အိုပြီးမှ နာ ၊ နာပြီးမှ…သေရမှာ…မဟုတ်ဘူးလား
ဪ… လူရယ်လို့ ဖြစ်လာတာနဲ့ သေမိန့်က ကျထားပြီးသား။
တစ်နေ့ သေရမယ် ။
ဘယ်နေ့လဲ..ဆိုတာသာ သေချာ မသိတာ… ။
ဒါပေမယ့် သေချာ တိတိကျကျသိထားပြန်ရင်လည်း
မျှော်လင့်ချက်ဆိုတာတွေ ရည်မှန်းချက်ဆိုတာတွေ မရှိတော့ဘဲ
ငါ ဟိုနေ့ သေရမှာ… မသေခင်လေး လုပ်ချင်တာတွေ လုပ်သွားဥိီးမှ ဆိုပြီး…ထင်ရာစိုင်းမိမယ်ထင်ရဲ ့ ။
(အသိနဲ့ ပညာ မြင့်မြတ်သူတွေကတော့ မသေခင်လေး… လောကကို လုပ်ပေးသင့်တဲ့လှပမှုတွေ လုပ်ပေးသွားဦးမှ ပေါ့…လေ။
တစ်ရက် တစ်မနက်လောက်ပဲ နေရတော့မယ်ဆိုရင်တောင် အကျိုးရှိရှိ နေသွားမယ်ဆိုသူတွေလည်း …ရှိမှာကိုး ။)
နေမယ့်အပိုင်းက ထားပါလေ… ။
ပြောချင်တာလေးက… သေမယ့်ကိစ္စ ။
လူရယ်လို့ ဖြစ်လာတဲ့အခါ တစ်နေ့…အိုရမယ်…
အိုပြီးရင် နာရမယ်…
နာပြီးရင် သေရမယ်.. ။
ဒီဖြစ်စဉ်ထဲကအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်သွားရင်တော့… အထွေအထူး ပြောစရာ မရှိပါဘူး။
ဖြစ်မြဲဓမ္မတာသဘောမို ့… ဘာမှ ပြောနေစရာ မရှိတော့ဘူးလေ ။
အခုဟာက မြင်နေရသမျှထဲမှာ… အစဉ်လိုက်အတိုင်း ကြောင်းကျိုးညီညွတ်စွာ ဖြစ်မှုကို တွေ့ရသလို…
အဲဒီထက် ပိုပြီး ကြောင်းကျိုး မညီညွတ်စွာနဲ့… ဗြုန်းခနဲ မထင်မှတ်ထားတဲ့ အစီစဉ်မကျမှုတွေ ….
ထ ထဖြစ်သွားတာ တွေ့ရတယ် ။
၁) အိုမယ်…
၂)နာမယ်…
၃)သေမယ်…
အဲဒီ အစီအစဉ်အရဆိုရင်…
၁) အို ပြီးရင်..
၂ )နာမယ်… ။
၂) နာပြီးရင် …
၃) သေမယ်.. ။
ဒီအတိုင်း မဖြစ်ပဲ…
၁)အိုတောင် မအိုရသေးဘူး … (အစီအစဉ် (၁)တောင် မလာသေးဘူး )
အစီအစဉ် ၃)ဖြစ်တဲ့ သေခြင်းက ဘွားခနဲ ပေါ်လာပါလေရော… ။
…………………………………………
ဟိုတနေ့က…အလုပ်က အပြန် … ကားဂိတ်မှာ ဘတ်စ် စောင့်နေတုန်း…
ကျနော့်လိုပဲ…အလုပ်က ပြန်လာတဲ့ တခြားအလုပ်က ဝန်ထမ်းကောာင်မလေးတစ်ယောက်…
ဟိုဘက်ကနေ…ဒီဘက်ကို…ကားလမ်း ပြေးကူးတာ… ။
လမ်းအလယ်နားလည်း..ရောက်ရော.. ဒုန်းခနဲ အသံကြီးနဲ့ အတူ..
ကားဘရိတ်အုပ်သံ..ကျွီခနဲ… ….
အားးးးး ဆိုတဲ့ အော်သံတိုးတိုးလေး …
ဘေးက ရပ်ကြည့်နေသူတွေက…ဘာဖြစ်သွားတာလဲ….လို ့…သေချာ မဆုံးဖြတ်လိုက်နိုင်ခင်လေးမှာ…
အဲဒီ ဝန်ထမ်းကောင်မလေးတစ်ယောက်တော့… ကားအောက်မှာ…တုံးလုံးလဲ…ခွေခေါက် ငြိမ်သက်နေပြီ။
ကားလမ်း ကို..ပြေးကူးတဲ့ အချိန်ကစပြီး
ကားအောက်မှာ သေဆုံးသွားတဲ့ အချိန်ထိ…အဖြစ်အပျက်ဟာ..အလွန်ဆုံး ကြာမှ နှစ်စက္ကန့်ပါပဲ… ။
နှစ်စက္ကန့်လောက်အတွင်းမှာ လူတစ်ယောက်ရဲ ့ အသက်ဟာ…ဖျတ်ခနဲ….သေဆုံးသွားတာပါလား… ။
ဒီကောင်မလေးကို ကြည့်ရတာ… အလွန်ဆုံး ရှိမှ… အသက် နှစ်ဆယ်ပေါ့ ။
အိုခြင်းဆိုတဲ့ အစီအစဉ် ၁) ကိုတောင် မရောက်သေးဘူး ။
( စက္ကန့် တစ်စက္ကန့်ပြီးသွားတိုင်း တစ်ခါ အိုအိုသွားတဲ့ ဖြစ်ပျက် သဘောကို ကျနော် သိပါတယ် ။
တစ်ရက် ကုန်ဆုံးသွားတာနဲ့ မနေ့ကထက် တစ်ရက် ပို အိုသွားတဲ့ ဖြစ်ပျက်သဘောကို..နှိုုက်နှိုက်ချွတ်ချွတ်မတွေးပဲ…
ဒီကောင်မလေး မအိုသေးဘူးလို ့… ကျနော် သတ်မှတ်တာပါ။
ကျနော့် သတ်မှတ်ချက်က …ဒီကောင်မလေးဟာ…
အသက် ( ၇ဝ ) လောက် ရှိနေတဲ့ လူတစ်ယောက်လောက်တော့
မအိုသေးဘူးဆိုတဲ့ ယေဘုယျသတ်မှတ်ချက်ပါပဲ ။ )
ဒီကောင်မလေး မအိုသေးဘူး ။
အိုခြင်းဆိုတဲ့ အစီအစဉ် ၁ ) မလာသေးဘူး ။
နာခြင်းဆိုတဲ့ အစီအစဉ် ၂)ရော လာပြီလား… ။
ကားတိုက် ခံလိုက်ရလို ့ သေခါနီးအချိန်ဟာ..သူ ့အတွက် တစ်စက္ကန့်လောက်ပဲ…ကြာလိုက်တယ် ။
အဲဒီ ဖျတ်ခနဲ ကာလတိုလေးအတွင်းမှာ… သူ….နာခြင်း (အစီအစဉ် ၂) ကို မရလိုက်ဘူး ။
ဘယ်နားက ဘယ်လိုနာရမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး ။
(ဒီနေရာမှာလည်း…သေခါနီးအချိန်မှာ ခံစားရတဲ့
ဝေဒနာခံစားမှု / ဇော တို ့…ဘာတို ့ထိ…နက်နက်ရှိုုင်းရှိုုင်း တွေးမနေပါဘူး ။
ကျနော် ပြောလိုက်တဲ့ ……
ဒီကောင်မလေး..နာကျင်မှုကို သိလိုက်မှာတောင် မဟုတ်ဘူးဆိုတာဟာ…
အသက် (၇၀)လောက် အဘွားအိုတစ်ယောက်လို… ဒူးတွေနာ…ခါးတွေနာ… နားတွေထိုင်း….
အရိုးပြိုင်းပြိုင်းနဲ့ သက်ကြီးရောဂါတွေ မဖြစ်လိုက် /
အဲဒီလို…အနာရောဂါတွေနဲ့….နာ မနေလိုက်ရဘူး လို ့….ဆိုလိုပါတယ်။ )
ဒီတော့… အစီအစဉ် ၁) ဖြစ်တဲ့ အိုခြင်းကို…မတွေ ့ရသေးခင် ….
ထို့အပြင်….
အစီအစဉ် ၂)ဖြစ်တဲ့ နာခြင်းကို မတွေ့ရသေးခင်…
အစီအစဉ် ၃) ဖြစ်တဲ့….သေခြင်းကို…ဗြုန်းခနဲ…အုန်းခနဲ… မမျှော်လင့်ပဲ ရင်ဆိုင်လိုက်ရတယ် ။
……………………………………………………………..
ကွေးသောလက် မဆန့်မီဆိုတဲ့ စကားက မှန်သွားပေမယ့်….
အစီအစဉ်တကျ ဖြစ်မှုဆိုတဲ့ အစဉ် ကတော့….ပျက်သွားတယ် ။
အေးလေ….
အစီအစဉ်တကျဖြစ်မှုဆိုတာတွေကရော…
ဘယ်လောက်များ …. တည်မြဲလို့လဲ… ။
………………………………………………………………..
မိတ်ဆွေများ လွတ်လပ်ငြိမ်းချမ်းကြပါစေ…
လေးစားစွာဖြင့်…
အလင်းဆက်(Gazette)
22 / 8 /2014 / 09 : 30
14 comments
Mr. MarGa (12512)
August 25, 2014 at 11:14 am
စာကိုမပြောခင် အပြင်အဆင်ကို အရင်ပြောမယ်
လက်ဆော့တာလဲ ဆော့ ပေါ့ဟယ်..
ဒါပေမယ့် ပို့စ် တစ်ခုလုံး ပွစိခတ်အောင် အရောင်တွေရော စာလုံးတွေရော ကစားထားမှတော့
ပို့စ်ကို အာရုံမရောက်တော့ဘူး…. မျက်စိနောက်တာက အရင်ဝင်လာတယ်။
(ပြောချင်နေတာ ကြာပါပြီ အခုက တဖြည်းဖြည်း ပို့စ် အရသာ ပျက်ပျက်လာတယ်လို့ ခံစားလာရလွန်းလို့)
စာအတွက်ကတော့ ပြောချင်တာ တစ်ခွန်းတည်းပါ။
အခုက
အို….နာ….သေ မဟုတ်တော့ဘူး သေနာအို ရဲ့ !
alinsett
August 25, 2014 at 12:31 pm
အဟိ ။ ပိုစ့်အရသာ ပျက်တဲ့အထိ..ဖြစ်သွားပြီတဲ့လား ။
ပြန်ပြင်လိုက်တယ် .. (နည်းနည်း )
😆
Shwe Ei
August 25, 2014 at 11:19 am
တခါတလေ တရားပွဲတွေကနေ နားစွန်နားဖျားကြားရတတ်တဲ့ အိုနာသေဖြစ်စဉ်တွေကို ကြားရဖန်များပြီး ညီးငွေ့လာတဲ့အချိန် အိုက်ဂလိုဗြုန်းဂနဲ သေသွားရင် ဘလိုလုပ်ရပါ့လို့ တွေးပူမိတယ်။
မသေခင်ကောင်းတာလုပ်ဖို့ မိဘကျေးဇူးအထူးသိတတ်ဖို့ ဟောတာတွေ နားစွန်နားဖျား ကြားရပြန်တော့လဲ အသက်မပြည့်သေးဘဲ ကိုယ့်ဝမ်းကိုကျောင်းနေရတဲ့ ခလေးတွေကျတော့ ဘလိုလုပ်ရပါ့လို့ စဉ်းစားမိပြန်ရော။
စိတ်ထဲမှာလဲ ဘုန်းဘုန်းတို့တရားတွေ ခေတ်နဲ့အညီ မော်ဒန်နိုက်ဇ်ဖြစ်အောင် ဟောကြရင် သိပ်ကောင်းမှာဘဲလို့ တွေးမိပြန်တယ်…အော် ငါဘာဒေပြောနေမိပါလိမ့် 😛
alinsett
August 25, 2014 at 12:35 pm
ဟုတ်တယ် မမချွေအိ ။
ဘုန်းဘုန်းတို့တရားတွေ ခေတ်နဲ့အညီ မော်ဒန်နိုက်ဇ်ဖြစ်အောင် ဟောကြရင် သိပ်ကောင်းမှာဘဲလို့…ဆ်ိုတဲ့အတွေးမျိုး…ကျနော်လည်းတွေးမိတယ် ။
အဲ…ဒီစကားကို မြင်ရင်… သူကြီးတော့..အားရဝမ်းသာ ပြေးလာဦးမှာ မြင်ယောင်တယ်…
အဟိ
ဦးကြောင်ကြီး
August 25, 2014 at 11:25 am
ကြားဖူးသာ လောကဂျီးဟာ အစီအစဉ်တဂျနဲ့ ဖရိုဖရဲ ကသောင်းကနင်းတွေ ဖြစ်ပျက်နေတယ်ဆိုလား..။ အဲဒမှာ ပညာအမြင် ချို့တဲ့သူက တစုံတဦး ဖန်တီးတယ် ထင်သူကထင်၊ ဟာကွာ ဖြစ်ချဉ်သလို ဖြစ်နေတာပါ ဆိုုသူကဆို… ကံဆိုပြီး အရှိလုပ်သူကလုပ် .. ဒါနဲ့ သံသရာလည်ကုန်တယ်.. အခွင့်ကြုံခိုက် လွတ်မြောက်ဖို့ ကြိုးပမ်းရမှန်း မသိတော့ဘူး..။
alinsett
August 25, 2014 at 12:36 pm
စိမ်းလိုက်ပြီနော်.. ဦးကျောင် ။
စကားလေး သဘောကျမိတယ်လေ ။
ခင် ခ
August 25, 2014 at 12:11 pm
အိုခြင်းသည်သာ တရွေ့ရွေ့ဖြစ်လေ့ရှိပြီး
နာခြင်း သေခြင်း ကတော့ အစီအစဉ်အတိုင်း ဖြစ်မယ်လို့ ပြောမရပါဘူးလေ။
ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီ ဖြစ် ပျက် ခြင်းတွေ ဖြစ်တတ်သည်လို့ ဆိုစကားရှိလေရဲ့ဗျာ။
alinsett
August 25, 2014 at 12:39 pm
လေးခ ရေ..
အဟုတ်ပါပဲဗျာ.. ။
အဲဒီ ကွေးသောလက် မဆန့်မီဆိုတာကြီးကို..ဗြုန်းခနဲ…မထင်မှတ်တဲ့အချိန် မထင်မှတ်တဲ့နေရာမှာ..
မြင်လိုက်ရတဲ့အခါ….ပေါ့… ။
😆
မင်း ခန့် ကျော်
August 25, 2014 at 12:51 pm
အိုနာသေ ။ ခဏဗျာ။ခဏ။
လမ်းပေါ်မှာဖြစ်ကြတာတွေပြောလိုက်အုံးမယ်ဗျာ။
လူတွေကိုက နမောနမဲ့နိုင်တာ။လမ်းမသမားကလည်း
မောင်းချင်သလိုမောင်း။လမ်းကြားသမားကလည်း
ဖြတ်ချင်သလိုဖြတ်။
လမ်းမှန်သမားက ရှောင်ရ တိမ်းရ ဘရိတ်ဖမ်းရ နဲ့။
ဒီခေတ်ကြီးမှာလူတွေ ဒီလောက်တော့စည်းကမ်းရှိသင့်ပါပြီ။
တခါတခါဒီလိုစဉ်းစားမိတယ်။ သွားချင်သလိုသွား တိုက်ချင်
တိုက်ပလိုက် မှားတဲ့လူခံ။
ဒါမှ အိုနာသေခြင်း အစဉ်လိုက်ဖြစ်တော့မပေါ့။
alinsett
August 25, 2014 at 1:05 pm
ရှင်းမရမယ့် အတူတူ ရှုပ်လိုက်ရင် ကောင်းမလားပေါ့… ။ အဟိ ။
အမှန်တော့…
အဲဒီ ဝန်ထမ်းကောင်မလေး… ကားလမ်းကူးတာ… လူကူးမျဉ်းကြားနားကဗျ… ။
ကားတွေက.. ရပ်မပေးဘူး ။
ကူးနေတဲ့သူတွေ ရှိနေတာတောင် ပွတ်ကာသီကာနဲ ့..အတင်းတိုးမောင်းတယ်ဗျ။
သူတို ့က..ရပ် မပေးမှာကို..သိနေတော့… ကူးတဲ့သူတွေက..စောင့်နေလည်း..မိုးချုပ်ထိ…ဖြစ်သွားမယ် ။
အလိုက်တသိ ရပ်ပေးပြီး..ကူးပါ…လို ့ပြောလာမယ့်သူက…တစ်ရာမှာ တစ်စီး….
ဒါတောင်..မျှော်လင့်လို့တော့မရဘူး ။
ပြည်လမ်းလေ..
ခုနစ်မိုင်နဲ ့ရှစ်မိုင်ကြားလေ… ။
အရှိန်နဲ ့ တဝေါဝေါ မောင်းနေကြတဲ့နေရာကြီး..။
ဒီတော့….
အဲဒီလိုဖြစ်သွားရော…
ဘယ်သူ ့အပြစ်ဆိုရမလဲ….
kai
August 26, 2014 at 12:39 am
လက်တွေ့လောကနဲ့လွတ်နေတာတွေ..
အကုန်ဖြတ်ပစ်…ဖြတ်ပစ်..
ဟောတဲ့..သောဖောပါဖြတ်ပစ်… :k:
alinsett
August 26, 2014 at 3:34 pm
ဘယ်မှာလဲ… ဓါး ထက်ထက်လေး…
မြစာကလေး (23122011)
August 26, 2014 at 10:14 pm
{ အိုပြီးမှ နာ ၊ နာပြီးမှ…သေရမှာ…မဟုတ်ဘူးလား }
အဲဒါ ဘူသူ ပြောတာလဲ။
ဘယ်မှာ ပြောတာလဲ။
ဘယ်အချိန်ပြောတာလဲ။
ပြောချိန် ဘေးမှာ ဘူသူ တွေ သက်သေရှိလဲ။
lol:-))
alinsett
August 27, 2014 at 6:02 am
ဘူသူက စ ပြောလိုက်တယ်တော့ သိပါဘူး အရီးရယ်
မွေးကတည်းက သိတတ်စကတည်းက အိုမယ် နာမယ် သေမယ်ကွဲ့ ဘူကလေးရဲ့ ဆိုတဲ့ တရားကို
ကျုံ့ကျုံ့လေးထိုင်ပြီး နားထောင်ခဲ့ရတာပဲ။
ပိုစ့်မော်ဒန် လူငယ်ပီပီ
အမှန်တရားမျိုးစုံ ရှိတယ်ကွ ဆိုတဲ့ဝါဒနဲ့ပဲ သွားတော့မယ်။
အဲ အဲ့ဒိဝါဒကရော မှန်ရဲ့လားး။
😆