ဒါက နောက်ဆုံး အပိုင်းပေါ့… စိတ်မရှည်လို့ ဆဲချင်သူများ… ပို့စ်ပြီးသွားလို့ အမြင်ကပ်ပြီး မပေါင်းချင်သူများ ပိုမို ပေါ်ထွက်လာမယ်ထင်တယ်… ဟီး… ငယ်ငယ်ထဲက အရမ်း ခြစ်ဖို့ကောင်းတဲ့ ( ဓားနဲ့ ပြောတာ )…. ကျွန်တော့်ကို… မမွေးခဲ့ရင် ပြီးပြီ မျက်စိနောက် သက်သာတယ်လို့ ပြောမယ့်သူတွေလဲ အပုံအပင် ဖြစ်လာမှာပေါ့နော့…. ဟဲ… 🙂 ကဲပါ… ၈ တန်း – ဘီခန်းကို ကျသွားတယ်… အံ့ဩမဆုံးဘူး… စာတွေ တောက်လျှောက်ရ အဆင့်လဲ ကောင်းရဲ့သားနဲ့ပေါ့… ဒါပေမဲ့ ဆုတော့ တောင်းခဲ့တယ်… အမေထားနဲ့ အင်္ဂလိပ်စာ သင်ချင်တယ်လို့… သူက ဘီခန်းပဲ သင်တာကိုး… ကံမကောင်းခဲ့ဘူး… သူက အဲနှစ် တသက်လုံး ဘီကို သင်လာတာ.. […]