Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုထွဋ် ရဲ့ ငယ်ဘဝ… အပိုင်း ( ၂ )

ကုိ ထြဋ္October 14, 20141min42312

အပိုင်း ၁ ဖတ်ပြီး တော်တော် ဆဲချင်နေလောက်ပြီ ထင်တယ်.. ဒီကောင် လောကမှာ ရှိနေသေးတာ အံ့ဩတယ် မပြောကြဘူးလား… 🙂

 

စတုတ္ထတန်း – အေခန်းပဲ ရောက်တယ်… အတန်းပိုင် ဒေါ်ရီရီဌေး… သူ့သမီးက ငုဝါကျော်… ကျွန်တော့် နာမည်က ထွဋ်အောင်ကျော်… ရုတ်တရက် ခေါ်လိုက်ရင် ကျွန်တော့ ခေါ်တယ် အောင့်မေ့လို့ ထူးမိတယ်…

အိမ်ရှေ့အိမ်ကို ကေခိုင် ဗလာစာအုပ် အလုပ်ရုံပြောင်းလာတော စာအုပ် အပယ်တွေ အလကားရတယ်… ကျောင်းမှာ အဲဒီနှစ်က စာရွက် ဖြုတ်မဖြေရ… စာအုပ်နဲ့ ဖြေရမယ်ဆိုတော့..

ကျွန်တော် စီးပွားတက်တာပေါ့… 🙂 ဒီအပြင် နွေပိတ်ရက်ဆို သူတို့ သနပ်ခါးလဲ ထုတ်တော့ အဲမှာ အလုပ်လုပ်နေပြီ… တဘက်တလမ်းက ဝင်ငွေရှာရတာပေါ့…

ကျူရှင် စရိတ်လဲ မကုန်ပါဘူး… သူငယ်တန်းနှစ်ကပဲ ဆရာမ ဒေါ်သဇင်နဲ့ သင်တော့ ပိုက်ဆံပေးခဲ့ရတယ်… ခုထိ အဲဆရာမတွေကို လမ်းမှာတွေ့ရင် လက်အုပ်ချီပြီး မင်္ဂလာပါ နှုတ်ဆက်တုန်းဗျ…

တစ်တန်းရောက်တော့ အိမ်ရှေ့အိမ်က ကျူရှင်က ကျွန်တော်တို့ နွမ်းပါးတာ သိလို့ ပညာဒါနနဲ့ ၁ဝ တန်းထိ အလကားသင်ပေးတယ်…

အဖေ နဲ့ အမေ တောင်ကြီးကို ခရီးသွားတော့ မခွဲစဖူးမို့ လွမ်းဖျား ဖျားဖူးတယ်… ဒါကို ကြည့်ရင် ချစ်တော့ ချစ်တယ် ဆိုတာ သိသာတယ်နော့…

စကားများလို့ဆိုပြီး အမေ ဖိနပ်နဲ့ပါးရိုက်တာခံခဲ့ရတယ်… မြန်မာကားတွေထဲကလို တသက်လုံး မရိုက်ခဲ့တဲ့ ပါးလို့ ပြောလို့မရတော့ဘူးပေါ့… 😀

 

ပဉ္စမတန်း – ဘီခန်း ပြန်ကျသွားတယ်… အတန်းပိုင်တော့ မမှတ်မိဘူး… ဆရာမက ဗိုက်ခွဲရလို့ဆိုပြီး… တခြားဆရာမတွေနဲ့ အပ်ထားတာဗျ…

စည်သူဆိုတဲ့ သူငယ်ချင်းနဲ့ စခင်တယ်… သူကတော့ အခု Mr.Fone မှာ အရေးပါတဲ့ တယောက်ဖြစ်နေပြီ… ကိုယ်ကတော့ ငချာပဲ…

ပုဆိုး စ ဝတ်ရတယ်… စီးပွားရေးက နဂိုထက် ပိုကျတယ် ပြောရမလားပဲ… ပုဆိုးဆို အကိုတဝမ်းကွဲ အကျတွေ ဝတ်ရတယ်… အကျီင်္ဆို အဖေ့အကျီင်္ကို ပြန်သီ ဝတ်ရတယ်…

အဝတ်အစားသစ် လိုက်ဝယ်ပေးတယ်.. ဘေတန်းမှာ… စိတ်ကြိုက်ရွေးဆိုတော့ အနက်ပဲ လိုချင်တယ်… အမေက တရုတ်လေ… အနက်ကို မကြိုက်ဘူး…

ဟင့်အင်း ဒါပဲ ဝတ်မယ်… ဆိုတော့… ကဲ… ဒါဆို… အခု တခြား အရောင်ယူရင်.. နောက်နှစ် အသစ် ထပ်ဝယ်ပေးမယ်… အနက်ပဲယူရင်..  အခုလဲ မဝယ်ပေးဘူး.. နောက်လဲ မစဉ်းစားနဲ့တဲ့…

အိုကေလေ… ကျွန်တော်ကလဲ ကျွန်တော် မယူဘူးပေါ့.. ဘာဖြစ်လဲ… အဲဒါနဲ့ အသစ်ကိစ္စ နိတ္ထိတံ သွားတယ်…

အဲဒီနှစ်မှာ သရေဘောလုံး ခြင်းကျား စကန်ပြီ… မနက်ဆို သနပ်ခါး အဖွေးသားနဲ့ ကျောင်းလာ… ရောက်တာနဲ့ ဘောလုံးကန်တော့ ချွေးတွေနဲ့ အကျိီတွေ ဝါကုန်ရော…

ချွေးထွက်ကလဲ သန်တယ်လေ… ခဲသားဘောပင် အသစ် စကိုင်ဖူးခဲ့….

ဖန်ဖဲပွဲ စလုပ်… လုပ်တော့ ဘာဝတ်ရမှန်းမသိ.. ဒါနဲ့ အိမ်က အဖေတိုက်ပုံဆင်လိုက်တာ… ကျောင်းမှာ တိုင်ကို ပတ်နေတာ.. ဆော့လို့လဲ မရ… မဲလာရင် သေမယ်တဲ့… 🙂

 

၆ တန်း – ဟီး.. အဌမလား.. သတ္ထမလား.. သိတော့ဘူး… ဒီတော့ ၆ တန်းပေါ့… အေခန်း… ဒေါ်ခင်စန်းကြွယ် ခပ်ချောချောလေး ဆရာမက… အဲဒီနှစ်က ဆရာမတွေကို လက်မှတ်အတန်းဒတ်လိုက်ထိုးခိုင်းရတယ်..

စာသင်ချိန်လွတ် ပြီးရော… လိုက်ထိုးတာ… အတန်းချိန် ၂ ချိန်လောက်ကုန်တယ်…

အဓိကကတော့ ဘောလုံးကန်တဲ့ လယ်ကွင်းထဲမှာ မြက်ပင်တွေကို ချည်ပြီး ထောင်ချောက်လိုက်လုပ်နေလို့… ဘောလုံးကို ပြေးကန်ရင် ခလုတ်တိုက် ချော်လဲအောင်ပေါ့…

အတန်းထဲမှာ စာမသင်ချင်ရင် ကျွန်တော့်ကို ကျပ်ပေး… ကျွန်တော်က ကိုွင်ရှာလိုက်ရင် အဲနေ့ ဆူတာနဲ့ စာ မသင်ဖြစ်တော့ဘူး… စွမ်းရည်ပေါ့… အဟဲ…

ဘုရားဆွမ်းတော်ကပ်ပွဲ ရှိလား… အလှူငွေလား… တရက်ထဲပေးရမယ်ဆို တလကြာတယ်… အိမ်က ပိုက်ဆံစုနေလို့ဆိုပြီး ပြောခိုင်းတယ်…

ဆွမ်းတော်တင်ပွဲဆို ဈေးအပေါဆုံး မရွေးကို ဝယ်ပေးလိုက်တယ်… မှတ်မိသေးတယ်… အခန်းထဲ လှည်းဖို့ တံမြက်စည်းလှူပါဆိုမှ အိမ်က အဘွားသီထားတဲ့ အုန်း တံမြက်စည်းပေးတာ … စိတ်ကို ကုန်ရော…

 

ရ တန်း – အေခန်းပဲ… ဒေါ်ရီရီဌေး … နာမည်တူတာ လူက တူဘူးနော်… သဘောအရမ်းကောင်းတယ်… အရမ်းလဲ ချစ်တယ်… အဲတော့ ကျွန်တော်လဲ တော်ရုံ ဇာတိကို မပြတော့ဘူး…

အမှန်တော့ သူက ဆိုက်ကို သုံးတာ ထင်တယ်… ပုံမှန်ဆို ဒီကောင် နောက်တတန်းရောက်လာရင် သတင်းက အတူတူပါပြီးသားလေ… ဆိုးတယ် ပြောထားတော့ ဆိုးတာပေါ့…

အခုက သားက လိမ္မာတယ်ဆိုတော့ … လိမ္မာလိုက်တယ်… ရေခွက်လှလှလေး လှူလိုက်တယ်… အဲဒီနှစ်… မုန့်လဲ ကိုယ့်ဘာသာ ကောင်းကောင်းလေး ဝယ် ဆွမ်းတော်ကပ်လိုက်တယ်…

ကျွန်တော်က ဆိုးသာဆိုးတယ်… အဆင့်ကျရင် သတ်မှာစိုးလို့… ၁ က ၁ဝ ထိတော့ အဆင့်မကျဘူး… အမှတ်ထပ်လို့ အဆင့် ၁ဝ ကျော်ရင် ဘယ်လို ဖြေရှင်းရှင်း မရဘူး…

အဲနှစ်ကတော့ အဆင့် ၁ ကနေ ၃ မကျတော့ဘူး… အံ့တွေ ဩနေတာ… အဲဒါက ကျွန်တော့် စိတ်ပဲဗျ.. ယုံကြည်မှုတခုပေးလိုက် ဘယ်တော့ မရိုက်ချိုးဘူး… မမိုက်ရိုင်းတတ်ဘူး…

ကဗျာတွေ၊ စာစီစာကုံး ပြိုင်ပွဲတွေ ဝင်ပြိုင်ပေးနေပြီ… စာရင်းဆို မကြည့်နဲ့ ထည့်လိုက်… ခေါင်းစဉ်သာပြောပဲ… အစက အဖေက ကုန်ကြမ်းပေး ပုံသွင်းပေးတယ်…

နောက်တော့ ကိုယ့်ဘာသာရေးတယ်… စပ်တယ်… ဆုတွေဆို ကျောင်းတွင်းဆို ကျွန်တော်ပဲ မြို့နယ်၊ တိုင်းမှသာ ပြုတ်သွားတာ… ထူးချွန်တွေလဲ ဖြေတယ်..

ဆုတွေကို ဒိုင်းပေးမယ်ဆိုတော့ ညှိလိုက်တယ်… ဆရာမကို…သားက ပိုက်ဆံပဲ လိုချင်တာ… ဒိုင်းက သုံးမရဘူးဆိုတော့ ပိုက်ဆံပဲ ပေးဆိုတော့… ဟီး… ဝင်ငွေ ပြန်ဖြောင့်သွားတယ်..

သူများကျောင်းသားတွေဆို စိတ်ညစ်တယ်… ကျွန်တော်က ပိုက်ဆံရတော့ ပျော်တယ်… ခဏခဏ ပွဲလာပါစေဆုတောင်းတယ်… တပ်မတော်နေ့၊ နွားအလှတို့၊ လွတ်လပ်ရေးနေ့တို့ ဘာတို့ပေါ့…

အဲတုန်းက စာကြည့်တိုက် တခု ဖြုတ်လို့ အိမ်ကို လာထားထားတာ တော်တော်အိုကေတယ် ပြောရမယ်… ကုန်ကြမ်းတွေ တအားရတာ..

ကစားတာတောင် မကစားတော့ဘူး… စာအုပ်ပဲ… ဒါက ဝင်ငွေဖြောင့်တာကိုး….

နောက်ထပ် စီးပွားရေးကတော့ အစ်မ တယောက်ဆီက မြိတ်မီးသွေး ယူရောင်းပေးတယ်… အိမ်က လုပ်တာထက် ကျွန်တော် ရောင်းတာ ပိုတယ်…

၁ဝ ပိသာ ၁၅ ပိသာလောက်ကိုပဲ ခြောက်ထပ်တိုက်ကို လိုက်ပို့နေပြီ… ရသမျှ အမြတ်တွေ အိမ်ကို တကျပ်မကျန် ပြန်အပ်နေပြီ… 🙂

ချွင်းချက် တခုပဲ… အမေနဲ့ ပတ်သက်ပြီး ဆဲလို့ သူငယ်ချင်းတယောက်ကို လိုက်ဖမ်းရင်း မိတာ.. ဘေးက အုတ်နီခဲနဲ့ ထုခါနီး… သူငယ်ချင်းတွေ ဝိုင်းဆွဲတာ မှီသွားလို့… မဟုတ်ရင် ကလေးထောင် ဒိုးရမလားပဲ…

အမေတို့ ရိုက်ချင် ရိုက်ပါစေ… လာတော့ ထိခိုက် ဆဲရင် ဆောရီးပဲ… ဒါကတော့ အမှတ်တရပဲ… သူငယ်ချင်းနာမည်က ဝင်းထက်အောင်တဲ့… နောက်နှစ် သူလဲ သိုင်းသွားသင်တော့တာပဲ… 🙂

 

ကဲ… အပိုင်းခွဲမယ့် ခွဲတော့ ၃ ပိုင်း ခွဲလိုက်မယ်နော်… ဓာတ်ပုံလဲ မြင်ဖူးနေတာပဲ… နောက်လမ်းတွေ့ရင် ရှောင်ပေါ့… ဟီး… 🙂

12 comments

  • MAUNG

    October 14, 2014 at 2:45 pm

    ဟီးဟီး တိုက်ပုံ ကြီးနဲ့တိုင်ပါတ် နေတာ မြင်ယောင်မိတယ်….
    အပိုင်း ၃ မှာသိုင်း ချတဲ့ အကွက်တွေ ပါမှာလား ? 🙂

    • Yae Myae Tha Ninn

      October 15, 2014 at 10:50 am

      တိုင်ပတ်တာထက်…ဆော့ဖို့ လာခေါ်တယ်… အိမ်က မှာလိုက်တယ်… ပျောက်တယ်… မဲတယ် မကြားချင်ဘူး.. ဖြစ်လာရင် အသေပဲတဲ့… ဘော်ဒါတွေကလဲ အကျင့်ယုတ်တယ်… အရှေ့မှာ လာဆော့ပြတယ်… 🙁

  • ကေဇီ

    October 14, 2014 at 2:52 pm

    ဟမ်မလေးးး
    နင်းနင်း ဆိုးတယ် ဆိုတာ တိုင်းသိပြည်သိ ပွင့်ပွင့်လင်းလင်း ဆိုးတာ။
    မကြောက်ရဘူးး
    တစ်ချို့က အုံ့ပုန်း ဆိုးတာ။ ကြောင်ချီးရယ်။
    မထင်ရပဲ လုပ်လိုက်ရင် ချီးထုပ် အလုပ်တွေချည်းးး
    အဲလို လူမျိုးက ပိုကြောက်ရတယ်။
    :boss:

    • Yae Myae Tha Ninn

      October 15, 2014 at 10:54 am

      အဲလိုတော့ ဆိုးတတ်ဘူးဗျ… ဆိုးရင် ပြောပြီးဆိုးတယ်… ထိုးလဲ ပြောပြီးထိုးတယ်… လက်သီးပြောတာနော်…
      အုံ့ပုန်းဆို အားမရဘူး… ကိုယ်လုပ်တာ သူမသိတော့ ဖီးလ်မလာဘူးရယ်… ချောင်းတောင် မရိုက်တတ်ဘူး… သူကွဲလဲ ကိုယ်လုပ်တာ မသိတော့ ဘယ်သူ့ တောက်ခေါက်ရမှန်း သိမှာ မဟုတ်ဘူးလေ… 🙂

  • ဂျက်စပဲရိုး

    October 14, 2014 at 3:11 pm

    ဒီ အကိုကြီးက သဘောကောင်း စိတ်ထားဖြူစင်မယ့်ပုံနော်…
    မြန်မာပြည် ပြန်ရင် တစ်နေ့ တစ်မျိုး မရိုးရအောင် စားသောက်ဆိုင်တွေမှာ အိတ်စိုက်ပြီး လိုက်ကျွေးမယ် လို့ ယုံကြည်ထားပါတယ်။
    (ယုံကြည်ချက် ထားလိုက်ရင် ရိုက်မချိုးတတ်ဘူးဆိုတော့ကာ) 😛 😛 😛

    • Yae Myae Tha Ninn

      October 15, 2014 at 11:01 am

      စိတ်ချပါ.. လာသာ လာခဲ့.. မနက်စာတော့ ဆိုင်မရိုးအောင် လိုက်ကျွေးမယ်.. ရွှေဟင်္သာတတော့ နေ့လည်စာ ကျွေးပါ့မယ်… လာရင် သာ မက်ဆစ် ဒါမှ မဟုတ် ဖုန်းဆက်လိုက်… 🙂

  • kyeemite

    October 15, 2014 at 10:41 am

    .ဆိုးတဲ့ကြားက၊ မပြေလည်တဲ့ကြားက စာတော်တာကိုတော့ ချီးကျူ းပါတယ်
    .နောက် ငယ်ကတည်းက ဝင်ငွေတစ်ဖက်တစ်လမ်းရှာတာကိုလည်း သဘောကျမိတယ်..ကျုပ်လိုပါပဲ
    .ကျုပ်နဲ့မတူတာက ကျုပ်က ငယ်ငယ်ကစာညံ့တယ်..လပါတ်တောင် မအောင်တတ်ဘူးဗျ :boss:

  • Yae Myae Tha Ninn

    October 15, 2014 at 11:06 am

    ဟုတ်.. ဦးကြီးမိုက်.. စာက တော်တာ ဟုတ်ဘူး.. မဟုတ်ရင် သတ်မှာ စိုးလို့… 🙂
    ဝင်ငွေက မရှာလို့ မရဘူးလေ… မဟုတ်ရင် ဒီဟင်းမှာ ဘာတွေ ပါတယ်… ဘယ်လောက်လဲ ဆိုတာ ကြားနေရတယ်… တကယ်တော့ မကြားချင်ဘူး.. မျိုမကြဘူးဗျ… ခေါက်ဆွဲပြုတ် ယမ်ယမ်ကိုလေ… ၁ဝ တန်းပြိးမှ တပွဲလုံးကို တယောက်ထဲ စားဖူးတယ်… အဲတုန်းကဆို မျက်ရည်ပါ ကျတာဗျ… ဝမ်းနည်းလွန်းလို့.. 🙁

  • kyeemite

    October 15, 2014 at 4:04 pm

    .မျက်ရည်မကျပါနဲ့လေ..ကျုပ်တက္ကသိုလ်တက်နေတုန်းကလည်း မုန့်ဖိုးမရခဲ့ပါဘူး…ကျောင်းပြီးလို့
    .အစိုးရဋ္ဌာနအရာရှိဘွမှာ တစ်ယောက်ထဲ ထမင်းတောင်နပ်မမှန်ချင်ဘူး..ဒါနဲ့ပဲ ၈နှစ်လုပ်ပြီး ဇွတ်ထွက်ခဲ့တာ
    .ကြိုးစားသူအတွက်အဆင်ပြေမှု ဆိုတာက စောင့်နေပါတယ်လေ…ဆက်လုပ် 🙂

    • Yae Myae Tha Ninn

      October 15, 2014 at 4:32 pm

      ကျေးဇူးပါ… ဦးကြီးမိုက်ရေ… ကြိုးစားနေပါတယ်… 🙂

  • မြစပဲရိုး

    October 15, 2014 at 6:10 pm

    မောင်ထွဋ် ရယ်

    မင်းဒီလောက် စာရေးကောင်း တာ။
    ရေးစမ်းပါလေ့။

    ကြည့်ရတာ မင်းက လူဆိုး မဟုတ်ပါဘူး။
    မိဘ ကို ဒီလောက် နားလည်ပေးနေနိုင်တာ၊ မိဘ ကို အခုထက်ထိ စောင့်ရှောက် နေတာ။ လိမ်မာ တဲ့ သားလို့ တောင်ခေါ်လို့ ရပါ။
    ငယ်ငယ်က ချွေတာစားရပေမဲ့ အခုတော့ စားချင်တိုင်း စားနေနိုင်ပြီပေါ့။
    မိဘ ကို လုပ်ကျွေး တဲ့ သားသမီး ဘယ်တော့မှ မဆင်းရဲဘူး။
    ပိုပြီး အောင်မြင်ဦးမှာ။
    မယ်ထွဋ် ကလဲ အတော်စိတ်နှလုံး ပြည့်တဲ့ ပုံဘဲ။

    ဒါထက် အဲ ဒီ ကူရှင်ကျောင်းမှာ ၁၉၉၅ နောက်ပိုင်းလားတော့ မသိ။
    အရီး အဒေါ်တစ်ယောက် ကျောင်းအုပ်ဆရာမကြီး ဖြစ်သေးတယ်။
    တော်တော်ကြာ တယ်။
    မင်းတုန်းက ကျောင်းအုပ်က ဘယ်သူလဲ။

  • Yae Myae Tha Ninn

    October 16, 2014 at 8:58 am

    ဟုတ်… အရီး… ဆက်ရေးနေပါတယ်… 🙂
    လိမ္မာတယ်တော့ မခံယူချင်သေးပါဘူး… အခုထိ ဆိုးသေးတယ်… ကွမ်းမစားနဲ့ဆို စားသေးတယ်… အရက်မသောက်နဲ့ဆို ညတိုင်းသောက်တယ်.. ဟီး…

Leave a Reply