နိယာမ
ရဲနဲ့အပူစာ
အပူစာနဲ့ရဲ
စာရဲသူစားစတမ်း။
စားရဲလို့ဝင်လုပ်တာ
သမ္မာရင် ထမင်းငတ်တဲ့ခေတ်
ခပ်တင်းတင်းယူရမှာပဲ။
အပြစ်လုပ်မိတာ ငါ့ကြောင့်မဟုတ်
ဥပဒေမသိတာ ငါ့ကြောင့်မဟုတ်
ငါ့အလုပ်က ငွေထုပ်ကောက်ဖို့။
ဟောက်ချင်လည်း ဟောက်မယ်
အောက်ကျဆိုလည်း ရတယ်
အထက်ဖားအောက်ဖိ အကုန်သိ၏။
အပြစ်ရှိတယ် လာမပြောနဲ့
ကုန်လိုက်တာ ဟောကနဲ
ငါ့တစ်မိသားစုလုံး ရောဂါရှိတယ်။ ။
Posted from WordPress for Android
10 comments
alinsett
August 25, 2014 at 12:25 pm
ဘာရောဂါလဲ… ဟင်…
အခု..ကျနော်တို ့ရပ်ကွက်ထဲက..မိသားစုတော်တော်များများလည်း..
ရောဂါတွေ ဖြစ်နေကြတယ် ။
ဆင်းရဲမွဲတေမှုရောဂါလေ…
လုံမလေးမွန်မွန်
August 25, 2014 at 12:55 pm
အပူစာကြောင့်ပေါ့ဟယ်.. 🙂
ခင် ခ
August 25, 2014 at 12:33 pm
ပေးလည်းယူမယ် မပေးလည်း ရအောင်ခြူမယ်
အဲဒါကို ဆိုစကားပြုတာရှိတယ် ငိုစား ရယ်စား တဲ့။
ဆိုင်မဆိုင်တော့သိဘူးဗျ ကိုယ်သိတာလေးလာပြောတာပါ။
လုံမလေးမွန်မွန်
August 25, 2014 at 12:57 pm
ငိုစား ရယ်စား
ဟုတ်ပါ့ လေးလေးရယ်.. သူများငိုပြီးပေးတာကို ရယ်ပြီးစားတာပေါ့..
မင်း ခန့် ကျော်
August 25, 2014 at 12:36 pm
အထက်ကိုတဲ့ ဖား ပါလို့
အောက်ကိုတဲ့ဖိကားထောင်းး
မျိုးရိုးကိုတော့မသိစကောင်းး
ဟောဒိ မိချောင်းး
ဖားသာဖား
ဖိသာဖိ
ဒကျိဒကျိ :p
လုံမလေးမွန်မွန်
August 25, 2014 at 12:58 pm
မိချောင်းဆိုတော့ လျှာလည်းရှည်တယ်ပေါ့ 🙂
Mr. MarGa (12512)
August 25, 2014 at 1:54 pm
နိယာမ ဆိုတာ
လူတွေဖန်တီးတာ
အဲဒါကို
ဖောက်မထွက် နိုင်ရင်တော့
ဥခွံထဲမှာပဲ အဆုံးသတ်သွားမယ်
ဒါဘဲ
🙂
လုံမလေးမွန်မွန်
August 25, 2014 at 2:13 pm
ဟုတ်ကဲ့.. 🙂
မြစာကလေး (23122011)
August 26, 2014 at 10:16 pm
အတ္တရောဂါပေါ့။
ဒီလိုလား။ :-))
လုံမလေးမွန်မွန်
August 27, 2014 at 10:01 am
မတရားသဖြင့် ရတဲ့ငွေက ရောဂါတွေကြောင့် ြြြြပြန်ထွက်သွားတဲ့သဘောပေါ့ 🙂