Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီလောက်ချစ်သလား သမီးရေ

တောင်ပေါ်သားOctober 29, 20141min102529

( ၂၀၁၄ စက်တင်ဘာ ၃ဝ အင်္ဂါည )

အိုးးးး လှေကားကလည်း မဆုံးနိူင်သေးပါလား ၊ ငါ့အိမ်နှယ်  ရောက်ခဲလိုက်တာ ၊

ရ ထစ်ဆို ထောင့်ချိုး ၊ နောက် ရ ထစ်ဆို တစ်ထပ် ၊

အဲသလို မှတ်ထားပေမယ့်  မှောင်မည်းမည်းထဲမှာ ကျနော် ဘာမှ မသဲကွဲ ၊

ချာလည်လည် မဟုတ်လှပေမယ့် လူက ထွေထွေ ခြေလှမ်းကယိုင်ယိုင် ၊

လက်တန်းကို ကိုင်တက်နေရင်း ဘယ်အထပ်ကို ရောက်နေသလဲ မသိ ၊

စောစောက ဆိုင်မှာထိုင်ရင်း စကားများခဲ့တာကပဲ အတွေးထဲမှာ ဝေ့လည်လည် ၊

ဘယ့်နှယ်ဗျာ  မနေ့တစ်နေ့ကမှ ၅ဝ ကျော်တန်ကားလေး ဝယ်စီးတဲ့ကောင်က စကားကြီး စကားကျယ်တွေ လျှောက်ပြော ၊

တစ်ဝိုင်းလုံးက သူ့တပည့်တွေကျလို့ ၊

ကျုပ်က ၉၈ ကတည်းက စပရင်တာ ( ဗ ) ကားကလေးနဲ့ ကိုယ့်အလုပ်ကိုယ် သွားတဲ့ကောင် ၊

အသုံးမကျတဲ့ ဟိုဟာမကြောင့် ၂ လုံးကြွေး ၃ လုံးကြွေး ထိုးဆပ်ဖို့ ၉၅ သိန်းနဲ့ ရောင်း ၊

ကျန်တဲ့ ၇ဝ လောက်ကို ဘဏ်မှာအပ်ပြီး ကားရှာနေတုန်း ဗြုန်းဆို ဘဏ်ကဖျက် ၊

ရက်စက်တဲ့ အိုက်ထွန်းလုပ်ပုံက  ၂ ပတ်မှ ၁သိန်းပြန်ထုတ်ပေးမယ်ဆိုတော့ တတိတိပေါ့ ကျေးဇူးရှင်ရယ် ၊

မင်းက အခု ရွှေတောင်နဲ့ အကြိုက်ပွား ငါကတော့  ဆိုက်ကားတောင် မပိုင်တော့ဘူး ၊

ထားပါဗျာ အော့နှလုံးနာလို့ ၊

အခု ဒီငတိက ခင်ဗျားတို့လည်း ဝယ်နိူင်အောင် ကြိုးစားမှပေါ့တဲ့ ၊

ကျန်တဲ့ကောင်တွေက ငြိမ်နေပေမယ့် ကျုပ်က မရဘူးလေ ၊

ဟေ့ကောင် ငါတို့က ကုမ္ပဏီဝန်ထမ်း မင်းလို ခိုးလို့ရတဲ့ အစိုးရဝန်ထမ်းမဟုတ်ဘူး ၊

ဒင်းက ဆောက်လုပ်ရေးက ၊ အဲ  အဲသမှာ စကားတွေထများ ၊ နောက်ဆုံး ဝိုင်းပျက်ရောပေါ့ဗျာ ၊

ဆိုင်က ကျုပ်ရပ်ကွက်ထဲတင် ၊ ဟိုဘက်တိုက် ဒီဘက်တိုက်ဆိုပါတော့ ၊

အင်  ဘယ့်နှယ်လှေကားက ဆုံးသွားတာတုန်း ? သိပြီ  ကျုပ် အပေါ်ဆုံးထပ်အထိ ရောက်သွားတာကိုး ၊

ဒါနဲ့ အောက်တစ်ထပ်ပြန်ဆင်း ၊ တံခါးခေါက်တော့ လာဖွင့်သူက သမီးငယ် ၊

အဖေကြီးက မိုးချုပ်လိုက်တာ ၁ဝနာရီခွဲနေပြီ တဲ့ ၊

ဒင်းက ဆရာလာလုပ်ပြန်ပြီ ၊ ကြမ်းပြင်ပေါ်မှာ လက်ပ်တော့က ပွင့်လျက်သား ၊

ဒီမှာ နင်တောင် အင်တာနက်သုံးနေသေးတဲ့အချိန် ဘာဒီလောက် မိုးချုပ်ရမှာလဲ ၊

အဖေကြီး သမီးကို အရမ်းမစွပ်စွဲနဲ့ ၊ အဖေ့ကို တံခါးဖွင့်ပေးဖို့စောင့်ရင်း အိပ်ပျော်သွားမှာစိုးလို့ သုံးနေတာ ၊

ဘာရီဇင်မှ လာများမနေနဲ့ ၊

အဲဒီအချိန်မှာ အမေနိူးလာပါတယ် ၊

ဟဲ့အကောင် ညဘက် အော်ကြီးဟစ်ကျယ်နဲ့ လူစိတ်မရှိ ၊ လူလိုနားမလည်ဘူးလား ၊

ကိုယ့်သမီးက စေတနာနဲ့ စောင့်ပေးတာကို ၊

အဲဒီအချိန်မှာ သမီးက ငိုနေပါပြီ ၊

မသိဘူးဗျာ ၊

ဘာ မသိဘူး ဟုတ်လား ၊ ငါက နင့်အမေလေ ၊ နင် ဒီနေ့ ဘယ်လိုဖြစ်လာတာလဲ ၊ စကားများ ရန်ဖြစ်လာတာလား ၊ ဘယ်သူနဲ့လဲ ၊

အာ   ထားလိုက်စမ်းပါ အမေရာ သောက်ရေးမပါတဲ့ကောင်ကို ၊

အေး သောက်ရေးမပါတဲ့ကောင်က နင်ဟဲ့ နင် ၊ နင် ဘာလို့ တစ်ဝိုင်းတည်းသောက်တာလဲ ၊

တစ်ဝိုင်းတည်းဆိုရင် အားလုံးက တစ်တန်းတည်းပဲ ၊

ကားသမား ပါချင်ပါမယ် ဆိုက်ကားသမားပါချင်ပါမယ် အရာရှိတွေလည်း ပါချင်ပါမယ်

အလုပ်မရှိ အကိုင်မရှိ ပေါ့ပေါ့နေ ပေါ့ပေါ့စားတွေလည်း ပါချင်ပါမယ် ၊

ဘယ်သူတွေ ပါ ပါ ၊ ဒါ အရက်ဝိုင်း အကုန် အရက်သမားချည်းပဲ ၊ တန်းတူပဲ ၊

အဲဒီတော့ ကိုယ်နဲ့ ပြောရဆိုရ အဆင်မပြေတဲ့သူတွေပါရင် ဒီလိုပဲ ဖြစ်နေမှာပဲ ၊ သွား ရေချိုး ထမင်းစာ ၊

မစားတော့ဘူး အိပ်တော့မယ် ၊ အေး အဲသလို ကျပ်ကျပ်လုပ် ထိန်ပင်စောစောရောက်လိမ့်မယ် ၊

အဲဒီညက ဘာမှ မစားနိူင် အိပ်လို့လည်းမရ  မနက်ကျ မထနိူင်တော့ပါဘူး ၊

ရုံးကို ဖုန်းဆက်ဖို့တောင် မနည်းဗျာ ၊

အဖေကြီး အဖေကြီး  ၁၁ နာရီကျော်နေပြီ ၊ အမကြီးတောင် အလုပ်သွားပြီ ၊ ထပြီး ရေချိုးပါလား ၊ သမီး ခနောဆန်ပြုတ် လုပ်ပေးမယ် ၊

သမီးငယ် လာနှိုးလို့ ထ ရေမိုးချိုး  ဒါတောင် ခေါင်းက နောက်တောက်တောက် ၊

အဖေကြီး အဖေကြီး ကြိုက်တဲ့ စစ်ကားလာနေတယ် ကြည့်ပါလား ၊ ဪ ဒီမှာ  လီမွန်တီး အဖေ ၊

အဲဒါနဲ့ နည်းနည်းကြာတော့ အတော် နေသာထိုင်သာ ရှိသွားတယ် ၊ ခဏနေတော့ သမီးငယ်က

အဖေ အဖေက ဘာအရက်သောက်တာလဲ ဟင် ၊ သမီး ဝယ်ပေးမယ်လေ ၊ အမြည်းလည်း လုပ်ပေးမယ် ၊ အိမ်မှာပဲ သောက်ပါလား အဖေ ၊

ငါက ဘာလို့ အိမ်မှာသောက်ရမှာလဲ ၊ ဆိုင်မှာပဲ သောက်နေတာ နှစ်ချီနေပြီ ၊ ဘာဖြစ်လို့တုန်း ၊

မဟုတ်ဘူး အဖေက အရင်နဲ့ မတူတော့ဘူး ၊

အရင်ကဆို ရုံးကပြန်ရင် ဈေးဝယ်တယ် ပြီးမှ ဆိုင်ကိုဝင်တယ် ရ နာရီလောက်ဆို အိမ်ပေါ်တက်တယ် သမီးတို့နဲ့ စဟယ် နောက်ဟယ်နဲ့ ၊

အခု အဖေ ဈေးမဝယ်တာ ၁ လ ၂ လ ရှိပြီ ၊ အိမ်ကိုလည်း ၉ နာရီ ၁ဝ နာရီမှတက်တယ် ၊

အဖေ အလုပ်ထဲမှာ မပျော်တော့တာ သမီးသိတယ် ၊

နောက်ရောက်တဲ့ မန်နေဂျာတွေနဲ့လည်း သိပ်အဆင်မပြေဘူးဆို ၊

အဖေကြီး အဖွားကို ပြော ပြောနေတာ သမီးကြားတယ် ၊ ထားလိုက်ပါ အဖေရယ် အဖေလည်း မန်နေဂျာ သူတို့လည်း မန်နေဂျာ

အဖေ့နေရာလည်း သူတို့ လာယူလို့ မရ ၊ အမ်ဒီကတော့ ပရက်ရှာပေးမှာပေါ့ ၊ အဖေ အဲဒီမှာ ၁ဝ နှစ်ရှိပြီ ၊

အဖေ့အကြောင်း ဒါရိုက်တာတွေ သိနေတာပဲ ၊ ကိုယ် လုပ်နိူင်တာ လုပ်ပေး ပြီးတာပဲ ၊

အဖေက အဲဒီစိတ်ကို ဆိုင်အထိသယ်လာတော့ ထစ်ကနဲဆို ဒေါသထွက်လွယ်တာပေါ့  အဖေရဲ့

အဲဒီတော့ စကား မများသင့်တာတွေ များကုန်ရော ၊ ဟုတ်တယ်မလား အဖေ ၊

ပြီးတော့ အချိန်အဆမရှိ သောက်မိတတ်တယ်လေ ၊

အဖေက အရက်စွဲနေတာလည်းမဟုတ် ၊ မသောက်ပဲ နေတဲ့နေ့တွေရှိတာပဲ ၊

အဖေက အပေါင်းအသင်းခင်တာ ၊

ဒါပေမယ့် အဖေက စိတ်မကြည်တော့ သူများက ခါတိုင်းလို နောက်ပေမယ့် အဖေက စိတ်တိုချင်တိုမယ်လေ

၊ဒီတော့ အဖေ့အတွက် သမီးဝယ်ပေးမယ် အမြည်းလည်း လုပ်ပေးမယ်လေနော် အဖေ ၊

အဖေအိမ်ပေါ်စောစောတက်တော့ သမီးတို့ စိတ်မပူရဘူးပေါ့  ၊ နော် အဖေ ၊

သမီး အဖေ့ကို အဲသလောက်ချစ်တာလား ၊

ဟုတ်တယ် အဖေက အမေ နဲ့ ကွဲမယ်ဆိုကတည်းက  နင်ကြိုက်တာကို ယူသွား ကလေးတွေတော့ ငါနဲ့ထားခဲ့ရမယ်ဆိုပြီး သမီးတို့ကို ရှာကျွေးခဲ့တာလေ ၊

ပြီးတော့ အဖေက နောက်မိန်းမ ဆိုတာကို မစဉ်းစားခဲ့ဘူး ၊

အဖေ သူငယ်ချင်းတွေနဲ့  ကေတီဗီတို့ မာဆတ်တို့ သွားတာ သမီးသိသားပဲ ၊ မောင်လေးပြောပြတာ ၊

ဒါပေမယ့် ဘာမှ မဖြစ်ဘူးအဖေ ၊ အဖေ သမီးတို့အပေါ် တာဝန်ကျေတယ်လေ ၊

သမီးသူငယ်ချင်းတွေထဲမှာ မိဘကကွဲ ၊ မိထွေး ပထွေးတွေနဲ့ နေရတဲ့သူတွေ ရှိတယ်အဖေ ၊

အဖေက အဲသလိုမှ မဟုတ်တာ ၊ ဒီတော့ သမီး အဖေ့ကို ချစ်တယ် တန်ဘိုးထားတယ် အဖေ မဖြစ်သင့်တာ ဖြစ်မှာစိုးတယ်

အဲဒါကြောင့်ပါ အဖေ ၊ ပိတ်ရက်တွေ ဘာတွေဆိုရင်တော့ အဖေ့ဘော်ဒါတွေနဲ့ သွားသောက်ပေါ့ နော့အဖေ ၊

အဖေ့ကို မသောက်နဲ့လို့ မတားဘူး ထမင်းစားကောင်းရုံလောက် သောက်ပေါ့ အဖေရဲ့

ပြီးတော့ အဖေက ၂ ခွက်လောက်သောက်ထားရင် ရီစရာလည်း အရမ်းပြောတယ် ၊ ကဗျာတောင် စပ်ပြသေးတယ်လေ ၊

ဪ   သမီးရယ် ၊

အဲသလိုနဲ့ အခု ကျနော် အိမ်ကို ၆ နာရီရောက် ၊

သမီးလုပ်ပေးတဲ့အမြည်းကို သမီးထည့်ပေးတဲ့ လစ်မစ် ( တစ်ရက် လေးပက် ) နဲ့ ဇိမ်ကျနေပါကြောင်း ၊

အရက်ဖိုး ၃၄၀ဝ ကို ညီအမ ၂ ယောက်က ပေးပါကြောင်း  ၊

သူတို့ယောကျင်္ားယူကုန်ရင်တော့ ဘယ်လိုဖြစ်မယ် မသိသေးဘူးဗျာ

 

သမီးတို့ ၃ ယောက်

Photo1162

 

သမီးများ

Untitled-1

 

သမီးငယ်

6

 

သမီးငယ်

11

သမီးငယ်

10

 

29 comments

  • မမချွိ

    October 29, 2014 at 3:57 pm

    ကြောင်ကြီးကို မကြောက်မရွံ့
    ကိုဂျီးမျိုးမို့ တင်တယ်ဗျာ။။

    :re:

    လိမ္မာလိုက်တဲ့ သမီးလေးးး
    သများ လာရင်ရော အိမ်လိုက်သောက်ရမှာလားငင်? ။
    လက်ဖက်ရည် ကို ပြောပါတယ်။

    :kwi:

    • တောင်ပေါ်သား

      October 29, 2014 at 4:03 pm

      ကြောင်လောက်ကို စာရင်းထဲတောင် မထည့် 🙂

      အိမ်လာရင် တိုက်မယ်ဗျာ ကော်ဖီ နဲ့ ဟမ်ဘာဂါ

      • မမချွိ

        October 29, 2014 at 4:13 pm

        ခင်ညာ.။
        ဟမ်ဘာဂါ ဟုတ်လားးးး
        ကိုကိုညိုး တညားကို ရန်စတာလားးး?
        :mrgreen:

        • တောင်ပေါ်သား

          October 29, 2014 at 4:16 pm

          ဪ ကြိုက်တတ်သလားလို့ပါဂျာ ၊ 🙂

          သားသားက ခဏ ခဏဝယ်စားတယ် ၊

          ကျနော်က နိူး ၊ ပေါင်မုန့်လည်း မကြိုက် ၊

  • Yae Myae Tha Ninn

    October 29, 2014 at 4:03 pm

    အငယ်ဆုံးလေးကလဲ သမီးလား… ကျွန်တော်က သားထင်နေတာ… 🙂

    • တောင်ပေါ်သား

      October 29, 2014 at 4:08 pm

      အငယ်ဆုံးက သားပါဗျာ ၊

      အခု ၈ တန်းရောက်နေပြီ 🙂

      • Yae Myae Tha Ninn

        October 29, 2014 at 4:45 pm

        အဲလို လုပ်ပါ ဦးမျိုးရဲ့… ဓာတ်ပုံထဲမှာ သမီးတို့ ၃ ယောက်ဆိုတော့… 🙂

  • weiwei

    October 29, 2014 at 4:27 pm

    တစ်နေ့ကို ၃၄၀ဝ ဆိုရင် တစ်လကို တစ်သိန်းပဲ …
    သမီးတွေက လိမ္မာသလောက် အဖေက မလိမ္မာဘူးလို့တောင် ပြောလို့ရနေပြီ ..

    ကျွန်မအဖေကတော့ အသားလဲမစားဘူး၊ လက်ဖက်ရည်ကော်ဖီမသောက်ဖူး၊ ဆေးလိပ်လဲမသောက်၊ ကွမ်းလဲမစား၊ အရက်ဆိုဝေလာဝေးပဲ … တစ်နေ့အသုံးစရိတ် တစ်ထောင်တောင်မရှိဘူး .. တစ်နေ့ရှာနိုင်တဲ့ဝင်ငွေကတော့ တော်တော်များပါတယ် ..
    အဲဒီလောက် လိမ္မာတဲ့အဖေရထားတာတောင် ကျွန်မကသမီးဖြစ်ပြီး စိတ်သိပ်ရှည်တာမဟုတ်ဘူး .. ဟင်းဂျေးများရင် ငြိုငြင်မိသေးတာ …

    ဒီလောက်လိမ္မာတဲ့သမီးတွေရှိတာသိလိုက်ရတော့ ကိုယ့်ဟာကိုယ်တောင် နဲနဲရှက်သွားတယ် … ဆင်ခြင်အုန်းမှပါပဲ …

    • တောင်ပေါ်သား

      October 29, 2014 at 4:40 pm

      ဟား ဟား ဟုတ်ဘူးဗျ ၊

      ၃၄၀ဝ ဆိုတာ တစ်လုံး ၊ လေးရက်စာဗျ ၊ ဒီတော့ တစ်ရက် ၈၅ဝ ပေါ့ ၊ 🙂

      အမဝေ ကံကောင်းတယ်ဗျာ ၊

      ကျနော်လည်း အမေကံ ကောင်းတယ် ၊

      သားသမီးကံ ကောင်းတယ် ၊

      ကိုယ့်ကိုယ်ကို ကောင်းအောင်တော့ ကြိုးစားနေပါတယ် ၊

      စင်းလုံးချောတော့ ဘယ်သူမှ မဖြစ်နိူင် ၊

  • အလင်းဆက်

    October 30, 2014 at 8:38 am

    ဦးကြောင် လာသောင်းကျန်းမှာ မကြောက်ဖူးလားးးးး

    :k:

  • ခင် ခ

    October 30, 2014 at 10:30 am

    တောင်ပေါ်သားရယ် သမီးက အမြည်းလုပ်ပေးနေမှတော့ သူ့အတွက်လည်း ဝတ္တရားတစ်ခုတိုးနေမယ့်အတူတူ အဲဒီ အရက်ကို လျော့ကာပြုပြီး ဖြတ်တာ ဖြတ်ပစ်လိုက်ပါတော့ဗျာ။
    ကလေးတွေလဲ စိတ်အေးချမ်း ကိုယ်လည်း ကျန်းမာသက်ရှည်လေ အဲလိုတော့ အကြံပြုပါရစေ။

    • တောင်ပေါ်သား

      October 30, 2014 at 10:39 am

      ကိုခ ရေ

      ဒါက ပထမအဆင့်လေ ၊

      ပြောမယ့်သာပြောရတာ မသောက်ရ မနေနိူင်တဲ့ကောင်မဟုတ် ၊

      ဒီပို့စ် ဆိုလိုရင်းက အရက်မဟုတ် ၊ အဖေ နဲ့ သမီးကြားက မေတ္တာကို ပြောချင်တာပါ ၊

      အင်းးးး မသောက်ရ မနေနိူင်တဲ့ အရက်ဂျိုးကြီးလို့များ တွေးကုန်ကြပြီထင့် ၊ 🙂

      • ခင် ခ

        October 30, 2014 at 10:45 am

        အဲဒီလို ယစ်ထုပ်လို့တော့ မထင်ပါဘူးဗျာ။
        အဖေနဲ့သမီးကြား မေတ္တာတွေကို ရေးဖွဲ့ထားတဲ့ စာသားအပြန်အလှန် အရေးကို ဖတ်မိတာနဲ့ သိတာပါတယ်လေ။ ဒါကြောင့်လဲ အဲဒီလောက် ဂရုတစ်စိုက် ချစ်တတ်တဲ့သမီးရထားမှတော့ သူတို့ စိတ်ပူပင်မှုတွေကို ဖြေလျော့ကာ တိုးချစ်စေချင်တဲ့ သဘောပါ။

        • တောင်ပေါ်သား

          October 30, 2014 at 10:53 am

          ကျေးဇူးပါ ကိုခ

  • kai

    October 30, 2014 at 2:39 pm

    ဆိုတော့…
    အဲဒီသမီးရတဲ့သူ.. ကံကောင်းတယ်ပေါ့ဗျာ..။

    အချိန်တန်.. အိမ်ကထွက်သွားမယ်ပေါ့..။
    အင်း..
    မိဘ.. အဲ.. အဲ.. ဘတို့ဘဝ..။ ဘတို့ဘဝ..။ :k:

    • တောင်ပေါ်သား

      October 30, 2014 at 2:44 pm

      အပျိုကြီးလုပ်ခိုင်းမယ် သဂျီးရေ 🙂

      • kai

        October 30, 2014 at 2:49 pm

        မြန်မာလူဦးရေနည်းနေတဲ့အထဲ.. ဒီအဖေကတော့ လုပ်ပြန်ပြီ…
        ယောက်ျား ၃ယောက်ယူပလိုက်ဆိုဟုတ်သေး…
        (နောက်တာနော.. )

        ယူအက်စ်က.. သာမီးတွေကျ… အဲဒီအရွယ်အိမ်မှာမြဲနေရင်တောင်.. ကံကောင်းခေါ်ရမလားပဲ..။
        ကောလိပ်တက်တာတောင်.. မိဘနဲ့ဝေးတဲ့ကျောင်းမှ.. သွားတက်ချင်သူတွေများပါ့..။
        အဖြူအမေရိကန်တွေထက်တောင်.. အာရှသားတွေ.. ကဲသေး..။

        • တောင်ပေါ်သား

          October 30, 2014 at 2:55 pm

          ရက်စက်ပါ့ သဂျီးရယ် ၊ ယောင်္ကျား ၃ ယောက်တောင် ယူခိုင်းလိုက်သေးတယ် ၊ 🙂

          မလုပ်ပါနဲ့ဗျာ ၊ သူ့ခမျာ အဖေ နဲ့ အဖွားကို ရှာကျွေးဦးမှာ တဲ့ ၊

  • kyeemite

    October 30, 2014 at 3:13 pm

    .နောက်ကျနေတာဆောဒီးပါကိုမျိုးရေ…
    .အင်မတန်လိမ္မာတဲ့သမီးတွေရထားတာပဲ…ကောင်းပါလေ့
    .ကျုပ်ကိုလည်း အိမ်မှာ ဆုံးမနေတာ သမီးတော်ပါပဲ…
    .သောက်တာတွေ့တိုင်း မျက်စောင်းတခဲခဲနဲ့ပွစိစိလုပ်တော့တာပဲ :k:

    • တောင်ပေါ်သား

      October 30, 2014 at 3:18 pm

      ကိုမိုက်ရေ

      အမေက ဘာပြောလည်း သိလား

      အမေချွတ်လို့ မကျွတ်ဘူး

      သမီးမျက်ရည်တစ်စက်က အတော်တာသွားပါလား တဲ့ ၊ 🙂

  • MAUNG

    October 31, 2014 at 6:43 am

    လိမ္မာလိုက်တဲ့ သမီးလေး ဗျာ
    ကိုယ့်ကိုယ် ကိုနဲ့နှိုင်းယှဉ်ကြည့် တာ၊ ကျွန်တော် ကိုယ်တိုင်တောင် မိဘကို အဲဒီလောက် မသိတတ် ခဲ့ဘူး။
    ဦးမျိုး အရမ်းကံကောင်း ပါတယ်

    • တောင်ပေါ်သား

      October 31, 2014 at 1:15 pm

      ဟုတ်ပဗျာ ၊

      အခုသမီးဆီက ရတဲ့ပညာနဲ့ အမေ့ကို ဘယ်လိုချွဲရမလဲ စဉ်းစားနေတာ 🙂

  • လုံမလေးမွန်မွန်

    October 31, 2014 at 11:58 pm

    အ​ဖေအရက်​​သောက်​ရင်​ ဘယ်​လိုခံစားရလဲဆိုတာ အ​နော်​အသိဆုံး…ကိုယ်​ချင်​းစာမိတယ်​.. ဖြစ်​နိုင်​ရင်​​တော့ ​လျှော့​သောက်​​ပေါ့​နော်​.

    အ​နော်​ပို​သောက်​​ပေးမယ်​​လေ.. ဟီး.. ​နောက်​ထှာ

    • တောင်ပေါ်သား

      November 1, 2014 at 9:09 am

      နီနော်

      နာ ဟိုကောင်လေးကို တိုင်လိုက်ရမလား 🙂

  • sorrow

    November 1, 2014 at 10:42 am

    ..တူချက်ရယ် သမီးငယ်ရေ……အဖေဗျာ…နယ်မှာအေးကအေး…အလှုပ်အရှားကများ…အကြောတွေက အားနည်းနဲ့ ..ညောင်းတယ်ညာတယ်ပဲပြောပြောနေတာနဲ့ ..လက်ဆောင်ရထားတဲ့ပုလင်းတွေပို့ပြီး …လိမော်သီးကိုအရည်ညှစ်…အရက်.နှစ်ပက်လောက်ထည့်ခိုင်းပြီး တစ်ပတ်တရက်လောက် .ညအိပ်ခါနီးတိုင်း.သမခိုင်းလိုက်တာ..အခု လစ်မစ်တက်ပြီး တပတ်သုံးရက် ဖြစ်နေပါပေါ့လား..အဟိဟိဟိ…
    ..အမယ်..တယ်လဲအညောင်းပြေ လန်းဆန်းပါလား…ဆိုပဲ …အိုဘယ့်အဖေ…

    • တောင်ပေါ်သား

      November 1, 2014 at 10:49 am

  • ဦးကြောင်ကြီး

    November 1, 2014 at 11:32 am

    ပါပါမျိုး
    စာမှာဆိုး
    အာသာဖြိုး
    ငါလာခိုး
    ဝါဒါနိုး
    ညာတာပိုး
    မာလာရှိုး
    လာကွာဒိုး..

  • မြစပဲရိုး

    November 1, 2014 at 2:59 pm

    သမီးလေးက ပြိုင်ပွဲမှာ ဒုတိယချိတ်တာပေါ့။
    ဟုတ်လား ကိုမျိုး။
    Many Congratulations ပါ။
    သူက ကိုမျိုး ရဲ့ အမေ နဲ့ အတော်တူ သလားလို့။ အထင်။

    သမီး ချောချော လေး တွေ ရှိနေလို့ အတော် မျက်နှာပွင့်မဲ့ သဘောရှိတယ်။
    ကလေး တွေ ကြည့်ရတာ လိမ္မာကြမဲ့ ပုံမို့ ကံကောင်းလေခြင်း။
    သူတို့ လဲ ကံကောင်း ပါစေ ကိုမျိုးရယ်။
    ဆင်ခြင်ပါ။ ရင်ပူတာတွေ မရှာချင်ပါတော့နဲ့။ lol:-)))

    • တောင်ပေါ်သား

      November 3, 2014 at 10:07 am

      အရီးရေ

      ဒီလို သားသမီးလေးတွေရတာ တကယ့်ကို ကံကောင်းတာပါ ၊

      သူက ကျနော်ငယ်ငယ်ကနဲ့ ဆင်တယ် ၊

      ပြီးတော့ အဖေ့ကို ဘယ်လိုချစ်တယ်ဆိုတာကို ပြတတ် ပြောတတ်တယ် ၊

      အကြီးမကြီးကလည်း အဖေကို ချစ်တာပဲ ၊

      ဒါပေမယ့် အငယ်လို တီတီတာတာ မပြောတတ်ဘူး ၊ ရိုးရိုးအေးအေးကြီး 🙂

      ရင်ပူတာတွေ မရှာပါဘူးအရီးရယ် ၊ ရင်အေးအောင် ရေခဲရေသောက်တယ် ၊ 🙂

Leave a Reply