“ Mart များ Supplier များနဲ့ Buyer များ”

“ Mart များ Supplier များနဲ့ Buyer များ”

 

ပြီးခဲ့ တဲ့ သုံးရက်လောက်က ကျနော်တို့ ပစ္စည်းတွေကို ရောင်းပေးနေတဲ့

Mart တစ်ခု က“အကို တို့ပစ္စည်းတွေ ရောင်းမကောင်းလို့ ပြန်သိမ်းပေးပါ”

ဆိုပြီး မိန်းကလေး တစ်ယောက်  ဖုန်း ဆက်လာပါတယ်။

အဲဒီမှာပစ္စည်းပြန်သိမ်းတဲ့ကိစ္စ နဲ့ ပါတ်သက်ပြီး  အဲဒီက buyer ကလေးမနဲ့

စကားအခြေ အတင် ပြော လိုက် ရ ပါတယ်။

သူတို့ ကပစ္စည်း သိမ်းပေးဘို့ ပြောတော့ ကျနော် က ပစ္စည်းသိမ်းပြီးတာနဲ့

ငွေရှင်းပေးမလား မေးတော့ ။

ချက်ခြင်းမရ တစ်ပါတ်လောက်နေ မှ ရမယ်လို့ဖြေပါတယ်။

ဒါဆိုရင် ငွေမရှင်းခင် ရှင်းတမ်းတစ်စောင်ထုတ်ပေးမယ်ပေးမလား မေးတော့။

ကျမ တို့ က စာရင်းဇယား သေ ချာ လုပ် ထားပါတယ်။

စာရင်းလုပ်ပေးတာကတော့ မှန် တယ် ငွေ ထုတ်ဘို့ ချက်လက်မှတ်မရေးခင်

တိုက်ကြည့် ချင် တာ လို့ ကျနော် ပြော တော့ ကျမ တို့ ကသေချာ လုပ် ထားပါတယ်။

နားလည်လားလို့ ကျနော် ့ ကို ပြန်မေး ပါ တယ်။

ကျနော် လဲ စကား သိပ် မပြောချင် တော့ ရ တယ် ခင်ဗျားတို့ အဆင်ပြေသလို သာလုပ်လို့ ပြောတော့

“စကားပြောတာ ယဉ် ကျေးမူ့ ရှိ ပါ “ “ကျမ ကို ခင် ဗျား ခင် ဗျား နဲ့ မပြော ပါ နဲ့ ကျမ က “အကို” လို့

ခေါ်ပြီး ပြော နေတ ာ “ ဆို တော့ စိတ် ဆိုး ရ အခက် ရီရ အခက် ဖြစ်သွားပါတယ်။

ကျွန် တော် တို့ မြန် မာ စကား ရဲ့ ဝေါဟာရ ရှုပ်ထွေးတာကိုဘဲအပြစ်တင်မရ မလိုလို။

ကျနော်  ခင်ဗျား ပြော တာ ကို မ ယဉ်ကျေးဘူးဆိုတော့ ခက်ပြန်ပါတယ်။

ကိုယ်နဲ့စကားပြော နေ ရ တဲ့ သူ က ဘယ် အသက်အရွယ်မှန်း မသိဘဲ

ကိုယ် နဲ့ ဖုန်းပြော နေ သူကို  “အကို” ခေါ် ပြီး စကားပြောနေ တာ

ကုမ္ပဏီ ယဉ်ကျေးမူ့ လားလို့တွေးမိနေပါတယ်။

********************************************************

ဒီလို Mart တွေပေါ်လာ တဲ့ အခါမှာ ဝယ်ယူ သူများအတွက် ပုံစံအသစ်ကြုံရသလို

အဲဒီMart တွေကို ပစ္စည်းတင်သွင်းရောင်းချ လို သူတွေ မှာလည်းပုံစံသစ်နဲ့ကြုံရပါတော့တယ်။

ဟိုရှေးရှေးကတော့ ရောင်းသူဝယ်သူအသံတူဘို့ အဓိက။

ပိုင်ရှင်အချင်းချင်းဘဲ တိုက်ရိုက်ပြောကြ ဆို ကြ လုပ်ကြပါတယ်။

ကုန်သည်အချင်းချင်း နုတ်ကတိ နဲ့သာ အလုပ်လုပ်ကြတာများပါတယ်။

နယ်သမားနဲ့မြို့ပေါ်ကလူ နှစ်ပေါင်းများစွာ ဖုန်း နဲ့ အမှာစာနဲ့အလုပ်လုပ်ခဲ့ကြတာ

တစ်ယောက်နဲ့တစ်ယောက် မြင်တောင်မမြင်ဘူးကြ။

အကြွေးရောင်း အကြွေးဝယ် လုပ်ကြတယ်ဆို ပေမယ့်လဲ

ဘာ စာချုပ်စာတန်း ဘာ က တိ က ဝတ် မှ မရှိ။

ဒါပေမယ့် နှစ်ပေါင်းများစွာဒီလို ဘဲ လုပ် နေခဲ့ကြတာအမှန်ပါဘဲ။

တစ်ခါ တစ်ရံမှာတော့ ပြဿနာရှိပေမယ့် အများအားဖြင့်တော့

အဆင်ပြေကြတယ်ဆိုနို်င်ပါတယ်။

ရှေးတုံးက ကုန်သည် အချင်း ချင်း ဆက်သွယ်ပုံက တကယ့် ကို ချစ်ခင်လေးစားစရာ။

နယ်က ကုန် သည် က လဲ လူ ကြုံ ပြီ ဆို တာ နဲ့ ဒေသ ထွက် ရာသီပေါ်သီးနှံလေးတွေပို့ ပေး။

မြို့ ကလူ ကလ ဲ လူ ကြုံ တယ်ဆို တာ နဲ့ နယ် မှာ မရ နိုင်တဲ့ အစားသောက်လေးေ တွ ပို့ပေး။

အခု ခေတ် ကတော့ တစ်ကျပ် ပေး တစ်ကျပ် ယူ ခေတ်။

တစိမ်း ဆန် ဆန် ပါ ဘဲ။

 

အခုနောက်ပိုင်းမှာတော့ ဘာလုပ်လုပ်စနစ်တကျ လုပ်လာကြပါတယ်။

“နုတ်တစ်ရာစာတစ်လုံး” ဆိုတဲ့ အတိုင်း စာနဲ့ပေနဲ့မှတ်တမ်းတင်ပြီး

စာချုပ်စာတမ်းနဲ့ လုပ်ဆောင်လာကြပါတယ်။

Mart ဖွင့်တဲ့အခါမှာ တော့ပိုပြီး တိ ကျ လာ ကြ ပါတယ်။

သူတို့ ဆီ ကို ပစ္စည်းသွင်းမယ့် supplier တွေက

အရင်လို ပိုင်ရှင်နဲ့ တိုက်ရိုက် စကားပြောခွင့် မရတော့ပါဘူး။

ပိုင်ရှင်ဖြစ်သူက ကိုယ်စားလှယ်အဖြစ်ခန့်အပ်ထားတဲ့

buyer နဲ့သာ စကားပြောရ ပါတော့ တယ်။

ကုန်ပစ္စည်းအသစ်တစ်ခု mart မှာတင်ချင်တယ်ဆိုရင်

ပ ထမ ဆုံး ပစ္စည်းနမူနာ ကို buyer ကိုပြ။

သူမေးတဲ့မေးခွန်းတွေဖြေ။

နောက်ပြီးတော့ အင်္ဂလိပ်လိုရေးထားတဲ့ စာရွက်ပေါ်မှာအချက်အလက်တွေဖြည့်ရပါတယ်။

ဒီလို အင်္ဂလိပ်ဘာသာစကားနဲ့ ဖြည့် သာဖြည့်ရတယ် ကိုယ်တိုင်လဲ လုံး စေ့ပတ်စေ့ နားမလည်သူများပါတယ်။

အင်္ဂလိပ်စာလုံးနဲ့ရေးလိုက်ရင် နိုင်ငံ တကာ အဆင့် မီသွားပြီလို့ ထင် နေကြ သလားတော့မသိ။

 

မြန်မာနိုင်ငံရဲ့ရုံးသုံးဘာသာ စကား က မြန်မာစာပါ။

ဒါပေမယ့် ရုံးဌာနတွေ ကုမ္ပဏီတွေမှာ ဖောင်တွေဘာတွေဖြည့်ရင် အင်္ဂလိပ်လိုဖြည့်နေရတုံးပါဘဲ။

ဒီစာရွက်တွေကို အသုံးပြု ပြီးဖြည့် ခိုင်း တဲ့ သူ ကိုယ်တိုင်လဲ ရေရေရာရာမသိကြတာများပါတယ်။

ကြက်တူရွေးစာအံသလို ဟိုအကွက်ဟိုလိုဖြည့် ဒီအကွက်ဒီလိုဖြည့် ဆိုတာတွေဘဲများပါတယ်။

ပါးစပ်ကသာ အင်္ဂလိပ်ဝေါဟာရတွေနဲ့ပြောနေပေမယ့် ကိုယ်တိုင်လဲ ဒီစကားလုံးရဲ့အနက်အဓိပ္ပါယ်

ကိုရေရေ ရာရာ မသိ။

ဒါကတော့ Mart ကို ပစ္စည်း သွင်းတော့ မယ်ဆိုရင်ပထမဆုံးကြုံရတာပါဘဲ။

ကုန်ပစ          ္စည်းသွင်းသူတွေက လဲ mart တွေကို သူတို့ ပစ္စည်းရောင်းချင်ပါတယ်။

နေ့ စဉ် နေ့ တိုင်း လူ အများကြီး ဝင်ထွက်သွားလာတဲ့ နေရာမှာ ကိုယ့်ပစ္စည်းလေးတွေ

ကို မြင်ချင် ကြပါတယ်။

ရောင်းရ တာ မရောင်း ရ တာအ ပ ထား ဂုဏ် ရှိ တယ်လို့ ယူ ဆ ကြ ပါတယ်။

ဒါကြောင့် လဲ mart တွေကို တင်နိုင်အောင် ကြိုးစားကြ ပါတယ်။

ကိုယ်ပစ္စည်းကို သူ တို့ တင်ချင်အောင်ကြိုးစားကြပါတယ်။

 

Mart တွေကလဲ သူတို့ ဆီမှာရောင်းတဲ့ ပစ္စည်းတွေ ရဲ့အရည်အသွေး အများကြီး

ဂရုစိုက်ပါတယ်။

သူတို့ ဆီ လာသွင်းတဲ့ ပစ္စည်းအရည်အသွေးမှန်အောင် သန့်ရှင်းလတ်ဆတ်အောင်

ကြိုးစား ကြ ပါတယ်။

တကယ်တော့ သူတို့ ကြိုး စားတယ် ဆို တာ ထက် supplier တွေအပေါ်မှာ

ကန့်သတ်ချက်ပေါင်းများစွာနဲ့ ပစ္စည်း တင်သွင်းခိုင်းတာပါဘဲ။

အသီးအနှံဆိုရင်လဲ လတ်ဆတ်ရမယ်  အရွယ် ညီ ရ မယ်

မကောင်းရင်ပြန်လဲပေးရမယ်။

ရက်အကန့် အသတ် နဲ့ သက် တမ်းရှိ တဲ့ ပစ္စည်းတွေ ဆိုလဲ ပြန် လဲ ပေး ရ မယ်။

နောက် သူ တို့ ဆီ မှာ ပစ္စည်း တင် မယ် ဆိုရင်  အပ်ကုန် စနစ် နဲ့ ထား တာ များ ပါတယ်။

အပ်ကုန်စနစ် ဆို ရင်  တစ် လ တစ် ကြိမ် ကုန်သလောက်ရှင်းပေးပါတယ်။

အကြွေးစံနစ်နဲ့လက်ခံ ထား တဲ့ ပစ္စည်း ဆိုရင်လဲ စ ကတည်း က သတ်မှတ် ထားတဲ့

ရက်မှာ ဘဲ ငွေရှင်းပေးပါတယ်။

အများအားဖြင့် တစ် လ ဆိုင်း ရှင်းပေးတာ များ ပါတယ်။

ငွေရှင်းပေးတဲ့ အခါ လဲ ချက်လက်မှတ်ဘဲပေးပါတယ်။

အဲ တော့ သူတို့ နဲ့ပစ္စည်း သွင်းဘို့ စ ပြီး စာချုပ် က တည်းက

ငွေထုတ်မယ့် သူရဲ့မှတ်ပုံ တင် ကို ပေး ထား ရပါတ ယ်။

တကယ်လို့ အဲဒီ လူ မထုတ်နို်င်တော့ဘူးဆိုရင်  သူတို့ ရုံးမှာ

စာ နဲ့ ပေ နဲ့ ပြန်လျောက်လွှာတင်ပြီးပြောင်းရ ပါတယ်။

ဒီတော့ သာမန်လုပ် ရ ကို်င်ရ တာ ထက် စာရင် အလုပ်ရှုပ်တယ်ဆိုနို်င်ပါတယ်။

ကုန်ဘိုး ငွေ ထုတ် ရ တာ လဲ  သူ တို့ စည်းကမ်း သတ်မှတ် တဲ့ ရက်အတိုင်း ထုတ်ရတာပါ။

ကိုယ်ရ စရာ ရှိ တဲ့ ကုန်ဘိုး တစ်လ ပြည့် တိုင်းထုတ်လို့ မရပါဘူး။

သူ တို့ သတ်မှတ်ပေးထားတဲ့ ရက် ရောက်မှ သာ ထုတ်လို့ ရ ပါတယ်။

မြင်အောင်ပြော ပြ ရ ရင် ကုန်ဘိုးငွေ တစ် လ ပြည့် တဲ့ နေ့ က တနင်္လာနေဖြစ်နေပေမယ့်

သူတို့ ငွေပေးရက် အဖြစ် သတ်မှတ် ထား တဲ့ ဗုဒ္ဓဟူးနေ့ မှ ငွေ ထုတ် လို့ ရ တာ မျိုးပေါ့။

ကုန်ဘိုးငွေ ထုတ်ရမယ့် ရက် ရောက်ရင် သူတို့ ရုံးကိုသွား ချက်လက်မှတ်ယူပြီးငွေထုတ်ပေါ့။

အဲ လို ချက်လက်မှတ် သွားယူ တဲ့ အခါမှာ လည်း စံနစ်တကျ နဲ့ လုပ် ထားတဲ့

Mart တွေမှာငွေထုတ်ရ တာမြန်ပေမယ့် ဂိုက်ပေးကြမ်း တဲ့ ဝန် ထမ်းတွေဆီမှာ

ငွေထုတ်ရ တဲ့ အခါ အတော်လေး အဆင်မပြေ ဖြစ် ရ ပါတယ်။

တစ်ခါ က နာ မယ် ပြောင်း ထားတဲ့ Mart တစ်ခုမှာငွေထုတ်သွားတဲ့အခါ

အတော်လေး အဆင်မပြေဖြစ် ခဲ့ ရ ဘူးပါတယ်။

ကျနော်ငွေသွားထုတ်တဲ့အခါ ငွေထုတ်တဲ့လူတွေ ထိုင်စရာမရှိတော့

မိုးတိုးမတ်တပ်ရပ်စောင့် နေရ ပါတယ်။

ကျနော် အလှည့် လဲ ရောက်ရော နောက် တစ် ခေါက်မှ ပြန ်လာ ပါ လို့ ပြောတဲ့အခါ

ဘာကြောင့် လဲ လို့ မေးတော့ ဘောက်ချာတွေပြန်မတို်က်ရသေးလို့ ဆိုပြီးပြောပါတယ်။

ဒီနေ့ ငွေပေးမယ့် နေ့ ဆို တာ ခင်ဗျားတို့ သတ်မှတ်ပေးထားတာဘဲ ကြို ပြီး စာရင်းတိုက်ထား

လို့ ပြော တော့  ငွေပေးရ တာ အကို တစ်ယောက်ထဲ မဟုတ်ဘူးဆိုပြီးခွန်းတုန့်ပြန်ပါတယ်။

ကျနော် က တော့ နောက်တစ်ခေါက် မပြန်နိုင်ဘူး အဲ တော့ ခင်ဗျား ဘောက်ချာ တွေ စစ်

ပြီးတဲ့ အထိ ထိုင်စောင့် မယ် လို့ ပြောတော့ မှ မကြည် မသာ မျက်နှာနဲ့ ဘောက်ချာတွေစစ်ပေးပါတယ်။

အဲလိုဖြစ်ပြီး  နောက်ပိုင်း ကျနော် အဲ ့ဒီ  Mart ကို  ပစ္စည်းမသွင်းတော့ပါ။

 

Mart  တွေ က နေ ကုန်ဘိုးငွေချေတဲ့ အခါ ချက် လက်မှတ် ကလေး နဲ့ တွဲလျက်

စာရင်းတစ်စောင်ပါ တတ်ပါတယ်။

ဒါပေမယ့် လဲ အဲဒီစာရင်းကို ဖတ်ကြည့် ရင် နား မလည် တဲ့ သူများပါတယ်။

သူ တို့ ကတော့ သူတို့ ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း စာရင်းလုပ်ထားတာကိုး။

ဒါပေမယ့် သာမန်အရပ်သူ အရပ်သားမတွေ ဆို ပြန်တော့

သူတို့တွက်ပေးတဲ့ စာရင်းကို သဘောမပေါက်နိုင်။

ကိုယ့်စိတ် ထဲမှာရ စရာ ရှိတဲ့စာရင်းနဲ့ ဆိုရင် အမြဲကွဲလွဲ နေတတ်ပါတယ်.။

နည်းတဲ့အခါ နည်း များ တဲ့ အခါများပေါ့။

အဲဒါက ဘာ လို့ လဲ ဆို တော့ ပြောင်းလဲ နေ တဲ့ ကုန်ဈေး နူန်းကြောင့်ဖြစ်တာပါ။

ဈေး နူန်း အပြောင်း အ လဲ ဖြစ် တယ် ဆို ရင် Mart တွေက သူတို့ မှာ ရှိနေတဲ့

ကုန်လက်ကျန်တွေကို လက်ရှိပေါက်ဈေး အတိုင်း တက်ရင် တက်သလို ကျရင်ကျသလို

ပြောင်းလဲ လိုက်ကြပါတယ်။

 

အဲ ဒီတော့ စ ရောင်းတုံးက ထားခဲ့ တဲ့ဈေး နူန်းအတိုင်းဘောက်ချာ ဖွင့် ပြီး

စာရင်းအသေမှတ် ထားတဲ့ ကုန်သည်တွေနဲ့ ကြတော့ စာရင်းတွေ လွဲနေပါတယ်။

Mart  မှာ ပစ္စည်းတင် တယ် ဆို တိုင်းလဲ ရောင်း ကောင်းတာ မဟုတ်ပါဘူး။

တချို့ ပစ္စည်းတွေ ဆိုရင် Mart မှာ တင် ထားလို့ ရောင်းရ တဲ့ ပမာဏ က

ဈေး ထဲ အရပ် ထဲ ကဆိုင် ထက် နည်းနေတာ တွေလည်းရှိပါတယ်။

ဒါပေမယ့် လည်း ငါ့ ပစ္စည်း လေး Mart မှာ တင် ထားတယ် ဆို တဲ့ အတွေး

နဲ့ ဘဲ တင် ထား ကြ တဲ့ သူတွေ လဲ ရှိပါတယ်။

တနည်းပြောရင်တော့ ကြော်ငြာ သဘော လို့ ဆို နိုင်ပါတယ်။

နောက်Mart မှာ ပစ္စည်းတင် တယ်ဆိုရင် ချက် ခြင်း မရ နိုင်ပါဘူး။

အဆင့်ဆင့်  စစ်ဆေးပြီးမှ လက်ခံ တယ် ဆိုတော့ အချိန်ပေးရပါတယ်။

သူတို့ ဆီ ကို လာ တင် ချင် တယ် ဆို တဲ့ ပစ္စည်း တိုင်း ကို လဲ လက်မခံပါ။

သူတို့ရဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှ ပစ္စည်းအရည်အသွေး ကောင်းမှ သာ လက် ခံ တာပါ။

(ဒီတစ်ချက်ကတော့ သူ တို့ ဆီ က ဝယ် ယူ သူများအတွက်

ကောင်း တဲ့ အချက် ပါ ဘဲ။)

 

ဒီလို Mart မှာ တင် တယ် ဆိုရင် သူ တို့ ရဲ့ ကိုယ်စားလှယ် ဖြစ်သူ Buyerများနဲ့သာ

အလုပ်စကားပြောရ ပါတယ်။

သူတို့လေးတွေကအများအားဖြင့် ယဉ်ကျေး ကြ ပါတယ်။

(ကျနော်တွေ့ ဘူး သူ အချို့ထဲမှာ နည်းနည်းဘဝင်မြင့်နေတဲ့

ပုံစံပေါက်နေ တဲ့ ကလေးတွေကိုလည်းတွေ့ဘူးပါတယ်)

ဒါပေမယ့် ပစ္စည်းတစ်ခုတင်သွင်းဘို့ အတွက် သူတို့ နဲ့သွားတွေ့မယ်ဆိုရင်

အချိန်အတော်ပေးရ ပါတယ်။

သူတို့ နဲ့ တွေ့ ခွင့် ရဘို့ ကိုအချိန်တော်တော်များများကုန်အောင်ထိုင်စောင့်ရတာ

များပါတယ်။

တွေ့ပြီး ပြီ ဆိုရင်လဲ သူတို့မေးတာလေးတွေဖြေ ပြီးတဲ့

ရုံးချုပ်ကိုအချက်အလက်တွေတင်ပေးပါမယ် ဆိုပြီး ပြော လိုက် ပါတယ်။

အဲဒီ တော့ နောက်ရက် တွေ မှာ လည်း ကိုယ့် ပစ္စည်းကို လက်ခံ မ ခံ စုံစမ်း

ရပြန်ပါတယ်။

သူတို့ ဆီ ကို ဖုန်း ဆက်တယ် ဆိုရင် ဖုန်းဘီလ် အတော်ကုန်ပါတယ်။

သူ တို့ ပေးထား တဲ့ ဖုန်း ကို ခေါ် လိုက်ရင် ဧည့်ကြို ဌာ န  က နေ သက် ဆိုင်ရာရုံးခန်း

အဲဒီရုံးခန်းက မှ ကိုယ်နဲ့ ဆက်သွယ်ရ မယ့် လူ ဆီ ကို ရောက်တာကိုး။

ဖုန်းစောင့် နေတဲ့ အချိန် ဖုန်းက တီး လုံးလေး တွေမြည်နေတတ်တာ

ကို နားမ ထောင် ချင်လဲ နား ထောင် နေရ ပြန် ပါတယ်။

 

သူတို့ ကလက်ခံ ပြီဆိုတာနဲ့ စာချုပ်ချုပ်ရပါတယ်။

စာချုပ်ပါအချက်အလက်ကတော့ လက် ခံ နိုင် တာတွေ လက်မခံ ပြီး

လက်မခံ တာတွေကိုတော့ ငြင်းပယ်ရ တာပေါ့။

Mart တွေမှာ ကုန်ပစ္စည်း သွင်းဘို့ စာချုပ် ချုပ်မယ်ဆိုရင်

ဆိုင်နာမည်ပါတဲ့ ဘောက်ချာ (ပုံနှိပ်ထားတဲ့ )စာအုပ်လိုပါတယ်။

ပိုင်ရှင်သို့ မဟုတ် အကြီးအကဲ ကိုယ်တိုင် လက်မှတ် ထိုး ရ ပါတယ်။

လုပ်ငန်း ရဲ့ အမည် ပါဝင်တဲ့ ရာဘာ တံ ဆိပ် လိုအပ်ပါတယ်။

နောက် သူတို့ ဆီ က ကုန်ဘိုးကို ထုတ်ယူ ဘို့ အတွက် ကိုယ်စားလှယ်

လွှဲပေးထားသူရဲ့ အမည် မှတ် ပုံ တင်တွေ  လိုအပ်ပါတယ်။

သူတို့ ကကုန်ဘိုးငွေကိုချက်လက်မှတ်ပေါ်မှာ ရေး ပေးတာ ဖြစ်ပြီး

အဲ ဒီ ချက်လက်မှတ်ပေါ်မှာ ထုတ်မယ့် လူ နာ မယ် ကို အပြီးထိုးရေး

ပေးလိုက်လို့ ပါဘဲ။

Mart တွေရဲ့  လုပ်ငန်းစီစဉ်မူ့တွေက  တိ ကျ တယ်ပြောနိုင်ပေမယ့်

လုပ်ငန်းမကျွမ်းကျင် တဲ့ ဝန်ထမ်း နဲ့ တွေ့ ရင်တော့ အချိန် ကြာတတ်ပါတယ်။

တစ်ခါတစ်ခါ ဂိုက်ပေးကြမ်း တဲ့ ဝန် ထမ်း နဲ့ တွေ့ ရင်တော့ စိတ်လေရ ပါတယ်။

 

ပြီးခဲ့ တဲ့ သုံးနှစ်လောက်က ပျားလိမ္မော် ကို ကြား ဘူး နား ဝ နဲ့ သွားစိုက်

တဲ့ မိတ်ဆွေ တစ်ယောက် အသီးတွေ သီး ချိန် ရောင်းမ ရ ဘူး ဖြစ် နေပါတယ်။

သူ က Mart ပေါ် တင် ချင ်တယ် ပြော တော့ လိုက်ပို့ ပေးလိုက်ပါတယ်။

ဟို ကလည်း သူ တို့ သတ်မှတ် ချက်တွေ နဲ့ အလုံးညီမှ အလေး ချိန်ညီမှ

အိတ်စွတ်မှ တံ ဆိပ် ကပ် မှ တွေ ပြော လာ တော့  ကျနော်မိတ်ဆွေ လဲ

စိတ်လေသွားပါတယ်။

ရှုံး နေပါ တယ် ပြော မှ နောက် ထပ် အပိုတွေ ထပ်မလ ိုက် ချင် တော့ ဘူးလေ။

ဒါ နဲ အကြံ ပေးလိုက် ပါတယ်။

အသီးတွေကို အကြီးအသေး မျှှ။

ပလပ်စတစ် ခြင်းအပြားလေး ထဲ ထည့်။

မနက် လေး နာရီထ ။

မင်္ဂလာဈေး တို့၊ တရုပ်တန်းဈေး တို့ မှာ သွားပြီး ဖောက်သည်ပေး။

လက်ငင်းရောင်း ။

အဲဒီမှာ သူ့ခြံ ထွက်တွေ ကုန်အောင်ရောင်းလိုက်ရသလို  ငွေလဲ လက်ငင်းရပါတယ်။

ဒါက တစ်ခါ တစ်လေ ဖြစ်တတ်တာလေးတွေပါ။

 

ဘာဘဲပြောပြော ပြောင်းလဲ လာ တဲ့ ခေတ် နဲ့ အညီ  လုပ်နိုင်အောင်တော့

ကိုယ့်ဘက်က လဲ အဆင် သင့် ပြင် ထားဘို့ လိုပါတယ်။

 

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

27-7-2014

 

 

 

4 comments

  • kyeemite

    August 14, 2014 at 9:52 am

    Mart တွေမှာဈေးဝယ်ရတာ ဈေးနည်းနည်းကြီးတတ်ပေမဲ့ ဈေးနှုံးကပ်ထားပြီးဖြစ်လို့
    ဝယ်ရတာတော့ စိတ်ချမ်းသာပါတယ်…အဲ့လို Martတွေပေါ်လာတော့ သာမန်စတိုးဆိုင်တွေ
    လူဝယ်နည်းကုန်တာအမှန်ပဲ…သာမန်စတိုးဆိုင်တွေကဝန်ထမ်းတွေ ဆက်ဆံရေးကြောင့်
    လည်းပိုပြီးကျကုန်တာပါ… ကိုပေါက်ရေးပြတော့လည်း ရောင်းသူနဲ့ဝယ်သူအကြားဆက်ဆံရေး
    ချောမွေ့ဖို့အရေးကြီးကြောင်းသိရတာပေါ့ :))

    • မှန်ပါတယ်တယ ် ကိုမိုက်ရေ

      ဒီလို စည်းစံ နစ် တကျ ရောင်း တဲ့ ဆိုင်လေးတွေ လိုအပ်တာတော့ အမှန်ပါဘဲ

  • ခင် ခ

    August 14, 2014 at 10:31 am

    Mart တွေမှ ပစ္စည်းတင်ရောင်းချင်ရင် သူတို့သတ်မှတ်ချက်တွေကိုတော့ လိုက်နာရမယ်ဗျ
    သူတို့ကလည်း Mart အချင်းချင်း အပြိုင်အဆိုင်ရှိသလို အရည်အသွေးလည်းထိန်မှ Mart ကလည်း ရေရှည်အောင်မြင်မှာကိုး။ တစ်ချို့ Mart တွေ အရည်အသွေး မထိန်းဘဲ ဖြစ်သလိုရောင်း ကြလို့ ဈေးဝယ်မဝင်တော့တဲ့ထိ ဖြစ်ခဲ့ကြတယ်လေ ကိုပေါက်ရေ။

  • ကိုခရေ
    အရည်အသွေးထိန်းတာကို လည်း လက် ခံ ပါ တယ်။

    တစ်ခါ တစ်ရံ မှာ လို တာ ထက် ပို တဲ့ ကိစ္စလေးတွေ ကို လည်း ကြုံရဘူးလို့ပါ။

    တစ်ခါတစ်ခါ သူ တို့ဌာန အချင်းချင်း အချိတ်အဆက်အားနည်း သလို ပါဘဲ၊

    တစ်ယောက်က ဖုန်းဆက်ပြီး ရက်လွန်ခါနီးတဲ့ ပစ္စည်း လာ လဲ ပေး ပါ ပြောတယ်။
    တကယ်သွားလဲတော့ လဲ စရာ ပစ္စည်းမရှိ။

    အဲလို လွဲချော်မူ့ လေးတွေပေါ့။

Leave a Reply