ကိုထွဋ် ရဲ့ ငယ်ဘဝ… အပိုင်း ( ၃ )

ကုိ ထြဋ္October 16, 20141min41518

ဒါက နောက်ဆုံး အပိုင်းပေါ့… စိတ်မရှည်လို့ ဆဲချင်သူများ… ပို့စ်ပြီးသွားလို့ အမြင်ကပ်ပြီး မပေါင်းချင်သူများ ပိုမို ပေါ်ထွက်လာမယ်ထင်တယ်… ဟီး…

ငယ်ငယ်ထဲက အရမ်း ခြစ်ဖို့ကောင်းတဲ့ ( ဓားနဲ့ ပြောတာ )…. ကျွန်တော့်ကို… မမွေးခဲ့ရင် ပြီးပြီ မျက်စိနောက် သက်သာတယ်လို့ ပြောမယ့်သူတွေလဲ အပုံအပင် ဖြစ်လာမှာပေါ့နော့…. ဟဲ… 🙂

 

ကဲပါ…

၈ တန်း – ဘီခန်းကို ကျသွားတယ်… အံ့ဩမဆုံးဘူး… စာတွေ တောက်လျှောက်ရ အဆင့်လဲ ကောင်းရဲ့သားနဲ့ပေါ့… ဒါပေမဲ့ ဆုတော့ တောင်းခဲ့တယ်… အမေထားနဲ့ အင်္ဂလိပ်စာ သင်ချင်တယ်လို့…

သူက ဘီခန်းပဲ သင်တာကိုး… ကံမကောင်းခဲ့ဘူး… သူက အဲနှစ် တသက်လုံး ဘီကို သင်လာတာ.. ဒီတနှစ် အေခန်းသင်မယ်တဲ့ သေရော… အတန်းပိုင်က ဒေါ်အေးမြင့်… ထော်လီကွေ့မှာနေတာ…

မဆီလေးရယ်တဲ့မှ မဆိုင် သိမ်းကြုံးအရိုက်ခံရတာ က တခါ… အဲတာက ကျွန်တော်တို့က နှစ်စဉ် အဆောင်တွေကို ပြောင်းရတယ်… အတန်းအလိုက်… မေတ္တာဆောင်ဆိုတာ ၈ တန်း သီးသန့်အဆောင်ရယ်…

ကျွန်တော်က ကော်ရီဒါဆို သိပ်ကြိုက်တာ… အိမ်က မြေညီထပ်ဆိုတော့ ဝရန်တာ မရှိဘူးလေ… အဲကလေတိုက်တာ ကို ခံချင်တာ…

ဒါပေမဲ့ ကံဆိုးချင်တော့….

ကျွန်တော်တို့ ပြောင်းလာတဲ့ နှစ်မှာ အဆောင်နောက်က မကျည်းပင်ကို ခုတ်လိုက်တယ်… ဒါနဲ့ ဘာဆိုင်လဲလို့ မမေးနဲ့… ဆိုင်တာမှ လားလားဆိုင်တာ…

မောင်မင်းကြီးသား ယောကျာင်္းများက ဘောလုံးလဲ မကန်ဘူး… အအေးထုပ်ဆို ပြေးဝယ် ပြန်လာ… ကော်ရီဒါမှာ သောက်နေတယ်… ထူးဆန်းတယ်ပေါ့…

ကိုယ်ကတော့ ကိုယ် ဖီးလ်နဲ့ ကိုယ်ရယ်…. ဘယ်ဟုတ်မလဲ.. အဆောင်နောက်မှာ အမျိုးသမီး အိမ်သာရှိတယ်လေ… အဲက ခေါင်မိုးကြွပ်ပြားတချပ်က ကွဲပြိး အပေါက်ကြီးဖြစ်နေတယ်…

ဒါကို ကျွန်တော်က မသိဘူး… ဟိုကောင်တွေက သိတယ်… ဒီတော့ ခွင်ဆင်နေကြတာ… အဲဒါကို အမေထား ကလဲ နောက်မှ ရိပ်စားမိသွားပြီး … ဒီကောင်တွေတော့လို့ .. လိုက်ရိုက်မှ ကျွန်တော်လဲ သိရတာ… 🙂

တကယ်လဲ ဟုတ်တယ်ဗျိုး… နောက်မှ မသိမသာ ကြည့်လိုက်တာ… တန်းနေတာပဲကိုး… 🙂

စိုက်ပျိုးရေးဆိုပြီး ဗန်ဒါသီးတွေ ထုစားဖြစ်ခဲ့တယ်.. အုန်းနို့ နဲ့ တွဲစားလို့ မူးဝေဝေ ဖြစ်ခဲ့ရတယ်….

သုံးလွန်းတင် ကြိုးခေါက်နဲ့ ရိုက်တတ်တဲ့ ဒေါ်ကျော့မေ ရဲ့ အချစ်တော် ဖြစ်ခဲ့တယ်… ကဗျာတွေ စာတွေ တော်လို့… 🙂

၈ တန်း နှစ်က အပြောင်းအလဲတွေ တော်တော်များတယ်… အသံပြောင်းတယ်… နှုတ်ခမ်းမွှေး စထွက်ပြီ… ခြေသလုံးမွှေး စထွက်ပြီ… အုံထူလို့ ဘောင်းဘီတိုတောင် မဝတ်တော့ဘူး…

ဟီး… ရင်ဘတ်မွှေးတောင် ထွက်နေပြီ… ဆေးလိပ်သောက်တတ်နေပြီ… ဆေးခြောက်ရှုဖူးပြီ…

အငဲ အန်ပလပ်ထွက်လာတော့ … ရော့ခ်ကို စရူးသွပ်သွားပြီ… ကိုညိုမင်းလွင်နဲ့ တွဲပြီး ဝိတ် မ တတ်ပြီ… ပန်းထိမ်ကို ဌားတဲ့ နှစ်ဆိုတော့ ငရဲမီး အကြီးအကျယ်ဆော့တဲ့ နှစ်…

ဂစ်တာ စ တီးနေပြီ… မျက်လှည့်ပြတတ်နေပြီ… ဝင်းထက်အောင်က သိုင်းသင်တယ် ကြားလို့… ကျွန်တော်လဲ သိုင်း ပြောင်းပြန် သင်နေပြီ…

လန်ဒန် စီးကရက်က ဆာဗေး ဖြေရတယ်… မင်းမြတ်သူရ နေမင်းတထောင် စ ဖတ်တယ်… ဂျူးရဲ့ ကောင်းကင်မပါတဲ့ ည စ မြည်းစမ်းတယ်… အဓိက ကတော့ ကိုညိုမင်းလွင်နဲ့ အနေများသွားလို့ပါ… 🙂

 

၉ တန်း – အေခန်း ရောက်ပြီ… အတန်းပိုင်ရဲ့ ကျူရှင်တက်တာ ဒါ ပထမဆုံးပဲ… တပတ်လောက်ပဲ တက်တယ်… မကြိုက်လို့…

ဓာတု ဆရာမ အသစ်ရောက်လာပြီး မေးခွန်းတွေ ကပေါက်တိ ကပေါက်ချာလုပ်လို့ စာမေးပွဲ တဘာသာ ကျဖူးသွားတယ်… ရှက်လိုက်တာ.. အိမ်မသိအောင် လက်မှတ်ခိုးထိုးရတယ်…

အမှန်က ကျွန်တော်တို့ကို မသင်ရသေးတာကို မေးခွန်းထဲ ထည့်ပေးလိုက်တာကိုး… အတန်းတွေက စာတွေ သင်ထားတာ မတူဘူးလေ…

နောက်တော့ ပြန်တောင်းပန်တယ်.. သို့သော် ရီပို့ကဒ်က နီသွားပြီလေ… အရမ်းတင်းတာပဲ… ကျတာလဲ တခန်းလုံးကို အဲဘာသာကျတယ်… ကျူရှင်က သင်ထားတာ စောတဲ့သူတွေပဲ အောင်တယ်…

ကံကောင်းမယ့် အချစ် အခွေ ထွက်တော့ ဂရေဟမ်လို့ နားလိုက်ဖောက်တယ်… ချိန်းပွဲတွေ လိုက်ရိုက်တတ်နေပြီ… စိတ်ကြွဆေး သုံးတတ်နေပြီ…

စာသင်ချိန် လျှောက်ကြည့်နေတုန်း ဒိုင်နာကြီး တုံးလုံးလဲတာ မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတယ်… သူငယ်ချင်းတယောက် ယောကျာင်္းလေး ကေနဲ့ အခုတော့ သူက ဂျာနယ်တိုက်တခုမှာ ဆရာမကြီး ဖြစ်နေပြီ…

မှတ်မိတာ အဲချိန်ထိ ကစားတာတော့ ကစားတုန်းဗျ… ဂြိုလ်သားလို့ခေါ်တဲ့ သူငယ်ချင်းတယောက် ထပ်ရတယ်… ၈ တန်းတုန်းက စခင်တာပဲ.. ဒါပေမဲ့ ၉ တန်းမှာ ပိုတွဲဖြစ်တယ်…

ဂြိုလ်သား ဘိတ်သားဆိုပြီး အတွဲမိကြတယ်… ဘောလုံးကန်လဲ တဘက်ထဲပဲနေတယ်… ရန်ဖြစ်ရင် ကို်ယ့်ကို ထိရင် သူက စ ပြီး သွားထိုးတော့တာပဲ… သူချိန်းပွဲဆို ကျွန်တော်ပါ…

သူငယ်ချင်းတွေက ရည်းစားတွေ ထားတတ်နေပြီ… ကျွန်တော်က အဲအချိန်ထိ စိတ်ကို မဝင်စားသေးတာ … အံ့ဩစရာပဲ…

တခြားမြို့နယ်တွေ ကို အလည်သွားတတ်နေပြီ… အလုံက သူငယ်ချင်းတွေ ဆီ သွားကစားတာတို့… မုန့်သွားစားတာတို့ပေါ့… ပုံမှန်အားဖြင့်တော့ ရပ်ကွက်ပဲ ကူးတတ်သေးတာလေ…

 

၁ဝ တန်း – အေခန်းပဲ… မတက်ခင်ကတည်းက အိမ်က  ခေါင်းစားနေတာ… အိမ်ရှေ့အိမ်က ကျူရှင်က သင်ပေးပါတယ်.. ဒါပေမဲ့ အတန်းတူ မရှိတော့ အချိန်က သိပ်မပေးနိုင်ဘူးလေ…

ကျွန်တော်ကလဲ ပူဆာတယ်… မြို့ထဲမှာ တက်မယ်ဆိုတော့ ပေးတတ်ပါတယ်… ဦးညီ (ဓာတု )၊ ဦးဉာဏ်လွင် ( ရူပ )… စီနီယာတွေက ပြောတယ်လေ… မြို့ထဲမှာက ပို လွတ်လပ်တယ်ဆိုပြီး…

ဒါပေမဲ့ ကျူရှင်ခတွေက ဈေးကြီးတယ်ဗျ… လိုင်းကားခ မုန့်စားမယ်ဆိုလဲ စားရအောင် လိုလိုမယ်မယ် ပိုက်ဆံ ထည့်ပေးရတယ်လေ… မသုံးရဘူးနော်… လိုရင် သုံးရအောင် ဆိုတော့ ဂွကျတာပေါ့…

ကျွန်တော်လဲ သနားလာတယ်… သူတို့ မနိုင်မှန်းသိတော့… ဒါနဲ့ ကျူရှင်မတက်တော့ဘူး… ကျောင်းမှန်မှန်တက်မယ်… မသိတာ ဆရာမတွေ မေးမယ်ဆိုပြီး.. ထွက်လိုက်တယ်…

အဒေါ်က ၁ဝ တန်း ဆရာမကိုး… သူလဲ လိုက်အပ်ပေးတယ်..  ဒါ သူ့တူပါဆိုပြီး… တကယ်တော့ အားလုံးက သိတယ်… လူဆိုးဆိုတော့…

တကယ်တမ်းတော့ ၁ဝ တန်းမှာ ကိုယ့်ထက်ဆိုးတဲ့ နှစ်ကြီးသမားတွေ တွေ့လိုက်တော့ ကိုယ်က ပါမွှားလေးပါပဲ… ပြီးတော့ ဒီနှစ်က အရေးကြီးတော့ ဆရာမကိုတောင် ကြိုတတ်လာတယ်…

ခြင်းဆွဲပေးဖူးလာတယ်… သူငယ်ချင်းတွေကိုလဲ တည့်အောင် ပေါင်းရတယ်… စာမေးဖို့လေ… သူတို့ကလဲ လူဆိုးကြီးကို ကူညီကြတယ်… အထူးထုတ်တွေ လှူတယ်…

ဆရာမတွေကလဲ အိမ်ကို ခေါ် ထမင်းကျွေး စာသင်ပေးကြတယ်… သချာင်္ဆို ဒေါ်ပိုပို၊ ဇီဝ ဆိုရင် ဒေါ်ကြူကြူဝင်း… ဆရာမဆို အရမ်းကျေးဇူးကြီးတယ်… ဘိုင်အိုကို ၈ မှတ်တန် လေးပုဒ် ရွေးပေးတယ်…

ကွက်တိ လုံးဝ ပါတယ်… အဲကြောင့် အောင်တာ… မဟုတ်ရင် ဘိုင်အိုကို ချပ်ပတာ ၁၅ ခုမှာ ၅ ခန်းပဲ သင်ရသေးတဲ့ ကျွန်တော် ဘယ်အောင်မလဲ….

ကျူရှင်တော့ တက်ရပါမယ်ဆိုပြီး.. အိမ်က စုံစမ်းပေးပါတယ်… ကံကောင်းချင်တော့ အဖေ တူ အတွက်ဆိုပြီး ပညာဒါန တခု တွေ့တယ်… သူက ကိုယ့်ထက် အပိုးမကျိုးတော့ ရိုက်ရင် သေမှာတဲ့…

မင်းတက်မလားဆိုတော့ ရတယ်… သက်သာရင် ပြီးရောလေ… စာမရမှ ရိုက်မှာပဲ… တက်ရမှာပေါ့ ဆိုပြီး လက်ခံခဲ့တယ်… ဂို်က်လဲ ဌားမနေနဲ့လို့… သားပဲ ကြိုးစားမယ်ဆိုပြီး…

ရိုက်ချက်ကတော့ လက်လန်တယ်… အောင်မှတ်က ၈ဝ … ၄ဝ အောက်ဆို ဝ သမားဆို အချက် ၄ဝ တီးပြီပဲ… ကြိမ်လုံး နာမည်ကို က မိုးညိုတဲ့… မိုးလိုက်တာ နဲ့ ခြေသလုံး ညိုသွားလို့…

စာမရလို့ အရိုက်မခံရဖူးဘူး… လျှာရှည်လို့… ခွက်နဲ့ အခေါက်ခံရဖူးတယ်… မျက်ရည်ပါ ကျတယ်… စာအုပ်ကျန်ခဲ့လို့ တခါ အရိုက်ခံရဖူးတယ်… ၅ ချက်…

အဲဒီမှာ စနစ်က ဆုပေး ဒဏ်ပေးလေ… အဆင့်တစ်သမားက ခုနက ၄ဝ အောက်ဆို ရိုက် ပိုက်ဆံ ၄ဝ ထည့်… ၈ဝ အောက်ဆို ၄ဝ ထိ ပိုက်ဆံထည့် အရိုက်လွတ် ဆိုတော့…

ကျောင်းသား ၂ ရာကျော်နဲ့ ဆိုတော့… မနည်းဘူးလေ ပိုုက်ဆံက… ပြီးတော့ အပတ်တိုင်း စာမေးပွဲက…

ကျရင် ပိုက်ဆံရှုံးမယ်.. အရို်က်ခံရမယ်.. ပြန်လဲ ဖြေရမယ်… မကိုက်ဘူး.. အဆင့်တစ်ရရင် ပိုက်ဆံရမယ်ဆိုတဲ့ အသိနဲ့ စာကို ဖိပြီး ကြိုးစားလိုက်တာ … ဟီး… နှစ်ချင်းပေါက်ပဲ…

ဂုဏ်ထူးတွေတောင် ပါသေး… အဲအကြောင်း အသေးစိတ်က ပို့စ် သပ်သပ် ရှိပါသေးတယ်… 🙂

 

လက်ရှိတော့ မွေးကတည်းကနေ ၁ဝ တန်းထိ တော့ တဖြတ် ဖြတ်ပါတယ်… တော်တော်ကို ခက်ခက်ခဲခဲပါပဲ… အိမ်ကလဲ အရွယ်ရောက်အောင် မနည်းမွေးရသလို..

ကျွန်တော်လဲ တအားရုန်းခဲ့ရပါတယ်… သူများတွေက ကလေး ဘဝ ရောက်ချင်တယ်… ကျွန်တော် ပြန်မရောက်ချင်ပါဘူး… မပြည့်စုံခဲ့ရလို့…

အခုဆို လုပ်ချင်တာ… ဝယ်ချင်တာ… ပြောချင်တာ.. အားလုံး လုပ်နိုင်သလိုလို ဖြစ်တဲ့ ဘဝ ရောက်နေပါပြီ… ငယ်ဘဝတွေကလဲ လောကဓံ ခံနိုင်အောင် အားထည့်ပေးတာလဲ ဖြစ်နို်င်ပါတယ်…

ကြီးမှ ခဏခဏ လဲကျရတာလဲ မနည်းပါဘူး… ငယ်က ဆိုးတယ်ဆိုတာလဲ ဆိုးချင်လို့ပဲလား … ပရပ်ရှာကြောင့်လားဆိုတာ သေချာမသိပါဘူး…

အသိစိတ်တခုတော့ ရှိခဲ့တယ်… ငါ လူကြီး မြန်မြန်ဖြစ်ချင်တယ် ဆိုတာပါပဲ… လို့ ပြောရင်း ငယ်ဘဝ ကို ပြန်တူးခြင်း အဆုံးသတ်ပါတယ်…

စာကို ဖတ်ပြီး ဆိုးလိုက်တာ ပြောမယ့်သူတွေ ရော… သနားလိုက်တာ ပြောမယ့်သူတွေ အားလုံးကို တခုပဲ မေတ္တာရပ်ခံပါတယ်… နားပဲ လည်ပေးပါလို့…. 🙂 🙂 🙂

18 comments

  • ဆုမြတ်မိုး

    October 16, 2014 at 8:03 am

    ဆယ်တန်းတုန်းက ဘာမှမသိဘူး ကျောင်းတက်တယ် စားကျက်တယ် အိပ်ငိုက်တယ်…။ စားမေးပွဲအောင်သွားတယ်… ဘာမှလည်းမဖြစ်ဘူး ဘာမှလည်းမလိုချင်ဘူး ၊ chemistry, physic ,mathematics ကိုတစ်ပုဒ်မှ မှန်အောင်မတွက်နိုင်ဘူး (စာမှမလုပ်တာ) ။ သူများတွေလို ရည်းစားထားပြီးစိတ်လည်တာမျိူးလည်းမဟုတ်ဘူး ။ ဒီလိုပဲ ယောင်ချာချာနဲ့ ဆယ်တန်းပြီးသွားရော.. တော်သေးတယ် ရမှတ်တွေသိပ်မဆိုးလို့ …။ 😛 ဆယ်တန်းပြန်မရောက်ချင်ဘူး အိအိမ်က တချိန်လုံးစာကျက်ခို်င်းနေတာနဲ့ အိပ်ရေးသိပ်ပျက်လို့ 😛

  • Yae Myae Tha Ninn

    October 16, 2014 at 8:49 am

    တော်တာပေါ့ … ဆုမြတ်မိုးရယ်… စာမကျက်ဘဲ အောင်တာ… 🙂 လာမန့်လို့ ကျေးဇူးပါ… နော်…

    • Yae Myae Tha Ninn

      October 17, 2014 at 8:50 am

      ဘာရို့လဲ… ဆက်ဆက်… 🙂

  • ဦးကျောက်ခဲ

    October 16, 2014 at 6:40 pm

    အောင်မငီး… ရွာထဲကလူတွေပြောပြန်ရင် ကျောက်စ်တော့ ခံရဦးမယ်…
    ခင်ဗျားလည်း စတိတ်ကျောင်းမှာ ကျောက်စ်ရဲ့ ဂျူနီယာ… ရွာထဲမှာလာတွေ့တာ ၃ယောက်ရှိသွားပြီ…
    အဲသည့်ဆရာမတွေကို အကုန်သိပါ့… ခင်ဗျားရဲ့ အမေထားက ကျုပ်နဲ့မကြည်…
    အဟိ… ရတနာဆောင်အနောက် ခွေးတိုးပေါက်ကနေ ကျောင်းပြေးဖူးလား…
    စိန်ဂေါ်လီကျောင်းထွက်တွေမို့ ပြန်ပြောရရင် ကုန်နိုင်ဘွယ်မထင်…
    :k:

    • ကေဇီ

      October 17, 2014 at 8:37 am

      ဟင်းးးးးး
      ပြောကို မပြောချင်တော့ဘူးးး

      :k:

    • Yae Myae Tha Ninn

      October 17, 2014 at 9:16 am

      မင်္ဂလာပါ … ဦးကျောက်… ကူရှင်ကျောင်းထွက်ချင်း တွေ့ရလို့ .. ဝမ်းသာပါတယ်.. နောက်တယောက်က ဘူလဲ … 🙂

  • ကေဇီ

    October 17, 2014 at 8:37 am

    ခု သိသလောက်ကတော့ နင်းနင်းက သဘောကောင်းလေးပါအေ။

    🙂

  • Yae Myae Tha Ninn

    October 17, 2014 at 9:18 am

    ကျေးဇူးပါ ဇီဇီ… တကယ်ကိုပါ… 🙂

    • ကေဇီ

      October 17, 2014 at 9:20 am

      ကျေးဇူးတင်ရင် ဟင်းစပ် တစ်ပတ်စာပေးလေ။
      ခု ခိ
      ခိ ခု

      :k:

  • Yae Myae Tha Ninn

    October 17, 2014 at 9:40 am

    ရှိတယ်… အခု ၅ ရက်စာ… ဒါပေမဲ့ အိမ်စား ဟင်းတွေ… သင့်တပတ်တာ ဟင်းချက်စရာ ဆိုပြီး တင်မလို့ လုပ်နေတာ.. ယူချင်ရင် ယူလေ… 🙂

    • ကေဇီ

      October 17, 2014 at 9:45 am

      ဟင်းစပ် ရော ဟင်းချက်နည်းရော ပါ ရင် ယူမယ်လေ။
      ပေးချင်စိတ်ရှိရင်….
      မေး ပို့လိုက်။

      ကွကိုယ် တင်ချင်လည်း တင်။
      ရတယ်။

      :mrgreenn:

  • Yae Myae Tha Ninn

    October 17, 2014 at 9:49 am

    ပေးပါတယ်… ကျွန်တော်က Duty ရှိဘူးလေ… ခက်တာက ဟင်းတွေက တရက်ကို ၂ မျိုးနဲ့ မထူးခြားတဲ့ ဟင်းတွေဗျ… တော့ ထဲ လာခဲ့ .. ပြောပြမယ်… 🙂

  • Yae Myae Tha Ninn

    October 17, 2014 at 10:46 am

    ပို့လိုက်ပြီ ဆရာမရေ… 🙂 ကြည့်လိုက်ဦး… 😀

  • kyeemite

    October 17, 2014 at 1:01 pm

    .ဟူး…ကျုပ်ကတော့ မြန်ပြည်အနှံ့ တစ်နေရာသုံးလေးနှစ်နဲ့ပါတ်ပြီးကျောင်းနေလာတာ
    .မထူးချွန်ခဲ့ပါဘူး…၁ဝတန်းတောင် သုံးနှစ်သုံးမိုးကြိုးစားမှအောင်ခဲ့တာဗျ :mrgreenn:
    .၉တန်းလောက်ကစပြီး အပြင်ဝတ္ထုတွေတော့ အသားကုန်ဖတ်နေပြီ
    .ဆေးလိပ်က ၁ဝတန်းရောက်မှသောက်ဖြစ်တာ
    .မူးယစ်ဆေးနဲ့ပါတ်သက်လို့တော့ ဒီနေ့ထိ ကွန် တောင်မမြည်းဖူး :k:

  • Yae Myae Tha Ninn

    October 17, 2014 at 1:21 pm

    လိမ္မာတာပေါ့.. အင်းပေါ့.. ဒါကြောင့် ဦးကြီးမိုက်လို့ ခေါ်တာကိုး… 🙂

  • ဝင့်ပြုံးမြင့်

    October 17, 2014 at 9:58 pm

    Biography – such was the human urge to be remembered.

  • Yae Myae Tha Ninn

    October 18, 2014 at 8:49 am

    တကယ် ဟုတ်ပါတယ်… အန်တီပြုံးရေ.. ဘာသာပြန်တွေနဲ့ နာမည်ကြီးတယ်လို့ ကြားရပါတယ်… လာမန့်ပေးတာ ကျေးဇူးပါနော်… 🙂 အဆင်ပြေတဲ့ တနေ့တော့ အကုန်စု စာအုပ်ထုတ်ချင်တဲ့ ရည်ရွယ်ချက်လဲ ရှိပါတယ်… 🙂

Leave a Reply