သေမယ်ဆိုလည်း…ဟောဒီလိုသာ သေပါရစေကွယ်…
အတည်ပြောမလို့ပါ… ။ မွှေတယ်ထင်မှာဆိုလို့…ကြိုပြောတာ.. ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
1306 ခုနှစ် ၊ ၅ လပိုင်း ၊ ၁၅ ရက်နေ့မှာ သေဆုံးခဲ့တဲ့ ပုဂိ္ဂုလ်ကြီးတစ်ပါးရှိတယ်။
နာမည်က Musho Josho တဲ့ ။ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်ဘုန်းတော်ကြီးဆိုပါတော့…။
သူက…မသေခင်…သေတော့မယ့်ဆဲဆဲ အချိန်ကလေးမှာ.. ဘာလုပ်လဲ..ဆိုတော့…
သေတော့မယ့်အချိန်ကလေးမှာ…သူရဲ့ တပည့်တွေကို စုဝေးစေပြီး…ကဗျာတစ်ပုဒ် ရွတ်ဆိုပြတယ်။
သူရွတ်ခဲ့တဲ့ ကဗျာစာသားကို မြန်မာလို ပြန်ဆိုထားတာလေး ဖတ်ဖူးတယ်…။
ဒီလို…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လာတဲ့အခါမှာ…ဒါပဲ…
သွားတဲ့အခါမှာ… ဒါပဲ…
လာခြင်းနဲ့သွားခြင်း… နေ့တ်ိုင်း ဖြစ်ပျက်နေတယ်…
အခု..ငါပြောတဲ့စကားတွေဟာ…ဒါပဲ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စာသားတွေကို အပေါ်ယံဖတ်ရင် ဘာမှ မဟုတ်ဘူးထင်ရပေမဲ့…တကယ်လေးလေးနက်နက် ဖတ်ကြည့်ရင်..
အဲဒီပုဂ္ဂိုလ်ကြီးကို လက်ဖျားခါလိုက်ရတယ်… ။
သူက…
အဲဒီကဗျာစာသားကို..ရွတ်ပြပြိီးလျှင်ပြီးခြင်းမှာပဲ… ထိုင်လျက်နဲ့ ပျံတော်မူတယ်တဲ့။
ကဗျာလည်း ရွတ်အပြီး..ငုတ်တုတ်ကြီး ပေါ့ဗျာ.. ။
😆
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဘာပဲဖြစ်ဖြစ်…
အဲဒီ သေနည်းကို ကျနော် သဘောကျသွားတယ်.. ။
သေခါနီးဆဲဆဲအချိန်ကလေးမှာ… ကိုယ်ချစ်တဲ့ကဗျာစာသားလေး ရွတ်ပြီး…
လောကကိုနောက်ဆုံးတစ်ခုခု ပေးထားခဲ့ရင်းနဲ့…
အေးအေးဆေးဆေး သေလိုက်ရတာ….
ဘယ်လောက် လိပ်ပြာသန့်လိုက်သလဲ…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နောက်တစ်ယောက်….
Kozan Lachikyo ဆိုတဲ့ ဂျပန် ဘုန်းတော်ကြီးတစ်ပါးပဲ…. ။
သေဆုံးချိန်မှာ အသက် ၇ရ နှစ်…။
၁၃၆ဝ ခုနှစ် ၊ ၂ လပိုင်း ၊ ၁၂ ရက်နေ့ ။
သူကတော့ မသခင် ရက်အနည်းငယ်အတွင်းမှာ…သူ့ တပည့်တွေကို စုဝေးစေပြိီး…
သူသေသွားရင်…. ဈာပနအခမ်းအနားမလုပ်ပဲ…ရိုးရိုးသာ မြှုပ်လိုက်ဖို့နဲ့…
အမှတ်တရတွေ အောက်မေ့ဖွယ်ရာ အခမ်းအနားတွေ ဘာမှ မလုပ်ဖို့ မှာခဲ့တယ်… ။
သေဆုံးမယ့်..မနက်ခင်းမှာတော့…
ကဗျာတစ်ပုဒ်ချရေးလိုက်တယ်…
သူ မသေခင်…သေအံ့မူးမူးလေးမှာ ရေးလိုက်တဲ့ ကဗျာလေးပေ့ါဗျာ……
ဒီမှာ…
————————————–
လက်ဗလာနဲ့ ဒီကမ္ဘာလောကထဲ….ငါ…
ဝင်လာခဲ့တယ်….
ခြေဗလာနဲ့ ငါ…ထွက်ခွါချန်ရစ်ခဲ့ပြီ…
ငါ့ ဝင်လာခြင်း၊ င့ါထွက်ခွါခြင်း
အဲဒီနှစ်ခုဟာ…တွယ်ငြိ ရှုပ်ထွေးနေတဲ့…
ဘာမှ မထူးဆန်းတဲ့ အဖြစ်အပျက်နှစ်ခုပါပဲ….။
————————————–
ဒီကဗျာကလည်း.. ကျန်ရစ်သူတွေအတွက် ဒဿန ပဲ… ။
ယူတတ်မယ်ဆိုရင်… ရစရာတွေ ထည့်ထားပေးခဲ့တဲ့ကဗျာစာသားလေး… ။
ချစ်စရာကောင်းတယ်… ။
အံ့ဩစရာလည်း..ကောင်းတယ် ….
အဲဒီ ကဗျာစာသားလေးကို ချရေးအပြီး….မှာ…ပဲ….
ကဗျာရေးတဲ့ စုတ်တံကို ချလိုက်တယ်….
စုတ်တံကလေးအချ မှာပဲ….
သူ….
သေသွားတယ်….
သူလည်း…ထိုင်လျက်အနေအထားနဲ့ပဲ….တဲ့။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆိုတော့…. ကျနော်က ဘာကို သွား တွေးမိလဲ..ဆိုတော့….
အဲဒီ ပုဂ္ဂိုလ်ကြီးနှစ်ယောက်ဟာ…
သေအံ့မူးမူးအချိန်ကလေးမှာ…
သူတို့ဘဝရဲ့ နောက်ဆုံး ကာလအခိုက်အတန့်ကလေးကို…
ကဗျာရေးခြင်းနဲ့ အဆုံးသတ်လိုက်တယ်… ။
ထွက်ခွါသွားတော့မယ့်..လူ…က….
ကျန်ရစ်ခဲ့တဲ့ လောကအတွက်…
တစ်ခုခု ချန်ထားခဲ့ခြင်း…နဲ့…အဆုံးသတ်တာ…
တစ်ခုခု ချန်တယ် ဆိုရာမှာ… တခြားအရာ မဟုတ်ဘူး…
ကဗျာ….
အနုပညာ….
ခံစားမှု….
ဖန်တီးမှု….
တင်ပြမှု….
ပြီးတော့…. ကြိုရေးထားတာ မဟုတ်ဘူး….။
နောက်ဆုံးထွက်သက်ကလေး မတိုင်ခင် စက္ကန့်ပိုင်းအလိုမှာ…မှ….
အာရုံထဲ ပေါ်လာတာလေး(သို့မဟုတ်)ဘဝတလျှောက် ယုံကြည်ခဲ့တာလေး…..
ချရေးလိုက်တာ…
သေခါနီးမှာ…အနုပညာ ဖန်တီးလို်က်တာ…
တစ်နည်းအားဖြင့်တော့…. သူတိုု့ဟာ…
သေခါနီးမှာတောင်…လောကကို တစ်ခုခု ပေးခဲ့တာပဲ…..။
ငြိမ်းချမ်းစွာသော…တစ်ခုခု…
လှပစွာသော တစ်ခုခု….
တန်ဖိုးမဖြတ်နိုင်သော…တစ်ခုခု….
ဦးညွတ်ထိုက်စွာသော… ပေးဆပ်မှု…..
သေခါနီး အုတ်အော်သောင်းနင်းနဲ့… ဝက်ဝက်ကွဲ ငိုကြွေးသံတွေ…မရှိဘူး…
နာကျင် ညည်းတွားရှိုက်သံတွေမရှိဘူး…။
မက်မောတွယ်တာ..စိုးရိမ်စရာတွေ ဘာ….မှ….မရှိဘဲ….
ကဗျာစပ်ပြီး….သေတာ…. ။
အဲဒါလေး ဖတ်ဖူးကြားဖူးတော့… ကျနော်…လေ…
အဲဒီလူကြီးတွေ ကိုယ့်မျက်စိရှေ့ ….အဲဒီလို သေသွားမှာကိုတောင်…မျက်မြင်ကိုယ်တွေ့ မြင်ချင်လာတယ်…။
သူတို့….
ကဗျာလေး စပ်….ပြီး..
စုတ်တံကလေးချ…. ထိုက်လျက်ကလေး..ငြိမ်းငြိမ်းအေးအေး သေသွားတာကို …
ပြုံးပြုံးကလေး…လက်ပိုက်ကြည့်လိုက်သင့်တယ်… ။
သူတို့….အသက်မရှိတော့ဘူးဆိုမှ….
ထိုင်လျက်ကို…လှဲလျောင်းစေပြီး…
သူတို့ ချန်ခဲ့တဲ့….နောက်ဆုံးထွက်သက်မတိုင်ခင်လေး ရေးစပ်ထားတဲ့ကဗျာကို ကောက်ယူဖတ်….။
ဘယ်လောက် ချစ်စရာကောင်းလိုက်သလဲ…. ။
တစ်စုံတစ်ယောက်သေလို့… တစ်စုံတစ်ယောက်က ပူဆွေး နာကျင်စွာ ကြည့်နေရမယ့်အဖြစ်ထက်…
အများကြီး…သာယာတယ်… ။
အဲဒီလို… သာမန်သေခြင်း ကျန်ရစ် ပူဆွေးခြင်းအဖြစ်မျိုးအတိုင်း ဖြစ်မလာဖို့….
သူတို့…ကဗျာစပ်ရင်း…သေတယ်… ။
ကဗျာချစ်သူတွေဟာ…
လောကကို ချစ်သူတွေပဲ…
လောကအတွက် ကဗျာတစ်ရွက်ချန်ရင်း…
ငြိမ်းချမ်းစွာ နေခဲ့နိုင်ဖို့….လေးနက်တည်ကြည်စွာ …သေပြတတ်သူတွေ…ပဲ….
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အခု ..ကျနော်….
နောက်နေ့ဆိုရင်… အသက် ၂ရ ပြည့်ပါပြီ… ။
စက်တင်ဘာလ ၁၈ ရက် ၂၀၁၄ မှာ… အသက် ၂ရ နှစ် ပြည့်ပါပြီ… ။
နောက်ထပ် ဘယ်လောက် နေခွင့်ရမယ်ဆိုတာ မသေချာဘူး….ဆိုတော့….
တကယ်လို့များပေါ့….
ကျနော်….
သေမယ်ဆိုရင်တောင်…..
အဲဒီလိုလေး….သေခွင့်ရချင်ပါတယ်…။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မိတ်ဆွေများ…လွတ်လပ်ငြိမ်းချမ်းပါစေ…
ချစ်ခင်လေးစားစွာဖြင့်….
အလင်းဆက်(Gazette)
16/ 9 / 2014
(စက်တင်ဘာ၊၁၈ ရက် မှာ ကျရောက်မယ့်… ကျနော့် မွေးနေ့ အမှတ်တရအဖြစ်…ဒီရက်ပိုင်း တွေးမိတာလေး…အမှတ်တရ ရေး၊တင်လိုက်ပါတယ်။ )
25 comments
ဇီဇီ
September 16, 2014 at 10:48 am
အဲလို သာ သေခွင့်ရရင် ဘာတွေ ရေရွတ်မိမယ် မသိဘူးးး
ဒဂုန်တာရာရဲ့ ဇာတ်ကောင် တစ်ယောက်လို ရေရွတ်မိမလားးးး
ချန်ထားချင်တာတွေပြောပါတယ်။ :mrgreenn:
အဟိ။
မတော် အဲလို မသေခင် သူငယ်ပြန်မှ ရင်ဝှက်ပန်းတွေ အကုန်ပေါ်ကုန်ရင် ဒုက္ခ။
အဟွတ်..
:kwi:
alinsett
September 16, 2014 at 5:12 pm
သူငယ်ပြန်ရင်တော့ မလွယ်ဘူး။
ဗလွတ်ရွှတ်တတွေ ရေးခဲ့မိမှ သေတာတောင် အရှက်ကွဲမှာ
သေခါနီးအချိန်ကြီးမှာ ဂေါ်လီရိုက်ချင်တယ်တို့
ဖွေးဖွေးကို ရှလူးချင်တယ်တို့
ဒေါ်ဖွားမေကို လွမ်းနေမယ်မမတို့. . . ချရေးမိမှာကြောက်တယ်။
အဲ့ဒီတစ်ချက်တော့ သတိကပ်မှ ကပ်မှ
ဂွစ်စ်ဂွစ်စ်
sorrow
September 16, 2014 at 11:11 am
..ဘယ်လိုသေချင်သလဲ ရွေးချယ်ခွင့်သာရခဲ့ရင် .ကိုယ်ရှိနေတဲ့ အသိုင်းအဝိုင်းလေးတခုက ..လူတွေကိုနိုင်သလောက်လေး ကူညီခွင့်ရပြီးရင် ….( .လူမျိုးနဲ့…တိုင်းပြည် အကြီးကြီးမပြောပါဘူး …) ..အိပ်နေရင်းနဲ့ ..ဦးနှောက်သွေးကြောပြတ်သေချင်တယ်…
..ဘာမှလဲမခံစားရ…ကျန်ရစ်သူတွေကိုလဲ အနှောက်အယှက်မပေး…
..ကိုယ်လဲဘာဆိုဘားမှမခံစားရ….
..အေးရော…
alinsett
September 16, 2014 at 5:08 pm
တို့အစ်ကိုဆောကတော့ လက်ရှိလည်း နီးစပ်ရာ အသိုင်းအဝိုင်းထဲက
လိုအပ်သူက်ို လိုအပ်သလို ကူညီနေတာပဲ။
ဆိုတော့ လက်တွေ ့မှာကို အကျိုးခံစားရတဲ့အနေနဲ့
မျက်နှာက ကြည်ပြီး ဝင်းးနေတယ်။
မြင်လိုက်တာနဲ့ ကိုဆောကို မခင်မင် မနှစ်သက်သူ မရှိ။
ဒါက တစ်ပိုင်း (မြှောက်ပြောတာမဟုတ် အတည်ပါ))
——
တချို့ တွေ ့ဖူးတယ်။
အိပ်ရင်းနဲ့ ငြိမ်ငြိမ်လေး သေသွားတာ. . .
ဦးနှောက်သွေးကြောပြတ်တာက သေခါနီး မူးဝေနာကျင်တာတော့
စက္ကန့်ပိုင်း ဖြစ်မယ်ထင်တယ်။
ခေါက်ခနဲ ဖျတ်ခနဲ သေသွားတော့
ကိုယ့်နာကျင်မှုကို ကိုယ်မပြောပြရင် ဘယ်သူမှ မသိလိုက်နိုင်တဲ့ သေခြင်းပေါ့နော်။
အဲ့ဒီလို သေခြင်းနဲ့ ငြိမ်ငြိမ်လေး သေသွားသူတွေကို
တွေ ့ဖူးတယ်။
နာတာရှည် ရောဂါတွေနဲ့ သေရတာထက်တော့
တော်သေးတယ်ပြောရမယ်။
ခင် ခ
September 16, 2014 at 11:25 am
အဆိုတော်ကိုမင်းအောင်ကတော့ သူသေရင်သူ့ရဲ့နဘေးမှာ ဂီတာရယ် ကတ်ဆက်ကလေးရယ် နောင်တမလွန်ထိယူသွားချင်တယ်ဆိုပြီး သီချင်းဆိုခဲ့ဘူးလို့ တကယ်သူသေဆုံးတော့ ဂီတာနဲ့ကတ်ဆက် တကယ်ထဲ့ပေး လိုက်တယ်ဆိုလားဘဲဗျ။
alinsett
September 16, 2014 at 4:54 pm
ဂီတသမားကလည်း ဂီတကို ချစ်ပုံ မပြတ်ပုံပေါ့ဗျာ
ကျနော်ကတော့ ပြတ်ချင်တာ လေးခ ရ
ဒီဘဝမှာ မသေခင်အချိန်လေး အထိ ကဗျာကိုချစ်မယ်
ရေးပြီ
ရေးပြီး ဘောလ်ပင်ကို ချပြီးတာနဲ့ သေချင်တယ်ပေါ့။
ဒါပေမဲ့ နောင်ဘဝထိတော့ ကဗျာကို ယူမသွားချင်ဘူး။
ဒီမှာပဲ ထားခဲ့ချင်တာ။
တကယ်လို့ပေါ့လေ. . .
စွဲလမ်းမှုကြောင့် နောင်ဘဝ ကဗျာသမားပြန်ဖြစ်မယ်ဆိုရင်တောင်
မြန်မာပြည်မှာတော့ မဖြစ်ချင်
ဂျက်စပဲရိုး
September 16, 2014 at 1:12 pm
ကဗျာဆရာ တစ်ယောက်ကတော့ သူသေခါနီးမှာ
“သေရင် လွမ်းမနေနဲ့ အားလုံးကိုစိတ်ပြတ်ပြီးသား” ဆိုလားပဲလေ
အဲ့လို ရေးသွားသေးတယ် မဟုတ်လား။
ကဗျာဆရာ နာမည်လဲ မသိတော့ဘူး (သူ့ အမေ က လဲ အနုပညာ လောက မှာ နာမည်ကြီးပဲကော)
ကဗျာ ကိုလဲ သေချာ မမှတ်မိတော့ဘူး။
ဒါပေမယ့် ရေးသွားချက်လေးတွေ ပြောင်မြောက်တယ် ဆိုတာတော့ မှတ်မိတယ်။
alinsett
September 16, 2014 at 4:26 pm
ဟုတ် ။ ဂျက်
😆
ကျနော် ဒီနေ့တွေးမိတာတော့
ကဗျာဆရာတွေသေရင် လူသာသေမယ် ကဗျာမသေဘူးလို့. . .
ဆရာ ဇော်ဂျီတို့ ဆရာ ဝဏ်တို့ ဆရာ တာရာမင်းဝေတို့
လူသာ သေသွားတယ်
သူတို့ရေးခဲ့တဲ့ကဗျာလေးတွေက ရှင်သန်နေတုန်းပဲလေ နော့
အဲ့လို. . .
လောကအတွက် ကိုယ်ထွက်သွားရင်တောင်
ရှင်သန်နေမယ့်ကဗျာလေး ချန်ခဲ့ (ကျန်ခဲ့)ချင်တာ. . .ဆိုပါတော့ဗျာ
ကျနော့်စာတိုပေစလေးကို လာ ဖတ်ရှု အားပေးလို့ ကျေးဇူးပါခင်ဗျ ။
😆
padonmar
September 16, 2014 at 9:09 pm
မိုးဟိန်း(သားဂျာနယ်ကျော်)ပါ။ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ ဂျာနယ်ကျော်မမလေးရဲ့သား။သူရေးခဲ့တာ
`စည်းမထိုး၊ကြွေမပစ်၊သို့သော် နိုင်သည်´တဲ့။
ဦးမိုက်ကူးပေးထားတာတွေ့တယ်။
kyeemite
September 16, 2014 at 1:13 pm
.ရှာရှာဖွေဖွေ တွေ့တတ်ပလေ…အဲ့ဂျပန်ဘုန်းတော်ကြီးတွေ
.အော်..အပမာဒေန သမ္မာဒေဋ္ဌ (စာလုံးပေါင်းမှန်ရက်လားမသိ)
Yae Myae Tha Ninn
September 16, 2014 at 1:14 pm
အချိန်အတိအကျ မသိတော့.. ကြိုလုပ်ထားရင် စိတ်ချရမယ်လို့ ပြောချင်ပါတယ်… 🙂
alinsett
September 16, 2014 at 4:21 pm
no. . . .
ကြိုမရေးထားချင်ဘူးဗျာ။
သေအံ့မူးမူးလေးမှာ
အဲဒီ အခိုက်အတန်းလေးမှာမှ
အာရုံထဲပေါ်လာတာလေး ချရေးလိုက်ချင်တာ။
ရေးပြီးတာနဲ့ ဒီလောကထဲက ထွက်မယ်။
ဒီတော့ ကျနော် သေခါနီး စက္ကန့်ပိုင်းအတွင်းမှာ
သမိုင်းမှာ ရိုင်းမကျန်တဲ့ စာသား ထားခဲ့နိုင်ဖို့ပေါ့
ကြိုးစားရမယ်။
အဲ့ဒါလေးဗျ ကိုရေမြေ့ရ . . .
😆
kyeemite
September 16, 2014 at 1:22 pm
ကျွန်တော်တို့ သေခါနီးအချိန်ရောက်ရင်
ဆရာ မိုးဟိန်းလို သတ္တိရှိနိုင်ပါ့မလား…
မိုးဟိန်း (သားဂျာနယ်ကျော်) ရဲ့
(26.07.2010) ၁၃၇၂ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ
နောက်ဆုံးရေးခဲ့တဲ့ ကဗျာလေးပါ..
(၁)
ကိုယ်သေရင် မငိုနဲ့
ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့
ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။
(၂)
ကိုယ်သေရင် မငိုနဲ့
ကြိုကြိုပြီး သေထားသူ။
‘ဘုရားရှင်ရဲ့ ဂုဏ်တော်’ကို
မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ဆက်ပြောပါရစေ…
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့
ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။
မိုးဟိန်း (သားဂျာနယ်ကျော်)
(၁၉၄၂-၂၀၁၀)
(26.07.2010) ၁၃၇၂ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ
alinsett
September 16, 2014 at 4:16 pm
ဦးကြီးရေ. . .
ဒီကဗျာလေး အနှစ်ရှိတယ်။
ရှာဖွေပြီး ဒီထဲ ကူးယူလာပေးတဲ့အတွက် ဇူးဇူးနော့
😆
ဗုံဗုံ
September 16, 2014 at 2:03 pm
ဝှါလေ … နီသေလို့ရင်.. နာငိုချင်တဲ့ခါ
ဘိုလုပ်ရမဒုန်း…..
alinsett
September 16, 2014 at 2:50 pm
ပိုစ့်တော့ ရေးတင်မနေပါနဲ့ဟာ. . .
ငိုလည်း ငိုမနေပါနဲ့ဟာ
နီ ငိုရင် ဖွေးဖွေးလို လှမှာလည်း မဟုတ်
:kwi:
weiwei
September 16, 2014 at 3:10 pm
ဒီနေ့ သေခြင်းအကြောင်းတွေပဲ ဖတ်နေရလို့ တကယ့်ကို မင်္ဂလာရှိတဲ့ နေ့တစ်နေ့ ပါပဲ ..
alinsett
September 16, 2014 at 4:11 pm
သေခြင်းဟာ
ဘဝတစ်ခု အဆုံးသတ်ခြင်းဆိုပါစို့. . .
အဆုံးတစ်ခုဟာ အစပြုမှုတစ်ခုလည်း ဖြစ်တယ်ဆိုပါစို့။
အဦး အစတွေအကြောင်း ပြောရတာ စိတ်ကျေနပ်စရာကောင်းပါတယ်နော်။
အထူးသဖြင့်
အနုပညာနဲ့ ယှဉ်ထိုး ပြောဆိုခွင့် ဖတ်ရှုခွင့်ရတာဟာ
မင်္ဂလာတစ်ပါးပါ အန်တီဝေ
😆
padonmar
September 16, 2014 at 9:14 pm
ထွန်းထွန်း(ဆေးသိပ္ပံ)ဆိုတဲ့ ဆရာဝန် စာရေးဆရာ တယောက်လည်း ကင်ဆာရောဂါနဲ့ မသေမီ ဆေးရုံပေါ်မှာ ကဗျာရှည် တပုဒ်ရေးသွားခဲ့ပါတယ်။ (1970 လောက်ကလို့ထင်ပါတယ်)
အဲဒီအချိန်က သူတည်းတယောက် ရေးတဲ့ လက်ဝဲသုန္ဒရ အမတ်ကြီး လိုမျိုး သေခြင်းကို ရဲရဲ ရင်ဆိုင်သွားတယ်လို့ ပြောစမှတ်ပြု ကြပါတယ်။
ကဗျာကိုတော့ မမှတ်ထားမိလိုက်ပါ။
alinsett
September 17, 2014 at 4:43 am
အီ့ဒီ ကဗျာလေး ဖတ်ချင်လိုက်တာ တီဒုံရယ်
ကိုပေါက်(မန္တလေး)
September 16, 2014 at 9:51 pm
တော်ဘီ အုံးအစားခံပြီး မစဉ်းစားဘူး
ကျနော်နားမှာအမြဲ ရှိနေတဲ ့ ကလေးကိုတော့ မှာထားတယ်။
ငါသေရင်ဘယ်သူ့မှအလုပ်မပေးပါနဲ့။
သေတဲ့ နေ့ ချက်ခြင်း ချ လိုက်ပါ။
ဘယ်သူကိုမှလဲမဖိတ်ပါနဲ့
ငါ့အမျုးိတွေကိုလဲ မဖိတ်ပါနဲပ
မင်းတို့ နဲ့ မဒမ်ပေါက်ဘဲ
သချိုင်းကိုပိုု့လို်က်ပါ
ငါ့ အလောင်းကို မီးရှို့ပြိး ပြိ ဆို မှ သတင်းစာ ထဲထည့်ပါ
ဖေစ်ဘုတ်မှ ကြေညာလိုက်ပါ
ဖြစ်နိုင်ရင် တစ်နေ့ ထည်းရက်လည်လို်က်ပါ မှာထားတယ်။
ကိုယ်သေပြီး ရင် အားလုံး ကိုထားခဲ့မယ်
ဘာမှ မစဉ်း စား
ခု သေမယ် ဆိုရင်လည်း သေလို့ ရတယ်
ဒါပေမယ့် မသေချင်သေးဘူး
လုပ်ချင်တာလေးတွေကို ရ သလောက်လုပ်ခဲ့ချင်သေးတယ်
ဘာ လုပ်ချင် တာ လဲ မေးရင်တော့ တိကျ တဲ့ အဖြေ မရှိ တာအမှန်ပါဘဲ။
ဒါက ကိုပေါက်သဘောထား
alinsett
September 17, 2014 at 1:36 am
ရှင်းတယ် လေးပေါက်
😆
သေခါနီးမှာ ကဗျာလေး ဘာလေးကော
ရေးချင်ဘူးလား
မွသဲ ( 17082011 )
September 17, 2014 at 7:21 am
စဉ်းစားနေတာ သေမယ်ဆိုတာကြိုသိခွင့်ရတာကောင်းလား မသိပဲဖြတ်ဆိုတာကောင်းလား။ ကောင်းတာကတော့ ဘယ်အချိန်သေမယ်မှန်းမသိတဲ့အတွက်အချိန်တိုင်းပြင်ဆင်ထားသင့်တယ်ဆိုတာပဲ။ ခုထဲကစိတ်ကိုအရင်ရှင်းနိုင်အောင်ကြိုးးရမယ်
alinsett
September 17, 2014 at 8:13 am
ငါသည် မုချသေရမည်
အချိန်ပိုင်းသာလိုတော့သည်။
အဲ့ဒီဆောင်ပုဒ်ကို တဖွဖွ ရွတ်နေကြည့်ဖူးတယ်။
ဘဝဟာ ဘာမှ အဓိပ္ပာယ်မရှိတော့သလို ခံစားရလိုက်
လုပ်စရာ ရှိတာတွေ မြန်မြန်လုပ်မှပါလို့ ခံစားရလိုက်နဲ့။
ကျနော်တော့
သေမယ့်နေ့ကို ကြိုမသိချင်ဘူး တဲသီရယ်။
😆
မြစပဲရိုး
September 18, 2014 at 2:06 am
ရွာထဲ မှာ နောက်ဆုံး စာလေးချပြီး ဂန့် သွားလိုက်ရင်တော့ ကြောက် တတ်တဲ့ သူ တွေ ရွာထဲ ဝင်ကြပါတော့မလား။
ဒါပေမဲ့ ကိုယ့် ရွာသူ/သား ကို အချိန် ကာလတစ်ခု ထိတော့ သတိရနေမှာ သေချာပါတယ်။
အနည်းဆုံး တစ်လ ပေါ့။ lol:-)