ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။(ဇတ်သိမ်း)
ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။(ဇတ်သိမ်း)
ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။(ပထမပိုင်း) ( https://myanmargazette.net/202257 )
ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့ (ဒုတိယပိုင်း) ( https://myanmargazette.net/202369 )
………………………………………………………………………………………………………………………………..
………………………………………………………………………………………………………………………………..
ကျောင်းအုပ်ဆရာမကြီးက ငါ့ဘဝကို သနားလို့ စာကြိုးစားတဲ့ငါအတွက် တက္ကသိုယ်ပညာရေးကို ဆက်သင်လို့ ရအောင် သူရှေ့တပတ်ထဲမန္တလေးကိုရုံးကိစ္စနဲ့ သွားဖို့ရှိတယ် အဲဒါသူနဲ့လိုက်ခဲ့ပါလား မန္တလေးရောက်ရင် သူတို့ ရပ်ဆွေရပ်မျိုး နန်းရှေ့က ဘုန်းကြီးကျောင်း ကဘုန်းတော်ကြီးဆီမှာ အပ်ထားပေးမယ် ဘုန်းကြီးကျောင်းကိစ္စ လုပ်ရင် ဘုန်းကြီးကကျောင်းထားပေးလိမ့်မယ် လိုက်ခဲ့ဆိုတာမို့ ဆရာမကြီးကို ကြောက်လည်းကြောက် ငါမှာ လည်းတစ်ကောင်ကြွက်ဘဝဆိုတော့ ဒီလိုနဲ့ဘဲ မန္တာလာမြေကို ခြေချမိခဲ့ရတယ်ပေါ့လေ။
“နင် အဲဒီဘုန်းကြီးကျောင်းကိုရောက်တာ ဆယ်တန်းအောင်ပြီးထဲကပေါ့ ”
” အေးပေါ့ဟ ဆယ်တန်းအောင် အမေဆုံးပြီး ရောက်တာဘဲလေ ”
” ဒါနဲ့များဟာ ငါ ကို အဆက်အသွယ်လေးဘာလေးတောင် မလုပ်ဘူး အဲဒါကြောင့်ဖြစ်မယ် ငါတက္ကသိုလ် ဒုတိယနှစ်မှာ လားရှိုးဖက်ကသူငယ်ချင်းတစ်ယောက် ငါတို့အတန်းထဲမှာ သိတာနဲ့ နင်တို့အကြော်တဲလေး အကြောင်းမေးတော့ ဘယ်သူမှမရှိတော့ဘူး အဲဒီအကြော်တဲလည်း ပေါက်ပြဲပျက်နေပြီလို့ပြောတယ် နင်က မန္တလေးရောက်နေတာကိုး နေနိုင်လိုက်တာဟယ်”
” ငါက သူများဘုန်းကြီးကျောင်းမှာ ကပ်နေရတာလေ မနက်ဆို အစောထ ဆွမ်းဟင်းချက် ဘုန်းကြီးကျောင်း ဝေယျာဝစ္စတွေလုပ် နဲ့ တစ်နေ့ တစ်နေ့ နေ့တဝက်ကုန်တာဘာဘဲ နေ့ခင်းပိုင်းဘုန်းကြီးတွေစာဝါချတော့ ငါက မုန့်ဖက်ထုပ်၊ ပြောင်းဖူးပြုတ်ပြီး ဘုန်းတော်ကြီးဝယ်ပေးတဲ့ စက်ဘီးနဲ့ ညနေဆို ရပ်ကွက်ထဲ လိုက်ရောင်းပေါ့ဟာ နင်နေတဲ့ မန်းတက္ကသိုလ်ဖက်တော့ မလာဖြစ်ဘူးဟ ငါနေတဲ့အရပ်နဲ့က လှမ်းတာကိုး အဲလိုနဲ့ ဆယ်တန်းအမှတ် စာရင်းရတော့ ဆေးကျောင်း တက်လို့မှီတော့ ဘုန်းတော်ကြီးက သူ့ကို ကိုးကွယ်တဲ့ နန်းရှေ့သကြားစက်ပိုင်ရှင် သူဌေးကို အကျိုးအကြောင်း ပြောတော့ အဲဒီသူဌေးကလည်း ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်အောင်လုပ်ပါ သူကျောင်းစရိတ် ပညာဒါန ထောက်ပံမယ် ဆရာဝန်ဖြစ်တော့ ကိုယ့်ရပ်ကိုယ်ရွာပြန် အကျိုးပြုလို့ရတာပေါ့ ဆိုပြီး ကူညီထောက်ပံသူရတာမို့ ဘုန်းကြီးကျောင်းမှာနေပြီး ဆေးကျောင်းတက်ဖြစ်ခဲ့တာပေါ့ သူများအထောက် အပံ အကူအညီနဲ့မို့ ကျောင်းစာအုပ်စာတမ်း ကျောင်းစရိတ်ကလွဲပြီး အခြားအပူမကပ်ဖူးလေ ထောက်ပံကူညီ တဲ့သူညိုညှင်မှာစိုးတယ်လေ ဒါကြောင့်လည်း ဘယ်မှမသွားဖြစ်ခဲ့ဘူး ဆေးကျောင်းနဲ့ဘုန်းကြီးကျောင်း၊ ညဖက် မုန့်ဖက်ထုပ်ရောင်းနဲ့ အချိန် ကုန်ခဲ့တာပေါ့”
ပန်းအိ အမေလည်းထိုင်နားထောင်နေရင်းကနေ
” သူငယ်ချင်းတွေ စကားကောင်းနေတာ ကော်ဖီသောက်မုန့်စားအုံးလေ သမီးလေး မုန့်စားပါ”
“ဟုတ်အန်တီ ကျေးဇူပါ” လို့သမီးကပြောပြီး မုန့်တစ်ခုလှမ်းနှိုက်တယ်၊
” မောင်ဖိုးဝေ သမီးလေး အမေနဲ့ရော ဘယ်လိုအကြောင်းပါတာလဲ” လို့ ပန်းအိ အမေက စကားထောက် မေးတော့
” သူအမေကလည်း ကျွန်တော်နဲ့ဆေးကျောင်းမှာ အတူတူတစ်တန်းထဲပေါ့ ကျွန်တော်က ဆရာကြီးလုပ်ပြီး သူတို့ကိုစာပြပေးနေကျလေ ဆေးကျောင်းနောက်ဆုံးနှစ်ရောက်တော့ ဆေးရုံတွေကိုလက်တွေ့ကွင်းဆင်း တဲ့အခါ သူအမေနဲ့ကျွန်တော်က ဆေးရုံအတူ တာဝန်ချတဲ့နေရာ အတူတူဖြစ်ရာကနေ အကြောင်းပါတာ အန်တီရေ”
“သူကတော့ မန္တလေးကလား”
“မဟုတ်ဘူး အန်တီ သူအမေက သီပေါဘက်ကပါ ဘဝအခြေအနေချင်း သိပ်မကွာဟလို့လည်း နီးစပ်သွား ကြတာပေါ့ အန်တီရေ”
“နင် အခု ဘယ်ဆေးရုံမှာတာဝန်ကျလဲဟင်”
“ငါအခု အဆုတ်ရောဂါကု တီဗီဆေးရုံမှာပါ”
“နင် အိမ်ထောင်ကျတော့ ဘယ်မှာနေလဲ”
“ငါအရင်နေတဲ့ ဘုန်းကြီးကျောင်းနဲ့ တစ်လမ်းကျော်က အိမ်ပေါ်ထပ်ကို ဌားနေဖြစ်တယ်လေ”
“ငါသမီးက ဒီနှစ်လေးတန်းမို့ မူလတန်းပြီးအောင်တော့ မန္တလေးမှာဆက်နေပြီး ထားလိုက်မယ်ပေါ့ မူလတန်း အဆင့်အောင်ပြီးရင်တော့ ငါ လာရှိုးဆေးရုံကို ပြောင်းမလို့တော့ ဆေးရုံအုပ်ကြီးကိုပြောထားတယ် ဆရာကြီးက လည်း ပြောင်းလို့ရအောင် ကူညီပေးမယ်တဲ့လေ”
“ဟင် အဲဒါဆို နင်မိန်းမကရော ”
“သူက ပြီးခဲ့တဲ့ခြောက်လလောက်ကဘဲ လားရှိုးဆေးရုံကို ပြောင်းခွင့်ရလို့ပြောင်းသွားပြီ ငါ့ ကိုကူညီကျောင်း ထားထောက်ပံပေးတဲ့ သူဌေးကြီးပြောခဲ့သလို ဆရာဝန်ဖြစ်ရင်ကိုယ့်ရပ်ကိုယ်ရွာကိုပြန်အကျိုးပြုဖို့ဆိုတဲ့ စေတနာရည်ရွယ်ချက်စကားအတိုင်း ပြန်ကျေးဇူးဆပ်ရအောင်လို့တဲ့လေ ပြီးတော့ သူအရပ်သီပေါနဲ့လည်း ဟိုကနီး တာကိုး”
” ဟင် ဒါဆို ငါ တို့တွေ ပြန်ခွဲကြရအုံးမှာပေါ့နော် ”
အဲဒီစကားကို ဖိုးဝေ တစ်ယောက်မဖြေဖြစ်တော့ဘဲ
“ဆရာကြီးရော နေကောင်းလား အန်တီ”
လို့ စကားလမ်းကြောင်းလွဲမေးလိုက်တော့
“မင်းတို့ ဆရာကြီးနေကောင်းပါတယ်၊ အခုက ရန်ကုန်အစည်းဝေးသွားနေလို့”
လို့ ပန်းအိ အမေကပြန်ဖြေပြီး၊ ဖိုးဝေ လည်း ပန်းအိ နဲ့ အန်တီကို နုတ်ဆက်ကာ ပြန်ခဲ့တော့ ခြံဝထိ ပန်းအိ လိုက်ပို့ရင်
” နင် တစ်ခါတလေ အားရင် လာလည်လေ”
” အေးပါ လာလည်ပါ့မယ်”
ဆိုပြီး ပြန်မယ်လုပ်တော့ သမီးကလည်း ဆိုင်ကယ်ပေါ်မတက်မှီ လက်ကလေးပိုက်ကာ
“ဆရာမ သမီးပြန်လိုက်အုံးမယ် ကျေးဇူးပါဆရာမ”
လို့နုတ်ဆက်တဲ့အခါ
“အေး သမီး ဖြေးဖြေးနော်”
ဆိုပြီး ပြုံးကာ ပန်းအိ တစ်ယောက်ကျန်ခဲ့လေတယ်ပေါ့။
အချိန်တွေကလည်း အလုပ်တွေမလုပ်ရင်တာ ကုန်ခဲပေမယ့်၊ အလုပ်တွေကြားထဲ ပြေးလွှားရုန်းကန်နေရတော့ တစ်နှစ်ဆိုတဲ့ အချိန်ဆိုတာကလည်း ဘာမှမကြာလိုက်သလိုဘဲလေ၊ ဖိုးဝေ ရဲ့ သမီးလေး လေးတန်းစာမေးပွဲ အောင်စာရင်ထွက်အောင်မြင်ပြီး နှစ်ပတ်ကျော်လောက်မှာတော့ ဖိုးဝေ တို့ သားအဖ ပန်းအိတို့ အိမ်ကိုရောက် ခဲ့ကြတယ်
“ဟယ် ဖိုးဝေ လာလေ”
ဆိုလို့ အထဲဝင်ထိုင်ပြီး
“ငါတို့ သားအဖ နင် ကို လာနုတ်ဆက်တာ”
“ငါ တစ်နေ့ အဲလိုစကားမျိုး ပြန်ကြားရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ဖိုးဝေရယ် နင်တို့ လာရှိုးကို ပြန်တော့ မလို့မလား”
“အေးဟာ သမီးလည်း မူလတန်းပြီးပြီဆိုတော့ ငါးတန်းက စပြီး ငါတို့တက်ခဲ့တဲ့ ကျောင်းမှာ ကျောင်းဆက်ထား မယ်လေ၊ ဟိုမှာက ဘာဘဲဖြစ်ဖြစ် ငါ တို့အတွက်တော့ ကိုယ့်အရပ်ကိုယ်ရွာ ကိုယ့်မြေဝိုင်းနဲ့မို့ ဒီမှာထက် အဆင်ပြေနိုင်တာပေါ့ဟာ”
” ဟုတ်ပါတယ် ငါက လားရှိုးကထွက်လာတုန်းက နင်နဲ့ ပြန်ဆုံချင်တဲ့စိတ်ဖြစ်ခဲ့ပြီး မမျှော်လင့်ဘဲ ပြန်ဆုံတော့ ဝမ်းသာခဲ့ပေမယ် ပြန်ဆုံရတဲ့အချိန်လေးက တိုးလွန်းလို့ပါ ဒါနဲ့ နင် ဘာနဲ့ပြန်ဖြစ်မှာလဲ ရထားနဲ့ဘဲလား”
“အေးပေါ့ ရထားနဲ့ဘဲ အခုလာမယ့် စနေနေ့ လားရှိုးရထားနဲ့လေ ဘူတာကို နင်လာမပို့လည်း ရပါတယ်ဟာ”
“ငါ ဘူတာကို လာမှာပေါ့ဟာ ဘယ်နှယ့်ပြောပါလေ့”
ဒီလိုနဲ့ ဖိုးဝေ တို့တွေ လားရှိုးပြန်မယ့်နေ့ ဘူတာရုံကို ပန်းအိ တစ်ယောက် အရောက်လာခဲ့ပါတယ်။
“ဖိုးဝေ နင် မန္တလေးလာဖြစ်ရင် ဘယ်အချိန်လာဖြစ်ဖြစ် ငါ့ ကိုအသိပေးပါဟာ”
“အေးပါ နောက်လာဖြစ်ရင် နင် ကို ငါလာတွေ့ပါမယ်”
“သမီး နောက် မန္တလေးကို လာဖြစ်တဲ့အခါတိုင်း ဆရာမဆီ လာလည်နော်”
“ဟုတ်ကဲ့ပါဆရာမ”
“နင် အမျိုးသမီးကိုလည်း ငါ မြင်ဖူးချင်သေးတယ် တွေ့ချင်သေးတယ်ဟ ဖိုးဝေရ”
“အေးပါဟာ နောက်ကြုံအုံးမှာပါလေ”
ဘူဘော်……………ဘူဘော်ာ်ာ်ာ်ာ်ာ်ာ်ာ………………
“ရထား ဥဩတောင် ဆွဲနေပြီ နင်တို့ ရထားပေါ်တက်တော့လေ”
“အေး ဒါဆို ငါ့တို့သွားပြီနော်”
“ဆရာမ တာ့တာနော်”
“အေး သမီး တာ့တာပါ ခရီးလမ်းဖြောင့်ဖြူးပါစေ”
အဲဒီအချိန်မှာ ရထားတွဲပေါ်မတက်မှီလေးခဏမှာဘဲ ဖိုးဝေ လက်မှာကိုင်ထားတဲ့ ဗူးလေးကို ပန်းအိ ကိုလှမ်းပေးရင်
“ဗူးထဲမှာ နင် တစ်ခါဘူတာမှ ကျဖြစ်ခဲ့တဲ့ နင့် ရဲ့ လက်ကိုင်ပဝါလေး ငါ သိမ်းပေးထားတာ အခု ပိုင်ရှင်နဲ့ ပြန်တွေ့ပြီမို့ရော့”
ပန်းအိ တစ်ယောက်လက်ကလေးလှမ်းပြီး ဗူးလေး လှမ်းယူရင်း
“ဪ ဖိုးဝေရယ် နင် ခုထိသေချာသိမ်းထားရက်တယ်နော်”
ဖိုးဝေ တစ်ယောက် သမီးလေးကိုလက်ဆွဲရင်း ရထားတွဲပေါ်တက်ကာနေရာယူထိုင်လိုက်ပြီး၊
ဖိုးဝေတို့ သားအဖ စီးနင်းလိုက်ပါတဲ့ရထားကြီး မန္တလေးဘူတာစင်္ကြန်ကနေ တရွှေ့ရွှေ့ထွက်သွားတော့ ဖိုးဝေ ရဲ့ သမီးလေးက သူ့ဆရာမကို လက်ဝှေ့ရမ်းကာ တာ့တာပြလေတဲ့အခါ ပန်းအိ လည်းပြန်ပြီး တာ့တာပြလေရဲ့ ပေါ့၊ ဖိုးဝေ တို့စီးနင်းလိုက်ပါသွားတဲ့ ရထားကြီးဝေးသည်ထက်ဝေးသွားသည်ထိ ပန်းအိ တစ်ယောက် လက်ကိုင်ပဝါဗူးလေးကိုကိုင်ရင်းငေးမော လိုက်ကြည့်နေလိုက်ပြီး ဒီလိုနဲ့ တဖြေးဖြေးချင်း ဝေးကွာကာ ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။
(ဖတ်ရှုကာမန့်ပေးကြသူအပေါင်းကျေးဇူးပါ)
ခင်ခ။
6 comments
ဇီဇီ ခင်ဇော် (26102012)
August 14, 2014 at 9:28 am
ဪ ။
အလွမ်းနဲ့ စ အလွမ်းနဲ့ ဆုံး တဲ့ ရထားကြီး ပဲ ကိုကြီးခ ရယ်။
ဖတ်ရင်း လွမ်းလိုက်တာ။
😥
ချိသူတွေ………
ချိသူတွေ…………
ဘာလိုလိုနဲ့ သများ ချိသူတွေ တောင် သားတွေ သမီးတွေ တစ်စုံစီ ရကုန်ပေါ့။
:mrgreenn:
,
.
.
.
.
အဟွာ။
ချိရတဲ့ သူငယ်ချင်းတွေ ပြောပါတယ်။
ဟိ။ :mrgreenn:
Myo Thant
August 14, 2014 at 11:13 am
မနက် ၄ နာရီထွက်တဲ့ လားရှိုးရထားကို ရအောင်လာလိုက်ပို့တဲ့ မေတ္တာကို ချီးကျူးပါတယ် ၊
ခင် ခ
August 14, 2014 at 12:08 pm
အင်း သံဃောဇဉ်ပေါ့ကွယ် ကိုမျိုးသန့်ရေ။
ကိုပေါက်(မန္တလေး)
August 14, 2014 at 1:49 pm
ဆရာမ က အပျု ိကြီး ဘဲ ထင ်တယ်နော် ကိုခ
မြစာကလေး (23122011)
August 14, 2014 at 10:28 pm
ကိုခ
အစ အဆုံး ဖတ်ပြီး မှတ်ချက်ချ ဖို့ တစ်ခု တွေ့ လိုက်တယ်။
ဖိုးဝေ က ပန်းအိ ကို ဘဝ တစ်လျှောက်လုံး သူ့စိတ်ထဲမှာ မထားခဲ့ ပါဘူး လေ။
လက်ကိုင်ပဝါလေးကိုလဲ တာဝန် အရသာ သိမ်းထားလိုက်တာပါ။
မဟုတ်လား။
မဟုတ် ရင် သူ ပြန်ရှာလို့ ရသားဘဲ။
ဒါပေမဲ့ ကောင်းပါတယ်။ စိတ်ကူးယဉ် သမား မဟုတ်ဘူးပေါ့။
(တစ်လျှောက်လုံး တူ လိုက်တာ လိုက်ပြောလာ တဲ့ ကကြီးမိုက် လဲ ဖြေပါ)
lol:-))
ခင် ခ
August 14, 2014 at 10:40 pm
မြစာကလေး သုံးသပ်ပြီး မန့်တာလေးအတွက် ကျေးဇူးပါဗျ