“ အထူးတွေး“
လူတစ်ယောက်မှာ
သူများပြောတာနားထောင်ဘို့
နား ၂
ကို်ယ်ကပြန်ပြောဘို့
ပါးစပ် ၁
ဖန်ဆင်းထားရစ်ခဲ့ တာတောင်မှ
စကုပ်တွေရှား
အလုပ်တွေများ
စကားတွေရှုပ်
ပြဿနာတွေ
လုပ်နေလို်က်ကြတာနော်။
တကယ်လို့များ
နား ၁
ပါးစပ်၂ သာ
ဖြစ်ခဲ့ မယ်ဆိုရင်
ပလစ် ပလစ်
ပကျစ် ပကျစ်
ပြောလိုက်ကြမယ့် ဖြစ်ချင်း
အတင်းအဖျင်းပေါင်းစုံ
အမယ်မင်းနုတ်ကြောင့်သေမယ့်
ပြဿနာ တွေ
ဘယ်လောက် များမယ်ဆိုတာ
တွေးများတောင်မတွေးရဲပါဘူးကွယ်။
ကိုပေါက်လက်ဆောင်အတွေးစဉ်
17-9-2014
Post Views: 359
12 comments
alinsett
September 18, 2014 at 7:25 am
ပါးစပ် ၂ ပေါက်သာ ပါရင်
တစ်ပေါက်က ဖွေးဖွေးကို ချစ်တယ်လို့ ပြောမယ်
တပြိုင်တည်းမှာပဲ
နောက်တစ်ပေါက်က
ဒေါ်ဖွားမေ. . .သားကို အကြော်ကျွေးပါဦးလို့ ပြောမယ်
ဇီဇီ
September 18, 2014 at 7:46 am
ပါးစပ် ၂ ပေါက် ဆိုရင်တော့ သများကတော့ အစာအိမ် ၂ ခု ရမှ ဖြစ်မယ်။
ဟေးဟေးဟေးးး
စားမှာပဲ
စားမှာပဲ
သများကို လာမတားနဲ့!!
ကိုပေါက်(မန္တလေး)
September 18, 2014 at 9:51 am
အောင်မလေး မယ် ဇီရယ်
စားမှာဘဲ ဆု ိ တဲ့ လူ ကို ကျွေး ချင်လွန်းလို့ စောင့် နေတာ
ကျွေးမယ် ဗိုက်ပေါက်အောင်ကျွေးမယ်
မန်းလေး ပြန်လာရင် တ ကယ် ကျွေးမှာ
ညည်းမသိ သေးတဲ့ ဆိုင် တွေ အများကြီး တိုးလာတယ်
ကဲ ကျွေး အုံး မှာ စားဘို့ သာ ပြင်ထားပေတော့
kyeemite
September 18, 2014 at 8:50 am
.မလုပ်ပါနဲ့ကိုပေါက်ရယ်..ပါးစပ်တစ်ပေါက်အတွက်တောင် မနည်းရုန်းကန်နေရတာ
.နှစ်ပေါက်စီသာပါရင်တော့သေပီဆရာပဲ :harr:
ခင် ခ
September 18, 2014 at 9:03 am
ပါးစပ် နှစ်ပေါက်ဆိုတော့လည်း
တစ်ပေါက်က စကားများဖို့
တစ်ပေါက်က အစာစာဖို့
အဲလိုခွဲထားလိုက်ပေါ့ဗျာ
ဒါဆို တစ်ပေါက်စာဘဲ ရုန်းရမှာ အတူတူဘဲလေ ဟုတ်ဘူးလားဗျ။
ကိုပေါက်(မန္တလေး)
September 18, 2014 at 10:14 am
ကို မိုက်နဲ့ ကိုခ တို့ ရေ ပါးစပ်ကလေး နဲ့ အလုပ် ဖြစ်နေတဲ့ သူ တွေ ဆိုရင်တော့ နှစ်ပေါက် ပါ နှစ်ခါ ရ မှာနော်
Yae Myae Tha Ninn
September 18, 2014 at 10:12 am
ရုံးမှာဆို အဆင်ပြေတယ်… တဖက်က ကိုယ်ပိုင် ဖုန်းကို ပြောရင်း… တဖက်က ရုံးအလုပ်အတွက် ဖုန်းပြောလို့ရတယ်.. တခုပဲ ဦးနှောက်ကို ၂ ကန့်ခွဲ လုပ်ခိုင်းမှ ရမယ်… 🙂
ကိုပေါက်(မန္တလေး)
September 18, 2014 at 12:47 pm
ပြည်ံရှင်မင်းရေ
ရုပ်ရှင်ထဲမှာသာ နှစ်ကိုယ်ခွဲ လို့ ရ တာနော
aye.kk
September 18, 2014 at 10:50 am
မသိတတ်တဲ့နားရယ်
မသိတတ်တဲ့ပါးစပ်ရယ်
ရုပ်တရားတွေဆိုတော့ကာ
ခိုင်းစားနေတဲ့နာမ်ဆိုတဲ့စိတ်ကို
ဆိတ်ဆိတ်လေးနေခိုင်းလိုက်ပါမှကောင်းမှာ
ကိုပေါက်(မန္တလေး)
September 18, 2014 at 9:59 pm
ဟုတ်ပ အမအေးရေ
ဒါကြောင့် လဲ ရှေးက ဆရာတော်ကြီးတွေက ဝစီပိတ်ကျင့် ကြံ ကြတာပေါ့
htet way
September 18, 2014 at 7:57 pm
နားနဲ့ပါးစပ်…………………။
ကြားယောင်ကာနားထောင်ရမလားရယ်လို့
သူ့စကားမုသားတောင်ယုံချင်တတ်သူမို့
မလည်ပတ်သူလို့ငြိုငြင်။
ကြိုက်ပါတယ် ဆရာကိုပေါက်ခင်ဗျား
ကိုပေါက်(မန္တလေး)
September 18, 2014 at 10:01 pm
နားထောင်ရုံနဲ့ မပြီး ချင့် ယုံ ဘို့ လိုသေးတယ်နော်