လက်ဖက်ရည်ဆိုင် စကားဝိုင်း…။
လိုရင်းကိုသာ တန်းပြောပါရစေတော့ ခင်ဗျာ။
ကိုသစ်မင်း နဲ့ ကျွန်တော် တို့ ရွာသားအချို့ တွေ ့ဖြစ်ကြပါတယ်။
အဲဒီကနေပြီး စကားဝိုင်းလေးတစ်ခု ကို အခုလိုပဲ ဖန်တီးဖြစ်ကြပါတယ်။
ပြောကြဆိုကြတာတွေကို မှတ်တမ်းတင်သူက ကျွန်တော် ဘလက်ချောပါ။
လက်ဖက်ရည်ဆိုင်မှာ ပြောတဲ့ စကားဝိုင်းလေးမို့ တချို့ အမှားအယွင်း အကျအပေါက် လွဲချော်တာတွေရှိခဲ့ရင်
ကျွန်တော့် အားနည်းချက်လို့သာ မှတ်ယူပေးကြပါ။
ဒီစကားဝိုင်း ဖြစ်မြောက်ရေးအတွက် ကျွန်တော်နဲ့ အတူ ကြိုးပမ်းခဲ့ကြသော
ကိုသစ်မင်း၊ ကိုပါလေရာ၊ ကိုဆာမိ၊ ကိုဆွေ၊ ကိုဂီ၊ ကိုအမတ်ကြီး၊ မပဒုမ္မာ တို့အားလည်းကောင်း၊
အထူးသဖြင့် သတ်ပုံ ဝိုင်းပြင်ပေးခဲ့သော အစ်မပဒုမ္မာအားလည်းကောင်း၊
ဝင်ရောက်ဆွေးနွေးပြောဆိုပေးခဲ့ကြသော
ကိုသစ်မင်း၊ ကိုလင်းဝေ၊ ကိုဇော်သန့်၊ ကိုနို၊ ကိုပါ၊ ကိုဆာ၊ ကိုမတ်၊ မပဒုမ္မာ၊ မပုချ်၊ ခိုင်ဇာ၊ ဂီဂီ တို့အားလည်းကောင်း
ကျေးဇူးအထူး (အထူး) တင်ရှိပါကြောင်း…။
ကျွန်တော်တို့ ပြောဖြစ်ကြတာလေးတွေက….။
ကိုသစ်မင်း
ကျွန်တော်တို့ အခုပြောမယ့် ခေါင်းစဉ်က ဘယ်လိုပြောရမလဲ Mindset တွေ ချိန်းတာတော့
ကျွန်တော်တို့ရသွားပြီလေ။ ဟုတ်တယ် မဟုတ်လား။
လူဟာ ဒီ…တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကိုယ့်အိမ်မှာပဲ ဒီ….ကိုယ့်မိသားစု ကိုယ့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် ဒီ Mindset တွေချိန်းမှ ရမယ်။
ဆိုကြပါစို့ဗျာ။ စီးပွားဖြစ်မယ့် အလုပ်ကိုမလုပ်ပဲနဲ့တော့ စီးပွားမဖြစ်နိုင်ဘူး။ ဟုတ်တယ် မဟုတ်လား။
သေချာတယ်၊ အဲ့တော့ စီးပွားဖြစ်တဲ့ Mindset ကို ချိန်းရမှာပေါ့။
ဆိုတော့ အဲ့ဒိ Mindset ချိန်းတဲ့ ခေါင်းစဉ်အောက်မှာပါပဲ။ ပြောရရင်တော့ ခေါင်းစဉ်အကြီးက အဲ့ဒါပဲ။
ပြီးမှ ဒါက အောက်ကအခွဲလေးတွေပေါ့။
အဲ့လို Mindset ချိန်းတာကို အောင်မြင်အောင် ဘယ်လိုလုပ်သင့်သလဲပေါ့။
အဲ့ဒါကို သွားတဲ့ နေရာမှာ ဟိုအရင်တုန်းကတော့ IQ တို့ဘာတို့ပေါ့နော် IQ မြင့်တဲ့သူပေါ့။
နောက်ထပ်ထပ်ပြီးတော့ EQ မြင့်တဲ့သူပေါ့။ နှလုံးရည်ကောင်းတဲ့သူပေါ့။ အခုအဲဒါထက်ပိုပြီးတော့
ကျွန်တော် ဖတ်နေတဲ့ စာအုပ်ထဲမှာ တွေ့တာက ပိုမြင့်တာ SQ တို့ MQ တို့ ပေါ်လာတာပေါ့။
အမှန်တော့ ပြောရရင်တော့ နာမည်တတ်နေတာ။ သူက ရှိပြီးသား။ သူ့ဟာသူကို ရှိပြီးသား
ဆရာတော် ဦးဉာဏိဿရ တို့ ဟုတ်လား ဆရာတော် ဦးဝိစိတ္တတို့လို ဆရာတော်ကြီးတွေမှာ ဒါတွေက
ရှိပြီးသား။ ဒါ…ကျွန်တော်တို့ကသာလျှင် ကိုယ့်မှာ ရှိလား မရှိလား စစ်ဆေးကြည့်ရမှာ။
အဲ့လို အပိုင်းလေးပေါ့။
ဘယ်လို ခေါ်မလဲဆိုတော့ ကျွန်တော်က ဟိုမှာလုပ်တဲ့ ပုံစံအတိုင်းပေါ့။ ကျွန်တော်တို့ တစ်ခုတစ်ခုကို
လုပ်တိုင်းမှာ Topic ကိုအရင်ရွေးတယ်။ ပြီးရင် Target ကိုစဉ်းစားတယ်။ သူက ဘယ် Target ကိုသွား
မှာလဲ။ ဦးတည်ချက် မရှိပဲ ဆွေးနွေးတာကတော့ ဘာမှ အဓိပ္ပါယ် မရှိဘူး။ အဲဒီ Target ရွေးပြီး အဲဒီ
Target ကိုမှ ကျွန်တော်တို့က ဘယ်လိုပုံစံနဲ့ သွားလဲဆိုတော့ တစ်ယောက်တည်း ကနေပြီးတော့
ပြောသွားတဲ့ ပုံစံထက် အားလုံးကနေပြီးတော့ Debate ပေါ့။ Argue ငြင်းလို့ရတယ်။
အဲဒါကို ငြင်းလို့ရတယ်။ အသစ်ဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ ဒီ SQ တွေ MQ တွေ
ထက်ပိုပြီးတဲ့မြင့်တဲ့ Q တစ်ခုခုကိုလည်း ရောက်သွားနိုင်တယ်။
ဒါက ကျွန်တော့် ရည်ရွယ်ချက်။
အဓိကကတော့ ဆိုလိုချင်တာက ဒီ Mindset ချိန်းဖို့ဆိုတာက အကြီး။
ကျွန်တော်တို့ အသေးထဲမှာကျတော့ အဲဒါလေးတွေကို ဘာတွေလုပ်ရမလဲဆိုတဲ့
ရည်ရွယ်ချက်ကလေးတွေ။
ဆိုတော့ ကိုဘလက်က ကျွန်တော့်ကို တိုင်ပင်ထားတာက ဆွေးနွေးပြီးသားကို သူက
ချက်ခြင်းမတင်သေးပဲနဲ့ တခြားလူတွေဆီက ကွန်းမန့်တွေယူပြီးတော့ပေါ့နော် ကျွန်တော်တို့ ဒါတွေ
ဆွေးနွေးထားတယ်။ အဲ့ဒါ သိတ်ကောင်းတယ်။
အဲ့တော့ သူတို့ ကွက်ရှင်တွေလာလည်း ကျွန်တော်တို့ ပြန်ဖြေကြမယ်။ ပြန်ဖြေတဲ့နေရာမှာလည်း
ကျွန်တော်တို့အားလုံး ပေါင်းဖြေမယ်။ ကျွန်တော့် တစ်ယောက်တည်း ဖြေတာမဟုတ်ဘူးပေါ့။
ဆိုတော့ ပြောရလို့ရှိရင် Society ပေါ့နော် လူ့အဖွဲ့အစည်းချင်း မတူတော့ဘူး။
ကျွန်တော် ရန်ကုန်မှာနေခဲ့တဲ့ လူ့အဖွဲ့အစည်းနဲ့ ကျွန်တော်ကြားထဲမှာ Gap ဖြစ်သွားတာက
၁၆ နှစ် ၁ရနှစ် ပြန်ရောက်လာတဲ့အချိန် လူ့အဖွဲ့အစည်းက မတူတော့ဘူး။
ဆိုတော့ ဒီကြားထဲမှာ ကိုပါ တို့ ကိုဘလက်တို့ရှိနေတဲ့ လူ့အဖွဲ့အစည်း ပုံသဏ္ဍာန်အရလည်း ကျွန်တော်
နားထောင်ကြည့်တယ်။ ဘာသွားတွေ့လဲဆိုတော့ အဲဒါကို ပြန်ပြောရရင် ဉာဏ်ရည်ကောင်းတယ်ပေါ့။
အရင်တုန်းက ဉာဏ်ရည်ကောင်းတဲ့ ကလေးတွေက တော်တယ်ပေါ့နော်။ စာတော်တယ်။
ဒါက ပြောရလို့ရှိရင် ကိုဘလက်တို့ ကျွန်တော်တို့ သိပါတယ် အကုန်လုုံး။
ကျွန်တော်တို့ ကျွန်တော်တို့ ငယ်ငယ်တုန်းက လေးတန်းမှာ ဆရာရိုက်လို့ သေးဖျန်းဖျန်းပါခဲ့တဲ့
ကလေးတစ်ယောက်က အခု ဈေးကြီးတစ်ခုမှာ ဆိုင်တွေ အများကြီးပိုင်နေပြီ ပြောရလို့ရှိရင် သူ့ရဲ့ EQ က
မြင့်တယ်။
စာက ညံ့တာမှ လေးတန်းတောင်မအောင်ဘူး။
ဘယ်လိုလဲဆိုတော့ ဒီကောင်က ငယ်ငယ်လေးကတည်းက မဲနှိုက်တာကအစ
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆီးထုတ်ထဲမှာ ပိုက်ဆံလေးတွေ ထည့်ထားတယ် ကျွန်တော်တို့ကတော့
နှိုက်ဟေ့ နှိုက်ဟေ့ ပေါ့။ မဟုတ်ဘူး ဒီကောင်က အရမ်းစဉ်းစားတယ်။
အရုပ်လေးတွေ ထောင်ပစ်တယ် အရမ်းစဉ်းစားတယ်။
ပြောရရင် နှလုံးရည်ပေါ့နော် တော်တော်မြင့်တယ်ဗျ။ ကျွန်တော်တို့က အဲဒီတုန်းက သတိမထားမိဘူး
ပေါ့နော်။ အခုမှ သူအောင်မြင်နေတော့မှ ဒါ EQ ရဲ့ အခန်းကဏ္ဍ။
ဆိုတော့ EQ က ဘာလဲဆိုတော့ တဲ့ အဓိကက EQ မှာ အချက် ၆ ချက် ရှိတယ်ဗျ။
ဟိုမှာ ခိုင်ဇာလည်း ရေးထားတာရှိပါတယ်။ စိတ်ပညာရှင်တစ်ယောက်က ပြောတာပေါ့။
ဒါပေမယ့် အဓိက အချက်က ကိုုယ့်ရဲ့ ခံစားချက်ကို ထိန်းနိုင်တာ။
ကျွန်တော်တို့ ဆရာဦးဂိုအင်ဂါ ရဲ့ ထောင်တွင်း ဝိပဿနာ ဆိုတဲ့ အခွေလေးရှိတယ်။
သူက အိန္ဒိယမှာ ရှိတဲ့ အဆိုးဆုံးဆိုတဲ့ ထောင်တွေမှာ ဆရာကြီးဦးဂိုအင်ဂါ လိုက်ပြီးတော့
တရားဟောတာ။ ဝိပဿနာ တရား။
လူ ၆ ယောက်ကို တပြိုင်တည်း ဓါးနဲ့ ခုတ်သတ်တဲ့လူသတ်သမား ကို သံကြိုးတွေနဲ့ချည်ပြီးတော့
တရားနာဖို့ခေါ်လာတာ။ ဆရာကြီးက လက်မခံဘူး။
မရဘူးတဲ့။ တရားထိုင်ဖို့ လွတ်လွတ်လပ်လပ်ဖြစ်နေရမယ်တဲ့။ သံကြိုးတွေ ဖြည်ခိုင်းတယ်။
မဟုတ်ဘူး။ ဒီကောင်သိတ်ဆိုးတယ်တဲ့။
အဲဒါ ကျုပ်တာဝန်ယူတယ်တဲ့။ လွှတ်လိုက်ပါတဲ့။
ဆရာကြီးက ဒီလို စိန်ခေါ်ပြီး တော့။
ပြီးတော့ ဆရာကြီးက အရမ်းကိုဆိုးတဲ့လူဆိုးတွေနဲ့ ထောင်ပိုင်နဲ့ တစ်ယောက်ကို တစ်ယောက်ဖက်ပြီး
ခွဲခါနီးမှာ မျက်ရည်ကျတာ မြင်ဘူးသလား တဲ့။
ပြီးတော့ ဆရာကြီးပြောတဲ့ စကားတစ်ခွန်းက အရမ်းကောင်းတယ်။
အဲ့ဒီစကားက လူ့ဘဝအတွက် အရမ်းအရေးကြီးတယ်။ ထောင်ထဲမှာ ရှိနေတဲ့လူတွေနဲ့ ကျွန်တော်တို့နဲ့
ကြားမှာ တစ်လွှာပဲ ခြားတယ်။ ဘာအလွှာလဲဆိုတော့ သူတို့က သူတို့စိတ်ကို သူတို့လွှတ်ပေး
လိုက်တာ…တဲ့။ ကျွန်တော်တို့က ကျွန်တော်တို့စိတ်ကို ထိန်းထားတာ…တဲ့။
ကျွန်တော်တို့လည်း ဒေါသထွက်တာပဲ။ ကျွန်တော်တို့လည်း စိတ်ထဲမှာ အကြိမ်ကြိမ် သတ်နေတာပဲ
မဟုတ်ဘူးလား။ ဒါပေမယ့် ကျွန်တော်တို့ တကယ်မလုပ်ပါဘူး။
အဲ့တော့ သူတို့က သူတို့စိတ်ကို လွှတ်ပေးလိုက်တော့ သူတို့ လူသတ်မှုဖြစ်တယ်။ ထောင်ကျတယ်။
ရုတ်တရက်ဖြစ်လာတဲ့ စိတ်ခံစားချက်ကို ထိန်းနိုင်တဲ့လူဟာ
ထားပါတော့ဗျာ စီးပွားရေးသမား တစ်ယောက်နဲ့တစ်ယောက် စကားပြောတယ် အဆင်မပြေဘူး။
ကတိပျက်တယ်။ ကတိပျက်ရင်း ပျက်ရင်း ကိုယ်က ဒါပေမယ့် သည်းညည်းခံပြီးလုပ်တယ်။
တစ်ချိန်ကျ သူကောင်းလာရင် ကိုယ် အကျိုးခံစားရမယ်။ သူ ထိန်းနိုင်တယ်။
ကျွန်တော်တို့လို လူမျိုးကျတော့ အဖြောင့်ကျတော့ မရဘူး။
နည်းနည်းလေး ကိုယ့်ကို ဟိုဟာဖြစ်တာနဲ့ မကောင်းချင်တော့ဘူး။
ပေါက်ကွဲလွဲတယ်။
အဲဒါက EQ ရဲ့ value ပဲ။ အဲဒီကောင် ရှိရင် သူက အောင်မြင်တယ်။
ကိုအမတ်မင်း
IQ ထက် EQ က ပိုအရေးကြီးတဲ့ သဘောပေါ့။
ကိုသစ်မင်း
EQ က အရေးကြီးတယ်။ EQ မှာ ဘာရှိလဲဆိုတော့ ကိုယ့်ဟာကိုယ် အကဲဖြတ်တတ်တယ်။
EQ က။ ဟာ ငါ ဘာဖြစ်နေလဲ။ ကိုယ့်ကိုယ်ကို မှန်လား မှားလား အကဲခတ်တာပေါ့။
နောက်တစ်ခုက ဘာလဲဆိုတော့ ကိုယ့်သိက္ခာကိုယ်ထိန်းတယ်။
ဒါမလုပ်သင့်ဘူး။ မလုပ်ထိုက်ဘူး။ သူတစ်ပါးကိုလည်း စာနာတတ်တယ် သူက။
များသောအားဖြင့် သူက Positive Thinking စဉ်းစားတယ်။
ယုံကြည်မှု တံတားထိုး နိုင်တယ်။
ဥပမာ ကျွန်တော်နဲ့ ကိုဘလက်ထိုင်နေတုန်းမှာ ကျွန်တော့်အပေါ် ကိုဘလက်ရဲ့ ရေနွေးခွက်ကြီး
မှောက်ကျတယ်။
ဟာ…ဒီလူ ငါ့ကို တမင်တကာ လုပ်တာ။ တွေးလို့ရတယ်။
ဟာ…မဟုတ်ပါဘူး။ ဒါ မတော်တဆဖြစ်တာပါ။ အဲ့လို နောက်တစ်မျိုးတွေးလို့ရတယ်။
Negative Thinking နဲ့ကျတော့ ရန်ထဖြစ်ရုံပဲ ရှိတယ်။
EQ သမားက အကောင်းဘက်ကိုပဲ တွေးတယ်။
EQ သမားက မိမိကိုယ်ကိုလည်း ကောင်းအောင်ထားတယ်။ အဓိက အချက်က ရုတ်တရက် ဖြစ်လာတဲ့
စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တာပဲ။ ထောင်းကနဲ ဖြစ်လာတဲ့ ဒေါသကို ထိန်းနိုင်တာပဲ။
(မြတ်စွာဘုရားဟောကြားခဲ့တဲ့ အပ္ပမာဒေန သမ္မာဒေထ ဆိုတဲ့
မ မေ့ မ လျော့ မ ပေါ့ မဆ ဆင်ခြင် ကြ လော့.. ။
မြတ်စွာဘုရား ဟောတာ။ အဲဒါ သတိတရားကို ပြောတာ။
ကိုယ့်ရဲ့ စိတ်ဆင်ရိုင်း…၊ စိတ်မြင်းရိုင်း ကို ဇက်ကြိုးသတ်နိုင်တယ်ပေါ့။
ဆိုတော့ သူ့ထက် မြင့်သွားတာကို ကျွန်တော် သွားတွေ့တယ်။
သူက SQ ။ Spiritual quotient.
ဟိုကောင်က EQ အပိုင်းမှာ Self-Evaluation ပေါ့နော်။ ကိုယ့်ဟာကို အကဲဖြတ်တာပေါ့။
SQ ကျတော့ Self-awareness ပေါ့နော်။ အသိတရားရှိတာ။
ဟာ ဒါ…မလုပ်သင့်ဘူး။ ဒါ…လုပ်သင့်တယ်။ ဟာ ဒါကတော့ ငါ မလုပ်လို့မဖြစ်ဘူး
ဟို…ကိုဘလက်ကို ကျွန်တော် တစ်ခါပြောဖူးပါတယ် ကျွန်တော်တို့ စာရိတ္တသီလတို့
ဝါရိတ္တ သီလတို့ လေ။ အဲ…အဲဒါမျိုး။
ဝါရိတ္တသီလက စောင့်ထိန်းရတာ ငါးပါးသီလ။ စာရိတ္တသီလက ကိုယ်လုပ်ရတာ ပရဟိတ။
အဲ့လိုသဘော ဖြစ်နေတယ်။
ပြီးတော့ သူက Flexibility and Adaptability လူတွေနဲ့ လိုက်လျောညီထွေနေနိုင်တယ်
ပျော်ဝင်လွယ်တယ်။ ဟာငါက ပိုက်ဆံရှိတဲ့ကောင် ငါ အလုပ်သမားနဲ့ ပေါင်းစရာမလိုဘူး
ငါ အလုပ်ရှင်ပဲ ငါ အလုပ်သမားနဲ့ ရောစရာမလိုဘူး။ ငါ့အထာနဲ့ ငါနေမှာပေါ့။
အဲ့ဒါ SQ နိမ့်တာ။
ကိုကြီးမိုက် ဆိုရင် သူ့ သားသမီးတွေကို သူငယ်ချင်းပေါင်းပေါင်းတယ်လို့ ပြောပါတယ်။
အဲဒါ SQ မြင့်တာ။ Flexibility and Adaptability သူက ကလေးတွေကို Generation Gap ဆိုတာ
ရှိပေမယ့် သူရောနိုင်တယ်။ နောက်တစ်ခုကျတော့ အဲ့ဒီမှာ ဒုက္ခသုက္ခတွေကိုရင်ဆိုင်ဖြေရှင်းရဲတဲ့
သတ္တိရှိတယ်။
ကျွန်တော်တို့ လောကဓံ ရှစ်ပါးနဲ့ တွေ့တဲ့အခါမှာ အောင်မြင်အောင်ကြိုးစားနိုင်တယ်၊ သည်းခံနိုင်တယ်။
မြတ်စွာဘုရားရဲ့ မင်္ဂလသုတ်..ထဲမှာပါတဲ့..
(ဖုဌဿ လောက ဓ မ္မေဟိ စိတ္တံ ယဿ နကမ္မတိ အ သောကံ ဝိရဇံခေမံ)
ဆိုတဲ့အတိုင်းလောကဓံနှင့်ကြုံတွေ့လျှင်စိတ်မတုန်လှုပ်၊
စိုးရိမ်ကြောင့်ကြမရှိ၊ကြောက်လန့်မှုမရှိ… ဆိုတာ SQ ပါဘဲ၊
EQ ကတော့ မရဘူးနော်။ EQ က ထိန်းပဲထိန်းနိုင်တယ်။
သူက ပါဝါ သိတ်မများဘူး။ SQ က ပါဝါသိတ်များတယ်။
SQ က Vision ပေါ့ အမြင်ကျယ်တယ် တဲ့။ နောက်တစ်ခုက Values တန်ဘိုးထားတယ်။
မိတ်ဆွေသူငယ်ချင်းတွေကို တန်ဘိုးထားတယ်။ ကိုယ့်အလုပ်ကလေးကို တန်ဘိုးထားတယ်။ ကိုယ့်ရဲ့
ပတ်ဝန်းကျင် ကိုယ့်ရဲ့ Society ကိုယ့်လူမှုအသိုင်းအဝိုင်း ကိုယ့်ယဉ်ကျေးမှု အကုန်လုံးကိုတန်ဘိုးထားတဲ့
စိတ် ရှိတယ်။ နောက်တစ်ခုကျတော့
Wisdom not to harm or hurt others and self.
Wisdom တဲ့… ဆင်ခြင်တုန်တရား ဉာဏ်ပညာပေါ့။ Not to harm ဆိုတာက မထိခိုက်စေ နဲ့
Others and self သူများကို မထိခိုက်စေနဲ့ ကိုယ့်ကိုယ်ကိုလည်း မထိခိုက်စေနဲ့။
သူများလည်း မနစ်နာအောင် ကိုယ့်ကိုယ်ကိုလည်း မနစ်နာအောင်
ဆင်ခြင်တုန်တရား နဲ့ ပြည့်စုံတယ် တဲ့။ တော်တော် မြင့်သွားပြီဗျ။
သူက ဘာလဲဆိုတော့ Win Win သီအိုရီ ခေါ်တာပေါ့ဗျာ။ ဆိုတော့ Win Lost သီအိုရီ ရှိတယ်ဗျာ Lost
Lost သီအိုရီ ရှိတယ်ဗျာ။ အဲ့လို Win Win သီအိုရီ မင်းလည်း အကျိုးရှိ ငါလည်းအကျိုးရှိ Win Win
သီအိုရီ။ နောက်တစ်ခုက ကျတော့ အဆင့်အတန်းမြင့်မြင့် တွေးခေါ်နိုင်တယ်။ သူ့အတွေးအခေါ်က
မနိမ့်ဘူး။ ခုနပြောသလိုပေါ့ အမြင်တစ်ခုကိုပဲ ဒီဥစ္စာက ဟို ရေမြောင်းတွေ ပိတ်နေတယ်၊ လူတွေက
စည်းကမ်းမရှိတာကွ၊ ဒါကတော့ လူတိုင်းပြောတတ်တာပေါ့။ ဒီဥစ္စာ မင်း ငါတို့ ရပ်ကွက်တစ်ရပ်ကွက်ချင်း
စုပေါင်းပြီးတော့ ပိုက်ဆံထည့်မယ်၊ ရပ်ကွက်လူကြီးတွေ စည်းရုံးမယ်၊ စည်ပင်သာယာ ကို သွားမယ်၊
ဒို့ တစ်ရပ်ကွက်တစ်ရပ်ကွက်ချင်း စဉ်းစားပြီးတော့ ရွှေတချောင်း မြောင်းကြီး တူးမယ်။ အဲ့လိုမျိူး
ရေလှောင်ကန် ဖြစ်ဖြစ် ပေါ့ဗျာ၊ တစ်နေရာပေါ့။ ဒီရပ်ကွက်အတွင်းမှာပဲ လုပ်လို့ရအောင် လုပ်မယ်ဆိုရင်
တော့ ငါတို့ အဆင်ပြေနိုင်မယ်။ ဒါက
Holistic approach and views အဆင့်အတန်းမြင့်မြင့် စဉ်းစားပေးတာ။
ပြသနာကို အပြစ်တင်တာနဲ့ မပြီးသွားဘူး၊ မရပ်သွားဘူး။
အဲ…နောက်တစ်ခုကျတော့
Appetite for seeking answers to questions using by “why” and “what if”.
ဘာဖြစ်တာလဲ ဘာ့ကြောင့်လဲဆိုတာ အကြောင်းရင်းရှာ စဉ်းစားတတ်တယ်။
နောက်ဆုံးတစ်ချက်က အရမ်းအရေးအကြီးဆုံးပဲ။ အဲဒါ ကျွန်တော် အရမ်းကြိုက်တယ်။
Courage to work againt conventions if necessary
လူများတွေလက်ခံထားတဲ့ ကိစ္စ ပြောရရင် ရှေးစွန်းစွဲတွေ၊ ရှေး စွန်း စွဲလို့ ရေးတယ်နော် သူကြီးက။
ရှေးရိုးစွန်း ရှေးရိုးစွဲမဟုတ်ဘူး။ ရှေးစွန်းစွဲ အစွန်းကိုစွဲထားတာ။ အဲ့ဒါတွေကို သူက ဆန့်ကျင်ရဲတဲ့
သတ္တိရှိတယ်တဲ့။ SQ သမားက။
အာ…ဒါက တနင်္လာနေ့မှာ လုပ်ရင် ၂ ခါလုပ်ရတယ်။ သူလုပ်တယ်။
ထားပါတော့ ဟို ကားတစ်စီးကို ရောက်တဲ့အချိန်မေးရင် စိတ်ဆိုးတယ်။
အဲ့ဒီ SQ သမားလုပ်ရင် ကားကို ရန်ကုန်ဘယ်အချိန်ရောက်မယ် မန္တလေး ဘယ်အချိန်ရောက်မယ်
ကြေညာတယ်။ သူက အရမ်းကို လက်တွေ့ကျတယ်။
သူက ဒီ လိုက်လျောညီထွေမှု မရှိတဲ့ ရိုးရာအယူအဆတွေ ကို ဆန့်ကျင်ရဲတယ်။ အရမ်းမြင့်သွားပြီ။
အဲ့တော့ လူတစ်ယောက်က ထားပါတော့။ ကျွန်တော် အခုပြောချင်တဲ့ သဘောက IQ က သုံးလို့မရဘူး။
လွှတ်ပစ်လိုက်ပါလို့ ပြောတာမဟုတ်ဘူး။ အကုန်လုံးလိုတယ်။
အကုန်လုံးလိုပြီးတော့ သူ့ထက် သူ့ထက် သူ့ထက် အရေးကြီးတဲ့ အပိုင်းကို ပြောသွားတာ။
ဆိုတော့ လူတစ်ယောက် က ဉာဏ်ရည်ကောင်းရမယ်၊ နှလုံးရည်လည်း ကောင်းရမယ်။
စိတ်ဓါတ်ခွန်အား လည်း ရှိရမယ်။ လုပ်လို့ရသွားပြီ။ ဟုတ်တယ် အဲ့ဒီလူကတော်တယ်။
ထားပါတော့ဗျာ ဥပမာ။
အမေစု ဗျာ။ ထင်ရှားပါတယ်။
သူက IQ လည်းအရမ်းမြင့်တယ်။ ဟုတ်လား။
Oxford ကလည်း ကျောင်းပြီးခဲ့တယ်။ နှလုံးရည်ကလည်း ပြောစရာမရှိဘူး။
SQ ကလည်း ပြောစရာမရှိဘူး ပြည့်စုံတယ်။
ဒါပေမယ့် သူက တစ်ယောက်ယောက်ကို မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံလိုက်ရင် သူ့ရဲ့ Role ကြီးက
ကျမသွားဘူးလား။
အဲ့ဒါ Moral quotient , MQ ဗျ။ MQ က သူက Good Behaviour
Manner လေးတွေကောင်းတာ။ ဟာ အစ်ကိုထိုင်ပါ။ အစ်ကိုကြွပါ။ လာပါ။ ခရီးဦးကြိုပြုတာ။
ပြီးတော့ သူ့ရဲ့ နောက်တစ်ချက်က အမှန်အမှားကို သူက ကောင်းကောင်းဝေဖန်နိုင်တာ။
အဲ့ဒါ သူ့ရဲ့ အဓိက အချက်။
သူ လူတွေကို ကောင်းမွန်စွာ အရိုအသေပေးဆက်ဆံတတ်တယ်။ လူမှုကျင့်ဝတ်သိက္ခာတွေကို
နားလည်တယ်။
ခုန ပြောခဲ့သလိုပဲ ကျွန်တော်တို့က ခေါင်းစဉ်လိုက်တတ်နေတာ။ ဒါပေမယ့် မရှိတာက ကျွန်တော်တို့။
ဆိုတော့ ဘယ်နေရာမှာ ဘာအားနည်းနေလဲဆိုတဲ့ ဥစ္စာက ပြောရလို့ရှိရင်ဗျာ
တချို့ရေးတယ် လူတွေဟာတဲ့ ကိုယ့်အကျိုးစီးပွားပဲ ကိုယ်လုပ်ပြီးတော့တဲ့ စီးပွားရှာတယ်တဲ့။
သူများကို မကြည့်ဘူးတဲ့။
အမှန်က အဲ့ဒါ လမ်း။ ဟုတ်တယ်လေ။ ဒီရန်ကုန်မြို့မှာ ရှိတဲ့ လူဦးရေ သုံးသန်းဟာ လူတိုင်းချမ်းသာရင်
ရန်ကုန်မြို့ကြီး ချမ်းသာပြီပေါ့ဗျာ။ ရှင်းရှင်းလေးပဲ။
လုပ်ပါ လုပ်လို့ရတာပဲ။
အဲ့ဒီလိုပေါ့ လူတိုင်းဟာ Q လေးလုံးနဲ့ ပြည့်စုံသွားပြီဆိုလို့ရှိရင် ဒီ Society ကြီးက အောင်မြင်တဲ့
Society ကြီး ဖြစ်မသွားဘူးလား။
ဆိုတော့ အဲ့ဒါလေးကို ကျွန်တော်က ဖြစ်စေချင်တာ။
ခုနပြောတဲ့ MQ ပေါ့။ အဲ့လိုမျိုးပြည့်စုံသွားတဲ့ လူတစ်ယောက်က
အကောင်းအဆိုးဝေဖန်တတ်သွားပြီဗျ။ သူက MQ အဆင့်ရောက်သွားတဲ့လူတစ်ယောက်က
အကောင်းအဆိုးအကြောင်းအကျိုးကို ဝေဖန်နိုင်တယ်။ ယုံကြည်စိတ်ချရတဲ့လူပေါ့ဗျာ။
ဆက်ဆံရေးကိုလည်း ပြေပြေပြစ်ပြစ်ဆက်ဆံနိုင်တယ်။ ပြောရရင် သံတမန်ပေါ့ဗျာ။
ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အာဖရိကနိုင်ငံတွေ မှာ ပြသနာတွေတက်နေတယ်။
တော်တော်ကို ဆိုးဆိုးရွားရွား။ အဖွဲ့တွေကွဲထွက်နေတာပေါ့။
ဆိုတော့ အဲဒီ အဖွဲ့တွေကြားထဲမှာ တစ်ယောက်က ကြားဝင် ရင်ကြားစေ့ရတယ်ဗျ။
အဲ့ဒီလူက သိတ်အရေးကြီးပါတယ်။ သူ့ကို ကျွန်တော်တို့က Modal Agent လို့ခေါ်ပါတယ်။
ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းထဲမှာလည်း ကျွန်တော်တို့ ဈေးသွားဝယ်တယ်။
ကိုယ်လိုချင်တဲ့ ပစ္စည်း။ ကိုယ်ပေးနိုင်တဲ့ဈေး၊ ဒါမှ တန်တယ်လို့ ကိုယ်ကထင်တယ်လေ။
အဲ့ဒီနေရာမှာ အရောင်းစာရေးလေးတစ်ယောက်က ဦးရေ ဒီဥစ္စာကတော့ ဒီဈေးရှိပါတယ်။ ဒီကောင်က
ပိုကောင်းပါတယ်။ ကြာရှည်လည်းခံပါတယ်။ ဒီဥစ္စာကတော့ ဒီဈေးပဲ ရှိပါတယ်။ ပစ္စည်းနည်းနည်း ညံ့
ပါတယ်။ ကြာရှည်လည်း မခံပါဘူး။ စသည်ဖြင့် ဦးအနေနဲ့ သုံးမယ်ဆိုရင်တော့ ဒီပစ္စည်းလေးက
သင့်တော်ပါတယ် ရှင်းပြတယ်ပေါ့။ သူက Modal Agent ဗျ။ အလုပ်တစ်ခုဟာ ကိုယ်က
တန်ဘိုးထားပြီးတော့ လုပ်နိုင်ရင် သူ့ရဲ့ value က တက်သွားတယ်။ ပြီးတော့ သူက Modal Agent
တစ်ယောက်ဖြစ်သွားတယ်။ ပြောရလို့ရှိရင် Modal Agent ဆိုတဲ့ ပုဂ္ဂိုလ်က လူ့လောကကြီးကို
ပိုတိုးတက်ကောင်းမွန် အောင် လုပ်ပေးတာဗျ။ ဒီလူတွေ လုပ်နေတဲ့ ပရဟိတ လုပ်ငန်းက
မမြင်ရပေမယ့်လို့ သိတ် အရေးကြီးပါတယ်။
ကိုဆာမိ
ကျွန်တော် တစ်ခု သိချင်တာက MQ ကို ခဏဖယ်ထားပြီး IQ EQ SQ အဆင့်ထိ
ပြည့်စုံတဲ့လူတွေဟာ အောင်မြင်တဲ့လူတွေချည့်ပဲ ဖြစ်နေမလား။ ဒါမှမဟုတ် အခြေခံလူတန်းစားတွေ
ထဲမှာရော SQ လောက်အဆင့်ရှိတဲ့လူကို တွေ့နိုင်မလား။ အဲ့ဒါလေး…။
ကိုသစ်မင်း
SQ အထိ ရောက်သွားရင်တော့ အောင်မြင်ပြီဗျ။ အောင်မြင်ပြီ။ ဘာလို့ဆို သူ့မှာ ဉာဏ်လည်း
ပြည့်သွားပြီ။ နှလုံးရည် သူက ခံနိုင်အားလည်း ရှိသွားပြီ။
အမှန်တော့ အဲဒီ SQ တို့ MQ တို့က EQ အမြင့်စားပါပဲ။ ပြောရလို့ရှိရင် ကျွန်တော်က အီကွေးရှင်းတောင်
ချချင်တာဗျ။
SQ + MQ = EQ x Wisdom
ပေါ့။
ကိုဆာမိ မေးတဲ့ မေးခွန်းကို အတိအကျ ဖြေရရင် ဟုတ်တယ်။
ဒါပေမယ့် လူတောတိုးတာ မတိုးတာ၊ ထင်ထင်ရှားရှား နေတယ် မနေဘူးဆိုတာတော့ ရှိမှာပေါ့။
အောင်မြင်မှာတော့ သေချာတယ်။
ကိုနိုဇိုးမိ
တခြားတော့ များများစားစား မေးစရာ မရှိပါဘူး။
တကယ်လို့များပေါ့ဗျာ။ mindset ကြီးတစ်ခုလုံး ချက်ခြင်းကြီးပြောင်းဖို့ရာ ခက်ခဲမှာ အမှန်ပါပဲ။
ဆိုတော့ တတ်နိုင်တဲ့ အပိုင်းလေးတွေက စပြောင်းလို့ရော ရနိုင်ပါသလားဗျ။
ကိုသစ်မင်း
အဲဒါက ဟိုတစ်နေ့က သူကြီးကို ကျွန်တော် ကွန်းမန့်မှာ ရေးခဲ့သလိုပေါ့။
Absolutely change လုံးဝဥသုံ မပြောင်းလဲနိုင်ရင် Partly Change လုပ်ပေါ့။
သူကြီးက ကျွန်တော်ပြောတာတန်းသိတယ်ဗျ။ အဲဒါ။
ကိုဇော်သန့်
ငယ်ငယ်တုန်းက ကြားဖူးတာက IQ .. နောက်တော့ EQ အရေးကြီးကြောင်းတွေ ကြားဖူး၊ဖတ်ဖူးလာတယ်..
MQ SQ တွေတော့ ကြားဖူးတာမကြာသေး.. .. ကိုယ်နားလည်သလို စဉ်စားမိတာက IQ မြင့်တယ်ဆိုတာ “လူတော်” ပေါ့..
EQ မြင့်ရင်တော့ ပါးနပ် တဲ့သဘောဖြစ်သွားတယ်.. “လူပါး” ပေါ့.. ချိန်ဆတတ်တယ်၊ အချိန်အခါသိတယ်၊
ကိုယ့်ကိုကိုယ်ကော သူတပါးကိုပါ နားလည်တတ်တယ်.. တချို့ တော်ပါတယ်ဆိုတဲ့လူတွေ သိပ်မပါးလို့
အောင်မြင်မူ ကြာကြာမခံတာတွေတွေရတယ်.. စီးပွားအရှာတော်လို့ ချမ်းသာပြီးမှာ လောင်းကစားနဲ့ မွဲရတာတွေ၊
အဖက်ဖက်က အောင်မြင် နာမည်ကျော်ကြားပြီးမှ စိတ်ကျရောဂါနဲ့ သတ်သေသွားတဲ့ နာမည်ကျော်တွေ
EQ နိမ့်လိုများ ဖြစ်သလားလို့ တွေးချင်မိတယ်.. တော်ပြီး သိပ်မပါးတဲ့ အခါ အောင်မြင်သင့်သလောက်မအောင်မြင်တာတွေ၊
သိပ်မတော်ပေမဲ့ ပါးတဲ့ အတွက် အောင်မြင်လာတာတွေကြောင့် အောင်မြင်မှုအတွက် ဆို
EQ က IQ ထက်အရေးပါတယ်လို့လဲဆိုကြတယ်.. .. တော်လည်းတော် ပါးလည်းပါးတဲ့လူတစ်ယောက်
သူ့တစ်ကိုယ်ရည်စာ အောင်မြင်ပေမယ့် သူ့ရဲ့ပါတ်ဝန်းကျင်၊ လူအဖွဲ့အစည်းကို ဘယ်လောက်အထိ
ကောင်းကျိုးပြုနိုင်မလဲဆိုတာက MQ နဲ့ သွားဆိုင်တယ်.. “လူကောင်း” လို့ဆိုရမယ့်သဘောပေါ့..
MQ ကို ဘာသာရေးနဲ့ တွဲပြောချင်လည်းရတယ်.. ဒါပေမယ့် ဘာသာရေးကြောင့် မဟုတ်ပဲ Moral ပိုင်းကို
အလေးထားသူတွေကို ပြောရတာ ပိုရှင်းမယ်ထင်တယ်.. Bill Gates လိုလူမျိုးကို ဥပမာပေးလို့ရမယ်ထင်တယ်…။
SQ မြင့်သူကိုတော့ “လူပြည့်ဝ” လို့ ပြောချင်တယ်.. IQ EQ မြင့်တာချင်းအတူတူမှာ
SQ အနိမ့်အမြင့်ပေါ်မူတည်ပြီး ပြည့်ဝပုံ ခြင်းကွာသွားတာတွေနိုင်တယ်.. ရှေးအခေါ်ဆို “ပညာရှိ” လို့ ဆိုရမလားမသိ..
မိမိမှာရှိတဲ့ IQ EQ ကိုအပြည်အဝ အသုံးချနိုင်တယ်.. တွေးခေါ်ပုံ၊ စဉ်းစားပုံ၊ ခံယူချက် တွေမှာ ဆရာကျ တဲ့သဘောပေါ့.. ..
နောက်ထပ်လည်း တခြား Q တွေရှိသေးတယ်.. ဒါပေမယ့် အဲ့ဒါတွေထက် ပိုစိတ်ဝင်စားမိတာက ဒီ Q တွေကို
ဘယ်လိုမြှင့်တင်နိုင်မလဲဆိုတာပဲ.. ကိုယ်ကိုကိုယ် ဘယ်လိုမြှင်တင်နိုင်မလဲ၊
ကိုယ့်ပါတ်ဝန်းကျင်နဲ့ နောက်မျိုးဆက်တွေကို မြှင့်တင်နိုင်ဖို့ ဘယ်နည်းလမ်းတွေက အသုံးတည့်မလဲဆိုတဲ့ ဆွေးနွေးချက်တွေကို မြင်ချင်ပါတယ်လို့..။
ကိုသစ်မင်း
ကိုဇော်သန် ့ ရေ ..။ အခုကျွန်တော်တို့ ဆွေးနွေး နေကြတဲ့ IQ EQ MQ တွေမှာပါတဲ့ အချက်အလက်တွေဟာ…
လိုက်နာကျင့်သုံးသင့်တယ်လို ့.. ယူဆတယ်ဆိုရင်… ကိုယ့်မှာရှိနေ မ နေ စစ်ဆေးကြည့်ပြီး လိုနေ တာဖြည့်ဆည်းရမဲ့ အချက်တွေပါ..။
ဥပမာပေးရရင်တော့..ရောဂါအတွက် ချက်ခြင်း သောက်လိုက် ရမဲ့ဆေးပါဘဲ။ ဆေးညွှန်းအဆင့်ထက်ပိုပါတယ်။
ဆိုတော့…အဲဒီကျုတွေကို ရ အောင် အဲဒီ..ကျုတွေရဲ့ဖော် ပြချက်တွေ..အတိုင်း ကိုယ်တိုင် ကျင့် သုံးရုံပါ။
နောက်မျိုးဆက် အတွက်ဆိုရင်တော့ စာသင် ခန်း တွေကဘဲ သွားရမှာပါဘဲ။
သင်ကြားပေးကြမဲ့ ဆရာ ဆရာမ.များကိုတော့ သင်တန်းပေးဘို့လိုမယ် ပေါ့ဗျာ။
ကိုပါလေရာ
ကိုသစ်ရဲ့ဆွေးနွေးချက်လေးတွေကြားရတော့ ကိုယ့်ကိုယ်ကိုလဲ ဆန်းစစ်မိပါသည်။
ကိုယ့်မှာ ဉာဏ်ရည်ရော အထိုက်အလျှောက်ရှိရဲ့လား ဉာဏ်ရည်လေး အသင့်အတင့် ရှိတယ်ထားပါတော့…
နှလုံးရည်နဲ့ ပြည့်စုံရဲ့လား…… ???????????????? မြန်မာလိုပြောတော့ စကားလေး သုံးလုံး…. နှလုံးရည် …. တဲ့ …..
အဲဒါက လွယ်မလိုနဲ့ ပြောရခက်လှသည်…။
စိတ်ရဲ့ အရည်အသွေးဆိုတာ ထိုင်နေရင်းတော့ သိရတာမဟုတ် စိတ်ကို ဆန်းစစ် စစ်ဆေး ပေးမယ့်
အဖြစ်အပျက်ကလေးတွေအပေါ်မှာ တုန့်ပြန်ပုံကတဆင့်သာ သိရတတ်လေသည်…။
စိတ် စာမေးပွဲ ကလေးတွေပေါ့ … နော အဲသည်စာမေးပွဲလေးတွေမှာ ကျနော်တို့ ကျတတ်ပါသည်..
ကျခဲ့ပေါင်းလဲ များလှပါပြီ.. ကောင်းတာတစ်ခုကတော့ အောင်တဲ့အထိ အကြိမ်ကြိမ်ဖြေနိုင်ခြင်းပင်ဖြစ်ပါသည်။
အဲသည်စိတ်ကလေး စာမေးပွဲအဆင့်ဆင့်အောင်ခဲ့ရင်တော့ မိမိကိုယ်ကိုု ထိန်းချုပ်နိုင်သူ ပြီးတော့နောက်တဆင့်မှာ
စွမ်းဆောင်နိုင်သူ နောက်တဆင့်မတော့ အောင်မြင်တဲ့ အလုပ်ဖြစ်တဲ့ အကျိုးများတဲ့ သူ … ပေါ့။
ထိုင်နေလို့တော့ ဘာမှဖြစ်လာမည်မဟုတ်.. ကိုယ့်အခြေအနေကို အမှန်အတိုင်းရဲရဲကြည့်ရင်း…
ကိုယ့်နီးစပ်သူတွေ ကိုယ့်လက်လှမ်းမီသမျှတွေကိုတပါတည်း တိုက်တွန်းဆွဲခေါ်ရင်း…
ကိုယ့်ဘဝလှေခါးကို ကိုယ်တိုင် မဆုတ်မဆိုင်း တက်ကြဖို့ပါပဲ…။
ကိုသစ်မင်း
ကိုပါ အဲဒီလို လုပ်နေ မိတယ်ဆိုရင် ဘဲ EQ ရဲ့
Self Evaluating ကိုယ့်ကို ကိုယ် အ ကဲဖြတ် ခြင်း နဲ့…SQ Self Awareness ကိုယ့်ကိုကိုယ် သိနားလည်ခြင်း အသိတရားရှိခြင်း
ဆိုတဲ့ အချက်တွေနဲ့ ကိုက်သွားပါပြီ။
မိမိကိုယ်ကို ထိန်းချုပ်နိုင် သူ ..နောက် စွမ်းဆောင်နိုင် သူ ဆိုတဲ့ အသုုံးအနှုံးကို ကွက်တိ သုံးသွားတာချီးကျုးတယ်ဗျာ။
Human Capacity လူသားစွမ်းဆောင် ရည်ဆိုတာ အဲဒီ Q တွေနဲ့ ….ဖြည့်ဆည်း ဖြည့်ကျင့် ရတယ်ဆိုတဲ့
အဓိက အချက်ကို အမိဖမ်း တွေးနိုင်ကြောင်း သိလိုက် ရတယ်ဗျာ…။
နောက်တခုက..လက်လှမ်းမီသမျှ ဆွဲခေါ် ခြင် စိတ် ၊
အဲဒီစိတ်နဲ ့ကိုယ့်နီးစပ်သူ တွေကို ဘယ်လို ဆွဲအား(pulled factor ) နဲ့ ဘယ်လိုတွန်းအား(pushed factor ) တွေ
အသုံးပြုရမလဲ ဆိုတာတွေကို ဆင့်ပွား တွေးမိစေ ပြန်ပါတယ်။
တစုံတခုကို..ဖျတ်ကနဲ..လျှပ်ရောင် လက်လိုက်သလို မြင် လိုက် ရတယ် ကိုပါရေ..။
စိတ်ကို စိတ်နဲ့ပြင် ရတယ်ဆိုတဲ့ အတိုင်း အပြန်အလှန် လေးစားမှု၊ ခင် မင် မှု သံယောဇဉ်၊
မေတ္တာတရားနဲ ့ ပေါင်းသင်းဆက်ဆံ နေကြတဲ့ ဒီမန်းဂေဇက်လို society (လူမှုဝန်းကျင် အဖွဲ ့)လေးတခု ၏ရဲ့
အ ရေးပါမှု အကျိုးများမှု ကို ပြတ်ပြတ်ထင် ထင် တွေ ့လိုက် ရတာပါဘဲ။
သည် နေရာမှာ သည်လို အ ကောင်းဆုံး ဆွဲအား တွန်းအားတွေ ဖြစ်လို ့ နေ ပါလား..
(အဖွဲ ့ဝင် တစ်ဦးနဲ ့တစ်ဦးကြားက မေတ္တာစွမ်းအားတွေနဲ ့) နူးညံ့သိမ်မွေ ့လှပေမဲ့ ကြီးမားတဲ့စွမ်အားတွေနဲ ့
ဖော်ဆောင် ဆွဲ တွန်း နိုင် ပါလား..လို ့ တွေးမိတယ်ဗျ။
ဒီလိုစွမ်းတဲ့..ဒီအဖွဲ ့လးအတွက်ကြည်နူးမှုကိုလည်း ခံစားလိုက်မိတယ်ပေါ့ဗျာ။
ကိုလင်းဝေ
ကိုသစ်မင်းရေ..။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးအတွက် ကျေးဇူးပါဗျ။
ဒီလို လူ့အဖွဲ့အစည်းအတွက် စေတနာထားပြီး ဆွေးနွေးပေးတဲ့ ကိုသစ်မင်းကိုလည်း ဂုဏ်ပြု ချီးကျူးအပ်ပါတယ်။
ကျနော်က စကားဝိုင်းကို နောက်ကျပြီးမှ ရောက်လာတဲ့သူများဖြစ်နေမလားမသိဘူး။
ကြားမိ ဖတ်မိရာကနေ ဖြတ်ဝင်ပြောတော့ မလျော်တာတွေ ဆွေးနွေးပြီးသားတွေ ကို ထပ်ကာဝင်ပြောနေမိတာမျိုးများ
ဖြစ်နေရင်လည်း စိတ်မရှိကြပါနဲ့။
ဖတ်ရတဲ့ စာမှာ Mindset ပြောင်းတယ်ဆိုတာ ဘာလဲဆိုတဲ့ ကိစ္စ ကို အရင်တခါက ဆွေးနွေးထားပြီးသား၊
အခုဆွေးနွေးတာက mindset ပြောင်းတာ ကို အောင်မြင်အောင် ဘယ်လို အချက်တွေ နဲ့
ဘယ်လို စိတ်အခံ နဲ့ အယူ ရှိသင့်တယ် လို့ ဆွေးနွေးနေတာ လို့ သဘောပေါက်တာပါပဲ။
အခုအချိန်အခါမှာ ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်း Mindset ပြောင်းတဲ့ အကြောင်း လူပြောများနေတဲ့ အရာပါ။
အစိုးရ အဖွဲ့အစည်း ဌာနတွေထဲမှာ လဲ မိုင်းဆတ်ပြောင်းတာပဲ ပြောကြတယ်။
တာချီလိတ်နားက မိုင်းဆတ်ကို သူတို့ ဆိုလိုပုံတော့ မဟုတ်လောက်ဘူး ထင်ရတာပဲ။
သို့သော် ဘယ်ပုံပြောင်းမယ် ဘယ်လိုပြောင်းမယ် ဆိုတာတော့ ရေလည်ပြတ်သား ရှင်းလင်းစွာ
ပြောပြသူ ကို မတွေ့မကြားမိတာ ကိုယ်ပဲ တပိုင်းတစ သမားဖြစ်နေလို့လားတော့ မသိပါဘူး။
ပြောင်းတယ်ဆိုတဲ့ ကိစ္စ ကို ပြောကြရရင် အပြောင်းအလဲကို စီမံဆောင်ရွက်တဲ့ ပုံစံ တစ်ခုကို သွား သတိရပါတယ်။
မိုင်းဆက် ပြောင်းတာပဲဖြစ်ဖြစ် ဦးတည်ချက် ရည်ရွယ်ချက် ပြောင်းတာပဲဖြစ်ဖြစ် ပြောင်းမယ်ဆိုရင်တော့
ဖြစ်စဉ်က မူလ တည်ချက်ကနေပြီး ပြောင်းလဲလိုတဲ့ တည်ချက် ကို သွားမယ် ရွေ ့မယ်ပေါ့ဗျာ။
အဲသည်အခါမယ် တည်ချက်အရွေ့ ကို ပြောင်းရန် ညွှန်ပြချက် က အရေးကြီး တဲ့ ပင်မကျတဲ့ အပိုင်းဖြစ်မယ် လို့ မှတ်ပါတယ်။
ညွှန်ပြချက်မှာ အဓိက နှစ်ပိုင်းတွေ့မိပါတယ်။
၁။ ပြောင်းစေ ရွေ့စေလိုသော တည်ချက် ကို သတ်မှတ်ခြင်း၊ ရှင်းပြခြင်း။ ( ဘာကြောင့် ဆိုတာ အပါအဝင်ပေါ့ )
၂။ ထိုပြောင်းစေ ရွေ့စေလိုသော တည်ချက် သို့ မည်သို့ ပြောင်းရ ရွေ့ရမည်။ (ဘယ်လို ဘယ်နည်း အပါအဝင်)
ကျနော်တို့ အခုပြောချင်တာက မိုင်းဆက် ပြောင်းတာ ကို အောင်မြင်စေရန် အတွက် ချဉ်းကပ်မှုတွေ
သို့မဟုတ် ဘယ်လို အခြေ ကို ရောက်ရင် ဒီပြောင်းလဲမှုကြီးက အောင်မြင်မယ် ဆိုတာကို ဆွေးနွေးနေကြတာ မဟုတ်လား။
မိုင်းဆက် ဆိုတာကြီးမှာ တကယ်တော့ တန်ဖိုးထားမှု စံနှုန်းတွေ၊ ယဉ်ကျေးမှု အလေ့တွေ၊
ကိုယ်ကျိုးအများအကျိုး ချိန်ဆမှု တွေ စတာတွေ လည်း အများကြီးပါဝင်မယ် လို့
ကျနော် အကြမ်းဖျဉ်း နားလည်မိပါတယ်။ အဲဒါအပြင်မှာ ကျနော်တို့ ပြောင်းလဲစေချင်တာ က
လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး ကို ဘုံ စံနှုန်း တွေ ပြောင်းဖို့ (အခုခေတ်စားတဲ့ အသုံး )
လှိုင်း နဲ့ ပြောင်းစေချင်တာလား။ သို့တည်းမဟုတ် တစ်ဦးချင်းစီက သူ့ သီးသန့် ကြုံတွေ့နေရတဲ့
အခြေအနေတွေအပေါ်မှာ စံနှုန်းပြင်ပြီး စိမ့်ဝင် ပြောင်းလဲ စေချင်တာလား။
ဒါတွေ က ပိုပြီး ရှုပ်အောင် လုပ်တာမဟုတ်ပဲ ချဉ်းကပ်မှု အောင်မြင်ရေး တွက်ဆရအောင် စစ်ကြော ကြည့်တဲ့ သဘောပါပဲ။
နောက် ပြောရမယ် ဆိုရင် အခု မိုင်းဆတ်ပြောင်း တယ်ဆိုတာ အသိဉာဏ် အတွေးအမြင် ဆိုင်ရာ ကိစ္စဖြစ်တယ်။
ဒီလို အသိအတွေးအမြင် ကိစ္စတွေ နဲ့ ပါတ်သက်တိုင်း ကျနော် စဉ်းစားမိတာ တစ်ခုရှိပါတယ်။
ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ် ( Herman Hesee ရဲ့ Siddhartha စာအုပ်ကို
ဆရာမြသန်းတင့် ဘာသာပြန်ပေးထားတာ လားမသိဘူး ) အဲဒီ အထဲမှာပါတာက
“ အသိဉာဏ် ကို သူ့ချည်းသက်သက် ဖြန့်ဖြူးခြင်းဟာ ထိရောက်မှုနည်းတယ် အောင်မြင်ဖို့နည်းတယ် ”
ဆိုတဲ့ သဘောတရားပါ။ ဒီအချက်ကို ဖတ်မိတုန်းက ဒါကို ထိုင်းစဉ်းစားမိလိုက်တာ
စာအုပ်ရှေ့ဆက်ဖတ်ဖို့ ရက်ပေါင်း တော်တော်ကြာသွားတယ်။ ကျနော်ကတော့ တော်တော်မှန်တယ်
လို့ စဉ်းစား လက်ခံမိပါတယ်။ ကျနော်တို့ အောင်မြင်ရေးတရားတွေ၊ ဘာသာရေးတရားတွေ၊
စည်းကမ်းလိုက်နာရေး အသိပေးတာတွေ တကမာ္ဘလုံးမှာ လုပ်နေကြတာပဲလေ။
ထိရောက်မှုကို ဆန်းစစ်ကြည့်ရင် ပြောယုံ ဟောယုံ နဲ့တော့ မလွယ်ဘူး ဆိုတာ ကျနော်ကတော့ လက်ခံမိပါတယ်။
နောက်တစ်ချက်က လူသည် ဆင်ခြင်တတ်သော သတ္တဝါ ဆိုတဲ့ အမြင် တစ်ခု။
Human Beings are Rational ဆိုတဲ့ ဆိုရိုးကြီးအတိုင်းပေါ့လေ။
ကျနော်တို့ လူအများစုကြီးဟာ မတွေးခေါ်တတ်ရင်တောင်မှ ဆင်ခြင်တတ်ကြပါတယ်။
ကျနော်တို့ဟာ အကျိုးအမြတ် နဲ့ အပျက်အစီး လောက်တော့ ဆင်ခြင်နေထိုင်ကြသူတွေဖြစ်ပါတယ်။
အဲဒီမှာမှ မက်လုံးက ထပ်ဆင့်လာရင်လည်း မက်လုံးကို မြင်တတ် တွေ့တတ်ပြီး မက်လုံးကနေ
အကျိုးဖြစ်အောင် ဆင်ခြင် လုပ်ကိုင် နေထိုင်တတ်ကြပါတယ်။
ဒီမှာ ကျနော် ကောက်ချက်ဆွဲမိတာက လူထုကို အသိပေးမယ် အသိပညာပေးမယ် အတွေးအမြင် ဖြန့်ဝေမယ့်
စိတ်နေစိတ်ထားဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ရမယ် ဆိုရင် မဖြစ်မနေ သတိထားရမယ့် အချက် အဖြစ်
(က) အသိဉာဏ်ကို သူ့ချည်းသက်သက် ဖြန့်ဝေခြင်းသည် မလွယ်ကူ
( ခ ) လူသည် လက်တွေ့အကျိုးကို ဆင်ခြင်စဉ်းစား တတ်သော သတ္တဝါ
ဒါတွေ အပေါ် အခြေခံပြီး ပြောရမယ် ဆိုရင်တော့ ကျနော်တို့ အခုပြောနေတဲ့ မိုင်းဆက်ချိန်း တဲ့ ကိစ္စကို အောင်မြင်ဖို့အတွက် ဆိုရင်
ဘာကြောင့် ပြောင်းရမှာလဲ ဆိုတာ ရှင်းလင်းစွာ နားလည်ကြဖို့လိုပါတယ်။
ဥပမာ အားဖြင့် ချွေးစော်နံနေသူကို မနံစေချင်ရင် ရေသွားချိုးလိုက်လို့ ပြောယုံနဲ့ ရေချိုးချင်မှ ချိုးပါလိမ့်မယ်။
ချွေးစော်နံနေကြောင်း နဲ့ ချွေးစော်နံနေတာဟာ အခြားသူများကို အနှောင့်အယှက် ဘယ်လိုဖြစ်စေကြောင်း
ချွေးစော်မနံပဲ သန့်ရှင်းအောင် နေရင် ဘယ်လိုကောင်းကြောင်း ဘယ်လို သန့်ရှင်းစွာနေနိုင်ကြောင်း စသည်ဖြင့်
ပြောမှ သာ မနံအောင် ကြိုးစားမယ် လို့ ထင်ရပါတယ်။ ဒီလိုပါပဲ ။ အခုကိစ္စမှာလဲ ။
တိုင်းပြည်စီးပွားတိုးတက်ဖို့ အားလုံးချမ်းသာ ဖို့ ပြောရတာထက်။ မြေဈေးကစားတာ တိုင်းပြည်အတွက် မကောင်းဘူး။
တိုင်းပြည်ရဲ့ အဓိက စီးပွားရေးအတွက် ထုတ်လုပ်မှု စီးပွားရေးကို အားဖြည့်ပေးမယ့် လုပ်ငန်းတစ်ခုခု ကို
ရေရှည်မျှော်မှန်းပြီး လုပ်သင့်ကြောင်း တရားဟောရင် ဟောရင်းသာ ပျံလွန်တော်မူသွားပါလိမ့်မယ်။
ဒါထက် ရေရှည်အကျိုးကို မြင်သာအောင် ပြသတာ၊ လုပ်ကိုင်ချင်စဖွယ် ပါတ်ဝန်းကျင် နှင့် အနေအထားကို
ဖန်တီးပေးတာတွေကနေမှသာ လူတွေ ရဲ့ ခံယူချက်အမြင် ပြောင်းမယ် လို့ ထင်ပါတယ်။ မက်လုံး ကို ပြဖို့ သဘောပါ။
ဘာတွေ ကို ပြောင်းစေချင်တာလဲ ဆိုတာကလည်း ထိုနည်းလည်းကောင်းပါပဲ။
စီးပွားရေး အကြောင်းပဲ ပြောရရင် ဆူလွယ်နပ်လွယ် တာဝန်ယူမှု ကင်းမဲ့စွာ
စီးပွားရေး လုပ်တာ ကို ပြင်ကြဖို့ ဆိုရင်လည်း အဲသလို လုပ်ခဲ့တဲ့ သူတွေကို ဒဏ်ခတ်တာမျိုး
အပြစ်ရစေတာမျိုး လက်တွေ့မြင်သာအောင် လုပ်ပေးသင့်ပါတယ်။
ဥပမာ တစ်ခု အနေနဲ့ တေဇ ဆိုတဲ့သူ ( မြန်မာမှာတော့ အပြစ်သားကို င တပ်ခေါ်ကြတယ်။ )
ဘယ်လိုချမ်းသာတယ် ဘယ်လို ဖြစ်လာတာကို ဖော်ထုတ်ပြီး အပြစ်ပေးတာနဲ့ တေဇ ကို ဦးတေဇ ဆိုပြီး
စန်းတင်ပေးနေတာ လူအများစု အတွက် ဘယ်ဘက် ကို ဦးတည်သွားမယ် ထင်ပါသလဲ။
ပြောရမယ်ဆိုရင်ဖြင့် အခြေခံ အသိဉာဏ် နှင့် တွေးမြင်နိုင်စွမ်း ကို တွက်ဆဖို့ လူတွေ ရဲ ့ စိတ်အခံကို
ပြောင်းဖို့ အတွက် လုပ်ရတာ မလွယ်လှပါဘူး။ မလွယ်ပေမယ့် လည်း လုပ်ကို လုပ်ရမယ့် ကိစ္စပါပဲ။
အခုကို ကိုသစ်က စေတနာနဲ့ ဦးဆောင် ဆွေးနွေးတာ ကောင်းတဲ့ အလုပ်ပါပဲ။
ကျနော့်အမြင်တော့ မြန်မာ့လူ့အဖွဲ့ွှအစည်း အတွက် လက်တွေ့နှင့် ယှဉ်တွဲပါသော
လူ့အဖွဲ့အစည်း အပြုအမူ ဆိုင်ရာ ပြောင်းလဲရန် စေ့ဆော်ချက်များ စသည်ဖြင့် လေ့လာဆန်းစစ်စရာတွေ
ပြုစု ငြင်းခုံ ဆွေးနွေးစရာတွေ အတော်များလှတယ် ထင်မိပါတယ်။
ထိန်းချုပ်နိုင်မှု ၊ ခြုပ်တည်းနိုင်စွမ်း နှင့် ပါတ်ဝန်းကျင် စေ့ဆော်မှုများ စတာတွေ နဲ့ အသိအမှတ်ပြုခံလိုစိတ်
ဆိုတာတွေ ကနေပြီး လူအများ ရဲ့ အသိအမြင်အတွေး အရည်အချင်းတွေ ကို တိုးတက်အောင်
လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ တပိုင်းမှာလည်း စီးပွားရေး နှင့် အလုပ်အကိုင် တွေ ကောင်းမွန်လာရင်ဖြင့်
လူတွေဟာ မားစလိုး ရဲ့ အခြေခံလိုအပ်ချက်များ သီအိုရီ အရ ထပ်ဆင့်မြင့်လာတဲ့ အဆင့်တွေကို တက်လာကြမယ်၊
တပြိုင်တည်းမှာ လူ့အဖွဲ့အစည်းကို ဦးဆောင်သော ပုံဖော်သော နေရာ မှာ ရောက်နေသူတွေ ရဲ့
အတွေးအမြင် အဆင့်နဲ့ ပုံဖော်သော ပုံရိပ်တွေကလည်း လွှမ်းမိုး မယ်လို့ ယုံကြည်ပါတယ်။
Q တွေ အကြောင်းတွေ သိပ်ပြီး အများကြီး ဆွေးနွေးစရာမလိုတော့ဘူး ထင်ပါတယ်။
ကိုသစ်မင်းက အတော်ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားပြီဆိုတော့။
ကိုသစ်လည်း ထည့်ပြောသွားသလိုပါပဲ။ အမှန်တော့ နာမည်တပ်နေကြတာ ဆိုသလိုပေါ့။
အရင်တုန်းကတော့ IQ ကိုပဲ အားလုံးပုံပြီး သုံးသပ်နေကြရာကနေ EQ ဆိုတဲ့ အမြင်အသစ် ဖြစ်လာကြတယ်။
အဲဒီနောက်ပိုင်းတော့ ဆက်တိုက်ဆိုသလို Q အသစ်တွေ တင်ပြလာကြတာများပါတယ်။
နောက်ပိုင်း Physical Quotient(PQ) ဆိုပြီးလည်းပြောလာကြတယ်။
အားကစားသမားတွေ မှာ အဓိက တွေ့ရလေ့ရှိတဲ့ အရည်အချင်းကိုလည်း PQ လို့ တင်ပြလာကြတာလည်း တွှေ့ရတယ်။
ဥပမာ ဂေါက်သီးကစားနည်းတို့ ဘောလုံးကစားနည်းတို့ မှာ ဂေါက်သီးရိုက်တဲ့ လွှဲချက်လို၊
ဘော်လုံး ကိုထိန်းတာသယ်တာ ကျွမ်းကျင်တာ တွေ ဟာ မျက်စိနဲ့ မြင်တာကို အမှတ်သညာအဖြစ်
ပြောင်းသွားအောင် လုပ်ပေးပြီး ခန္ဒာကိုယ်က အဲဒီသညာနဲ့ အခြေအနေကို တွက်ဆပြီး
လိုက်လုပ်တဲ့ အရည်အသွေးတစ်မျိုးပေါ့၊ အန္တရာယ်နဲ့ကြုံရင်ဖြစ်ဖြစ် အခြားသောအကြောင်းကိစ္စတွေမှာ
ဖြစ်ဖြစ် လူရဲ့ တုန့်ပြန်မှုကို ပြဌာန်းတာ PQ ပါလို့လည်း ဆိုကြသေးတာပဲ။
PQ မြင့်တဲ့သူတွေအတွက်တော့ မွေးရာပါလို အလွယ်တကူ မြင်တာနဲ့ လိုက်ပြီး ကိုယ်ခန္ဒာကို လိုက်လှုပ်ရှားပေးနိုင်တဲ့
အရည်အသွေးပေါ့၊ ကခုန်တာ သီချင်းဆိုတာ တွေလည်း ပါတယ်လို့ ဆိုရမှာပေါ့။
PQ ကိုပဲ EQ နဲ့ ဆက်စပ်ပြပြီး EQ ကို မောင်းနှင်တာက သူပါပဲ လို့ ညွှန်းချင်သူတွေလည်း ရှိပါတယ်။
Q တွေ အားလုံးကို ခြုံပြောရရင်တော့ အသိဉာဏ် နဲ့ ဆင်ခြင်တုံတရား ပါပဲ လို့ ကျနော်က ရှေးရိုးစွဲ ဆန်ဆန် မြင်မိပါတယ်။
PQ လိုကိစ္စမျိုးမှာတောင် ကိုယ့် ကိုယ်လုံး ခန္ဒာကြီးကို ဘယ်လို လုပ်ရင် ဘယ်လိုဖြစ်တာ ကို
သိနိုင်တဲ့ ဉာဏ်ရည်က ပေးတဲ့ အသိနဲ့ ဆင်ခြင်ပြီး လိုက်လုပ်တဲ့သဘောပေါ့။
ဒါကတော့ လူရဲ့ စိတ်နဲ့ ပြုမူပုံကို သရုပ်ခွဲပုံ ချဉ်းကပ်ပုံ၊ နာမည်တပ်ပုံ ကွဲပြားတာတော့ ရှိကြမှာပါ။
အချုပ်အားဖြင့်တော့ လူတွေရဲ့ အခြေခံ အသိဉာဏ်မြင့်လာဖို့ နဲ့ တပြိုင်တည်းမှာ ဆင်ခြင်သုံးသပ်ဖွယ်ရာ အကြောင်းအရင်း၊
မက်လုံး စတဲ့ အခြေအနေတွေကို ဖန်တီးပေးရင် အဆိုပါ Q တွေမြင့်လာနိုင်ပြီး စိတ်ဓါတ် ခံယူပုံတွေ ပြောင်းမယ်လို့ ယူဆပါတယ်။
ကိုသစ်မင်း
ကိုလင်းဝေရဲ့ဆွေးနွေးချက်တွေက.တော်တော် ပြည့်စုံလှပါတယ်။
ကျွန်တော့် ဦးတည်ချက်က တဦးချင်းပြုပြင် ပြောင်းလဲရေးပါ။ အဲဒီလိုပြောင်းလဲတဲ့အခါမှာလဲ
ဘာဖိအားမှ မ ပေး ဘဲ မူရင်းရှိပြီးသား ဗီဇစိတ် အ ကောင်းအဆိုး ခွဲခြား နိုင်/လို စိတ် ကို လှုံ ့ဆာ်ပေး လိုက်တဲ့
နည်းကို ကျွန်တော် အကြိုက် ဆုံးပါဘဲ။
အီးကယူရ အောင် ဒီလိုလုပ်ပါလို့ ပြောမဲ့အစား..အီးကယူ…မှာတော့ ဒီလိုအချက်တွေပါတယ်…
ကိုယ်နဲ့အဆင်ပြေမဲ့အချက် လေးတွေလုပ်ကြည့်ဖို့ အကြံပေးမယ်ပေါ့ဗျာ။
အီးကယူမှာက.ကိုယ့်ကိုကိုယ် အကဲဖြတ်ခြင်း ရှိတယ်..ကိုယ်စိတ်ကို.ကိုယ့် ရဲ့.ခံစားချက်(ဒေါသ).ဆိုပါတော့
ထိန်းချုပ်တာပါတယ်ဗျ..စမ်းကြည့်ပါလား လို့ ပြောမယ်ဗျာ။ ဆိုတော့ ဘယ်သူမဆို အနည်းနဲ့အများ
စမ်းကြည့်မယ်ဆိုပါစို့။ တကယ်တမ်း တော်တော်လေး သူလုပ်မိသွား ပြီ..လုပ်လဲလုပ်နိုင် သွားပြီဆိုရင်တော့..
သူ့ self-esteem (ကိုယ့်ကိုကိုယ်စိတ်ထိန်းချုပ်အား..မှားမှန်ဆုံးဖြတ်အား)ရပြီး အဲဒီကတဆင့် self-respect (ကိုယ့်ကိုကိုယ်လေးစာမှု)
ရသွားမှာဘဲဗျ။ self-esteem နဲ့ self-respect ရသွားပြီဆိုတဲ့ လူတ ယောက်အ နေနဲ ့လူရည်လူသွေးပြည့်ဝလာဖို ့
ဆိုကြပါစို့…လူ့စံနှုန်း ဒီလိုမျိုးကျူ တွေနဲ ့ကိုက်ညီလာဖို့ နီးစပ်သွားပါပြီ။
အဲဒီလိုနဲ့ တဦးချင်းက နေ ဆင့်ပွားသွားတဲ့နည်းကို သုံးချင် တာပါ။
လူဆိုတာ ကိုယ့်ကိုကိုယ် ဗဟိုပြု စဉ်းစား တတ်တဲ့ အတ္တစိတ် ရှိတယ်မဟုတ်လား..
အဲဒါကို တိုက် ရိုက်အသုံးချပြီး ကိုယ့်စိတ် အဆင့်အတန်း ကိုယ့်ဟာကိုယ် သိစေ ပြောင်းစေတဲ့
ရိုးရိုးရှင်းရှင်းနည်းလမ်းလေးလို ့ဆိုပါရ စေ။
မပုချ်
ဒါဆိုရင် လူတောထဲတိုးတယ် မတိုးဘူးဆိုတာကျတော့ရော ဘယ်နေရာမှာ ကွာသွားတာလဲ
တချို့တွေ သူဟာနဲ့သူ တော့ အောင်မြင်သင့်သလောက်အောင်မြင်နေပေမဲ့
ကိုသစ်မင်း
မခိုင်ဇာ
ကိုသစ်မင်း
အင်ဇာဂီ
များလာ ကြ ဆိုပေမယ့် အဓိက က ကားများလာတာကို အတော်အတန် တောင့်ခံပေးထားနိုင်မယ့်
လမ်းစနစ်ရှိနေသေးတယ် … တကိုယ်တော် စည်းကမ်းချိုးဖောက်မှုတွေက ပဲ ပိုမိုဆိုးရွားတဲ့ လမ်းပိတ်စေမှုကို
ဖြစ်စေတယ် လို့ပြောကြပါတယ်…။ အမြင် ပြောရရင်လည်း ဟုတ်သဗျ…။ကားသမားအများစု IQ နိမ့်သဗျ… ဒါ နှိမ်ပြောတာမဟုတ်ပါဘူး …။ တကယ်ပါ…။
သူတို့ ဒါလေးပဲတတ်တယ် ဒါနဲ့ပဲလုပ်စားမယ် ကျန်တာ ဆက် မလေ့လာတော့ဘူး ဆိုတဲ့
mind set မျိုး ရှိနေတယ်… (ဥပမာဗျာ global warming တို့ ဘာတို့ သွားပြောရင် နားမလည်ဘူး စိတ်မဝင်စားဘူး
ဆိုတာမျိုးနဲ့ ငြင်းထုတ်မယ့်လူစားမျိုးတွေဆိုပါတော့)
IQ တောင် နိမ့်နေ တာ ကျန်တဲ့ EQ ကိစ္စမျိုး မတွေးဝံ့စရာဖြစ်လာပါတယ်..
ထားပါတော့
မင်းတို့ စည်းနဲ့ကမ်းနဲ့မောင်းရင် အားလုံးပို အန္ဒရာယ်ကင်းမယ် ဆိုတဲ့ တော့ပစ်ကိုရောက်ပါတယ်။
ခေါက်ရေနဲ့ လုပ်ခလစာကို အချိုးချ ထားတဲ့စနစ်ကြောင့် လုမောင်း-ပြိုင်မောင်း-ခိုးမောင်း
ဖြစ်လာရတယ်မြင်မိတယ်..သည်လိုအခြေအနေမှာ မင်းသားဖြစ်သွားတာ ယာဉ်လိုင်းထဲက ကားပိုင်ဆိုင်သူတွေပဲ..သည်မှာ အဆင့်တခု တက်လာတယ်… ဆြာ့ စာအရဆိုရင် IQ ပြီးတော့ EQ ပေါ့ …
(အနည်းဆုံးတော့ ကားဒရိုက်ဘာ စပယ်ယာ အဆင့်ထက်တော့ ပိုပြီး ပညာရည်ပြည့်မယ်
မှတ်ပါတယ်… သည်အဆင့် တွေကို)
ပညာရည်လို့ပြောတာ အစိုးရပညာရေးကိုဆိုလိုတာမဟုတ်….. အကြမ်းဖျဉ်းပြောရရင်
စာပိုတတ်မယ်မှတ်တာပါ..(မဟုတ်ရင်အောက်ခြေကိုသူဘယ်လိုထိမ်းမလဲပေါ့)
အဲ… အဲ့လို နဲ့ ကားအကြောင်းတွေးရင်း ကားလိုင်စင်ဝင်တဲ့ ဆီ ရောက်လာပါရောလား..
ထုံးစံအတိုင်းပေါ့ စာအုပ်ထပ် တာ လုကြ ယက်ကြ …
ဟိုက တအုပ်ပြီးတအုပ် တယောက်ပြီးမှ တယောက် အလှည့်နဲ့ ခေါ်မှာကို..
အဝမှာ ပြိုင်တိုးနေကြ တာများ လူသစ် စာအုပ်သစ် လာထပ်ဖို့တောင် နေရာလွတ်မချန်…
နေပူပူ ချွေးစိုစို နဲ့ .. စာရေးမအသံတိုးတိုး အောက်မှာ… အလှည့်ကျသူ ခေါ်သံမကြား ..
(ဒီလိုဖြစ်လို့ ကျော်သွားရင်ပဲ ငါ့အလှည့်မြန်မြန်ရောက်မယ် တွက်ကြသလား မသိ)
ငယ်တုန်းက ကျောင်းမှာ စာအုပ်ထပ်ရင် စာအုပ်လေးတွေ ဆရာမ အမှတ်ခြစ်ရမယ့်နေရာထိလှန်ထား
ပြီးတော့ ပြောင်းပြန် မှောက်ထပ် … သည်အတိုင်း တယောက်စီ ထပ်သွား။
ဆရာမ အမှတ်ခြစ်မယ့် အချိန်ရောက်လို့ စာအုပ်ပုံကို အတည့်ဆွဲလည့်လိုက်တဲ့အခါ
အရင်ဆုံးထပ်တဲ့ စာအုပ်က အပေါ်ဆုံး ရောက်တာမို့ …ပါ…။
ရုံးတွေ ဌာနတွေ နဲ့ (တချို့)ဆေးရုံဆေးခန်းတွေလည်း ဒါမျိုးလေးတွေ မြင်ချင်စမ်းပါဘိ
(လူနည်းသေးတာပဲ ဆိုပြီး ဖြစ်သလို လုပ်နေတော့) လူလည်းများလာရော နောက်မှမွေးပြီး
မောင်ဦး ဖြစ်ချင်သူတွေရယ်။ ငါစီနီယာကွ .. လုပ်ဖူးနေကြ ကွ ..အဆက်သွယ် ရှိသကွဆိုပြီး
ကြားဖြတ်ချင်သူတွေ ရယ် ကြောင့်ပြောပါတယ်။တိုင်းပြည် မချမ်းသာလို့ ..အဲ့သည့်ကောင်တာမှာ လော်စပီကာ တပ်မပေးနိုင်တာ
တိုကင်ဘုတ် LED မချိတ်ပေးနိုင်တာ အပြစ်မပြော ခင်.. ။ ကိုယ်တိုင် အလှည့်ကျ ဆိုတဲ့စနစ်ကို
လက်သင့်ခံဖို့ ရာ.. အတော်လိုသေးတာ တွေ့ရတယ်..။ ဒါတောင် after you ဆိုတာမပါသေး..။
အလှည့်ကျတော့လည်း လုပ်စရာရှိတာလုပ်လို့ ပြီးစရာ ရှိတာ ပြီးသွားတာပါပဲဗျာ..
(ဒါတောင် ခွင်ဆိုပြီး ယနေ့တိုင် လုပ်စားနေတဲ့ ပွဲစား ဆိုတာတွေ ဘာကြောင့်မပျောက်သေးသလဲ မပြောတတ်)
ကျောင်းလိုက်ကြိုပေးရင်း သူတို့သားအမိတွေ အိမ်ပြန်ပို့ပေးလိုက်ပါတယ်…။
ကျောင်းရောက်တော့မှ ..လားလား….။ များလှစွာသော ကားတွေပါ တကား…။
များလှစွာသော ကလေးအမေ တွေ ပါတကား..။ ကျောင်းကားတွေလည်း မနည်းမနော…။
သို့သော် အိမ်ကားတွေ တစီးနဲ့ တစီး ကွာသလို ..ကျောင်းကားတိုင်းက လည်း တစီးနဲ့ တစီးကွာပြန်တယ်..။
(ဒိုင်နာ ကအစ ဟိုင်းလပ်စ် အလယ် စူပါကတ်စတမ် အဆုံးပေါ့လေ..)
တွေးမိတာ က .. ကလေးအမေတွေ + အိမ်စီးကား VS ဖယ်ရီဝန်ဆောင်(ဒရိုင်ဘာ စပယ်ယာ) + ကျောင်းကား
ဆိုတဲ့ အချိုးအဆ ပါပဲ။ ကျောင်းသား ၃-၄ထောင်လောက် ရှိတဲ့ ကျောင်းတကျောင်း မှာ အိမ်က လိုက်ပို့တာ
အိမ်ကား ၃-၄ရာ ဆိုရင် ရန်ကုန်မြို့ နာမည်ကျော် ကျောင်း ၁ဝကျောင်း ရှိတယ်ဆိုပါစို့။
အစီးရေ နဲ့ (အမေ or အဒေါ်) ၃-၄ထောင်ဗျာ..။ ဘိုကျောင်း တွေနဲ့ ပုဂ္ဂလိက ကျောင်းတွေ ထည့် ပြီး assume လုပ်
အိမ်သုံးကား + (အမေ or အဒေါ်) တသောင်းထက်မနည်းက နေ့စဉ် ကျောင်းပို့/ကြို နဲ့ တင် လမ်းပေါ်တက်နေကြရတာ။
ဒါနဲ့ ဖယ်ရီကို ပြန်ငဲ့ကြည့်လိုက်တော့ ..ဘယ်ကား ဆို ဘယ် ယာဉ်မောင်းမျိုးဆိုရင်တော့ ငါတောင် စိတ်မချတာ…
ကလေးအမေတွေ အပြစ်မဆိုသာဘူး ဆိုတဲ့ အတွေးဝင်တယ်။
ကျောင်းဆရာ/ဆရာမ + မိဘ ပူးပေါင်းပြီး ကျောင်းကားတွေ ကို စစ်ဆေးစောင့်ကြည့်မယ်။ သင့်တင့်မျှတတဲ့ဈေးနဲ့
ဝန်ဆောင်မှုပေးမယ်။ ဆိုရင် ယခု ကိုယ်တိုင် ကြိုပို့နေတဲ့ မိဘတွေကားတွေ အတော် လျော့နည်းလာမှာ ဖြစ်သလို
အလုပ်အကိုင်အခွင့်အလမ်း နဲ့ စီးပွားတွေလည်း ဖြစ်လာမယ်မြင်မိပါတယ် (အဲ့လုပ်ငန်းကိုယ်တိုင်တောင်လုပ်ချင်သေး)
10 seater နဲ့ ဆွဲပါအုံး ကျောင်းသားတသောင်း အိမ်ကား တသောင်းနေရာမှာ အစီး ၁၀၀ဝ လောက်သာ ဖြစ်သွားမှာမို့
မြို့အတွက်က ကားအတော် ချောင်မယ် ။ မိဘတွေ တခြား မိသားစုအတွက် ဝင်ငွေ / အကျိုးကျေးဇူး ရှိမယ့် အလုပ်လုပ်နိုင်မှာမို့ ပိုပြီး သာယာချောမွေ့လာမယ် ပေါ့။ ကျမသားက သူငယ်တန်းကတည်းက လန်ခရူဇာနဲ့ တက်တာ
ဆိုတာမျိုး ကြွားချင်သူ လူတစု ကိုတော့ မတတ်နိုင် pride တွေ ego တွေ။ ရှိတယ်နော..။ အဟတ် ..အဲ့သည့်နေ့ကတောင်
တွေ့ပါသေးသဗျား။ အဲ … ကျောင်းဆင်းပါပြီဗျား …။ အပေါက်ဝမှာ ကလေးအမေတွေ စုပြုံတိုးနေတာ မြင်မကောင်း..။
ဘယ့်နှယ့် ကိုယ်က ထိပ်ကကြိုလို့ ကိုယ့်သားသမီးက ထိပ်ဆုံးက ထွက်လာမှာလည်းမဟုတ်
အိုလံပစ် ပြိုင်ပွဲ စံချိန်ယူနေတာလည်းမဟုတ်။ သူ့အတန်းနဲ့သူ အချိန်တန် ထွက်လာမပေါ့…။
ခုတော့ စုပြုံတိုး.. ကလေးတွေက လျောက်စရာ ပလက်ဖောင်း မကျန်တော့…။ကားဖြတ်နေတဲ့ လမ်းမပေါ်ကိုဆင်းပြီး
လမ်းဘေးကပ်လျောက်ရပါသဗျား… ဖြစ်ရလေ…။ တကယ်က တယောက်စာ ချန် တန်းစီစောင့်ပြီး တန်းစီထွက်ခိုင်းရင်
ဘာမှ ပြသနာမရှိတာလေးကိုများ ..။ ခုတော့ဗျာ ……။
ဘယ်အဆင့်တွေ ဆိုတာ မြင်ရမှာပါ…။ နည်းနည်း ညည်းညူသံပါသွားတာ အတွက်တော့ ဆောရီးပါဗျို့…။
ဖြစ်နိုင်ချေ ရှိတဲ့ solution တချို့ပါ တွဲပြီး ရေးထားပါတယ်ဗျ။
ပင်ကိုယ်သိ နဲ့ ဆိုင်ပြီး တယောက်ချင်း လုပ်ရမယ့် အပိုင်းတွေပါလားလို့ မြင်မိတဲ့ ကိစ္စလေးတွေပါ…။
ကိုသစ်မင်း
မပဒုမ္မာ
ကျမကတော့ ကိုသစ်မင်းဟာ တကယ်တော်တဲ့ ကျောင်းဆရာတယောက်ပဲလို့ အရင် မှတ်ချက်ပေးချင်ပါတယ်။
ကိုသစ်ပြောသွားတာတွေ နားထောင်ရင်း စိတ်ထဲဖြစ်မိတာတော့
ရန်ကုန်မှာသာ ကိုသစ်ရယ် တီချာကြီးရယ် စာသင်ကြရင် ကျမတော့ အလုပ်တွေ ပစ်ထားပြီး
သူတို့ သင်တာတွေ ပြေးတက်မိမှာပဲလို့ပါ။
65 comments
Mr. MarGa (12512)
August 25, 2014 at 2:26 pm
ရှေ့ဆုံးက နေရာလာဦးသွားပါတယ်…
တစ်ထိုင်တည်းနဲ့ ဘယ်လိုမှ လည်နိုင်ဖွယ် မရှိတာမို့ ကျနော် သေချာဖတ်ပြီးမှ ပြန်လာပါဦးမယ်
အဲဒါလေးးးး
ဦးကြောင်ကြီး
August 25, 2014 at 2:29 pm
အယ်လ်ကြူဆိုတာ ပိုအရေးကြီးသဗျ.. သိချဉ် အမ်တီသော်တို့ အမ်တီနှင်းတို့မေးကြည့်…။ခု လက်တွေ့ကြကြ အရေးကြီးတာတော့ အိပ်ဖို့ပဲ.. နက်ဖြန်ရုံးတက်ရဦးမြီ..။
ခင် ခ
August 25, 2014 at 3:21 pm
ပညာရှင်များ၏ လက်ဖက်ရည်ဆိုင် စကားဝိုင်း ပါသကား။
အလွန်တန်ဖိုးရှိသော အဓိပ္ပါယ်စကားလုံးတွေနဲ့ ပြောထားကြတာကိုး။
မြန်မာပြည်က လူထုုတွေသာ အဲဒီလိုဖြစ်လာကြရင် ကျုပ်တို့တိုင်းပြည်ကြီးတော့ ကောင်းပြီဗျာ အားရစရာပါဘဲလေ။
ဤစကားဝိုင်းကို ရွာထဲသယ်ဆောင်လာသူ ကိုဘလက်ရေ ကျေးဇူးဗျာ။
sorrow
August 25, 2014 at 3:28 pm
.ကွယ်….ကျော်..အဲ့ပွဲကိုမလာမိတာ ..နောင်တရမဆုံး …..SQ+MQ ကောင်းအောင်ကြိုးစားပါမည် ။ MQ …ဆိုတဲ့စကားလုံးလေးကိုကြားတာနဲ့ ..ကိုကြီးဇေယျာနဲ့ ဂီဂီ..ကျော့်ကိုသတိမရကြဘူးလားဗျာ .
.( ….ပညာရှင်တွေကြားမှာ ….အလွတ်ဝင်ပေါတာ..အဟီး ….)
Shwe Ei
August 25, 2014 at 4:44 pm
မဖတ်ရတာကြာပြီဖြစ်တဲ့ စာတွေ ပြန်ဖတ်ရလို့ Satisfy ဖြစ်တာကိုခံစားမိပါသည်။
အိုက်ဂလို Taste တွေကို ချဉ်ငံစပ် အသုပ်စုံတစ်ပွဲ နဲ့ နှိုှုင်းချင်မိပါသည်။
စားချင်စိတ်အရမ်းဖြစ်နေချိန် ကိုယ့်ရှေ့ကို တွန်းလှည်းလေးနဲ့ မောင်းတီးပြီးရောက်လာသလိုမျိုးဟုထင်ပါသည် 🙂
ကျောက်စိမ်း တိန်ညင်
August 25, 2014 at 5:25 pm
နားလည်သလိုလိုနဲ့ နားမလည်ဘူး … အဲ့ဘက်နဲ့ အလွန်ဝေးပါတယ် ….
စကါးမစပ်
ကိုအမတ်မင်း ဆိုတဲ့ လူရီး ဆွေးနွေးချက် လန်ထွက်နေတာပဲ …. ငင့် ငင့်
Iris
August 25, 2014 at 9:12 pm
After you ဆိုတာလေးတော်တော်သဘောကျတယ်။ Gentlemen တွေမှ အဲ့လိုပြောနိုင်တာ။ SQ ဆိုတာကိုအခုမှ ကိုသစ်ပြောလို့ကြားဖူးတာ MQ ဆိုတာရောပေါ့။ ကိုသစ်ကိုအခုလိုပြန်တွေ့ရလို့ ဝမ်းသာပါတယ်။ ကိုသစ်ပြောသလို SQ ရှိတဲ့ ပရော်ဖက်ရှင်နယ် တွေမြင်ဘူးတယ်။အတူတူတွဲပြီးလည်းအလုပ်လုပ်ဖူးတယ်။ သူတို့တွေက ဥရောပသားတွေအများစုဖြစ်နေတယ်။
Others and self နဲ့ win win အခြေအနေတွေကို ကြိုက်တယ်။ win win က တော်တော်ခက်တယ်လုပ်ယူရတာ။
padonmar
August 25, 2014 at 9:20 pm
Facebook ကရတဲ့ Q Version နောက် တမျိုးပါ။တွဲဖတ်လိုသူများအတွက် စုဆောင်းပေးလိုက်ပါတယ်။
True Man
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ရေးသားသော
ဉာဏ်ရည်ထက်မြက်မှုငါးရပ် အကြောင်းသေချာဖတ်ကြည့်စေချင်ပါတယ်။ ကောင်းမွန်၊မှန်ကန်တယ်လို့ယူဆလို့ပြန်လည်မျှဝေလိုက်ပါတယ်။………
လူတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို သာမန်အားဖြင့် (IQ) နဲ့တိုင်းထွာလေ့ရှိပါတယ်။ အပြည့် အစုံကတော့ Intelligence Quotient (IQ) ဖြစ်တယ်။ လူတစ်ဦးရဲ့ ဉာဏ်ရည်ထက်မြက်မှုကို စနစ်တ ကျတိုင်းထွာပြီး ရလာတဲ့အဖြေ Quotient ကို ရည်ညွှန်းပြီးသတ်မှတ်ထားတာ ဖြစ်ပါတယ်။
လွယ်လွယ်ပြောရရင် ဉာဏ်ရည်ထက်မြက်သူကို တော်တဲ့သူလို့သတ်မှတ်ကြတယ်။ IQ မြင့်တဲ့သူဟာ တော်တယ်။ IQ နိမ့်တဲ့သူဟာ ညံ့တယ်လို့ပဲ ယူဆကြတယ်။ နိုင်ငံခြားမှာတော့ IQ ကို စနစ်တကျတိုင်း ထွာမှုတွေလုပ်ကြတယ်။
မြန်မာပြည်မှာတော့ ကျွန်တော်သိသလောက် စနစ်တကျလုပ်ထားတာမရှိ ဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ IQ ဟာ ပျမ်းမျှခြင်း ၈ဝ နဲ့ ၁၂ဝ အကြားရှိကြတယ်။ ၁၂ဝ ထက်များရင် သိပ်ထူးချွန်တယ်လို့ သတ်မှတ်ပြီး ၈ဝ ထက်နည်းရင်တော့ ဉာဏ်ရည်နိမ့်တယ်လို့ ပြောလေ့ရှိကြ တယ်။ IQ ဟာ ဗီဇအပေါ်အခြေခံတယ်။ တစ်နည်းပြောရရင် မိဘမျိုးရိုးအပေါ် မူတည်ပါတယ်။
IQ ဖွံ့ဖြိုးမှုဟာ မွေးတဲ့အချိန်ကအစပြုပြီး အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်မှာ မြင့်တက်လာပြီး နောက်ပိုင်းမှာ တိုးတက်မှုမရှိတော့တာ တွေ့ရပါတယ်။ တစ်နည်းပြောရင် IQ ဟာ မွေးရာပါအရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။
IQ ကိုတစ်ဖက်က Mental Intelligence ဉာဏ်ရည်ထက်မြက်မှုလို့ ဆိုကြတယ်။ သမားရိုးကျပညာ ရေးစနစ်ဟာ IQ ကိုသာ အာရုံစိုက်တာတွေ့ရတယ်။ ကျောင်းစာမှာတော်ဖို့ မိဘတွေရော၊ ဆရာ၊ ဆရာမတွေပါ တိုက်တွန်းတယ်။ စာတော်ခြင်းတစ်ခုတည်းကိုသာ အလေးထားကြတယ်။ ဒါကြောင့် လည်း အားကစားမလုပ်ဖို့၊ အနုပညာမလိုက်စားဖို့၊ ပေါင်းသင်းဆက်ဆံမှုမှာ အာရုံမစိုက်ဖို့တိုက်တွန်း ပြီးစာတော်ခြင်းဆိုတဲ့ တစ်လမ်းသွားဖွံ့ဖြိုးမှုကို အားပေးခဲ့ကြတယ်။
အခုခေတ်မှာတော့ ဉာဏ်ရည်ထက်မြက်မှု ငါးမျိုးရှိတယ်လို့ လက်ခံလာကြတယ်။ လူတစ်ယောက်ဟာ အောင်မြင်တဲ့သူဖြစ်ဖို့ ဒီဉာဏ်ရည်ထက်မြက်မှုငါးမျိုးကို ပြုစုဖို့လိုအပ်တယ်လို့ လက်ခံလာခဲ့တယ်။
ပထမဆုံးဉာဏ်ရည်ထက်မြက်မှုကတော့ Physical Intelligence (PQ) ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်ရင် (PI) ဖြစ်သင့်တယ်လို့ ထင်ကြမှာပါပဲ။ ဒါပေမယ့်စောစောက ကျွန်တော်တင်ပြခဲ့သလို Quotient ဆိုတဲ့ရလဒ်အဖြေကို ရည်ညွှန်းတာပါ။ PQ ကအမှန်တော့ ကျန်းမာရေးနဲ့ဆိုင်တယ်။ လူတစ် ယောက်ဟာ ကျန်းမာဖို့လိုအပ်တယ်။ မကျန်းမာရင် ကျန်တာဘာမျှလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါ ကြောင့်ကျွန်တော်က လူငယ်တွေအအနေနဲ့ PQ ကိုအာရုံစိုက်စေချင်တယ်။ မိဘတွေအတွက်လည်း စဉ်းစားသင့်ပါတယ်။ ကလေးတွေကို အားကစားလုပ်ဖို့ အားပေးရမယ်။ ကျောင်းတွေမှာလည်း အားက စားကိုထိထိရောက်ရောက် လုပ်ပေးနိုင်ဖို့ အရေးကြီးလှပါတယ်။
တစ်ချိန်တုန်းက အားကစားကို အားမပေးခဲ့ဘူး။ မလိုအပ်တဲ့ စိုးရိမ်မှုတွေကြောင့် အားကစားလုပ်တာ တွေကို အဟန့်အတားပြုခဲ့တယ်။ ဒါကြောင့်ကျွန်တော်ကတော့ လူငယ်တွေအတွက် အားကစားမြှင့် တင်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ရမယ်။ တစ်ခါကကျွန်တော်တင်ပြခဲ့သလို အားကစားလုပ်ခြင်းဟာ ကာယဖွံ့ဖြိုးမှုသာမက ပြိုင်ဘက်ကိုလေးစားမှု၊ အရှုံးအနိုင်ကို မှန်ကန်တဲ့ တုံ့ပြန်နိုင်မှု၊ နားလည်မှုစတဲ့ အကျိုးတရားတွေဟာ ရေတွက်လို့မရနိုင်ပါဘူး။ အားကစားလို့ပြောတဲ့နေ ရာမှာလည်း ငွေကုန်ကြေးကျများတဲ့ အားကစားမျိုးကိုသာမဟုတ်ဘဲ လူတိုင်းလက်လှမ်းမီတဲ့ အားက စားတွေ အများကြီးရှိပါတယ်။
ဒုတိယဉာဏ်ရည်ထက်မြက်မှုက စောစောကအသေးစိတ်တင်ပြပြီးဖြစ် တဲ့ Mental Intelligence (IQ) ဖြစ်ပါတယ်။
တတိယဉာဏ်ရည်ထက်မြက်မှုက Emotional Intelligence (EQ) ဖြစ်ပါတယ်။
EQ ကမိမိအကြောင်း၊ မိမိရဲ့ခံစားမှု၊ မိမိရဲ့စိတ်ကို သိသလိုမိမိနဲ့ ထိတွေ့ဆက်ဆံနေတဲ့သူတွေအကြောင်းကိုလည်း သိ အောင်ကြိုးစားနိုင်ခြင်း ဖြစ်ပါတယ်။ EQ မြင့်မားတဲ့သူဟာ ကိုယ်ချင်းစာစိတ်ရှိတဲ့သူ ဖြစ်ပါတယ်။ အကောင်းဆုံးသာဓကက ဆရာကြီး Gandhi ဖြစ်ပါတယ်။ သူကသူ့ရဲ့တပည့်တွေနဲ့အတူ ဘူတာရုံတစ် ခုက ထွက်တော့မယ့်ရထားကို အမီလိုက်ရင်း စီးလာတဲ့ဖိနပ်တစ်ဖက် ကျွတ်ကျခဲ့တယ်။ ဖိနပ်ကျွတ် တာကိုသိသိချင်း ဆရာကြီးက ကျန်တဲ့တစ်ဖက်ကိုယူပြီး ကျသွားတဲ့ဖိနပ်နဲ့ အနီးဆုံးရောက်အောင် ပစ်လိုက်တယ်။ သူ့ရဲ့လုပ်ရပ်ကို တပည့်တွေက ဘာကြောင့်ဒီလိုလုပ်လိုက်တာလဲလို့ပြောတော့ အခုဆိုရင် ကောက်ရတဲ့သူက ဖိနပ်တစ်ရန်အပြည့်ရပြီလို့ ပြန်ပြောခဲ့တယ်။ IQ မြင့်မားတဲ့သူတွေတိုင်း EQ မမြင့်ကြပါဘူး။ IQ မြင့်ပေမယ့် EQ နိမ့်တဲ့သူတွေ အများကြီးရှိတာတွေ့ရတယ်။။ မိမိရဲ့ခံစားမှုတွေ သာရှေ့တန်းတင်ပြီး တစ်ဖက်သားရဲ့အကြောင်း ထည့်မတွက်တတ်တဲ့သူတွေ အများကြီးရှိနေတာ ဝမ်းနည်းစရာတွေ့ရပါတယ်။
တစ်ခုတော့ရှိပါတယ်။ IQ ဟာမွေးရာပါဖြစ်ပေမယ့် EQ ကတော့ပြုစုလို့ရတဲ့ အရည်အချင်းတစ်ရပ် ဖြစ်တယ်။ ဘဝမှာအောင်မြင်ဖို့ IQ တစ်ခုတည်းအားကိုးလို့မဖြစ်ဘူး။ EQ ရှိမှပြည့်စုံမှာ။ တစ်ဖက်က တော့ EQ သာရှိပြီး IQ နိမ့်နေရင်လည်း အဆင်မပြေပြန်ဘူး။
စတုတ္ထဉာဏ်ရည်ထက်မြက်မှုက ယုံကြည်ကိုးကွယ်မှုနဲ့ ပတ်သက်ပါတယ်။ တစ်နည်းပြောရရင် Spiritual Intelligence (SQ) ဖြစ်တယ်။ အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ SQ အထူးလိုအပ်နေ တယ်လို့ ကျွန်တော်ထင်တယ်။ ယုံကြည်ကိုးကွယ်မှုဟာ မိမိတစ်ဦးချင်းနဲ့ဆိုင်တယ်။
မိမိရဲ့ယုံကြည်ကိုးကွယ်မှုကို မြတ်နိုးဖို့လိုအပ်သလို တစ်ဖက်သားရဲ့ ယုံကြည်ကိုးကွယ်မှုကို လေးစားဖို့ လိုတယ်။ ယုံကြည်ကိုးကွယ်မှုဆိုတာဟာ အင်မတန်မှ သိမ်မွေ့တဲ့၊ လေးနက်တဲ့အရာတစ်ခုဖြစ်တယ်။ ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။ ရှင်တော်ဗုဒ္ဓရဲ့ သွန်သင်ဆုံးမမှုတွေကို ယုံယုံကြည် ကြည်နဲ့ လိုက်နာကျင့်သုံးနေသလို အခြားဘာသာဝင်တစ်ဦးရဲ့ ယုံကြည်ကိုးကွယ်မှုကိုလည်း အသိအ မှတ်ပြုရမယ်။
မိမိဘာသာကောင်းတယ်။ တခြားဘာသာမကောင်းဘူးဆိုတဲ့ အတွေးအခေါ်တွေ မရှိသင့်ဘူး။ အစွန်း တရားတွေကို ရှောင်ရှားဖို့သိပ်လိုအပ်နေပါတယ်။ အခုလိုပြောတာကို လက်မခံတဲ့သူတွေရှိမှာ သေချာ ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မြင့်မြတ်တဲ့အတွေးအခေါ်၊ အယူအဆတွေ လူတွေမှာရှိကြ တယ်။ ရှိနိုင်တယ်လို့ ယူဆမိပါတယ်။
နောက်ဆုံး ဉာဏ်ရည်ထက်မြက်မှုက မျက်မှောက်ခေတ် (၂၁) ရာစုမှာပိုပြီး အရေးကြီးလာတာတွေ့ရ ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကမ႓ာကြီးနဲ့ ထိတွေ့ဆက်ဆံလာကြတယ်။ ပူးပေါင်းဆက်ဆံမှုဆိုတာကို လက်ခံလာကြတယ်။
နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုတွေကြောင့် နိုင်ငံခြားသား တွေပိုင်ဆိုင်တဲ့လုပ်ငန်းတွေ မြန်မာပြည်မှာ တည်ထောင်လာကြတယ်။ အခုလိုလုပ်ငန်းတွေလုပ်ဖို့ စီစဉ်တဲ့အခါ မြန်မာတိုင်းရင်းသားတွေကို ရှာဖွေကြတယ်။ အကူအညီတောင်းကြတယ်။ ဒီလိုပဲ မြန်မာပိုင်ကုမ္ပဏီတွေကလည်း နိုင်ငံခြားဝန်ထမ်းတွေကို ရွေးချယ်ခန့်ထားလာတာ တွေ့တယ်။ အခုလို ဆောင်ရွက်တာက နိုင်ငံခြားတိုင်းပြည်တွေရဲ့ အခြေအနေကို သိအောင်ရယ်၊ ပြည်တွင်းအခြေအနေ တွေ နားလည်သဘောပေါက်အောင် Cultural Intelligence (CQ) လို့ခေါ်တဲ့ ယဉ်ကျေးမှုနဲ့ ပတ်သက် တဲ့ဉာဏ်ရည်ထက်မြက်မှုကို ပြုစုဖို့ဆိုတာပဲ ဖြစ်ပါတယ်။
ယဉ်ကျေးမှုမတူသူတွေနဲ့ ဆက်ဆံတဲ့အခါ (CQ) ဟာအလွန်အရေးကြီးပါတယ်။ (CQ) မြင့်မားတဲ့သူ ဟာ မိမိရဲ့ယဉ်ကျေးမှုကိုမြတ်နိုးသလို တစ်ဖက်သားရဲ့ ယဉ်ကျေးမှုကိုလည်း လေးစားဖို့လိုတယ်။ လက်နဲ့ထမင်းစားတဲ့ ကျွန်တော်တို့ မြန်မာတွေအနေနဲ့ တူနဲ့စားတဲ့ တရုတ်လူမျိုး၊ ဇွန်း၊ ခရင်းသုံးတဲ့ အနောက်တိုင်းရင်းသားတွေရဲ့ အလေ့အထကို ဂရိုစိုက်ရမယ်။ (CQ) မြင့်မားတဲ့သူဟာ ယဉ်ကျေးမှုမ တူတဲ့ အခြေအနေမှာ လိုက်လျောညီထွေစွာ လှုပ်ရှားနိုင်သူဖြစ်တယ်။ ဝင်ဆံ့တယ်။ နားလည်တယ်။ အသိအမှတ်ပြုတယ်။
ဉာဏ်ရည်ထက်မြက်မှုတစ်ရပ်ကို အကျဉ်းချုံးတင်ပြရရင် PQ, IQ, EQ, SQ နဲ့ CQ တို့ဖြစ်တယ်။ ဒီဉာဏ်ရည်ထက်မြက်မှု ငါးခုဟာလူတစ်ယောက်အတွက် အလွန်အရေးပါလှပါတယ်။ PQ မြင့်မားမှု ဟာ အသက်ရှင်သန်ရေးနဲ့ပတ်သက်ပြီး IQ ဟာ သင်ယူ၊ ခံယူမှုနဲ့ဆိုင်ပါတယ်။ EQ ကတော့ မေတ္တာ တရားနဲ့ဆိုင်ပြီး SQ ကတော့ လူတစ်ဦးရဲ့လေးနက်တဲ့ အမွေအနှစ်နဲ့ ဆိုင်တယ်။ CQ ကတော့ မတူညီ မှုကို အားယူနိုင်တဲ့ အားပဲဖြစ်ပါတယ်။
ကျွန်တော်ကတော့ အခွင့်အရေးရတိုင်း လူငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေလိုတယ်။ အောင်မြင်တဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါကြောင့်လည်း အခွင့်အရေးရတိုင်း ဟောပြောပွဲတွေလုပ်ပေး ခဲ့၊ စာတွေရေးခဲ့တယ်။ အမှန်တော့ လူငယ်တွေသာမက လူလတ်၊ လူကြီးအားလုံး ဉာဏ်ရည်ထက် မြက်မှုငါးရပ်ကို ပြည့်စုံနိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။
ဩဂုတ် (၄) ရက်၊ ၂၀၁၄ ခုနှစ်
မြန်မာ့အလင်းသတင်းစာမှ
http://www.myanmarlatestnews.com/archives/72230
kyeemite
August 26, 2014 at 9:30 am
.အာတီဒုံ စုဆောင်းတင်ပေးတာကျေးဇူးတင်ပါတယ်…အဲ့အကြောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
.ဟောပြောတာနားထောင်ဖူးတယ်…Cultural Intelligence (CQ) ဆိုတာ သူဟောပြောမှကြားဖူးခဲ့တာပါ
.လူတော်တော်များများမှာ မရှိသေးတာနဲ့ မရှိမဖြစ် ရှိဖို့အရေးကြီးတာ..Cultural Intelligence (CQ) .လို့ထင်ပါတယ်
.ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်
kai
August 26, 2014 at 3:21 pm
ယူအက်စ်ရဲ့ ဒီမိုကရေစီစနစ်မှာတော့…. ဘာသာရေးအပါအဝင်…အတွေးအခေါ်တွေကို.. ထောက်ပြပြောဆိုငြင်းခုန်ကြသဗျ..
“agree to disagree” ရှိသဗျ…။
သူတပါးယုံကြည်တာကိုလည်း.. ပြောကြ…ဆွေးနွေးကြသဗျ..
မိမိဘာသာကောင်းတယ်။ တခြားဘာသာမကောင်းဘူးဆိုတဲ့ အတွေးအခေါ်တွေထား.. အဖြေရှာနိုင်ကြတယ်ဗျ…
အဲ..
မြန်မာအများစုကြီးလိုတော့…မဟုတ်..
လက်တော့ပါခဲကြကြောင်း..။ :k:
Yae Myae Tha Ninn
September 5, 2014 at 3:18 pm
ကျေးဇူးတင်ပါတယ်.. padonmar… လူတွေရဲ့ အသက်တွေ ကျားမတွေ မသိလို့ padonmar လို့ သုံးတာ ခွင့်လွှတ်ပါ… အမှန်ပြောရရင်… padonmar ပေးတဲ့ ကော်မန့်ကို အရင်ဖတ်ပြီးမှ အပေါ်က ဆရာကြီးများ ဆွေးနွေးပွဲထဲ ဝင်နိုင်မည်ထင်တယ်.. ကိုယ်ကပဲ နည်းနည်း ဝေးလို့လားမသိဘူး… 🙂
မန့်တာမှားရင် ဆောရီးပါ… 🙂
မြစာကလေး (23122011)
August 26, 2014 at 5:34 am
ပထမဆုံး ပြောဖို့ကတော့ ကျေးဇူးစကားဘဲ။
မှန်တာပြောရရင် Q တွေမှာ Q ၃ Q ကိုဘဲ သိခဲ့ပြီး SQ (Spiritual quotient) နဲ့ PQ ကိုတော့ အခုမှ သိရပါတယ်။
မှတ်ချက် တွေထဲမှာလဲ ထပ်ပြီး လေ့လာချင် စရာ စကားတွေ ပါတာမို့ အတော် ကို လေးစား အားကျဖို့ ကောင်းတဲ့ အသိပညာ စကားဝိုင်း လေးပါဘဲ။
ဒါကြောင့် အချိန်ပေး ဦးဆောင်ဆွေးနွေးပေးတဲ့ ကိုသစ် အပါအဝင် စီစဉ်ပေးသူ ကိုချော စာဂျပိုး အဖွဲ့ နဲ့ အားဖြည့်ပေးသူ ပေါ်တော်မူ ကိုယ်တော်ကြီး များ ကို ပါ တကယ်ဘဲ ကျေးဇူးတင်ပါတယ်။
ဒီလို စကားဝိုင်းလေး တွေ ရွာထဲ ရှိလိုက်တာ ရွာရဲ့ အလှကို ပိုပြီး တင့်တယ်သွားတာ ငြင်းမရပါ။
ဒီအတွက် နဲ့ဘဲ ရွာသူ ဖြစ်နေရတာ ဂုဏ်ယူလို့ မဆုံးတာ လဲ ပြောချင်ရဲ့။
ကျွန်မလဲ နဲနဲလောက် ဝင် ဆွေးနွေးချင်ပါတယ်။
နဲနဲ ဆိုပေမဲ့ ရွာထဲ ပြောချင် ဆွေးနွေးချင်တာတွေ မပြောဖြစ်တာ ကို ကြုံတုန်းပြော ချင်တာမို့
တစ်နေ့ နဲနဲ ချင်း လို့ ပြောတာပါ။ ;-)):P
ထွက်ပြေးဖို့ ပြင်ကုန် ပြီလား့။
ပြေးချင်ပြေး။ စပါပြီ။
Mindset နဲ့ပါတ်သက်ပြီး ရွာထဲမှာ အရင် ဆွေးနွေးခဲ့ကြဘူးလားမသိ။
ကျွန်မ လွတ်နေတဲ့ Post တွေ ရှိရှိနေလို့။
တကယ်လို့ များ ပြောပြီးသား ကို ထပ်ပြောနေမိရင်လဲ ခွေးလွှတ်ကြပါ။
ကျွန်မ ကတော့ အကြောင်း (၃) မျိုး ပေါ်မှာ ဆွေးနွေးချင်ပါတယ်။
(၁) ပညာရေး
(၂) ဘာသာရေး (တနည်း) သေရေး
(၃) ငြင်းခုံရေး
(၁) ပညာရေး
အခုနှစ်ပိုင်း တွေမှာ Carol Dweck ဆိုတဲ့ Stanford University က စိတ်ပညာပါမောက္ခ တစ်ယောက် ရဲ့ Research နဲ့ သူ့ရဲ့ အင်တာဗျူး ဆွေးနွေးပွဲ က အကြောင်း တွေ ကို ဒီက ကလေး ကျောင်း တွေ မှာ အတော် ရေပန်းစား ပြောလာကြပါတယ်။
အဲဒါက ကလေးတွေ အပြင် စာသင်တဲ့ ဆရာ တွေ နဲ့ ကလေး မိဘ တွေ ကို လဲ ပညာပေးခြင်းပါ။
Fixed mindset ကနေ Growth mindset ဖြစ်အောင် ပြောင်းကြဖို့။
ကလေး တွေရဲ့ ဉာဏ်ရည် ကြိုးစားအားထုတ်မှု တွေ နဲ့ ပါတ်သက်ပြီး
Fixed mindset ဆိုရင်
– စွမ်းရည် တွေ၊ ဉာဏ်ကောင်းခြင်းတွေ၊ တီထွင်ကြံဆ နိုင်ခြင်း တွေ က နဂိုမွေးရာပါ ပါပြီးသား၊ ပြောင်းမရ။
– အတန်းထဲမှာ အသားကုန် ကြိုးစားခြင်း က သူများတွေ ကို ကိုယ်ဘယ်လောက် တော်တယ် ဆိုတာ ပြဖို့။
– အမှားဖြစ်သွားရင် ညံ့ လို့။ ဒါကြောင့် တစ်ခုခုမှား မှာ အရမ်းကြောက် ကြပြီး မှားလိုက် ရင် အရမ်းခံစားကြတယ်။
– ဒါကြောင့် Challenge တွေ ကို ရှောင်တတ်ကြတယ်။
– သူတစ်ပါး က ဝေဖန်တာ ကို မခံနိုင်ကြဘဲ လစ်လျူရှူတတ်ကြတယ်။
– တစ်ခြားတစ်ယောက် အောင်မြင်မှု ကို မုဒိတာပွါးနိုင်ဖို့ ခက်ကြတယ်။
Growth mindset ကတော့
– စွမ်းရည် တွေ၊ ဉာဏ်ကောင်းခြင်းတွေ၊ တီထွင်ကြံဆ နိုင်ခြင်း တွေ ဟာ လေ့ကျင့်ပေးရင် ပေးသလို တိုးတက်ကောင်းမွန် ပြောင်းလဲတယ်။
– People are made, not born တဲ့။ ဒါကြောင့် ပါရမီ ကြောင့် ဆိုမဲ့အစား သင်ယူပါ၊ လေ့ကျင့်ပါ၊ ဇွဲရှိပါတဲ့။
– အတန်းထဲမှာ ကြိုးစားတာက အမှတ်ကောင်း၊ အဆင့်ကောင်းဖို့ ထက် ရလာမဲ့ အသိပညာ ကို သေသေချာချာ လိုချင်လွန်းလို့။
– မှားခဲ့ရင် လက်ခံပြီး သင်ခန်းစာ အဖြစ်ယူကြတယ်။
– ဒါကြောင့် Challenge တွေ ကို စိတ်ပါလက်ပါ ရင်ဆိုင် ကြတယ်။
– သူတစ်ပါး က ဝေဖန်တာ ကို ပြန်စမ်းစစ် တတ်ပြီး အဲဒီကနေ သင်ယူကြတယ်။
– တစ်ခြားတစ်ယောက် အောင်မြင်မှု ကို မုဒိတာပွါးပြီး အားကျစိတ်နဲ့ အတုယူ ကြိုးစားကြတယ်။
သူ့ Research ရဲ့ အကြံပြုချက်ထဲမှာ ဆရာ နဲ့ မိဘတွေအနေနဲ့ ကလေး တွေ ကို အောင်မြင်မှု တစ်ခု အတွက် ချီးမွမ်းရင်
“မင်းက သိပ်ပြီးsmart ဖြစ်တာဘဲ။ ပါရမီရှင်ဘဲ” လို့ မပြောပါနဲ့ တဲ့။
“မင်း ဒီအတွက် အတော်လေးကြိုးစားခဲ့တာဘဲ” လို့ပြောတာက သူ့ကြိုးစားမှု ကို ပိုပြီး အသိအမှတ် ပြု အားပေးရာရောက်ပါတယ်တဲ့။
“ပါရမီ ကြောင့် ဆိုမဲ့အစား သင်ယူပါ၊ လေ့ကျင့်ပါ၊ ဇွဲရှိပါတဲ့။” ဆိုတဲ့စကားက
အစ်မဒုံ မျှထားတဲ့ ဆရာဦးအောင်ထွန်းသက်ရဲ့ ” IQ ဟာ မွေးရာပါအရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။” ကို ကန့်လန့်တိုက်သလို မဟုတ်တာ ကိုလဲ ဆက်ရှင်းပြလိုပါတယ်။
အဲဒီ သုတေသန မှာ IQ ကတော့ “starting point” လို့ ပြောပါတယ်။
ကြိုးစားမှုခြင်းတူရင်တော့ မွေးရာပါ IQ မြင့်ပြီးသား ကလေး တစ်ယောက် နဲ့ သာမာန်ကလေး တစ်ယောက် ဘယ်သူက ပိုပြီး ရှေ့ရောက်မယ် ပြောစရာမလိုတော့ပါဘူးနော်။
နောက်တစ်ချက်ကလဲ မိဘ နဲ့ ပါတ်ဝန်းကျင် ရဲ့ ပံ့ပိုးမှု။
ဒါဟာလဲ “starting point” တစ်ခုဘဲ လို့ သတ်မှတ်နိုင်မလားဘဲ။
အဲဒီ သုတေသန မှာ ထပ်ပြောထားတာက မအောင်မြင်တိုင်း ညံ့တာမဟုတ်ပါဘူးတဲ့။
တစ်ခါတစ်ခါ အခွင့်အရေး ရရှိလိုက်မှု ပေါ်တည်ပြီး အောင်မြင်မှု တွေ ကွာနိုင်ပါတယ်တဲ့။
ကြိုးစားမှုချင်း၊ ဘေးက ပံ့ပိုးနိုင်တာချင်း တူဦး၊
မြန်မာပြည်မှာ လူဖြစ်ရတဲ့ ကလေး နဲ့ အမေရိက မှာ လူဖြစ်ရတဲ့ ကလေး အောင်မြင်ဖို့ အခွင့်အလမ်း ရတာ ကွဲတာပါဘဲ။
ဒါတွေကတော့ ကိုယ့်ရဲ့ ကံ ခေါ်မလား။ Random ရသွားတဲ့ Luck ခေါ်မလား။
ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ် မလျှော့တဲ့ ဇွဲ နဲ့ ကြိုးစားရမှာက ကိုယ့်တာဝန်ဘဲ ဆိုတာ ကို သူတို့ Research က ပြောတာပါ။
IQ ကောင်းပေမဲ့ အဲဒီပေါ်မှာဘဲ သာယာ အားကိုးပြီး ဝီရိယနဲ ကြိုးစားမှုနဲ အားထုတ်မှုနဲ နေရင် သူများက ကျော်တက် မှာဘဲ လို့ ပြောတာပါ။
ကျွန်မ အဲဒီ သုတေသန က ပြောတဲ့ အချက်တွေ ကို ကိုယ့်နိုင်ငံ က ကျောင်းသား၊ မိဘ၊ ဆရာ တွေ ရဲ့ လက်ရှိ ဖြစ်နေတာ နဲ့ ယှဉ် ကြည့်ပါတယ်။
မြန်မာပြည် က ကျောင်းသားလေးတွေ နဲ့ သူတို့ ရဲ့ မိဘ များရဲ့ Mindset က Fixed ဖြစ်နေတာ 100% တောင် ကျော်နေမလားဘဲ။
ဆရာ တွေကိုတော့ ပြောရမှာ အားနာပါတယ်။ ဒါပေမဲ့ လက်ခံရမဲ့ အဖြစ်ပါ။
ဆရာ အများစု က ကိုယ့်အတန်းထဲ က ကလေး တွေကို တကယ်ဘဲ ဆရာစိတ် နဲ့ ပညာ ကို မတတ်တတ်အောင် အတန်းထဲမှာ သင်ပေးရဲ့လား။
သူတို့ အခြေအနေ ကို တကယ်ဘဲ အမှန်အတိုင်း ဘက်လိုက်မှု မရှိ အကဲဖြတ်သလား။
ကျောင်းရဲ့ အတန်းထဲမှာ စာကို တတ်အောင် သင်မပေးဘဲ ကိုယ့်အပြင်ကျူရှင် ကို တက်မှ စာကို နားလည်အောင် သင်ပေးနေရင် …
ကိုယ့်ဆီမှာ ကျူရှင် ယူတဲ့ ကလေး ကို မှ အမှတ်ပြည့်ပေး နေရင် …
Growth Mindset ကို အားသန်ပြီး ကြည့်နေတဲ့ ကလေး တစ်ယောက် အတွက် နေရာအမှန် ရပါ့မလား။
ကျောင်းဆရာတစ်ယောက် က Growth Mindset ရှိတဲ့ ကလေး တစ်ယောက် ကို ပံ့ပိုး ဖို့ သူ့မှာရော Growth Mindset ရှိရဲ့လား။
လုံလောက်တဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု ရှိရဲ့လား။
ကလေး က သိလိုစိတ် နဲ့ မေးလာတာတွေ ကို တကဲ့ စေတနာ နဲ့ အချိန်ပေး ရှင်းပြနိုင်မှာလား။
သူလိုချင်တဲ့ Challangeကို ဖန်တီးပြီး လုပ်ပေးနိုင်တဲ့ စွမ်းရည် ရှိလား။
မဟုတ်ရင်တော့ Growth Mindset ပြောင်းလဲဖို့ ဖြစ်နေတဲ့ ကလေး နဲ့ မပြောင်းလဲနိုင်တဲ့ ဆရာ ကြား ပြသနာ မဖြစ်နိုင်ပေဘူးလား။
အဲဒီက ရတဲ့ ရလာဒ် ဟာ ကလေး အတွက် အန္တရာယ်မကြီး ပေဘူးလား။
ကျွန်မ ထင်တယ်။ ကလေး နဲ့ မိဘ ကို Growth Mindset အတွက် ပြင်ပေးခိုင်း ၊ ပြောင်းပေးခိုင်းဖို့ လွယ်နိုင်မယ်။
ဒါပေမဲ့ ကျူရှင် မပေးရလို့ ဝင်ငွေ မလောက် ကြွေးတင်သွားမဲ့ ဆရာ ကို Growth Mindset ပြောင်းခိုင်းဖို့ လွယ်ပါ့မလား။
ဒီတော့ လာတော့မယ်။ ဆိုင်ရာက ….
အာဏာနဲ့ “ဆရာတွေ ကျူရှင်မပေးရ”။
ဝမ်းမဝ တဲ့ သူတွေ ကို သီလစောင့်ခိုင်းဖို့ ဖြစ်နိုင်ပါ့မလား။
ဝမ်းမဝ တဲ့ သူတစ်ယောက်ဟာ သူ့ဟာသူ Growth ဖြစ်ဖို့ ထက် ဝမ်းစာ ဝဖို့ ကို ဘဲ ရှေ့ထားမနေဘူးလား။
လူ တွေကို ဝမ်းမဝ ဘဲ အတင်း သီလ စောင့်ခိုင်းလို့ ရ/မရ။
တရား/ မတရား။
နောက်ပြီး တစ်ခြား နေရာဌာန၊ လုပ်ငန်း တွေ မှာ သီလ ပျက် နေပြီး သုံးမကုန် ရှိနေချိန် ….
ပညာရေး က ဆရာ တွေ ကိုချည်း ဖိပြီး
တိုင်းပြည် မတိုးတက်တာ ပညာရေးမကောင်း လို့ ။
“ဒါကြောင့် မင်းတို့ ကျောင်းဆရာ တွေ စေတနာ ဝါသနာ အနစ်နာခံ ပြီး တိုင်းပြည် ကို တိုးတက်အောင် လုပ်ကြ” လို့ ပြောသင့်သလား။
ပြောလို့ ရော ရမလား။
ဒါလေး ကို စဉ်းစားနေတာပါ ကိုသစ် ရယ်။
ကျွန်မ ရဲ့ အူကက်ကက် အတွေး ကို ဝိုင်းပြီး ခေါင်မူး ပေးကြပါဦး။
ကျေးဇူးပါရှင့်။
ဒီနေ့ အိမ်စာ ပြီးပါပြီ။
မနက်ဖြန် အတွက် အကြောင်း (၂) ကိုတော့ အနည်းဆုံး တစ်ယောက် တော့ နားရွက်ထောင် နေမှာ သေချာပါတယ်။
ဟိ။
:-)))
kai
August 26, 2014 at 3:16 pm
ဒီလိုအရီးလတ်ရဲ့…
ဒီခေတ်ကြီးမှာလေ…
ဘာသာရေးက.. အရာရာပဲ… အခရာပဲ..။
အဲဒါမှားရင်.. သံသရာမှောက်ရော…ဗျ…။
(သံသရာဆိုတာ.. ထေရာတွေရဲ့ဝါဒကဖွင့်တဲ့ သံသရာတော့မဟုတ်ကြောင်း..) :k:
surmi
August 26, 2014 at 9:15 am
ပထမဆုံးပြောချင်တာလေးကတော့ .…
ဒီစကားဝိုင်းလေးကိုဖြစ်မြောက်ရေးအတွက်အချိန်ပေးပြီး အပင်ပန်းခံ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ကိုဘလက်ကြီးကို ကျေးဇူးတင်ပါတယ် ။
မအားလပ်တဲ့ကြားက အချိန်ပေးဆွေးနွေးခဲ့ကြတဲ့ ဆရာသစ်နဲ့တကွ ဆွေးနွေးပေးသူများ၊အဝေးရောက်စာပေးစာယူနဲ့ဆွေးနွေးပေးကြသူများကိုလည်း အထူးကျေးဇူးတင်ပါကြောင်းးး
တကယ်တော့ …
ဒီလိုဆုံဖို့ စုမိဖို့ဆိုတာမလွယ်ပါဘုူ း ။
ကိုဘလက်တယောက်ဘယ်လောက်အပင်ပန်းခံ ကြိုးစားပေးခဲ့ရလည်းဆိုတာ ဘေးကမြင်နေရသူမို့ကိုယ်ချင်းစာမိသလို ကျနော်သာလုပ်ရင် ဘယ်တောမှမဖြစ်မြောက်နိုင်ဘူးဆိုတာလည်းသဘောပေါက်မိပါရဲ့။
တစ်လကျော် အချိန်ယူစုစည်းပေးခဲ့တဲ့ဒီပို့စ်လေးဟာ ဂဇက်ရွာမှာလင်းလက်ခဲ့ပါပြီ ။
ကျနော်ကတော့ ဘာဘာ ဘာမှဆွေးနွေးနိုင်သူမဟုတ်လို့ ဆရာသမားများပြောသမျှက်ို လေးလေးစားစားနားထောင်ခွင့်သာရရှိခဲ့ပါတယ် ။
ထပ်မံပြီး အဝေးရောက်ဆွေးနွေးသူများရဲ့ အတွေးအမြင် အယူအဆ ဗဟုသုတများကိုပါ တစ်စုတဝေးတည်းဖတ်ခွင့်ရလိုက်တဲ့အတွက်လည်း တကယ့်ကိုပြောမပြတတ်အောင် သဘောကျနှစ်ချိုက်မိပါကြောင်းးး
နောက်နောင်လည်း အခွင့်သင့်ပါက ယခုကဲ့သို့ ဆွေးနွေးပွဲလေးများဖတ်ချင်ပါကြောင်းးးး
အခုလောလောဆယ်ဆယ်တော့ ကျနော့်မှာ တစ်လုံးမှမရှိသော Q များကို လိုက်လံရှာဖွေပါဦးမည်ဖြစ်ပါကြောင်းးးး
လေးစားလျှက်
ပုံနား ဆာမိ
ဇီဇီ ခင်ဇော် (15102012)
August 26, 2014 at 9:35 am
Q via Phone is PQ
Q via Chat is CQ
Q via letter is LQ
Q via message is MQ
kai
August 26, 2014 at 1:43 pm
ဘာသာရေးအရ.. ညွှန်းတာတွေ..နည်းနည်း.. အဲ.. လုံးဝမထည့်ရင်.. ကောင်းမယ်လို့ထင်တာပဲ..
လူတန်းစားပေါင်းစုံ..လူမျိုးပေါင်းစုံဆီရောက်တာပေါ့….
အဲဒါလေး..နှမ်းဖြူးရင်း…
ထိပ်တက်ကပ်ထားလိုက်ပါကြောင်းရယ်လို့.. :k:
padonmar
August 26, 2014 at 9:33 pm
.ဒီမယ်သဂျီးရဲ့
.ဘာသာရေးအရ ညွှန်းတာတွေလို့ နာမည်စိမ်းကြီး .အတင်းတပ်မပေးပါနဲ့။
.ကျမတို့က ထေရဝါဒ လော်ဘီလုပ်နေတာ မဟုတ်ပါဘူး။
.ကြုံကြိုက်တဲ့နေရာမှာ ကိုးကားသင့်တာကို ကိုးကားပြတာပါ။
.ကျမနဲ့ ကိုသစ်စကားဝိုင်းထဲမှာ ပါတဲ့ စကားတခွန်းကို .အဲသလို လော်ဘီထင်မှာ စိုးလို့ကို ချန်ထားခဲ့သေးတယ်။
.အဲဒီစကားကတော့ ကိုသစ်က `အမရေ၊ကျနော်တော့ .စာတွေဖတ်ရင် ဗုဒ္ဓကို တကယ့် .ဖီလော်ဆိုဖာကြီးလို့ မြင်မြင်လာတယ်။ဘာလို့လဲဆိုတော့ .ဘယ်အကြောင်းအရာမဆို သူ့(ဗုဒ္ဓ)အတွေးအခေါ်တွေဟာ .တကယ့်ကို ရေပက်မဝင် ပြီးပြည့်စုံနေတာတွေ့တွေ့လာရလို့ပဲ .´ဆိုပြီး ပြောသွားတာပါ။
.ကျမလည်း အဲဒီစကားကို ထောက်ခံတယ်။ .Management တွေ ရေးတဲ့ ဆရာ ဝင်းသိန်းဦးလည်း .အဲဒီလိုပဲ ရေးခဲ့ဖူးတယ်။MBA တယောက်လည်း ကျမကို .အဲသလိုပဲပြောခဲ့တယ်။
.ကျမကတော့ မြတ်စွာဘုရား ဆိုတဲ့ အသုံးအနှုန်းကို .သူများတွေသုံးနေတဲ့ .ဘုရားသခင်တို့၊တန်ခိုးရှင်တို့ ဗြဟ္မဏဗုဒ္ဓဘာသာဝင်တွေ
.(ခရက်ဒစ်-နေဝန်းနီ)သုံးတဲ့ .ဘုရားမတယ်၊ဘုရားရိုက်တယ် တွေ နဲ့ ရောရောထွေးထွေး .မဖြစ်အောင် ဗုဒ္ဓ= သိသူ ဆိုတဲ့ အနက်နဲ့ ဗုဒ္ဓ လို့ပဲ .သုံးချင်တယ်။
.ကျမတို့ လေးစားတာ ကြည်ညိုတာ .ဗုဒ္ဓရဲ့ ဉာဏ်တော်အမြဲ ရှေ့ကသွားတဲ့အပြောအပြုအကြံ၊ .ဗုဒ္ဓရဲ့ အဆုံးစွန် အနစ်နာခံမှု ၊ဗုဒ္ဓရဲ့ အနှိုင်းမဲ့ မေတ္တာ ………
.စတာတွေကို သိရှိခံစားနားလည်လို့၊
.ဗုဒ္ဓရဲ့ လမ်းညွှန်ချက်ကို ကိုယ်တိုင်ကျင့်ကြံကြည့်တာ .အမှန်တွေပဲလို့ သိသိလာလို့၊
. လေးစားတာ ကြည်ညိုတာပါ။
.ဒါကြောင့် ကိုယ်လေ့လာမိ၊ထဲထဲဝင်ဝင်သိမိတဲ့ ဗုဒ္ဓရဲ့ .လမ်းညွှန်မှုကို နားလည်သလောက် ဥပမာပေးမိကြတာ။
.အကယ်၍ ခရစ်တော်ယေရှုရဲ့ အဆိုအမိန့်ကို ကိုးကားဖို့ .လိုရင်လည်း ကိုးကားမှာပဲ၊
.ရာမာ ခရစ်ရှနားကို ကိုးကားဖို့ လိုရင်လည်း ကိုးကားမှာပဲ၊
.တမန်တော် မိုဟာမက်ကို ကိုးကားဖို့လိုလည်း ကိုးကားမှာပဲ။
.ဒါပေမယ့် ကျမတို့ မပိုးနိုင်တဲ့ အကိုးအကားထက် ပိုင်နိုင်တဲ့ .အကိုးအကားက ခေါင်းထဲ .အရင်ရောက်၊မမှားတာလည်း သေချာတာဖြစ်လို့ .ဗုဒ္ဓအတွေးအခေါ်တွေကို ကိုးကားတာ။
.ဒါကို သဂျီးက ဘာသာရေးတွေ ဆွဲ .မထည့်ပါနဲ့လို့ ဘောင်ကန့်ရင်တော့
.တိတ္ထိတွေကို ဆွမ်းကပ်ချိန် နမော.တဿ. မရွတ်ရလို့ .အတားခံရတဲ့ ဓနဉ္စာနီ ပုဏ္ဏေးမကြီးက သူ့ယောကျင်္ား .ဘာရဒွါဇကို ပြောသလိုပဲ မရွတ်စေချင်ရင် အခုကတည်းက .လည်ပင်းသာ ဒါးနဲ့ လှီးတော့ လို့ ပြောရမှာပဲ။ဒါပဲ။
မြစာကလေး (23122011)
August 26, 2014 at 9:57 pm
အစ်မဒုံ
ဒီ သူကြီးမင်း က ဒီ စာ တွေ ကို လူမျိုး ဘာသာ မရွေး စားသုံးနိုင်ဖို့ ရည်ရွယ် တယ် ထင်ပါရဲ့။
ဒီတော့ ကျွန်မတို့ ကလဲ ဗုဒ္ဓတရား တွေ ကို အားလုံး စားလို့ ရအောင် ညွန်းဖို့ ကြိုးစားကြတာပေါ့။
နော။
သူများမစားခင် သူ အရင် မြည်းပြီး ကွန်ပလိမ့် မလာရင် အောင်ပြီပေါ့။
ဒီ တော့ သူကြီးမင်း ရဲ့ ဘာသာရေး Mindset ကို ပြောင်းပေးကြစို့။
:-))))
alinsett
August 26, 2014 at 3:21 pm
ဒီပို့စ်ဖတ်ရဖို့ comment ပေးရဖို့ ဖုန်းအင်တာနက်နဲ့ အဝိုင်းလေးလည်တာကို မိနစ် ၂ဝ လောက်စောင့်လိုက်ရတယ်
ဘာပဲဖြစ်ဖြစ်ကျေနပ်ပါတယ်။
:kwi:
ko six
August 26, 2014 at 5:11 pm
အရင်ဦးဆုံးကျေးဇူးပါလို့
AQ ဆိိုတာ အနုပညာထူးချွန်သူလား
BQ စွန့်ဦးတီထွင်တတ်သူလား
CQ ဆိုတာ ရုပ်တရားကို ပိုင်နိုင်သူလား
DQ အုပ်ချုပ်မှုကျွမ်းကျင်သူလား
EQ and so on…….
မြစာကလေး (23122011)
August 26, 2014 at 9:49 pm
သူကလေး တစ်ယောက် နားရွက်ထောင် သွားပြီဟေ့။
အခု ဆက်ဆွေးနွေးမဲ့ အကြောင်း(၂) ကတော့ ဘာသာရေး (တနည်း) သေရေး ပါ။
သူကြီးမင်း ရဲ့ ညွန်း လိုက်တဲ့ အညွန်းမဟုတ်တာမို့ ညွန်းခွင့်ရမယ် ထင်လို့ ညွန်းလိုက်ပါတယ်။
သူ ညွန်းတာ ကို ညွန်းတာလို့ ထင်ရင်လဲ ဒီလို ညွန်းတာဟာ အဲလိုပုံစံ နဲ့ ညွန်းတာ မဟုတ်ပါကြောင်း အရင် ညွန်းပြောလိုက်ပါရစေ။
ဒီ အကြောင်းလေးက ခေါင်းထဲရောက်နေတာ ကြာပေါ့။
ရွာထဲ မှာ ရေးပြီး ဆွေးနွေးမယ် ဆိုပြီး တစ်ခြားဟာတွေ က ရှေ့ရောက်ရင်း မစဖြစ်ခဲ့တဲ့ အကြောင်းပါ။
အခု ကိုသစ် ပြောခဲ့တဲ့ ” ရှေးစွန်းစွဲ အယူတွေ ကို SQ သမားက ဆန့်ကျင်ရဲတဲ့ သတ္တ္တိရှိတယ်” ဆိုတဲ့ စကားစု လေးကို ဖတ်လိုက်တဲ့ အချိန်မှာ အဲဒီ အကြောင်းက ခေါင်းထဲ တန်းရောက်လာလို့ ဝင် ဆွေးနွေး ဖို့ တွန်းအားရသွားတာ။
အကြောင်း ရဲ့ သမိုင်းအစ က ၂၀၁၄ ဇွန်လ ၃ဝရက် ထုတ် Financial Times သတင်းစာ ထဲက ဆောင်းပါးလေးတစ်ပုဒ် က စပါတယ်။
တကယ်တော့ အဲဒီ သတင်းစာက ဖတ်လေ့မရှိပါဘူး။ အိမ်လာလည်တဲ့ သူငယ်ချင်း ထားခဲ့လို့ ရီဆိုင်ကယ်လ် ပုံး ထဲ အထည့် ဖြတ်ကနဲ တွေ့လိုက်တဲ့ ခေါင်းစဉ်ကြောင့် အဲဒီ စာရွက် ကို ယူဖတ်ခဲ့ မိလိုက်တာ။
ခေါင်းစဉ်က “Death is part of the natural order of things”။
ဆောင်းပါးရေးသူက အိန္ဒိယ က ဆရာဝန် Dr Suresh Kumar။
Institute of Palliative Medicine ကို တည်ထောင်တဲ့ သူထဲ က တစ်ယောက်ပါ။
အဲဒီဆောင်းပါး ကို ချုပ်ပြောရရင်
အားလုံးသိတဲ့ အတိုင်းပါဘဲ။
နေရာတော်တော်များများမှာ လူတစ်ယောက် သေဖို့ ရောဂါ ဖြစ်လာပြီး သေတော့မဲ့ ဆဲဆဲမှာတောင် “ခင်ဗျား တော့ သေတော့မယ်” လို့ ဆရာဝန်အများ မပြောရဲကြ/ မပြောရက် ကြဘူး။
ပြောရင်လဲ မကြိုက်ကြ၊ လက်မခံချင်ကြ။
လူနာရှင် တွေ ကလဲ ကိုယ့်ချစ်တဲ့သူ အသက်ဆက်ရှင်ရေး အတွက် “ဘယ်လောက်ကုန်ကုန် အတတ်နိုင်ဆုံး ကုသာပေးပါ။” ပြောပြီး စီးပွါးရေး အကွက်ချထား တဲ့ ဆေးခန်းကြီး တွေ က “အင်မတန် ကုန်ကျစရိတ် များတဲ့ နည်းတွေ ကို အကြံပြု ကြပါတယ်”။
ဒါဟာ တကယ်တော့ ရောဂါကျွမ်းပြီး သေတော့မဲ့ လူနာ အတွက် အကျိုးမရှိသလို ကျန်ခဲ့မဲ့သူ တွေ အတွက်လဲ ကြွေးမြီ တွေ နဲ့ ဒုက္ခဖြစ်ကြပါတယ်။
ချမ်းသာလွန်းတဲ့ သူ တွေ ကတော့ တစ်မျိုးပေါ့။
ဒါပေမဲ့ အိန္ဒိယ နဲ့ တစ်ခြား ဖွံ့ဖြိုးဆဲ နိုင်ငံ တွေ မှာက လက်လုပ်လက်စား လူတန်းစား များတာပါ။
နောက်ပြီး တကယ်သေတော့ မဲ့ လူနာ ရဲ့ ဝေဒနာ ကို ပျောက်စေဖို့ ဆေးတွေကလဲ အကန့်အသတ်ရှိတာမို့ ဆေးတွေပေးတိုင်းလဲ နာကျင်မှု ဝေဒနာတွေ မပျောက်ပါဘူး။
အဲဒီ အချက်တွေ နဲ့ ၁၉၉၃ မှာ သူ့ရဲ့ Institute ကနေ Palliative Care (or) End of life care ဆိုတာကို စခဲ့တယ်။
သူက …
လူတိုင်း အသက်ရှည်ရှည်နေလို ကြတာပါ။
ဒါပေမဲ့ ထာဝရ တော့နေလို့မရဘူး။
သေဖို့ ဖြစ်လာချိန် နည်းပညာ အနေနဲ့ ရော၊ တာဝန်ရှိသူတွေ အနေနဲ့ပါ ဘောင် Limit တွေ ရှိပါတယ်။
ဒီတော့ တကယ်ဘဲ သေတော့မဲ့ လူနာ ကို ” ကောင်းသွားမှာပါ။ အစွမ်းကုန် ကု ပေးမှာပါ” လို့ ညာ ပြော နေမဲ့ အစား …
“ခင်ဗျား ရောဂါ က သေဖို့ ဖြစ်လာပြီ” လို့ အမှန်အတိုင်း လက်ခံဖို့ ပြောပြီး အိမ် ကို ပြန်ခိုင်းပါတယ်။
ဘာလို့လဲ ဆိုတော့ ဆေးရုံ ဆိုတာ စရိတ်ကြီးတယ်၊ စိတ်ဖိစီးမှုပေးမယ်၊ နေရတာကလဲ နှစ်သက်ဖို့မကောင်း တဲ့ နေရာမို့ အိမ်မှာ သေဖို့ အကြံပြုတာပါ။
ဒါပေမဲ့ အိမ်ပြန်ခိုင်းပြီး လူနာ တွေ ကို ပစ် မထားပါဘူး။
Institute ကနေပြီး အသေအချာ သင်တန်းပေးထားတဲ့ ဗော်လန်တီယာ တွေ က လူနာကို သေချိန်အထိ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အားပေးမှု တွေနဲ့ဆက်ပြီး စောင့်ရှောက် သွားတာ ပါ။
ဆေးရုံ အနေနဲ့ လက်မလျှော့ဘဲ သူ့လူနာကို ဝေဒနာသက်သာအောင် အကောင်းဆုံး နည်း နဲ့ သေခြင်း ကို ရင်ဆိုင် စေတာပါတဲ့။
သူ့ရဲ့ တွေ့ရှိချက် အရ ကတော့ လူနာတွေဟာ ဒီနည်းလမ်း မှာ ပိုပြီး ဝေဒနာ နဲနဲ နဲ့ သေခြင်း ကို ရင်ဆိုင်သွားနိုင်ကြတယ် လို့ ဆိုပါတယ်။
၁၉၉၆ မှာ သူ့ရဲ့ Institute ကို World Health Organisation ကနေ အသိအမှတ်ပြုခဲ့ ပါတယ်။
ဆောင်းပါးက အတိုလေးမို့ ဆားဗစ်စ် မှာ ဘာတွေ လုပ်တယ်၊ စိတ်ပိုင်းဆိုင်ရာအတွက် လူနာ တွေ ကို ဘယ်လို စကားပြောတယ် တော့ မပါတာမို့ အဲဒီ သတင်း တော့ပေး မရဘူး။
ဒါပေမဲ့ သူ ပြောထားတဲ့ Emotional Support ဆိုတာ ကိုကြည့်ရင်တော့ သေမဲ့ သူ စိတ်မဖြောင့် တာတွေကို စိတ်ဖြောင့်အောင် တာဝန်ယူ လုပ်ပေးတာတို့၊ သူ့ရဲ့ ကောင်းကြောင်းလေးတွေ ပြောပေးတာတို့ ၊ အကောင်းမြင်အတွေးလေး တွေးနိုင်ဖို့ ပံ့ပိုးပေးတာတို့ အပြင် သူယုံကြည်ရာ ဘာသာရေး ဆိုင်ရာ ဘုန်းကြီး တွေ၊ တရားဟော ဆရာ တွေ ပါ ခေါ်ပြီး တရားတွေ နားထောင်ဖို့၊ ဓမ္မတေး တွေ နားထောင် ဖို့ စသဖြင့် စိတ်ဖြေစရာ ရှာလုပ်ပေးတာ တွေပါပါတယ်။
ဒီမှာတင် အတွေးတစ်ခု ဝင်လာပါတယ်။
သေမဲ့ သူ တွေ အကြောက်ကင်းအောင် ဘာသာရေး က ဘယ်လို လုပ်ပေးနိုင်လဲ ဆိုတာ။
ကျွန်မ နာဘူးတဲ့ ဗုဒ္ဓ တရား မှာ
ဒါန ဆိုတာက လောဘ ကို သတ်ဖို့ ကိုယ့်ပစ္စည်းကို စွန့်လိုက်တဲ့ သဘော၊
သီလ ကတော့ ဒေါသ ကို ချုပ်နိုင်ဖို့ စိတ်ကို ထိန်းမတ်ပေးတဲ့ သဘော၊
ဘာဝနာ ကတော့ မောဟ ကင်းနိုင်သမျှ ကင်း အောင် ကျင့်ကြံ ပေးတဲ့ သဘော။
မေတ္ထာတရားကတော့ ကိုယ်ချင်းစာစိတ် ရှိဖို့ သဘော။
ငရဲ၊ နတ်ပြည် စသဖြင့် ကောင်းခြင်း/ မကောင်းခြင်း မပြောဘဲ အာရုံ ငါးပါး အလိုရ ဖြစ်နေတဲ့ လောဘ၊ မောဟ၊ ဒေါသ တွေ ကို ဖယ်နိုင်ဖို့ လက်တွေ့ကိုသာ ဟောတာပါ။
ခန္တာ ရဲ့ ဖောက်ပြန်မှု ကို မြင်အောင် ကြည့်ရတဲ့ လက်တွေ့နည်း ကို ပြတာပါ။
ဒီလို လက် တွေ့ လောက နဲ့ ယှဉ်ပြောပြီး တရားကို မြင်စေပါတယ်။
လောကုတ္တရာ ကနေ လောကီ အကျိုး ရအောင် မြူဆွယ် တဲ့ အကြောင်း မတွေ့ရပါဘူး။
ရှေ့ဘဝ တွေ၊နောက်ဘဝ တွေ ထက် လက်ရှိကာလ မှာ ကျင့်ကြံ နေတာ ကို ပိုပြီး အလေးထားကြသလားလို့။
ဒီ အကျင့်အကြံ က နေ ဆင့်ပွါးလာမဲ့ လက်တွေ့ အသိတရား တွေ က သေခါနီး ဝေဒနာ ကို ဆေးမကူ လဲ ခံနိုင်ရည် ရှိစေမလားဘဲ။
မြန်မာပြည် ထဲမှာ အားလုံးလို့ သိမ်းကြုံးမပြောပါဘူး၊
တရားစစ်စစ် တွေ ဘဲ အပိုအလိုမရှိ ဟောတာလဲ ရှိပါတယ်။
အများစု မှာတော့ နတ်ပြည်ရောက်ဖို့ ဒါနပြု ၊ ဗြဟ္မပြည်ရောက်ဖို့ သီလထိန်း ဆိုတာ ကို တွင်တွင်သုံးပြီး နေတာ မြင်ရတယ် လို့ ထင်မိတယ်။
ဘာလုပ်လုပ် နောက်ဘဝ အတွက် စရန်သတ် လုပ်ကြတယ်။
သူများကို မေတ္တာ ထားဖို့ ထက် ကိုယ့်ဘို့ ကို အရင် ကြည့် တတ်ကြတယ်။
ကုသိုလ်လုပ်တာတောင် ကိုယ့်အကျိုး ပါရသေးတယ်။
ဘာဝနာ လုပ်ရင်တောင် အနဲ ဆုံး နတ်ပြည် ဆိုတဲ့ လောဘ နဲ့ လုပ်လေသလား။ ကြားဖူးတာ တရားမှတ်ရင်း သေရင် နတ်သမီး ရင်ခွင်ထဲ မှာ နတ်သား ဖြစ်သတဲ့။
လက်တွေ့ကျကျ ဟောပြဖို့ အဲဒါမျိုး တွေ လို/မလို မသိတော့။
တရားကျင့် ရတာ မောဟငြိမ်းချင်လို့ လား၊နတ်သားဖြစ်ချင်လို့ လား။
နတ်ပြည်ရှိသလို ငရဲ လဲရှိပြီး အကြောက်တရား နဲ့ ခြောက်တာ လဲ ရှိတယ်။
ဟောပြောတဲ့ ပုံတွေ ဇာတ်လမ်း တွေ မှာ မကောင်းတာလုပ်လို့ ခံရတဲ့ ငရဲတွေ၊ စိတ်စွဲ နေလို့ ဘဝ ကူးမကောင်းဘဲ မကျွတ်မလွတ် တာတွေ၊ အယူမှားလို့ နိမ့်ကျတဲ့ ဘဝ ရောက်တာတွေ အများကြီးပေါ့။
ဒီတော့ အကျိုးကောင်း ဖို့ အရင်းတည် ရတဲ့ အကြောင်းက ကိုယ့်ကိုယ်ပေါ်မှာသာ မှီနေတာမို့ ကိုယ်ကလဲ မကောင်းတာတွေ စိတ်အညစ်အကြေး တွေ လုပ်ခဲ့၊ လုပ်နေ၊ လုပ်ဦးမှာ ပါ။
သေဘေး နဲ့ ရင်ဆိုင် ရပြီ ဆိုတာ နဲ့ ကိုယ့်မှာ အညစ်အကြေး တွေ စွန်းနေတာ ကိုယ်ဘဲ သိတော့တာ။
ဒီစိတ်ကဘဲ သေဖို့ ကို ရင်မဆိုင်ရဲ အောင် တုန်လှုပ်ကြမလားပါဘဲ။
ဒီလို အသိ တွေ နဲ့ သေခါနီးမှ အမှန်လမ်း ကို ဘယ်လိုရှာပါ့မလဲ။
ဘယ်လို နည်းက ကိုယ့်ရဲ့ သေခါနီး အကြောက်တရား ကို နဲ စေမှာလဲ။
ဘယ်နည်း က ကိုယ့်ရဲ့ စိတ် ကို ပိုပြီးလုံ စေမှာလဲ။
ကိုသစ် ပြောခဲ့တဲ့ SQ ရဲ့ Self-awareness အသိတရားရှိတာကြောင့် မကောင်းတာတွေ ကို ရှောင်တာ။ ငရဲ ကြောက်လို့ မဟုတ်ဘူး ဆိုတာ မျိုး က လက်တွေ့ နဲ့ ပိုပြီး နီးစေ ပါတယ်။
ဒါဆို သေခါနီး လဲ စိတ် ဒွဟ ဘာမှ ဖြစ်စရာ မလိုတော့။ ကိုယ်နိုင်သ၍ အားလုံး ကို ကိုယ့် ကိုယ်ပိုင် အသိစိတ် နဲ့ အကောင်းဆုံး လုပ်ပြီးပြီ။
ကျန်တဲ့ ဟာ ကတော့ နံရံရဲ့ တစ်ခြားတစ်ဖက်မှာ (cd – ဂျူးး ) ဘာဘဲ ဖြစ်ဖြစ်။
ဘာမှ ကြောက်စရာမလိုတော့။
အဲဒီ လို သေခြင်း ကို တကယ်ဘဲ မကြောက်မရွံ့ ရင်ဆိုင်ရဲ အောင် ဘာသာရေး ရဲ့ သိပ်ပြီး လက်တွေ့မကျ တဲ့ တစ်ချို့ Mindset တွေကို ပြောင်းမှ ဖြစ်မလားပါဘဲ။
ဘယ်လို ပြောင်းနိုင်မလဲ ဆိုတာကတော့ လက်တွေ့နဲ့ အနီးဆုံး ဟောပြတဲ့ နည်းလမ်း ကို လိုက်ရင် ရနိုင်မယ် ထင်ပါရဲ့။ အထင်။ လွဲ နေရင် ပြင်ပေးပါ့။ ;-))
ဒါကတော့ ခေါင်းစဉ် နဲ့ သိပ်ပြီး မဆိုင်ဘဲ စိတ်ထဲ ရှိနေတာ ချပြ လိုက်တာမို့ အပိုဖြစ်နေရင် စောဒီး ပါ ကိုသစ် ရှင့်။
အကြောင်း(၃) ငြင်းခုန်ခြင်း ကိုတော့ ဖြေးဖြေးစောင့်ပြီး ဆွေးနွေးပါ့မယ်။
ငြင်းစရာရှိရင် အရင် ငြင်းကြပါဦး။။
:-)))
weiwei
August 27, 2014 at 9:46 am
ပထမဆုံးပြောချင်တာက အားလုံး အစ အဆုံး သေချာဖတ်သွားပါတယ် .. ဖတ်လို့ကောင်းသလို တွေးလို့လဲကောင်းပါတယ်.. ဗဟုသုတလဲရတယ် ..
အခုတလော သမတကြီးရဲ့ third wave လို့ခေါ်တဲ့ တတိယအရှိန်မြှင့်တင်မှုအပိုင်းမှာ mindset change ဖို့ အဓိကဆိုပြီး ဟောပြောပွဲတွေ သင်တန်းတွေ မဖြစ်မနေလုပ်နေကြတာ တွေ့ရတယ်။ ဟောပြောပွဲတစ်ခုကိုလဲ တက်ရောက်နားထောင်ခဲ့ရတယ်။ တာဝန်သိမှု၊ တာဝန်ယူမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ အဓိကလိုအပ်ကြောင်းလဲ ပြောခဲ့ပါတယ်။ ကျွန်မအမြင်နဲ့ စိတ်ထဲခံစားမိသလောက်ပြောရရင် ပြောနေတဲ့သူကို မယုံကြည်တာနဲ့တင် သူဘာပြောပြော နားထဲကိုမရောက်ခဲ့ဘူး။ ဘယ်လိုပဲပြောပြော နားထောင်နေတဲ့သူတွေကလဲ လုပ်ချင်တာလုပ်မှာပဲဆိုတာကို သိနေခဲ့တာကြောင့်လဲ အချိန်ကုန်တာပဲ အဖတ်တင်တယ်လို့လဲ ထင်မြင်ခဲ့ပါတယ်။
mindset ဆိုတာက စနစ်တကျ setting လုပ်ထားပြီးမှ ဖြစ်လာတဲ့စိတ်ပါ။ လူတစ်ယောက်ရဲ့ပင်ကိုယ်ဗီဇစိတ်မဟုတ်ပါဘူး။ အခြေအနေအကြောင်းကြောင်းတွေကြောင့် မကောင်းတဲ့ mindset ဖြစ်နေပြီးသား စိတ်ဓါတ်တွေကို ပြောင်းလိုက်ပါလို့ ဒီအတိုင်းပြောနေရုံနဲ့ ဘယ်လိုမှပြောင်းလို့ရမှာမဟုတ်ပါဘူး။ ဒီလို setting မျိုးဖြစ်အောင် အချိန်ယူပြီး ဖန်တီးခဲ့သလို တခြား setting တစ်ခုပြောင်းအောင်လဲ အချိန်ယူပြီး တာဝန်ရှိသူတွေက ပြန်လုပ်ပေးမှသာ ပြောင်းလို့ရမယ်လို့ ထင်မိတယ်။ ဥပမာတစ်ခုအနေနဲ့ ကျွန်မက အခုလိုရင် အလုပ်ခွင်ကိုစိတ်ပျက်လွန်းလို့ မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတဲ့ မူဝါဒနဲ့ အတတ်နိုင်အောင်ရှောင်နေပါတယ်။ အဲဒီလိုဖြစ်နေတဲ့စိတ်ကို ပြင်ဖို့၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ ပူးပေါင်းဆောင်ရွက်မှုရှိမှ တိုးတက်အောင်မြင်မယ်လို့ပြောပြီး လုပ်ခိုင်းနေတယ်။ အဲဒီလိုပြောလိုက်ရုံနဲ့ ဟာ… ဟုတ်လိုက်တာ… အဲလိုလုပ်ကြမယ်လို့များ ချက်ခြင်းပြောင်းသွားမယ်ထင်သလား။ ငါက တာဝန်သိပြီးတက်ကြွလွန်းနေတော့ရော ဘာဖြစ်သွားမှာပဲ .. သူများတွေအမြင်ကတ်တာပဲအဖတ်တင်တယ်။ လစာလဲပိုရမှာမဟုတ်ဘူး။ အခန့်မသင့်လို့မှားမိရင် အပြောတောင်ခံရအုန်းမယ်ဆိုတဲ့အသိစိတ်သာ စွဲလို့နေပါတယ်။ ပြောချင်တာပြော လုပ်ချင်တာလုပ်မယ်ဆိုတဲ့ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလုပ်တတ်တဲ့စိတ်ကလဲ အရိုးစွဲနေပါပြီ။ ဒီလိုတွေဖြစ်အောင် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသလိုမျိုးတောင်ဖြစ်နေပါပြီ။
ကျွန်မပြောချင်တာက အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာပါပဲ ..
လုပ်ကြည့်ပြီးလို့ မအောင်မြင်တာများခဲ့တဲ့လူတွေအဖို့ ထပ်လုပ်ရမှာကြောက်နေတာလဲ သဘာဝပါပဲ ..
လူသားအားလုံးအတွက် အဓိကပြသနာက စားဝတ်နေရေးပဲ .. အဲဒါပြေလည်မှ တခြားကိစ္စတွေကို ဦးစားပေးမယ်နိုင်မယ်ပေါ့။ အခုခေတ်ကတော့ စားဝတ်နေရေးကိစ္စမှာတင် အတောမသတ်နိုင်အောင်များပြားလှတဲ့ အသုံးအဆောင်တွေကြောင့် လောဘတွေက ဆက်တိုက်တက်ပြီး ရပ်တန့်လို့မရနိုင်အောင် ဖြစ်နေကြပါတယ်။ လစာတစ်ခုနဲ့ မလောက်ဘူးလို့အလွယ်ပြောကြတယ်။ သူတို့ကို လောက်ငအောင်ပေးလဲ မလောက်ဘူး ဖြစ်နေအုန်းမှာပဲ။ ဘယ်တော့မှ လောက်မှာမဟုတ်တော့ပါဘူး။ အဲဒီတော့ အလွယ်ပြောရရင် ခိုးတော့တာပဲ။ သူခိုးကြီးနဲ့ သူခိုးလေးပဲကွာတယ် … ခိုးနေကြတော့တာပဲ .. ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး … အဲဒါတွေကို တားနိုင်တဲ့နည်းလမ်းလဲ မတွေ့ဘူး။
ပြောရရင် စိတ်ပျက်စရာတွေချည်းပဲပြောမိနေမှာမို့လို့ ဒီလောက်ပါပဲ …
ှ
thit min
August 27, 2014 at 5:23 pm
Iris ရေ.. win win ကို ၅ဝ .၅ဝ စီ ရကြတာလို့ ကျွန်တော်အလွယ်မှတ်ထားပါတယ်။
ဆိုတော့ မျှတစွာခွဲဝေမှုပေါ့နော်။မျှနိုင်တော့ စည်းလုံးလိုက်ကြတာ ချမ်းသာနေလိုက်ကြတာ အမြင်ပါဘဲ။မကောင်းတဲ့ဘက် မှာ ဝင်း..ဝင်းး..ကြတာ
ကောင်းတဲ့ဘက်မှာလုပ်တာထက် လွယ်နေပါလားလို့
ဂယောင်ခြောက်ချာုတွေးမိဘူးပါကြောင်း။
thit min
August 27, 2014 at 5:42 pm
သူကြီးရေ မှန်ပါတယ်သူကြီးအမြင်အရလဲ..
အားလုံး အဝင် ကောင်းအောင် “ဖွင့်”ပေးဖို့လိုမှန်း..။
ဘာသာရေး ဘောင်ဆိုရင် ဝင်ရခက်ကောင်းခက်နိုင်တယ်ဆိုတာ။
ဒါပေမဲ့ ကျွန်တော့် တားဂတ်တခုက “နားယဉ်ပြီးသား အသိ (သို့)လေ့ကျက်ပြီးသားအကျင့်”တခုခုကိုသုံးပြီး လူတွေကို motivateလှုံ့ဆော်ရတာ လွယ်တဲ့နည်းလမ်းတခုလို့ယူဆလုပ်ဆောင်လေ့ရှိပါတယ်။
နားထောင်မဲ့..ဖတ်မဲ့ ပရိသတ်ဲ့ အခင်းအကျင်း ကို ထည့်စဉ်းစားတဲ့သဘောပါ။
ထင်ပါတယ်…ဘာသာရေး နဲ့ပတ်သက်တာတွေ ဖြုတ်လိုက်ရင်လဲ.. ဒီဆွေးနွေးပွဲရဲ့အနှစ်အရသာကတော့ ပြောင်းမသွားနိုင်ဘူးဆိုတာပါ ခင်ဗျ။
thit min
August 27, 2014 at 6:01 pm
အစ်မဒုံရေ..
အမယ် သီရိဒုံလိုလိုဘာ..လိုလိုနဲ့။
ဆရာကြီးအောင်ထွန်းသက် က စီမံခန့်ခွဲမှုပညာရှင်ကြီးဆိုတော့..အလွန်ပြည့်စုံစွာ ရှင်းလင်းနိုင်စွမ်းပါရဲ့ဗျာ။
Intelligence ဆိုတာ မွေးရာပါကနေ..Emotion, Spirit and Morale/Morality ကြောင့် တိုးတက် ဖြစ်ပေါ်လာရတာမို့..EQ= EQ SQ=SI MQ=MI လို့ပြောတာပါဘဲ။စိတ်ထာကောင်းလို့ရှိရင်..စိတ်ကြည်ပါတယ်။
စိတ်ကြည်လင်တော့တော့..တွေးခေါ်အား ဉာဏ်အား ကောင်းလာတယ်မဟုတ်လားဗျာ။
စိတ်..ဗျ..စိတ်..ပါ။
ကဲ..ကြည်ပလိုက်..စမ်းပါ..ခင်ဗျာ။
thit min
August 27, 2014 at 7:31 pm
အစ်မလတ်ရေ..ဝမ်းနဲမိပါရဲ့..။
မျက်နှာချင်းဆိုင် ဆွေးငြင်းခုန်ခွင့်မရလို့ပါ…။
ကျုရှင်သင်တဲ့..ဆရာတယောက်မှာလဲ..growth of mindset မလုပ်နိုင်/မရှိနိုင်လို့တော့..ယတိပြတ် မပြောနိုင်ဘူးထင်မိတယ်အစ်မရေ။
Lack of ethicsလို့ ဆိုကောင်း ဆိုနိုင်လိမ့်မယ်။ကိုယ့်အတွက် သူများအတွက် နစ်နာမှုမရှိဆိုတဲ့ စည်းကို မကျော်သေးရင်..
ကြောင်းကျိုးဆက်စပ်နိုင်စွမ်းနဲ့အမှန်ကို သိမြင်စွမးသေးရင်…
အစရှိသဖြင့်..စိတ်စွမ်းရည်..တချို့က သူ့စိတ်မှာ အားကျန်နေအုံးမှာပါ။
အဲဒီလို..မရှိတော့လို့..မရှိကြလွန်းလို့….mindset ချိန်းဖို့နေနေသာသာ..လယ်သိမ်းခံဘဝပျက်..ကပြါတယ်နော်။
ဆိုလိုရင်းက…တိုင်းတာစရာက “ယုတ်မာမှုဒီဂရီ” ဖြစ်မလားလို့ပါ။
..
အစ်မလတ်ရေ..
ကျွန်တော်က Growth of mindset လို့မြင်လိုက်တော့ ဂရို့=တိုးတက်မှုရဖို့
တခုခုတော့ တိုးပြီးလုပ်ရမယ်လို့ ်ရိုးရိုးလေးတွေးမိပါတယ်။
အလုပ်လုပ်ရင်ဝင်ငွေတိုးတယ်။
အလုပ်ဆိုတာလုပ်တတ်အောင်လေ့လာသင်ယူပြီးမှလုပ်လို့ရတာ။
ဆိုတော့..
တခုခုတိုးတက်ဖို့..
၁.လေ့လာ
၂.သင်ယူ
၃.လုပ်
အဆင့်၃ ဆင့်တွေ့တယ်။
Mindset …Growth အတွက်..ဘာတွေကိုလေ့လာဖို့လိုသလဲ..
ဘာတွေသင်ယူသင့်ပါသလဲ..
ဘာတွေလုပ်ရမှာပါလဲ…..
ဆိုတာ..ဦးနှောက်မုန်တိုင်းဆင်ကြည့်ရအောင် အစ်မရေ..။
ထောင့်စုံကနေ..ကြည့်ရမှာဆိုတော့.!အားလုံးပါစေချင်တာပါဘဲ။
..
နောက်တတ်နိုင်ရင်fixed mindset တွေကိုစာရင်းပြုစုကြည့်ချင်စိတ်ပေါက်မိတယ်..။
လူတော်တော်လိုပါမယ်..။
ကိုယ့်ရဲ့..fixed mindset ခေါက်ရိုးကျိုး
စိတ်ပိုင်းဆိုင်ရာများကိုဝန်ခံကြလော့..ပေါ့..ဗျာ။
ဝင့်ပြုံးမြင့်
August 28, 2014 at 12:55 am
ဆရာသစ်ကတော့ အားလုံးကို ပါစေချင်သတဲ့။ ကျမကတော့ လူမိုက်မို့ ပြေးပြီ။ လူလိမ္မာတွေရဲ့ ပို့စ်ထဲ လူမိုက် ဘာမှ မရေးတတ်ပါ အဟီး ။
မြစာကလေး (23122011)
August 28, 2014 at 5:20 pm
ဒီတစ်ခါတော့ “ငြင်းခုန်ခြင်း” မှာ Mindset တွေ ကို ဘယ်လိုပြောင်းသင့်သလဲ ဆိုတာ ကို ဆွေးနွေးချင်ပါ။
ကြိုပြောချင်တာက
မှီငြမ်းတွေ ကို ဖတ် ဖတ်ပြီး စိတ်ထဲ တွေး မိနေတာ တွေ ကို ရေးနေတာ မို့ အမှားပါနိုင်ပါတယ်။
ထောက်ပြ ပေးပါက အထူးပင် ဝမ်းမြောက်ဝမ်းသာ လက်ခံပါမည်။
လက်ခံမည် ဆိုသော်လည်း လိုက်နာမည် ဟု ပြောခြင်းမဟုတ်။
မလိုက်နာ ဟု ဆိုသော်လည်း တံခါးပေါက် အသေ ပိတ်ထားခြင်း မဟုတ်။
ကိုယ့် Mindset ကို ပြောင်းပြီး လိုက်နာဖို့ အတွက် ကျိုးကြောင်းပြစကားများ ဖြင့် သိမ်းသွင်းပါ။
မှန်ကန် တဲ့ အထောက်အထား ပြပါ။
လက်ရှိ ချထားမိတဲ့ ကောက်ချက်များ ရဲ့ အားနည်းချက် ကို ထောက်ပြပါ။
လုံလောက်ပါမူ ဆယ်ကျော်သက် ကလေး တစ်ယောက် ရဲ့ အကြံပြုချက် ဖြစ်တောင်မှ လိုက်နာမည်။
😉
ဆွေးနွေးထား တဲ့ အထဲ က ကိုမြွေ ရဲ့ ဥပမာ ကို ယူဆက် ပါရစေ။
{
ဥပမာ အားဖြင့် ချွေးစော်နံနေသူကို မနံစေချင်ရင် ရေသွားချိုးလိုက်လို့ ပြောယုံနဲ့ ရေချိုးချင်မှ ချိုးပါလိမ့်မယ်။
ချွေးစော်နံနေကြောင်း နဲ့ ချွေးစော်နံနေတာဟာ အခြားသူများကို အနှောင့်အယှက် ဘယ်လိုဖြစ်စေကြောင်း
ချွေးစော်မနံပဲ သန့်ရှင်းအောင် နေရင် ဘယ်လိုကောင်းကြောင်း ဘယ်လို သန့်ရှင်းစွာနေနိုင်ကြောင်း စသည်ဖြင့်
ပြောမှ သာ မနံအောင် ကြိုးစားမယ် လို့ ထင်ရပါတယ်။
}
တကဲ့လက်တွေ့ မှာ ပညာပေးစကား ပြောလိုက်ရင် လိုက်နာသွားမယ် လို့ တစ်ထစ်ချ ပြောမရပါဘူး။
ဝေဝေ ပြောထားသလိုပေါ့။
{
အခြေအနေအကြောင်းကြောင်းတွေကြောင့် မကောင်းတဲ့ mindset ဖြစ်နေပြီးသား စိတ်ဓါတ်တွေကို ပြောင်းလိုက်ပါလို့ ဒီအတိုင်းပြောနေရုံနဲ့ ဘယ်လိုမှပြောင်းလို့ရမှာမဟုတ်ပါဘူး။
}
အဲဒါက လက်တွေ့ဖြေရှင်း ဖို့ မှာ ပထမဆုံး ရင်ဆိုင်ရမဲ့ အခက်အခဲပါ။
ရေမချိုး တဲ့ သူတစ်ယောက် ဟာ တကယ်တော့ ရေချိုး ရမယ်မှန်း ၊ ရေချိုး သင့်မှန်း သိချင်မှ သိမယ်။
“မသိလို့” ဆိုတဲ့ အခြေအနေ အကြောင်း မို့ ပညာပေး လိုက်တာ နဲ့ ချက်ခြင်း ရေတန်းချိုး တာမို့ လွယ်ပါတယ်။
“မသိလို့” ဆိုတဲ့ အခြေအနေ မဟုတ် ဘဲ “ရေမရှိလို့” ဆိုတဲ့ အခြေအနေ မှာ ပညာပေး လိုက် ရင် အဲဒါ က သူ နဲ့ သွားပြီး Conflict ဖြစ်တော့ မဲ့ အခြေအနေပါ။
“ရေမရှိလို့” ရေမချိုး ရ သူမို့ သူ့ ကျန်းမာရေး အတွက် တောင် ဂရုမစိုက်နိုင် ဖြစ်နေချိန် မှာ အများ ကို ထိခိုက်တာတွေ ဘာတွေ ဘာကိုမှ ဂရုစိုက်နိုင် မှာ မဟုတ်။
ဒီတော့ ဖြစ်သင့်တာက …
ဒီမှာ ခင်ဗျား ရေချိုး ဖို့ လုပ်ထား တယ်။ ရေချိုးပါ ပြောချင်ပြော။
မဟုတ်လဲ ရေကန် ကတော့ ဘယ်မှာ ရှိ တယ် ညွန်ချင် ညွန် ပေါ့။
အဲဒီ လိုမှဘဲ ကိုယ့်ပညာ ပေး က ထိရောက်မှု ရှိမယ်လို့ ထင်ပါရဲ့။
အဲဒီကနေ ရေရှည် ဒီလူ ရေချိုးနိုင်ဖို့ ဘယ်လို စီစဉ် ကြမလဲ ဆိုတာ ကို ဆိုင်ရာများ စဉ်းစားကြပြီ ဆိုပါ တော့။
တစ်ယောက်က ပြောမယ်။
ရေချိုးခန်း လေး ဆောက်ပေးပြီး မနက်တိုင်း ရေဖြည့်ပေး လိုက်မယ်ပေါ့။
အဲဒါ ကို နောက်တစ်ယောက် က သဘောမတူဘူး။
ဒီကောင် ကို ဒီ အတိုင်း ပံ့ပိုးပေးရင် ငပျင်း ဖြစ်မှာပေါ့။ ရေတွင်း တူးထားပေးလိုက်။
သူ့ဟာသူ ခပ်ချိုးလိမ့်မယ်။
ဒီတော့ ပထမ တစ်ယောက် က ပြန်ပြောမယ်။
ဟေ့လူ – ခင်ဗျား က ဘာကောင်လဲ။ အရေးကြီး တာ ဒီလူ ရေချိုးဖို့။ ဒီတော့ အလွယ်ချိုးဖို့ ရှိမှ သူချိုးမှာ။
ကျုပ်ပြောသလိုဘဲ လုပ်တာ အကောင်းဆုံးဘဲ။
ကျုပ် ရေချိုးခန်း ဆောက်ပေးဖို့ သူ တွေ နဲ့ စကားပြောပြီးပြီ။
အဲဒီမှာ တင် ဒုတိယ တစ်ယောက် က ဝုန်းကနဲ ထပြီး။
ဘာ ပြော တယ်၊ မင်း က ချမ်းသာတယ် ဆိုပြီး မင်းစိတ်ကြိုက် စီစဉ် ချင်တိုင်း စီစဉ် လို့ ရမတဲ့လား။
ကျုပ် ကရေတွင်း တူး ပေးမဲ့ သူ တွေ နဲ့ ပြောထားပြီးသား။
သူ ရေမှန်မှန် မချိုး ရင် ဖမ်းပြီး ထောင် ထဲ ထည့်ပလိုက်မှာ ပေါ့။
ဒီမှာ တင် ပိတ်သတ်ကြီး ရေ
ပထမ လူ က မင်း လို အာဏာပြတဲ့ ကောင် ကို ငါ က ဒီလို ဆုံးမ တယ် ကွ
ဆိုပြီး
လက်သီး နဲ့ ထိုးလိုက်ပါလေရော။
ဟား ….
ဒု လူ ကလဲ ခေသူမဟုတ်
ခုံ နဲ့ ပြန်ရိုက်ပါတယ်၊
ဒါနဲ့ဘဲ …………….. 🙄
ဟိဟိ
ပျင်းနေမစိုး လို့။
မပြီးသေးဘူး နော်။
သများ ဇာတ်လမ်း ဆက်ဦးမှာ။
ဝင်ပြီး ငြင်းပေး ကြပါဦးလား။
ကိုချော၊ ကိုသစ် နဲ့ အဖွဲ့သားများ ရဲ့ အတည်စာ တွေ ကို နောက်တာ မဟုတ်ပါရှင့်။
စိတ်မရှိပါနဲ့။
ငြင်းတာ ရဲ့ ရုပ်လုံးကြွအောင် ပါ။
:-)))
မြစာကလေး (23122011)
August 28, 2014 at 5:44 pm
အော်ကျန်သေးလို့။ တစ်ယောက် ကလဲ ဝင်ပြောတယ်။
နံနေတာ ကို မနံအောင် လုပ်ဖို့ ရေမွှေးများများ သုံး ရင် ပျောက်မပေါ့တဲ့။
သူ့ မှာ အသိ ရေမွှေးဆိုင် ရှိပါတယ် တဲ့။ :-))
kai
August 29, 2014 at 2:15 pm
မိုင်းဆက်တွေက အင်မတန်ပြင်ရခက်ပါတယ်..
ဥပမာ။ ဆိုရှယ်လစ်ခေတ်မှာကြီးလာသူတွေက.. ထစ်ဆို.. အစိုးရကငွေစိုက်ထုတ်.. တာဝန်ယူလုပ်ပေးရမယ်ချည်းထင်တာမျိုး..
ထေရာတို့ဝါဒနဲ့ကြီးလာသူတွေက.. ထစ်ဆို.. နောက်ဘဝ(ငရဲ/ဘုံ)တွေးပြီး ချိန်ဆလုပ်တာမျိုးတွေပေါ့….။
=
မြန်မာတွေရဲ့ငြင်းခုန်ခြင်းအနုပညာမှာ.. ဘုရားနဲ့သာကိုင်ပေါက်ငြင်း.. မှားတာမှန်တာတွေဘေးချိပ်ပြီး.. အသံတွေတိတ်ကုန်သဗျ..
ဆိုတော့.. အဝါဂိုဏ်းသာဝင်လိုက်…
နိုင်ငံရေး..လူမှုရေးမှာ.. လူပေါ်လူဇော်လုပ်ဖို့မှာ… မိုးကျရွှေကိုယ်ဖြတ်လမ်း.. ထွက်ရပ်လမ်းပဲ…
အဝါဂိုဏ်းသားကြီးစကားပြောမယ်ဆို..
ဟိုမှာဖက်ကပညာရှိဒေါက်တာရိတ်ကြီးတွေလည်း.. လေးတန်းမအောင်တဲ့.. ရှေ့ကရွှေခုံပေါ်စံနေသူ အဝါဂိုဏ်းသမားစကား.. ပြန်လို့ကိုလှန်မပြောနိုင်..
ပြန်မလှန်နိုင်..မငြင်းနိုင်ယုံကိစ္စက..ဖေါက်ထွက်မယ်ကြံရင်.. အဝါဂိုဏ်းသားဆီတောင်မရောက်..
သူ့ဘေးက.. လူထုပရိသတ်.. အောက်ဆွဲများနဲ့တင်..” ပြာ”သွားလောက်တယ်..
မယုံ.. ကိုရင်ကြောင်ဖြစ်နေပုံကြည့်ပါလား…
အရိယာလို့.. သူဖာသူယူဆထားတဲ့သူကို….
စိစစ်ဝေဖန်ရမယ်ကိုဆို.. အိပ်မက်ထဲကတောင်ကြောက်…
သူတပါးစိစစ်ဝေဖန်တာကိုလည်း.. ကာဆီးကာဆီးနဲ့..ငရဲအတင်းပို့..
ကြောက်ကြောက်… :k:
ကန္နားစီး မိဂီ
August 29, 2014 at 3:30 pm
ပြန်လာပါပြီဗျာ …..
ကျနော် တခုတွေးမိတာ business ethic ကိစ္စပါ ….
ဒါမျိုး ကျ ဘယ် Q နဲ့ နွယ်မလဲ ဆိုတာလေး တွေးမိပါရဲ့..။
(သူများ အတင်းပြောသလို ဖြစ်မှာပေမယ့်)
ကိုသစ် ပြောဖူးသလို သုတ္တန်လေး ပေါ့ဗျာ
ပုဂ္ဂလိက ဆေးခန်းကြီးတခု ပေါ့ဗျာ ..
ဆေးခန်းလာတဲ့ ကားတွေ နည်းနည်း ပြသနာ ရှိတယ်ပေါ့
ပါကင်ကိစ္စ နဲ့ လမ်းပြသနာ … ဆိုပါတော့
အဲ …လုပ်ငန်းကတော့ အောင်မြင်လာတယ်..
လုပ်ငန်း အောင်မြင်တော့ တိုးချဲ့ချင်တာပေါ့ဗျာ
အဲ့သည်မှာ ပြသနာက လမ်းအကျယ် ဘယ်လောက်မှာ အဆောက်အဦကို
ဘယ်လောက်အမြင့်ပဲ ဆောက်လုပ်ခွင့်ရှိတယ် ဆိုတဲ့အချက်ပါတယ်
(တည်ရှိရာလမ်းက ၄လမ်းသွား) လက်ရှိအဆောက်အဦ ကို ထပ်မြှင့်မရတော့
ဘေးက ခြံတွေ လိုက်ဝယ်ပြီး ဘေးမှာ နဂို အဆောက်အဦရဲ့ ပုံစံတူ ဆောက်လိုက်တယ်
ပီး အတွင်းမှာ အဆောက်ဦ၂ခု ပေါင်းကူး တံတားထိုးတယ်ပေါ့..
အဲ့သည့်မှာ ပြသနာက အဆောက်အဦဟာ ဒေါင်လိုက် ၂ဆရှည်မလာပေမယ့်
အလျားလိုက် ၂ဆ ထွားလာပါတော့တယ်…
အစောပိုင်းက — ရောဂါ အထူးပြုတဲ့ ဆေးခန်းကြီးကနေပြီး
တခြား ရောဂါတွေပါ အထူးပြု တဲ့ ဘက်စုံ one-stop ဆေးခန်းဖြစ်လာတာပါ။
သည်တော့ လူနာ တွေ ကားတွေ လည်း အရင်ထက် ၂ဆ ပိုများ လာ ကျပ်လာတော့တာပါပဲ။
ကျနော် တွေးတဲ့ business ethic ဆိုတာ အဲ့သည်မှာ ပါ…။
ဘေးခြံတွေ ဝယ်နိုင် ဆောက်နိုင် (ကားထားဖို့တောင် လပေးနဲ့ ငှားနိုင်အောင်)
ဓနအင်အား တောင့်တင်း အောင်မြင် နေတဲ့ အဖွဲ့အစည်းပါ။
ဒီတနေရာထဲ အကုန် စုဖို့ လိုလို့လား ဆိုတာ တွေးမိတာပါ။
ဒီ brand ဟာ အောင်မြင်ပြီးသား ပေါက်_brand ဖြစ်နေပြီးမို့…။
နေရာ ခွဲလည်း လူကတော့ လိုက်လာမှာပါပဲ။
အထူးသဖြင့် မြို့ပြ ယဉ်ကျေးမှု အရ… service သာကောင်းပစေ။
ချောင်ခြိုချောင်ကြား ဖွင့်လည်း လိုက်စားသုံးလေ့ ရှိတဲ့ ဓလေ့ကြောင့်ပါ။
ဆိုပါစို့ xxx ဆေးခန်းကြီး ဆိုတဲ့ brand အောက်မှာ
စမ်းချောင်းမှာ ရင်ခေါင်းထဲက ဟာတွေ ကုတဲ့ ဆေးခန်း ။
အလုံမှာ ဆီးနဲ့ ကျောက်ကပ်
ကြည့်မြင်တိုင်မှာ ဦးနှောက်နဲ့ အာရုံကြော။
ကမာရွတ်မှာ မီးယပ်နဲ့ သားဖွား.။။
…မှာ….
… မှာ …
ဒါမျိုးတွေ ခွဲထုတ်ပြီး decentralize လုပ်ပစ်သင့်တယ် မြင်တာပါပဲဗျ။
ဒါမှပဲ မလိုလားဘဲ ပိတ်ကျပ်ညပ်နေတဲ့ ဒဏ် ကို ဒေသခံတွေ မခံစားရမှာဗျ။
ခုက win-win မဖြစ်တော့ဘူးရယ်။ business ရပ်တည်မှုမှာ ဒေသခံကို
အကျိုး ဖြစ်ထွန်းစေမှု ဆိုတဲ့ အချက် ထည့်သွင်းစဉ်းစားရစမြဲပါ။ CSR Issues တွေလို့
ပြောလို့ရပါတယ်။ ပြီးတော့ သိပ်အရေးမကြီးဘူး သူရို့ ဘစ်ဇနက် တည်နေရာ နဲ့ ကပ်လျက်လမ်းက
ရှေးမဆွကတည်းကပဲ တနှစ် ၃၆၅ ရက်မှာ ရက် ၃၀ဝ လောက် တရားပွဲကျင်းပတဲ့ အရပ်။
သည်တော့ ရန်ကုန်ရဲ့ ကားအပိတ်ဆုံး တော့ပ်တန်း စာရင်း ကားသမား မဖြတ်ချင်ဆုံးနေရာ တော့ပ်တန်းစာရင်း
ဝင်နေတော့တာပေါ့။ သည်ဘက်နှစ်အနည်းငယ်အတွင်း ကားသမားအချင်းချင်း ရိုက်ကြ သတ်ကြတာလည်း၁ကြိမ်မက ဖြစ်ခဲ့ဖူးတဲ့နေရာပါ။
decentralize မလုပ်ဘဲ စုပြုံပေါင်းထားတော့ management လုပ်ရတာတော့ လွယ်တာပေါ့ဗျာ။
ကားပိတ်တာတော့ အကုန်လုံး စုခံကြပေတော့ ဆိုတာမျိုး ဖြစ်လာပါတယ်။
ငဒို့ စီးပွားလုပ်ကောင်းဖို့ နင့်တို့ အားလုံး အချိန်ဖြုန်းပေးကြ ..ဆိုတာမျိုး မြင်မိပါတယ် ။
ကားပိတ်တာကို ခုတလော ဇောင်းပေးပြောနေတာလည်း အကြောင်းရှိပါရဲ့ဗျာ။
အပြင်တခါထွက် ဒီနားလေး ဘာရယ်မဟုတ် ၅မိနစ် ခိုးခံရ ဟိုနားလေး ၅မိနစ် စောင့်ရနဲ့…။
တနေ့တနေ့ အပြင်ထွက်တိုင်း ၁-၂ နာရီလောက်က ဘာမှ မလုပ်ရဘဲ အချိန်တွေ ခိုးခံနေရတာရယ်။
အဲ့ဒါ ကျနော်တယောက်တည်းမဟုတ် သန်းနဲ့ ချီတဲ့ မြို့ပြနေထိုင်သူတွေ နေ့တိုင်း ခိုးခံရတဲ့ သူမစားရငါမစားရအချိန်တွေ။
လမ်းကိုချဲ့ဖို့ မိုးပျံတံတားဆောက်ဖို့ ဆိုတာက အချိန်ရော ငွေပါ အလွန်ကုန်တာမို့
လက်တလောက ဘစ်ဇနက်ဘက်က အက်သစ် ပိုင်း နဲ့ အစိုးရပိုင်းက ပေါ်လစီပိုင်း တွေ ချမှတ်ပြီး ဝိုင်းလုပ်ကြဖို့ပဲ
လိုအပ်တယ်လို့ မြင်မိပါကြောင်း။
P.S ခုအဲ့ဒီနား ဒါးလွယ်ခုတ်လောက်မယ် ဧရာမ ပရော့ဂျက် ထွားထွားကြီး ဆောက်နေသမို့
အဲဒါကြီးပြီးရင် နောင်ဆို ပိုကားကျပ်အုံးမယ် ဖြစ်ပါကြောင်း။
မြစာကလေး (23122011)
September 2, 2014 at 3:58 pm
{ ငဒို့ စီးပွားလုပ်ကောင်းဖို့ နင့်တို့ အားလုံး အချိန်ဖြုန်းပေးကြ .}
ဟန်ကျပြီ ဟေ့။
ငြင်းမနော်။ 😉
ဒီမှာ စီးပွါးရေးသမား ဆိုတာ မှာ
ကိုယ့်အကျိုးအမြတ် ကို ဦးစားပေးမှာပါ။
သူတို့ ကို အပြစ်တင်မရပါ။
ဒါပေမဲ့
{ it involves examining appropriate constraints on the pursuit of self-interest, or (for firms) profits, when the actions of individuals or firms affects others.}
Business Ethics အရတော့ တစ်ခြား သူများကိုလဲ မထိခိုက်အောင် လုပ်သင့်သပေါ့။
ဒီမှာ အဓိက ကတော့ တစ်ခြားသူများ မထိခိုက်အောင် ဆိုတာ မှာ
သူတို့ စီးပွါးရေးသမား များ ကတော့ ချမှတ်ထား တဲ့ ဥပဒေ တွေ ကို မချိုးဖောက် ဖို့ အတွက် ဘဲ ဦးတည်ဖို့ များမှာပါ။
သူငယ်ချင်း လုပ်ငန်းရှင် တစ်ယောက်က တော့ နယ်တွေ မှာ သူ့ အလုပ်အတွက် သွားတိုင်း အဲ့ဒီ က လူတွေ ချို့တဲ့ နေတာ မြင်ပြီးစိတ်မကောင်းဘူး တဲ့။
ဒါကြောင့် သူ့ အမြတ်ထဲ က ၁၀% ကို အဲဒီ က ကလေး တွေ ပညာရေး အတွက် သုံးနေသတဲ့။
အဲဒီ ၁၀% (+ တစ်ခြား ပူဇော်ဖို့ 40%) အတွက် မြို့ပေါ်မှာ ဘဲ ဖြစ်ဖြစ် ဘယ်မှာဘဲ ဖြစ်ဖြစ် ဘာဘဲဖြစ်ဖြစ် သူ့ မြတ်နိုင်သမျှ မြတ် အောင် လုပ် နေမှာပါ။
မြို့ပေါ်က လူတွေ က ကိုယ့်ကို မထိခိုက် အောင် ကိုယ့်ဟာ ကို ကာကွယ်ကြပေါ့။
နည်းလမ်း ကတော့ စီးပွါးရေး ကျင့်ဝတ် များ ကို လိုက်နာအောင် စောင့်ရှောက် တဲ့ ဥပဒေကောင်းကောင်း တွေ မှန်ကန် ခိုင်မာ အောင် တောင်းဆို ဖို့ဘဲ။
အများအကျိုးစီးပွါး အတွက် ဥပဒေကောင်းကောင်း တွေ ကို အကောင်းအထည်ဖော် မဲ့ ဖောက်ဖျက်ရင် အရေးယူမဲ့ အစိုးရ ကို ရှာနိုင်ဖို့ဘဲ။
တည်ကြည်တဲ့ ဥပဒေကောင်းကောင်း တွေ နဲ့ မှ စီးပွါးရေး သမား ကိုယ်ကျိုးသာ ရှေ့ထားတတ်သူတို့ ရဲ့ Public Interest အပေါ်ထားတဲ့ Mindset တွေ ကို ပြောင်းနိုင်လိမ့်မယ်။
ဒီ အတွက် …..
{
ဒီလိုအချိန်မျိုးမယ်.. ကိုယ့်အချိန်ကုန်ခံ.. ဦးနှောက်အပူခံ..တွေးနေ..စဉ်းစားနေ..လုပ်နေရန်မလို… ပရိုဖက်ရှင်နယ်ကို.. ညွှန်းဆိုနောက်လိုက်ရတာပါ…
ပရို… ဆိုတာ.. ဒီအတွက်ရှိတာပါ…။
ဆိုတော့…
ဒေါ်စုနောက်လိုက်ကြ..
ဒါပဲ… :k:
}
မနက် ကဘဲ သူကြီးမင်း မင်္ဂလာရှိစွာ မိန့် သွားတာ။
lol:-))))))))))
ကန္နားစီး မိဂီ
September 5, 2014 at 1:42 am
အင်း အရီးရေ …
ငြင်းတာလည်း ငြင်းပေါ့အရီးရယ် …
ဘစ်ဇနက်ကို အပြစ်တင် မရပါဘူး ဆိုတဲ့အတွေးတော့ ခန မေ့ထားပါနော…။
အိုင်အက်စ်အို စတန်းဒတ်တို့
ပရိုက်ဘိတ်မာ့တ် ပေါ်လစီတို့ အင်ဒက်စထွီရယ် စတန်းဒတ်တို့
ဘာကြောင့်ပေါ်လာလဲ ဆိုတာ အရီးလည်းသိပြီးမင့်ဥစ္စာ…။
စောင့်ကြည့်လေ့လာရေးတွေ ပေါ်လစီတွေ ကမာ္ဘတန်း ထားဖြစ်တယ် ဆိုတာ ..
(အဖွဲ့အစည်းတွေဟာ) ငါတို့တော့ သည်လို ကမာ္ဘတန်း လက်ခံထားတဲ့
မူတွေနဲ့ အလုပ်လုပ်ပါတယ်ဗျ …ဆိုပြီး သက်သေပြရမှာပါ…
အဲ့ဒါ …HP က Carly Fiorina က လွန်ခဲ့တဲ့ ၁၁နှစ်က ပြောခဲ့တဲ့စကားဆိုပါတော့…။
Business for Social Responsibility, Annual Conference, November 12, 2013
က ပြောခဲ့တဲ့ စကားဗျ ။
ဆိုလိုရင်းကို ရှင်းအောင်ပြောရင် … စီးပွားလုပ်တာချင်းအတူတူ ဒေသခံအကျိုး ကြည့်တဲ့
အဖွဲ့စည်းကို မကြည့်တဲ့ အဖွဲ့စည်းထက် လူတွေ ပို အားပေးလာကြတယ် (သာမန် public
က ပိုမို smart ဖြစ်လာတယ် ဆိုတာ သူတို့ ကြိုမြင်လို့ ပြောတာပါ)
ကျနော်တို့ဆီမှာလည်း အဲ့အရွေ့ကို ဦးတည်ပြီး အပြန်အလှန် ထိန်းကွပ်ပြီး
ရွေ့လျားသင့်တယ်ထင်တာပါပဲ။ အရီး comment နောက်ဆုံးမှာ ပါတဲ့အတိုင်း (သဂျီးအလိုတော်အတိုင်းပေါ့လေ)
ဘွားတော်ကို ဝန်းရံကြ ကျောချင်းကပ်ကြ ဆိုတာမျိုးနဲ့ ဆုံးထားတာတွေ့တယ်…
အချုပ်အားဖြင့်တော့ ထိပ်ဆုံးပြောခဲ့တဲ့
ဆိုတာ နည်းနည်း ကွဲလွဲနေသဗျ။
လူကိုလူလို သတ်မှတ်တဲ့ တိုင်းပြည်တွေ
ခေတ်မီတဲ့ ပညာတတ်တဲ့အရပ်တွေ မှာ ကျတမျိုး …
ငဒို့ ဘစ်ဇနက် ဒူးရရင်ပြီးရော ကျန်သူဘာဖြစ်ဖြစ် နိုး ေ-ာက်ဂရု ဆိုတာ မျိုး
ကနေ့ အချိန်တွေမှာ …ချိုးလို့မရမှန်း ပိုမြင်သာပါတယ်။ သိတဲ့လူက ပိုပြောပေး ထောက်ပြပေးရမယ့် ကိစ္စပါ…. ။
အဲ့ဒါ benchmarking ပိုင်းဖြစ်သွားပြီ။
ဘယ်တိုင်းပြည်မှာတော့ ဘယ်လို တာဝန်ယူမှုလုပ်တယ် ဆိုတာမျိုးလေ့လာပြီး
မီဒီယာက ၊ လူထုက မလုပ်နဲ့ အတင်းတားတာထက် ..လုပ်မယ်ဆိုရင်
ဘယ် စတန်းဒတ် ဝင်အောင် လုပ်ပါ ဆိုတာမျိုးပြောဖို့ ဆွေးနွေးဖို့ လိုမယ်ထင်ပါတယ်။
ကြုံလို့ ဟို သတ္တု စီမံကိန်း နဲ့ ယှဉ်ပြီး ဘလတ်ဒီးဘုန်းကျော် ရေးခဲ့တာတွေ ပြန်မြင်ယောင်မိပါတယ်။
PR နဲ့ CSR ပိုင်း က ခေတ်စားလာမယ့် အခြေအနေတွေလို့ မြင်မိရဲ့ ။
ဆိုင်ရာ ဌာနေ အာဏာပိုင်တွေ ဝိုင်းကြဝန်းကြဖို့တော့လိုပါလိမ့်မယ်။
အဲ့လိုဖြစ်အောင်လည်း မီဒီယာပိုင်း တတ်ကျွမ်းနားလည်သူပိုင်းက ဝိုင်းကူတွန်းပေးနေ
ကြယ်ငါးကောက်ပစ်ပေးနေတယ်မြင်မိပါရဲ့။ ဖြစ်လာမှာပါ … အချိန်တော့ ယူရမပေါ့။
ညှိယူကြ စေ့စပ်ယူကြ ဖြစ်သင့်တာတွေ လည်းဖြစ်ပစေ
လုပ်သင့်တာ ရသင့်တာတွေလည်း ရပစေ ဆိုတဲ့ပုံစံမျိုး မြင်ချင်တာပါပဲ။
လိုနေတာ ၂ခုက ခြကိုက်တာနဲ့ မြင်သာမှုမရှိတာရယ်…။
အဲ့ဒါပြင်နိုင်ရင် ဒီ ဗာဂျင်မားကတ်ကို လက်ဆော့ချင်သူတွေ အရှေ့ကောအနောက်ပါ များလွန်းလို့…။
(ဘယ်လူမျိုး ဘယ်ကန်ပနီမို့ ဘာပဲကွာ ဆိုတာထက်)
ဘယ်သူလုပ်လုပ် ဘယ်ဘောင်ထဲကနေ အချိန်မရွေး အမေးခံနိုင် အစစ်ခံနိုင်ရင်
လုပ်ကြကွာ ဆိုတာမျိုး ဖြစ်သင့် လုပ်သင့် ပါကြောင်း ထင်မြင်မိလျက်…
တော်သေးဘီ
ခင်တဲ့
ဂီ။
P.S .. အနှီ mindset တွေကိုတော့ ကိုသစ် ကို အကူညီတောင်းပြီး ဖြေစေလိုပါကြောင်းနဲ့
ကျနော် သည်တခါ တူးတာက CSR နဲ့ public relation အကြောင်း ရယ် public education/ public recognition ကိစ္စတွေချည်း သက်သက်ရယ်လို့ပါ…။
မြစာကလေး (23122011)
September 5, 2014 at 4:00 am
လာပါလေ။ ဒီလို စွာကျယ်ကျယ် အသံလေး နဲ့။
မကြားတာကြာတော့ မေ့လို့ တောင်နေပြီ။ 😉
ဒီမယ် မောင်ရင်လေး ရဲ့။
{ လူကိုလူလို သတ်မှတ်တဲ့ တိုင်းပြည်တွေ
ငဒို့ ဘစ်ဇနက် ဒူးရရင်ပြီးရော ကျန်သူဘာဖြစ်ဖြစ် နိုး ေ-ာက်ဂရု ဆိုတာ မျိုး
}
မရှိဘူးများ ထင်လို့လား ကွယ်။
ရှိပါ့။
ဒါပေမဲ့ သူများ ဆီမှာက အများက မကြိုက်လို့ ကန့်ကွက်ရင် အနည်းဆုံးတော့ တန့် သွားတယ်။
ဆက်ပြီး လုပ်မယ် ဆိုရင်တောင် အများ တောင်းဆိုသလို ဘောင်ဝင်အောင် လုပ်ပေးရတယ်။
လုပ်ပေးရတော့ မှာပေါ့။
သူတို့ ဆီမှာက အများပြည်သူအကျိုး ကို ရှေ့ရှု တဲ့ ဥပဒေ နဲ့ ချိုး ဖောက်ရင် တရားစွဲခံရမှာ ကြောက်တာကိုး။
ရဲ တွေ ကလဲ လာဘ်စားချင်တောင် မိရင် ဒုက္ခရောက်မှာ ကြိုမြင်ကြလို့ တော်ရုံ အမှန်မှာဘဲ နေကြရသပေါ့။
မင်း ပြောတဲ့ စောင့်ကြည့်သူတွေ အများကြီး ရှိနေတာကိုး။
သူ့ငါထိန်း ငါ့ သူထိန်း ဆိုတဲ့ စနစ် ထဲ ရောက်နေတာကိုး။
လူ က ဖောက်ချင်ရင်တောင် လူကို အထိန်း ကောင်းတဲ့ စနစ် ရှိတာလေ။
အဲဒီ စနစ် ထဲမှာ
ငဒို့ ဘစ်ဇနက် ဒူးရရင်ပြီးရော ကျန်သူဘာဖြစ်ဖြစ် နိုး ေ-ာက်ဂရု ဆိုတဲ့ လူတွေ လဲ ဂရုစိုက် လာရတဲ့ အခြေရှိသပေါ့။
ဒါပေမဲ့
အဲဒီ စနစ် က သူ့ အလိုလို မရလာဘူးကွဲ့။
ပြစ်ဒါဏ် တွေ ကို ကြောက်တတ် မှ ဖြစ်မှာ။
ဒီအတွက် ပြစ်ဒါဏ် တွေ ကို ထင်ထင်ရှားရှား ပြနိုင်ရမယ်။
ဘယ်သူဘဲ ဖြစ်ဖြစ် ကျောသား ရင်သားမရွေး ပြစ်မှုကျူးး လွန်သူ ပြစ်ဒါဏ် ခံရမယ်။
အဲဒီ အတွက် ခိုင်မာတဲ့ ပြဌာန်းချက် ဥပဒေ တွေ ရှိရမယ်။
မင်းပြောပြ တဲ့ အကြောင်းများ မှာလဲ ပါနေပြီးဟာကွဲ့။
အဲဒါ ကို လက်ရှိ အဘ တို့ နဲ့ သူတို့ အပေါင်းအသင်းများ က ” နိုး ေ-ာက်ဂရု ” တဲ့ မောင်ဂီ ရဲ့။
ဒါကြောင့်
အရီး comment နောက်ဆုံးမှာ ပါတဲ့အတိုင်း ပြောရတာ။
သများ ပြောတာ ဘာလွဲတုန်း။
ကဲ ပြော။ :-)))
. ပြောရင်း ချော်ကုန်တာမို့ စောဒီး ပါ ကိုသစ်ရယ်။
. မငြင်း ရရင် မနေနိုင်တာမို့ ပါ။
အမှန်ကတော့
No blame culture ခေါ်မလား။
ဘယ်သူ့ ကိုမှ အပြစ်မဖို့ ဘဲ ကိုယ့်တာဝန် ကိုယ်ယူရဲ တဲ့ စိတ်ဓာတ်မျိုးတွေ နဲ့ တို့ အားလုံး ရဲ့ ရွှေပြည်ကြီး ကို ပြန်တည်ဆောက်ချင်ပါရဲ့။
တကယ်ပါ။
အဲဒီ culture နဲ့ အလုပ်ဖြစ်မယ် မဖြစ်ဘူး ဆိုတာကို စဉ်းစားနေဆဲ။
PS – ဘွားတော် ကို မဝန်းရံခိုင်းပါဘူး တော်။ ပံ့ပိုးခိုင်းတာပါ။
အဲ့ စီးပွါးရေးသမား တွေ ကို …. lol:-)
thit min
August 29, 2014 at 4:15 pm
အစ်မလတ်ရေ
အရမ်းမြန်တာဘဲ။
ဖစ်မိုင်းဆက်မှာက
၁။စိန်ခေါ်မှုတွေကို ရှောင်ရှားလေ့ရှိပါတယ်။
၂။အခက်အခဲတွေ တွေ့လာရင်လက်လျှော့အရှုံးပေးတတ်သူများပါ။
၃။ကြိုးစားအားထုတ်မှုမရှိကြပါ။
၄။ ဝေဖန်ခံရရင် လျှောက်နေဆဲလမ်း လုပ်နေဆဲအလုပ်တွေ ကနေထွက်ပြေးတတ်ပြန်ပါတယ်။
၅။ သူတပါးရဲ့အောင်မြင်မှူက ကိုယ့်ကိုစိုးရိမ်မှုတခုလို ခြိမ်းချောက်မှူတခုလိုလိုခံစားနေရပါတယ်တဲ့။
ဂရို့ မိုင်းဆက်မှာတော့
၁။စိန်ခေါ်မှူတွေကိုလဲ ထွေးပွေ့လက်ခံတတ်ပါတယ်။
၂။အခက်အခဲတွေကိုလဲ ကျော်လွှားနိုင်သူများပါ။
၃။ ကြိုးစားအားထုတ်တတ်သူများလဲဖြစ်ပါတယ်။
၄။ဝေဖန်ခံရမှူကို သင်ခန်းစာယူတတ် ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်တတ်ပါတယ်။
၅။ သူတပါးရဲ့အောင်မြင်မှူကို ဝမ်းသာအားရရှိတတ် မှတ်မှတ်သားသားချီးကျူးတတ်ပါတယ်။
ဆိုတော့ လူတော်တော်များများမှာ ရောပြီးရှိနေတတ်တဲ့ သဘောရှိပါတယ်။
သီးသန့်ချိန်းချင်သူများလဲချိန်းပေါ့။
လူတွေမှာ ဖစ် ဖြစ်လိုက် ဂရို့ ဖြစ်လိုက်နဲ့ အချိန်ပိုင်း ဗီလိန် ပေါ့။
သူဂျီးရေ
မပြင်တာပြင်တာကို သူကိုယ် ပိုင်ဆုံးဖြတ်ပါစေ တော့။
ကျနော်က သူ့မှာရှိတာ သူသိစေ။
တိုင်းတာချင်သူများ အတွက် ပေတံပေးလိုက်ချင်လို့ပါဘဲ။
thit min
August 29, 2014 at 9:04 pm
ညီလေးဂီရေ..
SQ ရဲ့ Wisdom not to harm or hurt others and self နဲ့ Holistic approach and viewsဆိုတဲ့အချက်တွေ ရယ် Morality တွေပါ..ပါတော့Moral Quotient MQ ကိုပါထည့်စဉ်းစားရပါ့မယ်။
မားကက်တင်းအက်သစ်တွေဆိုတာလဲအဲဒီစံတွေနဲ့ညှိုသင့်တာဘဲ။
သူတို့လိုလူမျိုးတွေကို..တလုံးတည်းပြောရရင်တော့…(သူတပါးရဲ့)အချိန်စားဘီလူးများပါဘဲ..။
မြစာကလေး (23122011)
August 29, 2014 at 11:03 pm
ရှေ့အပါတ် ကလေး ကျောင်း တွေ ပြန်ဖွင့်ပြီ မို့ ကိုယ်လဲ ရှိတဲ့ အိမ်စာ အကြွေး တွေ အမြန်ဆပ်လိုက်ချင်လို့ ပါ ကိုသစ်ရေ။
ကိုသစ် လဲ မအားတဲ့ ကြား က အသံလေး လာလာပြ လို့ ကျေးဇူးပါ။
အချိန်ရှိတုန်း ရန်ပွဲ လေး ကို ဖြန်ဖြေလိုက်ပါဦးမယ်။
လူ ရယ်လို့ ဖြစ်လာချိန် တစ်မိထဲဖွား မောင်နှမ တွေတောင် မှ စိတ်ချင်းမတူ မှတော့ တစ်ခြားသူ တွေ နဲ့ တူပါ့မလား ဆိုတာ တကယ်တော့ ဟုတ်မလိုလို နဲ့ မဟုတ် ဘူးဗျ။
မောင်နှမသားချင်း ချင်း စိတ်မတူတာ သူငယ်ချင်း နဲ့ တူချင် တူ နေတတ်တယ်။
ရွာထဲ မှာ တောင် သတိထားမိတာလေးရှိတယ်။
Post တစ်ပုဒ် ဖတ်ရင်း ကိုယ့်စိတ်ထဲ ဖြစ်နေတာ တွေ က အောက်မှာ ပေးထား တဲ့ မှတ်ချက် တွေ နဲ့ တူနေတတ်တာမျိုး မကြာခဏ ဘဲ။
အဲဒါက ကောင်းတာရှိ မကောင်းတာလဲ ရှိ။
ကောင်းတာက ကိုယ့်စိတ်တူရာ အဖော်ရှိလို့ ပျော်သွားတာ။
မကောင်းတာက ကိုယ့်အတွေး ကို ဆက်ချဲ့ ပြီး ပြန်စစ် လို့ မရတော့ တာ။
ပြောလို့တော့ ရပါတယ်။
ရွာထဲမှာက ပြောပြီး ပြီးရော တကဲ့ အလုပ်လုပ် နေရတာမှ မဟုတ်ဘဲလို့။
မှန်ပါတယ်။
အလုပ်ထဲမှာတော့ ဒီလောက် လွယ်ချင်မှလွယ်ပေမပေါ့။
ဒါပေမဲ့ Self Interest ခေါ်မလား။
ကိုယ့်အကျိုးစီးပွါး အတွက် ဆိုတာ နောက်မှာထားတဲ့ အခါ လွယ်နိုင်ပါတယ်။
အများအတွက် ဦးတည်တဲ့ အကျိုးစီးပွါး (Public Interest) ဘဲ ပန်းတိုင်ထားနိုင် ရင် လွယ်ပါတယ်။
ကိုသစ် ပြောတဲ့ Win-Win Situation ကို ရှေ့ရှူရင် လွယ်ပါမယ်။
ကိုသစ် ပြောတဲ့ Q တွေ ကို စိတ်ပါလက်ပါ နှလုံးသားထဲ ထည့်ခဲ့ရင် လွယ်ပါမယ်။
လွယ်တယ် လို့ သာပြောတာပါ။
တကယ်တော့ လက်တွေ့မှာ ကျင့်ကြံ တဲ့ အခါ မလွယ်တာ လူတိုင်း သိမှာတယ်။
လူ နှစ်ဦး မှာတောင် စိတ်ချင်းတူတယ်ထားဦး။ ချွတ်စွပ်မဟုတ်လေတော့ ကွဲလွဲ မှု တွေ အမြဲရှိနေပါ။
ဒီတော့ အဖွဲ့အစည်း နဲ့ လူတွေ အများကြီး ပေါင်းစု လုပ်ကိုင်လာချိန်မှာ ကွဲလွဲမှု တွေ ပိုပြီး ရှိတော့မှာ ဆိုတာ အမှန်တရားပေါ့။
အဲဒီ ကွဲလွဲမှု တွေ က အငြင်းပွါးမှု တွေ ရန်ပွဲတွေ ရဲ့ အစ မဟုတ်လား။
ဒါပေမဲ့ ကွဲလွဲတာတွေ က တားမရဘဲ သဘာဝ တရား က ဖန်တီးချက်ဖြစ်လေတော့ လက်ခံရမှာပေမဲ့ အဆိုးဆုံး ရန်ပွဲတွေ အထိ မဖြစ်အောင် အလယ်ဆင့် အငြင်းပွါးမှု မှာ အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ နည်းတွေရှာလာကြတာပါ။
တကယ်တော့ ပြောသာပြောတယ်။
ကွဲလွဲမှု တွေ အတွက် ငြင်းရင်းငြင်းရင်း လဲ ပိုကောင်းတဲ့ ရလာဒ် တွေ ၊ ပိုကောင်းတဲ့ ဆက်ဆံရေးတွေ၊ ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ရခဲ့ကြတာလဲ သာဓက အများရှိပါတယ်။
ဒါကို Healthy Conflict လို့ ခေါ်ကြသလားဘဲ။
ဒါကြောင့် သဘောကွဲလွဲပြီး အငြင်းပွါး ရမှာ ကို မကြောက်ကြ၊ စိတ်မပျက်ကြပါနဲ့။
အငြင်းအခုန် ဖြစ်ကြရင် Healthy Conflict ရအောင် Mindset ပြောင်းဖို့အတွက်ကိုသာ ကြိုးစားသင့်တယ် ထင်ပါတယ်။
မြန်မာပြည်မှာ အရင်က ကျောင်းတွေ မှာ စကားရည်လုပွဲ တွေ ရှိခဲ့ဘူးပါတယ်။
ငြင်းခုန်ဖို့ အကြောင်းအတွက်
ကိုယ် ပြောရမဲ့ အပိုင်း အတွက် လေ့လာမှု တွေ လုပ်ရမယ်။
ကိုယ်မသိတာ သိလာမယ်။
သူများကို Respect ပေးတတ်မယ်။
သူများ ပြောတာ နားထောင်တတ်မယ်။
အကျိုး အကြောင်းပြ ပြန်ချေပ တတ်မယ်။
အနောက်တိုင်းက ကျောင်းတွေ မှာတော့ ဘာတောင် လုပ်တတ်လဲ ဆိုတော့ ကိုယ်ရွေးတဲ့ ခေါင်းစဉ် နဲ့ (တနည်း) ကိုယ်ကြိုက်ရာ နဲ့ လုံးလုံးဆန့်ကျင်တဲ့ ခေါင်းစဉ် ကို ပြောင်းပြန်လုပ် ပေးတတ်သေးတယ်။
ဒီတော့ အဲဒီကနေ ကိုယ့်အမြင်မှား နေရင် သိသွားနိုင်တာပေါ့။
နောက် Role Playing လို့ ခေါ်လား။
ကိုယ် က သူများနေရာ ဝင်ပြီး စကားတွေ ပြောရင်း တစ်ခြားသူ နေရာမှာ ခံစားတတ်သွားအောင် လဲ လေကျင့်ပေးတာ ရှိတယ်။
ဒါကတော့ ကလေး ဘဝ မှာ ကျင့်ပေးနိုင်ဖို့ နည်းလမ်းတွေ ပေါ့။
လူကြီး တွေ ကတော့ ဒီ အရွယ်ကြီး တွေ ရောက်မှ ကလေး တွေ လို စကားရည်လုပွဲ တွေ လဲ ဝင်ပါချင်မှာ မဟုတ်။
Role Play ကစားနည်း တွေ လဲ မကစားချင်။
ဒီတော့ ကိုယ့်ဟာ ကို ကြိတ်ပြီး လေ့ကျင့်ပေါ့။
Healthy/ Unhealthyအစားအစာ တွေ ရွေးစားတာ/ ရှောင်စားတာ လိုပေါ့။
Unhealthy Conflict တွေ ကို ရှောင် တဲ့ Mindset ကို ကျင့်ပေးပေါ့။
Conflict တွေ ကို Unhealthy ဖြစ်စေတာ တွေက
– တစ်ခြားသူ တွေ ရဲ့ ခံစားမှု တွေကို နားမလည်/ မသိတတ်တာ
– ထစ်ကနဲ တစ်ခုခုဆို ဒေါသဖြစ်၊ စိတ်တို၊ စိတ်နာ၊ မခန့်လေးစား စသဖြင့် ဖြစ်တတ်တာ
– အဲဒီကနေ ကိုယ်ချစ်စိတ် တွေ ကို ဖယ်လိုက်တာ၊ အသိုင်းအဝိုင်း ကို ရှောင်လိုက်တာ
– သီးသန့်နေလိုက်တာ၊ ရှက်စိတ်ဖြစ်နေတာ၊ နာနာကြည်းကြည်း နဲ့ စိတ်က အမှတ်အတေး ထားနေတာ
– သဘောတူညီအောင် လုပ်နိုင်ဖို့ စွမ်းရည်မရှိတာ၊ သူတစ်ပါး ရဲ့ နေရာ က ဝင်မကြည့် တတ်တာ
– ဖြစ်နေ တဲ့ ပြသနာ ကို ပြီးအောင် ရှင်းဖို့ မကြိုးစားဘဲ ကြောက်နေတာ၊ ရှောင်နေတာ
Conflict တွေ ကို Healthy ဖြစ်စေတာ တွေက
– တစ်ခြားသူ တွေ ရဲ့ ခံစားမှု တွေကို နားလည်/ သိတတ်/ တုန့်ပြန်မှုပေးတာ
– ပြသနာပေါ်ရင် စိတ်အေးအောင်ထားတာ၊ ရန်မလိုတာ၊ တစ်ဘက် ကို respect ပေးတာ
– အငြိုးအတေး မထားဘဲ ခွင့်လွှတ် မေ့ပျောက်ပစ်တာ၊ အတိတ်က နာကျည်းချက်တွေ နဲ့ ဒေါသ တွေကို ဆက်ပြီး သယ်မလာတာ
– သဘောတူချက် ရအောင်အထိ အဖြေ ကို ကြိုးစား ရှာတာ၊ သူများ ကို အတင်း တွန်းတွန်းထိုးထိုး မလုပ်တာ
– ပြသနာကို ရဲရဲရင်ဆိုင်ဝံ့ပြီး နှစ်ဦး နှစ်ဖက် အကောင်းဆုံး ဖြစ်ဖို့ ဦးတည် လုပ်ဆောင်တာ
(ဒါ သများ ပြောတာ ဝုတ်ဘူးနော်။ ဘာသာပြန်ထားတာ၊ သူများ လဲ အာလုံး လုပ်နိုင်သေးဝူး။
လာပြီး ရန် မစ ကြနဲ့။ ခုံ နဲ့ ရိုက်ပလိုက်မယ်)
နိချုန်းဂုတ် ရရင်တော့ ကိုသစ် ပြောသလိုပါဘဲ။
ပြောင်းချင်တဲ့ စိတ် ရှိ နေတဲ့ ကျွန်မ တို့ ကိုယ်တိုင် တောင် အချိန်ပြည့် ကောင်း မနေနိုင်ဘဲ အချိန်ပိုင်း ဗီလိန် ဖြစ် နေတာပါ။
ဒါပေမဲ့ ….
ကျွန်မတို့ ကြိုးစားမယ်၊ ကြိုးစားနေမယ် ဆိုတဲ့ စိတ်
Absolutely change လုံးဝဥသုံ မပြောင်းလဲနိုင်ရင်တောင်မှ Partly Change လုပ်မယ် ဆိုတဲ့ စိတ် လေး တွေ ထားပြီး
ကျွန်မတို့ ရဲ့ Mindset တွေ ကို ပိုပိုပြီး တိုးတက်တဲ့ အဆင့်ရှိ အဆင့်မြင့် တဲ့ Mindset များ ဖြစ်အောင် ပြောင်းကြပါစို့ လို့။
အဆုံးသတ် ကို Quote ၂ Quote နဲ့ အဆုံးသတ် ပါရစေ။
{
ထိုင်နေလို့တော့ ဘာမှဖြစ်လာမည်မဟုတ်.. ကိုယ့်အခြေအနေကို အမှန်အတိုင်းရဲရဲကြည့်ရင်း…
ကိုယ့်နီးစပ်သူတွေ ကိုယ့်လက်လှမ်းမီသမျှတွေကိုတပါတည်း တိုက်တွန်းဆွဲခေါ်ရင်း…
ကိုယ့်ဘဝလှေခါးကို ကိုယ်တိုင် မဆုတ်မဆိုင်း တက်ကြဖို့ပါပဲ…။
}
By ဦးပါလေရာ
{
Be the change that you wish to see in the world.
ကိုယ် မြင်ချင်တဲ့ အပြောင်းအလဲ အတွက် ကိုယ်ကိုယ်တိုင် က စပြီး ပြောင်းလိုက်ပါ။
}
By Mahatma Gandhi
စာတွေအများကြီး ဖတ်ဖြစ်ပြီး ကိုယ့်မှာ ပြင်စရာ တွေ အများကြီး ရှိနေဆဲ သိလိုက်ရတာ မို့
စီစဉ်ပေးသူ ကိုချော ပင်တိုင် ဆွေးနွေးပေးသူ ကိုသစ် နဲ့ ဝိုင်းဝန်း ပံ့ပိုး ဆွေးနွေးပေးသူ များ အားလုံး ကို ကျေးဇူးတင်ရှိပါတယ်။ 🙂
kai
August 31, 2014 at 4:29 pm
Moethee Zun
August 29 at 9:56am ·
မိတ်ဆွေများ နဲ ့ရန်သူများ
အားလုုံးမင်္ဂလာနံနက်ခင်းပါ။
ဒီဖေစ်ဘုုတ်ကနေ ညီရင်းအကိုု မောင်ရင်းနှမ လိုု ့ ကျနော်အတွေးအမြင်အယူဆတွေကိုု ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးနေတာ တွေကိုု လာရောက်ဖတ်ရှု ့ကြ၊ ဝေဖန်ကြ၊ ဆဲကြ။
တဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။
ကျနော်ပွင့်ပွင့်လင်းလင်းရေးနေတဲ့ရည်ရွယ်ချက်က
၁။ မြန်မာ ပြည်ဟာပြောင်းလဲ ရတော့မယ်အချိန် မရှိတော့ဘူး သိပ်ကိုုနောက်ကျနေပြီ။ တည်ဆောက်ရေးတွေကိုုလုုပ်ရတော့မယ်။ ဒါပေမဲ့ပြောင်းလဲမှုဟာ လုုံးဝ ကိုု မလုုပ်နိင်ဘူးဖြစ်နေတယ်။
၂။ အပြောင်းလဲကိုု ပြည်သူလူထုုကပဲလုုပ်ရမှာဖြစ်တယ်။ ဘယ်တန်ဖိုုးရှင်သမဒေဝ နတ်ဒေတာတွေက လုုပ်ပေးမှာမဟုုတ်ဘူး။ ဗုုဒ( Buddha) ၊ဘုုရားသခင် ( God) ။ ဘုုရားသခင်များ ( Gods) ၊ အလ္လာ ( Ahlar) ၊ နတ်စား ( Superhuman being) ၊ သူရဲကောင်းများ( Heroes) ကလုုပ်ပေးမှာမဟုုတ်ဘူး။ သူတိုု ကိုုခင်ဗျား ယုုံကြည်လုို ့ရတယ်။
သိပ်မှီခိုုလိုု ့မသင့်ဘူး။
၃။ မြန်မာ ပြည်က အတွေးအခေါ်အယူဆဟောင်း၊ ဓလေ့ထုုံးထမ်း အဟောင်းတွေအမြစ်တွယ်လွန်းတဲ့နိင်ငံဖြစ်တယ်။ ဒီထဲမှာ ဘယ်အတွေးအခေါ်တွေကမှန်လဲ
ဘယ်ဟာတွေက မှားလဲ။ ဘယ်ဟာတွေကိုုယူမလဲ။ အဟောင်းတိုုင်းကလဲ မှားတာမဟုုတ်ဘူး။ အသစ်တိုုင်းကလဲ မှန်တာမဟုုတ်ဘူး။ ဘယ်ဟာတွေကိုု ပြစ်ပယ်မလဲ ဆိုုတာ သိပ်ခက်တဲ့အလုုပ်ဖြစ်လာတယ်။
၄။ အမှားအမှန်၊ အသုုံးအဝင်မှု မဝင်မှု တွေကိုု အနီးစပ်ဆုုံး အဖြေပေးနိင်တာကတော့
ပွင့်လင်း မှုရှိရှိ ဆွေးနွေး မှုတွေပဲဖြစ်ပါတယ်။ ကျနော်တိုု ့နိင်ငံဟာ ပဒေသရာဇ်စနစ်၊ အာဏာရှင်စနစ် တွေအောက်မှာ နစ်ပေါင်း ရာနဲ့ချီပြီးနေခဲ့ရတယ်။ ဒီအမှောင်ခေတ်ကလာရှည်ကြာလွန်းခဲ့တယ်။ ဒီခေတ်တွေမှာ ဆွေးနွေး မှုတွေ
ဘာမှမလုုပ်နိင်ခဲ့ဘူး။ ချက်ပြုပြီးသားကိုုစားခဲ့ရသလိုု၊ လမ်းညွန်ချက်ချပြီသား ဆုုံးဖြတ်ချက်တွေကိုုပဲ လုိုက်နာခဲ့ကြရတာဖြစ်ပါတယ်။ ဒါကြောင့်ဆွေးနွေးမှုတွေ
လုုပ်ဖိုု ့လိုု အပ်လာ ြ့ပီလုို ့ကျနော်ယူဆတယ်။
၅။ နိင်ငံရေး၊လူမှုရေး၊ ပညာရေး ၊ စီးပွားရေးတွေ မှာ ကျင့်ဝတ် တန်ဖိုုး (Ethical Value )
ရှိရမှာသေချာတယ်။ ဒါတွေမရှိရင် နိင်ငံတော်စည်းနှောင်မှု ( Coherence ) ရှိမှာမဟုုတ်တော့ဘူး မှန်ကန် တဲ့ တန်ဖိုုး အသုုံးဝင်တဲ့တန်ဖိုုးတွေကိုုပဲ ကျနော်တိုု ့သုုံးစွဲရမှာဖြစ်တယ်။
၆။ ဒါကြောင့် ဆွေးနွေးခြင်း ငြင်းခုုန်ခြင်း ( Debate ) ကိုု ကျနော်တိုု ့ကြိုဆိုုကြရမယ်။
၇။ ဆွေးနွေးရမဲ ့ခေါင်းစဉ်တွေက အများကြီးရှိနေပါ တယ်။ နစ်ပေါင်းများစွာအလုုပ်မလုုပ်ပဲထားခဲ့ကြတော့ အလုုပ်တွေပုုံနေသလိုုဖြစ်လာတယ်။
မိရိုုဖလာအစဉ်အလာအတိုုင်း လက်ခံထားတဲ့ အယူဆ (ခ) အစဉ်အလာ သီအိုုရီ တွေ ရှိနေတယ်။ ဒါတွေ ကိုု တခုုခြင်းတခုုခြင်း ကျနော်တုို ့ ဆွေးနွေဖုို ့ ပြန်လည် ဆင်ခြင်သုုံးသပ်ကြဖိုု ့လိုုနေပါတယ်။ ဆင်ခြင်အသိတွေလိုုနေပါတယ်။
thit min
August 31, 2014 at 8:55 pm
အစ်မလတ်ရေ
ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူး…..(ဘရာ…ဘရာ…..) က ကျွန်တော့ remark မဟုတ်ပါဘူးခင်ဗျာ..ကိုပါ(ဦးဦးပါလေရာ)ပါလို့..
ခင်မင်စွာဖြင့်
thit min
September 2, 2014 at 6:55 pm
အင်း…..ကိုယ်မလုပ်ဘူးတဲ့အလုပ်တခုပေါ်မှာ..ဖစ်မိုင်းဆက်သမားတွေက.
သေချာရဲ့လား..အဲဒီအလုပ်ကိုလုပ်ရင် ပါရမီရှိမှ..အတွေ့အကြုံရှိမှလုပ်လို့ရတာနော်လို့
စဉ်းစားနေချိန်..ဂရို့သမားတွေ ဂရို့မိုင်းဆက်သမားတွေက…
လေ့လာပြီးလုပ်ကြည့်မယ်ဆိုပြီး..လက်တွေ့ လုပ်ပါတယ်တဲ့..။
ပညာတတ်များတွေဝေတတ်တယ်တို့..စိတ်ကူးယဉ်သမားတို့ဆိုတာနဲ့..နှိုင်းယှဉ်ကြည့်နေမိတယ်..။
မင်းလုပ်လိုက်လို့..မှားသွားရင်..သိက္ခာကျမှာနော်..လို့ဖစ်မိုင်းဆက်တွေ..ကိုယ့်ကိုကိုယ်ပြောနေတုန်း..ဂရို့မိုင်းဆက်တွေကအမားကြောင့် မအောင်မမြင်ဖြစ်ရတာထက်..မလုပ်ဘဲ..မကြိုးစားဘဲနေလိုက်ရတာမျိုးကိုရှက်တတ်ပါတယ်တဲ့။
ကိုယ်ကိုကိုယ်ယုံကြည်မှုတည်ဆောက်နိုင်သူများ..ဝေဖန်ခံနိုင်သူများပါလေသလားဘဲနော်။
နောက်တခုက..
တစုံတခုသောအမှားပေါ်မှာ..ဘာကြောင့် ညာကြောင့်လို့ဖစ်မိုင်းဆက်တွေဆင်ခြေပေးနေ၊အပြစ်ရှာဘို့လူစဉ်းစားနေချိန်မှာ..ဂရို့မိုင်းဆက်တွေက…တာဝန်ယူစိတ်နဲ့..အမှားကိုဝန်ခံတတ်..ပြုပြင်တတ်..ဆင်ခြေမပေးတတ်သူများပါတဲ့.။
ဆင်ခြေများတဲ့ပါးစပ် ထမင်းငတ်တတ်တယ်ဆိုတဲ့..စာတန်းလေးပြေးသတိရ..မိ။
တာဝန်ကျေချင်သူများမှ..တာဝန်ယူရဲမှာပေါ့..လို့စဉ်းစားမိတယ်..။
မှားမှာမကြောက်တဲ့စိတ်နဲ့..လေ့လာသင်ယူမှုကို..ပါရမီတရပ်လို..ကြိုးစား..အားထုတ်ရင်း..တာဝန်ယူတတ်တဲ့စိတ်လို့..အကျဉ်းချုပ်ကြည့်လိုက်တော့..
Fixed mindset ကနေ growth mindset ကိုပြောင်းဘို့ရာ..ခက်သလား..လွယ်ငလား..စဉ်းစားကြည့်ချင်..ကြည့်ပါလို့..
thit min
September 2, 2014 at 7:30 pm
မလတ်ရေ..ဒုတိယအချက်ကိုတော့ပြောစရာမရှိလြိ့.နံပါတ်၃အချက်ငြင်းခုန်ခြင်းကိုပြောမယ်နော်..။
အစ်မပြောတဲ့ငြင်းခုန်ခြင်းမျိုးဆိုတာ..
၁.တဖက်လူရဲ့စကားကိုအသေအခြာသဘောပေါက်အောင်နားထောင်..။
၂.ကိုယ့်နဲ့အယူအဆမတူလဲ”ဒေါသကင်းစွာနဲ့”ပြန်ငြင်း
၃.ကိုယ့်အယူအဆမှန်သွားရင်..”ကိုယ်နိုင်တာ”..သူ့အယူအဆမှားသွားရင်..”သူရှုံးတာ”..လို့..မယူဆဘဲ..”အဖြေ”ရသွားတာလို့..ဘဲ..ယူဆတတ်တဲ့..စိတ်ဓာတ်
၄.ငြင်းခုန်ဘက်ပေါ်ရန်သူလို..သဘောမထားတတ်တဲ့.(သို့) ကိုယ့လောက်မတတ်တဲ့..လူလို့..အထင်မသေးတတ်တဲ့စိတ်..။
၅.အမှန်ကိုသိသိကြီး..နဲ့..ငါဘဲမှန်တယ်လို..ဖင်ပိတ်ငြင်းတတ်သောစိတ်..။
များမပါဝင်သော..ငြင်းခုန်ခြင်းမျိုးကို ဖြစ်စေချင်ပုံရတာလား..။
ဘာဘဲဖြစ်ဖြစ်ငြင်း..ပြီးရင်..”ထသတ်ကြ”ဆိုတဲ့ပုံစံလား..ဆိုပြီး..ကိုယ့်တယောက်တည်းငြင်းခုန်ကြည့်မိတယ်..။
အဲဒီတော့ပြောချင်တာက..
ဘယ်သူနဲ့မှမငြင်းနဲ့အုံး..။
ကိုယ့်အယူအဆဟာ..အများနဲ့ဆန့်ကျင်နေရင်…တယောက်ထဲ..မတူတဲ့အခါ..ကိုယ့်ဟာကိုယ်ငြင်းကြည့်..ကိုယ်”ဘာလဲ”ဆိုတာသိသလိုလိုရှိလာတယ်..။
စမ်းကြည့်ပေါ့..စိတ်ပါရင်..လေ။
မြစာကလေး (23122011)
September 2, 2014 at 8:32 pm
ကိုသစ် ရေ
အပြင်မှာများ ထိုင်ပြီးတော့ စကားပြောလိုက်ရရင် ဘယ်လောက်တောင် ကောင်းမလဲ စဉ်းစားမိတယ်။
တစ်နေ့တောင် လောက်ပါ့မလား။
အစ်မလဲ ပြောချင်ရာ တွေ ဝင် ဝင် ပြောနေတာ ကိုသစ် ရဲ့ ဆွေးနွေးတဲ့ ခေါင်းစဉ် နဲ့ချော်ချော် သွားနေမှန်း သိပေမဲ့ ကြုံ တုန်း မို့။
ကိုသစ် ပြောတဲ့ “ကိုယ့်ဟာ ကိုယ် စိတ်နှစ် စိတ် ငြင်း နေတာ”။
မှန်လိုက်လေ ဆိုပြီး ရီ လိုက်မိသေး။
ကိုသစ် အစ်မ က အမြဲ စိတ် ၂ စိတ် ရှိပြီး အဲဒီ ၂ စိတ် ငြင်းနေကြပေါ့။
အစ်မ ရဲ့ ဘေးက လူ ကတော့ ပြောတာဘဲ။
သူက တော့ တစ်ခုခု လို လုပ်လိုက်ပြီး ရင် ဘယ်တော့မှ ပြန်ပြီး မကြည့်ဘူး။ နောင်တ မရ တတ်ဘူးတဲ့။
အစ်မ ကတော့ နောက်ပြန် ကြည့်ပြီး စမ်းစစ် တတ်တယ်။ တနည်း တော့ မကောင်းဘူး။
စိတ်တွေဝေ သွားတတ်တယ်။
ဒါပေမဲ့ ၂ယောက်လဲ ပေါင်း စဉ်းစားလိုက် ရော ကောင်းတဲ့ ရလာဒ် တွေ ရတတ်ပါတယ်။
ပြောသာပြောတာ။
တကယ်တော့ ပြောင်းတာ က ကိုယ့်တာ ကိုယ်သာ လုံ ဖို့ အရင်ကြိုးစား ရမှာပါ။
လူတွေ ရဲ့ Relationship ကောင်းဖို့ အတွက် စာအုပ်တစ်အုပ် ခေါင်းစဉ် ကြားဖူးတယ်။
“Change Your Mindset, Not Your Man:” တဲ့။
ဟုတ်ပါတယ်။
အစ်မတို့ က ကိုယ့်ဟာ ကိုယ် အရင် မကြိုးစား ဘဲ သူများ ကို ကိုယ်နဲ့ တူ အောင် ပြောင်းဖို့ ကြိုးစား နေတာကိုး။
လူ နှစ်ယောက် ထဲရဲ့ Relationship ကိစ္စ က Fixed ကနေ Growth ပြောင်းဖို့ လွယ်မယ်။
ကျောင်းသားလေး တွေက သူတို့ ရဲ့ Fixed mindset ကို စာသင်နေတုန်း Growth ဖြစ်အောင် ပြောင်းဖို့ လွယ်မယ်။
ဒါပေမဲ့ စိတ်စုံ လူစုံ ရှိနေတဲ့ အလုပ်ခွင်ထဲ မှာ လွယ်မလွယ် စမ်းစစ်နေဆဲ။
အလုပ်လုပ်လာချိန် လူတွေ မှာ Professional Responsibilities နဲ့ Personal Interest တွေ ကြားမှာ Conflict တွေ အမြဲတန်း ရှိနေလို့ ပါဘဲ။
တစ်ချို့ Conflict တွေ က သိသိသာသာ ရှောင်လို့ရမယ်။
တစ်ချို့ ကတော့ သိတောင်မသိ ဘဲ ဖြစ်နေတာ ရှိမယ်။
အဲဒီ အချိန် အဖွဲ့အစည်း နဲ့ အလုပ်လုပ်ရတာမို့ ကိုယ်ကချည်းဘဲ ပြောင်းပြီး ရှေ့ရောက် နေလို့ မရ။ နောက်ပြန်ဆွဲပြီး ကျန်နေသူ တွေ ကိုလဲ ညှိပြီး ခေါ် မှ အလုပ်ဖြစ်၊ ရည်ရွယ်ရာ ရောက်မှာကိုး။
ဒီမှာ အပေါ်ကလို
“Change Your Mindset, Not Your Man:”
နဲ့ သွားလို့မရတော့။
ဒီတော့ ငြင်းခုန်ခြင်း တွေ ပါလာပြီ။
ပြောချင်တာ က ငြင်းပါ။
“ထသတ်ပြီး ရန်ပွဲ နဲ့ အဆုံးမသတ်” ဘဲ “အဖြေကောင်းတစ်ခု ကို ရှာ” တွေ့အောင်လို့
စိတ်လွတ်လွတ် လပ်လပ် ရဖို့ အတွက် Self-interest ခေါ်မလား။ Personal-interest / narrower interest ခေါ်မလား။
အဲဒါ တွေ ကို ချန် ခဲ့ပြီး Public Interest အတွက် အပြန်အလှန် လေးစားသမှုပြု ရင်း ငြင်းကြပါလို့ ဆိုလိုချင်တာပါ။
ထမင်းစားဖို့ အလုပ်လုပ်တယ် ဆိုတာ ကိုယ်တင်မက သူများ အကျိုးစီးပွါး ကိုပါ ကြည့်သင့်တာ မဟုတ်လား။
အချုပ် က ငြင်းရင် Self-Interest ဆိုတဲ့ Mindset ကို Growth ဖြစ်ပြီး Public Interest အတွက် ဦးတည် ပြီးအဆင့်မြင့်မြင့် ငြင်းကြဖို့ ကို ပြောတာပါ။
ရေးတာ ရှုပ်သွားခဲ့ရင် ခွေးလွှတ်ပါ။ :-)))
PS – စီးပွါးရေးသမား တွေ ကတော့ self-interest ဆိုတာ ကို ရှေ့တန်းထား မှ အောင်မြင်မှု ရတယ် လို့ ထင်ကြမလားဘဲ။
ဒါကြောင့် ဒီလို လူတွေ အတွက် အဟန့်အတား ဥပဒေတွေ စည်းမျဉ်း တွေ လိုလာတာ လို့ ပြောတာပါ။
ဒီ ဥပဒေကို စောင့်ကြည့် ရမဲ့ သူတွေ ကလဲ သူတို့ အကျိုး ရဖို့ ထက် အများပြည်သူ အကျိုး အတွက် စဉ်းစားမှ တစ်ပြည်လုံး အတိုင်းအတာ နဲ့ အောင်မြင်နိုင်မှာ မဟုတ်လား။
တကယ်ကတော့
ပြောရရင် Mindset တွေ ပြောင်းဖို့ မခက်ပါဘူး။
ကိုယ်ကျိုးစီးပွါး ဆိုတာ ကို နောက်ချန်ထားနိုင်ခဲ့ရင်ပေါ့။
တနည်း Self-interest ကနေပြီးPublic-interest ကို တိုးမြှင့် နိုင်ရင် Growth ဖြစ်တယ် ခေါ်နိုင်မလား ပါဘဲ။
:-))
thit min
September 4, 2014 at 12:31 am
စီးပွားရေးပညာရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့ခေါ်ထိုက်တဲ့..အက်ဒမ်စမစ်(၁၇၇၆ ခုနှစ်မှာနိုင်ငံတို့၏ဥစ္စာဓနစာအုပ်ကိုရေးသားခဲ့သူ) ကလူ့ရဲ့အတ္တကိုသာ လှုံ့ဆော်အားပေးလိုက်ပါ..လူ့အဖွဲ့အစည်း(ပရအကျိုးစီးပွားကိုအလိုအလျောက်လုပ်ဆောင်သွားပါလိမ့်မယ်တဲ့..။
ဆိုလိုချက်ကို..ဥပမာနဲ့ရှင်းပြရရင်..ကားထုတ်တဲ့လုပ်ငန်း..ဆိုပါတော့။
သူ့လုပ်ငန်းအကျိုးစီးပွား(အတ္တ)အတွက်သူဟာသူ ကားထုတ်လုပ်ရောင်းတာပါဘဲ..။
ဒါပေမဲ့သူ့အတ္တနဲ့ထုတ်လုပ်၊သူအမြတ်ရ၊သူအကျိုးရှိသလို..သူရောင်းလိုက်တဲ့ကားကိုစီးပြီး..လိုရာခရီးကိုသွားနိုင်..ကုန်စည်စီးဆင်းနိုင်၊လူနာတယောက်ရဲ့အသက်ကိုတောင်အချိန်မီကယ်နိုင်..ဆိုတာမျိုးတွေရှိနိုင်တယ်မဟုတ်ပါလား..။
ဆိုတော့.သူကတော့..သူ့အတ္တအတွက်သူလုပ်တာပေမဲ့..ပရအကျိုး..public interest အတွက်ပါ..အကျိုးသက်ရောက်စေတယ်ပေါ့နော်..။
အဲဒါကို..ကိုယ်ပျောက်လက်(invisible hand) လို့ခေါ်တယ်ပေါ့နော်။
အဲဒါက..self interest ကနေ public interest ကိုပြောင်းသွားတတ်သော..ဂကျွဲကူးရေပါ(ယေဘုယျ)သဘောတရားလေးပါ။
အစ်မလတ်ရေ..
ဂရို့မိုင်းဆက်သမားတွေကတော့ပရဟိတ..public interest နဲ့ပိုပြီးနီးစပ်တယ်ဆိုတာလက်ခံပါတယ်။
ဒါပေမဲ့..fixed interest သမားတေဃကလဲ..public interest နဲ့လုံးလုံးကြီးဝေးနေသလာ..အခြေအနေတခုမှာ..နီးစပ်နိုင်သလားဆိုတာ..အပေါ်က..အကြောင်းအရာများနဲ့..ချိန်ထိုးကြည့်နေမိတယ်..ခင်ဗျ..။
မြစာကလေး (23122011)
September 4, 2014 at 3:51 am
အက်ဒမ်စမစ် က Growth Mindset ကို ပြောင်းပြီးသား ဖြစ်နေမှာပါ ကိုသစ်ရယ်။
moralist first, a capitalist second.
Overspecialization, especially of the mind, causes detriment to the human spirit. လို့ ပြောခဲ့တယ်တဲ့။
သူ့ရဲ့ Theory Of Moral Sentiments (1759) စာအုပ်မှာ။
အရင်ထဲက သိနေခဲ့တာဟုတ်ဘူး။
Google ကြည့်တော့ တွေ့တာ နော်။ :-)))
http://puttylike.com/why-the-multipotentialite-mindset-makes-sense-from-an-economics-and-philosophical-perspective/
ဇီဇီ ခင်ဇော် (15102012)
September 4, 2014 at 3:04 pm
ပို့(စ) ပိုင်ရှင် ပျောက်ချက်သား ကောင်းလှချည်လားးး
:a:
။
ကိုသစ်ရေ။
အတည် ကြိုးစား ပြောပါဦးမယ်။
ပို့(စ) ရော ကော်မန့်တွေ ဖတ်ပြီးတဲ့ အချိန်မှာ တော့ ….
အမှန်ကို အမှန်အတိုင်း မြင်နိုင်တဲ့ (ကိုယ့်ကိုယ်ကို/သူများကို)
စိတ်ရဲ့ အသိတရားနဲ့
သတိတရားကို မြှင့်တင်ဖို့ပဲ မြင်မိပါတယ်။
နေ့စဉ် ကျနော်တို့ နေရတဲ့ ဖြတ်သန်းရတဲ့ စိတ်မှာ မသိခြင်း ဆိုတဲ့ မောဟက အများကြီးကိုးနော့။
:a:
ကိုယ့်ကိုယ်ကို လောဘတက်လို့ တက်မှန်းမသိ…
ဒေါသဖြစ်လို့ ဖြစ်မှန်းမသိ…
တပ်မက်ခြင်းရဲ့ ပူလောင်မှုတွေကို သတိမမူမိ….
မနာလို၊ ဝန်တိုတာတို့ ဆိုတာက စိတ်အလျှင်အတိုင်း အလိုအလျှောက် ဖြစ်နေကြတာ။
:a:
ဒါတွေကို ဖြစ်လို့ ဖြစ်မှန်းမသိတဲ့ မောဟစိတ်နဲ့
နေ့စဉ်ဖြတ်သန်းကြတာ ဆိုတော့
ဘယ်ဟာကို ပြင်ရ ထိန်းချုပ်ရမှန်း မသိတဲ့ မသိခြင်း တရားတွေ က အထပ်ထပ်!!!!
ဆိုတော့ ….
ဒီ Q တွေ ပြောနေရတာက နားလည်လွယ်လို့သာကိုးးး
သံသရာလည်တဲ့ စက်ဝန်းကို ဒီ Q တွေ နဲ့ ဆန်းစစ်ကြည့်ဦးမယ် ဆိုရင် ဒီ Q တွေ အားနည်းလေ သံသရာရှည်လေနေမှာပါ။
:a:
အဲဒီတော့ တစ်ခုချင်းစီ နဲ့ ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီး ထိန်းညှိမှသာ ပြေလည်ဦးမှာပဲ။
ကိုယ့်ကိုယ်ကို မညှာတမ်း ဆန်းစစ်ဖို့ကလည်း ဒိတ္ထိလေး ပြုတ် ဦးမှ။
:a:
ဆိုတော့ ….
Mindset တစ်ခု ကို အကောင်းဘက် ဘယ် က စ Change ရမတုန်းဆိုတော့ ကျနော်ကတော့ ခပ်လွယ်လွယ် ကောက်ချက်ဆွဲတတ်လို့ ဆွဲလိုက်ရင် …
Open-minded person ဖြစ်ဖို့ ပထမဆုံးလိုအပ်တယ် ထင်ပါကြောင်းးး
:a:
thit min
September 4, 2014 at 11:03 pm
Happy Birthday! ပါ..မခိုင်ဇာ..။(May be late wish)
ကိုယ့်ကိုကိုယ်..ညှာညှာတာတာတွေးတတ်တဲ့လူ့သဘောအရ..ကိုယ့်ကိုကိုယ်အမှန်မြင်ဖို့ရာဆိုတာ..ရင့်ကျက်မှုတွေ၊မာန်ချတတ်တဲ့စိတ်တွေအတ္တစိတ်တွေနဲ့ကိုယ်ကိုကိုယ်ဗဟိုပြုစဉ်းစားတတ်တာတွေနဲ့ချိန်ဆရမယ်ထင်ပါရဲ့..။
တော်တော်ခက်ပါတယ်။
သီးခံလိုက်ပေမဲ့..စိတ်ထဲမှာဒဏ်ရာတွေကျန်ခဲ့ရတတ်ပါတယ်။
ပွင့်လင်းမှုကနေ..အထင်သေးခံလိုက်ရတာမျိုးတွေလဲရှိပြန်ပါတယ်။
အားနာမိလိုက်လို့အစော်ကားခံလိုက်ရတာမျိုးပေါ့နော်။
အမှန်အတိုင်းဝန်ခံရရင်..case by case နဲ့ဘဲ..စိတ်ကိုထားတတ်ဖို့..သတိထားလိုက်တော့တယ်..။
ဘယ်လိုနေမယ်ဆိုတာကြိုမတွေးထားတော့တခါတရံမှာ..စိတ်ထဲ”ငြိဒေါသ”..ငြိမောဟ..ဖြစ်တတ်တာတော့ရှိတတ်ပါတယ်..။
နောက်တော့လဲအကျင့်ရသွားပြီး..(တခါတလေ)ဒေါသဖြစ်သင့်တာတွေကိုတောင်..
ဖြစ်ရမှာလား..မဖြစ်ရမှာလားစဉ်းစားမိလို့..လိုရင်းမရောက်ရတာတွေဖြစ်ဘူးတယ်။
ဆိုလိုတာက……မခိုင်ဇာပြောတဲ့opened minded ဆိုတာ..ကိုယ့်စိတ်ကိုကိုယ်..ပွင့်လင်းစွာမြင်အောင်..”စိတ်တံခါးဖွင့်..ထားခြင်း”..လို့ထင်မြင်မိပါကြောင်း..။
(ပွင့်ပွင့်လင်းလင်းပြောလိုက်..လို့မရတာတွေရှိပေမဲ့..ပွင်းပွင်းလင်းလင်းတော့..တွေးနိုင်ခွင့်ရှိကြတာကို..အသုံးချစေချင်ပါတယ..ပေါ့နော်)
ဇီဇီ ခင်ဇော် (15102012)
September 5, 2014 at 9:47 am
ဟိ။
ဆုတောင်း အတွက် ကျေးကျေးပါ ကိုသစ်။
အမှန်တော့ ဘာမှ ဟုတ်ဘူးးး
မွေးမေလေ့ လာတုန်း အနော့ကို တရားစကားတွေ ပြောသွားတာ နားထောင်ပြီးး လာပြောတာ။
:mrgreenn:
သီးခံလိုက်ပေမဲ့..စိတ်ထဲမှာဒဏ်ရာတွေကျန်ခဲ့ရတတ်ပါတယ်။
ပွင့်လင်းမှုကနေ..အထင်သေးခံလိုက်ရတာမျိုးတွေလဲရှိပြန်ပါတယ်။
အားနာမိလိုက်လို့အစော်ကားခံလိုက်ရတာမျိုးပေါ့နော်။
ကွက်စတိပဲ။ :mrgreenn:
ကန္နားစီး မိဂီ
September 5, 2014 at 3:57 pm
@ အရီး နဲ့ ဘဘသစ် သို့…
အဘနဲ့ နီးရာလူတသိုက် က နိုး ေ-ာက်ဂရု ဆိုတဲ့ ကိစ္စမှာ ဂလို စိတယ် အရီးရဲ့ ….
အရီးပြောသလို … ဒီလူတွေ လုပ်ချင်တိုင်းလုပ်တယ်ဆိုတဲ့ ကိစ္စမှာ
ဘားမားစပရင်း ခေတ်ဦးထိ မှန်ပါတယ်…
အဲ.. ၂နှစ်ကျော် ၃နှစ်အတွင်း ချဉ်းလာတဲ့အခါမှာ ….
လုပ်ချင်တိုင်း လုပ်လို့ မရတော့တဲ့အပြင် … အလုပ်တောင်မဖြစ်တော့ဘူးဆိုတာ ကိုမြင်ရလို့ပါ
(အဲ့သည့်အချက်ကို အောက်မှာ သေချာရှင်းပါ့မယ်)
အဲ့သည့် ဘားမားစပရင်းထိပေါ့ … လက်ဝါးရိုက် အမ်အိုယူထိုး ပုံအပ်….
ချမ်းသာသူတွေ ပိုချမ်းသာလာ .. ပိုမြင့်တဲ့အဘ ဆီပိုနီးစပ်
ပိုမြင့်တဲ့အဘ နားပိုနီး ပိုလုပ်ပိုင်ခွင့်ရ ဆိုတဲ့ +ive feedback cycle လည်ပါတော့တယ်
သည်တော့ သူတို့က လုပ်ချင်တိုင်းလုပ် ပတ်ဝန်းကျင်ထိခိုက် ပြည်သူ သောက်ဂရုမစိုက်နဲ့ပေါ့…
အဲ… စပရင်းမှာပဲ ပါရာဒိုင်း က ချိန်းသွားတယ်…
မီဒီယာ က ပြည်သူ က အရင်က
မသိခဲ့လို့သော်လည်းကောင်း
မတတ်ခဲ့လို့သော်လည်းကောင်း
ခဲသီးပူပူလေး နဲ့ တာလဘော ကြောက်လို့သော်လည်းကောင်း
မပြောဝံ့ မရေးဝံ့ရာကနေ ….
ဗြုန်းဆို ပြောခွင့် ရေးခွင့်ရလာတဲ့အချိန်
(ရေးခွင့်ပြောခွင့် ရကာစတော့ ဖတ်ကောင်းတာပေါ့ဗျာ)
ကြာလာတော့ (သူတို့သမိုင်းကို လှန်တာ မလှန်တာ အကြောင်းမဟုတ်)
လက်ရှိ ပစ္စခ ရဲ့ စီမံကိန်းတွေ ပရော့ဂျက်တွေ နောင် လုပ်လတ္တံ့သော အရာတွေ ကို
ချက်ခြင်း ရပ် …. ဆိုတဲ့ အသံကျယ်ကျယ်လောင်လောင်နဲ့ တားခဲ့ကြတာ ယနေ့ခေတ် အခြေအနေပါ။
သိပြီးဖြစ်မှာပေါ့… မြစ်ဆိုလည်းမြစ်မို့ တောင်ဆိုလည်း တောင် မို့ ဆိပ်ကမ်းဆိုလည်း ဆိပ်ကမ်းမို့….
ပိုက်လိုင်းဆိုလည်း ပိုက်လိုင်းမို့ …. လေဆိပ်လည်း လေဆိပ်မို့ … မြို့ သစ်လည်း မြို့သစ်မို့
ဘာမဆို ….ရပ်ခိုင်းတာ တွေချည်း…..။
သည်တော့ လုပ်ငန်းတွေဘက်က ပြန်ပြီး ပရိုပိုဇယ် အနေနဲ့ ဘာတွေ ဘယ်လို ဘယ်စံညွှန်းနဲ့ လုပ်ပါမယ်
စစ်လှည့် ဆေးလှည့်ပါ ဘာညာ ပြန်ချပြတယ်ဗျ….။
အဲ…. ဒီအဆင့်ကျတော့ … ငွေဖြူလား ငွေမဲလား…။ နဂါးကြီးဆီကရတာလား အပင်တွေဆီကရတာလား
ဟိုအဖြူ မှုန့် တွေကရတာလား … ဆိုပြီး ဟာကွာ ကြာတယ် မလိုချင်ဘူး အယုံကြည်မရှိဘူး ပွင့်လင်းမြင်သာမှု
မရှိဘူး ရပ်..ဆိုရပ်…။ ခြွင်းချက်မရှိ လုံးဝ ဥဿုံရပ် … ဆိုတာမျိုး ထပ်ဖြစ်လာပြန်ရော…။
အဲ့သည့်မှာ လုပ်ငန်းတွေ ဂျမ်းဖြစ်ကုန်တယ်။ တုန့်ဆိုင်းကုန်တယ်။
စိတ်ပူစရာ နဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် က အဲ့မှာ စတင်ပါတယ်။
ထားပါတော့ သူတို့ပြောသလို ထိပ်ဆုံး တိုင်ကွန်း အယောက် ၂ဝ လုပ်နေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တယ်ဆိုပါစို့။
တိုင်ကွန်း တယောက်မှာ (လုပ်ငန်းအမျိုးအစားကိုလိုက်လို့) ဝန်ထမ်း သောင်းဂဏန်း ကနေ သိန်းဂဏန်း ထိရှိတယ်။
တဦးစီမှာ လက်တွဲလုပ်နေတဲ့ SMEs (sub cont:) တွေ ဆယ်ဂဏန်းကနေ ရာဂဏန်း ရှိတယ်။
SMEs တွေတိုင်းမှာ ဝန်ထမ်း ရာဂဏန်း စီလောက် ပျမ်းမျှ ရှိမယ်။
ဒါတွေ အကုန် ရပ်ကုန် ဆိုင်းကုန် အလုပ်လက်မဲ့ဖြစ်ကုန် ကုန်စည်စီးဆင်းမှု တုန့်ကုန်မယ့် အရေးခင်ဗျ။
ဆိုတော့ အချုပ်ပြန်ကောက်ရရင် သူတို့ လုပ်ချင်တာလုပ်ခဲ့တာက အတိတ်
ဖြစ်ပြီး
လက်ရှိကတော့ သူတို့ (မဖြစ်လို့ ပဲဆိုစေကာမူ) ချပြ ရှင်းလင်း အစစ်ဆေး ခံပါ့မယ်ဆိုတာတောင်
လုပ်မရတဲ့ အချိန်ဖြစ်သွားလို့ အရီးကို အဲ့နေရာ မှားတယ် ပြောတာပါဗျ။
အဲ့သည့်အတွက် အဖြေကတော့ … ခရိုနီ မကောင်းကြောင်း နဲ့ သမိုင်းကြောင်း ကို လိုက်တာ တူးတာ က သက်သက်
လက်ရှိ ပစ္စခ မှာ လုပ်မယ့် ပရော့ဂျက်တွေဟာ CSR ပေတံနဲ့ တိုင်းနိုင်ရမယ် အစစ်ဆေးခံနိုင်ရမယ်
ဒေသကို အကျိုးတကယ် (တကယ်) ပြုရမယ် ဆိုတာမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်စေဖို့ ပဲ တွန်းအားပေးသင့်တာပါ
မကြားချင်ဘူး ရပ် ဆိုတာမျိုးထက်ပေါ့။
မြင်ရသမျှတော့ (တချို့ မရိုးသားတဲ့ မီဒီယာတချို့) ဒေသခံကို မြှောက်ပေး ဇာတ်တိုက် ပီး ဘယ်မှာဗျူးရင်ဘယ်လိုငိုပြ
ဆိုတာမျိုးတွေပေါ့ဗျာ။ မီဒီယာအနေနဲ့က အဲ့လို တွေ လုပ်မယ့်အစား … လုပ်ငန်းရှင်တွေလည်း စည်းကမ်းရှိအောင်
လူထုလည်း မနစ်နာအောင် စောင့်ကြည့် အကဲဖြတ် ဝေဖန် ပြီး တောက်လျောက် မော်နီတာ လုပ်သွားရမယ် မြင်ပါတယ်။
အဲ့ထက်ပိုရင်တော့ လုပ်ငန်းတွေကို အများပိုင် ပုံစံမျိုးနဲ့ ဘယ်သူမဆို လွတ်လပ်စွာ ရှယ်ယာ ထည့်ဝင်နိုင်တဲ့စနစ် ရောက်အောင်
ဦးဆောင်လမ်းပြဖို့ လိုတယ် မြင်မိပါတယ်။ အစိုးရကတော့ ဘယ်ဘက်ကမှ ဖောင်းပလေးမဖြစ်အောင် ကြီးကြပ်ပေးတဲ့
ဒိုင်လူကြီးအနေနဲ့ နေပေးပေါ့…။
(P.S ဆြာသစ်ရေ … Q တွေနဲ့ လုပ်ပါဦး )
ကြုံလို့ … တွေ့ဖူးတာလေး ၂-၃ခု ပြောပါ့မယ်…။
၁။
တောဆိပ်ကမ်းမြို့လေး ဆိုပါတော့ …။ မြေကျဉ်းကျဉ်းလေး မိသားစု ငှားနေရတာ ပိုင်ရှင်က ၁၄-၅သိန်းရရင် ရောင်းမယ်ဆိုလို့
(ကျောင်းနေ မောင်နှမ ၃ယောက်လုံး) တနှစ်ကျောင်းနား ကွမ်းယာဆေးလိပ်ရောင်းပြီး တနှစ်တိတိ မိသားတစုလုံး ဒိုးတူဘောင်ဘက်
ရုန်းလိုက်ကြတာ… တနှစ်မပြည့်ခင်မှာပဲ … ဘာစီမံကိန်း ရှိသဟဲ့ဆိုပြီး …အဲ့ဒေသက မြေတွေ 100x to 500x လောက်ဈေးမြင့်ကုန်တာ
သူရို့ငှားနေတဲ့အကွက်ကျဉ်းလေးတောင် ၂၀ဝကျော်သွားသမို့ ပိုင်ရှင်က ကတိကဝတ်ကို ဘွာခတ်သွားပါသတဲ့….။
၂။
လယ်တကွက် ကို သောင်းဂဏန်း လက်ညှိုးထိုးရောင်းနေတဲ့ တောမြို့ တမြို့ပေါ့။
ဟုတ်ပြီ ဒီစီမံကိန်းလုပ်မယ် .. လယ်မြေတွေ ရောင်းပေးကြပါ တဧက ကို ပေါက်ဈေး 10x to 15x ပေးမယ်..။
ဖုန်းကတ်တိုးသလို အလုအယက် ရောင်းကြပါတယ်ဗျား။ အဲ့အထိအေးဆေးနော…။
စီမီကိန်း အတွက် လမ်းတွေဖောက်လိုက်တယ် မီးတွေသွယ်လိုက်တယ်… အဲ့မှာ ပြသနာစတယ်။
သိပ်ချမ်းသာပြီး ပိုက်ဆံထားစရာမရှိသူတချို့ အနီးနားက မြေတွေ ဈေးကောင်းပေးပြီး လိုက်ဝယ်တယ်။
လေထဲကဈေး ပါးစပ်ထဲကဈေးနဲ့ ပေါက်ဈေးက 100x ~ 500x ဖြစ်လာတယ်။
မီဒီယာက ဝင်မွှေတယ် … တောင်သူတွေ ပေါက်ကွဲပြီပေါ့ဗျာ။အဲ့သည့်မှာ … ပြသနာတွေဖြစ် …အို …ပြသနာတွေဖြစ်… ။
၃။
တလောလေးက ရန်ကုန်မြို့လည်ခေါင်က အထင်ကရ ရုံးခန်းဖွင့်လှစ်ရာ တိုက်ကြီးကိုရောက်သွားတယ်။
သိလိုက်ရတာတခုက အနှီ စီးပွားရေး စင်တာ ဟာ (အာရှမှာတောင်မဟုတ်) ကမာ္ဘတန်းမှာ ရုံးခန်းဖွင့်လှစ်ဖို့အတွက်
ငှားရမ်းခ ဈေးအမြင့်ဆုံး တော့ပ်တန်း စရင်းဝင်ပါသတဲ့ …။ အံ့ဩကုန်နိုင်ဖွယ်ပါ။
သည် ၃ခုလုံးကို ခြုံပြီး ကောက်ချက်ချတော့ .. မြန်မာစကားပုံ “မြေဝယ်မကျ” ကြောင့်ဗျ။
မြေသာဝယ်ထား ဘယ်တော့မှ ဈေးမကျဘူးဆိုတာ…။
ချမ်းသာသူတွေ (တရားဝင်ရော တရားမဝင်ရောပါ) ငွေကစားစရာမရှိတော့ မြေ ကို ငွေနဲ့စက်ပြီး ကစားကြရာကဖြစ်တဲ့ကိစ္စတွေချည်း။
မြေမျိုလို့ ဘဝပျက်သွားသူတွေလည်း မနည်း။ အဲ…. လုပ်ငန်းတွေ ကမောက်ကမဖြစ်ကုန်… အလုပ်အကိုင်အခွင့်အလမ်း တွေ
လွတ်ကုန်တာလည်း မနည်းဗျ။
လက်ရှိ … ဒေသတခုမှာ ပရော့ဂျက်ထွားထွား လုပ်တော့မယ် ဆိုပါစို့…။
လယ်တွေ သိမ်းမယ်… ရွာတွေသိမ်းမယ် …အစားပြန်ပေးမယ်
(အစားပြန်ပေးတဲ့နေရာမှာလည်း အရင်လို တွေ့ကရာ တောင်ကုန်း မြင်ကရာ ခြုံပုပ်) မဟုတ်
အကွက်ချ မြေပြင် ပြီး မျိုးစံပါးပါ ပေးမယ်။ နေထိုင်ဖို့ အဆောက်ဦတွေ နဲ့တကွ လျပ်စစ်မီး ရေချို(သောက်သုံးရေ)
စာသင်ကျောင်း ဆေးပေးခန်း နဲ့ လမ်းတံတားပါ တာဝန်ယူပေးပါမယ် ဆိုရင်တောင်
မလိုချင်ဘူး ရပ် ဆိုတဲ့ ခေတ် ရောက်နေတယ်ဗျ။ (စောနကပြောတဲ့ မြေဝယ်မကျ ကိစ္စကြောင့်)
ခက်တယ်ဗျာ… တိုင်းပြည်ကထွား လူဦးရေကနည်း တဲ့ကြားကမှ … မြေလုတဲ့ပြသနာနဲ့ အကုန်တန့်ကုန်တဲ့ အဖမြန်မာပြည်။
ကျနော် ခရိုနီ လော်ဘီ လုပ်နေတာ မဟုတ်ပါဘူး။ ဘယ်ခရိုနီ ခရိုပြာ နဲ့မှလည်း အလုပ်လုပ်မနေပါဘူး။
အထက်က ပြောတဲ့ ဥပမာလို တိုင်ကွန်း အယောက်၂ဝ လောက်ရဲ့ အလုပ်တွေသာ (အလုံးစုံ) ရပ်ကြည့်။
တိုင်းပြည်စီးပွားကျတာပါပဲ။ ငတ်တဲ့လူသေမယ် ။ ဆင်းရဲတဲ့လူ ငတ်မယ်။ လူလတ်တန်းစား က အခြေခံလူတန်းစား ဖြစ်ကုန်မယ်
-ive feedback loop လည်မယ်ပေါ့ဗျာ…။
ဟိုဘွားတော်ကို လေးစားတာ အဲ့ဒါတွေပါတယ်။
ချစ်တာမုန်းတာ ကောင်းခဲ့တာ ဆိုးခဲ့တာ ဘယ်သူ့အမျိုးဖြစ်ခဲ့တာ မဖြစ်ခဲ့တာ
ပညာတတ်ခဲ့တာ မတတ်ခဲ့တာ ဘာမှ မတွေးဘဲ …သူသာ ဦးဆောင်မယ်ဆိုရင်
best quality, best value, best economy, best time-saving, best…, best…
တွေ အကုန် ချန်ထားပြီး အားလုံးအတွက် best fit ကို အဂတိတရား ကင်းကင်းနဲ့ ရွေးချယ်လုပ်ကိုင်စေမယ့်လူလို့မြင်လို့ပါပဲ။
ကျနော်တို့ (ကိုယ့် role play နေရတဲ့အဝန်းအဝိုင်းမှာ ကိုသစ်ပြောတဲ့ ဆိုင်ရာ Q တွေ ကို) စောင့်ထိန်းဖို့ ရင့်ကျက်ဖို့ လိုနေပါပြီ။
ခုတောင် စပရင်း အစကလို …အာရှ ရဲ့ နောက်ဆုံးပေါ် ကျား-အသစ် တို့…။
အရှေ့ဖျား နဲ့ အနောက်ကမာ္ဘအတွက် အာရှကို ဖွင့်မယ့် တချောင်းတည်းသော သော့ တို့….။
ရင်ခုန်စရာအကောင်းဆုံးသော အပြောင်းအလဲတို့ မြင်ရမယ့်မြေတို့…
ဘီလိုက်ခ်ဘားမား-ဘိုင်-အိုဘားမား .. တို့..။
မကြားရတာ ကြာပြီဟုတ်…။
အဲ့လို အဲ့လို ….
kai
September 5, 2014 at 4:13 pm
တော်တော်ကို လက်တွေ့ကျတဲ့.. အတွေးအမြင်..။
ဆိုတော့..
ယူအက်စ်မှာတော့.. မိန်းစရင်းမီဒီယာကြီးတွေက.. သူဌေးခရိုနီတွေပိုင်တာပဲ..။
ငွေကစားနိုင်တဲ့.. ငွေရှင်တွေကလည်း.. ငွေပိုတွေကို.. မြေသွားမဝယ်.. ကစားဖို့ဈေးကွက်သီးသန့်ရှိတယ်လေ…
စတော့ရှယ်ယာဈေးကွက်ပေါ့…။
အဲလို.. :k:
မြစာကလေး (23122011)
September 6, 2014 at 4:25 am
မောင်ဂီ
အဲဂလို ပညာသံ လေး တွေ ကို ပြန်ကြားရတာ ငြင်းရကြိုးနပ်ပါဘိ။
စကားလုံး တစ်ချို့ ကို မှတ်သား သင်ယူခဲ့ပါ၏။ :-))
ဒီမယ် သူကြီးမင်း
မပူပါနဲ့။
ရွှေပြည်ကြီး မှာလဲ စတော့ရှယ်ယာဈေးကွက် လာတော့ မှာပါ။
ကြည့်နေ။
Ethics မသိတဲ့ (တနည်း) မရှိတဲ့ ပြည် မှာ သတင်းပေး တွေ ခေတ်သစ်သူဌေး ဖြစ်တော့မှာကို။
မောင်ဂီ ပြောတဲ့ မြေဈေး တွေ က ဘယ်နေရာမှာ ဘယ်တော့ ဈေးတက်တော့မယ် ဆိုတာ ကို အကြားအမြင်ရ ပြောနိုင်တဲ့ သူ တွေ ပြောတာ ကို လိုက်နာတော့ သူဌေး ဖြစ်နေကြ သလိုပေါ့။
No Blame Culture အကြောင်း ဆက်ပြောချင်လဲ ပြောမရ အောင် ခန္တီပါရမီ မပြည့်သေး လို့
“သူတို့ ရှိနေသမျှ” လို့ဘဲ။
🙄
ကန္နားစီး မိဂီ
September 6, 2014 at 11:27 am
ဆွပေးနှိုုက်ယူ အငြင်းထူ အရီး…
ချဉ်ထှာအေ…
စတော့ဈေးကွက်လို့ကြားတိုင်း
ဟိုကန်ပနီကို … အေကေလေးဆယ့်ခွန်နဲ့ သွားပစ်ချင်တယ်..
ဟင့်
ကျော့်နောက် ဘူမှ ရှိလို့ရယ် ဟုတ်ပါဖူး…
တကောင်ဒဲ … ဒါပေမယ့်
ဖား…
အုံး အွမ်..
😀
pooch
September 6, 2014 at 1:03 pm
‘‘အာဏာကို ချုပ်ကိုင်ထား တဲ့ သူတွေရော၊ သဘောတရား ကို ချုပ်ကိုင်ထားတဲ့ သူတွေရော၊ ဝါဒစွဲတွေကို ချုပ်ကိုင်ထားတဲ့ သူတွေရော အားလုံးဟာ ငါတို့ ဘာပေးနိုင်မလဲ၊ ငါတို့ဘာစွန့် လွှတ်နိုင်မလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်’’
ဟု ဒေါ်အောင်ဆန်းစု ကြည်က အသွင်ကူးပြောင်းရေး ကာလ၏ အရေးကြီးဆုံးစိန်ခေါ်မှုနှင့် ပတ်သက်၍ ပြောသည်။ စက်တင်ဘာ ၅ ရက်တွင် ရန်ကုန် မြို့ရှိ မီကာဆာဟိုတယ်၌ ပြုလုပ်သော BAYDA Institute နှင့် ဂျာမနီ အဖွဲ့အစည်းတစ်ခုဖြစ်သော Konrad-Adennauer- Stiftungပူးပေါင်းစီစဉ်သည့် အလုပ်ရုံဆွေး နွေးပွဲတွင် ဒေါ်အောင်ဆန်းစု ကြည်က အဖွင့်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။
http://www.7daydaily.com/story/19961#.VAqXP3aJ3IV
ကန္နားစီး မိဂီ
September 6, 2014 at 4:06 pm
လုပ်ဇမ်းဘာ ..အုံးကျုံး လေးဒွေ…
လိုနေတာ အဲ့ဒါ. …
ဟိုဘွားတော် ဘယ်မှာ ဘာပြော ဆိုတာ ကျုပ်တို့လည်း ဖတ်နေ တွေ့နေရတာပဲကို…
ချဉ်ပါ့ဗျာ …
🙁
pooch
September 6, 2014 at 4:43 pm
ငါ့ဦးနှောက်က ခုနောက်ပိုင်း အလုပ်သိပ်မလုပ်တော့ဘူး
လူကလည်း အ သွားပြီ .. ;'(
မြစာကလေး (23122011)
September 6, 2014 at 5:51 pm
GM Pooch လေး GM ။ (Growth Mindset) :-))
ရှင်လေး ရဲ့ အရီး အဘွားကြီး အင်မတန် ချစ် တဲ့ ဟို အဘွားကြီး ကို ကြည့်လိုက်ပါ အေရယ်။
သို့ပေသည့် တို့ Pooch လေး ဘာတွေ ဘယ်လောက် ရည်မှန်းချက် ထားပြီးကြိုးစား နေတာ အသိပါလေ။
ပြောပြလိုက်စမ်းပါ။ :-))
မြစာကလေး (23122011)
September 6, 2014 at 6:01 pm
အခုမှ ဒီ Post ကို အသေးစိတ်ပြန်ဖတ်ရင်း လူမှား ကုဒ် ထားမိတာ စောဒီးပါ ကိုပါ။
အမှားကို အသိပေးလို့ ကျေးဇူးပါ ကိုသစ်။
ပြန်ပြင်လိုက်ပါပြီ။
:-)))
thit min
September 9, 2014 at 10:28 am
အစ်မလတ်ရေ
အက်ဒမ်စမစ် ဆိုတဲ့လူက မိုင်းဆက်ကောင်းတယ် မကောင်းဘူးလို့ပြောလိုရင်းမဟုတ်ပါခင်ဗျ။
သူက စီးပွါးရေးသမားတွေက သူ့အကျိုးစီးပွါးဘဲကြည့်တတ်ပြီးလုပ်ဆောင်ကြတာမှန်ပါတယ်တဲ့။
အဲဒီလိုလုပ်ရင်းနဲ့ဘဲ(မောင်ဂီရှင်းထားတာနဲ့ချိတ်နေမယ်ထင်တယ်)
၁။သူတို့လုပ်ငန်းတွေ (ဥပမာ အချိုရည်ဆိုပါစို့) ကနေ သောက်စရာစားစရာတွေရမယ်။
၂။အဲဒီအချိုရည်တွေကို လက်လီဆိုင်လေးတွေကယူရောင်းတော့ စီးပွါးဖြစ်တယ်။
၃။ အဲဒီလုပ်ငန်းမှာ ဝင်လုပ်တဲ့အလုပ်သမားတွေ သူ့မိသားစုဝင်တွေ စားဝတ်နေရေးပြေလည်မယ်။
ဆိုတဲ့ ဖော်ဝပ်လင့်ကိတ်(ချ) Forward Linkage–ရှေ့ဆက်အကျိုးဆက်
၄။ အဲဒီအလုပ်သမားလေးတွေကို မှီပြီးဈေးရောင်းရတဲ့ဈေးသယ်လေးတွေစားဝတ်နေရေးပြေလည်မယ်။
၅။ ခရီးသွားလာရေးလိုင်းတွေ လုပ်ငန်းတွေ ရဲ့ ဝင်ငွေတိုးလာမယ်။
၅။ နောက်ဆုံး အအေးနဲ့ရေသန့်ဘူးခွံ ကောက်ရောင်းစားတဲ့ကလေးတွေစားဝတ်နေရေးပြေလည်တယ်။
ဆိုတဲ့ ဘက်ကပ်လင့်ကိတ်(ချ) Backward Linkage –နောက်ကွယ်အကျိုးဆက်
တွေအများကြီးက (Invisible Hand- မမြင်နိုင်သောလက်အနေနဲ့) ပရဟိတ(အများအတွက်) အကျိုးဖြစ်စေပါတယ်ဆိုလိုရင်းပါ။
ဆက်ပြီး
ညီလေးဂီဘက်လှဲ့ပြောရရင်………………………….
“မီဒီယာ့ အား ကို အများကြီးလိုသည် ခရိုနီအမျိုးများ ဆိုးသမျှ အော်သည်။”
ဆိုတာတပိုင်းတစိတ်တော့မှန်ပါတယ်။
တိုင်းပြည်တပြည်မှာ ပန္နက်ရိုက်သူများ (Stakeholders)ဆိုတာ တြီဂံပုံစံမျိုး နဲ့ ပုံမှန်အားဖြင့်
အစိုးရ(G-Government) ကော်ပိုရေးရှင်းကြီးတွေ (C-Companies and Corporations) နဲ့
ဒေသခံများ (L-Local people) ဆိုတဲ့ သုံးပွင့်ဆိုင် တည်ဆောက်မှုနဲ့လုပ်ကိုင်ကြတာ ထုံးစံပါ။
ဒါပေမဲ့
မြန်မာပြည်ရဲ့ ပန္နက်ရိုက်သူများ (Stakeholders) ဆိုတာမှာတော့
အစိုးရမင်းများရယ် ခရိုနီများရယ် ဘဲရှိခဲ့လေတော့ နဂိုထဲက မမှန်ခဲ့ မခိုင်ခဲ့ဘူး လို့ပြောရမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ ပါဝါတစိတ်တပိုင်းကို အဲဒီ ခရိုနီများ(အလိုလို)ရသွားကြလို့ပါဘဲ။
အချိန်နဲ့အမျှ ကြာလာတော့
သူ့လူကိုယ့်လူ သူ့ခရိုနီကိုယ့်ခရိုနီ ဆိုပြီး နေရာလု (Power Sharing or Power Allocation)
ပါဝါရရှယ်ယာရင်း- ပါဝါခွဲဝေခြင်း ….တွေပါ တ်ိတ်တိတ်ကြိတ်ပြီး ထွားသထက်ထွားလာနေပါတယ်။
အဲဒီလိုနဲ့ ……………
(သူတို့အထဲကလား အပြင်ကလား မဆိုလို)
နောက်တက်မဲ့လူက ဒါမှမဟုတ် နောက်လုပ်မဲ့ပေါ်လစီက မှန်းရခက်နေပြန်တယ်။
ဘာလို့လဲဆိုတော့ ဟိုကွေ့ဟိုတက် ဒီကွေ့ဒီတက် ဘဲ သွားနေခဲ့ရာကနေ လွှတ်တော်တင်လိုက်
ကန့်ကွက်လိုက် ဆန်ဒပြလိုက် (ညီလေးဂီရဲ့အာဘော် ..မီဒီယာက ဝင်လှော်လိုက်) နဲ့ ခေတ်ရောက်
လာတော့ (ပြည့်ပြီးသားသူတွေကလဲ အုန်းမစားချင်လို့ ဝိတ်လျှော့တဲ့သူတွေတောင်လျှော့)
နဲနဲ နောက်ဆုတ်ရပ်ကြည့် ဖြစ်သွားတာလို့ မှန်းမိတာဘဲ။
(…………………….ဆက်ပါဦးမယ်နော်)
thit min
September 9, 2014 at 2:10 pm
အဲဒီလိုနဲ့….
မြင်သာအောင်ပြောရရင်
(ဟိုတယ် ပိုင်းဆိုင်ရာ ခရု အနီ) လယ်သိမ်းတဲ့ စလွယ်နဲ့ လူကြီး လယ်သမားတွေနဲ့ ရန်ဖြစ်နေချိန်မှာ
(အချိုရည် ပိုင်းဆိုင်ရာ ခရုအနီ) ဘောစပွန်ဆာ ကြီး က သူဝယ်ထားတဲ့လယ်တွေ လယ်သမားတွေကို ပြန်ပေးတယ်။
သစ်ပင်ရောင်း ခရုအနီကြီး လေယာဉ်ပျံတွေများလာတော့ ကျောင်းဆရာ ခရုအနီကလဲ လေယာဉ်ပျံ။
ကျောင်းဆရာက ဘဏ်နဲ့ ကောင်းစားလာတော့ သစ်ပင်ကြီးက ဘဏ်။
အားပြိုင်ရင်း ဘက်ဂရောင်းတွေ အားကိုးအားထားတွေကို
တချို့က အသစ် ပေါင်းကြ
တချို့က (အဘ လိုလို အမ လိုလို )ပြောင်းကြ
တချို့ကြ (ကိုယ့်ဘော်ဘော်တွေကို) ရောင်းကြ ပေါ့။
အဲဒီလိုနဲ့ စကော်ပီယန်တွေလဲ လက်မတွေထောင်ပြ အဆိပ်တွေ ထုတ်ကြပေါ့။
ဒါက ညီလေးဂီပြောတဲ့
၁။ ပတ်ဗလစ်စမာတ် Public Smart (ပြည်သူများ မျက်စိပွင့်)
၂။ ဘာစီမံကိန်းဖြစ်ဖြစ် အကုန် ရပ်ကွာ
ဆိုတဲ့ အချက်တွေကို တခြားအမြင်တခုနဲ့ ချည်းကပ်ဆွေးနွေးတာပါ။
ကောင်းပါပြီ
မူလဆောင်းပါးရဲ့ “ကျူ” တွေနဲ့ညှိပေးပါ လို့ ဆိုထားလို့ ဆက်ပြောရရင်
(…………………….ဆက်ပါဦးမယ်နော်)
kai
September 9, 2014 at 3:58 pm
ကိုသစ်ရေးနေတာတွေက.. ခုလောလောဆယ်.. တကယ်ဖြစ်နေတာတွေပဲ..
တန်ဖိုးရှိလှကြောင်း… :k:
ခေတ်သစ်ပေါက်ကျိုင်း
September 13, 2014 at 1:30 pm
အားပါး…တစ်ကယ့်ကိုအကျိုးရှိစွာနဲ့ဖတ်လို့ကောင်းလိုက်တာဗျာ..တင်တဲ့သူရော ကွန့်မန်းပေးသူတွေကိုအထူးထူးကျေးဇူးပါဗျာ..ဒီရွာထဲမှာ ဒီလိုပွဲမျိုးမတွေ့ရမမြင်ရတာကြာပေါ့..မိမိကိုယ်တိုင်ကတော့ IQ ရော EQ ရော SQ ပါနည်းတဲ့သူဆိုတော့ ဖတ်မှတ်သိ ပေါ့ဗျာ..ဒါပေမယ့် လုပ်နိုင်သလောက်တော့ လုပ်နေတုံးပါပဲ..ရန်ကုန်မြို့ရဲ့ လူဦးရေ သုံးသန်းမှာ EQ SQ ပြည့်ဝသူ တစ်သန်းလောက်ရှိရင်သိပ်ကောင်းမှာပဲဗျာ..ညီလေး ဂီပြောသလိုနေစဉ်ကြုံတွေ့နေရတဲ့ ယာဉ်ကျောပြသာနာတွေ၊စည်းကမ်းမရှိမူတွေ တော်တော်နည်းသွားမယ်ထင်မိရဲ့ မိမိနေထိုင်ရာ တိုက်ခန်းရဲ့အဆောက်အဦးကို အပတ်စဉ်တိုင်းသန့်ရှင်းရေးခေါ်ပြီးလုပ်ခိုင်းတယ် မိမိအိတ်ထဲကပိုက်ဆံပေးပြီးလုပ်ခိုင်းတာတောင် မကြိုက်သူတွေကရှိသေးဗျ ..ကြီးကျယ်တယ်တဲ့..အဲဒီလောက်အသန့်ကြိုက်ရင် ဝင်ဒမ်မီယာထဲသွားနေပါလားတဲ့ ..ဆိုတော့ခက်သားဗျ..
နှစ်ပေါင်းခြောက်ဆယ်လောက် ကျင့်သားရနေတဲ့သူတွေကို ချက်ချင်းပြောင်းလဲဖို့တော့ခက်သားဗျ…ကိုသစ်ပြောသလို part by part နဲ့ သွားဖို့အသိပညာပေးတွေ တော်တော်လုပ်ယူအုံးမယ်ဗျ…မိမိကိုယ်တိုင်မှ မိမိ မိသားစု၊ထိုမှ တစ်ဖန်ပတ်ဝန်းကျင်အသိုင်းအဝန်း တစ်ဆထဲ့တစ်ဆ တိုးတက်ပြောင်းလဲလာ အောင်ကျိုးစားကြပါဆို့လို့ ထင်မြင်ယူဆမိပါကြောင်း….
thit min
September 13, 2014 at 6:29 pm
ကျူ တွေကို အောင်မြင်မှုတွေအတွက် ဘာ့ကြောင့် အလေးပေးစဉ်းစားလာကြသလဲဆိုတာကို
ခေတ်နဲ့အညီ ဒီလိုပြောချင်ပါတယ်။
Intelligence/ Intellect (the capacity for knowledge) ဉာဏ်ရည်။။။။။။။။။။။။။။။။။။
၁၉၉ဝ ပြည့်နှစ်များမှာ အိုင်တီခေတ်ဖွံ့ဖြိုးလာတော့ (ဉာဏ်ရည်မြင့်=အိုင်ကျူ မြင့်သူ)
ဆိုတာ အရမ်းကိုအရေးပါခဲ့ရပါတယ်။
အင်ဖော်မေးရှင်း တက်ကနိုလိုဂျီ (အချက်အလက်နဲ့ နည်းပညာ)
ဆိုတာကြီးက ဉာဏ်ရည်ကောင်းသူများရဲ့ ကစားကွင်းလိုဖြစ်ခဲ့ရတာမဟုတ်လား။
Emotion စိတ်လှုပ်ရှားမှု။။။။။။။။။။။။။။။။။
အိုင်တီကနေ နောက်တော့ အိုင်စီတီ လို့ဖြစ်လာပြန်တယ်။
အင်ဖော်မေးရှင်း ကွန်မြူနီကေးရှင်း (အန်) တက်ကနိုလိုဂျီ ပေါ့ဗျာ။
ကွန်မြူနီကေးရှင်း (ဆက်သွယ်ရေး) ဆိုတော့ “လူအချင်းချင်းပါတ်သက်မှု” တွေပါလာပြီ။
နည်းပညာတွေကို ဆက်သွယ်ရေးမှာ တဟုန်ထိုး သုံးစွဲလာလိုက်တော့
ကမာ္ဘရွာ တို့ ( သတင်းအရောက်မြန်လို့) ဘာတို့အော်လာကြပြန်ရော။
လူအချင်းချင်းဆက်သွယ်မှုတွေက လဲ မြန်လဲမြန်လာ ကျယ်လဲကျယ်ပြန့်လာတော့
ဆက်ဆံရေးကောင်းသူ (စိတ်ခံစားမှုထိန်းနိုင်သူ= အီးကျူကောင်းသူ)က အောင်မြင်
သူတွေလို့ ဆိုလာပြန်တယ်။
(ပါးနပ်သူကျန် = survival for fittest) လို့လဲဆိုကြပါတယ်။
ကိုယ့်လိုချင်တာရဘို့ ကိုယ့်စိတ်ကိုယ်ထိန်းနိုင်သူများပေါ့။
Rational/ Wisdom ဆင်ခြင်တုံတရား။။။။။။။။။။။။။။
အိုင်တီတွေ အိုင်စီတီတွေနဲ့ ဒေါ့ကွမ်းစီးပွါးရေးတွေ က
မောင်းနှင်လာလိုက်တာ ရောင်းဝယ်ထုတ်လုပ်မှုတွေ ကမာ္ဘပါတ်လာ
ပါတော့တယ်။( Supply Chain-out sourcing )
ရွေးချယ်ခွင့်ကျယ်ပြန့်လာတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ကုန်သွယ်ဖက်တိုးတက်ရရှိရေးဆိုတာတွေ
အရေးပါလာတဲ့ ဒီလိုခေတ်မှာ (ဆင်ခြင်တုံတရား=wisdom) ဆိုတာက ပိုလို့ အရေးပါလာပြန်ပါတယ်။
Morale/ Morality/ Ethic အကျင့် သိက္ခာ/ကျင့်ဝတ် ။။။။။။။။။။။။။။။။။
ဆရာကျင့်ဝတ် တပည့်ကျင့်ဝတ် မိဘဝတ် သားသမီးဝတ်တွေကစလို့
လူမှုရေးကျင့်ဝတ် နိုင်ငံရေးကျင့်ဝတ် စီးပွါးရေးကျင့်ဝတ်တွေ အားလုံး အကျုံးဝင်ပါတယ်။
လုပ်ငန်းဆောင်တာတွေမှာ
ရေရှည်အောင်မြင်မှုအတွက် ကျတော့ လူမှုရေးကျင့်ဝတ် နိုင်ငံရေးကျင့်ဝတ် စီးပွါးရေးကျင့်ဝတ်
တွေနဲ့ မကိုက်ညီရင် အောင်မြင်သင့်သလောက် မအောင်မြင်ဘူးလို့ ဖြစ်လာပါတယ်။
(သိက္ခာ=Reputation) နဲ့ (နာမည်ကောင်း= Good Will) ဟာ လုပ်ငန်းတွေရဲ့ အသက်မဟုတ်လား။
နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းကြီးတွေမှာ
စီအက်(စ်)အာတွေ အိုင်အက်(စ်)အိုတွေ အန့်ဗွိုင်ရာ့မဲန်းအစ်ရှူးတွေ ပေါ်လူးရှင်းတွေ အများကြီး သတ်မှတ်ကြ သဘောတူညီမှုတွေ
လက်မှတ်ထိုးကြ နဲ့ ဆိုတာအဲဒီ ကျင့်ဝတ်တွေပါဘဲ။
(Ethic) ဆိုတာ ကတကယ်တမ်းတော့ (Responsibility) တာဝန်ယူမှူကနေ လာတာမို့
တာဝန်သိစိတ်ရှိရမယ်လို့ ဆိုလိုတာပါဘဲ။
——–
အဲဒီအထဲက
၁။ Rational/Wisdom ဆင်ခြင်တုံတရား နဲ့
၂။ Emotion စိတ်လှုပ်ရှားမှု ကို
အတွေးအခေါ်ပညာရှင် (Plato) ပလာတိုက “လူ့ဝိဉာဉ် ကို ဆွဲတဲ့
မြင်းနှစ်ကောင် ” လို့ တင်စားခဲ့ပါတယ်။
မြင်းလှည်းကို ဆွဲတဲ့ မြင်းနှစ်ကောင်လို့ ဘဲပြောပြခဲ့ပေမဲ့ မောင်းသူကို တော့
၃။ Intelligence/ Intellect (the capacity for knowledge) ဉာဏ်ရည် ဉာဏ်သွေးလို့ဆိုပါတယ်။
( ဦးတည်ရာကတော့ enlightenment ဉာဏ်အလင်း ပါတဲ့။ )
ဆိုတော့ အဲဒါတွေက
အိုင်ကျူ အီးကျူ အက်(စ်)ကျူ တွေပါဘဲလို့ ပြောချင်ပါတယ်။
—-
ညီလေးဂီရဲ့ ဆွေးနွေးချက်ထဲက…….
1. “လက်ရှိ ပစ္စခ မှာ လုပ်မယ့် ပရော့ဂျက်တွေဟာ CSR ပေတံနဲ့ တိုင်းနိုင်ရမယ် အစစ်ဆေးခံနိုင်ရမယ်
ဒေသကို အကျိုးတကယ် (တကယ်) ပြုရမယ် ဆိုတာမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်စေဖို့ ပဲ တွန်းအားပေးသင့်တာပါ
မကြားချင်ဘူး ရပ် ဆိုတာမျိုးထက်ပေါ့။
မြင်ရသမျှတော့ (တချို့ မရိုးသားတဲ့ မီဒီယာတချို့) ဒေသခံကို မြှောက်ပေး ဇာတ်တိုက် ပီး ဘယ်မှာဗျူးရင်ဘယ်လိုငိုပြ
ဆိုတာမျိုးတွေပေါ့ဗျာ။ မီဒီယာအနေနဲ့က အဲ့လို တွေ လုပ်မယ့်အစား … လုပ်ငန်းရှင်တွေလည်း စည်းကမ်းရှိအောင်
လူထုလည်း မနစ်နာအောင် စောင့်ကြည့် အကဲဖြတ် ဝေဖန် ပြီး တောက်လျောက် မော်နီတာ လုပ်သွားရမယ် မြင်ပါတယ်။
အဲ့ထက်ပိုရင်တော့ လုပ်ငန်းတွေကို အများပိုင် ပုံစံမျိုးနဲ့ ဘယ်သူမဆို လွတ်လပ်စွာ ရှယ်ယာ ထည့်ဝင်နိုင်တဲ့စနစ် ရောက်အောင်
ဦးဆောင်လမ်းပြဖို့ လိုတယ် မြင်မိပါတယ်။ အစိုးရကတော့ ဘယ်ဘက်ကမှ ဖောင်းပလေးမဖြစ်အောင် ကြီးကြပ်ပေးတဲ့
ဒိုင်လူကြီးအနေနဲ့ နေပေးပေါ့…။
(P.S ဆြာသစ်ရေ … Q တွေနဲ့ လုပ်ပါဦး)
——————————————————————————-
ဆိုတော့ အထက်မှာ ကိုယ်ပြောခဲ့တဲ့
“တိုင်းပြည်တပြည်မှာ ပန္နက်ရိုက်သူများ (Stakeholders)ဆိုတာ တြီဂံပုံစံမျိုး နဲ့ ပုံမှန်အားဖြင့်
အစိုးရ(G-Government) ကော်ပိုရေးရှင်းကြီးတွေ (C-Companies and Corporations) နဲ့
ဒေသခံများ (L-Local people) ဆိုတဲ့ သုံးပွင့်ဆိုင် တည်ဆောက်မှုနဲ့လုပ်ကိုင်ကြတာ ထုံးစံပါ။”
ပန္နက်ရိုက်သူများ နဲ့ ကျူတွေကိုကိုက်ညှိပေးရရင်
၁။ အစိုးရ(G-Government)
၂။ ကော်ပိုရေးရှင်းကြီးတွေ (C-Companies and Corporations)
မြန်မာပြည်မှာတို့ စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေပေါ့။
သူတို့ အတွက် SQ အက်(စ်) ကျူ ဦးစားပေးရှိရမဲ့ အချိန်။
Wisdom not to harm or hurt others and self.
ကိုယ်လဲမနစ်နာ သူလဲမနစ်နာ စဉ်းစားနိုင်စွမ်းတဲ့ ဉာဏ်ပညာ။
Holistic approach and views အဆင့်အတန်းမြင့်မြင့် စဉ်းစားပေးတာ။
ပြသနာကို အပြစ်တင်တာနဲ့ မပြီးသွားဘူး၊ မရပ်သွားဘူး။
Appetite for seeking answers to questions using by “why” and “what if”.
ဘာဖြစ်တာလဲ ဘာ့ကြောင့်လဲဆိုတာ အကြောင်းရင်းရှာ စဉ်းစားတတ်တယ်။
ဆိုတာတွေအဓိက ရှိရမယ်။
၃။ ဒေသခံများ (L-Local people)
အတွက်ကတော့ အီးကျူ လိုပါတယ်။ အခြေအနေအရ စိတ်ခံစားမှုကိုထိန်းချုပ် ဘို့အဓိကပါ။
ဆက်ရရင်…..
အဲဒီပန္နက်ရိုက်သူတွေရဲ့ မှားမှန် တွေကို “အတင်းသတင်း” “ပုလင်းသတင်း” ” ဖွသတင်း”
“ဆွသတင်း” တွေမပါ ဘဲ အရှိကိုအရှိအတိုင်း ထောက်ပြ ဖော်ထုတ်ရမဲ့ တာဝန်ဟာ မီဒီယာတွေ
ပါဘဲ။
အဲဒီမီဒီယာတွေရဲ့ ကျင့်ဝတ်ပြည့်ဝမှု က အရေးပါလာပြီ။
ကျင့်ဝတ်ပြည့်ဝတဲ့ မီဒီယာရဲ့ ထောက်ပြမှုတွေအပေါ် အလေးထား ပြုပြင်မှုတွေကလဲအရေးပါလာပြီ။
ပြုပြင်မှုတွေကို မှန်မှန်ကန်ကန် လုပ်နိုင်မဲ့ သူများ လဲလိုလာပြီ။
ဆိုတော့ ကျင့်ဝတ်လဲလို လူလဲလို သည်ပေါ့။
ကိုယ့်တယောက်ထဲအမြင်အရ ပြောရရင် ဒီအချိန်ဟာ အကောင်းဆုံးအချိန်ပါ။
ဆိုလိုတာက ခေါင်းဆောင်နိုင်သူ လူများ လဲရှိနေပါပြီ။
ကိုယ်ပြောပြနေတဲ့ ကျူတွေနဲ့(အကုန်မဟုတ်တောင် အောင်မှတ်ရ) ပြည့်စုံမှုတွေလဲတွေ့နေရပါပြီ။
အလုပ်မဖြစ်သေးတာက ” အကြီးအကျယ် အချိတ်အဆက်လွဲနေ” တာပါဘဲ။
မြစာကလေး (23122011)
September 14, 2014 at 1:47 pm
ကိုသစ်
ဒီ သုံးသပ်ချက်လေးက တကဲ့ ကို အနှစ် တွေ ချည်းပါဘဲ။
Ethics ဆိုတာက အဖွဲ့အစည်း တွေမှာ မရှိမဖြစ် ရယူထားရမဲ့ Culture တစ်ခုပါ။
အဲဒီ အတွက် အောက်လူတွေကို လိုက်နာနေဖို့ သတိမပြတ်အောင် ပေးနေရမှာ ထိပ်ပိုင်းလူကြီးများ က တာဝန်ယူ ရမှာပါ။
အဲဒီအတွက် Mindfulness and Ethics ကို တွဲလို့ အသက်ရှင်နေတဲ့ အုပ်ချုပ်သူများ ရှိမှ ဒီ Culture အမြဲ ရှင်သန်နေမှာပါ။
ကိုသစ် ထောက်ပြခဲ့တဲ့
အကြီးအကျယ်အချိတ် ဆက်ပြီး မလွဲ ရလေ အောင်
ထိပ်ပိုင်း ကလက်ရှိ အုပ်ချုပ်သူများ အသိ/ သတိ တရားလေး နဲ့ ယှဉ်ပြီး ဒီ Culture ကို ကိုယ်က စပြီး ဖွံ့ဖြိုး အောင် ကြိုးစားလိုက်မယ် ဆိုရင် ချိတ်မိ သွားနိုင်မယ် လို့ မျှော်လင့်ပါတယ်။
အောက်လူဆိုတာ က မြန်မာပြည် မှာ ခေါင်းငြိမ့်လွယ် သူတွေ များပြီး သားပါဘဲ။
ခေါင်လုံ လိုက်ဖို့ အရေးကြီးဆုံးပါ။
thit min
September 13, 2014 at 11:33 pm
စွမ်းနိုင်သူများခင်ဗျား
အထက်ပါကော်မန့်ထဲမှ God will အား Good will ဟုပြင်ဆင်ပေးကြပါဟု ..။