲ့ မနောတစ်ယောက် လက်ဖက်ဆိုင်ထိုင်တိုင်း ချစ်ကောင်းလို့ သူတို့ဘာသာ ပြောပြီး လာချပေးတာ စားပွဲထိုးတွေတောင် သိနေကြပြီလေ…
ကော်ဖီသောက်တိုင်း လွမ်းနေပေးနော်….
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 11:59 am
အို။

အဲဒါဆို ကော်ဖီသောက်တိုင်း လွမ်းမယ်နော်။
:s:
သများက ချစ်ကောင်းကိုသာကြိုက်တာ။
ကော်ဖီ ခါးခါးကို မကြိုက်ဘူးးး
တောသူမ မို့ ကော်ဖီ ချိုချိုလေးမှ။
မဟာရာဇာ အံစာတုံး
August 18, 2014 at 1:17 pm
အဲ့ဒီ ကော်ဖီတွေပေါ့ဗျာ …
အမေ က မသောက်ပါနဲ့လို့ လှမ်းလှမ်း မှာနေတာ …
ဒါကြောင့် … ရွာပြန်ရင် အမေ မသိအောင် ကော်ဖီကို ခိုးခိုးပြီး သောက်ရသေးတယ် …
ဘာပုလို့လဲ ဆိုဒေါ့ ..
ကျော်က ကော်ဖီ အရမ်း ကြိုက်တာကိုး ခည ..
ဘယ်လောက်ထိ ကြိုက်သလဲ ဆိုရင် တစ်နေ့ ၃ ခွက်လောက် ပုံမှန်သောက်ပြီး …
တစ်ခါတစ်ခါ စိတ်ရှိရင် တစ်ထိုင်တည်း ၃ ၄ ခွက်လောက် မော့ပလိုက်တာ …. (ရေနွေးကြမ်း ပန်းကန်လုံးနဲ့ ပြောပါတယ်) :mrgreenn:
မမဂျီး ပြောတဲ့ ကော်ဖီ ဘရန်းတွေထဲမှာတော့ နက်စ် ပဲ သိဒယ် …
ကျန်ဒါဒွေ သိဘူးရယ် …
ဟို အပေါ်က အမြှုပ်ထားတဲ့ ဟာတွေကတော့ တစ်ခုမှ ကြိုက်ဘူး …
ပြီးတော့ .. ဆိုင်ဖျော် နှပ်ကော် ကလည်း ကောင်းတဲ့ဆိုင်မှ သောက်ကောင်းတာ …
မကောင်းတဲ့ ဆိုင်မှာ သောက်မိရင် အရသာ ပျက်ထွက်သွားပါလေရော …
စကားမစပ် … ပလိန်း ကော်ဖီ တွေထက် နှပ်ကော် ကတော့
အရသာ တစ်မျိုးလေး ထူးသဗျ ….
ညန်မာပြည်မှာ ရောင်တဲ့ ကော်ဖီတွေ ထဲမှာတော့
ပလီမီယာ 2+1, 3 in 1, စူပါ၊ နက်စ် .. ဒီသုံးမျိုးပဲ သောက်လို့ ရတယ် …
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 1:24 pm
မြန်မာ ပြည် က ကော်ဖီမစ် စာရင်းလေး လုပ်ပေးပါလားး
:s:
ကော်ဖီ က တစ်ရက် ၂ ခွက်ထက် များတာ မကောင်းဘူးကွဲ့။
၂လုံး တုန်တတ်တယ်။
ဟိ။ :mrgreenn:
နိရော ဖီဖီထဲ ဝီထည့်သောက်သေးလားးး
:k:
မဟာရာဇာ အံစာတုံး
August 18, 2014 at 1:36 pm
ဖီဖီ ထဲ ဝီ ထည့်တောက်ဖူးသေးဘူး …
မမဂျီး ပို့စ်ကို ဖတ်ပီးမှ အိုက်ဒီ အိုင်ဒီယာကို မြင်တွားဒါ ..
ဒီဂမှာက တိဒဲ့ အတိုင်းဘဲ ..
ဟိုဟာနဲ့ ဒီဟာနဲ့ တွဲစားရင်တောင်မှ ဂန့်တွားမလား စိုးရိမ်နေရဒါ ..
ဒါဂျောင့် …
ပီးမှ စမ်းကျိအုံးမယ် ….
ညန်မာပီက ကော်ဖီ စာရင်းလေး လုပ်ဖို့ လေ့လာလိုက်အုံးမယ် …
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 2:07 pm
နိ သာ မသောက်ဖူးတယ်။
သူများတွေ ဂလို သောက်ကုန်ကြပြီ။
:kwi:
နာ့ မောင်လေးက လိမ္မာတယ် မသောက်နဲ့။
:s:
ကော်ဖီ မစ်စာရင်းလေး ပြီးရင် လာပို့ပေးနော်။
မဟာရာဇာ အံစာတုံး
August 19, 2014 at 1:49 am
မမဂျီးရေ …
တွေ့မိသလောက် ကော်ဖီစာရင်းလေးပဲ ရေးလိုက်ဒယ်နော် …
အိုက်ဒါ .. မပါသေးတာတွေ ရှိလည်း ထပ်ထည့်လိုက်ပေါ့ဂျာ …
ကော်ဖီဆို Java ဆိုပီး ကလေးတွေ ကြော်ငြာတာ ကြားဖူးတဲ့ ကော်ဖီတစ်မျိုးလည်း ရှိဒေးဒယ် …
ပီးတော့ .. ထိုင်းက ဝင်လာတဲ့ Birdy ဆိုတာလည်း ရှိတယ် ..
အဲ့ဒါတော့ ကော်ဖီ ဟုတ်ပါဘူး …
စကားမစပ် …
ကျုပ်က အဲ့ဒီ Birdy သောက်ရင်လေ .. အီး အရမ်း ပေါက်တာ … ခိခိ
:mrgreenn:
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 8:40 am
အာ့တွေ
အာ့တွေ
နာ့ မောင်ငေးး ကို ချစ်ရတာ။
ကျေးကျေးးး အလော့(ထ)
:s:
လုံမလေးမွန်မွန်
August 20, 2014 at 1:16 pm
Sunday coffee ကျန်တေးဒယ်..
pooch
August 18, 2014 at 1:36 pm
latte က ဖေးဘရိတ်
ဒါပေမဲ့ တခါတလေ Espresso သောက်ပြီး တညလုံး မျက်လုံးကြောင်တာမျိုးလည်း ရှိတယ်
နှပ်ကော်ဖီကြိုက်တယ်
မေမြို့က pop pop coffee ကောင်းတယ် ။
လောလောဆယ် အလွယ်ကြိုက်လို့ ပရီမီယာ 2 plus 1 နှပ်သောက်တယ်
ပရီမီယာက ထုတ်တဲ့ CAPPUCCINO လည်း ကောင်းတယ်
ပြောလို့ ပြောတာ မဟုတ်ဖူး
ပရီမီယာက ထုတ်တဲ့ ကော်ဖီတွေက မဆိုးဘူး
Maccono လည်း ဆိုးတော့မဆိုးပါဘူး။
ကော်ဖီဆိုင်က ထိုင်တာများရင် အကျင့်ပါတယ်။
ဘော်ဒါတွေဆုံရင် ပိုဆိုးတယ်။
တခါတလေကျတော့ လွမ်းချင်လို့ကို တယောက်ထဲ နားအေး ပါးအေး ထိုင်ပြီးကို ငိုင်နေပလိုက်တယ်။
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 2:11 pm
သများအတွက်တော့ ကော်ဖီဆိုင်က ဘာ အတွက် မှ ထိုင်လို့ မကောင်းဘူးး :mrgreenn:
၁) ဈေးကြီးတယ်။ :mrgreenn:
၂) ဟိုငေး ဒီ ငမ်း လုပ်လို့ ရဝူးး :mrgreenn:
၃) ကြိုက်တဲ့ ကော်ဖီ အရသာ မရဘူးး :mrgreenn:
၄) တစ်ယောက်တည်း ဘယ်တော့မှ ငြိမ်ငြိမ် ထိုင်မနေနိုင်လို့ ကိုယ်လည်း ဆူ ပတ်ဝန်းကျင်လည်း ဆူ တာမျိုးကို သဘောကျတယ်။ :mrgreenn:
ဟီးဟီးးး
weiwei
August 18, 2014 at 1:43 pm
ကော်ဖီကတော့ ကြိုက်တဲ့အစားအစာထဲမှာပါတယ် .. တစ်နေ့မှာ အနဲဆုံး တစ်ခွက်လောက်တော့ သောက်ရမှနေသာထိုင်သာရှိသလိုမျိုး …
အခုတလော ကျန်းမာရေးအတွက်ဆိုပြီး CEO ကော်ဖီကို သောက်ဖြစ်နေတယ် ..
မြန်မာပြည်မှာ ကော်ဖီဘရန်းတွေက ဝယ်ချင်တိုင်းဝယ်လို့မရဘူး … nestle ကလဲ မြန်မာပြည်ကို တင်သွင်းတဲ့အရည်အသွေးက အတော်ညံ့ပါတယ် ..
စီးတီးမတ်မှာ ရနိုင်တဲ့အထဲက Davidoff ဘရန်းကို အမြဲသောက်ဖြစ်တယ် … အရသာ မဆိုးဘူး .. ကော်ဖီမိတ်ထည့်ပြီး သကြားကိုတော့ ပါတယ်ဆိုရုံလေးပဲ ထည့်သောက်တယ် ..
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 2:00 pm
အဟီးး
ဟုတ်တယ်။
နက်(စ) ကလည်း ကွာလတီကွာသဗျ။
အနော်တို့ဆီကို သွင်းတဲ့ ပစ္စည်းတိုင်း ကွာလတီ ညံ့နေတာ ဘာလို့တုန်းမသိ။ 🙄
ဒေးဗီးဒေါ့ က ရေမွှေးဘရန်း။
ဟီးဟီးး :mrgreenn:
ဘယ်နှယ် ကော်ဖီ မစ် ဖြစ်သွားပြီ။
ခု ကော်ဖီမစ် လည်းဖြတ်လိုက်ပြီ။
ကော်ဖီ အစစ်နဲ့ပဲ ရင်တုန်ခံတော့တယ်။
:k:
weiwei
August 18, 2014 at 2:08 pm
ကော်ဖီမစ် မဟုတ်ဘူး .. ကော်ဖီမှုန့် ..
ပုလင်းပိန်ရှည်ရှည်နဲ့ အရသာမျိုးစုံအတွက် ထုတ်ထားတယ် ..
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 2:13 pm
ဟင်?
ဟုတ်လားး
ဒီ ခါပြန်မှ စမ်းကြည့်ဦးမှ။
ကော်ဖီ မှုန့် ဆိုတိုင်း မေမြို့ကပဲ မှာနေရတာ မလွယ်ဘူးးး
:mrgreenn:
weiwei
August 18, 2014 at 2:21 pm
ဒီတစ်ခါလဲ ထပ်လွဲပြန်ပြီ ဇီဇီ ..
အဲဒီကော်ဖီက နိုင်ငံခြားဖြစ် .. ဂျာမဏီက ထုတ်တာ ..
Coffee Sommilier’s MASTERPIECE ..
ရန်ကုန်မှာ ဒီဘရန်းက ဈေးနှုန်းအသင့်အတင့်နဲ့ သောက်လို့ကောင်းလို့ ..
nestle ထက်တော့ ဈေးကြီးတယ် ..
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 2:25 pm
ဟုတ်။
ကျနော်က ကော်ဖီမှုန့် ဆို မေမြို့က မှာသောက်တာ။
မန်းလေးမှာဆို အိုကေတယ်။
ရန်ကုန်မှာဆို မေမြို့ကထိ မှာနေရင် မအိုကေလို့ ဝေ တို့ သောက်လို့ကောင်းတယ် ဆိုရင် စီးတီးမတ်မှာ အဲဒီ တံဆိပ် သွားရှာမယ် လို့ ပြောတာ၊.
၊ဟိဟိ။
:mrgreenn:
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 2:33 pm
https://www.google.com.sg/search?q=davidoff+coffee&source=lnms&tbm=isch&sa=X&ei=0LLxU-q3J5ahugTmmYGwDA&sqi=2&ved=0CAYQ_AUoAQ&biw=1481&bih=303#facrc=_&imgdii=_&imgrc=Gm8EE_Ox8tgeFM%253A%3BduZLtADiJH0YzM%3Bhttp%253A%252F%252Fwww.hansa.com.sg%252FImages%252FDavidoff%252FDavidoff%252520Instant%252520Coffee1.jpg%3Bhttp%253A%252F%252Fwww.hansa.com.sg%252Fcoffee_davidoff.html%3B929%3B619
တွေ့ပြီ ဝေ ရေ
နက် (စ) လို အကုန်ပျော်ဝင် အမှုန့်မျိုးပဲ ထင်တယ်။
ကော်ဖီမှုန့် အစစ် ဘူးရော ရှိလားဟင်?
weiwei
August 18, 2014 at 3:13 pm
ကော်ဖီမှုန့်အစစ်တွေက ကြာကြာမခံဘူး .. အနံ့ပျယ်သွားတတ်တယ် .. ကော်ဖီစေ့ဝယ်ထားပြီး ကြိတ်ပြီး ကော်ဖီမိတ်ကာနဲ့ ဖျော်မှ အစစ်ရမယ်ထင်တယ် ..
အလုပ်ရှုပ်လွန်းလို့ အကုန်ပျော်သွားတဲ့ကော်ဖီကိုပဲ သောက်လိုက်တော့တယ် …
kyeemite
August 18, 2014 at 1:45 pm
ရုံးမှာတော့ ကော်ဖီကော်နာ ဆိုပြီး အမှုံကို နှပ်ထားပေးတယ်..နို့မှုံ့ပုလင်းနဲ့ သကြားပုလင်းထားပေးတယ်..
ကိုယ့်စိတ်ကြိုက်ဖျော်သောက်ကြပေါ့…ကျုပ်ကတော့ သောက်ဖူး..ကော်ဖီမစ်ထုတ်ပဲကြိုက်တယ်
ကော်ဖီ မစ် ထဲတော့ ပရီးမီးယား ပဲ ကြိုက်တယ်။အဲ့ပရီးမီးယားအနီရောင်မထုတ်ကို နိဖျော်သောက်မှ
ခံတွင်းတွေ့သဗျ… ကြုံလို့ပြောရရင် ကျုပ်လည်း အိုးပင်း လဘက်ရည်ဆိုင်ပဲကြိုက်တယ်..ဒါမှ လမ်းသွားလမ်းလာလေးတွေ ကိုလည်း မျက်စေ့ စားပွဲထိုင်ရလို့ ခိခိ :k:
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 2:05 pm
ခိခိ။
ကွကိုယ် ဖျော်ပြီး ကောင်းလိုက်မကောင်းလိုက် လက်ရာကို ပိုစိတ်ဝင်စားတယ်။
:mrgreenn:
ဘွမှာ ရှားရှားပါးပါးးး ဖျော်ပေးစေချင်တဲ့သူက ဖျော်ပေးတဲ့ ကော်ဖီ လက်ရာ ၂ ခါ သောက်ဖူးခဲ့တယ်။
တစ်ခွက် နဲ့ တစ်ခွက် ၅ နှစ်ခြားပြီး သောက်ခဲ့ရတာ။
အဟွတ်!!
:k:
kyeemite
August 18, 2014 at 3:23 pm
ဒီကလေးမ အတော်ချောင်းဆိုးနေပလား…ဟဲ့ချောင်း :k:
တစ်ချို့တွေလိုတော့ ကော်ဖီထဲ ဝီစကီထည့်သောက် ပြီးတော့ ကော်ဖီကို နာမည်မဖျက်ချင်ပါဘူးလေ။
-ဘူ့ပြောတာလည်းငင်…ခိခိ…ဟိုကုလားလေးမှတ်တယ်
-ပေါက်ကရလုပ်တာသူနာမည်ကြီး အဟွတ်!! :k: နာပါချောင်းတွေဆိုးနေပီ…ကူးတာမြန်ချက်
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 4:06 pm
ကျန်းးး

မိုက်မိုက် တစ်ယောက် ကိုယ်ခံအားမကောင်းဝူးး
သများ ဂေါက်တာလည်း ကူးး
ဂု ချောင်းဆိုးလည်း ကူးသွားပြီ။
ဟုတ်တယ်။
သူပဲ။ :mrgreenn:
myat pearl phyu
August 18, 2014 at 1:56 pm
LATTE, LATTE ဘယ်သူတိုက်မှာလဲ … သောက်ချင်ရို့ …ခ်ခ် 😛
post ရေးတဲ့ မမချွိ ပဲ အပူကပ်တော့မယ်… 😀
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 2:01 pm
တိုက်မယ်။
တိုက်မယ်။
ပိုက်ပိုက် ယူခဲ့။
မမချွိ နဲ့ သွားသောက်မယ်။
:s:
myat pearl phyu
August 18, 2014 at 2:08 pm
:hee:
myat pearl phyu
August 18, 2014 at 2:11 pm
ရှယ်သွားပီ …သများကိုပြပီး ..တိုက်ခိုင်းမယ်…ဟွင့် .. 😉
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 2:16 pm
သများလည်း လိုက်မယ်နော်။ 😉
.
.
သူများကို ဒကာခံ ခိုင်းလိုက်။ 😉
Ko chogyi
August 18, 2014 at 2:38 pm
လက်ဖက်ရည်ကော်ဖီဘာမှမကြိုက် ဆိုင်ထိုင်ရင်
ချသမျှမုန့်အကုန်စားလို
လက်ဖက်ရည်ဆိုင်သွားရင် ဘယ်သူငယ်ချင်းကမှမခေါ်
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 2:45 pm
ဂလိုလားးး
အာ့ ဆို သများ လာရင် ခေါ်ပါ့မယ်။
သများ လက်ဖက်ရည်ဖိုးလေး ကော်ဖီဖိုးလေးသာ ရှင်းပေးပါ။
:k:
ကန္နားစီး မိဂီ
August 18, 2014 at 3:28 pm
တကမာ္ဘလုံး သောက်ဖို့ရာ ကော်ဖီ အလုံအလောက်ရှိရင် စစ်မဖြစ်ဖူး ဆို….
ဘယ်သူပြောခဲ့တာလည်းမသိ…မယုံပေါင်
သေချာတာတော့ .. သူလည်း ကော်ဖီအသောက်များပီး လွတ်နေတာထင့်..
ခီညားလည်း သတိထားပါ ဂျီးတော်
:s:
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 4:05 pm
ကြားဖူးဘူးးး
Given enough coffee, I could rule the world! ဆိုတာပဲ ကြားဖူးတယ်။
:k:
Crystalline
August 18, 2014 at 3:41 pm
ကော်ဖီတွေ လက်ဖက်ရည်တွေ ပုံမှန်သောက်လေ့မရှိဘူး.. လက်ဖက်ရည်ကမှ မနက်ဘရိတ်ဖတ်စ်အပြင်မှာစားဖြစ်ရင် သောက်ဖြစ်တယ်.. ကောက်ဖီကတော့ မသောက်ဖြစ် . ကော်ဖီသောက်ဖြစ်တာဆိုလို့.. အီတလီကအစ်မပြန်လာရင်.. ကေဇီ့ထဲက ၉..၁ဝလောက်ဖြစ်မယ်ထင်တယ်.. ကော်ဖီမကြိုက်သူက အဲ့ဒါတော့အသေကြိုက်.. လက်သီးဆုတ်သာသာအိုးလေးထဲ ကော်ဖီမှုန့်ထည့်နှပ်.. ကော်ဖီမိတ်နဲ့ပဲဖျော်တာ.. ခါးဆိမ့်ပြီး စွဲနေရော.. :)) အစ်မဝမ်းကွဲတစ်ယောက်ဖျော်တဲ့ကော်ဖီလည်းကြိုက်တယ်.. သူက နက်စ်..ဘဲန်းကဖီမစ်စ်နဲ့ နွားနိုရောဖျော်တာ သူ့အိမ်သွားလည်မှသောက်ဖြစ်တော့ မသောက်ရတာ ၅နှစ်လောက်ရှိပြီ :mrgreenn: ဒီမှာရှိတဲ့ကော်ဖီမစ်တွေတော့မသောက်ဖြစ်ဘူး.. ဒီက နက်စ်က ယိုးဒယားလာတယ်ဆိုပြီး ဘန်ကောက်က နက်စ်မစ်က ၁ဝဆပိုကောင်းတယ်.. စင်ကာပူကမစ်စ်က ၁၃ဆလောက်ပိုကောင်းနေတာတော့ သတိထားမိတယ်.. တော်တော်ခံပြင်းစရာပဲ.. ဘာလို့ အဲ့လို ကွာလတီတွေခွဲပို့လဲမသိ.. သွားတိုက်ဆေး..ငံပြာရည်က အစ.. :((
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 4:02 pm
ကွာလတီ ခွဲပို့တာတော့ အမိမဲ့သား ရေနည်းငါး ဘွတွေ ဆိုတော့ သည်းခံရပေဦးမပေါ့။
ခိုနီတွေကတော့ ဒီ ဒုက္ခ မခံရတော့ အော်ရင် အော်တဲ့သူပဲ လာ အပြစ်တင်ကြတယ်။
:a:
ခုတော့ ကော်ဖီစေ့ကိုကြိတ်ပြီး သောက်နေတာ ၃ နှစ်လောက် ရှိပြီ။
တစ်ခွက် ဆို ရင်မတုန်ဘူးး
ခု အသက်မှာ ၂ ခွက်ထက် ပိုသောက်လို့ မရဘူးး
ရင်ခုန်တယ်။ ခိ
:s:
ကထူးဆန်း
August 18, 2014 at 4:09 pm
မြန်မာပြည်က ကော်ဖီမှုန့်တွေလည်း အဆင့်အတန်းမှီလာပါပြီနော် … အဲ့ဒါက တစ်ခု
နောက်တစ်ခုကတော့ cnn report မှာ တွေ့လိုက်တာ .. အသဲ တော်တော ်နာသွားတယ် ..
..
.. ကော်ဖီ တစ်ခွက် ရဲ့ အရင်းက 10 cent ဘဲ ကျတယ်တဲ့ … အဲ့ဒါကို ဆိုင်တွေက USD 3 လောက်နဲ့ ရောင်းနေတာ တဲ့ …
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 4:14 pm
ငင်။
ဆိုင်နေရာတွေ စက်ဖိုးတွေ ဘယ်နားမှာ တွက်လိုက်တာတုန်း မသိဝူးးး 🙄
မကလောက်ပါဘူး ထင်ပါတယ်။ 🙄
ခု သင်တန်းတက်ဖို့ စုံစမ်းတာတောင် ၄ ပတ် ကို စလုံးဒေါ်လှ ၁၈ဝ တဲ့။
အဲ ဒီ စက်တွေ မြင်ပြီး စိတ်ညစ်သွားတာ။
ကော်ဖီစေ့ကို ထိန်းသိမ်းတဲ့ဟာတွေရော ဘာရော၊ ရှင်းပြတာပဲ၊ မူးပြီး ဘာမှ မမှတ်နိုင်လို့ တိုက်တဲ့ ကော်ဖီသောက်ပြီး ပြန်လာတာ။
:k:
ဟုတ်တယ်။
မြန်မာပြည် ကော်ဖီမှုန့်က စစ်မှီတယ်။
ဝေပြောသလို ကြာရင် အနံ့ပျောက်သွားတာလေး တစ်ခုပဲ။
:a:
ကထူးဆန်း
August 19, 2014 at 8:44 am
ဆောရီး ဇီဇီ ….ကော်ဖီမှုန့် ကိုသာ ပြောကြောင်းပါ .. ကော်ဖီ တစ်အောင်စ မှာ ဘယ်နှစ်ဒေါ်လာ ။ တစ်အောင်စ ကို ဘယ်နှစ်ခွက်ထွက်တယ် ..ဒါကြောင့် တစ်ခွက်ဆိုရင် ကော်ဖီမှုန့်ဖိုးက ၁ဝ cent ဘဲ ရှိပါတယ် ဆိုပြီး တွက်ပြသွားတာပါ ..
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 8:46 am
အဲလာ ဆိုရင်တော့ ဟုတ်မှာ။
🙂
သူတို့ က အလေအလွင့်တွေပါ တွက်သေးတယ်ဗျ။
ဟိဟိ။
စာအုပ်ပါလာတယ်။
နောက်မှ ဖြေးဖြေးဖတ်ပြီး ပွါးဦးမယ်။
:k:
Foreign Resident
August 20, 2014 at 5:13 pm
ဇီဇီ ခင်ဇော် (15102012) says:
” ခု သင်တန်းတက်ဖို့ စုံစမ်းတာတောင်
၄ ပတ် ကို စလုံးဒေါ်လှ ၁၈ဝ တဲ့။ ”
ဒါလေးများ ၊ ပါးပါးလေးပါ ။
အမျိုးတစ်ယောက် ဩဇီမှာ ကော်ဖီဆိုင် Franchise ဖွင့်မလို့ဟာ ၊
ဆိုင်ရှင် အတွက် ” Gloria Jeans ” ကော်ဖီမျိုးစုံ ဖျော်နည်း သင်တန်းက ၊
ဒေါ်လှ ၈၀၀၀-၁၀၀၀ဝ လောက်ပေးတက်ရသကွဲ့ ။
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 7:09 pm
ဟင့်!!
အပျော် သင်တာ ဂလောက်တော့ ပေးးချင်ဘူးး
:kwi:
ဦးကျောက်ခဲ
August 18, 2014 at 4:17 pm
ကော်ဖီကတော့ အလွန်ကြိုက်… ဘယ်လိုပုံစံနဲ့လာလာဒေါင်းတယ်…
ဒါပေသည့် ဟို ကြောင်အင်အင်းကော်ဖီတော့ Noooooo…. ပါ
အရင်က တနေ့ ဘယ်နှစ်ခွက်မှန်းမသိအောင် သောက်ခဲ့ပေမယ့်…
အခုတော့ မနက် နေ့လည် ည ၃ခွက်ပဲ နို့နဲ့သောက်ခွင့်ရတော့တယ်…အဟီးရွှတ်ဖတ်
😥
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 6:17 pm
ငင်၊
သုံးးးး ခွက်???
များးသေးးးတယ်တော့
:a:
zarzarhtwe
August 18, 2014 at 7:33 pm
ကျမတော့ Espresso ထဲကို mint syrup နဲနဲထည့်ပြီး ပူနေတုံးသောက်ရတာကို
အကြိုက်ဆုံးပဲ။ ပူရှိန်းရှိန်း ခါးသက်သက်လေးပေါ့။
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 8:08 pm
အဟင့်။
Espresso ပါရင်ကို လန့်တာ မဇာရဲ့။
အနော်က အခါးမကြိုက်ဘူးးး
အာ့ကြောင့် သည်းခြေမကောင်းဘူးး ဟီးဟီးးး
:k:
Iris
August 18, 2014 at 8:51 pm
Espresso ကိုခုထိမသောက်ဖူးသေးဘူး။ အရင်အလုပ်က အီတလီသား ဆက်သွယ်ရေး ပစည်းရောင်းတဲ့ မန်နေဂျာ နဲ့ အလာပ သလာပ ပြောရင်း သူက espresso သိပ်ကြိုက်တဲ့အကြောင်းရယ် အဲ့ကော်ဖီမသောက်ရရင် သူနေ့ရက်တွေ မပြည့်စုံဘူးဆိုတော့ကာ တော်တော်ကောင်းမဲ့ကော်ဖီလို့ထင်ထားတာ။ တနေ့တော့စမ်းသောက်ကြည့်မယ်ပေါ့။ တနေ့အသိတစ်ယောက်က tcc မှာကော်ဖီတိုက်မယ်ဆိုတော့….ဘာသောက်မလဲမေးတယ်…. ခပ်တည်တည်နဲ့ Espresso လို့ပြောလိုက်တာ မျက်လုံပြူးပြီးကြည့်ပါလေရော။ ဘာအရာသာမှန်းမသိဘဲမှာလိုက်တာ။ waiter လေးကလည်း ဖြစ်ပါမလားတဲ့ အရမ်းခါးတယ်တဲ့။ ဖြစ်ပါ့မလားမေးတဲ့သူ့ပုံက မသောက်နိုင်ပါဘူးဆိုတဲ့ပုံစံဆိုတော။ အင်း နင်တို့ဆိုင်က signature ကော်ဖီသာပေးပါတော့ဆိုပြီး လက်လျှော့လိုက်ရတယ်။ အခုထိမသောက်ဖူးသေးဘူး ရုံးပိတ်ရက်မှသွားစမ်းသောက်ကြည့်ဦးမယ်။
Starbuck မှာကျောက်ချထိုင်ပြီး စာလုပ်တဲ့သူတွေကိုကြည့်မရဘူး စာကြည့်တိုက်မသွားပဲ ဆိုင်မှာတနေကုန်ထိုင်။ တကယ်သောက်ချင်တဲ့သူတွေကနေရာမရှိလို့မသောက်ရ။ ဖက်ရှင်တစ်ခုလို လုပ်နေကြတာ။
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 8:39 am
ဟီးဟီးးး :mrgreenn:
မစမ်းခင် နို့ရယ် သကြားရယ် သပ်သပ်မှာထားး
အရင် တို့ကြည့်!!
မသောက်နိုင်ရင် နို့ရယ် သကြားရယ်ထည့်ပြီးမှ ဆက်သောက်။
:k:
ကထူးဆန်း
August 19, 2014 at 8:56 am
ဟိ ဟိ ..
အဲ့ဒီ ့ espresso ကြီး မှတ်မှတ်ရရ စသောက်ဖူးတာ အီတလီ ဗင်းနစ်မှာ ..
Iris ပြောသလိုဘဲ ဘာမှန်းမသိ .. ဆိုင်မှာခပ်တည်တည် မှာလိုက်တာ .. လာတော့ ခွက်သေးသေးလေး … သူတို့ကတော့ နို့ကော သကြားကော ချပေးထားတော့ ဘာမသိညာမသိ နို့လေးနဲနဲရော သကြားလေး ရောပြီး သောက်တာပေါ့ .. စိတ်ထဲတော့ တန်လဲ မတန်ဘူးလို့ ..
ငီးငီး .. တစ်ခါထဲမှတ်သွားတယ် .. နောက်ထပ် နို့တွေ သကြားတွေထည့်လို့ ရသလောက်ထည့်လဲ ခွက် ကသေးသေးလိုဆိုတော့ အခါးက မပျောက် .. မသောက်နိုင်ဘဲ ထားပြစ်ခဲ့ရတယ် ..
အဲ့ဒီ့တုန်းက ကော်ဖီ မကြိုက်သေးဘူး … ခုတော့ .. အေးဆေးဘဲ ..
ကော်ဖီဆို သကြား နို့ ဘာမှ မထည့် …ကော်ဖီစစ်စစ်မှ .. ကိုယ့်ရှေ့ကြိတ်ပေးတဲ့ ကော်ဖီမှုန့် ဘဲ ဝယ်ထားတယ်..
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 8:58 am
အဟီးဟီးးး

အဲဒါ ဆို အဖော်ရှိပြီ။
Iris
August 19, 2014 at 5:51 pm
ဟီး ဒါဆို မီးမီး ကံကောင်းသွားတာပေါ့။ ပြင်ဦးလွင် သွားလည်တုန်းက ကိုယ့်ရှေ့မှာ လာပြီးကြိတ်ပေးဖျော်ပေးတဲ့ ကော်ဖီသောက်ဖူးတယ်။ တကယ်သဘောကျတယ်။ အဲ့ဆိုင်လေးကချစ်စရာလေး။ ဆိုင်ရှင်အစ်မ က ပန်းပင်တွေရောင်းတယ်။ ပန်းအိုးသေးသေးလေးတစ်လုံးတောင်ဝယ်ပြီး ဒီအထိသယ်လာတာ။ သူ့ပန်းပင်တွေက အစစ်နဲ့အတုခွဲဖို့တော်တေ်ာ်ခက်အောင်လက်ရာသေသပ်လွန်းတယ်။ ဂျပန်မှာ သင်လာတယ်ဆိုလား။ ပြောပါတယ် ပညာ က စကားပြောပါတယ်လို့။ 😀
အလင်းဆက်(24/05/2011)
August 19, 2014 at 8:45 am
ကျနော်လည်း ကော်ကော် ဂလုလေ့ရှိပါတယ်
ဂလုစ်
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 8:47 am
ဖွေးဖွေးနဲ့ လားး
ကျောက်စိမ်း တိန်ညင်
August 19, 2014 at 11:07 am
အခု နာမည်ကြီးနေတဲ့ CGTW ဆိုလား အဲ့ကော်ဖီ သောက်ချင် နေလေရဲ့ …. သူက ၄ အင် ၁ တဲ့ သဂျီးတို့ အမေရီးကါးမှာဆို တခွက်ကို ၁၆ဒေါ်လာတဲ့ ဒါတောင် ၁ခွက်ရဖို့ ၁၅မိနစ် စောင့်ရတယ် ဆိုလားပဲ
အခု တော်တော် လူကြိုက်များလာပီ ပြောတယ် နာမည်ကြီး ပဲရစ်ဟေလ်တန်တို့ ဘီယွေးစေးတို့ ဂျပ်စတင်ဘီဘရ်တို့တောင် တရက်ကို ၃ခွက်လောက် သောက်ကျတယ်တဲ့
သူ့ အချိုးက ၃:၂:၃:၂ တဲ့
C 3grams
G 2grams
T 3grams
W ကတော့ 2ml
အဲ့ဒါတွေကို အချိုးကျရောပေါင်းပီး အရသာရှိတဲ့ အဆင့်မြင့် ကော်ဖီတခွက် ရပီပေါ့ ….
ဆိုတော့ ဒေါ်ဇီဇီ အလွယ်မှတ်ရအောင် မြန်မာလို အခေါ်ကိုတော့ ….
“ကော်ဂေါ်တော်ဝီ” လို့မှတ်လိုက်ပါကွယ်
ကော်ဖီရယ် ၊ ဂေါ်ဖီရယ်၊ တော်ဖီ(ဇီး)ရယ်၊ ဝီစကီရယ်ကို အထက်မှာ ဖော်ပြထားတဲ့ အချိုးအစားအတိုင်း ဘလန်ဒါထဲ ရောမွှေကြိတ်လိုက်ရင် ရပီပေါ့
အသေးစိတ်သိချင်ရင်တော့ …
http://www.seinkyatsins.com မှာလေ့လာကြည့်ပေတော့
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 11:10 am
ကတောက်။

လင့် ကို အဟုတ်မှတ်လို့ သေချာမကြည့် သွားနှိပ်မိသေးးး
နာ ညည်းကို အဲလောက်ထိ ယုံစားမိတာပါအေရယ်။
မလဲစားပါနဲ့ (အဲလေ) မလှည့်စားပါနဲ့။
ကော်၊တော်၊ဝီ လောက် ဆို တော်ပါပြီ။ ဂေါ်ကြီးတော့ မထည့်ပါရစေနဲ့။
:mrgreenn:
ကျောက်စိမ်း တိန်ညင်
August 19, 2014 at 11:21 am
၈ လို့စတာ မွ မွ
အဲ …. အတည်ပြောရရင်တော့
ကော်ဖီကို ( အဓိကက ကဖိန်းဓာတ် ယူချင်တာ ) အရွက်တမျိုးမျိုးနဲ့ အရက်တမျိုးမျိုး ရောပီး Juice ပုံစံသောက်လို့ ရတာတော့ အမှန်
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 11:23 am
အရက်နဲ့ပဲ ရောပါမယ်ဟယ်။
ဘက်ဂျီ နဲ့တော့ မရောပါရစေနဲ့။
မမလို ကြက်သားလေးနဲ့ ရောတာတော့ စားချင်သားးး
:s:
မွသဲ ( 17082011 )
August 20, 2014 at 7:13 pm
အန်တီမမ ရဲ့ကြက်သားကော်ဖီကမိုက်ချက်။ သားတော်မောင်တောင်စွဲဒယ်
black chaw
August 19, 2014 at 11:50 am
ကော်ဖီ ဆိုရင် ကိုပါကြီးက ခါးခါးသောက်ပါတယ်။
ကျွန်တော်လည်း အရင်က ခါးခါး သောက်ပါတယ်။
နက်စ် ကဖီးကို နှပ်သောက်တာပေါ့။
နောက်တော့ အဆင်ပြေသလိုပဲ ကော်ဖီမစ်နဲ့ နှစ်ပါးသွားရတာပါပဲ။
ကော်ဖီမစ် စသောက်တော့ စူပါ ကို စွဲစွဲလန်းလန်း သောက်ဖြစ်တယ်။
နောက် တီဗီမှာ ကြော်ငြာတဲ့ ကော်ဖီအသစ် တွေ ပြောင်းသောက်ရင်း
အခု နောက်ဆုံး ဆန်းဒေးနဲ့ မြဲနေတာ အတော်ကြာပြီ။
ဆိုတော့ ဆိုင်ကြီးတွေမှာ ထိုင်ဖြစ်ရင် ကိုယ်သိတဲ့
ကက်ပချီနိုပဲ မှာဖြစ်တယ်။
နို့များများထည့်သောက်တာပေါ့။
သီချင်းသမားဆိုတော့ ကော်ဖီ ပါ တဲ့ သီချင်းတွေ လျှောက်စဉ်းစားဖြစ်တယ်ဗျ။
ကော်ဖီဆိုရင် ခါးခါးသောက်မိတယ် ဆိုတဲ့ ချစ်ကောင်း။
ကော်ဖီပူလေး သောက်လိုက်ပါဦး ဆိုတဲ့ မပုလဲ။
ကော်ဖီဆိုင်အိပ်မက် ဆိုတဲ့ သီချင်းကို ဆိုသွားတဲ့ ကိုလွှမ်းမိုး။
စသည်ဖြင့်…စသည်ဖြင့်
ကော်ဖီသီချင်းတွေထဲမှာ ကျွန်တော် ၁ဝ တန်းကျောင်းသားဘဝက
နားထောင်ခဲ့ရတဲ့ မေဆွိရဲ့ ချစ်ကော်ဖီ သီချင်းကို အကောင်းဆုံးကော်ဖီ သီချင်း
အဖြစ်ရွေးချယ်ပြီးသကာလ သီချင်းစာသားလေး အမှတ်တရ တင်ပေးလိုက်ပါတယ်ဗျာ။
မြန်မာသံ ပေါ့နော်။ နားထောင်ချင်ရင် ကျွန်တော့်မှာ mp3 ရှိတယ်ခင်ဗျ။
အော်…အရမ်းကြီးမြူးပျော် ဝမ်းတီးတူးကော် တဲ့ဗျာ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 11:53 am
သများကတော့ ကော်ဖီပူလေးသောက်လိုက်ပါဦး နဲ့ လူဖြစ်လာတာဆိုတော့…
……………………
………………………
တစ်နေ့မတွေ့ရင်~~~~
တစ်လလောက်ထင် ~~~~
ပြောပြီး မျက်ရည်ဝဲ~~~~~~~
မုန်းလည်း မုန်းရက်ဘူးလေ~~~~~~
ကြင်နာပါတယ်~~~~~~
~~~~~~~~~~
~~~~~~~~~~~~~~~~
:s:
ခင် ခ
August 19, 2014 at 12:07 pm
ကော်ဖီ ထက်စာရင် လဖက်ရည် ပိုသောက်ဖြစ်တယ်လေ။
မန်း ကလည်း လဖက်ရည် ကောင်းတဲ့ဆိုင်တွေ ရှိသကိုးဗျ။
ကော်ဖီသောက်ဖြစ်ရင်တော့ ဟိုတုန်းက ခါးခါးသောက်ပေမယ့် အခုတော့ စိမ့်စိမ့်လေး သောက်မိတယ်။
ဖန်ခွက်ကို ရေစိုလေးလုပ် သကြားနဲ့ဆားရောကြိတ်ထားတဲ့ အမှုန့်လေးတွေ ဖန်ခွက်နှုတ်ခမ်းမှာ ကပ်နေစေပြီး အဲဒီဖန်ခွက်ထဲ ကော်ဖီနဲ့ဝီစကီရောထားတာလေးကို အချိုးကျထဲ့ ရေခဲလေးနဲ့ စိမ်ကာ အေးဆေးထိုင်သောက်မိရင် ဖီလင်လို့ထင်။
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 12:12 pm
အယ်။
အယ်။
တယ်ဟုတ်ပါ့လားး
စမ်းသပ်သောက်ကြည့်အူးမှ။
ကျေးကျေး ကိုကြီး ခ..
:k:
Iris
August 19, 2014 at 5:40 pm
ဦးဦးဘလက် သီချင်းတွေဆိုလို့ပြန်လာတာ။ 😀
…..နာမည်ဆန်းတဲ့ လက်ဖက်ရည်ဆိုင်… အလွမ်းကဖီးလို့ပေးထားတယ်…အချစ်ဆုံးမင်းနဲ့အတူ အမြဲသောက်တဲ့ ဒီဆိုင်လေး..ဆိုင်ရှင်ဦးနဲ့ရင်းနှီးခါ….
ဟီး မေ့ကုန်ပြီ။ ကိုဂျေကြီးဆိုတာ (ညီညီလားမောင်မောင်လားမမှတ်မိတော့ဘူး). ဘလက်ကော်ဖီ..ရယ်..ကော်ဖီသောက်တိုင်းလွမ်းတယ် ဆိုတဲ့သီချင်း သီရိဂျေမောင်မောင် နဲ့ ဂျေညီမလေး ထင်တယ်။ ဝိုးတိုးဝါးတားနဲ့ ဖြီးလိုက်ပါတယ်။ ဂျေအုပ်စုကို ချစ်တယ်။
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 6:27 pm
အလွမ်း ကဖီးက ဂျေညီညီထင်တယ်။
ဘလက်ကော်ဖီက သီရီဂျေ
ကော်ဖီသောက်တိုင်း လွမ်းတယ် က ရတနာဦး ဆို တာပဲ ကြားဖူးတယ်။
:k:
Swal Taw Ywet
August 19, 2014 at 8:34 pm
မှတ်တမ်းလေးတစ်ခု ဝင်တင်တာပါနော။
ရွာကွပ်ပျစ်လေးမှာ ဆုံကြတိုင်း ပင်တိုင်ဧည့်ခံဖြစ်တာ Premier 3 in 1 Coffee mix ပါ။
လက်ဖက်ရည်ကြမ်းအတွက်သုံးခဲ့တာက Sunflower တံဆိပ် Jasmin Tea လက်ဖက်ခြောက်ဖြစ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
With respect,
Swal Taw Ywet.
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 9:05 am
မှတ်တမ်းတင်လိုက်ပါပြီ… ကို ၂ လွှာပေါင်းမှ ၁ ရွက်ရေ။
သများ လာရင် ကော်ဖီ ၂ ခွက်တိုက်ပါနော်။
:s:
ဦးဦးပါလေရာ
August 19, 2014 at 11:24 pm
.ကော်ဖီပိုစ့် တင်ထားတယ်ဆိုလို့ ကျားကုတ်ကျားခဲဝင်လာတာ……
.ကျုပ်ကတော့ အရင်က လဘက်ရည်သမား စစ်စစ်ပါ..
.(၁၆ နှစ်သား ကတဲက ချိုပေါ့ကျနဲ့ ငွေတောင် ဆေးပေါ့လိပ်နဲ့ တွဲခုတ်လာတာ..)
.ဒါပေသိ.. ရန်ကုန်ဆိုတဲ့ ကသောင်းကနင်းမြို့ကြီးမှာက
.ကြာလေ လဘက်ရည်တွေ သောက်မဖြစ်တော့လေပဲ..
.ဒီတော့လဲ ကော်ဖီဘက် လှည့်ရသပေါ့နော….။
.ကော်ဖီဆိုရင် ကျုပ်အကြိုက်က Espresso
(ပိုက်ပိုက်မရှိတဲ့အခါများမတော့လဲ နက်စ်ကော်ဖီမစ် သုံးရာတန်ကို အောင့်သောက်နိုင်ပါတယ်)
.Espresso single shot ထဲ သကြားတစ်ခဲထည့်ပြီး တစိမ့်စိမ့်အရသာခံရတာကို သဘောကျတယ်..
.(သကြားခဲလေးတောင် မချပေးတဲ့ ဆိုင်စုတ်တွေမှာတော့ သကြားထုပ်ပဲ မရှိသုံးပေါ့ကွယ်..)
.Espresso နဲ့လိုက်တဲ့ မုန့်က ကွတ်ကီး
.Espresso နဲ့လိုက်တဲ့ စီးကရက်က camel ကုလားအုတ်တံဆိပ် အရသာ ဖျော့ဖျော့လေး..
.Espresso နဲ့လိုက်တဲ့ သီချင်းက country music
.Espresso နဲ့လိုက်တဲ့ အရောင်က အပြာ/ခဲရောင် ဖျော့
.Espresso နဲ့လိုက်တဲ့ အချိန်က ညနေခင်း
.Espresso နဲ့လိုက်တဲ့ အဖေါ်က……..
………………….
.အဲဒါကတော့ မရှိ
.ဘာ့ကြောင့်ဆို-
.Espresso ကိုယ်တိုင်က အဖေါ် ကောင်း ဖြစ်နေတော့
.နောက်ထပ်အဖေါ်ရယ်လို့ ဘယ်ထပ်လိုပါတော့မလဲနော့ …..
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 9:00 am
ကော်ဖီ ချစ်သူ ဥဥပါ။
ဒီကို လာလည်လှည့်ပါ။
သများ ကာဖီရည် တိုက်ပါ့မယ်။
:s:
နေဝင်းမြင့် ရေးတဲ့ ” နတ်ကာဖီ” ဝတ္ထူ တိုလေးကို သိပ်ကြိုက်ခဲ့ဖူးတယ်။
အခါးကြိုက်သူဟာ သည်းခြေကောင်းသတဲ့။ နှလုံးခိုင်သတဲ့။ အမှန်မြင်တတ်သတဲ့၊။
ဟုတ်မှာပဲနော်။
ဥဥပါ အလှည့်မှ ထည့်ရေးအူးမှပါ။
မြစာကလေး (23122011)
August 20, 2014 at 2:19 am
ကော်ဖီ ကတော့ ကိုယ့် နဲ့ ဘာမှ မပါတ်သက်။
စိတ်မဝင်စား။
သို့ပေမဲ့ မြန်မာပြည် ပြန်တုန်း က “Starbacks” တဲ့ ကော်ဖီဆိုင်။
လိုဂို ကအစ ဆင်တူရိုးမှား Starbucks ကို တုထားတာ။
အခုရောရှိသေးလားမသိ။
မပြောတော့ဘူး။ 🙄
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 9:06 am
ငင်။
မမြင်ဖူးဘူးးး
ခု ဆိုရင်တော့ အစစ် လာဖွင့်လည်း ရလောက်ပြီ ထင်ပါရဲ့ အရီးရေ။
:k:
ကထူးဆန်း
August 20, 2014 at 5:31 pm
ရှိတော့ဘူး .. အဲ့ဒီ့ ဆိုင်းဘုတ်ကြီးတော့ ..
အလင်းဆက်(24/05/2011)
August 20, 2014 at 10:36 am
ဖွေးဖွေး အကြောင်းလည်း မပါတဲ့ပိုစ့်ထဲ
ဘာများဖြစ်နေပြီလဲလို့ ထပ်ဝင်လာပါတယ်
ဘာလို့ဆို
ဒီပိုစ့်ထဲက ကွန်မန့်တော်တော်များများက
ကျနော့် မေးလ်ထဲ ရောက် လာ လို့
အခု အဲ့ဒီ မေးလ်ထဲက လင့်ခ်ကနေ ဝင် လာကြည့်တာ
အော်
ဖြစ်ပုံရယ် ဆန်းပါဘိ
ဂစ်ဂစ်

Nyo Win
August 20, 2014 at 10:42 am
ကော်ဖီမကြိုက်တဲ့သူတောင် သွားရည်ကျသွားတယ်….ဂလု.. 🙂
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 11:41 am
ခိခိ။
ကော်ဖီ မကြိုက်ပဲ ဝင်ဖတ်တာကို ကျေးကျေးး
🙂
လုံမလေးမွန်မွန်
August 20, 2014 at 1:14 pm
သများ (၃) မျိုးတောင် သိတယ်..မမဂျီးထက် သာသွားပြီ…
ကော်ဖီဆိုရင် ခါးခါးစိမ့်စိမ့်လေးကြိုက်တယ်.. ခုပို့စ်ကို ကူးပြီးသိမ်းထားတယ်.. အခွင့်ကြုံရင် မသောက်ဖူးသေးတာတွေ သောက်ကျချင်တယ်…
အဟွာ.. ဖီ နဲ့ ဝီ ရောတာလည်း သောက်ချင်ဒယ်.. ဟိဟိ..
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 1:21 pm
ဟွန်းးနော်။
ဒီ ကလေးမ သိပ်သောက်တယ်လို့ ကြားတယ်။
ပြီးမှ ဟိုဟာထွက်လာပြီ ဒီ ဟာထွက်လာပြီ နဲ့ လာငိုပြနဲ့နော်။
:kwi:
ကော်ဖီ အစစ်ပဲသောက်။
Yae Myae Tha Ninn
August 20, 2014 at 1:56 pm
မန့်တဲ့ထဲ ကိုယ်ပဲ ကျန်တယ် ထင်တယ်.. ချောတီးပါ.. အလုပ်မအားတော့ မဖတ်ဖြစ်ဘူး…
ကော်ဖီဆို ကိုယ်လဲ ပရီမီယာပဲ… ကိုယ်က လက်ရှိ ပရီမီယာမှာလုပ်နေတာလေ… ခိ.. ဒီထဲမှာ… အကြိုက်တူတာ.. အလုပ်တူခဲ့ဖူးတာ ရှိရင် ပြောပြပါဗျို့…. 🙂
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 1:59 pm
သောက်ဖူးတဲ့ ကော်ဖီ မစ်ထဲလဲ ပရီးမီးယားကိုကြိုက်တယ်။။
ပရီးမီးယား က ကော်ဖီမှုန့်သီးသန့်ပဲထုပ်တဲ့ အထုတ်ကိုလည်း ကြိုက်တယ်။
:k:
myat pearl phyu
August 20, 2014 at 4:49 pm
ဘဒူဒွေ ဘာမန့်လဲလို့ ထပ်လာစပ်စုဒါ … ဟီး
မွသဲ ( 17082011 )
August 20, 2014 at 7:09 pm
မိုးလင်းရင်ပထမဆုံးလုပ်တာက ကော်ဖီမှုန့် ကို နို့စိမ်းလေးနဲ့သကြားပါလေကာနဲ့အရင်နှပ် သောက်ခါနီးမှရေနွေးထည့်။ မတ်ခွက်တခွက်ကို တစိမ့်စိမ့်ငုံငုံသောက်။ အဲ့ကော်ဖီခွက်က နေ့ခင်းထမင်းစားချိန်မှကုန်တာ။ ကော်ဖီမသောက်ဖြစ်တဲ့နေ့ဆို ဆယ်နာရီလောက်ဆိုနေမရ။ မအားလို့ အဲ့ခွက်ကို တထိုင်ထဲသောက်လိုက်ရင်လဲ စိတ်ထဲ တခုခုလိုနေသလိုပဲ။ ကော်ဖီကြိုက်တာအဲ့လို။ ဆိုင်မှာသောက်တဲ့ကော်ဖီကို ဘယ်ကော်ဖီမှကော်ဖီလို့မထင်။ အမေရိကားနိုးလောက်ပဲ နဲနဲလက်ခံလို့ရတယ်။ ကျန်တာ ချိုတိုတိုပေါ့တော့တော့တွေ။ အိပ်ပရက်စိုကတော့ အောင်မြတ်ငီး တသက်မှာတခါပဲသောက်ဖူးတဲ့ကော်ဖီပါ 😥 ကိုယ့်လက်ဆနဲ့ဖျော်တဲ့ကော်ဖီပဲကြိုက်တယ်။ အထုပ်တွေတော့လုံးဝမသောက်။ ဧည့်သည်သွားလုပ်လို့ မဖြစ်သာပဲကော်ဖီသောက်ရတယ်ဆိုရင်တော့ ကုန်အောင်တခါထဲမြန်မြန်သောက်ပလိုက်တယ်။ အားနာလို့။ :byee: ဆိုင်မှာတော့ ကော်ဖီသောက်ခဲတယ်။ ကော်ဖီကိုဖြစ်သလိုဖျော်ရင်တအားမုန်းတယ်။ ချွေးမလေးလာရင်တော့ယောက်ခမွကော်ဖီတိုက်လို့ဖြစ်တယ်။ ယောက်ခမွကကော်ဖီဖျော်ပြီးရင်ဘယ်တော့မှမမြီးဘူး။ မြီးကြည့်တဲ့သူကိုလဲမကြိုက်ဖူး။ အရောင်ကြည့်ပြီးပဲဖျော်တယ်။ ဘယ်ခွက်ဆိုကော်ဖီဘယ်လောက် နို့စိမ်းဘယ်လောက်မှန်းပြီးသား။ ချွိလာရင်လက်စွမ်းပြမယ်
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 7:13 pm
ကော်ဖီ ကို ကြိုက်
မွသဲ ကို ချစ်
:chit:
ကူမားရ်
August 21, 2014 at 3:15 am
တစ်ခါလေးလုပ်မိပါတယ်..လူသိရှင်ကြားဖြစ်ပြီ..
ဇီဇီ..ရေ..မထူးပါဘူး..ဒီမှာမပါသေးတဲ့ အရက်နဲ့ဖျော်တဲ့ကော်ဖီတွေ ထည့်ပေးလိုက်ပါတယ်…သောက်ကြည့်နော…
Irish coffee = black coffee+ crème + Irish whisky +sugar
Scottish coffee = black coffee+ creme + Scotch whisky+sugar
French coffee = brandy +latte+sugar
Liqueur coffee = any liqueur + crème + coffee+sugar
Jamaican coffee = dark rum + crème +coffee+sugar
Russian coffee = Vodka + crème + coffee+sugar
Cuban coffee = white rum +crème + coffee+sugar
ထူးခြားချက်တစ်ခုကတော့ ကော်ဖီနဲ့ အရက်ကိုရောဖျော်ပြီးမှ အပေါ်က နေ ခရမ်ကို ခွက်အောက်ဖက်ကိုရောက်မသွားအောင်လို့ဇွန်းလေး ကို မှောက်ခုံထားပြီး ဖြေးဖြေးခြင်းလောင်းရတာပါဘဲ…လက်အတော်ကျင့်သားရမှ လုပ်နိုင်ပါတယ်..အဲဒီတော့မှကော်ဖီက three layers နဲ့ သုံးရောင်ချယ် ထွက်တာပေါ့နော..မိုးအေးအေးမှာ တစ်ခွက်လောက် စမ်းကြည့်လိုက်ပါလား..
ဇီဇီ ခင်ဇော် (15102012)
August 21, 2014 at 7:45 am
ဖီဖီ နဲ့ ဝီဝီ ကိစ္စက ဘယ်သူလို့ မပြောမိပါဘူးးး
ခိခိ
:k:
ဇီဇီ
September 23, 2014 at 6:06 pm
Coffee and Your Health ကော်ဖီ နဲ့ ကျန်းမာရေး (Dr. တင့်ဆွေ)
==============================================
“ကော်ဖီ” ဟာ အလွန်မတန် တွင်တွင်ကျယ်ကျယ် သောက်သုံးကြတဲ့ “သောက်စရာ” တခုပါ။ နိုင်ငံပေါင်း ၈ဝ မှာ စိုက်ကြတယ်။ ၂၀၀၉ တုံးက မက်ထရစ်တန် ၈ သန်း ထုတ်လုပ်ခဲ့လို့ ရေနံပြီးရင် ကမာ္ဘ့ ကုန်သွယ်ရေးမှာ ဒုတိယ လိုက်တယ်။ Beverage သောက်သုံးစရာထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံးပါ။
စက္ကန့်တိုင်းမှာ အမေရိကန်တွေ သောက်နေတဲ့ ကော်ဖီ ခွက်ပေါင်း သန်း ၄၀ဝ ရှိတယ်။ (ကော်ဖီ-ချိန်း) ဆိုတဲ့ တကမာ္ဘလုံး ချိတ်ဆက်ထားတဲ့ ကော်ဖီ-သံကြိုးဆက် အကြီးဆုံးက ၂၀၀ရ မှာထောင်ခဲ့တဲ့ Starbucks ဖြစ်တယ်။ သူတို့ ယဉ်ကျေးမှုအရ “ခေတ်မီသူတိုင်း (စတားဘတ်ခ်) သောက်ကြသည်”။ ဒီ မဟာလုပ်ငန်းကြီးကို စထောင်ခဲ့တာက ကျောင်းဆရာ ၂ ယောက် နဲ့ စာရေးဆရာ ၁ ယောက် ဖြစ်တယ်။ စာဖတ်သူများ အထင်တော် မမှားကြပါနဲ့။ ကိုးကားစရာ ကိန်းဂဏန်းဆိုတာ သူများ တိုင်းပြည်မှာသာ ရတာမို့ပါ။ ကိုယ့်ဆီမှာ ဆန်ပြုတ်သောက်သူ စာရင်းတောင် ကောက်မဖြစ်ဘူး။ ကျောင်းဆရာတွေ နဲ့ စာရေးဆရာတွေကိုလဲ ချီးမြှောက်ချင်လို့ပါ။
နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ရဲ့ Over the Teacups ထဲမှာ “အိပ်ယာထ သောက်ရတဲ့ ကော်ဖီတခွက်က ရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်း လဖက်ရည်ကနေ ပြန်ထပ်လုပ်မပေးနိုင်ဘူး” တဲ့။ အဲဒါဟာ Exhilaration factor ခေါ်ပါတယ်။ ဖြစ်စေတာက Caffeine ခေါ်တဲ့ 1,3,7-trimethylxanthine ပါ။ Psychotropic alkaloid ဖြစ်ပါတယ်။ လဖက်ရည်ထဲမှာလဲ (ကေဖင်း) ပါတယ်။ (ကိုးကိုး) ထဲမှာလဲ ပါတယ်။ တခြား Soft and energy drinks တွေမှာလဲ ပါတယ်။
ထိပ်ဆုံး ရောက်နေတဲ့ ကော်ဖီရဲ့ မူလအစ သမိုင်းလှန်ရရင် အောက်ဆုံးက (အီသီယိုးပီးယား) ဖြစ်နေတာ တွေ့ရတယ်။ အထောက်အထား ခိုင်ခိုင်မာမာ ပြောနိုင်တာကလဲ ပင်လယ်ဓါးပြနဲ့ နာမယ်ရနေတဲ့ (ယီမင်) နိုင်ငံ ဖြစ်နေပြန်တယ်။ ရေးတာက ဆေးပညာစာဆို ့။ လာပါမယ်။ ကော်ဖီ သောက်ပါလို့ Prescription ဆေးညွှန်း စပေးခဲ့တာ ၁၅၈၃ တုံးက ဂျာမန် ဆရာဝန် Leonhard Rauwolf ဖြစ်ပါတယ်။
သောက်တဲ့ သူတွေက ကော်ဖီ ကြည့်ပြီး အကောင်း အညံ့၊ ဆရာဝန်တွေက Caffeine (ကေဖင်း) ကြည့်ပြီး၊ ကျန်းမာရေး သင့်-မသင့် ပြောပါတယ်။ စနစ်တကျ ဖေါ်စပ် ပြုပြင်ထားတဲ့ ကော်ဖီက ကောင်းတယ် ဆိုပေမဲ့ တခါတလေ Devil’s brew အဆိပ်ရည်သဘော ဖြစ်ပါတယ်။
“ဘယ်လောက်ဆိုရင် များတယ် ပြောမလဲ။” American Dietetic Association က တနေ့မှာ (ကေဖင်း) 200-300 mg ထက် မပိုစေနဲ့တဲ့။ ချိန်ခွင် မလိုတာ ပြောရရင် အပြင်း-အပျော့ မတူလို့ တနေ့မှာ ကော်ဖီ ၂ ခွက်ကနေ ၅ ခွက်၊ တနည်း ဆိုရင် အနာ-အကိုက်ပျောက်ဆေး Painkillers ၁ဝ ပြား။ လူတယောက်နဲ့ တယောက် မတူတာတွေမှာ “ကော်ဖီကို ဘယ်လောက် အထိမခံဖြစ်သလဲ” ပါသေးတာ။
Caffeine က Stimulant စိတ်လန်းဆန်းစေတာ လူတိုင်း လက်ခံပါမယ်။ အိပ်ယာထနဲ့ စာကျက်နေတုံး သောက်သုံး ကြတယ်။ (ကေဖင်း) သာမက Cortisone နဲ့ Adrenaline ဆိုတဲ့ Stimulating hormones ပါသေးတာ သိလာရတယ်။ အသက်ကြီးသူတွေ သောက်ရင် ပိုကောင်းတယ်။ အိုလို့ ဖြစ်ရတဲ့ Dementia, Parkinson’s disease, Depression ဇရာ-ရောဂါတွေကို နှေးစေသတဲ့။ Blepharospasm ဆိုတဲ့ မျက်စိ ပုတ်ခတ် ပုတ်ခတ် လုပ်နေတာအတွက် ကောင်းတယ်။ Laxative effect ဝမ်းပြော့တယ်။ Mild diuretic ဆီးသွား နဲနဲများစေတယ်။ Skin cancer, breast cancer ကင်ဆာတွေ ဖြစ်တာ နဲစေတယ်။ Gout ဂေါက် လက္ခဏာ သက်သာစေတယ်။ Tap water ထဲမှာပါတဲ့ Lead or Copper ဆိုတဲ့ Heavy metals ဓါတ်အလေးစားတွေကို ၇၈-၉၀% ပျော်ဝင်နိုင်စေတယ်။ လူငယ်တွေလဲ ပါပါတယ်။ Post-gym muscle pain အားကစား လုပ်ပြီး ကြွက်သားနာတာ သက်သာစေတယ်။ ကြွက်အမလေးတွေကို (ကေဖင်း) ပေးတော့ ကြွက်ထီးဆီ လာတာ ပိုများလို့ Mood for sex ကောင်းစေ ပါသတဲ့။
ဘယ်အရာမဆို ဒေါင့်စုံကနေကြည့် အပေါင်းရော၊ အနုတ်ရော၊ ဟုတ်-မဟုတ်ပါ ပြောနိုင်ကြတာ လွတ်လပ်မှုရဲ့ သရုပ်ပါ။ အမြင်-အတွေး၊ အသိ-ပညာ မတူကြဘူးပါ။ ယူတော့လဲ ကြိုက်တာ ယူကြတာဘဲ။ “တမျိုးထဲပေးလို့ ပေးတာသာ ယူချင်တဲ့ အကျင့်ဆိုတာ ကလေးတွေပါ”။ “မကြိုက်ရင်မယူဘဲ၊ ကြိုက်တာ ရအောင်လုပ်တဲ့သူ လူတော် ဖြစ်တယ်။” ၂၀၁ဝ မှာလဲ မှန်ပါတယ်။
ကော်ဖီ အသောက် များရင်တော့ အအိပ် ပျက်စေတယ်။ Coffee jitters ခေါ်တာပေါ့။ အရိုးကို ပါးစေတယ်။ ကော်ဖီကို မစစ်ဘဲ သောက်ရင် LDL (ကိုလက်စထော) များစေတယ်။ အစာအိမ်-အူလမ်းကြောင်း အတွင်းဖုံးလွှာကို ထိခိုက်စေတယ်။ သွားတွေ ညိုမယ်။ BP သွေးဖိအား တက်စေတယ်။ ကော်ဖီ နဲ့ Paracetamol ရော သောက်တာ မကောင်းပါ၊ အသဲကို ထိခိုက်နိုင်တယ်။ ၂၀၀၃ တုံးက ဒိန်းမတ်မှာ ကော်ဖီစွဲနေသူ ကိုယ်ဝန်ဆောင် ၁၈၄၇၈ ယောက်ကို စမ်းသပ်တုံးက ကလေး အသေမွေးနှုန်း များတာ တွေ့ရတယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ၊ နှလုံး-သွေးကြောရောဂါ ဖြစ်တာလဲ များတယ်။
တန်ဆေး-လွန်ဘေး၊ များရင် ဥပါဒ်ပေးတယ်။ များတာနဲ့အမျှ အိပ်မရ၊ မျက်နှာက နီလာ၊ ဂနာမငြိမ်-စိတ်လှုတ်ရှား၊ ဆီးသွား၊ အသားတွေတုံ၊ တွေးပုံ-ပြောပုံ မတည်တော့ပါ။ စိတ်ကတို အလိုမကျ၊ ဒေါသထန်၊ နှလုံးခုံ မမှန် ဖြစ်ပြန်အုံးမယ်။
Coffee can kill you! ကော်ဖီက သေစေနိုင်တယ်။ တခြားဆေးတွေလိုပါဘဲ။ များရင် အဆိပ်ဖြစ်တယ်။ လူတွေကို ကော်ဖီ ဘယ်လောက် ပေးရင် သေစေသလဲ စမ်းသပ်ထားတာ မရှိပါ။ (ဟစ်တလာ) ရဲ့ ဆရာဝန်တွေက စမ်းဘို့ မေ့ခဲ့ကြပုံရတယ်။ ကြွက်တွေကိုတော့ Caffeine 192 mg/kg ပေးရင် 50 % သေစေတယ်။ ဒီနှုန်းနဲ့တွက်ရင် လူတွေကို 150 to 200 mg/kg ဒါမှမဟုတ် ကော်ဖီ ၈၀-၁၀ဝ ခွက်တိုက်ရင် မြန်မြန်သေနိုင်မယ်။ ဒါပေမဲ့ အစာအိမ်က ၁ လီတာဘဲ ဆန့်ပါတယ်။
ဆရာဝန်က ကိုယ်ချင်း မစာဘူး။ ကော်ဖီအသေအလဲ ကြိုက်တဲ့သူကို အလျှော့ခိုင်းနေတယ်။ Decaffeinated coffee လို့ ခေါ်တဲ့ Decaf ကို ပြောင်းသောက်ပေါ့။ Caffeine-free coffee နဲ့တော့ မတူဘူးနော်။ နာမည်ကြီး ကော်ဖီတွေမှာ (ကေဖင်း) ပါတာ ယှဉ်ကြည့်ရအောင်။
• Percolated coffee (7 oz) = 140 mg
• Drip (7 oz) = 115-175 mg
• Espresso (1.5 to 2 oz) = 100 mg
• Brewed (7 oz) = 80-135 mg
• Instant (7 oz) = 65-100 mg
• Decaf coffee, brewed (6 oz) = 5 mg
• Decaf coffee, instant (6 oz) = 3 mg
လွတ်လပ်ရေး ရပြီးနောက်ပိုင်း (ကဖေး) ဆိုတဲ့ နာမယ်နဲ့ ဆိုင်တွေ ဖွင့်ခဲ့ဘူးတယ်။ အိန္ဒိယကလာတဲ့ စကားလို့ အထင်မှား နိုင်တယ်။ Coffeehouses or Cafés တွေပေါ်ခဲ့တာ နှစ် ၅၀ဝ ကျော်နေပြီ။ Cafés နဲ့ Cafeteria နဲ့ မတူပါ။ လူငယ်တွေ ပိုသိတာက ၁၉၉၁ ကြမှ ဆန်ဖရန်စစ္စကိုမှာ စဖွင့်ခဲ့တဲ့ Internet café or Cybercafé မဟုတ်လား။ အစည်းအဝေး၊ (ကွန်ဖရင့်) တိုင်းမှာ ပြောနေကြတဲ့ Coffee break ကို စသုံးခဲ့တာ ၁၉၅၂ ကပါ။ စာဖတ်သူများ “ကော်ဖီ-ဘရိတ်” ပါ။
Dr. တင့်ဆွေ
Mr. MarGa
September 23, 2014 at 6:51 pm
espresso ခွက်ငါးဆယ်လောက်ဆို ဘယ်လိုဖြစ်မယ်မသိ :mrgreenn:
Wow
June 1, 2015 at 10:17 am
လက်ဆောင်ရလို့ သောက်နေတဲ့ကော်ဖီ ကျောက်စ်ကတော် မွနှင်းပြောမှ ဘရန်းမှန်းသိဒယ်..

UCC 114 လေ..
အရင်က Espresso ကြိုက်တဲ့တြောက်နဲ့ ကော်ဖီဆိုင်လိုက်ထိုင်ရင်း ဖွန်ကြောင်ပီး Espresso ရောမှာ တစ်ဝက်လောက်တော့ ဖျစ်ညှစ်သောက်ဖူးဒယ်…
ကြိုက်တာကတော့ Cappuccino.. မုန့်လေးပါ.. ပါသပေါ့.. Junction Square အပေါ်ထပ်က လတ်လတ်ဆတ်ဆတ် ကော်ဖီစေ့ကြိတ်ပြီးဖျော်ပေးတဲ့ ကော်ဖီမွေးမွေးလေးလဲ ကြိုက်တယ်… :kwi:
ခင်ဇော်
June 1, 2015 at 1:17 pm
ပု ကတော့
today brew ကြိုက်နေသတဲ့.!!
🙂
Wow
June 1, 2015 at 1:37 pm
အာ့ဂျောင့်ပုနေတာဖစ်မယ်
ဇီဇီခင်ဇော်
January 9, 2016 at 11:35 am
ကော်ဖီ ခါးခါး.အဆိုုလေးနင့် ကော်ဖီအကြောင်း..သိထားသမျှသုုတဗဟုု..
မြန်မာတွေကြားကော်ဖီယဉ်ကျေးမှုလေး..တစတစတိုုးဝင်လာနေပါတယ် ။ ကော်ဖီဆိုုတာနဲ ့ ခါးခါး လိုု ့သဘောပေါက်နေတာလေး တချက် နင့်..ကော်ဖီကိုုနှပ်သည်ဆိုုသည့် အယူအဆလေးကိုု..ဦးစားပေးဆွေးနွေးလိုုပါတယ် ။ ဒုုတိယကတော့ ကော်ဖီနင့်လက္ဘ်ရည် တိုု့ကိုုကျန်းမာရေးရှုဒေါင့် ။ သိထားသလောက်ပေါ့ ။ တတ်လိုု ့တော့မဟုုတ်ပါ ။
ငယ်စဉ်ကထည်းက ကော်ဖီဆိုုလျင် ရေနွေးပွက်ပွက်ဆူနင့်နပ်သောက်သည့်အလေ့ ။ ကြိးလာတော့လည်း.ဒီလိုုဘဲ ။ အော်ဇီကိုုရောက်လာပြီး..အိမ်နီးချင်းက အင်္ဂလန်က ကွန်ပျူတာပညာရှင် ။ အလုုပ်ကိုုအိမ်ကဘဲ လုုပ်တယ် ။ သူက ကော်ဖီ ခရေဇီ ။ ကော်ဖီကိုုတကယ့် Brisstto တွေအတိုုင်းကြွမ်းကျင်တယ် ။ သူ ့အိမ်သွားလျင် ကော်ဖီရှယ်ဖျော်တိုု်က်ရတာကိုု..အလွန်ဝါသနာသန်သူ..
ကော်ဖီစက်ကလဲ..TORINO..Italy made..။ ဈေးကလည်း အိမ်သုုံးအဆင့်ကိုု.ဒေါ်လာ ၂၀၀ဝ ကျော်တန် ။
သူ ့ဆီကသိရသည့်ကော်ဖီအဆိုုအမိန် ့လေးတွေကိုုမျှဝေပါရစေ ။ အီတလီလူမျိုးတွေက ကော်ဖီကိုု..ဥရောပကိုုယူဆောင်လာသူတွေ..ကော်ဖီရဲ ့ဆရာကြိးတွေ ။ ကော်ဖီနင့်ဆိုု်ငသော ဝေါဟာရတွေကိုု တီထွင်ထားသူတွေ ။ ကမ္ဘာပေါ်မှာ ကော်ဖီစက်ဆိုုလျင် အီတလီ မှ အီတလီ ။
( ၁ ) ကော်ဖီစေ့ အမျိုးအစားနင့် တန်ဖိုုး ။
ကော်ဖီစေ့မှာ..Arabica, Brasilia, စသည်အမျိုးအစားများရှိသည့်အထဲမှာ..စိုုက်ပျိုးတဲ့ဒေသ ၊ ရာသီဥတုု ၊ တော်တောင်ရေမြေအပေါ်လိုုက်ပြီး..အရည်အသွေးကွဲပြားကာ..ကော်ဖီစေ့ဈေးနုုံးများ အလွန်ကွာခြားပါတယ် ။ ဘရာဇီး ၊ ဗင်နီဇွဲလား တောင်ပေါ်မှာစိုုက်သည့်ကော်ဖီများကိုုတန်ဖိုုးပိုုပေးလာကြ၏ ။
ကော်ဖီစေ့က နေရာ၊ ဒေသ၊ အမျိုးအစားပေါ်မူတည်ပြီး ကော်ဖီအရိုုင်းဈေးက တကီလိုုလျင်..၄ ဒေါ်လာကနေ .၁ရ -.ဒေါ်လာအထိဈေးကွာခြား၏ ။
( ၂ ) ကော်ဖီစေ့လှော်ခြင်း ။
ကော်ဖီစေ့ကိုု လှော်သောကုုမ္မဏီများ အလိုုက် လှော်စက်များက ဈေးအမျိုုးမျိုးကွာခြားသလိုု ကော်ဖီအလှော်ဆရာတဦး၏ နာမည်ကလည်း ကုုန်အချောဈေးမှာ စကားပြော၏ ။
လှော်ပြီးကော်ဖီစေ့ တန်ဖိုုးကွာခြားသွား၏ ။ ကျနော်ဝယ်ပြီး အခါးသက်သက်ဖျော် ယှဥှ်သောက်ကြည့်တော့လဲ အတော်လေး ကွာခြား၏ ။ နိုု ့နင့်ကော်ဖီဖျော်ယှဉ်သောက်တော့လဲ ကွာခြား၏ ။
စက်ကလဲအတော်လေးစကားပြော၏ ။ စက်အကောင်းစားတွေက ဈေးက အိမ်သုုံးပင်လျင် ဒေါ်လာ ၁၀၀ဝ ကျော်ကနေ ၅၀၀ဝ ကျော်ထိဈေးရှိ၏ ။ ရန်ကုုန်မှာ ကော်ဖီစက်ဝယ်ကြမည်ဆိုုလျင်…INFUSER ပါသလား သေသေခြာခြာမေကြည့်ပါ ။ ဖြစ်နိုု်င်လျင် စမ်းကြည့်ပါ ။
INFUSER ပါ ၊ မပါသိလိုုလျင်.. စက်ကိုု..ကော်ဖီခွက်မတတ်ဘဲ ဖွင့်ကြည့်လျင်..ရေနွေး..၃ စီစီလောက်ကိုုချပေးတယ် ။ ပြီး..ရှုး..ရှုး နင့်ရေနွေးငွေ ့ ( ၃ ) ကြိမ်မှုတ်ထုုတ်တယ် ။ ပြီးမှ ကော်ဖီချပေးလာတယ် ။ ရေနွေးနင့် နပ်သည့်သဘောပါ ။ ွှရသာနင့် ကော်ဖီအနစ်ကျတာကွာခြားသွားသည် ။
အဖျော်ဆရာ.( ဖျော်ပုုံဖျော်နည်း ) လဲကွာခြား၏ ။
( ၃ ) ကော်ဖီစေ့သက်တမ်း ။
( a ) ကော်ဖီစေ့သဘာဝက လှော်ပြီး..တပတ်အတွင်းဖျော်သောက်လျင် အရသာအကောင်းဆုုံး..Optimun taste ကိုုရ၏ ။ တလကျော်သွားလျင် အရသာ ကျသွားပြီ ။
( b ) ကော်ဖီစေ့ကိုု ကြိတ်ပြီးလျင် ၃-မိနစ်အတွင်းဖျော်လျင် အကောင်းဆုုံးအရသာ ။ ဒီတော့ ယခုုခေတ် coffee pod machines တွေက အီတလီအဆိုုအရ..စဉ်းစားသာကြည့်တော့ ။ ကျနော်ကတော့ မသောက်တတ်တော့ ။
ဒီလိုုဘဲ Instant coffee powders တွေနင့် ကော်ဖီမစ်အထုုပ်တွေ အရသာ ၊ အဆိအနှစ် ..။
( c ) ကော်ဖီစက်နင့်ဖျော်လျင်..30 – cc ( ml ) ထက်ပိုုမချပါနင့် ။ ၃ဝ စီစီထက်ပိုုလျင် အခါးဓါတ်အပြင် ကော်ဖီသီးမှာပါတဲ့ အီတီတီအရသာကျလာ၏ ။ ကော်ဖီအသီး ( အခွံနင့်အနစ် ) က အီတီတီအရသာရှိ၏ ။ ထိုုကြောင့်ကော်ဖီစေ့ကိုု ဆွတ်ခူးပြီးလျင် အခွံကိုုအမြန်ဆုုံးခွာရ၏ ။ ရေများများနင့်ဆေးရ၏ ။ စိမ်လိုု့တော့မရ ။ ရေနင့်စိမ်လျင် ကော်ဖီထဲက ကဖင်းဓါတ်များပျော်ပါသွား၏ ။
( d ) ကော်ဖီဖျော်သော ရေ၏အပုုူချိန်ကိုု..93- degree C. ထက်မပိုုရ ။ ကျနော်တိုု ့ယခင်သိနေသလိုု ရေနွေးပွက်ပွက်ဆူနင့်ဆိုုလျင် အခါးဓါတ်တွေ နင့်ထိုု အီတီတီအရသာတိုု ့ထွက်လာတော့၏ ။
ကော်ဖီကိုု..coffee plunger နင့်ဖျော်လျင်ပင် ရေဆူကိုု ရေအေးအနည်းငယ် ရောပြီးမှဖျော်ပါ ။ စက္ကန် ့၄ဝ ထက်ပိုုမထားဘဲ စစ်ထုုတ်ပါ..ဆိုုထား၏ ။
( e ) နွားနိုု ့..၃ဝ မှ ၅ဝ စီစီ ( cappuccino ) အတွက် ဆိုုထား၏ ။
( ၄ ) ကော်ဖီစေ့ လှော်ထားချက် အမျိုးအစား..
ကော်ဖီစေ့လှော်နည်းများစွာကွဲပြားကြ၏ ။ သိုု ့သော် ကော်ဖီကိုု..လှော်ရာမှာ..ကော်ဖီ စေ့ ကျွမ်းသွားသည့် အနေအထားကိုုလိုုက်ကာ..Medium Light, Medium , Medium Dark , Dark ဆိုုပြီးခွဲခြားထားပါတယ် ။
Medium Light ကိုု Continental လိုု ့လဲခေါ်တတ်ပါသေးတယ် ။ Medium Dark ကိုု Expresso လိုု ့သတ်မှတ်ထားပါတယ် ။
ကျနော်ကတော့ Medium Light / Continental အရသာကိုုပိုုမိုုနစ်သက်ပါတယ် ။ Cappuccino ဖျော်လျင် သကြားထဲ့ရန်မလိုုဘြသောက်နုိုင်ပါတယ် ။ Expresso ကခါးလွန်းတော့..သကြားလိုုက်ရပါတယ် ။
ဒီဇင်ဘာလဆန်းက ရန်ကုုန်ရောက်တော့..အွန်လိုုင်းမိတ်ဆွေ ကချင်အမျိုးသမီးနစ်ယောက်နင့်တကြိမ် ။ ငယ်သူငယ်ချင်း နစ်ဦးနင့်တကြိမ်..ရန်ကုုန်က နာမည်ကျော် ကော်ဖီဆိုုင်ကြိးမှာ..ထိုုင်ကြတယ် ။ ကော်ဖီလုုပ်ငန်းဆွေးနွေးကြဖိုု ့ပါ ။ တခွက် ၂၅၀ဝ ကျပ် ။
ကချင်သူနစ်ဦးက..အခုုကော်ဖီနဲ ့ အန်ကယ့်ကော်ဖီ ဘယ်လိုုကွာသလဲ ။ ကျနော်က သောက်ပါဦး..ပြီးတော့ ပြောပြပါမယ် ။ ခနနေတော့ တဦးက ထပ်မေးပြန်တယ် ။ သောက်ပါဦး..ဖြေးဖြေးပေါ့ ။
အတော်လေးကြာလာတော့..ကျနော်က ..ကျနော့်ကော်ဖီအကြောင်း..ကော်ဖီကုုန်အောင်သောက်ပြီး..ပြောပြပါမယ်ပြောလိုုက်၏ ။ သူတိုု ့ ၂-ဦးလုုံးက ကျမတိုု ့ ဒီလောက်ဘဲသောက်တတ်တယ် ။ မကုုန်နိုုင်ဘူး ။ ကျနော်က နောက်ကစားပွဲမှာ သိမ်းသွားတာလဲ မကုုန်ဘူး..မြင်လိုု်ကသလား ။ သူတိုု ့သတိမထားမိကြ ။ ဘေးခုုံမှာလဲ ကုုန်မည့်ပုုံမပေါ် ။
ကျနော်လဲ မကုုန်နိုု်င ။ အဲဒီမှာ..ကျနော့်ကော်ဖီက..ဆိုုပြီး..ရေနွေးကြမ်းပန်းကန်လေးကိုု..ကုုန်အောင်သောက်လိုုက်တယ် ။ ပြီး ကော်ဖီရည် နည်းနည်းလေးပြောင်းထဲ့လိုုက်ပြီး…ကျနော့်ကော်ဖီက ကုုန်သွားသည့်အပြင်..တစက်ကျန်တာလေးကိုု..ယခုုလိုုဆိုုပြီး..ရှုးဆိုု စုုတ်သောက်ပလိုုက်၏ ။
ဆိုုလှခည်လားအန်ကယ်တဲ ့ ။
ဟုုတ်ကဲ့..၂ဝ ရက်နေ ့မှာ..သမီးအိမ်မှာ..သားအငယ်ရဲ ့ မင်္ဂလာညစာထမင်းစားပွဲလေးလုုပ်တယ် ။ ဧည့်သည့်အချို ့ကိုုကော်ဖီတိုုက်တယ် ။ နိုု်ငံခြားသားတဦးက..ကျနော်သောက်ဖူးသမျှထဲ..အဆင့်ရှိတဲ့ကော်ဖီတဲ ့ ။
တဦးကတော့..ရန်ကုုန်က နာမည်ကျော် အလွန်အောင်မြင်နေသော..Chain ဆိုု်င်ကြိးက..ကော်ဖီနင့်မုုန် ့ဆရာမကြိး ( လခ တလလျင် သိန်း ၂၅ လောက် နင့် ခံစားခွင့်ရှယ် ) ပေးရသည့်ဆရာမကြိး နင့် သူ ့ဘော်ဒါကိုုဖျော်တိုုက်လိုုက်၏ ။
ကိုုလှိုင်မြင့်..( xx ) ကအိမ်ခါးနီးဆိုုတော့ မြည့်းရုုံလေးဘဲ..မြည်းမယ်နော်တဲ ့ ။ ကျနော်ဖျော်ပေးလိုုက်၏ ။ တနေရာကနေ အသာလေး ကြည့်နေလိုုက်၏ ။ ၂ -ယောက်သား..သောက်လိုုက်..မြည့်းကြည့်လိုုက်သောက်နေကြ၏ ။ သူ ့ဘော်ဒါက ပထမ ကုုန်သွားပြီး..ခွက်ကိုုမော့ စုုပ်သောက်နေ၏ ။ တခနနေတော့ ဆရာမကြိးလဲ.. ခွက်ကိုု ခါလှုပ်ပြီး..စုုတ်သောက်ပြန်၏ ။
ဘယ့်နဲ ့နေလဲမေးတော့….ကိုုလှိုင်မြင့် တကယ်စိမ့်နေတာဘဲ ။ ကောင်းလိုုက်တာ..တဲ ့ ။ ကျနော်က ကျနော့်ကော်ဖီက..delicious till to the last drop../
I wanna serve my delicious coffee ( Cappuccino ) to my Burmese people with coffee trucks in the near future..
ငယ်သူငယ်ချင်းနစ်ဦးလဲ…ကျနော့်ကော်ဖီစွဲသွားပြီ ။ တူမောင် ဆရာဝန်က..ကော်ဖီသောက်လျင် နို ့မကြိုက်တော့..black ဘဲသောက်သူ./.အခုု နိုု ့ပါတဲ့..Cappuccino စွဲသွားပြီ ။
ကော်ဖီ ကားလေးတွေ နဲ့ အလုုပ်စပ်တူလုုပ်လိုုသူတွေ နင့်လာမည့်အခေါက်ဆွေးနွေးချင်ပါတယ် ။ ကော်ဖီတခွက်ကိုု..၅၀ဝ ကျပ် ကနေ ၇၀ဝ ကျပ် အတွင်းရောင်းချလျင်ပင်..ကားပါဝ်လျင်..သိန်း..၇ဝ ရင်းထားလျင်( တရက်ကိုု..ခွက် ၂၀၀- ရောင်းချရလျင်ပင် ..)..တရက်လျင်.( အလုုပ်သမားခ ၊ ဆီဖိုုး ) နုုတ်ပြီး..၃၀၀၀ဝ ကျပ် ခန် ့ကျန်နိုုင်ပါမယ် ။
တခုုတော့ရှိတယ်နော်..ကျနော်နင့်လုုပ်လျင် အလုုပ်သမားခကိုု..တလ ၃-သိန်းလောက်ကိုု်က်အောင်ပေးနိုုင်မှ သာ လက်တွဲပါမည် ။ ယဉ်မောင်းသူဆိုုလျင် ၄.၅ သိန်းလောက်တော့ ပေးစေချင်ပါတယ် ။
Billy’s cuppa ,…that is delicious till to the last drop..
ကော်ဖီက သောက်ပြီးတာနင့် ဝမ်းသွားစေ၏ ။ အစေ့ကော်ဖီက ပိုုသိသာ၏ ။ မန်းထောင်မှာ..၅ / ညတချို ့ စိတ်တင်းကျပ်မှု ၊ အထားခံဓါတုုဆေးတွေစားလိုု ့ဝမ်းချုပ်လာကြ၏ ။ ဆရာဝန်တွေက ဆေးပေးလဲမရတော့ ။ တရက် ဆရာဝန် က..ကိုုဘီလိ..ဘယ်လိုုလုုပ်ရမလဲ ။
ကျနော်က ကျနော့်ကိုု နက်ဖန်မနက်..နက်င်္စကော်ဖီသီးသန် ့သာပေးပါတောင်းလိုုက်၏ ။ ကျနော်က..ရေနွေးတောင်း..ကော်ဖီ ၇- ခွက်ဖျော်၏ ။ ပြီး..မိလ္လာအိုုးလာချသူတွေကိုု..မိလ္လာအိုုးကိုု ကြာကြာလေးယူထားဖိုု ့မှာလိုု်က်၏ ။ ပြီးဝမ်းချုပ်နေသူတွေကိုု ကော်ဖီ ဒိုုင်လျိုပုို ့လိုုက်၏ ။ တခနနေတော့..ထိုုအခန်းတွေက..ပေါ်တာ ပေါ်တာ..ဂန်ဖလား ဂန်ဖလားအော်..တံခါးတွေကိုုထုုနေကြတော့၏ ။
ဟိုုလူတွေက ရေဆေးနေတုုံးအော်၏ ။ ၂ -ဥိးကမအောင့်နိုုင်တော့ ပလပ်စတစ်ခင်း..ပါချတော့၏ ။ နော်ကမှ ကျနော်က ကြံစီထားတာသိတော့..ဆရာရယ် ကော်ဖီ အကောင်းတိုုက်တယ်မှတ်နေတာ..နဲ့ ငိုုအားထက်ရည်အား..နောက်တော့ ဝမ်းချုပ်လျင် ဆရာဝန်က ကော်ဖီ ညွှမ်းတော့၏ ။
ကော်ဖီက ဆီးလဲံရွှင်စေ၏ ။ လက္ဘ်ခြောက်ကိုု..ကော်ဖီစက်နင့် ဖျော်လျင်သောက်ရတာကောင်း၏ ။ ဝမ်းမသွားစေပါ ၊ စက်နင့်ဖျော်သောက်လျင် ဆီးလဲ မရွှင်စေပါ ။
ကော်ဖီစက်တွေဈေးက ရန်ကုုန်မှာ အဠါန်ဈေးကြိးနေတာကတော့..လူထုု ကိုုလက်လှမ်းမမှီစေအောင်ဖြစ်နေ၏ ။ ကျနော် အော်ဇိက Used coffee machines တွေ ပိုု ့ပေးပြီး..တလုုံးကိုု..အမျိုးအစားအလိုုက်..US $ 80 to 200 ရောင်းပေးပါတယ် ။
မြန်မာတွေ လက္ဘင်္ရည် မသောက်စေချင်တော့ပါ ။ ကျန်းမာရေးအတွက်ပါ ။ ကျနော့်အဒေါ် အသဲကင်ဆာနင့် ကွယ်လွန်ထားလိုု ့ပါ ။ မိတ်ဆွေတချို ့လဲ လက္ဘ်ရည်ကြောင့် အသဲကင်ဆာ မကြားချင်တော့ပါ ။
ဒေါက်တာလှိုင်မြင့် ။
ဦးကြောင်ကြီး
January 10, 2016 at 2:31 am
ပုရှ်လေးကို ကော ်ဖီရည်ထဲ စိမ်သောက်ခြင်လိုက်တာ…
kai
January 10, 2016 at 5:51 pm
လက်ဖက်ရည်က.. အသဲကင်ဆာဖြစ်စေတဲ့သဘောရေးထားသမို့.. တော်တော်မကျေနပ်…။
ဘာပဲဖြစ်ဖြစ်.. သောက်မည်.. :k:
alinsett
January 11, 2016 at 7:29 pm
ငင့်… ဒီပိုစ့်ထဲက ကော်မန့်မှန်သမျှ…. အနော့်မေးလ်ထဲ.. ဝင်လာနေတုန်းပဲ..