Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စေ့စပ် သမီးတောင်း…

ကုိ ထြဋ္October 3, 20141min79530

. တကယ်တော့ ဒီပို့စ်က ရေးရမှာ သိပ်မရှိလှဘူး… နှစ်ဘက်မိဘ တွေ့ပြီးပြီဆိုတော့ တော်တော် အိုကေနေပြီလေ…

. မြန်မာ ရုပ်ရှင်ကားတွေထဲကလို ဖြစ်မှာကြောက်လို့ အရင် ပေးတွေ့လိုက်တာ… 😛

. နောက်မှ တချိန်က စီးပွားပြိုင်ဘက်၊ ရည်းစားလုဘက် ဖြစ်ခဲ့ရင် ဘယ့်နှယ်လုပ်မလဲ… ဟီး… ( ကန်တော့… ကန်တော့…)

. တွေးတာတော့ တွေးရတာပေါ့… ဟုတ်ဘူးလား… စေ့စပ်မှ ထချကြရင် တိုင်ပတ်ပြီလေ… အဲကြောင့် …

. ၂ ဘက်စလုံး အိုကေတော့ ရက်ရွေးရတယ်.. အင်း… ကြားရက်ရွေးရင်လဲ အမှတ်တရ… အမှတ်တရ ဆိုတာထက် မှတ်မိလွယ်မယ့် အထိမ်းအမှတ်နေ့ ကိုပဲ…

. နဂါးခေါင်းက ဘယ်ဘက်ကိုလှည့်လဲ… ပြသဒါးလား… အမြိတ္တစုတ် ရက်ဆို ပိုကောင်း… ရွေးရတယ်…

. အဲတော့ တနိုင်ငံလုံးတော့ လွတ်လပ်သွားတယ်… ဟဲ… သူများ သားသမီးကို မလွတ်လပ်အောင် ချုပ်နှောင်သလို ဖြစ်သွားမလားပဲ… လွတ်လပ်ရေးနေ့ကို ရွေးလိုက်တယ်…

 

. အဲနေ့က ကြီးမှူ း ပြီး လုပ်ပေးတာက ဦးချို (ဦးချိုအောင်သန်း)…

. ယောကျာင်္းလေးဘက်က အမွှန်းကိုက ကျွန်တော့ အဖေ သူငယ်ချင်း ဦးသန်းအေး… မိန်းကလေးဘက်က အမွှန်းကိုတော့ ဦးဆန်းလွင် ( အဖွန်လောသွားခြင်း မှာ ခါးအဆစ်လွဲသွားတာ ) အဲဒီ အဘပေါ့…

. ကျန်တာကတော့ ရပ်မိရပ်ဖ တချို့နဲ့ အမျိုးတွေပါပဲ…

. ပထမ နှစ်ဘက် အပြန်အလှန် အမွှန်းတင်ပြောဖို့ အင်ထရိုလုပ်တယ်… ပြီးတာ နဲ့ အပြန်အလှန်ပြောကြတယ်ပေါ့… ကာရန်တွေ နဘေတွေနဲ့…

. ခေတ်သစ်ရော၊ ခေတ်ဟောင်းရော စတိုင်လ် ၂ ခု ပေါင်းလိုက်တာ… ဇာတ်ညွှန်းက အဖေ … နဂို ဘိသိတ်ဆရာကိုး…

. ပြီးတာနဲ့ ရက်သတ်မှတ်တယ်… လက်ထပ်မယ့်နေ့… မင်္ဂလာဆောင်မယ့်နေ့ကိုပေါ့… တကယ်တော့ တွက်ချက်ထားပြီးသားပါ…

. စကားမစပ် ဒီတပတ် တနင်္ဂနွေမှာ… ရက်တွက်ပေးတဲ့ ဆရာတော်ကို သိက္ခာသွားထပ်ပေးရဦးမယ်… ဒါယိကာ ခံယူတာပေါ့… 🙂

. ရက်တွေ သတ်မှတ် ၂ ဘက် စကားတွေ ပြောပြီး… မိန်းကလေးဘက်က နန်းကြီးသုပ်နဲ့ ဧည့်ခံပါတယ်…

 

. အမေတို့ ပြန်တော့ ကျွန်တော်တို့က လက်ထပ်လက်စွပ်အတွက် အဲနေ့မှာပဲ သွားလုပ်ကြပါတယ်…

. အဲနေ့က မူဗီပါ ရိုက်ထားတာ… ဘယ်ကွန်ပျူတာမှာ ထားမှန်း မမှတ်မိလို့ … ခွင့်လွှတ်ပါနော်…

. တလက်စတည်း အခု အပိုင်းလေးက တိုလို့ ထပ်မံခွင့်လွှတ်ပါ… အဲ.. လက်ထပ် မင်္ဂလာဦးဆွမ်းကျွေးကတော့ ရေးရမှာ တပြုံကြီးခင်ဗျ… စောင့်စားတော်မူကြပါ…

. ဓာတ်သေ အတွက်ကလဲ သွားလုပ်ဖြစ်တဲ့ လက်စွပ်ပုံလေးပဲ … တင်ပေးလိုက်ပါတယ်… စိန်ကတော့ အဘိုး လက်ဖွဲ့တာပါ… 🙂

 

10308172_664278670310369_7354916664588400901_n

 

 

30 comments

  • တောင်ပေါ်သား

    October 3, 2014 at 3:08 pm

    စေ့စပ် သမီးတောင်း

    သက်ဆုံးတိုင် ပေါင်းနိူင်စေကြောင်း 🙂

  • Yae Myae Tha Ninn

    October 3, 2014 at 3:14 pm

    ကျေးဇူးပါ… တောင်ပေါ်သားရေ… ပေးတဲ့ဆုကို အပြည့်အဝ ယူလိုက်ပါတယ်… 🙂

  • ကေဇီ

    October 3, 2014 at 3:22 pm

    ဟမ်မလေးး
    ရွာထဲလဲ လွတ်လပ်ရေးနေ့ မင်ဂါဆောင်တဲ့သူရှိပါ့

    :kwi:

  • Yae Myae Tha Ninn

    October 3, 2014 at 3:27 pm

    ယလဲ့… ကိုယ် ထိပ်ကပ်နေပါလား… ခွီ… 🙂

  • Yae Myae Tha Ninn

    October 3, 2014 at 3:41 pm

    ဟွန်းနော်… ပဲ … ပြောမယ်… ဆက်ဆက်… အိလိုမျိုး မဖွေးတဖွေးနဲ့ ရိုက်ဖို့သာ ကြိုးစားပါ… 🙂

  • Mr. MarGa

    October 3, 2014 at 4:03 pm

    ဘာလို့များ လွပ်လပ်ရေးနေ့မှာ အချုပ်အနှောင်ခံချင်ကြတယ်မသိ :a:

    • Yae Myae Tha Ninn

      October 3, 2014 at 4:44 pm

      အော်.. ဒါက သဘာဝ တရားရဲ့ ဖြစ်စဉ်တခုပါပဲ… ဖိုးသကြားရယ်… အဲနေ့မှရယ် မဟုတ်ပါဘူး…. 😀

      • Mr. MarGa

        October 3, 2014 at 5:45 pm

        အင်းလေ
        တစ်နှစ်မှာ သုံးရာခြောက်ဆယ့်ငါးရက် (ရက်ထပ်နှစ်ဆို သုံးရာခြောက်ဆယ့်ခြောက်ရက်) ရှိတယ်လေဗျာ
        ဝါတွင်းသုံးလ (ရက်ကိုးဆယ်) နှုတ်လိုက်ဦး နှစ်ရာခုနှစ်ဆယ့်ငါးရက် ရှိတယ်
        အဲ့ ထဲက မှ
        ဘဇာကြောင့် လွပ်လပ်ခြင်း ကို ဖော်ပြတဲ့ လွပ်လပ်ရေးနေ့မှာမှ လုပ်ကြတာလဲ လို့

        just a thought :mrgreenn:

        • Yae Myae Tha Ninn

          October 4, 2014 at 9:21 am

          ဟုတ်ဘူးလေ.. ဖိုးသကြားရယ်… ၁၁.၁၂.၁၃ က နှစ်ဘက်မိဘတွေ့ဆုံပွဲလေ… ဆီးဂိမ်းဖွင့်ပွဲနေ့… လက်မှတ်ထိုး မင်္ဂလာဦးဆွမ်းကျွေးမှာက ၁၄.၂.၁၄ ချစ်သူများနေ့ဆိုတော့… ကြားထဲ ရက်ရွေးတော့ အဲနေ့ပဲ ရှိတော့တယ်လေ… မင်္ဂလာပွဲကျင်းပမှာက မေလ ၁ ရက် အလုပ်သမားနေ့လေ… ဟဲ… ဂလောက်ဆို ရှင်းလောက်ပြီ ထင်ပါတယ်… 🙂

  • Crystalline

    October 3, 2014 at 4:10 pm

    ဘယ်​လက်​က သတို့သမီးလက်​လဲ…. :mrgreenn:

  • Yae Myae Tha Ninn

    October 3, 2014 at 4:46 pm

    ဘာလို့ … ခရစ်… 🙂 လက်အကြီးအသေးရှိတယ်လေကွယ်… 🙂

  • manawphyulay

    October 3, 2014 at 5:00 pm

    လက်အကြီးအသေးကလည်း တစ်ယောက်ထဲ ဟိုဘက်ဒီဘက်လှည့်ရိုက်ထားသလိုပဲနော်… တူနေသလားလို့လေ…

    • Yae Myae Tha Ninn

      October 4, 2014 at 8:40 am

      ဟဲ… လင်မယားဆိုတာ.. ဂရိ အဆို အရ… တခြမ်းစီဆိုတော့ အဲလောက်တော့ ရှိမပေါ့… မနောရေ… တနေ့သိလာပါလိမ့်မယ်… 😛

    • Yae Myae Tha Ninn

      October 4, 2014 at 8:58 am

      အိလို စိတ်မဆိုးပါနဲ့ လေးပေါက်ရယ်… ကျွန်တော်လဲ အေးဆေးရေးချင်တာပေါ့လို့… 😀

  • မွသဲ ( 17082011 )

    October 3, 2014 at 7:23 pm

    ခုနှစ် လ ရက်ကလေးမပါဘူးလား

    • Yae Myae Tha Ninn

      October 4, 2014 at 9:00 am

      ပါပါ့ဗျား… လတ်လတ်ဆတ်ဆတ် လင်မယားပါ… ၄.၁.၁၄ ပါခင်ဗျာ… ကျေးကျေးနော်.. မွသဲ… 🙂

      • မွသဲ ( 17082011 )

        October 4, 2014 at 9:52 pm

        ဟယ် ကျောက်စ်တို့ မင်ဂါချောင်ဒဲ့နေ့ပေါ့။ ကွက်တိဘဲကိုး

        • Yae Myae Tha Ninn

          October 9, 2014 at 8:44 am

          ဟုတ်… မွသဲ… ဒီလို တိုက်ဆိုင်တာတွေ သိရတာ အမှတ်တရပါပဲ… 🙂

  • kyeemite

    October 4, 2014 at 9:07 am

    .Yae Myae Tha Ninn ရေ…ခီများလက်ထပ်တာကလွတ်လပ်ရေးနေ့
    .ကျုပ်က တော်လှန်ရေးနေ့မှာ မင်္ဂလာဆောင်တာ..အမှတ်တရပေါ့ :mrgreenn:

  • Yae Myae Tha Ninn

    October 4, 2014 at 9:25 am

    ပိုကောင်းတာပေါ့ဗျ… စေ့စပ်တာပါ… လွတ်လပ်ရေးနေ့က.. လက်ထပ်တာက ချစ်သူများနေ့… မင်္ဂလာဆောင်တာက အလုပ်သမားနေ့… တော်လှန်ရေးနေ့က လက်စွပ်သွားယူတဲ့နေ့… 🙂

  • Foreign Resident

    October 4, 2014 at 9:48 am

    ” တွေးတာတော့ တွေးရတာပေါ့… ဟုတ်ဘူးလား… စေ့စပ်မှ ထချကြရင် တိုင်ပတ်ပြီလေ…
    အဲကြောင့် … ၂ ဘက်စလုံး အိုကေတော့ ရက်ရွေးရတယ်.. ”

    ကျနော့်တုန်းကတော့ ၊ ဟိုဖက် မိဘ ကိုလည်း သိပ် ဂရုမစိုက်လှ ၊
    ဒီဖက် မိဘ ကိုလည်း သိပ် ဂရုမစိုက်လှ ဆိုတော့ ၊
    သမီး ရည်းစား ၂ ယောက်ဘဲ အဓိက တိုင်ပင်ပြီး ၊
    အဆင်ပြေသလို ထင်ရာစွတ်လုပ်ပြစ်လိုက်တာပါဘဲ ။ ဟီ ဟိ ။

    ၂ ဖက် မိဘ တွေကလည်း ၊ ဘယ်တုန်းကမှ ၊
    မိဘ တွေ ရဲ့ အပြောအဆို ကို ၊ ဂရုတစိုက် အလေးမထားခဲ့ဘူးတဲ့ ၊
    သား သမီး နှစ်ယောက် ဆိုတော့ကာ ၊ လက်ခံရရှာတာပါဘဲ ။ ဟီ ဟိ ။
    ( နို့ ၊ သူတို့ မကျေနပ်ရင် ၊ မင်္ဂလာပွဲ မလာယုံဘဲ ရှိမပေါ့ ၊ OK ပါ )

  • Yae Myae Tha Ninn

    October 4, 2014 at 10:39 am

    အဲလိုတော့လဲ ဟုတ်သေးပါဘူး.. 🙂 ကျွန်တော်က တဦးတည်းသောသားလေ… ဒီသားနဲ့ အဆင်မပြေ နောက်တယောက်နဲ့ ဆိုပြီး သူတို့မှာ ရွေးစရာမှ မရှိတာ… ၂ ယောက်လုံးကလဲ မခွဲချင်တော့ စဉ်းစားရတာပေါ့ဗျာ… လာမန့်ပေးတာ ကျေးဇူးပါ… မတွေ့မိသလိုပဲနော်… ဘယ်ပျောက်… 🙂

  • မဟာရာဇာ အံစာတုံး

    October 5, 2014 at 9:56 am

    သမီးတင်ပဲ တောင်းခဲ့တာလား …
    ကျုပ်ကတော့ ထင်ဘူးနော …
    သမီးက ဆင့်ပွားလာမယ့် မျိုးဆက်တွေ ရှိသေးဒယ်လေဗျာ …
    ဒါကြောင့် .. သမီး+ တောင်း လို့ ပြောရမှာ … :mrgreenn:

    • Yae Myae Tha Ninn

      October 9, 2014 at 8:52 am

      နောက်ပါနဲ့… ကိုရာဇာ… 🙂 ဒါနဲ့ ဘယ်တွေပျောက်… အခုမှပဲ ပေါ်တော်မူလာတယ်.. 😀

  • မြစပဲရိုး

    October 8, 2014 at 8:33 pm

    ဖတ်လို့ ကောင်းပါ့ရှင့်။
    အားပေးပါတယ် ကိုထွဋ် နဲ့ ဘေးက ပါရမီဖြည့်ဖက် မဒမ်ထွဋ် ရေ။
    ပါရမီဖြည့်ဖက် ရဲ့ အစွမ်းက ပိုနေတာထင်ရဲ့။ :))

    • Yae Myae Tha Ninn

      October 9, 2014 at 8:54 am

      သူလဲ သူ့အစွမ်းနဲ့ သူပါပဲ… အရီးရေ… ဒီမှာတောင် စာလာရေးသေးပါ့… 🙂

  • ဝင့်ပြုံးမြင့်

    October 9, 2014 at 7:37 am

    လောကကြီးရဲ့ ကံကောင်းမှုတွေ အကုန်လုံး တစ်ယောက်တည်း ကျံ ုးယူသွားတာများလား။ နားလည်မှုရှိတဲ့ နှစ်ဖက်မိဘတွေရယ်၊ အနိုင်ကျင့်လို့ကောင်းတဲ့ အဖိုးရယ်၊ တစ်ဦးတည်းသောသားဖြစ်နေတာရယ်၊ နောက်မွေးမှာက သားအမွှာ ဟုတ်လား။ ဒါကြောင့် လောကကြီးရဲ့ ကံကောင်းမှုတွေ အကုန်တစ်ယောက်ထဲ ယူထားတာလားလို့မေးတာ။ မနာလိုဘူး။

  • Yae Myae Tha Ninn

    October 9, 2014 at 9:05 am

    ဟုတ်သေးဘူးဗျ… တခုကျန်သေးတယ်… သားအမွှာက ခုမှ ဆုတောင်းတုန်း… ကလေးကလဲ ရှေ့နှစ် ဧပရယ်မှ ယူမှာဆိုတော့ သိရသေးဘူး… လာမန့်လို့ ကျေးဇူးပါဗျာ… နော်… ဝင့်ပြုံးမြင့်… 🙂

Leave a Reply