ဘယ်အသီးစားရင်ကောင်းမလဲ
“ဘယ်အသီးစားရင်ကောင်းမလဲ”
လူတွေကတော့ ပြောကြတယ် ဩဇာသီး စားရင်ဩဇာ ရှိ တယ် ဆိုဘဲ။
လူမလေးခွေးမခန့် အလုပ်ခံရတာ တွေ ကြုံတာ များလာတော့
နောက်မှ ရင်ကျပ်ပြီး သေချင်သေပေ့ စေ
ဩဇာသီးတွေအကုန်စားချင်စိတ် ပေါက်လာတာတော့ အမှန်ဘဲ နော်။
ဒါပေမယ့်လဲ အခုခေတ်ကြီး က နဂါးတွေတန်ခိုးထွားတဲ့ခေတ်ရောက်နေတော့
နဂါးမောက်သီးဘဲစားရင်ကောင်းမလားလို့တွေးနေမိတယ်။
ကဲ ဘယ်အသီး စားရင်ကောင်းမလဲ။
တစ်ခုတော့ကြိုမှာထားမယ် ချောက်နဲ့ကျောက်ပန်းတောင်း လမ်းခွဲက အသီးတော့ မစားချင်ဘူးနော်။
— at ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ .
20 comments
ခင် ခ
August 31, 2014 at 2:30 pm
ဩဇာသီးက အစေ့များတယ် နဂါးမောက်သီးက အလွယ်စားရပြီး
ခန္ဓာကိုယ်တွင်းအဆိပ်တွေကိုလည်းလျော့ကျစေပြီး ခုခံအားတိုးစေတဲ့ဂုဏ်သတိ္တရှိစေတယ်လေ
ကိုပေါက်(မန္တလေး)
August 31, 2014 at 3:43 pm
တကယ်တော့ ကျနော်က ဩဇာသီး မကြိုက်ဘူး ဗျ
စား ပြီးရင် လျာ ယား လာ တယ်
kai
September 1, 2014 at 2:12 am
အဲဒီနဂါးမောက်သီးကို တွေ့တွေ့နေတာ…
ဘာခေါ်မှန်းမသိလု့ိ..
ခုတော့သိပြီ နင့်ကိုငါစားမည်..:k:
ကိုပေါက်(မန္တလေး)
September 1, 2014 at 10:47 am
အခုအချိန်မှာ နဂါးလည်းခေတ်စားတယ် နဂါးမောက်သီးလည်းခေတ်စားတယ် ကိုခို်င်ရေ
alinsett
September 1, 2014 at 11:45 am
ဖြဲသီးနဲ့ နာနတ်သီးကို အကြိုက်ဆုံး…ပဲ.. .။
ဩဇာသီးတော့…မကြိုက်…
ကိုပေါက်(မန္တလေး)
September 1, 2014 at 9:27 pm
ဖြဲသီး က ကြိုက်လို့ မရ ယောကျာ်းရသွားပြီ
kyeemite
September 1, 2014 at 1:47 pm
. ချောက်နဲ့ကျောက်ပန်းတောင်း လမ်းခွဲက အသီး= ေ-ွး ချိုသီး :k:
ကိုပေါက်(မန္တလေး)
September 1, 2014 at 9:51 pm
အော် ဒီလူ ကြီး ကလဲခက် တယ်နော်
မပြောပါနဲ့ဆိုနေမှ
ဇွတ်
Myo Thant
September 1, 2014 at 1:49 pm
အနော်က ပိန္နဲသီး အကြိုက်ဆုံး 🙂
လုံးဝမစားတာ နဲ့ အနံ့ကို မခံတာက ဒူးရင်းသီး
အမေ နဲ့ ကလေးတွေက ဒူးရင်းသီး သိပ်ကြိုက်ကြလို့ သူတို့စားရင် ကျနော်ပြေးတာပဲ ၊
ကိုပေါက်(မန္တလေး)
September 1, 2014 at 9:52 pm
ဒူးရင်းသီးဒီလောက်စားလို့ကောင်းတာ ကို
Myo Thant
September 2, 2014 at 12:47 pm
ရဘူးဗျ အဲ့အနံ့ မခံနိူင်တာ
Ma Ei
September 1, 2014 at 2:51 pm
နဂါးမောက်သီးဆို အတွင်းသား အနီသီးကိုပိုကြိုက်တယ်…
🙂
sorrow
September 1, 2014 at 3:40 pm
အန်တီအိ..သကြားတစ်ဇွန်း သံပုရာသီးတစိတ် ညှစ်ထည့် …နဂါးမောက်သီးအတွင်းသားအနီကို ဘလန်ဒါနဲ့ထည့်မွှေ..ဖျော်ရည်ဖြစ်ကရော..အလွန်အရသာရှိတယ်ခင်ဗျ…ကျန်းမာရေးအတွက်လဲအလွန်ကောင်းပါသည်ခင်ဗျ. ..
ကိုပေါက်(မန္တလေး)
September 1, 2014 at 9:54 pm
မအိပြောတာ လဲ ထောက်ခံ တယ်
ဆော ဆော ပြော တာ လဲ သဘောကျတယ်
ဒါေ ပမယ့် ဩဇာ သီး ကိုဆော ဆော ပြော သလို လုပ်ပြီး သောက်ကြည့်ရင်ဘယ်လိုနေမလဲ မသိဘူး
Mr. MarGa (12512)
September 1, 2014 at 5:41 pm
ဘာ
လာ
လာ
ဆွဲမယ်
ကိုပေါက်(မန္တလေး)
September 1, 2014 at 9:54 pm
အေး ပါ ဒီတစ်ခါ လက်ခုပ်သီ း သီးရင် ပို့ ပေးလို်က်မယ်
ဘာလာလာ ဆွဲ မယ်ဆို တဲ့လူ
Yae Myae Tha Ninn
September 2, 2014 at 11:51 am
လေးပေါက်ပြောတဲ့ နားက … အဲဒီတောထဲက ထွက်ဘူးဗျ… တလောက ခရီးသွားတာ တောက်လျှောက်အဲဒါပါတဲ့ မြို့တွေ တော်တော် ဖြတ်ရတယ်ဗျ… 🙂
ကိုပေါက်(မန္တလေး)
September 2, 2014 at 4:38 pm
အော်ရေမြေ့သနင်းရယ်
အဲ့ နား ကို ဖြတ်ရင် ရွာနာမယ်တွေပြောရင် လျျှာ တွန့် ပါတယ် ဆိုေ နမှ
manawphyulay
September 2, 2014 at 2:55 pm
ဩဇာသီးကတော့ ရာသီချိန်တိုင်း ဝယ်စားဖြစ်ပါတယ်။ နဂါးမောက်သီးကျတော့ ပုံစံကိုက မစားရဲဘူး။ စားရင် ဘယ်လိုနေလဲဟင် လေးပေါက်
ကိုပေါက်(မန္တလေး)
September 2, 2014 at 10:12 pm
စားမိရင် လျှာ လည် သွားမယ် မနောရေ