ကိုထွဋ် ရဲ့ ငယ်ဘဝ… အပိုင်း (၁ )
မွေးတာက မြိတ်… ၂ နှစ်ခွဲသားမှာ ရန်ကုန်ရောက်… TB Subject ကြောင့်လဲ ပါတယ်…
မူကြို – မူကြို ၄ မှာ တက်ခဲ့တယ်… အစ ပိုင်း ရက်တွေမှာ မျက်ရည် နဲ့ မျက်ခွက်… ကျောင်းမတက်ချင်ဘူးဆို ငို… ကျောင်းကားလာခေါ်ရင် လိုက်…
ဘာလို့လဲ ဆိုတော့ ပြောတာက မြိတ်လို ဆိုတော့… သူတို့က နားမလည်… စကားကလဲ ပြောချင်… ဒါကြောင့်… နောက်တော့ ဆိုးတာမှ တာတေလန်…
နေ့လည် ထမင်းစားရင် လိုက်ပွဲ ဘယ်သူယူမလဲဆို.. မရှာနဲ့… သားကို ပေး ဆိုတာချည်းပဲ…
စားပြီးအိပ်ရင် ဆရာမတွေ အခန်းထဲက ထွက်သွားတာနဲ့…. တစောင်း စောင်းအိပ်တဲ့ ကောင်တွေကို အောက်မှာ ဆီးစေ့လို ဆူးသီးတွေ လိုက်ထား… 🙂
အပြစ်ပေးလို့ ရျိုက်ရင် မဖြုံ… အိမ်က ရိုက်တာ ပိုကြမ်းတော့ အယားပြေပဲ ရှိတယ်… နောက်ဆုံး အပြစ်အကြီးဆုံးက နေ့လည်စာ မကျွေးမှပဲ… လိမ္မာတော့တယ်….
သူငယ်တန်း – စီခန်းပဲ ရတယ်… ကျောင်းအပ်တာ နောက်ကျလို့.. အမှတ်အရဆုံးက ဋ တလင်းချိတ်ရေးခိုင်းတာ မရေးတတ်လို့ မြွေဖြစ်သွားတယ်… မိဘတွေ လာမကြိုသေးလို့… ငိုရသေးတယ်…
တကယ်တော့ သူတို့ လူတွေနဲ့ တိုးနေရလို့… အဲဒါ ပထမဆုံး နဲ့ နောက်ဆုံး ကျောင်းကို လိုက်တာ…( ကျောင်းအပ်ချိန်ကလွဲပြီး )
ဘာလို့ဆိုတော့ ရန်ခဏခဏဖြစ်လို့… ဖင်ထိုင်ခုံတွေ နောက်မှီတွေနဲ့ကို လှဲ တင့်ကားဆိုပြီး တိုက်ကြတာ မှတ်မိသေးတယ်… ဆရာမ နာမည်က ဒေါ်နောဖောဆေး…
ကျောင်းကတော့ အလုံ ( ၄ ) ကူရှင်ဆိုတဲ့ ကျောင်းမှာပါ…
ပထမတန်း – စီခန်းပဲ… အတန်းပိုင် ဒေါ်စန်းစန်းမြင့်… မှတ်မိတာက … အနီရောင် ကျောပိုးအိတ်ကလေးနဲ့ ကျောင်းတက်ရတယ်… ထမင်းဘူးကိုပါ.. အိတ်ထဲထည့်တော့ စာအုပ်တွေ အကုန် ဆီစွန်းသွားတယ်…
ရန်ဖြစ်တာ မိုင်ကုန်ပဲ… အဒေါ်ဆရာမက နေ့တိုင်း ဆရာမနဲ့ လာတွေ့ရတယ်… အမှန်က ကျွန်တော်က ဖြစ်တာ တပွဲရယ်… သူငယ်ချင်းတွေကြောင့် လိုက်ရတာ… ဒါပေမဲ့ နာမည်တပ်ရင် ကျွန်တော်ပဲ…
စတားလို့ ခေါ်တယ်…လက်ရုံး ၂ ယောက်ရှိတယ်… အာကာတင်ထွန်း နဲ့ ဟိန်းထွန်းလင်း…
အဲဒီနှစ်က ဂျပန်က သွားတွေကို အခမဲ့လာစစ်ပေး… ဘောပင်တွေ မင်အနက်ရောင်နဲ့ ကို လက်ဆောင်ပေးတယ်…
အဖေက ခရီးသွားလုပ်ငန်းလုပ်တော့ အထက် မြန်မာပြည် အောက်မြန်မာပြည် အကုန် ဘုရားလိုက်ဖူးရတယ်…
မန္တလေးက ရွှေမြင်းဝန်ကျောင်း ဆရာတော် ဦးသုတလင်္ကာရက ပထမဆုံး ကိုရင် ဝတ်ပေးခဲ့တယ်…
ဒုတိယတန်း – ဘီခန်း ရောက်သွားပြီ… ကရင်မကြီး ဒေါ်မြင့်မြင့်ဝင်းက အတန်းပိုင်… အဲနှစ်မှာ လိမ္မာ ရန်မဖြစ်တော့တာ… ဆရာမသားကို သံဂေါ်ပြားနဲ့ ပစ်မိလို့…
နဂိုသွေးစုနာ ထွက်နေတဲ့ ကောင်က သွေးတွေ မျက်နှာမှာ အများကြီးနဲ့ဆိုတော့… ကျွန်တော်လဲ လန့်သွားတယ်… ကျောင်းထုတ်မယ်တဲ့… မဖြစ်ဘူးရယ်… အိမ်ကို တိုင်စာသာ ပို့တာ.. အိမ်က မလိုက်ဘူးလေ…
ကိုယ်ဖြစ်ကိုယ်ခံတဲ့… ကျောင်းထွက်ရရင် အမှိုက်ကောက်ခိုင်းမယ်တဲ့… မဖြစ်ဘူးလေ… ပြီးတော့ ကျွန်တော် အဲချိန်ထိ နေ့တိုင်းကွန်ပါဘူးမှာ TB ဆေးတွေ ရောင်စုံပါတယ်…
ဆေးလဲ မကုတော့ဘူးတဲ့… မြိတ်ပြန်မယ်တဲ့… ကျွန်တော် အကြောက်ဆုံးက မြိတ်ပြန်မှာကိုပဲ… ပြီးတော့ မသေချင်ဘူး… အမှိုက်လဲ မကောက်ချင်ဘူး… ဒါနဲ့ ဆရာမကို ထိုင်ကန်တော့ တောင်းပန်ရတယ်…
သား နောက်မဆိုးတော့ပါဘူးဆိုပြီး… ကိုယ့်နေ့မဟုတ်လဲ တံမြက်စည်းလှည်း၊ ရေခပ်၊ ခုံစီ နဲ့ပေါ့… ကိုယ်လိမ္မာတော့ တပည့်တွေက လိုက်ပြီး ကူကြတယ်… 🙂
တတိယတန်း – အေခန်း ရောက်ပြီ… ဒေါ်မော်မော်ဦး ဘော်ဂါ ရပ်ကွက်မှာနေတယ်… အဘွားက ရှင်ပြုဆိုလို့ မြိတ်ပြန် ကိုရင် ထပ်ဝတ်တယ်… ပထော်တောင် ပထက်တောင် တက်ခဲ့တယ်…
အိမ်က မုန့်ဖိုး မပေးတော့ … အိ်မ်က ပေးတဲ့ ဟင်း ရှပ်သီကို သူငယ်ချင်းကို ငါးချောင်း ထည့်ပေးလိုက်ရင် ၃ ချောင်းကို ငါးကျပ်နဲ့ ရောင်းတယ်… သူက ကိုယ့်ဆီက မုန့်ပြန်တောင်းစားရတယ်…
အောင်သူလှိုင်တဲ့… ယခု ပုသိမ်မြို့မှာ ဦးစီးမှုး… ဘာဦးစီးမှူးလဲတော့ မသိဘူး.. သူလဲ အခုထိ တွေ့ရင် ပြောပြီး ရီ ကြသေးတယ်… အိမ်က ဟင်းကို ဘာစားမလဲ ပေးရင် ဒါပဲစားမယ် ပြောတယ်…
မထူးလဲ အိမ်က ဘဲဥက တခြမ်းပဲရတယ်… သူငယ်ချင်းတွေ ကြား ရှက်လို့.. တလုံးယူရင် ပြန်လာရင် ဟင်းအနှစ်နဲ့ ထမင်းစားရတယ်… သူတို့ကလဲ ရန်ကုန်ရောက်တော့ အလုပ်တွေက မအောင်မြင်ဘူးလေ…
အလိမ်ခံရတာကိုး… ဒါတွေကို ပြောပြတော့… ကျွန်တော်လဲ မပူဆာရက်ဘူး… ကိုယ့်အဝတ်ကိုယ် ပြောင်အောင် လျှော်တတ်နေပြီ… ဟင်းလဲ နည်းနည်း ချက်တတ်နေပြီ…
မနက်ဆို ပေးမကစားဘူးလေ… ဟင်းချက်တာ ဘေးက ထိုင်ကြည့်ခိုင်း… ပြိးရင် ကြက်သွန်နီဖြူခွာ… ပြီးရင် ဟင်းမွှေ… အရသာမြည်း… ဒါနဲ့ပဲ နည်းနည်း ချက်တတ်လာတယ်…
ပိတ်ရက် ကစားရင်လဲ အရုပ်မဝယ်နိုင်ဘူး… ဒီတော့ လက်တည့်အောင် ကျင့်ရတယ်… သူများက ကြေးစားခေါ်ဆော့ရင် ဆော့ပေး.. အရုပ်ရရင် အရင်းထောင် ပြန်ဆော့…
အိမ်ပြန်ရင် အရုပ်တွေ ရေဆေး၊ အသစ်၊ အပောာင်းခွဲ ၊ ပြန်ရောင်း၊ အဲပိုက်ဆံနဲ့မှ ပိုက်ဆံကြေးပစ်တဲ့ ဝိုင်းမှာ သွားဆော့တယ်… ရှုံးတယ်ဆိုတာ အဘိဓာန်မှာ မရှိသလောက်ပဲ…
ပေါင်းပြီး ကလိန်ကျရင် အိမ်ပေါ်ထိ တက်ရိုက်တယ်… ဟီး… ဖတ်ရင်း မေတ္တာပို့ချင်နေပြိမလား… တကယ်ကို ဆိုးခဲ့တာ…
တရပ်ကွက်လုံးက အောင်လေးဆို ရှောင်ခိုင်းတယ်… ဒါပေမဲ့ ကစားရင် ဒီလူတွေ ပဲ ရှိတာလေ… ပြီးရင် အမှတ်မှ မရှိတာ…
နောက်ရပ်ကွက်တွေနဲ့ ရန်ဖြစ်ရင် ကျွန်တော်က ကိုယ့်ရပ်ကွက်သားဘက်က ထိုးပေးတော့ လူကြီးတွေက .. အော်… ဒါမျိုးတော့ အားကိုးရတယ် ဖြစ်ပြန်ရော…
အမှန်က ကျွန်တော်က တရားသဖြင့်ပဲ လုပ်တာပါ… လာညစ်လို့ ထိုးတာ… လူကြီးတွေက ဒါကို မသိဘူးလေ… သူတို့သားပဲ မှန်တယ် ထင်တာ… စိတ်မကောင်းဘူး…
အိမ်ပြန်ရောက်ရင် ဘယ်သူမှားမှား… ကျွန်တော်က အရိုက်ခံရတယ်… အဖေရိုက်လို့ အမေ့နားကပ်ရင်… နင်က .. ဆိုးတာကိုး ဆိုပြီး ထပ်ရိုက်တယ်… ကပ်စရာ အဘွားပဲ ရှိတယ်…
ရိုက်တဲ့ ကြိမ်လုံးကို မုန်းလို့ လမ်းကြားထဲ လွှင့်ပစ်တာ ကြိမ်လုံး သချိုင်းတောင် ဖြစ်နေလောက်တယ်… ပြန်ုလုပ်ရင်လဲ ငရဲကြီးမှာဆိုတော့ အောင့်ခံပေါ့…
ကြိမ်လုံးပျောက်တော့ ဘာနဲ့ ရိုက်တယ်ထင်လဲ… တံမြက်စည်း တချောင်းရိုးတွေ ရှိတယ်… အဲဒါနဲ့ ရိုက်တယ်..ဗျ… အဲတော့ အရေခွံထူတာ မဆန်းဘူး…
ပြီးရင် တော့ အဲကောင်ကြောင့် အရိုက်ခံရရင် သေပြီပဲ… အပြင် ပြန်ရောက်ရင် အဲကောင်လဲ အသေပဲ… သူတို့တွေမှာ အကိုရှိလဲ ၄ နှစ် ၅ နှစ်ကြီးလဲ ခံထိုးတယ်…
အဖေ့လက်သီးလောက်တော့ မမာပါဘူး… အေးဆေးပဲ… ကိုယ့်လက်သီးသာ ခံစားကြည့်ပေါ့….
ခံပြင်းတာက အဖေအမေက ကိုယ့်ဘက်မရှိတာပဲ… နင့်မိဘက မဆုံးမဘူးလား ပြောရင် ပြန်ပြောတဲ့ စကားက… ဆုံးမတယ်.. မိုက်ချင်လို့ မိုက်တာ ဘာဖြစ်လဲ ဆိုတာပဲ…
တခါကဆို မြန်မာကားတွေမှာ ကလေးက ငိုတော့ မိဘက သားလေး ဘာဖြစ်တာလဲ ချော့မေး မုန့်ကျွေးနဲ့ဆိုတော့… မျှော်လင့်ပြီး ငိုဖူးတယ်…
မေးတယ်.. ဘာဖြစ်တာလဲ… မဖြေဘူး… မူတာပေါ့… ကြာတော့ ဆက်ချော့မယ် ထင်လား… နိုးပါ… အိမ်လာဘ်တိတ်လို့ ဆိုပြီး အရိုက်ခံရတယ်…
စိတ်နာလား မိဘကို ဆိုတော့ ဒုတိယနှစ်ထိ နေ့တိုင်း ရန်ဖြစ်ရတယ်.. ဒါပေမဲ့ ကိုယ်လဲ ကိုယ်ချင်းစာတတ်လာတော့ …. သူတို့ကို အပြစ်မတင်ရက်ပါဘူး…
ရပ်ကွက်ကလဲ ဒီကောင် ကြီးလာရင် လူဆိုးဖြစ်မယ် ဟောကိန်းထုတ်တယ်… အမျိုးတွေထဲမလဲ ဒီကောင် ဂျစ်ကန်ကန်ပဲ ပြောတယ်…
ဟွန်း… ဒါပေမဲ့ ကျွန်တော် ထွန်းပေါက်သင့်သလောက် ထွန်းပေါက်ခဲ့ပါတယ်… ထင်သလောက် မဆိုးတော့ပါဘူး ….
တဦးတည်းသောသား ပျက်စီးမှာ စိုးတဲ့ စိုးရိမ်စိတ်… အလိုလိုက်ရင် ဆိုးမှာ ကြောက်တဲ့ စိတ်ကို သားနားလည်ခဲ့ပါပြီ…
တကယ်တော့ တခါတည်း ရေးမလို့ပဲ… စာအရမ်းရှည်ရင်… အင်ထရက်ကျသွားမှာ စိုးလို့ အပိုငိးခွဲလိုက်တာပါ… ဆိုးလိုက်တာလို့သာ ဆဲကြပေရော့… 🙂
14 comments
မဟာရာဇာ အံစာတုံး
October 13, 2014 at 3:20 pm
ဆိုးလိုက်တာလို့ မဆဲပါဘူး
အဲ .. ဒါပေမယ့်
သိချင်တာ တစ်ခုတော့ ရှိသဗျ …
ပြောပြနိုင်ရင် ဒီနေရာမှာ ပြောပြပေးစေလိုပါတယ် …
အဟမ်း … ဟမ်း ..
ငယ်ငယ်တည်းက ဒီလောက် ရိုက်ခံ ထိလာတော့ကာ …
ခုထိရော ဖင်မှာ အရှိုးရာတွေ ထင်နေသေးသလားလို့ သိချင်တာပါ …
ပုံနဲ့တကွ ဖော်ပြရင် ပိုပီး ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်နိုင်မှာပါ …
ဟီဟိ …
Yae Myae Tha Ninn
October 13, 2014 at 3:23 pm
အရှိုးရာတွေထက်… နေ့စဉ်ထိုးရတဲ့ ဆေးထိုးရာက ဖင်မှာ မပျက်လောက်သေးဘူးဗျ… အဲတုန်းက TB ဆေးတွေက ခေတ်မမှီတော့ ထိုးဆေး ထိုးရတယ်… အဲတုန်းကလဲ မျက်ရည်ကျရတယ်… ဆေးထိုးအပ်ကို ကြောက်လို့ ဆရာဝန်ကို မလုပ်တာ… အမှတ်မမှီတာလဲ ပါတယ်… 😛
အခုတော့ နေ့တိုင်း အင်ဆူလင်ထိုးပေးဖို့ ဆေးထိုးအပ်ကိုင်ရတယ် ဗျာ… 🙁
MAUNG
October 13, 2014 at 3:56 pm
မြန်မြန်ဆက် ရေးပါဗျ ၊ ဆိုးတာချင်း တူသူတွေ မို့ပိုအားပေး နေတယ် 🙂
Yae Myae Tha Ninn
October 13, 2014 at 4:32 pm
ကျေးဇူးပါ.. မောင်ရေ… အခုလဲ ဆက်ရေးနေပါတယ်… ဒါပေမဲ့ မင်္ဂလာဆောင် ပို့စ်ကို အရင် ပြီးအောင် တင်မှာမို့… သဘက်ခါလောက်တော့ နောက်တပိုင်း ဆက်တင်ပါ့မယ်နော်… ကျေးဇူးတင်ပါတယ်… 🙂
ကေဇီ
October 13, 2014 at 4:03 pm
တွေ့ ရ တာ ဝမ်းးသာပါတယ်။
လူမိုက် အဖွဲ့ ကကြိုဆိုပါတယ်။
:kwi:
Yae Myae Tha Ninn
October 13, 2014 at 4:33 pm
ဟီး… ဒါဆို ဓာတ်တူ နာမ်တူတွေ စုမိနေတာပေါ့နော်… 🙂
မွသဲ ( 17082011 )
October 13, 2014 at 6:56 pm
သူကလူမိုက်အဖွဲ့ကလား ဒါဆိုချွိတယောက်တိုးမှတ်ထားလိုက်နော့
Yae Myae Tha Ninn
October 14, 2014 at 8:55 am
လူမိုက်တော့ ဟုတ်ပါဘူး မွသဲရယ်… အများက သတ်မှတ်ထားတာပါ… 🙂 နည်းနည်းလေး ဆိုးတာပဲ ရှိတယ်… ဟီး… 😀
တောင်ပေါ်သား
October 13, 2014 at 4:07 pm
ကျနော်က ငယ်ငယ်က လိမ္မာ
ကြီးတော့မှ ပြောမရ ဆိုမရ
အခုတော့ ခေတ်မကောင်းလို့ ငြိမ်နေတယ် 🙂
Yae Myae Tha Ninn
October 13, 2014 at 4:35 pm
ဒါကတော့ ကိုတောင်ပေါ်သားရေ… အတူတူပဲ… ခေတ်မကောင်းလို့ ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းတာလဲ ပါတယ်ဗျ… 😀
manawphyulay
October 14, 2014 at 9:00 am
ငယ်က ဆိုးတဲ့သူတွေက ကြီးတော့ လိမ္မာတာတွေ များတယ်နော်… ဟုတ်လား
Yae Myae Tha Ninn
October 14, 2014 at 9:15 am
မမှားပါဘူး.. မနော… မယုံရင် ကျွန်တော့်ပဲ ကြည့်… 🙂
kyeemite
October 14, 2014 at 1:15 pm
.ကျုပ်ကတော့ ငယ်ငယ်က သိပ်ဆိုးချိန်မရခဲ့ပါဘူး…
.နဲနဲတော့ကမြင်းကြောထခဲ့သပေါ့( ကျုပ်ရေးဖူးပါတယ်…အဖေရိုက်တာ ပါးမှာလက်ငါးချောင်းရာထင်ပြီး
.ဖျားတောင်ဖျားတယ်.. )
.ဒါကြောင့်ခု ကြီးမှမိုက်ရတော့တာ…ဒါကြောင့်ကျုပ်က ကြီးမိုက်လေ :k:
Yae Myae Tha Ninn
October 14, 2014 at 1:18 pm
အော် .. ဒါဆို… နာမည်ဆင် ညီအစ်ကိုပေါ့… ငယ်မိုက် နဲ့ ကြီးမိုက် … ဟီး… 🙂