အလုပ် လိုချင်သူများအတွက် သတင်းကောင်း
ဒီနေ့တော့ လုပ်ငန်းရှင်တွေက အလွန်တော်သော လူတော်လူကောင်းများကို လိုချင်တဲ့အတွက် လာရောက် အကူအညီတောင်းထားပါတယ်။ ‘ဘာလဲဆိုတော့ သူတို့လုပ်ငန်းမှာ လိုအပ်တဲ့နေရာမှာ ခန့်အပ်ချင်လို့တဲ့ လစ်လပ်သောနေရာကို ဖော်ပြပေးထားပါတယ်။
လုပ်ငန်းနေရာများကတော့
လိုအပ်သော အရည်အချင်းက ချက်ပြုတ်နည်းသင်တန်း အောင်လက်မှတ်ရှိရမှာဖြစ်ပါတယ်။
လုပ်ရမဲ့နေရာကတော့ သံရည်ကျိုစက်ရုံမှာ ကျိုပြီးသား သံရည်များကို အပေါ့ အငန် မြည်းပေးရမှာ ဖြစ်ပါတယ်။ လစာကတော့ ညှိနှိုင်းလစာပါတဲ့။ ကဲ ဘယ်လိုလဲ။
နောက် လုပ်ငန်းရှင်ကလည်း သူ့အလုပ်အတွက် လာပြောထားပါသေးတယ်။ သူကတော့
ဘာအရည်အချင်းရှိရမလဲဆိုတော့ ယာဉ်မောင်းတတ်ရမယ်တဲ့။ ယာဉ်မောင်းလိုင်စင်ရှိရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။ လုပ်ရမဲ့ အလုပ်အတွက်တော့ ယပ်တောင်ယူလာခဲ့ရမယ်တဲ့။ ဒါဆိုရင်တော့ လုပ်ငန်းသဘောကို သိလောက်ပါပြီနော်။ ဒီတစ်ခုနဲ့ အဆင်မပြေသေးရင်လည်း နောက်အလုပ်နဲ့ အဆင်ပြေမှာပါ။ စိတ်ဓာတ်မကျပါနဲ့။
အဲ ခုလုပ်ငန်းကတော့ သင်္ဘောတက်ချင်သူများအတွက် အထူးအခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ပြီးတော့ ရေကြောင်းလည်း ကျွမ်းကျင်ရင် ပိုပြီး ကိုက်ညီမှာပါ။ သင်္ဘောတက်ဖူးသူ ဖြစ်ရင် ပိုကောင်းပါတယ်။ ဘာလုပ်ငန်းလဲဆိုတော့ လုပ်ရမဲ့ အလုပ်က သင်္ဘောနဲ့ လိုက်ရမှာ ဖြစ်ပါတယ်။ အမျိုးသားများအတွက် ပိုပြီး သင့်လျော်ပါတယ်။ သင်္ဘောပေါ်မှာ ထိုင်ပြီး နောက်က ထလာတဲ့ ရေလှိုင်းတွေကို ရွေဘော်နဲ့ထိုးပေးရမှာ ဖြစ်ပါတယ်။ အလုပ်လိုချင်သူများအတွက် အဆင်ပြေအောင် တင်ပြလိုက်ရပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့အလုပ်ကို လျှောက်ထားကြပေါ့။ အလုပ်လိုချင်သူများ အမြန်လျှောက်ထားမှ ရမှာနော်။ နောက်ကျမှ လာပြီး အကူအညီ မတောင်းနဲ့။ မရဘူးသာမှတ်။